အခန်း (၄၂၉)
Vol. 28 Ch. 429
“အရှင်မင်းကြီး ဓားတစ်လက်သူရဲကောင်းကို မင်းသား ရှီဗ်ချန်ကိုက လူ၇သောင်းလောက်ရှေ့မှာ အနိုင်ယူသွားခဲ့ပါတယ်။ ရှီဗ်ချန်ကိုက ဓားတစ်လက်သူရဲကောင်းကို အတွင်းအား အလွန်အကျွံသုံးမိအောင်တွန်းအားပေးခဲ့ပြီးတော့ ဓားတစ်လက်သူရဲကောင်းက အတွင်းအားနဲ့ ခွန်အားတွေအလွန်မင်းကုန်ဆုံးသွားပြီးတော့ သတိလစ်သွားခဲ့တာပါ...”
ရော်ဘင်သည် ဖှေးအားဖြစ်ခဲ့သမျှကို ပြန်လည်ပြောကြားလိုက်၏။ ပြောနေရင်းဖြင့်ပင် သူ၏မျက်နှာအမူယာသည် အလွန်ထိတ်လန့်နေပုံရပြီး သူကိုယ်တိုင်ပင် ယုံနိုင်ခြင်းမရှိသည့်ပုံပင်။
ဖှေး ရော်ဘင်ထံမှ မှတ်တမ်းတင်ထားသည့် ဒိုင်ဗီတလင်းကျောက်ကို ယူလိုက်သည်။ တလင်းကျောက်ထဲသို့ စွမ်းအားအနည်းငယ်စီး၀င်စေလိုက်ပြီးနောက်တွင် အလင်းတန်းငါးခုဖြာထွက်လာ၏။ ထို့နောက်တွင် ဖမ်းယူထားသည့်မြင်ကွင်းကို တဲအတွင်းတွင်ရှိသည့် အဖြူရောင်ပိတ်ကားပေါ်တွင် ထင်ဟပ်ပြလိုက်သည်။ ရုပ်ရှင်တစ်ခုကဲ့သို့ပင် ဓားတစ်လက်သူရဲကောင်းနှင့် မင်းသားရှီဗ်ချန်ကိုတို့၏တိုက်ပွဲကို မြင်တွေ့လိုက်ရ၏။
ဤသည်မှာ ပထမဆုံးအနေဖြင့် ဖှေး မင်းသားရှီဗ်ချန်ကိုတိုက်ခိုက်သည်ကို မြင်တွေ့ဖူးခြင်းပင်။ တကယ်တန်းတွင် ပထမဆုံးအနေဖြင့် ဖှေးမင်းသားရှီဗ်ချန်ကိုအား အလေးနက်ထားကာ ကြည့်ရှုလိုက်ခြင်းပင်။
သာမန်ချိန်းကြိုးချပ်၀တ်တစ်စုံ၊ အိုဟောင်းနေသည့် သစ်သားဒိုင်းကာတစ်ခုနှင့် ချွန်ထက်ခြင်းပင်မရှိသည့် ၂.၅မီတာခန့်ရှည်လျားသော အမဲရောင်ဓားတစ်လက်ကိုမင်းသားရှီဗ်ချန်ကို အသုံးပြုနေ၏။
မင်းသားရှီဗ်ချန်ကိုသည် သူ၏ပါးပြင်နှင့် နှာခေါင်းတို့ကို ကာကွယ်ပေးသည့် သံမဏိဦးဆောင်းတစ်ခုကိုလည်း၀တ်ဆင်ထားပြီး၊ အသုံးပြုပါများသဖြင့် ချောမွေ့တောက်ပြောင်နေသော လယ်သာဖိနပ်တစ်ခုကို စီးထား၏။
သူအသုံးပြုနေသည့် ပစ္စည်များသည် ကြီးမားသည့်အမဲရောင်ဓားရှည်ကြီးမှ လွဲ၍ ဇီးနစ်အင်ပါယာမှ သာမန်စစ်သည်များအသုံးပြုသည့် ပစ္စည်းများသကဲ့သို့ပင်။
ဤသည်မှာ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းကို ဖှေးသာမသိရှိပါက ဓားတစ်လက်သူရဲကောင်းသည် စစ်မြေပြင်တွင် သာမန်စစ်သည်တစ်ယောက်နှင့်တိုက်ခိုက်နေသည်ဟူ၍သာ သူထင်မြင်မိမည်ဖြစ်သည်။
သူသည် ပို၍ပို၍ကြည့်လေလေ သူ၏မျက်နှာသည် ပို၍ လေးနက်လာလေလေဖြစ်လာ၏။
“မီးသိုင်းကွက်...”
