အခန်း (၄၃၅)
Vol. 29 Ch. 435
“ဗစ်တိုးရီးယား လက်ဆောင်တွေကို နှစ်ပုံပုံလိုက်။ တစ်ပုံကို စခန်းမှာရှိတဲ့လူတိုင်းကိုအညီမျှခွဲပေးပြီးတော့ နောက်တစ်ပုံကိုကျရထားလုံးတွေပေါ်တင်ထားလိုက်။ နောက်ပိုင်းကျရင်အသုံး၀င်လာနိုင်တယ်။” ဖှေးသည် စာရင်းကို ဗစ်တိုးရီးယားအားပြန်ပေးလိုက်ပြီး ချမ်းဘော့ဒ်သူမဟုတ်သည့်သူမကိုအရေးကြီးအလုပ်တစ်ခုတာ၀န်ပေးလိုက်၏။
သို့သော် ဗစ်တိုးရီးယားသည် ဘုရင်သည် သူမအားယုံကြည်၍ ဤကဲ့သို့ခိုင်းစေသည်ကို သတိမထားမိပဲ သူမ၏အာရုံစိုက်မှုများသည်တစ်ခြားနေရာသို့သာ ရောက်ရှိနေ၏။ “စခန်းထဲမှာရှိတဲ့ လူတွေအကုန်လုံးအတွက်ဟုတ်လား။ ဒါဆို ကျွန်မအတွက်ရောပါတာပေါ့နော်...”
“နင်က တကယ်ရောမင်းသမီးတစ်ပါးဟုတ်ရဲ့လား။ အတော်လောဘကြီးတာပဲ...” ဖှေးအံ့အားသင့်ကာမျက်မှောင်ကြုံ့လိုက်မိသည်။
“ဟင်...”
ဗစ်တိုးရီးယားသည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးမျက်ရည်၀ဲကာ ခေါင်းငုံ့သွား၏။
သို့သော် နောက်အခိုက်တန့်တွင် သူမသည် ဘုရင်၏ဆူပူခြင်းကို ခံခဲ့ရသော်လည်း ရစရာရှိသည့် ၀ေစုကို ရဦးမည်ဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင် အပြုံးသည် သူမ၏မျက်လုံးပေါ်သို့ ပြန်လည်ကာ ရောက်ရှိလာပြီး သူမသည် အရာအားလုံးကို စီစဥ်ရန်အတွက် တဲအတွင်းမှ ပြေးထွက်သွားတော့သည်။ သူမ၏အနီရောင်၀တ်စုံသည် ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အားပေါ်လွင်စေပြီး ပိန်သွယ်သည့် ခြေထောက်များကို လစ်လပ်ပြသထားလျှက်ရှိရာ သူမသည် အလွန်ဆွဲဆောင်မှုရှိသည့်မိန်းကလေးတစ်ယောက်ပင်။
ဘုရင်နှင့် ဗစ်တိုးရီးယာတို့နှစ်ယောက်ကိုကြည့်ရင်းဖြင့် တဲအတွင်းတွင်ရှိသည့်လူများရယ်မောနေလျှက်ရှိကြသည်။
တစ်ခြားအင်ပါယာမှ မင်းသမီးတစ်ပါးဟုဆိုသည့် ဤကောင်မလေးသည် အလွန်ပင်ထူးခြားလှသည်။ သူမသည်သာ ဘုရင်၏ ဆူပူခြင်းကို ခံရသည့်တစ်ယောက်ထဲသောမိန်းကလေးပင်။
ဖှေး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
ဗစ်တိုးရီးယား၏နောက်ခံဇာတ်ကြောင်းကို အတည်ပြုရခြင်းမရှိသော်လည်း သူမသည် ငွေကြေးများကို စီမံခန့်ခွဲသည့်နေရာတွင် ကျွမ်းကျင်သူတစ်ယောက်ပင်။ သူမသည် အသေးစိတ်ဆောင်ရွက်တတ်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သောကြောင့် ဖှေးဤကဲ့သို့ ကိစ္စမျိုးကို တာ၀န်ပေးခိုင်းစေလိုက်ခြင်းဖြစ်သည်။ သူမသည် စွမ်းအားမြင့်စစ်သည်တစ်ယောက်လဲမဟုတ်ပေ။ ထို့ကြောင့် လိမ်လည်လှည့်ဖျားခဲ့လျှင်လဲ ဖှေးလက်မှလွတ်မြောက်နိုင်မည်မဟုတ်သောကြောင့်ပင်။
