အခန်း (၄၃၀)
Vol. 28 Ch. 430
နှစ်ရက်သည် လျင်မြန်စွာပင်ကုန်ဆုံးသွားသည်။
ဤနှစ်ရက်တွင် ဖှေးသည် ကူရက်စ်ဆိပ်ကမ်းမြေပုံမှ အလုပ်များအားလုံးကို ပြီးမြောက်သွားပြီဖြစ်သည်။ ဖှေး၏မှတ်ဉာဏ်ထဲတွင် ခေါင်းဆောင်ကြီးမီဖက်ဆိုကို သတ်ဖြတ်ရန်နောက်ဆုံးအလုပ်ဖြစ်သည့် ကာကွယ်စောင့်ရှောက်သူအလုပ်မှာ အလွန်ခက်ခဲလှသည်။ ဤမီဖက်ဆိုတွင် သန်မာသည့် အခြွေရံကိုယ်ရံတော်များစွာလည်းရှိသောကြောင့်ပင်။
ဖှေးသည်သာ သာမန်ဇာတ်ကောင်တစ်ကောင်ပင်ဆိုပါက ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် အချိန်အတန်ကြာယူရမည်ဖြစ်သည်။ သို့သော် အပြင်ကမ္ဘာတွင် လေ့ကျင့်မှုများကြောင့် သူ၏စွမ်းအားများသည် ယခုအချိန်တွင် အလွန်မြင့်မားနေသဖြင့် ဂိမ်း၏ မျှချေကို တိမ်းစောင်းသွားစေသည်။ သတ်ဖြတ်ရန်အနည်းငယ်အချိန်ယူရသည့် ခေါင်းဆောင်ကြီးမီဖက်ဆိုမှ လွဲ၍ ဖှေးနှင့် အယ်လီနာတို့သည် လွယ်ကူစွာပင် အလုပ်ကို ပြီးမြောက်သွားခဲ့သည်။
မီဖက်ဆိုအား သတ်ဖြတ်ပြီးနောက်တွင် ဖှေးသည် နာတာရာ၏ အိုဒီရမ်နှင့် နာတာရာ၏ တိုတမ်တို့မှ ဦးဆောင်းအစိတ်ပိုင်းပစ္စည်းကို ရရှိခဲ့သည်။
[နာတာရာ၏ အိုဒီရမ်]လယ်ဗယ်၇ စုံလိုက်ပစ္စည်းတွင် ပစ္စည်းလေးမျိုးပါရှိပြီးလုပ်ကြံသတ်ဖြတ်သူများအတွက် ပစ္စည်းဖြစ်သည်။ ဤပစ္စည်းသည် စွမ်းအားမြင့်မားပြီး ဒိုင်ယာဘလိုကမ္ဘာတွင် ရှားပါးစုံလိုက်ပစ္စည်းအနည်းငယ်ထဲမတစ်ခုဖြစ်သည်။ [နာတာရာ၏ တိုတမ်]သည်လည်း ကောင်းမွန်သည့် ဆုလာဘတ်တစ်ခုပင်။ သို့သော် ဖှေးသည် ကျန်ရှိနေသည့် စုံလိုက်ပစ္စည်းများဖြစ်သည့် ဖိနပ်၊ ချပ်၀တ်နှင့် ကတ်ကြေးတို့ကို ဆုဆောင်းနိုင်ပါ့မလားမသေချာပေ။
ကူရက်စ်ဆိပ်ကမ်းမှ အလုပ်များအားလုံးကို ပြီးမြောက်သွားပြီးသည့်နောက်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၇၈သို့ရောက်ရှိသွားပြီဖြစ်သည်။
ဖှေးအားစိတ်ပျက်စေသည့်တစ်ခုတည်းသောအရာမှာ ထူးခြားသည့်ဆုလာဘတ်တစ်စုံတစ်ရာမရရှိခဲ့ခြင်းပင်။ သူသည် ဇာတ်ကောင်၆ကောင်လုံးမြေပုံတစ်ခုကို ပြီးမြောက်သည့်အချိန်မှသာလျှင် ထူးခြားသည့်ဆုလာဘ်များရရှိနိုင်ပုံပင်။ သူဇာတ်ကောင်၇ကောင်လုံးဖြင့် သူပုန်စခန်းမြေပုံကို ပြီးမြောက်ခဲ့စဥ်က နတ်ဘုရားပေးသည့် အစွမ်းသုံးခုကို ရရှိခဲ့သည့်အတွက်ပင်။