“တန်ပြန် နဂါးသိုင်းကွက်...”
“အလျားလိုက်ခုတ်ပိုင်းခြင်း..”
“ပြောင်းပြန်နဂါးသိုင်းကွက်..”
“ဒိုင်းကာသိုင်းကွက်...”
နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ ကြုံး၀ါးသံများနှင့် အတူတူ ထိုစစ်သည်သည် သူ၏အမဲရောင်ဓားရှည်ကြီးကို ၀ှေ့ရမ်းလျှက်ရှိနေ၏။ ဓားရှည်သည် တစ်ခါတစ်ရံတွင် အမဲရောင်လေမုန်တိုင်းတစ်ခုကဲ့သို့ ရွေ့လျားသွားပြီး တစ်ခါတစ်ရံတွင် ရှီဗ်ချန်ကိုသည် လက်ရှိနေရာ၌တွင်သာ မြဲမြံစွာဖြင့် ရပ်နေလျှက်ရှိသည်။ လေထဲတွင် ကျန်ရှိခဲ့သည့် ပုံရိပ်ယောင်များနှင့် မြင်ကွင်းမှာ အိမ်မက်ဆန်လှသည်။
ရှီဗ်ချန်ကို၏ ဓားတွင် အဖြစ်ဆိုးသည့်အရှိန်၀ါတစ်ချို့ပါရှိနေလျှက်ရှိသည်။ သူဓားတစ်လက်သူရဲကောင်းအား တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် အသက်ရှင်ရန်အတွက် ဆန္ဒမရှိသည့်အတိုင်းပင်။ ဤသည်မှာ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် လွှမ်းမိုးနိုင်ခြင်းပင်။
ဤမင်းသား၏သိုင်းကွက်များသည်လည်း ဖန်တီးနိုင်စွမ်းကင်းမဲ့လှသည်။ သူအသုံးပြုသည့်သိုင်းကွက်များအားလုံးသည် ပုံနှိပ်စာအုပ်ဥပမာများကဲ့သို့ပင်။ မြုပ်ကွက်များလှည့်စားမှုများ၊ ထောင်ခြောက်များပါရှိခြင်းမရှိပဲ ရှီဗ်ချန်ကိုသည် ပထမတစ်ကြိမ်သိုင်းကွက်ကို အပြည့်၀မသုံးရသေးပါက နောက်ထပ်သိုင်းကွက်တစ်ခုကို ထုတ်သုံးလိမ့်မည်မဟုတ်ပေ။ ဤတိုက်ပွဲသည် ရှီဗ်ချန်ကိုသည် အပြောင်းကိုနားလည်ခြင်းမရှိသည့် သာမန်လူသားတစ်ယောက်ကဲ့သို့ပင်။
ရှီဗ်ချန်ကိုသည် ကြယ်ခြောက်လုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်ပင်။
သို့သော် သူအသုံးပြုသည့်တိုက်ခိုက်မှုတိုင်းသည် ကြယ်ခြောက်လုံးနောက်ဆုံးအဆင့်စွမ်းအားများပါ၀င်နေသည်။
သူအသုံးပြုသည့်သိုင်းကွက်များသည်လည်း လူတိုင်းသိသည့် သာမန်သိုင်းကွက်များပင်။ စစ်သည်အသစ်များ ဇီးနစ်အင်ပါယာ၏ပင်မတပ်ဖွဲ့ကြီးဆယ်ဖွဲ့ထဲသို့ ၀င်သည့်အချိန်တွင် အခြေခံအနေဖြင့်သင်ကြားပေးသည့် ဓားသိုင်းကွက်များပင်။ ထူးခြားမှုတစ်စုံတစ်ရာမရှိပေ။
သို့သော် ဇီးနစ်အင်ပါယာမှ ကလေးများပင်အသုံးပြုတတ်သည့်အခြေခံသိုင်းကွက်များသည် ရှီဗ်ချန်ကို၏လက်ထဲတွင် စွမ်းအားမြင့်မားလာ၏။ သူ၏လှုပ်ရှားမှုများသည်လည်း ပုံနှိပ်စာအုပ်များထဲတွင် ဖော်ပြထားသည်နှင့် တစ်ပုံစံထဲပင်။ မည်သူမှ ဤကဲ့သို့အခြေခံသိုင်းကွက်များကို ဤမျှကျွမ်းကျင်သည်အထိလေ့ကျင့်ဖူးခြင်းမရှိပေ။
