← Chapters

အခန်း (၄၃၃)

Vol. 29 Ch. 433

အခန်း (၄၃၃)

Vol. 29 Ch. 433

“အမ်...”

ဖှေးတစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရောက်ရှိလာ၏။ သူရုတ်တရက် လက်ညှိုးဖြင့်တောက်လိုက်သည်။

“ရှီး...”

ညင်သာသည့်အသံတစ်ခုနှင့်အတူဖုန်မှုန့်အနည်းငယ်သည် လေပေါ်တွင် ပေါ်လာ၏။

ဤအသံသည် လူအများ၏အော်ဟစ်အားပေးသံနှင့် နှိုင်းယှဥ်ပါက သိပ်ပြီးမသိသာလှသဖြင့် မည်သူမှ သတိမထားမိလိုက်ပေ။

သို့သော် သူတို့၏အဆောက်ဦးရှေ့တွင် ရပ်နေသည့် စပါတပ်အင်ပါယာမှ စစ်သည်များသည် ထိတ်လန့်အံ့သြသွားကြ၏။ ခေါင်းဆောင်လူငယ်သည် အလွန်နာကျင်နေသဖြင့် သူ၏နဖူးမှ ချွေးများစီးကျလာနေလျှက်ရှိသည်။ သူ၏ပခုံးပေါ်တွင် လက်မအရွယ်စားခန့်အပေါက်တစ်ခုရှိနေပြီး သွေးများသည် ရေပန်းကဲ့သို့ စီးကျနေလျှက်ရှိသည်။ သူ၏အနောက်တွင်ရှိသော် ကျောက်တုံးနံရံပေါ်တွင်လည်း လက်မအရွယ်စားခန့်ရှိသည့်အပေါက်တစ်ခုရှိနေသည်။

“ဟမ် အကိုကြီး အဆင်ပြေရဲ့လား...” စစ်သည်များသည် ထိုလူငယ်အားမေးလိုက်ကြသည်။

ဤနေရာတွင်ရှိသည့်လူများထဲတွင် သူတို့သာ ဘာဖြစ်သွားသည်ကို သိရှိသည့်အတွက်ပင်။

ဤဘာတွန်ဟုအမည်ရသည့် စစ်သည်သည် အဖွဲ့၀င်တိုင်းပြည်များ၏နံပါတ်၁စစ်သည်ဟုခေါ်သောလူအားစနောက်လိုပြီး ဇီးနစ်အင်ပါယာမှလူများကို အားနည်းသည့်လူတစ်ယောက်အား အားပေးနေမိခြင်းဖြစ်ကြောင်းကို ပြသလိုသည်။

ထို့ကြောင့် ဘာတွန်သည် ကျောက်တုံးတစ်ခုဖြင့် အတွင်းအားသုံးကာ ဖှေးအား ပစ်ပေါက်ခဲ့ခြင်းပင်။ ဤသည်မှာ သူ၏ဇီးနစ်အင်ပါယာအပေါ်တွင် သိက္ခာချသည့်နည်းတစ်ခုပင်။

သို့သော် သူတို့မသိသည်မှာ ဤအဖွဲ့၀င်တိုင်းပြည်များ၏နံပါတ်၁စစ်သည်မှာ သူတို့ လယ်ဗယ်ထက်များစွာသာလွန်နေသည်ဆိုသည်ကိုပင်။ ဖှေးသည် သူတို့၏ချောင်းမြောင်းတိုက်ခိုက်မှုကို သတိထားလိုက်မိရုံသာမကပဲ စိတ်မကူးနိုင်သည့် သိုင်းပညာတစ်ခုကိုအသုံးပြုပြီးပြန်လည်ကာ ပစ်လွှတ်ခဲ့လိုက်သည်။

ပြန်လည်ပစ်လွှတ်လိုက်သည့် ကျောက်တုံးသည် ဒူးလေးကြီးများမှ ပစ်လွှတ်လိုက်သည့် မှော်မြှားများထက်ပင် စွမ်းအားကြီးမားလှ၏။ ဤစစ်သည်များထဲတွင် အသန်မာဆုံးဖြစ်သည့် ဘာတွန်သည် သူ၏ပခုံးဤကျောက်တုံးကြောင့် တုတ်ခြင်းပေါက်ကာ ဒဏ်ရာရရှိသွားပြီး ကျောက်တုံးတွင် ကျန်နေသေးသည့်စွမ်းအားသည်နောက်တွင်ရှိသော ကျောက်နံရံကိုပါ ထိုးဖောက်သွားလိုက်သည်။