အမြန်ဆုံးလအဆင့်စစ်သည်တစ်ယောက်ဖြစ်လာနိုင်စေရန်အတွက် ဖှေးသည်တစ်ခြားဇာတ်ကောင်များကို လယ်ဗယ်မြှင့်တင်ခြင်းမပြုသေးပေ။ ထိုအစားသူသည် လေးခုမြောက်မြေပုံဖြစ်သည့် ပန်ဒီမိုနီရမ် ခံတပ်သို့၀င်လာခဲ့သည်။
ပန်ဒီမိုနီရမ်ခံတပ်သည် ငရဲဂိတ်တံခါးအရှေ့တွင်ရှိသော တောင်တန်းများပေါ်တွင်တည်ရှိပြီး မြေမျက်နှာအသွင်ပြင်မှာ အလွန်ပင်ကျောက်တုံးထူထပ်လှသည်။
ပန်ဒီမိုနီရမ်ခံတပ်ပေါ်မှ ဆင်းသည့် လမ်းကြောင်းတစ်ခုသာရှိပြီး တစ်မီတာပင်အကယ်မရှိပဲ လှေကားထစ်ပေါင်းထောင်နှင့် ချီကာတည်ဆောင်ထား၏။ ဤနေရာအား သိမ်းပိုက်ရန်ခက်ခဲသလို ခံစားရသည်။
လမ်းကြောင်း၏တစ်ဖက်အဆုံးတွင် အနည်းငယ်ကျယ်ပြန့်သည့် မြေပြန့်နေရာတစ်ခုရှိပြီး ထိုနေရာအား [အပြင်ပိုင်းလှေကားထစ်များ]ဟုခေါ်၏။ ထို့နောက်တွင် လမ်းကျဥ်းတစ်ခုသည် [မျှော်လင့်ချင်းကင်းမဲ့သော လွင်ပြင်]သို့ ဦးတည်သွားပြီး ကျန်လမ်းကျဥ်းတစ်ခုသည် [သေခြင်းတရားမြို့တော်]သို့ဦးတည်သွား၏။
ဗျူဟာကျသောနေရာအနေထားကြောင့် ပန်ဒီမိုနီရမ်ခံတပ်သည် ငရဲပြည်နှင့် ကောင်းကင်ဘုံအား ခွဲခြမ်းခဲ့သည်မှာ ထင်ရှားသည်။
ခံတပ်ကို တနေ့လုံးတွင် တိမ်များဖုံးလွှမ်းထားပြီး နေရောင်ခြည်ကို မြင်တွေ့နိုင်ခြင်းမရှိပေ။ ဖှေး ခံတပ်ထံသို့ဦးတည်သည့် လှကားများမှ တက်သွားခဲ့ပြီးသည့်နောက်တွင် ပန်းရောင်မြူခိုးများစွာကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သေဆုံးသွားခဲ့သည့်လူများ၏ အငွေ့ပျံသွားခဲ့သော သွေးမြူများပင်။
ပန်ဒီမိုနီရမ်ခံတပ်တွင် ရှိသည့် နာမည်ကြီးသော မြေပုံအသေးသုံးခုမှာ အပြင်ပိုင်းလှေကားထစ်များ၊ မျှော်လင့်ခြင်းကင်းမဲ့သော လွင်ပြင်နှင့် သေခြင်းတရားမြို့တော်တို့ပင်။
ဤနေရာတွင် စွမ်းအားမြင့်မကောင်းဆိုး၀ါးများစွာရှိနေသည်။
ဤနေရာတွင် လူသားတို့၏လွတ်လပ်ခြင်းအတွက် တိုက်ခိုက်ခဲ့သည့်တောက်ပခြင်းသူရဲကောင်းများစွာရှိနေခဲ့ကြပြီး နတ်ဆိုးများကို တိုက်ခိုက်ခဲ့ကြသည့် မြင့်မြတ်သောသူရဲကောင်းများစွာလည်းရှိခဲ့ကြသည်။ ဤသူရဲကောင်းစစ်သည်အများစုမှာ စစ်ပွဲအတွင်းတွင် သေဆုံးခဲ့ကြပြီး သူတို့၏သွေးများသည် ကုန်းမြေအား အနီရောင်စွန်းထင်းစေခဲ့သည်။
ဤကျဆုံးသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များသည် နတ်ဆိုးများ၏အသုံးချခံဖြစ်နေကြသည်ကို မြင်တွေ့ရသည်မှာ ၀မ်းနည်းဖွယ်ပင်။ သူတို့၏အလောင်းများသည် ငရဲပြည်မှစွမ်းအားများ၏ စွန်းထင်းခြင်းကို ခံနေရပြီးသူတို့သည် မကောင်းဆိုး၀ါးများနှင့် နတ်ဆိုးများဖြစ်လာကြ၏။ လက်ထဲတွင် ဓားများကိုင်ဆောင်ရင်းဖြင့် နတ်ဆိုးတစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။ ထိုဓားများသည် သူတို့မသေဆုံးခင်က နတ်ဆိုးများကို သုတ်သင်သောဓားများဖြစ်ကြသဖြင့် မြင်တွေ့ရသည်မှာ စိတ်မကောင်း၀မ်းနည်းဖွယ်ပင်။
ဤသည်မှာ ပန်ဒီမိုနီရမ်ခံတပ်၏ နောက်ခံဇာတ်လမ်းပင်။
ဖှေး ပန်ဒီမိုနီရမ်ခံတပ်အား ၀င်ရောက်ပြီးချိန်တွင် ပထမဆုံးပြလုပ်ခဲ့သည်မှာ ကစားသူမဟုတ်သောဇာတ်ကောင်(NPC)များကိုလိုက်၍ စကားပြောကြည့်ခြင်းပင်။ ၄င်းတို့သည် အသိဉာဏ်ရှိမရှိကို မြင်တွေ့လိုသည့်အတွက်ဖြစ်သည်။ ရလဒ်သည် သူ့အား အံ့သြစေခဲ့ခြင်းမရှိပေ။ ထိုလူများသည် ကိုယ်ပိုင်အသိဉာဏ်မရှိကြသည့် ကွန်ပျူတာဇာတ်ကောင်များသာဖြစ်နေ၏။ ဖှေး လူရိုင်းဇာတ်ကောင်အနေဖြင့် သူပုန်စခန်းမှာကဲ့သို့ဖှေးနှင့် ပြောဆိုဆက်ဆံခြင်းမပြုကြပေ။
ပန်ဒီမိုနီရမ်ခံတပ်တွင်ရှိသော ရွှေရောင်နန်းတော်ထဲတွင် ဖှေး ယခင်က တွေ့ဆုံခဲ့ဖူးသည့် နတ်သားတိုင်ရယ်နှင့် တွေ့ဆုံလိုက်သည်။ ဤစွမ်းအားမြင့်သည့် နတ်သားသည် ရွှေရောင်ချပ်၀တ်တစ်စုံကို၀တ်ဆင်ထားပြီး ကြီးမားသည့် အတောင်ပံတစ်စုံကိုပိုင်ဆိုင်ထားသည်။ သူ့ထံတွင် အဖြူရောင်ရေဘ၀ဲလက်တံများလည်း ရှိနေ၏။ သူသည် အသိဉာဏ်ကင်းမဲ့သည့် ကွန်ပျူတာဇာတ်ကောင်တစ်ကောင်သာဖြစ်သော်လည်း သူ့ထံမှ ထွက်ပေါ်နေသည့် စွမ်းအားမြင့်သောအရှိန်၀ါကို လျစ်လျူရှု၍မရပေ။ တကယ်တန်းတွင် ဤရွှေရောင်နန်းတော်ကြီးတစ်ခုလုံးတွင် သူထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ဖိအားများဖြင့် ပြည့်နှက်နေ၏။
တိုင်ရယ်သည် သူတွေ့ဖူးသမျှကစားသူမဟုတ်သောဇာတ်ကောင်များထဲတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည်ကို ၀န်ခံရမည်ဖြစ်သည်။
ဤရေဘ၀ဲလက်တံနတ်သားထံမှ ဖှေးသည် ပန်ဒီမိုနီရမ်ခံတပ်မြေပုံ၏ ပထမဆုံးအလုပ်ဖြစ်သည့် [ကျဆုံးသွားသောနတ်သား]ကို လက်ခံရလိုက်သည်။ သူသည် အစ်ဇူရယ်အမည်ရှိသည့် ကျဆုံးသွားသည့်နတ်သားတစ်ပါးကို သတ်ဖြတ်ပေးရမည်ဖြစ်သည်။
ဤအလုပ်သည် ခက်ခဲလှဖြင်းမရှိပေ။