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည်စစ်သည်များမှ လွဲ၍ တစ်ခြားအရည်ခြင်းရှိသည့်လူများလိုအပ်နေသေးကြောင်းကို ဖှေးထက်မံ၍ တွေးမိလာပြန်၏။
“အရှင်မင်းကြီး ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့ အရှင်မင်းကြီးမှာ ဘယ်လိုအစီစဥ်တွေရှိလဲ...” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ရော်ဘင်၏အဖေအဖိုးကြီးအာရန်းသည် ရုတ်တရက်ထကာ လေးစားစွာဖြင့် မေးလိုက်သည်။
“အမ်...ကျွန်တော်လဲ သေချာမသိသေးဘူး... “
ဖှေး ဤကိစ္စအကြောင်းကို စဥ်းစားရုံဖြင့်ပင်ခေါင်းကိုက်မိနေ၏။ သူသည် အရင်ဘ၀က သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်သာဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာကိစ္စများကို သိပ်ပြီး သိရှိခြင်းမရှိပေ။ ထို့ကြောင့် သူ့အတွက် ပင်မတပ်ဖွဲ့ကြီးတစ်ခုကို တည်ဆောက်ရန်ဆိုသည်မှာ အလွန်ခက်ခဲသည့်ကိစ္စတစ်ခုပင်ဖြစ်ပြီး စဥ်းစားကြည့်ခြင်းပင်မပြုရသေးပေ။ တကယ်တန်းတွင် ဖှေးတွင် ညစာစားပြီးသွားတိုက်ရန်ပင် အချိန်မရှိဖြစ်နေ၏။
“အရှင်မင်းကြီး ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကိုးကားဖို့အတွက် အကြံဉာဏ်တစ်ချို့ရှိပါတယ်...” သူသည် ကောင်းမွန်စွာပြင်ဆင်လာခဲ့သည့်အတိုင်းပင် အဖိုးကြီးအာရန်းသည် အဖြူရောင်စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖှေးအားဆက်သလိုက်သည်။
ရော်ဘင်အပါ၀င်လူတိုင်းအဖိုးကြီးအာရန်း၏အပြုမူကြောင့် အံ့သြနေကြသည်။ သူတော်စဥ်တပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အတိုင်းပင် ရော်ဘင်သည် စစ်သည်များကို လေ့ကျင့်ပေးရန်သာအကောင်းဆုံးကြိုးစားနေသဖြင့် သူ့အဖေအား သိပ်ပြီးဂရုစိုက်ချိန်မရှိခဲ့ပေ။ သူ၏အဖေသည် ဘုရင်၏ကုသပေးမှုကြောင့်မျာစွာသက်သာနေပြီဆိုသည်ကို သိရှိသော်လည်း အချက်လက်များစွာပါရှိသည့် စာလိပ်တစ်ခုကို ပြင်ဆင်နေခဲ့ကြောင်းကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။
“အဲ့နေ့ကစပြီးတော့ ငါ့အဖေက စစ်ရေးနဲ့ပတ်သက်တာတွေကို ခြောက်နှစ်လုံးမပြောတော့တာ။ အခုမှ ဘာလို့လဲ...” ရော်ဘင်သည် သူ၏အဖေကိုကြည့်ကာ တွေးလိုက်မိသည်။
တဲအတွင်းတွင်ရှိသည့်လေထုမှာ ငြိမ်သက်နေသည်။