ကြောက်မက်ဖွယ်ခွန်အားပင်။

ဘာတွန်သည် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သော်လည်း ဤကျောက်တုံးကို ပြန်လည်ခုခံနိုင်ခြင်းမရှိပေ။ ဖှေးသည် မည်သူ့ကိုမှ သတ်ဖြတ်ရန်အစီရင်ရှိသည်မှာ သူတို့အတွက် ကံကောင်းသွားသည်ဟုဆိုရမည်ဖြစ်သည်။ သို့မဟုတ်ပါက စပါတပ်အင်ပါယာမှစစ်သည်များတွင် ယခုအချိန်တွင် အေးစက်နေသည့် အလောင်းကောင်များဖြစ်နေလောက်ပြီဖြစ်သည်။

“အမြန်လုပ် ပြန်၀င်ကြတော့...” စပါတပ်အင်ပါယာမှ စစ်သည်များသည် သူတို့၏အကို ဘာတွန်အား တွဲကာအဆောက်ဦးအတွင်းသို့ ပြန်၀င်ကုန်ကြတော့သည်။

သူတို့သည် သေရမှာကို ကြောက်သည့်လူများမဟုတ်ကြပေ။ သူတို့သည် စပါတပ်အင်ပါယာ၏အရည်ချင်းအရှိဆုံးလူငယ်များဖြစ်ကြပြီး အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးကွန်းတ၏ တပည့်အရင်းချာများပင်။ သူတို့သည် စွမ်းအားအစစ်မှန်ပေါ်တွင် ယုံကြည်ကြပြီး အင်ပါယာအတွက် စစ်မြေပြင်တွင် အသက်ပါပေးလိုသည့်စိတ်ရှိသည်။ သို့သော် ဖှေးကဲ့သို့သော အလွန်စွမ်းအားမြင့်သည့်စစ်သည်တစ်ယောက်၏ရှေ့တွင် သူတို့သည် ပုရွတ်စိတ်များကဲ့သို့ပင် သတ်ဖြတ်ခြင်းခံရမည်ဖြစ်ပြီး ထိုလူအား စိန်ခေါ်သည့်အတွက် သူတို့အတွက်ကောင်းကြိုးတစ်စုံတစ်ရာရရှိလိမ့်မည်မဟုတ်ပေ။

“အဲ့လူက အတော်လေးကြောက်စရာကောင်းတာပဲ...”

ဘာတွန်သည် အထဲသို့ ပြန်မ၀င်ခင်ရထားလုံးပေါ်သို့ ကြည့်လိုက်ရာ သူ့အား ခနဲ့ပြုံးပြုံးပြနေလျှက်ရှိသည့် ရွှေရောင်ချပ်၀တ်၀တ်ဆင်ထားသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဤအခိုက်တန့်တွင် သူသည် နာကျင်မှုကိုပင် ခံစားရခြင်းမရှိတော့ ပဲ ကြောက်လန့်သဖြင့် ချွေးများပျံလာ၏။

......

ဖြစ်ပျက်သွားခဲ့သည်မှာ ဖှေးအတွက်ဆိုပါက ကလေးကစားစရာကဲ့သို့ပင်။

ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်၏ချောင်းမြောင်းတိုက်ခိုက်မှုမှာ ဖှေးအတွက်ဘာမှမဟုတ်လှပေ။ သူသည် ထိုတိုက်ခိုက်မှုအား ကြယ်ကိုးလုံးအဆင့်စွမ်းအားများကို ထုတ်သုံးစရာမလိုပဲနှင့်ပင် ပြန်လည်တုန့်ပြန်လိုက်နိုင်၏။

အင်ပါယာကာကွယ်စောင့်ရှောက်သူ ကွန်းတအား ရန်စလိုက်မိပြီး လက်ရှိအခြေအနေရှုပ်ထွေးနေပြီးသည့် ဇီးနစ်အင်ပါယာအတွက် ပြသနာများထက်မံဖန်တီးလိမ့်မည်ကို စိုးရိမခြင်းမရှိပါက ဖှေးသည် ဤစပါတပ်အင်ပါယာမှစစ်သည်များကို သတ်ဖြတ်ပစ်မိလိမ့်မည်ဖြစ်သည်။