နောက်ဆုံးပြိုင်ပွဲမစတင်မှီမှာပင် ဖှေးသည် အစ်ဇူရယ်အားသတ်ဖြတ်ပြီး ပန်ဒီမိုနီရမ်ခံတပ်၏ ပထမဆုံးအလုပ်ကို ပြီးမြောက်လိုက်သည်။
ယခုအချိန်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၇၉သို့ ရောက်ရှိသွားပြီဖြစ်သည်။
......
အချိန်များကုန်ဆုံးသွားသည်နှင့် အမျှ မြို့တော်အတွင်းတွင်ရှိသည့်လူများနှင့် စခန်းချနေရာတစ်၀ိုက်တွင်ရှိကြသည့် အဖွဲ့၀င်တိုင်းပြည်များမှ လူများသည် ပို၍ပို၍စိတ်လှုပ်ရှားလာကြတော့သည်။
သုံးရက်ကြာပြီးနောက်တွင် ရူးသွပ်လောက်သည့် တိုက်ပွဲကြီးနှစ်ခုဖြစ်ပွားတော့မည်ဖြစ်သောကြောင့်ပင်။ ပထမတိုက်ပွဲမှာ ချမ်းဘော့ဒ်ဘုရင်နှင့် မင်းသားရှီဗ်ချန်ကိုတို့ကြားမှ တိုက်ပွဲဖြစ်ပြီး တစ်ခြားတိုက်ပွဲတစ်ခုမှာ ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာ ခါဆစ်နှင့်၊ စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ကွန်းတတို့ ယှဥ်ပြိုင်တိုက်ခိုက်ကြမည့်တိုက်ပွဲပင်။
တိုင်းပြည်အဆင့်သတ်မှတ်ပြိုင်ပွဲသည် မျိုးဆက်သစ်လူငယ်များ၏တိုက်ပွဲဖြစ်ပြီး ဇီးနစ်အင်ပါယာ၏ အနာဂတ်ကို ကိုယ်စားပြုသည်။ တစ်ခြားတိုက်ပွဲတစ်ခုမှာ မျိုးဆက်ဟောင်းများ၏ တိုက်ပွဲဖြစ်ပြီးအင်ပါယာနှစ်ခု၏ ကံကြမ္မာကို ကိုယ်စားပြုနေသည့်တိုက်ပွဲများပင်။ အစွမ်းနှင့် အဓိပ္ပါယ်ရှိမှုမည်သည့်နေရာတွင် ဆိုစေကာမူ ဤတိုက်ပွဲများသည် အဆင့်မြင့်တိုက်ပွဲများပင်။ ထို့ကြောင့် လူတိုင်း စိတ်လှုပ်ရှားနေကြခြင်းပင်။
ချမ်းဘော့ဒ်ဘုရင်နှင့် ရှီဗ်ချန်ကိုတို့၏တိုက်ပွဲသည် မနက်ဖြန်တွင်ဖြစ်ပွားတော့မည်ဖြစ်သောကြောင့် မျက်လုံးများစွာသည် အဖွဲ့စည်းနှစ်ခုကို စောင့်ကြည့်နေကြ၏။ ထို့အပြင် ကောလဟာလများစွာလည်းပြန့်နှံ့နေလျှက်ရှိသည်။
တစ်ချို့လူများပြောသည်မှာ ရှီဗ်ချန်ကိုသည် ဓားတစ်လက်သူရဲကောင်းနှင့် တိုက်ခိုက်ခဲ့စဥ်က ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့သဖြင့် ပြန်လည်သက်သာခြင်းမရှိသေးဆိုသည့်အချက်ပင်။ ရှီဗ်ချန်ကိုသည် အရှုံးပေးလိမ့်မည်ဟု သူတို့သံသယ၀င်နေကြသည်။
တစ်ချို့လူများပြောသည်မှာ တရားမျှတသည့်ပြိုင်ပွဲတစ်ခုဖြစ်ပေါ်လာစေရန်အတွက် ချမ်းဘော့ဒ်ဘုရင်သည် မင်းသားရှီဗ်ချန်ကိုအား ကုသရန်အတွက် စွမ်းအားမြင့်ဆေးပုလင်းတစ်လုံးကို လက်ဆောင်ပေးခဲ့သည်ဟု ဆိုကြသည်။
