← Chapters

အခန်း (၄၂၈)

Vol. 28 Ch. 428

အခန်း (၄၂၈)

Vol. 28 Ch. 428

ယနေ့တွင် ပွဲစဥ်နှစ်ခုသာရှိသောကြောင့် တစ်ပွဲပြီးတစ်ပွဲဆက်တိုက်ကျင်းပမည်မဟုတ်ပေ။ ထိုအစား တစ်ပွဲကို မနက်ပိုင်းတွင်ကျင်းပမည်ဖြစ်ပြီး ကျန်တစ်ပွဲကို နေ့လည်ခင်းတွင် ကျင်းပမည်ဖြစ်သည်။

ဓားတစ်လက်သူရဲကောင်းနှင့် ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုတို့၏ ပြိုင်ပွဲသည်မနက်ပိုင်းတွင်ဖြစ်သည်။ အနိုင်ရှုံးကို ကြိုတင်ကာ ခန့်မှန်းနိုင်နေပြီးဖြစ်သော်လည်း ဆီမီးဖိုင်နယ်ပွဲတစ်ခုဖြစ်သောကြောင့် လာရောက်ကြည့်ရှုသည့် ပရိသတ်များမှာ များပြားနေဆဲပင်။ လူပေါင်းများစွာကို ဆွဲဆောင်နေပြီး ဓားကွင်းပတ်လည်တွင် လူ၆၀၀၀၀၊ ၇၀၀၀၀ခန့်ရှိနေကြသည်။ လူတိုင်းတစ်ဦးနှင့် တစ်ဦးတိုးကြိတ်နေကြသော်ကြောင့် ဆောင်းရာသီဖြစ်သော်လည်း ပရိသတ်များကြားထဲတွင် ပူအိုက်နေ၏။

အန်ဂျယ်လာသည် မြို့တော်စိန့်ပီတာစဘာ့တ်မှ ပြန်လာခြင်းမရှိသေးသောကြောင့် ဖှေးမှာ အနည်းငယ်စိုးရိမ်နေလျှက်ရှိသည်။ သူသည် အတည်ငြိမ်ဆုံးဖြစ်သည့် တိုးရိစ်ကို မြို့တော်စိန့်ပီတာစဘာ့တ်ထံသို့ စေလွှတ်ကာ အခြေအနေစုံစမ်းခိုင်းလိုက်သည်။ သူသည် ဓားတစ်လက်သူရဲကောင်းနှင့် မင်းသားရှီဗ်ချန်ကိုတို့၏ပြိုင်ပွဲကို ကြည့်ရှုရန်စိတ်မပါပေ။ သူသည် တဲအတွင်း၌သာနေထိုင်ပြီး သတင်းအသစ်များကိုသာ စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။

ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုအနိုင်ရရှိလိမ့်မည်ဟု ဖှေးမထင်ပေ။ အကဲဖြတ်ကောင်းသည် ဟုနာမည်ကြီးသည့် မတ်-ရာဇီကိုယ်တိုင်ပင် ရှီဗ်ချန်ကိုနှင့် ပတ်သက်သည့် မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပေ။ ဖှေးခနတာခန့်စဥ်းစားကြည့်လိုက်ပြီး ဖိုးကံကောင်းမင်းသားရှီဗ်ချန်ကို နိုင်နိုင်ရန်အတွက် အခွင့်ရေးလုံး၀မရှိဟု ယူဆမိပြီး ပြိုင်ပွဲအားသွားရောက်ကြည့်ရန် စိတ်၀င်စားမှုပျောက်ဆုံးသွားခဲ့သည်။

နက်ရှိုင်းသည့် ခရာသံများထွက်ပေါ်လာပြီးသည့်နောက်တွင် အပြာရောင်အလင်းတန်းတစ်ခုသည် နံပါတ်၁ဓားကွင်းတည်ရှိရာအရပ်မှ တောက်ပသွားကာ လူများ၏အော်ဟစ်အားပေးသံများထွက်ပေါ်လာ၏။ ကာကွယ်ခြင်းမှော်အစီရင်အား အသက်သွင်းလိုက်ပြီး ပြိုင်ပွဲစတင်နေပြီဖြစ်သောကြောင့်ပင်။