ထို့အပြင် စပါတပ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် သူ၏လက်အောက်ငယ်သားများကို အလွန်မင်းကာကွယ်ပေးတတ်သည်ဟုလည်းနာမည်ကြီးသဖြင့် ဖှေးသည် အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာနှစ်ဦးကြား၏တိုက်ပွဲထဲတွင် မြေစာပင်မဖြစ်လိုချေ။ ဖှေးသည် ကိုယ့်နေရာကိုယ်သိပြီး သူသည် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာများနှင့် ရင်ဆိုင်နိုင်သည့်အဆင့်သို့မရောက်သေးကြောင်းကို နားလည်သည့်အတွက်ပင်။

နာရီ၀က်ခန့်ကြာသည့်အချိန်တွင် မှော်ရထားလုံးသည် နံပါတ်၁ဓားကွင်းသို့ ပြန်လည်ရောက်ရှိလာ၏။

မနက်ပိုင်းနှင့် နှိုင်းယှဥ်ကြည့်ပါက ပရိသတ်များသည် ပို၍ပင်များပြားလာနေလျှက်ရှိသည်။ သူတို့သည် ဆုပေးခြင်းအခမ်းနားအားစောင့်ဆိုင်းနေကြခြင်းပင်။

အခမ်းနားသည် နောက်ဆုံးတွင် စတင်ပြီဖြစ်သည်။

ရှည်ကြာကာ ရှုပ်ထွေးသည့်အခမ်းနားတစ်ခုပင်။ မဟာဘုရားကျောင်းမှ သူတော်စင်များတက်ရောက်ခြင်းမရှိသော်လည်း နတ်ဘုရားများအား ပူဇော်ပသည့်အစီစဥ်များကို မင်းသားဒိုမင်ဂူ၏ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်နေကြ၏။ အဖွဲ့၀င်တိုင်းပြည်၂၄၄ခုလုံးမှ ဘုရင်များကိုလည်း ပါ၀င်ဆင်နွဲနိုင်ရန်အတွက် ဖိတ်ခေါ်ထားသည်။

ဤအစီစဥ်သည် တစ်နာရီခန့်ပင်ကြာမြင့်၏။

ထို့နောက်တွင် လူတိုင်းစောင့်မျှော်နေသည့် အစီစဥ်ရောက်ရှိလာ၏။ ဆုပေးခြင်းအစီစဥ်ပင်။ စစ်ပွဲဖြစ်ပွားနေသောကြောင့် ယခုနှစ်ပြိုင်ပွဲတွင်ပေးအပ်သည့် ဆုလာဘ်များမှာ ယခင်နှစ်များထက်ပင် ပိုကောင်းလှသည်။

ဤအစီစဥ်သည်လည်း ရှည်ကြာသည့်အစီစဥ်ပင်။

မေးခွန်းထုတ်စရာပင် မလိုပဲ ချမ်းဘော့ဒ်တိုင်းပြည်သည် အဓိကအနိုင်ရရှိခဲ့သူပင်။

ချမ်းဘော့ဒ်ဘုရင်သည် တစ်ခြားသိုင်းဆရာများကို လွှမ်းမိုးနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးအတွင် နံပါတ်၁အနိုင်ရရှိသူဖြစ်လာခဲ့ပြီး ချမ်းဘော့ဒ်စစ်သည်များသည်လည်း အုပ်စုလိုက်တိုက်ပွဲများတွင် တစ်ခြားတိုင်းပြည်တပ်ဖွဲ့များကို လွယ်ကူစွာပင်အနိုင်ယူနိုင်ခဲ့ကြသည်။ ကြိုတင်သက်မှတ်ထားသည့် ဆုပေးခြင်းစနစ်များအရ ချမ်းဘော့ဒ်တိုင်းပြည်သည် ယခုအချိန်တွင် အဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်သွားပြီဖြစ်သည်။ အဆင့်၆မှ အဆင့်၁တိုင်းပြည်တစ်ခုအဖြစ်သို့ မြင့်မားစွာပင် ခုန်ကျော်ပြီးရောက်ရှိသွားခြင်းပင်။ ချမ်းဘော့ဒ်ဘုရင်သည်လည်း အင်ပါယာ၏ အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်လာခဲ့သည်။

ချမ်းဘော့ဒ်တိုင်းပြည်သည်လည်းအဆင့်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်လာပြီးသည့်နောက်တွင် သူ၏လူဦးရေနှင့် ပိုင်နက်မြေနေရာမှာလည်း မိုးပေါ်ထိပင်ရောက်ရှိသွားတော့၏။