လွန်ခဲ့သည့်နှစ်ပတ်ခန့်ကမှရောက်ရှိလာခဲ့သည့် လူသစ်တစ်ယောက်အနေဖြင့် အဖိုးကြီးအာရန်းတွင် တရား၀င်ရာထူးတစ်ခုမရှိသေးပေ။ သူယနေ့တွင် ဤနေရာကို ရောက်ရှိနေရခြင်းမှာ ရော်ဘင်၏အဖေဖြစ်သောကြောင့်ပင်။ သူယခုအချိန်တွင် ပြလုပ်နေသည့်အရာသည် သူကိုယ်သူ ကြေငြာ၀င်နေသလိုဖြစ်နေပြီး ထိုကဲ့သို့ပြုလုပ်ရန်မှာ အနည်းငယ်စောနေသေးသည်ဟုဆိုရမည်ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရမည်ဆိုပါက အဖိုးကြီးအာရန်းသည် ကိုယ့်နေရာကိုယ်မသိခြင်းပင်။ ပင်မတပ်ဖွဲ့အသစ်ကို ဖွဲ့စည်းခြင်းမှာဘုရင်၏တာ၀န်ဖြစ်ပြီး ထိုအရာသည် ချမ်းဘော့ဒ်တိုင်းပြည်၏အနာဂတ်ကို ဖန်တီးပေးမည်ဖြစ်သည်။ ဘုရင်သည် ချမ်းဘော့ဒ်သားပင်မဟုတ်သူတစ်ယောက်အား ဤကဲ့သို့ တာ၀န်ပေးစရာအကြောင်းရှိမည်မဟုတ်သောကြောင့်ပင်။
ဖှေးသည် အဖိုးကြီးအာရန်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် အဖိုးကြီးအာရန်းမှာ တည်ငြိမ်နေလျှက်ပင်။
သူသည် ခန္ဓာကိုယ်အား အနည်းငယ်ကိုင်းထားပြီးကျောက်ရုပ်တစ်ခုကဲ့သို့ ငြိမ်သက်နေလျှက်ရှိသည်။ သူ၏အဖြူရောင်ဆံပင်များမှာ သူ၏များပြားလှသည့် ဘ၀အတွေ့ကြုံများကို ဖော်ပြနေသကဲ့သို့ပင်။ သူ၏ရောဂါနှင့် အချိန်ကြာမြင့်စွာအိမ်ခြေယာမဲ့ဖြစ်ခဲ့သောကြောင့် အသက်၅၀သာရှိသေးသော်လည်း အသက်၇၀အရွယ်အဖိုးကြီးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သို့သော် သူ၏တောက်ပနေသည့်မျက်လုံးများမှာ မှေးမှိန်သွားခြင်းမရှိသေးပေ။ ထို့အစား ပညာများဖြင့်ပြည့်နက်နေသကဲ့သို့ တောက်ပနေ၏။
ဖှေးသည် အဖိုးကြီးအာရန်းထံမှ စာလိပ်ကိုယူရန်အတွက် တိုးရိစ်အား အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် ဖတ်ကြည့်လိုက်၏။
ခနကြာသည့်အချိန်တွင် ဖှေးသက်ပြင်းချလိုက်ပြီး အဖိုးကြီးအာရန်းကို ခနတာခန့်ကြည့်လိုက်သည်။ မကြာမှီတွင် သူ၏လက်ကို ၀ှေ့ရမ်းကာပြောလိုက်သည်။ “မင်းတို့ကောင်တွေပြန်လို့ရပြီ။” ထို့နောက်တွင် အဖိုးကြီးအာရန်းကို ကြည့်လိုက်ပြီး “ အဖိုးက ခနနေခဲ့ပါ။”
ဘုရင်ဘာတွေးနေသည်ကို မည်သူမှ မသိသော်လည်း လူတိုင်းသူ၏အမိန့်ကို လိုက်နာကြ၏။
ရော်ဘင်သည် သူ၏အဖေကို စိုးရိမ်စွာြဖင့် ကြည့်နေ၏။ သူဘာပြောရမှန်းမသိပဲ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထို့ကြောင့် သူလဲအမိန့်အတိုင်းပင် တဲအတွင်းမှ ထွက်ခွာသွား၏။
တဲအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