သူ၏အချိန်များကို ဖြုန်းတီးနေမည့်အစား ဖှေးသည် ချမ်းဘော့ဒ်စခန်းအတွင်းရှိ လူရှင်းသည့်နေရာသို့သွားကာ အစ်ဇာနီနှင့် ကလေးလေးယောက်တို့ကို လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်များလေ့ကျင့်ပေးနေလျှက်ရှိသည်။

သိပ်မ၀ေးသည့်နေရာတွင် ပီတာသည် ပြန်လည်ထူထောင်ခြင်းလေ့ကျင့်ခန့်များလုပ်နေလျှက်ရှိ၏။ ငွေရောင်ချပ်၀တ်ဓားသွားပြောသည့်နည်းလမ်းများအတိုင်း ဖှေးပြုလုပ်ပေးပြီးသည့်နောက်တွင် ပီတာပြန်လည်ကာ သတိရလာခဲ့ပြီဖြစ်သည်။ ခြေလက်များအညောင်းဆန့်ရန်အတွက် လမ်းပတ်လျှောက်ပြီးချိန်တွင် သူသည် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့အား စစ်သည်များကိုလေ့ကျင့်ပေးရန်အတွက် နည်းလမ်းများညွှန်ကြားနေ၏။

ပီတာ ရက်အနည်းငယ်ခန့်မေ့မျောသွားပြီးသည့်နောက်တွင် ဖှေးသူ၏လူများထဲတွင် စစ်သည်များကို ဦးဆောင်ခြင်းနှင့်ပတ်သက်၍ အရည်ခြင်းရှိသည့်လူများလိုအပ်နေသေးကြောင်းကို သဘောပေါက်လာ၏။ လက်ရှိတွင် သူ့ထံတွင် လူနှစ်ယောက်သာရှိသည် ပီတာနှင့် ဘရွတ်တို့ပင်။ ရော်ဘင်သည်လည်း ချမ်းဘော့ဒ်တိုင်းပြည်သို့ရောက်ရှိလာခဲ့သဖြင့် သူ့ကိုပါ တစ်၀က်ခန့်ပါ၀င်ထည့်တွက်နိုင်သည်။

ဤလူသုံးယောက်မှ လွဲ၍ ကျန်သည့်လူများမှာ တစ်ခြားနေရာများတွင်သာ စိတ်၀င်စားကြသည်။ လမ်းပါ့ဒ်သည် စွမ်းအားမြင့်မားသော်လဲ စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးကိစ္စတို့တွင် စိတ်ပါ၀င်စားခြင်းမရှိပေ။ သူသည် သိုင်းပညာလေ့ကျင့်ရန်ကိုသာ စိတ်ပါ၀င်စားသူတစ်ယောက်ဖြစ်သည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သည် တိုက်ရည်ခိုက်ရည်ကောင်းသော်လည်း ဆင်ခြင်တုံတရားနည်းသည့်လူနှစ်ယောက်ပင်။ သူတို့သည် စစ်သည်ကောင်းများဖြစ်ကြသော်လည်း ဆိုး၀ါးသည့် ခေါင်းဆောင်များပင်။ ပီတာသတိလစ်မေ့မြောနေစဥ်က ချမ်းဘော့ဒ်စခန်းထဲရှိအခြေအနေမှာ အတော်လေးဗရမ်းပတာဆန်သွားခဲ့သည်ဟု ဆိုနိုင်၏။ တစ်ကြိမ်တွင် အချိန်စာရင်းများရှုပ်ထွေးသွားကာ ညဘက်စခန်းထဲတွင် ခြောက်နာရီတိုင်မည်သူမှ ကင်းလှည့်ခြင်းမရှိသည့်အဖြစ်မျိုးပင်ရှိခဲ့၏။ ထို့ကြောင့် ပီတာပြန်လည်သတိရလာသည့်အချိန်တွင် ဖှေး ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကို ပီတာထံမှ အခြေခံစီမံအုပ်ချုပ်နည်းများကို သင်ကြားရန်အမိန့်ပေးခဲ့ခြင်းပင်။