ချမ်းဘော့ဒ်ပတ်လည်တွင်ရှိသည့် မဟူရာတိုင်းပြည်နှင့် ချီရှူအီတိုင်းပြည်ကဲ့သို့သော တိုင်းပြည်များသည် ပြိုင်ပွဲတွင် စွမ်းဆောင်ရည်မကောင်းခဲ့သဖြင့် အဖွဲ့၀င်တိုင်းပြည်ရာထူးကို ဖြုတ်ကာ မြေနေရာနှင့် မြို့သူမြို့သားများသည် ချမ်းဘော့ဒ်တိုင်းပြည်လက်အောက်သို့ရောက်ရှိသွား၏။ ထို့အပြင် ဇီးနစ်အင်ပါယာသည် ချမ်းဘော့ဒ်အား ဆုလာဘ်အနေဖြင့် ကျင့်စဥ်စာလိပ်များ၊ မှော်စာလိပ်များ၊ ရတနာများနှင့် လက်နက်များစွာကိုလည်း ဆုအဖြစ်ပေးခဲ့သည်။

မဟူရာတိုင်းပြည်နှင့် ချီရှုအီတိုင်းပြည်တို့သည် သူတို့နှင့်ထိုက်တန့်သည့်အရာကို ရရှိသွားသည်ဟုဆိုနိုင်၏။ သူတို့သည် ချမ်းဘော့ဒ်အား ရန်စခဲ့မိပြီး စွမ်းအားမြင့်သိုင်းဆရာများနှင့် စစ်သည်တော်တော်များများဆုံးရှုံးခဲ့သည့်အတွက်ကြောင့် ပြိုင်ပွဲတွင်ကောင်းမွန်စွာမစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆင့်၁တိုင်းပြည်တစ်ခုသည် အဆင့်၂တိုင်းပြည်အဖြစ်သို့ လျှောကျခဲ့သည်၊ အဆင့်၂တိုင်းပြည်လေးခုသည် အဆင့်၃တိုင်းပြည်အဖြစ်သို့ကျဆင်းသွားခဲ့သည်၊ အဆင့်၃အဖွဲ့၀င်တိုင်းပြည်၇ခုသည် အဆင့်၄တိုင်းပြည်အဖြစ်သို့ကျဆင်းသွားခဲ့သည် အဆင့်၄အဖွဲ့၀င်တိုင်းပြည်၁၁ခုသည် အဆင့်၅တိုင်းပြည်ဖြစ်သို့ကျဆင်းခဲ့ပြီး အဆင့်၆တိုင်းပြည်၂၅ခုမှာ တိုင်းပြည်ရာထူးမှဖြုတ်သိမ်းခြင်းခံခဲ့ရပြီး သာမန်အင်အားစုများဖြစ်လာကြ၏။

အမှန်ပင် အဆင့်တက်သွားခြင်းများစွာလည်းရှိ၏။

အဆင့်မြင့်တိုင်းပြည်နေရာများတွင် မျှော်လင့်မထားစွာပင် ကောင်းမွန်စွာစွမ်းဆောင်ပြနိုင်ခဲ့သည့်တိုင်းပြည်များရောက်ရှိလာ၏။ ချမ်းဘော့ဒ်တိုင်းပြည်သည် အဓိကဥပမာတစ်ခုဖြစ်ပြီး ကျန်ရှိနေသည့်တိုင်းပြည်များဖြစ်သည့် ဘူလန်တိုင်းပြည်၊ ဂူဒေါင်တိုင်းပြည်နှင့် ပိုလိုတိုင်းပြည်စသည့်တိုင်းပြည်အသီးသီးသည်လည်းအဆင့်တက်သွားခဲ့ကြသည်။

လစ်ဟာသွားခဲ့သည့်အဆင့်၆အဖွဲ့၀င်တိုင်းပြည်နေရာများကိုမူ အင်ပါယာအတွက်ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ဖူးသည် မိသားစုအငယ်စားများ၊ အဖွဲ့စည်းများဖြင့် အစားထိုးလိုက်သည်။ သူတို့သည် အဖွဲ့စည်းတစ်ခုအဖြစ်မှ တရား၀င်တိုင်းပြည်တစ်ခုဖြစ်သွားပြီဖြစ်ပြီး အင်အားကောင်းလာအောင်ပြုလုပ်နိုင်ပါက အရေးပါသည့်တိုင်းပြည်ကြီးများဖြစ်လာနိုင်ပြီဖြစ်သည်။