“ဆရာကြီးအာရန်း ဒီမှာ ခနထိုင်ပါဦး။ ကျွန်တော် ဒါကိုအရင်ပြီးအောင်ဖတ်လိုက်ဦးမယ်။ ဖှေးသည် သူ၏ဘေးတွင်ရှိသည့် ထိုင်ခုံကို ညွှန်ပြကာ ပြောလိုက်သည်။ ထို့နောက်တွင် စာလိပ်ကို ဆက်လက်၍ဖတ်ရှုနေ၏။ သူသည် ၁၀၀ရာခိုင်နှုန်းအာရုံစိုက်ထားသည်။
အဖိုးကြီးအာရန်းသည် ယခုအချိန်မှပင် သက်ပြင်းချနိုင်လိုက်၏။
ချမ်းဘော့ဒ်ဘုရင်နှင့် မတွေ့ခင်က သူသည်ဘ၀ကို အရှုံးပေးလုနီးနီးအချိန်ပင်။ သို့သော် နတ်ဘုရားများသည် သူနှင့် သူ့သားကိုသနားမိသဖြင့် အခွင့်ရေးတစ်ခုကို ချပေးလိုက်ပုံရသည်။
သူသည် သူ၏ဆုံးဖြတ်ချက်ကို ယုံကြည်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်ခြင်း၊ ကျရှုံးခြင်းများစွာကို မြင်တွေ့ဖူးသည့် သူ၏မျက်လုံးများကိုလည်း ယုံကြည်၏။ ယနေ့တွင် ချမ်းဘော့ဒ်အား လက်ဆောင်ပေးရန်လာရောက်ကြသည့်လူများသည် ချမ်းဘော့ဒ်ဘုရင်၏ ယခုအချိန်အောင်မြင်ခြင်းကိုသာ မြင်ကြပြီး သူသည် ဤဘုရင်ငယ်၏ ရူးသွပ်စရာကောင်းသည် ဖြစ်နိုင်ချေအလားလာကိုကောင်းစွာမြင်တွေ့နေရသည်။
အဖိုးကြီးအာရန်းသည် စတင်ရောက်လာသည့်နေ့ကတည်းက ဖြစ်ပျက်နေသည့်အရာများကို လေ့လာနေခဲ့သည်။ ရက်ပေါင်းများစွာလေ့လာပြီဲးသည့်နောက်တွင် သူသည် ချမ်းဘော့ဒ်တိုင်းပြည်၏ အားနည်းချက်အားသာချက်များကို လေ့လာသုံးသပ်မိသွား၏။
ချမ်းဘော့ဒ်တိုင်းပြည်၏အားသာချက်မှာ ငယ်စွမ်ပြီး စွမ်းအားမြင့်ကာ လူချစ်လူခင်များသည့် ဘုရင်တစ်ပါးနှင့် အကြောက်တရားကင်းကာ သစ္စာရှိကြသည့် နောက်လိုက်စစ်သည်များရှိနေခြင်းပင်။
ချမ်းဘော့ဒ်တိုင်းပြည်၏အားနည်းချက်မှာ ယခင်က အဆင့်၆တိုင်းပြည်တစ်ခုဖြစ်သောကြောင့် လူဦးရေနှင့် မြေနေရာကျဥ်းမြောင်းခြင်းပင်။ လှည့်စားမှုများ၊ ဗျူဟာများ၊ စွမ်းအားမြင့်သိုင်းဆရာများ၊ အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များနှင့် အရည်ချင်းရှိသောပါရမီရှင်များဖြင့် ပြည့်နက်နေသည့် တိုက်ပေါ်တွင် ချမ်းဘော့ဒ်တိုင်းပြည်သည် လူတစ်ဦးတစ်ယောက်ထဲ၏ စွမ်းအားဖြင့် စိုးမိုးနိုင်လိမ့်မည်မဟုတ်ပေ။ ထိပ်တန်းစစ်သည်များပင် သူတို့ကိုယ်ပိုင်အဖွဲ့စည်းများ၊ အရှိန်၀ါများရှိနေသည့်အတွက်ကြောင့်ပင်။
တစ်ခြားဥပမာပြရပါက အင်ပါယာအရှင်သခင်ယရှင်းသည် ဤအဆိုကိုကောင်းစွာသက်သေပြနေ၏။ အင်ပါယာအရှင်သခင်ယရှင်းအား အလွန်ရှားပါးသည့် ပါရမီရှင်တစ်ယောက်ဟု ခေါ်ရသည့်အကြောင်းမှာ သူသည် တစ်ကိုယ်ရေစွမ်းအားကြီးမားခြင်းအပြင် လယ်ဗယ်၁အင်ပါယာတစ်ခုကို ထိန်းချုပ်ထားနိုင်သည့်အတွက်ကြောင့်ပင်။