သူတို့သည် ဤကဲ့သို့သောကိစ္စများတွင် စိတ်ပါ၀င်စားခြင်းမရှိသော်လည်း ဘုရင်ကိုယ်တိုင်အမိန့်ပေးထားခြင်းဖြစ်သောကြောင့် အကောင်းဆုံးကြိုးစားကာ သင်ကြားနေကြသည်။

“အမ် ဆယ်မိနစ်ကြာတာတောင် ပြိုင်ပွဲက မပြီးသေးဘူးလား...”

ဖှေး နံပါတ်၁ဓားကွင်းနေရာသို့ လှမ်းကြည့်လိုက်ရာ လူများကြိတ်ကြိတ်တိုးလျှက်ပင်ရှိနေသေးကြောင်းကို တွေ့လိုက်ရသည်။ လူများသည် အော်ဟစ်အားပေးနေကြဆဲပင်။ ဓားတစ်လက်သူရဲကောင်းသည် ဖိုးကံကောင်းမင်းသားရှီဗ်ချန်ကိုအား စက္ကန့်ပိုင်းအတွင်းတွင် အနိုင်ယူလိုက်သည့်မြင်ကွင်းမှာ ဖြစ်ပွားခဲ့သည့်ပုံမပေါ်ချေ။

“သေစမ်း ဒီမင်းသား ဓားတစ်လက်သူရဲကောင်းလက်ထဲမှ ဆယ်မိနစ်လောက်ရင်ဆိုင်နိုင်မယ်လို့ ငါထင်မထားခဲ့ဘူး...” ဖှေးတွေးလိုက်မိသည်။ ဤမင်းသား၏ ကံသည် အင်မတန်ကောင်းနေ၍သာ ဤမျှကြာကြာခံနိုင်နေပုံရ၏။

နောက်ထပ်ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဖြစ်သည်။

“အမ်...ပြိုင်ပွဲက မပြီးသေးဘူးလား။ ဘာတွေဖြစ်ကုန်တာလဲ...”ဖှေးပြိုင်ပွဲမပြီးသေးသည်ကို တွေ့ရသဖြင့် ထိတ်လန့်အံ့သြသွား၏။ တကယ်တန်းတွင် နံပါတ်၁ဓားကွင်းပတ်လည်တွင်ရှိသည့် ပရိသတ်များလျှော့နည်းသွားရမည့်အစား ပို၍ပို၍ပင် ကြိတ်ကြိတ်တိုးလားလျှက်ရှိသည်ကို တွေ့နေရ၏။ နောက်ထပ်လူများသည်လည်း နံပါတ်၁ဓားကွင်းထံသို့အပြေးသွားနေလျှက်ရှိသည်။

“မဟုတ်မှ လွဲရော ဓားတစ်လက်သူရဲကောင်းက မင်းသားရှီဗ်ချန်ကိုကို မနိုင်ဘူးဖြစ်နေတာလား...”

ဖှေး ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် ထိတ်လန့်သွားသည်။ သူနှင့် အင်ပါယာနံပါတ်၁ခရီးသွား ကဗျာဆရာမတ်-ရာဇီတို့နှစ်ယောက်လုံးသည် မင်းသားရှီဗ်ချန်ကိုအား လျှော့တွက်မိခဲ့ကြသည်ကို မယုံနိုင်သေးပေ။

