← Chapters

အခန်း (၄၃၄)

Vol. 29 Ch. 434

အခန်း (၄၃၄)

Vol. 29 Ch. 434

သို့သော် မင်းသားဒိုမင်ဂူနောက်ထပ်ကြေငြာလိုက်သည့်အရာကြောင့် အရာများမှာ ပို၍ ယုတ်တိရှိသွား၏။

“စစ်ပွဲပြီးသွားတာနဲ့ ၀ံပုလွေအစွယ်ပင်မတပ်ဖွဲ့ကို ဖျက်သိမ်းရမယ်။ တပ်ဖွဲ့တွေ စစ်သည်တွေအကုန်လုံးက သူတို့သက်ဆိုင်ရာတိုင်းပြည်တွေကို ပြန်ပြီးတော့ ချမ်းဘော့ဒ်ဘုရင်နဲ့ အဆက်ဆံရှိစရာမလိုတော့ဘူး။ နောက်ပဲီး ချမ်းဘော့ဒ်ဘုရင်ကလည်း ပင်မတပ်ဖွဲ့အမိန့်ပေးခေါင်းဆောင်အဖြစ်ပဲ တာ၀န်ထမ်းဆောင်ရမှာဖြစ်ပြီးတော့ စစ်အင်အားအစစ်မှန်ကိုပိုင်ဆိုင်ရမှာမဟုတ်ဘူး။”

“၁၅ရက်အတွင်းမှာပဲ ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့က အင်ပါယာတောင်ပိုင်းက စစ်မျက်နှာပြင်ကို သွားရလိမ့်မယ်...” ဒိုမင်ဂူသည် စင်မြင့်ပေါ်တွင်ရပ်နေရင်းဖြင့် အင်ပါယာအရှင်သခင်ယရှင်း၏အမိန့်ကို ကြေငြာလိုက်သည်။

နောက်ထပ်သုံးလေးနာရီခန့်မှာ ရှည်ကြာပြီးပျင်းရိဖွယ်ပင်။

ဆုရရှိသည့် သိုင်းဆရာများနှင့်အနိုင်ရရှိသည့်တိုင်းပြည်များမှ ကိုယ်စားပြုပုဂ္ဂိုလ်များသည် စင်မြင့်ပေါ်သို့ တက်ကာ ဆုလာဘ်များကိုလက်ခံယူကြရသည်။ အမှန်ပင် ရှုံးနိမ့်သွားသည့်လူများမှာလည်း ပေးစရာရှိသည်များကို ပေးအပ်နေရလျှက်ရှိသည်။

ဖှေးသည် ရတနာပစ္စည်းများကိုနှစ်သက်သော်လည်း စောင့်ဆိုင်းရသည်ကို မုန်းတီးသူတစ်ယောက်ဖြစ်သည်။ အရင်ဘ၀က ပိုက်ဆံထုတ်ရန်အတွက် ATMစက်ရှေ့တွင်စောင့်ဆိုင်းနေရသကဲ့သို့ခံစားနေရ၏။ သို့သော် သူသည် ဘုရင်တစ်ပါးဖြစ်သည့်အတွက် ကိုယ်တိုင်စောင့်စားရန်မလိုပေ။ သင့်သော်သည့်လူအားတာ၀န်ပေးခဲ့ပြီး အခမ်းနားပြီးဆုံးသည်နှင့် ချမ်းဘော့ဒ်စခန်းအတွင်းသို့ပြန်လာခဲ့တော့၏။

ဖှေးသည် ယခုအချိန်တွင် အဆင့်၁အဖွဲ့၀င်တိုင်းပြည်ဘုရင်၊ ဇီးနစ်အင်ပါယာ၏အဆင့်၂ဆွေကြီးမျိုးကြီးတစ်ပါးနှင့် ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူသည် အလွန်စွမ်းအားကြီးမားပြီးအရှိန်၀ါကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ပင်။ ထို့ကြောင့် သူ့အား ချည်းကပ်လိုသည့်လူများစွာရှိနေ၏။

သူစခန်းသို့ပြန်ရောက်သည့်အချိန်တွင် ကြောက်လန့်သွားမိသည်။

ချမ်းဘော့ဒ်စခန်းအား လူများပြုံတိုးလျှက်ရှိနေပြီး ဖြတ်သန်းသွားလာရန်ပင်ခက်ခဲနေသည်။ ဤလူများသည် ၀တ်ကောင်းစားလှများ၀တ်ဆင်ထားပြီး လက်ထဲတွင် လက်ဆောင်ပစ္စည်းများကိုင်မထားပါက ပြသနာရှာရန်ရောက်လာသည့်လူများဟု ဖှေးထင်မိမည်ဖြစ်သည်။