ဤကဲ့သို့အဆင့်သက်မှတ်ပေးခြင်းများသည် နောက်ဆုံးအစီစဥ်မဟုတ်သေးပေ။

ထို့နောက်တွင် အဖွဲ့၀င်တိုင်းပြည်များအားလုံးမှ ကျွမ်းကျင်သိုင်းဆရာများနှင့် စစ်သည်များအားလုံးသည် အင်ပါယာတောင်ပိုင်းတွက် လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။ အင်ပါယာအရှင်သခင်ယရှင်၏အမိန့်အရ ထိုတိုက်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်ပြနိုင်သည့်တိုင်းပြည်များအား ထက်မံ၍အဆင့်တက်ပေးဦးမည်ဟုလည်းဆိုထား၏။

တိုင်းပြည်များကို ဆုချီးမြှင့်ပေးပြီးသည့်နောက်တွင်တစ်ဦးတည်းသောတိုက်ပွဲများတွင် အနိုင်ရရှိခဲ့သည့်သိုင်းဆရာစစ်သည်များကိုဆုပေးသည့်အစီစဥ်ရောက်ရှိလာ၏။

နံပါတ်၂၀နှင့် နံပါတ်၅၀ကြားသို့ရောက်ရှိနိုင်ခဲ့သည့်စစ်သည်များသည် ဇီးနစ်အင်ပါယာ၏အဆင့်၆ဆွေကြီးမျိုးကြီးများဖြစ်လာကြပြီး အဖွဲ့ခေါင်းဆောင်ရာထူးကိုရရှိသွားကြ၏။ ထိုသူများသည် အင်ပါယာပင်မတပ်ဖွဲ့ကြီးဆယ်ခုမှာ ကြိုက်နှစ်သက်ရာတပ်ဖွဲ့ထဲတွင် ၀င်ရောက်တာ၀န်ထမ်းဆောင်နိုင်သလို အဖွဲ့၀င်တိုင်းပြည်များမှစစ်သည်များဖြင့် အသစ်ဖွဲ့စည်းမည့်ပင်မတပ်ဖွဲ့ထဲတွင်လည်း၀င်ရောက်တာ၀န်ထမ်းဆောင်နိုင်မည့်အခွင့်ရေးရှိ၏။

အဆင့် ၁၉နှင့် ၁၁ကြားသို့ရောက်ရှိနိုင်ခဲ့သည့်စစ်သည်များသည် ဇီးနစ်အင်ပါယာ၏လယ်ဗယ်၅ဆွေကြီးမျိုးကြီးများဖြစ်လာကြပြီး သူတို့သည် တပ်စိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်သည့်အခွင့်ရေးရှိ၏။

အဆင့်၁၀နှင့် ၄တို့ကြားသို့ရောက်ရှိခဲ့သည့် သိုင်းဆရာများသည် ဇီးနစ်အင်ပါယာ၏အဆင့်၄ဆွေကြီးမျိုးကြီးများဖြစ်လာကြပြီး တပ်ခွဲခေါင်းဆောင်ရာထူးများရရှိကြသည်။

ဓားတစ်လက်သူရဲကောင်းသည် အဆင့်၃နေရာရွေးချယ်မည့်ပြိုင်ပွဲသို့ရောက်ရှိလာခဲ့ခြင်းမရှိသောကြောင့် အယ်လီနာသည် အဆင့်၃နေရာရသွားပြီး အယ်လီနာနှင့် မင်းသားရှီဗ်ချန်ကိုတို့သည် လယ်ဗယ်၄ဆွေကြီးမျိုးကြီးများဖြစ်လာခဲ့ကြပြီး အသစ်ဖွဲ့စည်းမည့်ပင်မတပ်ဖွဲ့တွင် လက်ထောက်ခေါင်းဆောင်များဖြစ်လာခဲ့ကြ၏။

အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် နံပါတ်၁ဖြစ်သော ဖှေးသည် ပင်မတပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်ရာထူးနှင့် လယ်ဗယ်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်လာခဲ့သည်။