မျက်လုံးများမှိတ်လိုက်ပြီးသည့်နောက်တွင် ဖှေးသူ၏ ၀ိဉာဥ်စွမ်းအားများကို ဖြည်းဖြည်းခြင်းထုတ်လွှတ်လိုက်သည်။ သူချက်ချင်းပင် တစ်ခုနှင့် တစ်ခုအပြန်လန်တိုက်ခိုက်နေကြသည့်စွမ်းအားကြီးနှစ်ခုကို အာရုံခံလိုက်မိသည်။ တစ်ခုမှာ ကောင်းကင်သို့ပင် ထောင်တက်နေသည့် ဓားကြီးတစ်ချောင်းကဲ့သို့ပင်ဖြစ်ပြီး တစ်ခုမှာ သိပ်သည်းခိုင်မာသော တောင်ကြီးတစ်လုံးကဲ့သို့ပင်။

ဖှေး ဓားစွမ်းအင်နှင့် ရင်းနှီးမှုရှိသည်။ ဤအရှိန်၀ါမှာ ဓားတစ်လက်သူရဲကောင်း၏အရှိန်၀ါပင်။

သို့သော် ခိုင်မြဲသိပ်သည်းသည့် တောင်တန်းကဲ့သို့စွမ်းအင်သည် ဖှေးအတွက် အသစ်ဆန်းပင်။ ထိုအရာသည် ဓာအစွမ်းနှင့်တိုက်ခိုက်လျှက်ရှိရာ ရှုံးနိမ့်နေခြင်းမရှိပေ။

ဖှေး၏မျက်နှာသည်အရောင်ပြောင်းလဲသွား၏။ “ဒီစွမ်းအင်က မင်းသားရှီဗ်ချန်ကိုရဲ့ဟာများလား...”

ဖှေးရော်ဘင်အားခေါ်လိုက်ပြီး နံပါတ်၁ဓားကွင်းသို့ ဒိုင်ဗီတလင်းကျောက်တလုံးနှင့်သွားကာ ပွဲစဥ်တစ်ခုလုံးကို မှတ်တမ်းတင်ခဲ့ရန်အတွက် အမိန့်ပေးလိုက်သည်။ သူထင်သကဲ့သို့ဆိုပါက ဓားတစ်လက်သူရဲကောင်းသည် ခက်ခဲသည့်ပြိုင်ပွဲတစ်ခုကို ရင်ဆိုင်နေခြင်းပင်။

ရော်ဘင်စခန်းမှထွက်သွားပြီးပြီးခြင်းမှာပင် မီးမှုတ်သားရဲလေးကောင်းဆွဲလာသည့်မှော်ရထားလုံးတစ်ခုရောက်ရှိလာ၏။ ထိုရထားလုံးပေါ်တွင် ချမ်းဘော့ဒ်သင်္ကေတပါရှိပြီး ထိုအရာသည် ဖှေးအန်ဂျယ်လာအတွက် ရေပူစမ်းဂိတ်မှ ၀ယ်လာပေးခဲ့သည့် ရထားလုံးပင်။

ရထားလုံးသည် မကြာမှီတွင်ပင် ချမ်းဘော့ဒ်စခန်းအတွင်းသို့၀င်လာ၏။

အန်ဂျယ်လာ၏ရထားလုံးကိုမြင်သည့်အချိန်တွင် ဗစ်တိုရီသည် အစေခံများတဲအတွင်းမှ အန်ဂျယ်လာကိုကြိုဆိုရန်အတွက်ပြေးထွက်လာ၏။ အန်ဂျယ်လာနှင့် အတူရှိနေပါက သူ့အား အမြဲဆူနေလျှက်ရှိသည့် ဖှေးကို ကြောက်စရာမလိုတော့သောကြောင့်ပင်။

နွေဦး၊ နွေ၊ ဆောင်းနှင့် အန်မာတို့သည် ရထားလုံးတံခါးကို ဖွင့်ပေးလိုက်ကြပြီး မျက်နာတစ်ခုလုံးနီရဲနေလျှက်ပင်ရှိသေးသောအန်ဂျယ်လာကို ရထားလုံးပေါ်မှ ကူညီကာဆင်းပေးလိုက်ကြသည်။

“ဘာဖြစ်တာလဲ...”