ဤလူများအားလုံးသည် ဖှေးနှင့်တွေ့ရန်အတွက် ရောက်ရှိနေကြခြင်းပင်။

ဖှေးအခြေအနေကို ရိပ်စားမိသဖြင့် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မှော်ရထားလုံးအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

သူခန့်မှန်ထားသည့်အတိုင်းပင် သူပျောက်ကွယ်သွားအပြီးတွင် ထိုလူများသည် ဘုရင်၏ရထားလုံးကို မြင်သွားကြပြီးအမြန်ပင်ပြေးလာကြသည်။ သူတို့၏မျက်နှာများတွင် ဖားလိုသည့်အပြုံးများနှင့် သူတို့၏ဆရာများနာမည်နှင့် လက်ဆောင်ပစ္စည်းများကမ်းနေလျှက်ရှိကြသည်။ ကြည့်ရသည့်ပုံအရ ထိုလူများသည် ရထားလုံးပြတင်းပေါက်မှတဆင့်လက်ဆောင်ပစ္စည်များပေးလိုနေသည့်ပုံပင်။

အပြင်တွင် ဆူညံသံများထွက်ပေါ်လာသည့်အချိန်တွင် ဖှေးသည် သူ၏တဲအတွင်းသို့ပင် ပြန်ရောက်ရှိသွားပြီဖြစ်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေသည်။

သူ အိုက်ဗန်နိုဗစ်ဟုအမည်ရသည့် သူတော်စဥ်တပ်ဖွဲ့၀င်စစ်သည်တစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။ အမိန့်အားလက်ခံရပြီးနောက်တွင် ထိုလူသည် အရိုသေပေးကာ ထွက်ခွာသွား၏။

ထို့နောက်တွင် ဖြစ်ပျက်သည့်အရာမှာ ချမ်းဘော့ဒ်သားများကို ရယ်မောမိစေသည်။

စခန်းထဲတွင် စားပွဲခုံတစ်ချို့ချထားပြီး စစ်သည်များလေ့ကျင့်သည့်မြေပြင်များကိုခြံစည်းရိုးများဖြင့် ကာရံထား၏။ ဖှေးအား လက်ဆောင်ပေးရန်လာရောက်ကြသည့်လူများကို တစ်ယောက်ခြင်း၀င်ခိုင်းစေလျှက်ရှိသည်။ သူတို့သည် လက်ဆောင်များပေးအပ်ပြီး သူတို့ပြောလိုသည့်စကားများကို မှတ်တမ်းတင်ပြိးနောက်တွင် ပြန်ကြရန်အတွက် ယဥ်ကျေးစွာတောင်းဆိုခြင်းခံရ၏။

လက်ဆောင်းပေးရန်လာရောက်သည့် မည်သူကိုမဆိုနှင့်ထုတ်ခြင်းမရှိသော်လည်း မည်သူမှလည်းချမ်းဘော့ဒ်ဘုရင်နှင့် လူကိုယ်တိုင်တွေ့ဆုံခွင့်မရပေ။

ထိပ်တန်းစစ်သည်၁၃ယောက်စာရင်းထဲသို့ ၀င်နိုင်ခဲ့သည့် ချမ်းဘော့ဒ်မှစစ်သည်များည်လည်း သူတို့၏မျက်နှာများပေါ်တွင် အပြုံးများနှင့်အတူရှင်းပြနေကြသည်။ သူတို့ပြောသည်အရချမ်းဘော့ဒ်ဘုရင်သည် ပြိုင်ပွဲအပြီးတွင် ပင်ပန်းသဖြင့် အနားယူရန်လိုအပ်သောကြောင့် သူ့အား ယခုအချိန်တွင် သွားရောက်နှောင့်ယှက်ပါက ဒေါသဖြစ်ပြီးလူတစ်ချို့အား သတ်ဖြတ်နိုင်သောကြောင့်ဟု ဆိုနေကြသည်။

အင်အားအကြီးမားဆုံးသော လာရောက်လည်ပတ်သည့် ဆွေကြီးမျိုးကြီးများပင် အတွန့်တက်ခြင်းမရှိပဲ လက်ဆောင်ပစ္စည်းများကို ထားခဲ့ကာ အိမ်ပြန်ကြရ၏။

စွမ်းအားအစစ်မှန်၏အရှေ့တွင် သူတို့ဘာမှမတတ်နိုင်ကြပေ။

နေ့လည်ခင်းတစ်ခုလုံးတွင် လက်ဆောင်များမှတ်တမ်းရေးသားပေးနေသည့်လူများ၏ လက်များပင်ယောင်ကိုင်းလာသဖြင့် မကြာခန်လူလဲပေးနေရ၏။ သူတော်စဥ်စစ်သည်များနှင့် ဥပဒေပြုစစ်သည်များသည်လည်း လက်ဆောင်ပစ္စည်းများကို သယ်ဆောင်ရွေ့ပြောင်းနေရသဖြင့် လက်များပခုံးများထုံကျင်ညောင်းကိုက်နေလေရာ ပြိုင်ပွဲ၀င်စဥ်ကထက်ပင် ပို၍ပင်ပန်းနေလျှက်ရှိသည်။

