← Chapters

အခန်း (၄၃၁)

Vol. 29 Ch. 431

အခန်း (၄၃၁)

Vol. 29 Ch. 431

စာချွန်လွှာရုံးမှ ဖှေးရရှိသည့် စာထဲတွင် မဟာဘုရားကျောင်းသည် သူ့အား စုံစမ်းလျှက်ရှိကြောင်းကို ဖော်ပြထားသည်။ ပဲရစ်၏ စာထဲကကဲ့သို့ အသေးစိတ်အချက်လက်များမပါရှိပေ။ စာချွန်လွှာရုံးသည် ဖွဲ့စည်းသည်မှာ မကြာသေးသောကြောင့် ပဲရစ်၏ သတင်းအချက်လက်ကွန်ရက်ကို ယှဥ်နိုင်မည်မဟုတ်သောကြောင့်ပင်။ သို့သော် မဟာဘုရားကျောင်း၏ လှုပ်ရှားမှုများအပြင် စာထဲတွင် ဇီးနစ်အင်ပါယာမှ တစ်ခြားအဖွဲ့စည်းများ၏ သတင်းများလည်း ပါရှိသည်။ ဤချမ်းဘော့ဒ်သားနှစ်ယောက်သည် အမှောင်ထဲတွင် မြို့တော်မှ အဖွဲ့စည်းများ၏သတင်းကိုဆုပ်ကိုင်နိုင်ထားသည့်ပုံပင်။

အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့သည် သတင်းအချက်လက်စုဆောင်းသည့်နေရာတွင် အရည်ချင်းရှိသည်ကို ဖှေး၀န်ခံရမည်ဖြစ်သည်။ ကြီးထွားခါစမျိုးစေ့တစ်ခုကဲ့သို့ပင် စာချွန်လွှာရုံးသည် အကန့်သက်မဲ့သော ဖြစ်နိုင်ချေများကိုပိုင်ဆိုင်ထားသည်။ ဖှေး ဤလူနှစ်ယောက်ကို ယုံကြည်စိတ်ချသဖြင့် စိတ်လောခြင်းမရှိပေ။ တစ်နေ့နေ့တွင် စာချွန်လွှာရုံးသည် တိုက်ပေါ်တွင် အဓိကသတင်းအချက်လက်အဖွဲ့စည်းကြီးနှစ်ခုဖြစ်သည့် ကောင်းကင်ဘုံရှာဖွေရေးနှင့် မြေပြင်စူးစမ်းခြင်းတို့ကဲ့သို့ပင် အင်အားကြီးထွားလာမည်ဖြစ်သည်။

ဖှေးတည်ငြိမ်အေးချမ်းသည့်အသွင်ပြင်သည် မဟာဘုရားကျောင်းမှ စုံထောက်များသူ့အား စွပ်စွဲနိုင်ခြင်းမရှိစေရန်ပင်။

ဖှေးသည် အောက်လမ်းမှော်ဆရာကိစ္စတွင် သံသယရှိသူတစ်ယောက်သာဖြစ်သောကြောင့် မဟာဘုရားကျောင်းသည် သက်သေအခိုင်မာရှာမတွေ့ပါက သူ၏ထောက်လှမ်းရေးများကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်သောကြောင့်ပင်။

......

ဒုတိယနေ့တွင်ဖြစ်သည်။

နံပါတ်၁ဓားကွင်းပေါ်တွင် နောက်ဆုံးပြိုင်ပွဲမှာ စတင်တော့မည်ဖြစ်သည်။

သောင်းနှင့်ချီသည့်ပရိသတ်များသည် တိုက်ပွဲစင်မြင့်ပတ်လည်တွင်ရှိနေကြသည်။ တိုင်းပြည်နှစ်ခု၏နားနေရာနေရာနှင့် VIPပွဲကြည့်စဥ်များမှ လွဲ၍ ကျန်နေရာများသည် လူများဖြင့် ပြည့်နှက်နေ၏။ လူအုပ်မှာ အလွန်ပြွတ်သိပ်နေရာ အပ်တစ်ချောင်း၀င်နိုင်ရန်ပင် ခဲယဥ်းလှသည်။