ဖှေး လမ်းလျှောက်သွားကာ မျက်မှောင်ကြုံ့လိုက်သည်။ အန်ဂျယ်လာ၏ ခန္ဓာကိုယ်မှ ချိုမိန်သော၀ိုင်နံ့အနည်းငယ်ရရှိနေသဖြင့် အရက်မူးနေခြင်းဖြစ်ကြောင်း သူသိလိုက်ရ၏။ သို့သော် သူမ၏မူးနေသည့် အသွင်ပြင်သည်လည်း အနည်းငယ်ဆွဲဆောင်မှုရှိလှသည်။

“အရှင်မင်းကြီး...” အစေခံကောင်မလေးများသည် ဖှေးအားနှုတ်ဆက်လိုက်ကြသည်။ အစိမ်းရောင်ဂါ၀န်တစ်ခုကို ၀တ်ဆင်ကာ သူမ၏ဆံပင်များကိုစုကာခေါင်းစည်းကြိုးတစ်ခုနှင့် စည်းထားသည့်နွေဦးမှ လျှင်မြန်စွာပြန်လည်ဖြေကြားလိုက်သည်။ “အရှင်မင်းကြီး အရှင်မအန်ဂျယ်လာက ညက သောက်တာ နည်းနည်းများသွားလို့ပါ။ အဲ့တာတွေအပြင် ဒီနေ့မနက်မှာလည်း ဆွေကြီးမျိုးကြီးတစ်ချို့ မင်းသမီးတာနာရှာစီကို ရောက်လာလို့ နောက်ထပ်ပါတီပွဲတစ်ခုထပ်လုပ်ရင်းနဲ့ အရှင်မအန်ဂျယ်လာလဲ...”

“အော်...” ဖှေးမျက်မှောင်ကြုံ့ကာ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏လက်ကို ၀ှေ့ရမ်းကာ ဆက်ပြောလိုက်၏။ “နင်တို့လဲ အန်ဂျယ်လာကို တစ်ညလုံးဂရုစိုက်ရလို့ ပင်ပန်းနေမယ်ထင်တယ်။ ပြန်ပြီးတော့ နားလိုက်ကြဦး။ အန်မာ နင်လဲနားလိုက်ဦး။ နင့်မျက်လုံးတွေညိုမဲနေတာ ပန်ဒါ၀က်၀ံကြီးကျနေတာပဲ...”

ပန်ဒါဆိုသည်မှာ ဘာလဲသူမမသိသော်လည်း အန်မာသည် အလွန်ပင်ပန်းနေ၏။ သူမသည် တစ်စုံတစ်ခုပြန်လည်ကာ ပြောချင်သော်လည်း ပင်ပန်းလွန်းသဖြင့် သန်းလိုက်၏။ ထို့နောက်တွင် ဖှေးအား မျက်စောင်းထိုးကာ တစ်ခြားအစေခံကောင်မလေးသုံးယောက်နှင့်အတူအနားယူရန်အတွက် ထွက်ခွာသွားတော့သည်။

ဖှေး အရက်မှုးနေသည့် အန်ဂျယ်လာကို ပွေ့ဖက်လိုက်ပြီး သူမကို တဲအတွင်းသို့ ပွေ့ချီသွား၏။ ထို့နောက်တွင် နူးညံ့သည့်အိပ်ယာပေါ်တွင် ချပေးကာ စောင်ခြုံပေးလိုက်ပြိး သူမ၏မျက်နှာကို အ၀တ်စိုတစ်ခုဖြင့် သန့်စင်ပေးလိုက်သည်။