ဤကမ္ဘာပေါ်တွင် အခြေခံအား ဤမျှလောက်ထိဂရုစိုက်သည့်လူတစ်ယောက်ရှိနေသည်မှာ အံ့သြဖွယ်ပင်။
တကယ်တန်းတွင် တူညီသည့်သိုင်းကွက်တစ်ခုကို ရှီဗ်ချန်ကို နှစ်ကြိမ်တိုင်အသုံးပြုပါကတစ်ပုံစံထဲပင်ဖြစ်နေမည်ဖြစ်သည်။ အကယ်၍ ရှီဗ်ချန်ကိုသာ ကျယ်လောင်စွာအော်ဟစ်မနေပဲ သူ၏မျက်နှာပေါ်တွင် ခံစားချက်တစ်ချို့ရှိမနေပါက လူများသည် သူ့အား စက်ရုပ်တစ်ရုပ်ဟုဖှေးထင်မိမည်ဖြစ်သည်။
ဓားတစ်လက်သူရဲကောင်းသည် အလွန်စွမ်းအားမြင့်မားသည့်စစ်သည်တစ်ယောက်ပင်။ သူ၏သိုင်းကွက်တစ်ခုခြင်းစီတိုင်းသည် ရန်သူ၏အသက်၀ိဉာဥ်ကို ခြွေယူတော့မည့်သကဲ့သို့ပင်။ သူသည် ဓားများ၏ဘုရင်တစ်ပါးအစစ်မှန်ပင်။ သို့သော် သူ၏ဓားစွမ်းအင်များအားလုံးသည် ရှီဗ်ချန်ကို၏ခန္ဓာကိုယ်ပေါ်တွင် ဓားရာတစ်ချို့ကို ချန်ထားခဲ့သော်လည်း သူ့အား သတ်ဖြတ်နိုင်ခြင်းမရှိပေ။
စစ်ပွဲများစွာတိုက်ခိုက်ဖူးသည့် စစ်သည်တစ်ယောက်ကဲ့သို့ပင်။ ဓားနှင့် ဒိုင်းကာတို့၏ထိရောက်မှုသည် ရှီဗ်ချန်ကို၏လက်ထဲတွင် အတိုင်းသားပေါ်လွင်ခဲ့သည်။ သူ၏လက်ထဲတွင်ရှိသည့် သာမန်ပုံပေါက်နေသော အ၀ါရောင်သစ်သားဒိုင်းကာကြီးသည် ဓားတစ်လက်သူရဲကောင်း၏ ဓားစွမ်းအင်များအားလုံးကို ထိထိရောက်ရောက်ကာကွယ်နိုင်၏။
တိုက်ပွဲပြီးခါနီးအချိန်တွင် ရှီဗ်ချန်ကိုသည် သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သို့သော် သူသည် သွေးဆာနေသည့် နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ပင် သူသည်ဓားနှင့် ဒိုင်းကာအား ကိုင်ထားသ၍ အကန့်သက်မဲ့သော ခွန်အားနှင့် သက်လုံကို ပိုင်ဆိုင်ထားသည့်အတိုင်းပင်။ သူသည် နောက်ဆုံးတွင် ဒဏ်ရာအပြင်းထန်ရရှိခဲ့သော်လည်း သူ၏သိုင်းကွက်များသည် ပြီးပြည့်စုံစွာဆောင်ရွက်နိုင်ခဲ့သည်။
ဤကဲ့သို့ဖြင့် ရှီဗ်ချန်ကိုအနိုင်ရရှိခဲ့ခြင်းပင်။
ရှီဗ်ချန်ကို၏အသေခံတိုက်ခိုက်မှုများကို လေးနာရီခန့်ရင်ဆိုင်လာခဲ့ပြီးသည့်နောက်တွင် ဓားတစ်လက်သူရဲကောင်း၏မျက်လုံးများထဲတွင်ရှိသည့် စိတ်မရှည်မှုများနှင့် စိုးရိမ်မှုများကို ဖှေးသတိထားမိလိုက်၏။
ဓားတစ်လက်သူရဲကောင်းသည် ပွဲစကတည်းက တစ်စုံတစ်ခုကြောင့် စိတ်ရှုပ်လျှက်ရှိနေသည်ကိုလည်း ဖှေးသတိထားလိုက်မိသည်။ ဓားတစ်လက်သူရဲကောင်းတွင် စိတ်အနှောင့်ယှက်ဖြစ်စရာတစ်ခုရှိနေခဲ့သည့်အတွက် သူ၏အစွမ်းအကုန်ကို ထုတ်သုံးနိုင်ခြင်းမရှိသည့်အတိုင်းပင်။