ညသို့ရောက်သည့်အချိန်တွင် ချမ်းဘော့ဒ်စခန်းထဲတွင် ဧည့်သည်အများစုပြန်သွားကြပြီဖြစ်သည်။

ချမ်းဘော့ဒ်သားများ၏ မျက်နှာပေါ်တွင်အပြုံးများသည် ပျောက်ကွယ်သွားခြင်းမရှိပေ။ များသောအားဖြင့်အပျင်းကြီးနေလျှက်ရှိသည့် မင်းသမီး ဗစ်တိုးရီးယားပင် ဟိုပြေးဒီပြေးဖြင့် ကူညီနေလျှက်ရှိသည်။ တောင်လိုရာလိုပုံနေသည့် လက်ဆောင်ပစ္စည်းများကို ကြည့်ရင်းဖြင့် သူမ၏မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့တောက်ပနေလျှက်ရှိသည်။ သူမသည် လက်ဆောင်ပုံထဲတွင် လူးလိမ့်လိုစိတ်များပင်ပေါက်နေ၏။ အကယ်၍ ဖှေးအဆူခံရမည်ကိုမကြောက်ပါက သူမသည် ထိုကဲ့သို့ပြုမူနေလောက်ပြီဖြစ်သည်။

နေ့လည်ခင်းသို့ရောက်သည့်အချိန်တွင် အန်ဂျယ်လာသည် ချမ်းဘော့ဒ်တိုင်းပြည်သို့ ပြန်လည်ကာ သတင်းပို့ရန်အတွက်မြင်းများနှင့် တမန်တော်များကို စီစဥ်ပြီးပြီဖြစ်သည်။

အရာအားလုံးချောမွေ့ပါက မြောက်ပိုင်းဒေသတွင်ရှိသည့်တိုင်းပြည်ငယ်လေးသည် ဤ၀မ်းသာပျော်ရွှင်ဖွယ်သတင်းကို မနက်ရောက်သည့်အချိန်တွင် သိရတော့မည်ဖြစ်သည်။ ထိုနေရာတွင်လည်း ကြီးမားသည့်အောင်ပွဲခံအခမ်းနားတစ်ခုကျင်းပလိမ့်မည်ဖြစ်သည်။

ယခုအချိန်တွင် မည်သည့်အဖွဲ့၀င်တိုင်းပြည်မှ ချမ်းဘော့ဒ်ဘုရင်အား စိန်ခေါ်ရဲတော့မည်မဟုတ်ပဲ ယခင်က ချမ်းဘော့ဒ်နှင့် မသင့်မြတ်ခဲ့သည့်တိုင်းပြည်များသည်လည်း လာရောက်တောင်းပန်ရတော့မည်ဖြစ်သည်။

“ချမ်းဘော့ဒ်သားတွေက အတော်ဉာဏ်များတာပဲ။”

လက်ဆောင်လာပေးသည့်နောက်ဆုံးတစ်ယောက်မှာ အသက်လတ်ပိုင်းအရွယ်ဆွေကြီးမျိုးကြီးလူတစ်ယောက်ပင်။ သူသည် ချမ်းဘော့ဒ်စခန်းထဲမှ ထွက်လာရင်းဖြင့် အထဲတွင် အောင်ပွဲခံပါတီကျင်းပနေသည်ကိုကြည့်ရင်းဖြင့် မှတ်ချက်ပြုလိုက်မိသည်။

သူသည် ရင်းနှီးမှုရရှိရန်အတွက် ၀ေးလှံခေါင်ဖျားသည့်တိုင်းပြည်တစ်ခုကို လက်ဆောင်ပစ္စည်းသွားပေးဖူးခြင်းမရှိခဲ့ပေ။ ဤလောဘကြီးသည့် ချမ်းဘော့ဒ်သားများသည် အပေးယူ၏သဘောကိုနားလည်သည့်ပုံမရပေ။ နေ့ခင်းတစ်ခုလုံး ချမ်းဘော့ဒ်သားများသည်လာပေးသည့်လက်ဆောင်ပစ္စည်းများကိုသာ လက်ခံနေခဲ့ကြသည်။

ပြန်လည်ပေးရန်ကိုမူ မေ့ထားကြ၏။

လူတိုင်းသည် ဤနေရာသို့ ချမ်းဘော့ဒ်ဘုရင်နှင့် တွေ့ရန်လာကြခြင်းဖြစ်သော်လည်း မည်သူမှ တွေ့ခွင့်မရခဲ့ကြပဲလက်ဆောင်ပစ္စည်းများကိုသာ ထားခဲ့ကြရ၏။

......