ထို့နောက်တွင် ခေါင်းရမ်းကာ အန်ဂျယ်လာအားကြည့်လိုက်သည်။ အန်ဂျယ်လာသည် အသောက်စားခုံမင်းသူတစ်ယောက်မဟုတ်ပဲ သိပ်ပြီးမူးလေ့ရှိသူတစ်ယောက်မဟုတ်ပေ။ သူမ၏မျက်နှာကိုကြည့်ရုံဖြင့်ပင် သူမသည် အများကြီးသောက်လာမိခဲ့ကြောင်းသိသာ၏။ ဖှေးပင်ခေါင်းကိုက်လာပြီး သူမမည်သည့်အတွက်ကြောင့် ဤမျှသောက်လာခဲ့မှန်းစဥ်စားမရပေ။ သို့သော် သူမအန်ထွက်သည်အထိမသောက်ခဲ့သည်မှာ ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။

ဖှေးတဲတွင်ပါရှိသည့် မှော်အစီရင်အငယ်စားတစ်ခုကိုသုံးကာ တဲအတွင်းအပူချိန်ကိုနေလို့ကောင်းသည့်အနေထားဖြစ်အောင်ထားလိုက်သည်။ ထို့နောက်တွင်အန်ဂျယ်လာအား စောင်သေချာခြုံပေးပြီးသည့်နောက်တွင် အိပ်ပျော်နေသည့် အန်ဂျယ်လာအားကြည့်ရင်းဖြင့် ဖှေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာ၏။

ဖှေး အိပ်ယာဘေးတွင်ထိုင်နေကာ သူမအား စိုက်ကြည့်နေလျှက်ရှိသည်။ သူအန်ဂျယ်လာ၏ ဆံပင်များကို သပ်ပေးလလိုက်သည့်အချိန်တွင် ရွှေကွပ်ထားသည့်အနီရောင်မှော်သေတ္တာလေးတစ်ခုကို အန်ဂျယ်လာ၏ဘေးတွင်မြင်လိုက်ရ၏။ ဖှေး ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဥကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်းသုံးခုကို တွေ့လိုက်ရ၏။

ဖှေး ဘယ်ကမှန်းမသိသည့် ဖိုးကြီးတစ်ယောက်ထံမှ ၀ယ်လာခဲ့သည့်ပစ္စည်များပင်။ တကယ်တန်းတွင် ဖှေးထိုအဖိုးကြီးထံမှ ဒဏာရီလာမြေများမှဟုဆိုသည့် ပစ္စည်းများစွာ၀ယ်ယူခဲ့သည်။ ဤဥများကိုမူ အန်ဂျယ်လာအားလက်ဆောင်အဖြစ်ပေးခဲ့သည့် ဥများပင်။

ဖှေး တစ်လုံးအားကောက်ကိုင်ကြည့်လိုက်ရာ အတော်တန်နွေးထွေးနေသည်ကို ခံစားလိုက်မိသည်။

ဖှေးပြုံးကာ အန်ဂျယ်လာအား ဤဥများသည် နတ်ဆိုးသားရဲကောင်းများပေါက်ဖွားလာနိုင်သည်ဟု ပြောခဲ့မိပုံကိုပြန်လည်သတိရလိုက်သည်။ အန်ဂျယ်လာသည် ထိုစကားကိုအတည်ယူပြီး ဤဓာတ်ငါးပါးမှော်သေတ္တာအတွင်းသို့အကောင်ပေါက်လာစေရန်အတွက် ထည့်ထားခဲ့သည့်ပုံပင်။

ဥများကို သေတ္တာအတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက်တွင် ဖှေးသေတ္တာကို စားပွဲခုံတစ်ခုပေါ်သို့တင်လိုက်၏၊ ဖှေးအပြင်သို့ထွက်မည်ပြင်သည့်အချိန်တွင် အန်ဂျယ်လာသည် ရုတ်တရက်ဖှေး၏လက်ကိုဆွဲထားလိုက်ပြီး “အလတ်ဇန္ဒား...မသွားပါနဲ့ ကျွန်မ မသောက်ချင်ဘူး...ဖက်ထားပေးပါ...”