တစ်ချို့လူများပြောသည်မှာ ထိုဆေးပုလင်းသည် အဆိပ်ပုလင်းဖြစ်ပြီး ရှီဗ်ချန်ကိုမှာ သေဆုံးသွားပြီဟုလည်းပြောနေကြသည်။
ဤကောလဟာလများသည် လောင်းကစားရုံများမှာ အလျှော်အစားအချိုးများကိုသာ ပြောင်းလဲသွားစေ၏။ အကျိုးမြတ်ရှာဖွေနေသည့်လူများသည် နေရာအနှံ့ပင်။ အလျှော်အစား အချိုးတော်တော်များများသည် တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲဖိုင်နယ်နှင့် ကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်တိုက်ပွဲအတွက် ဖန်တီးထားသည်ဟုဆိုကြသည်။
ဆွေကြီးမျိုးကြီးတစ်ချို့နှင့် အင်အားကြီးအဖွဲ့စည်းများပင် ဤအလောင်းစားများတွင် ပါ၀င်နေသည်ဟုလည်းကြားရသည်။ ဤအလောင်းစားများသည် ထိုကဲ့သို့လူတန်းစားများအတွက် ဖန်တီးထားသည်ဟုလည်း တစ်ချို့မှပြောနေကြသည်။ မင်းသမီးတာနာရှာသည် ချမ်းဘော့ဒ်ဘုရင်နှင့် ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာဘက်မှ ပိုက်ဆံတော်တော်များများလောင်းကြေးထပ်ခဲ့သည်ဟုဆိုကြသည်။ မင်းသားဒိုမင်ဂူသည် ဖှေးဘက်မှ ရွှေဒင်္ဂါးတစ်ပြားလောင်းခဲ့သော်လည်း ကာကွယ်စောင့်ရှောက်သူသိုင်းဆရာများတိုက်ပွဲတွင်မူ လောင်းကြေးထပ်ခဲ့ခြင်းမရှိပေ။
ပို၍ပင် အံ့သြဖွယ်ကောင်းသည်မှာ စတုတ္ထမင်းသား ခရစ်စတယ်နှင့် ဘတ်ဂ်ဘီယွန်းဆေးတို့သည် ရှီဗ်ချန်ကို ဘက်မှ ပိုက်ဆံများစွာလောင်းခဲ့ခြင်းပင်။
လူတော်တော်များများမှ ချမ်းဘော့ဒ်ဘုရင်အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်ထားသဖြင့် ချမ်းဘော့ဒ်ဘုရင်ဘက်မှ လောင်းသည့်လူများသည် လျှော်ကြေးအနည်းငယ်သာရလိမ့်မည်ဖြစ်သည်။
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာများ၏တိုက်ပွဲသည် ပို၍ပင်တစ်ဖက်သက်ဆန်လှသည်။ စွန့်စားတက်ဆုံးနှင့် လောဘအကြီးဆုံးလောင်းကစားသမားများကပင် ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူခါဆစ်ဘက်မှ လောင်းကြ၏။ ဇီးနစ်အင်ပါယာမှ မြို့သူမြို့သားများသည် ခါဆစ်သာ အနိုင်ရရှိလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ထားကြခြင်းပင်။
သူတို့၏အမိအင်ပါယာပြိုလဲခါနီးအခြေအနေနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် မြို့သူမြို့သားများသည် ရှားပါးသည့် ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုတို့ကို ပြသနေကြ၏။
......