“ဟားဟား...”

ဖှေးသည် မင်းသမီးစင်ဒီလာရောက်ပေးသည့် လက်ဆောင်စာရင်းကိုကြည့်ရင်းဖြင့် ဂုဏ်ယူစွာရယ်မောလိုက်သည်။ သူသည် ဟိုလာဒရစ်ကုဗတုံးရှိပြီး ပိုက်ဆံကို အလွယ်တကူရှာနိုင်သည့် နည်းလမ်းများစွာရှိနေသော်လည်း ဤကဲ့သို့ များပြားလှသည့် ရတနာပစ္စည်းများကို မြင်တွေ့ရသည့်အတွက် ၀မ်းသာနေဆဲပင်။

သူနေ့လည်ခင်းတွင် ရရှိလိုက်သည့် လက်ဆောင်ပစ္စည်းများမှာ ချမ်းဘော့ဒ်တော်၀င်မိသားစု၏ ဆယ်နှစ်စာ၀င်ငွေထက်ပင်ပို၍များပြားလှသည်။

စခန်းအလည်တွင်ရှိသော တဲအတွင်းတွင်လူတိုင်းပျော်ရွှင်နေလျှက်ရှိပြီး များသောအားဖြင့် ရုပ်တည်တည်ဖြင့်နေလေ့ရှိသူလမ်းပါ့ဒ်တစ်ယောက်ပင်ပြုံးနေလျှက်ရှိသည်။

ဖှေးသည် ချမ်းဘော့ဒ်တိုင်းပြည်၏အခြေအနေကို အဓိကပြောင်းလဲခဲ့သည့်လူဖြစ်သော်လည်း ချမ်းဘော့ဒ်သားတစ်ယောက်ခြင်း၏စွမ်းဆောင်မှုကြောင့်သာ ဤကဲ့သို့အောင်မြင်မှုမျိုးကိုရရှိခဲ့ခြင်းဖြစ်သည်။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အင်အားကောင်းလာစေရန်အတွက် ကြိုးစားခဲ့သည့်အတွက်ကြောင့် လက်ရှိအခိုက်တန့်တွင် ပီတိဖြစ်ကာ ဂုဏ်ယူနေကြ၏။

သန်သန်မာမာထွားထွားကျိုင်းကျိုင်းပုံသဏန်ရှိသည့် ဒရော့ဂ်ဘာတွင် ပျော်ရွှင်လွန်းသဖြင့် မျက်ရည်ကျကာ ငိုမိနေသည်။

ပုံမှန်အချိန်တွင်ဆိုပါက ပီးရာ့စ်သည် ဤအခွင့်ရေးကိုယူကာ ဒရော့ဂ်ဘာအား စနောက်လိမ့်မည်ဖြစ်သော်လည်း ယခုအတွင်မူ သူပါလိုက်ပါ၍ မျက်ရည်ကျနေလျှက်ရှိသည်။ လွန်ခဲ့သည့်နှစ်၀က်ခန့်က သူသည် အမဲရောင်ချပ်၀တ်နှင့် ရန်သူများကို အသေခံကာ ကာကွယ်တိုက်ခိုက်ခဲ့သည်။ ပီးရာ့စ်သည် ထိုအချိန်တွင် သေပြီဟုပင်ယူဆခဲ့မိ၏။ ထိုကဲ့သို့အချိန်တွင် အံ့သြဖွယ်ရာတစ်ခုဖြစ်ပျက်ခဲ့ပြီး ထိုအချိန်မှစတင်၍ အံ့သြဖွယ်ရာများသည် ဆက်တိုက်တစ်ခုပြီးတစ်ခုဖြစ်ပျက်နေဆဲပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ခက်ခဲသောနေ့ရက်များကို ကြုံတွေ့ခဲ့ဖူးသည့်လူများသာ လျှင် ဤလူသန်ကြီးနှစ်ယောက်ငိုကြွေးနေရခြင်းကို နားလည်နိုင်မည်ဖြစ်သည်။

ရော်ဘင်နှင့် သူ၏အဖေအာရန်းတို့သည် တဲအတွင်းတွင် တိတ်ဆိတ်စွာထိုင်နေလျှက်ရှိကြသည်။ သူတို့သည် ချမ်းဘော့ဒ်သားများကြုံတွေ့ရသည်များကို ကြုံတွေ့ဖူးခြင်းမရှိသော်လည်း ဘေးတွင်ဖြစ်နေသည့်အရာများကြောင့် သူတို့၏ခံစားချက်များသည်လည်း ထိုကဲ့သို့ဖြစ်နေလျှက်ရှိသည်။

All Chapters