တိုင်းပြည်အစစ်မှန်တစ်ခုသည် စွမ်းအားနှင့် ပညာတို့တွင် အရည်ချင်းရှိသည့်လူများစွာလိုအပ်၏။
ချမ်းဘော့ဒ်တိုင်းပြည်တွင် စွမ်းအားကင်းမဲ့ခြင်းမရှိပေ။ သို့သော် စွမ်းအားမြင့်စစ်သည်များသာရှိနေပြီး အရည်ချင်းရှိသည့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ၊ အုပ်ချုပ်ရေးကျွမ်းကျင်သူများရှိမနေပေ။ ချမ်းဘော့ဒ်ဘုရင်သည် အံ့သြစရာကောင်းသည့်အရာများစွာကို ဖန်တီးနိုင်သူတစ်ယောက်ဖြစ်သော်လည်း သူသည် အရည်ချင်းရှိသည့်တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်မဟုတ်ပေ။
အမှန်ပင် အဖိုးကြီးအာရန်းသည် ဖှေးအားအထင်သေးနေခြင်းမဟုတ်ပေ။
ကိစ္စတော်တော်များများတွင် ကျော်ကြားသည့်ဘုရင်များ၊ အင်ပါယာရှင်သခင်များအားလုံးသည် အရည်ချင်းရှိသည့်စစ်ရေးခေါင်းဆောင်များမဟုတ်ကြပေ။ ချမ်းဘော့ဒ်ဘုရင်တွင် ဖော်ပြ၍မရနိုင်သည့်လျို့၀ှက်ချက်နှင့် ပြောဆိုနိုင်ခြင်းမရှိသည့်လူချစ်လူခင်များသည် အရှိန်၀ါတစ်ခုလည်းရှိနေသည်။ ကမှူးရူးထိုးအနိုင်ဆုံးစစ်သည်များပင် သူ၏အမိန့်ကို တသွေမသိမ်းလိုက်နာကြနေကြ၏။
ယခုနှစ်ပြိုင်ပွဲတွင်နာမည်ကျော်ကာ လူအများလေးစားခဲ့ရသည့်ဓားတစ်လက်သူရဲကောင်းသည် ချမ်းဘော့ဒ်ဘုရင်အပေါ်တွင် စွမ်းအားနှင့် လူချစ်လူခင်များမှု နေရာနှစ်ခုလုံးတွင် ရှုံးနိမ့်သွားခဲ့သည်မှာထင်ရှားလှသည်။ သိုင်းဆရာများဖြစ်ကြသည့် ဂူဒေါင်တိုင်းပြည်မှ လေနှင့်မီးညီနှောင်နှစ်ဖော်၊ မာနထောင်လွှားသည့် ငွေရောင်ချပ်၀တ်ဓားသွား၊ ဘူလန်တိုင်းပြည်မှ မှော်မင်းသမီးစင်ဒီနှင့် ရှီဗ်ချန်ကိုတို့သည် ချမ်းဘော့ဒ်ဘုရင်အား လေးစားအားကျကြသည်။ သူတို့ရှုံးခဲ့သည်နိုင်ခဲ့သည်မှာ အရေးမကြီးလှပေ။
နှိုင်းယှဥ်ကြည့်ပါက သဘောထားသေးသိမ်သည့် ဓားတစ်လက်သူရဲကောင်းသည် သူ၏ပုလ္လင်မှ ဆင်းပေးလိုက်ရ၏။ ခက်ရှိတွင် သာမန်စစ်သည်များပင် ချမ်းဘော့ဒ်ဘုရင်ကို လေးစားကြသည်။
လက်ရှိတွင် ချမ်းဘော့ဒ်ဘုရင်သည် အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်ပြိး ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း ပို၍ ကြွယ်၀သည့်အဆင့်၁တိုင်ပြည်တစ်ခုဖြစ်သွားပြီဖြစ်ကာ ပင်မတပ်ဖွဲ့ကြီးတစ်ခုကို တည်ထောင်ရန်အတွက်အခွင့်ရေးတစ်ခုလည်းရရှိသွား၏။ အဖိုးကြီးအာရန်း၏စိတ်ထဲတွင် လိုအပ်သည့် အရာများအားလုံးမှာ ရရှိလာပြီဖြစ်ပြီး သင့်လျော်သည့် ဆောက်ရွက်ချက်များကိုအကောင်းဆုံးပြလုပ်ရန်သာ ကျန်ရှိနေတော့သည်။ အဖိုးကြီးအာရန်း၏စိတ်ထဲတွင် ဤသည်မှာ ချမ်းဘော့ဒ်ဘုရင်အတွက် ဇီးနစ်အင်ပါယာမှ ခွဲထွက်ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုတည်ထောင်ရန်အခွင့်ရေးတစ်ခုဟု ယူဆမိနေသည်။