ညနေခင်းအချိန်ခါသို့ရောက်ရှိလာ၏။
ဖှေးသည် အစ်ဇာနီနှင် ကျန်မိဘမဲ့ကလေးလေးယောက်ကို သင်ကြားပြသပေးနေသည်။
ဤသည်မှာ လွန်ခဲ့သည့်နှစ်ရက်လုံး ဖှေးအချိန်များအားကုန်ဆုံးခဲ့ပုံပင်။ နေ့ဘက်တွင် သူ၏တပည့်များကို သင်ကြားပေးပြီး၊ သူ၏လူများနှင့်အတူ အတူတကွလေ့ကျင့်လေ့ရှိသည်။ ထို့အပြင် ရော်ဘင်၏အဖေဖြစ်သည့်အဖိုးကြီးအာရန်းကို ကုသပေးရန်လည်းမေ့နေခြင်းမရှိပေ။ ရက်အနည်းငယ်ကုသပေးခြင်းနှင့် ဟော့ခ်ဆေးပုလင်းအနည်းငယ်တိုက်ပြီးသည့်အချိန်တွင် အဖိုးကြီးအာရန်း၏ ခြေထောက်ကြွက်သားများမှာ ပြန်လည်က သန်မာစပြုလာနေပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် တောင်၀ှေးတစ်ချောင်းနှင့် ကိုယ်တိုင်လမ်းလျှောက်လာနိုင်နေပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်လုံးတွင် ဖှေးသည် ချမ်းဘော့ဒ်စခန်းအပြင်ဘက်သို့ သွားခြင်းမပြုခဲ့ပေ။ ညဘက်အနားယူသည့်အချိန်မှလွဲ၍ သူသည် လူမြင်ကွင်း၌သာ ရှိနေလျှက်ရှိသည်။ တစ်ခြားလူများအတွက် ချမ်းဘော့ဒ်ဘုရင်သည် မိမိကိုယ်မိမိအလွန်ယုံကြည်ချက်ရှိနေပြီး ဖိုင်နယ်ပွဲစဥ်အတွက် စိုးရိမ်စရာမလိုသည့်ပုံပင်။
သို့သော် ဖှေးသည် အမြဲတမ်းတူညီသောအချက်လက်ပါရှိသည့်စာနှစ်စောင်ကို နေ့စဥ်ရနေလျှက်ရှိသည်။
စာတစ်စောင်မှာ ပဲရစ်ထံမှဖြစ်ပြီး သူမသည် မဟာဘုရားကျောင်းမှ သူလျိုများ၏လှုပ်ရှားမှုများကို ဖှေးအားသတင်းပေးလျှက်ရှိသည်။
မဟာဘုရားကျောင်းသည် အလွန်အင်အားကြီးသည့်အဖွဲ့စည်းကြီးတစ်ခုဖြစ်သည်ကို ဖှေး၀န်ခံရမည်ဖြစ်သည်။ စတင်အသုံးချပါက ၄င်း၏လှုပ်ရှားမှုများသည် ရူးလောက်ဖွယ်ပင်။ ဤနှစ်ရက်လုံးတွင် ဖှေးနှင့်ပြောဆိုဆက်ဆံဖူးသည့် လူမှန်သမျှသည် မဟာဘုရားကျောင်း၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရသည်။ ဖှေးနှင့် တိုက်ခိုက်ခဲ့ဖူးသည့် ရွှေရောင်နေမင်းသူရဲကောင်း ခရစ်ဆူလ်တွန်ကိုပင် ဇီးနစ်အင်ပါယာမဟာဘုရားကျောင်းမှ ခေါ်ယူပြီး မေးခွန်းများမေးလိမ့်မည်မဟုတ်ပေ။