ကောင်းမွန်စွာမြင်တွေ့နိုင်စေရန်အတွက် တစ်ချို့လူများသည် အပေါ်တွင်ရပ်ပြီးကြည့်ရှုရန်ထိုင်ခုံများပင် ယူလာခဲ့ကြသည်။ သို့သော် ပို၍လောဘကြီးသောလူများသည် ပွဲကြည့်စဥ်ကြီးများပင် ယူလာကြသဖြင့် သဘောမကျသည့်လူများ၏ထိုးကြိတ်ခြင်းကို ခံရကာ ခိုက်ရန်ဖြစ်ပွားနေကြသည်။

လွန်ခဲ့သည့်လေးနာရီပတ်လုံးတွင် ဤနေရာ၌ ပွဲကြည့်စဥ်လုကြရင်းဖြင့် ရန်ပွဲများစွာဖြစ်ခဲ့ပြီးဖြစ်သည်။ တစ်ချို့ကိစ္စများပင် ၀င်ရောက်တားဆီးသည့် အင်ပါယာစစ်သည်များပင် ဒဏ်ရာရရှိခဲ့ကြသည်။

ဤအဖြစ်ပျက်များအားလုံးသည် ပြိုင်ပွဲမည်မျှ ပေါ်ပျူလာဖြစ်သည်ကို ပြသနေ၏။

ယနေ့တွင်မူ တော်၀င်မှော်ဆရာ၁၀ယောက်အစား စင်မြင့်ပတ်လည်တွင် မှော်ဆရာအယောက်၂၀ခန့်ရှိနေကြသည်။ အဖြူရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်များနှင့် မှော်ဆရာကြီးတစ်ယောက်မှ လွဲ၍ ကျန်ရှိနေသည့်မှော်ဆရာ၁၉ယောက်သည်လူငယ်များဖြစ်ကြ၏။ ရွှေကွပ်ထားသောအနီရောင်တော်၀င်မှော်ဆရာ၀တ်ရုံများနှင့်အတူ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၂၀မီတာခန့်ခွာကာ ရပ်လျှက်ရှိနေကြသည်။ သူတို့သည်လည်း ပြိုင်ပွဲစတင်ရန်အတွက် မစောင့်နိုင်ကြတော့ပေ။

VIPပွဲကြည့်စဥ္တွ်တွင် ဒိုမင်းဂူ၊ တာနာရှာ၊ ပဲရစ်နှင့် ခရစ်စတယ်တို့ကဲ့သို့သော အရှိန်၀ါကြီးမားသည့် လူများလည်းရောက်ရှိနေလျှက်ရှိသည်။

တာနာရှာနှင့် ပဲရစ်တို့သည် ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းပေါ်တွင် တစ်ဦးနှင့်တစ်ဦးသတ်ဖြတ်ရန်ကြိုးစားခဲ့ကြသူများဖြစ်သော်လည်း လူရှေ့တွင်မူအလွန်ရင်းနှီးကျွမ်း၀င်စွာ ပြောဆိုဆက်ဆံနေလျှက်ရှိသည်။ သူမတို့သည် တစ်ဦးနှင့်တစ်ဦးနီးကပ်စွာထိုင်နေကြပြီး ပြုံးပြလျှက်ရှိကြသည်။ ဤမိန်းမလှလေးနှစ်ယောက်သည် ယောက်ျားများစွာ၏ အာရုံစိုက်မှုကို ရရှိနေကြသော်လည်း လူအနည်းငယ်ခန့်ကသာ သူမတို့နှစ်ယောက်ကြားထဲတွင်ရှိသည့် ရန်လိုမှုများကို သိရှိကြသည်။

ချမ်းဘော့ဒ်တိုင်းပြည်နားနေသည့်နေရာတွင်မူ လမ်းပါ့ဒ်ကဲ့သို့သော စစ်သည်များအားလုံးရောက်ရှိနေကြသည်။ ထိုချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားမြင့်သိုင်းဆရာများသည် မိဖုရားလောင်းအန်ဂျယ်လာကို ၀န်းရံကာ ကာကွယ်ပေးထားကြသည်။

ဖှေးနှင့် ရှီဗ်ချန်ကိုတို့သည် စင်မြင့်ပေါ်တွင် မျက်နှာခြင်းဆိုင်ကာရပ်နေလျှက်ရှိသည်။