ဖှေးသူ၏ခေါင်းကို ခါရမ်းကာ အိပ်ယာပေါ်သို့ တက်လိုက်သည်။ ထို့နောက်တွင် ကောင်မလေးကို ပွေ့ဖက်လိုက်ပြီးတည်ငြိမ်အေးချမ်းမှုကို ခံစားလိုက်ရ၏။ သူသည် အလွန်ပင်သက်တောင့်သက်သာြဖစ်နေပြီး သူ၏ခေါင်းထဲတွင်ရှိနေသည့် အတွေးများစွာသည် ပျောက်ကွယ်သွားပြီဖြစ်သည်။

......

နှစ်နှာရီခန့်ကြာသည့်အချိန်တွင်ဖြစ်သည်။

ဖှေးသူ၏အိပ်ချင်နေသောမျက်လုံးများကို ဖွင့်လိုက်ပြီး အန်ဂျယ်လာအား ပွေ့ဖက်ရန်ကြိုးစားလိုက်မိသည်။ သို့သော် သူ၏လက်မောင်းများထဲတွင်မည်သည့်အရာမှ ရှိမနေသောကြောင့် ချက်ချင်းပင် နိုးလာခဲ့သည်။ သူဘေးကိုကြည့်လိုက်ပြီး အန်ဂျယ်လာသည် နိုးနှင့်နေပြီးဖြစ်ကြောင်းကို သိလိုက်ရသည်။

“နင်နိုးလာပြီလား အလတ်ဇန္ဒား...”

ဖှေး အန်ဂျယ်လာအာ လိုက်ရှာကြည့်နေသည့်အချိန်မှာပင် အန်ဂျယ်လာသည်စွပ်ပြုတ်ပန်းကန်တစ်လုံးကိုယူလာပြီးတဲအတွင်းသို့ ၀င်လာခဲ့သည်။

“နှစ်နာရီတောင်ရှိပြီလေ။ နင့်ရဲ့ပြိုင်ပွဲအတွက် နောက်နာရီ၀က်ဆို သွားရတော့မယ်...” အန်ဂျယ်လာသည် အပြုံးတစ်ခုနှင့် အတူပြန်ပြောလိုက်၏။

“ဒီလောက်တောင်ကြာသွားပြီလား...”

ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်သည်။ လက်တလောတွင် သူသည် နေ့ခင်းဘက်တွင် ပြိုင်ပွဲများတွင်ယှဥ်ပြိုင်တိုက်ခိုက်ပြီး ညဘက်တွင် ဒိုင်ယာဘလိုကမ္ဘာသို့သွားကာ စွမ်းအားများမြှင့်တင်နေရသည့်အတွက် တစ်နေ့တွင် သုံးလေးနာရီခန့်သာ အိပ်ဖြစ်နေ၏။

သူအန်ဂျယ်လာနှင့် အတူရှိသည့်အချိန်တိုင်းတွင် ဘ၀၏ခက်ခဲပင်ပန်းမှုများအားလုံးကို မေ့လျှော့သွားမိ၏။ သူ့အားမည်သူမှ ဤခံစားချက်ကို ပေးနိုင်ခြင်းမရှိပေ။ သူ၏မျက်စိရှေ့တွင်ရှိနေသည့်ကောင်မလေးသည် ဘုရားသခင်မှပေးသည့်လက်ဆောင်တစ်ခုကဲ့သို့ပင်။

သူအန်ဂျယ်လာအား မည်သည့်အတွက်ကြောင့်အမူးသောက်လာခဲ့သည်ကို မေးရန်ပြင်နေသည့်အချိန်တွင် တိုးရိစ်ရောက်လာပြီးရော်ဘင်သည် ပြိုင်ပွဲတစ်ခုလုံးကို မှတ်တမ်းတင်ကာ ပြန်ရောက်လာပြီဖြစ်ကြောင်းကို သတင်းပို့လိုက်သည်။

“ဘာ ဓားတစ်လက်သူရဲကောင်းရှုံးသွားပြီ ဟုတ်လား...” ရော်ဘင်နှင့် စကားပြောပြီးသည့်နောက်တွင် ဖှေးထိတ်လန့်အံ့သြသွားရ၏။

All Chapters