ဖှေး ဒိုင်ဗီတလင်းကျောက်ထဲအား စွမ်းအားများစီး၀င်နေစေခြင်းကို ရပ်လိုက်သည်။ အဖြူရောင်ပိတ်ကားပေါ်မှ မြင်ကွင်းသည်လည်း ပျောက်ကွယ်သွား၏။
ပွဲစဥ်အားအဆုံးထိကြည့်စရာမလိုပဲ ရှီဗ်ချန်ကို စွမ်းအားနှင့် တိုက်ခိုက်မှုသဘောတရားတို့ကို ဖှေးနားလည်သွားပြီဖြစ်သည်။ ရှီဗ်ချန်ကို၏ စွမ်းဆောင်ရည်ကိုကြည့်ခြင်းအားဖြင့် ဓားတစ်လက်သူရဲကောင်းရှုံးနိမ့်သွားခြင်းသည့် လက်မခံနိုင်စရာမဟုတ်ပေ။ ရှင်းလင်းစွာပင် ရှီဗ်ချန်ကိုသည် စွမ်းအားမြင့်ပါ၀င်ယှဥ်ပြိုင်သူတစ်ယောက်ပင်။ သူသည် ထူးခြားသည့်တိုက်ခိုက်မှုစတိုင်တစ်ခုဖြင့် သူ၏စွမ်းအားကိုဖုံးကွယ်ထားသည့် စူပါစစ်သည်တစ်ယောက်ပင်။
ရှီဗ်ချန်ကို၏ထူးခြားသောတိုက်ခိုက်မှုပုံစံကြောင့် ဖှေးနှင့် မတ်-ရာဇီတို့ကိုယ်တိုင်ပင် သူ့အား လျှော့တွက်ခဲ့မိကြသည်။
ရှီဗ်ချန်ကိုသည် ပြိုင်ပွဲတွင် အကြီးမားဆုံးသောမြင်းနက်ကြီးတစ်ကောင်ပင်။
စွမ်းအားအရနှိုင်းယှဥ်ကြည့်မည်ဆိုပါက ဓားတစ်လက်သူရဲကောင်းသည် ရှီဗ်ချန်ကိုထက်များစွာပို၍ အစွမ်းထက်သည်မှာ အသေချာပင်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ယနေ့ပြိုင်ပွဲတွင် ဓားတစ်လက်သူရဲကောင်း၏စွမ်းဆောင်ရည်သည် တည်ငြိမ်ခြင်းမရှိပဲ သူ၏အစွမ်းထက်ဆုံးသိုင်းကွက်များကိုလည်း ထုတ်သုံးနိုင်ခဲ့ခြင်းမရှိပေ။
......
နေ့လည်ပိုင်း ဒုတိယပွဲစဥ်မှာ ရိုးရှင်းလှသည်။
လေးနတ်သမီးအယ်လီနာသည် ပြိုင်ပွဲသို့ရောက်ရှိလာခဲ့ခြင်းမရှိသည့်အတွက် ချမ်းဘော့ဒ်ဘုရင်သည်တိုက်ခိုက်စရာမလိုပဲ နောက်တဆင့်သို့ရောက်ရှိသွား၏။
အကယ်၍ တစ်ခြားယှဥ်ပြိုင်သူများသာ ဤကဲ့သို့ဖြစ်ခဲ့ပါက ပရိသတ်များသည် ပြိုင်ပွဲတာ၀န်ခံများကို စစ်ဆေးခိုင်းမည်ဖြစ်သည်။
သို့သော် ချမ်းဘော့ဒ်ဘုရင်နှင့် လေးနတ်သမီးတို့သည် တိုင်းပြည်တစ်ခုတည်းမှဖြစ်ကြောင်းကို လူတိုင်းသိရှိသည့်အတွက် ဤကဲ့သို့သောရလဒ်မှာ အဓိပ္ပါယ်ရှိသည်ဟုဆိုရမည်ဖြစ်သည်။ အေဇာရုတိုက်ပေါ်တွင် စစ်သည်များသည် သူတို့၏ဆရာသခင်များအားလက်နက်ဖြင့် ပြန်ရွယ်သည့်အလေ့ထမရှိသောကြောင့်ပင်။ ထို့အပြင် မင်းသမီးစင်ဒီနှင့် တိုက်ခိုက်ခဲ့သည့်ပြိုင်ပွဲတွင် ပြသခဲ့သည့်ချမ်းဘော့ဒ်ဘုရင်၏စွမ်းအားများသည် အယ်လီနာထက်များစွာသာလွန်နေသည်မှာ အထင်ရှားပင်။ ပြိုင်ပွဲဖြစ်ပွားခဲ့သည့်တိုင်အောင် အယ်လီနာအနိုင်ရရှိနိုင်ချေမှာ အလွန်နည်းပါးလှသည်။