ဇီးနစ်အင်ပါယာ၏တပ်ဖွဲ့ဖွဲ့စည်းပုံမှာ ရိုးရှင်းလှသည်။ ပင်မတပ်ဖွဲ့တစ်ခုတွင် တပ်ခွဲငါးခုပါ၀င်သည်၊ တပ်ခွဲတစ်ခုတွင် တပ်စိတ်လေးခုရှိပြီး တပ်စိတ်တစ်ခုတွင် အဖွဲ့ငါးဖွဲ့ရှိပြီး အဖွဲ့တစ်ဖွဲ့တွင် စစ်သည်အင်အားတစ်ရာပါရှိသည်။

ဇီးနစ်အင်ပါယာ စစ်ဌာနချုပ်မှ အရာရှိများဆွေးနွေးပြီးနောက်တွင် အသစ်ဖွဲ့စည်းမည့်ပင်မတပ်ဖွဲ့ကို ၀ံပုလွေစွယ်တပ်ဖွဲ့ဟု နာမည်ပေးရန်ဆုံးဖြတ်လိုက်ကြပြီး ဖှေးသည် ထိုတပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ တပ်ဖွဲ့အတွက် လိုအပ်သည့် ရိက္ခာလက်နက်များကို ဇီးနစ်အင်ပါယာ၏စစ်ဘက်ဆိုင်ရာဌာနချုပ်မှ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အမိန့်ပေးခေါင်းဆောင်တစ်ယောက်အနေဖြင့် ဖှေးသည်ပင်မတပ်ဖွဲ့အား စိတ်ကြိုက်တည်ဆောက်နိုင်ခွင့်ရှိသည်။

ဒိုမင်ဂူမှ ရလဒ်ကို ကြေငြာလိုက်ပြီးနောက်တွင် ဖှေးအပါ၀င်လူတိုင်း ထိတ်လန့်သွားကြ၏။

ဇီးနစ်အင်ပါယာသည် ပင်မတပ်ဖွဲ့အသစ်တည်ဆောက်မည်ကို ကြိုတင်ကာ သိရှိပြီးဖြစ်သော်လည်း ဤကဲ့သို့ဖြစ်မည်ဟုထင်မထားသည့်အတွက်ပင်။ ဤပင်မတပ်ဖွဲ့ကြီးတစ်ခုလုံးသည် ချမ်းဘော့ဒ်ဘုရင်အတွက် တည်ဆောက်မည့်ပုံပင်ဖြစ်နေပြီး တည်ထောင်ပြီးပါက ချမ်းဘော့ဒ်ဘုရင်သည် ထိုတပ်ဖွဲ့ကို ၁၀၀ရာခိုင်နှုန်းထိန်းချုပ်နိုသည့် အာဏာရရှိမည်ဖြစ်သောကြောင့်ပင်။

“အရာရှိတွေဘာတွေတွေးနေကြတာလဲ...”

လူတိုင်းဖြစ်ပျက်နေသည်များကိုနားမလည်နိုင်ကြပဲ ဖှေးကိုသာ ၀ိုင်းကြည့်နေကြ၏။ ဒီကြယ်ပွင့်တောက်ပလာတာ အတော်ြမန်တာပဲ။ ပင်မတပ်ဖွဲ့အားထိန်းချုပ်လိုက်ပါက ချမ်းဘော့ဒ်ဘုရင်သည် အင်ပါယာအတွင်းအာဏာအရှိဆုံးလူများထဲမှ တစ်ယောက်ဖြစ်လာတော့မည်ဖြစ်သည်။ အဖွဲ့၀င်တိုင်းပြည်များမှ ကျွမ်းကျင်သိုင်းဆရာများစုပေါင်းကာ ဖွဲ့စည်းထားသည့်တပ်ဖွဲ့ဖြစ်သောကြောင့် အင်ပါယာ၏ပင်မတပ်ဖွဲ့ဆယ်ခုပင် ချမ်းဘော့ဒ်ဘုရင်နှင့် ယှဥ်ပြိုင်နိုင်တော့မည်မဟုတ်တော့သောကြောင့်ပင်။

“အင်ပါယာက ချမ်းဘော့ဒ်ဘုရင်ကို ဘယ်သူမှ မတားနိုင်တော့မှာကို မစိုးရိမ်ဘူးလား...”

“ဒါမဟုတ်ရင် အင်ပါယာအရှင်သခင်ယရှင်းက ရောဂါပြင်းထန်ပြီးဆင်ခြင်တုံတရားမဲ့သွားတာများလား...”

All Chapters