ဒိုင်လူကြီးမှ ပြိုင်ပွဲစတင်ကြောင်းကို ကြေငြာထားပြီးဖြစ်သော်လည်း မည်သူမှ လှုပ်ရှားခြင်းမရှိသေးပေ။ ပရိသတ်များကြားထဲတွင်ရှိသည့် ကျယ်လောင်သောအော်ဟစ်အားပေးသံများနှင့် နှိုင်းယှဥ်ကြည့်ပါက တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် မှော်အစီရင်ဖြင့် ကာရံထားသည့်အတွက် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။

"ကျွန်တော် ခင်ဗျားကို ဆေးပုလင်းပေးခဲ့တဲ့အတွက် အရင်ဆုံးကျေးဇူးတင်ရပါမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီနေရာကို လာရောက်ယှဥ်ပြိုင်ဖို့နေနေသာသာ မတ်တပ်တောင်ရပ်နိုင်မှာမဟုတ်ဘူး။" ကြီးမားသည့်အမဲရောင်ဓားရှည်ကြီးကို ကြမ်းပြင်ပေါ်တွင်ထိုးစိုက်ထားရင်းဖြင့် ရှီဗ်ချန်ကိုပြောလိုက်သည်။ သူ၏သန်မာသောခန္ဓာကိုယ်နှင့် တည်ကြည်သောအပြုံးတို့ကြောင့် ဖှေးသူ့အား လေးစားမိသည်။

"ကျွန်တော်ကလဲ ဓားတစ်လက်သူရဲကောင်းကို အနိုင်ယူခဲ့တဲ့လူက ဘယ်လောက်အစွမ်းထက်လဲဆိုတာကို သိချင်လို့ပါ..."

ဖှေး ရှီဗ်ချန်ကိုအား ပေးခဲ့သည့်ဆေးပုလင်းမှာ အစွမ်းထက်သော်လည်း ကုသမှုအားလုံးကို ရှီဗ်ချန်ကိုတို့တိုင်းပြည်မှ ဆရာ၀န်များဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကို သိသည်။

ဖှေး၏စိတ်ထဲတွင်ရှိနေသည့် တစ်ခုတည်းသောမေးခွန်းမှာ ရှီဗ်ချန်ကိုသည် ဖှေးဒိုင်ဗီတလင်းကျောက်ထဲတွင် မြင်တွေ့ရသကဲ့သို့ သွေးရူးသွေးတန်းအသွင်ပြင်ရှိမနေခြင်းပင်။ သူ၏အရှိန်၀ါနှင့် ပုံစံများအားလုံးသည် ရော်ဘင်မှတ်တမ်းတင်ခဲ့သည့်မြင်ကွင်းထဲကလို မဟုတ်ပဲ ကွဲပြားခြားနားနေ၏။

"ဘာလို့ဒီလို ကွာခြားနေရတာလဲ။ သူက အပြည့်၀ပြန်မသက်သာသေးလို့များလား..."

ဖှေးတွေးနေသည့်အချိန်တွင် ရှီဗ်ချန်ကိုသည် သူ့အား ယဥ်ကျေးစွာဖြင့် ခေါင်းငုံ့အရိုသေပေးလိုက်သည်။ ဤမင်းသားသည် အ၀ါရောင်ဒိုင်းကာတစ်ခုကို ထုတ်ယူကာ အမဲရောင်ဓားရှည်ကို ကိုင်မလိုက်၏။

"၀ှစ်..."

တစ်စုံတစ်ခုပြောင်းလဲသွား၏။

မမြင်နိုင်သည့်အရှိန်၀ါတစ်ခုပေါ်လာကာ မမြင်နိုင်သည့်မီးတောက်များတောက်လောင်နေသကဲ့သို့ခံစားနေရ၏။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ ရှီဗ်ချန်ကို ဓားကိုကိုင်လိုက်သည့်အခိုက်တန့်တွင် ဖော်ပြ၍မရနိုင်သည့် ပြောင်းလဲမှုများကို အာရုံခံလိုက်မိသည့်အတွက်ကြောင့်ပင်။

သူ၏အရှေ့တွင်ရှိသည့်လူသည်ပြောင်းလဲသွားသကဲ့သို့ပင်။

All Chapters