ချမ်းဘော့ဒ်ဘုရင်၏စွမ်းအားသည် တစ်ခြားလူများကို မျှော်လင့်ချက်မဲ့စေ၏။
ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်ပြိုင်နိုင်သည်ဟု လူတိုင်းယူဆခဲ့ကြသည့် ဓားတစ်လက်သူရဲကောင်းသည် ထင်မှတ်မထားစွာပင် ဖိုးကံကောင်းမင်းသားရှီဗ်ချန်ကို၏အနိုင်ယူခြင်းကိုခံလိုက်ရ၏။ ကြည့်ရသည့်ပုံအရ ချမ်းဘော့ဒ်ဘုရင်သည် အင်ပါယာနံပါတ်၁စစ်သည်တစ်ယောက်ဖြစ်လာတော့မည့်ပုံပင်။ သို့သော် မင်းသားရှီဗ်ချန်ကိုသည် လူအများအား ထက်မံ၍ အံ့သြစေနိုင်သည့်ဖြစ်နိုင်ချေလည်းရှိနေသည်။ သို့သော် ထိုဖြစ်နိုင်ချေမှာ အလွန်နည်းပါးလှသည်။
ကောင်းကင်လက်သီး VS ဖိုးကံကောင်းမင်းသားရှီဗ်ချန်ကို။
ဤသည်မှာ တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲများ၏ နောက်ဆုံးဖိုင်နယ်ပွဲစဥ်ပင်။
ဖိုင်နယ်ပွဲစဥ်ကို သုံးရက်အကြာတွင် နံပါတ်၁ဓားကွင်းတွင်ကျင်းပသွားမည်ဖြစ်သည်။
ရှီဗ်ချန်ကိုသည် ဓားတစ်လက်သူရဲကောင်းနှင့်တိုက်ခိုက်ခဲ့စဥ်က ဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။ ဓားတစ်လက်သူရဲကောင်းသတိလစ်ပြီးသည့်အချိန်တွင် ရှီဗ်ချန်ကိုလည်း သူ၏ဓားနက်ကြီးကို လွှတ်ချလိုက်အပြီးတွင် မေ့မျောသွားခဲ့သည်ဟုဆိုကြသည်။ ရှီဗ်ချန်ကိုတွင် အနားယူရန်အတွက် အချိန်၂ရက်ခန့်သာရှိ၏။
သို့သော် သူနှစ်ရက်အတွင်းမှာ အကောင်းပတိပြန်ဖြစ်နိုင်သလား။ မည်သူမှ မဖြေနိုင်ကြပေ။
ဇီးနစ်အင်ပါယာတောင်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲမှာအရေးကြီးနေပြီး အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ပါး၏တိုက်ပွဲသည်လည်း မကြာမှီတွင်ရောက်ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့် အသစ်ဖွဲ့စည်းမည့်အင်ပါယာပင်မတပ်ဖွဲ့ကြီးအတွက် အမိန့်ပေးခေါင်းဆောင်တစ်ဦးရွေးချယ်ရန်မှာ အလွန်အရေးကြီးလှသည်။ လက်ရှိတွင် ဇီးနစ်အင်ပါယာသည် ကစဥ့်ကလျားဖြစ်နေပြီး မည်သည့်အချိန်တွင် ပြသနာအသစ်များထွက်ပေါ်လာမည်ကို မည်သူမှ မသိသည့်အတွက်ပင်။ လက်ရှိတွင် အချိန်သည် တန်ဖိုးအကြီးဆုံးအရာတစ်ခုပင်။
ဤကဲ့သို့ဆိုပါက ဖှေးသည် ဆီမီးဖိုင်နယ်တွင် တိုက်ခိုက်စရာမလိုခဲ့သောကြောင့် ဒဏ်ရာအပြင်းထန်ရရှိထားသည့် မင်းသားရှီဗ်ချန်ကိုနှင့် နှိုင်းယှဥ်ကြည့်ပါက အားသာသည်ဟုဆိုရမည်ဖြစ်သည်။