ဆူလ်တွန်သည် ပဲရစ်အားချစ်ကြိုက်နေမိသည့်အတွက် သူမကို မဟာဘုရားကျောင်းခေါ်ယူမေးမြန်းခဲ့သည့်ဖြစ်စဥ်တစ်ရပ်လုံးကို ပြောပြခဲ့ခြင်းပင်။
"နင်ဂရုစိုက်မှရမယ် အလတ်ဇန္ဒား။ အကြောင်းပြချက်တစ်ချို့ကြောင့်မလို့ မဟာဘုရားကျောင်းက နင့်ကို ပစ်မှတ်ထားတဲ့ပုံပဲ။ ဇီးနစ်အင်ပါယာနဲ့ မဟာဘုရားကျောင်းတို့ကြားထဲမှ ဖုံးကွယ်ထားတဲ့ ပဍိပတ်ခထဲကိုတော့ နင်၀င်မပါနေဘူးလို့ မျှော်လင့်ရတာပဲ။ ၀င်ပါနေတယ်ဆိုရင် လအဆင့်စစ်သည်တစ်ယောက်တောင် ခြေတစ်လှမ်းမှားလိုက်တာနဲ့ အမှုန့်ချေခံရနိုင်တယ်။ အဲ့တာကို နင်သတိထားပါ..."
စာထဲတွင် ပဲရစ်ဖှေးအားသတိပေးလိုက်သည်။
ထိုစာအရ အင်ပါယာနှင့် မဟာဘုရားကျောင်းတို့၏ဆက်ဆံရေးမှာ မကောင်းပဲရှိနေကြောင်းကို ဖှေးသတိထားလိုက်မိသည်။ တကယ်တန်းတွင် မသင့်မြတ်မှုတစ်ချို့ရှိနေပုံရ၏။ ဖှေးသည် ထိုမသင့်မြတ်မှုများထဲတွင် ၀င်ပါနေသည့်အတွက် မဟာဘုရားကျောင်း၏ စောင့်ကြည့်မှုကို ခံနေရခြင်းဖြစ်သည်ဟု ပဲရစ်ထင်မိခြင်းပင်။
"ဒီလိုဆိုရင် မဟာဘုရားကျောင်းက ဒီရက်ပိုင်းမှာ သိပ်ပြီးလှုပ်ရှားမှုမရှိတာ အံ့သြစရာမဟုတ်တော့ဘူး။ သူတို့တွေပျောက်သွားသလိုပဲ ဇီးနစ်အင်ပါယာရဲ့ သင်းအုပ်ဆရာဆိုရင် ပြိုင်ပွဲဖွင့်ပွဲကိုတောင်မလာခဲ့ဘူး။ သူတို့ရဲ့ ဆက်ဆံရေးမှာ အက်ကွဲကြောင်းတွေရှိနေတဲ့ပုံပဲ။" ဖှေးတွေးလိုက်မိသည်။
ဇီးနစ်အင်ပါယာအတွင်းတွင် လက်ရှိအခြေအနေမှာ သူထင်ထားသည်ထက်ပင် ပို၍ အန္တရာယ်များနေသည့်ပုံပင်။
ငြိမ်သက်နေသည့် ရေမျက်နှာပြင်အောက်တွင် ရေအောက်စီးကြောင်းများဖြစ်ပေါ်လျှက်ရှိနေခြင်းပင်။
တစ်ခြားစာမှာ ပေါ်တယ်အတွင်းမှ ထွက်ပေါ်လာလေ့ရှိသည့် အရပ်ရှည်ရှည်နှင့် လူထံမှပင်။ ဤသိုင်းဆရာသည် ဖှေး [စာချွန်ရုံး]တာ၀န်ခံများဖြစ်သည့် ဇိုလာရစ်နှင့် ကောင်လေးလူကာတို့ကို ကာကွယ်ရန်တာ၀န်ပေးထားသည့်စစ်သည်တစ်ယောက်ပင်။
ဤစစ်သည်သည် တကယ်တန်းတွင် သူပုန်စခန်းမှ ကွန်ပျူတာဇာတ်ကောင်တစ်ယောက်ပင်ဖြစ်ပြီး ဤအတွက်