လက်ရှိတွင် ချမ်းဘော့ဒ်ဘုရင်အလိုအပ်ဆုံးအရာများသည် အရည်ချင်းရှိသူများပင်။
ဘက်ပေါင်းစုံတွင် အရည်ချင်းရှိသည့်လူများပင်။
အဖိုးကြီးအာရန်းသည် မိမိကိုယ်မိမိစစ်ဘက်ဆိုင်ရာတွင် အရည်ချင်းရှိသူတစ်ယောက်ဟုယုံကြသည်။ သူ့အတွင် ကိုယ်ပိုင်တောက်ပသည့်အချိန်များလည်းရှိခဲ့ပြီး သူ၏နှလုံးသားထဲတွင် အကြွင်းမဲ့ဂုဏ်ယူထားသည်။ အကယ်၍ ချမ်းဘော့ဒ်ဘုရင်သည်သာ သူ့အား အခွင့်ရေးပေးလိုက်ပါက သူသည် ချမ်းဘော့ဒ်ဘုရင်အား ကောင်းကင်သို့ ပျံသန်းနိုင်သည့်နဂါးတစ်ကောင်ဖြစ်အောင်အကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။
အမှန်ပင် သူ၏အတိတ်ကအကြောင်းများအတွက် ပြန်လည်ကာ လက်စားချေပြီး သူ၏နာမည်မှ စွန်းထင်မှုကို လျှော်ဖွတ်ပစ်ရန်အတွက်လဲ ချမ်းဘော့ဒ်ဘုရင်၏အကူညီကိုလိုအပ်သည့်အတွက်ပင်။
သူသည် ဤရက်ပိုင်းအတွင်းတွင် ဂရုစိုက်ကာ လေ့လာလျှက်ရှိနေပြီး ဖှေးဖတ်နေသည့် စာလိပ်ကို ကြိုတင်ကာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သူသည် ပြိုင်ပွဲတွင် ချမ်းဘော့ဒ်ဘုရင်အနိုင်ရရှိမည်ကို ပြိုင်ပွဲမပြီးခင်ကပင် ကြိုတင်ကာ တွက်ဆခဲ့မိသည်။
သူယနေ့တွင် ပြလုပ်ခဲ့သည့်အရာမှအလောင်းစားတစ်ခုပင်။ လက်ရှိတွင် သူသည်အပြင်လူတစ်ယောက်သာဖြစ်နေသေးသောကြောင့် ဤကဲ့သို့အရေးကြီးသည့်အကြံပြုချက်ကိုတင်သွင်းရန်မှာ မသင့်တော်သော်လည်းသူသည် ချမ်းဘော့ဒ်ဘုရင်အား စမ်းသပ်လိုက်ခြင်းပင်။
ဤအခိုက်တန့်တွင် သူသည် အလောင်းစားကို နိုင်သွားပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။
ချမ်းဘော့ဒ်ဘုရင်သည် သူ့အား စိတ်ပျက်မသွားခဲ့ပေ။
ဆရာကြီးအာရန်းဟူသည့် စကားလုံးတစ်ခုတည်းကပင် သူ့အတွက် လုံလောက်သွားပြီဖြစ်သည်။ ယခုအချိန်တွင် သူချမ်းဘော့ဒ်ဘုရင်စာလိပ်ဖတ်ပြီးတော့မည့်အချိန်ကို စိတ်ရှည်လက်ရှည်ဖြင့်စောင့်နေ၏။
စာလိပ်ပေါ်တွင် သူသည် ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ကို မည်ကဲ့သို့တည်ဆောက်သင့်သည်ဟူသည့်အကြံပြုချက်များစွာကို ဖော်ပြထားပြီး စစ်ပွဲပြီးသွားသည့်တိုင်အောင်စစ်အင်အားကို လက်ထဲတွင် ကိုင်ထားနိုင်စေမည့် နည်းလမ်းများလှည့်ကွက်များကိုလည်း ဖော်ပြထားသည်။
......
နှစ်နာရီခန့်ကြာသည့်အချိန်တွင်ဖြစ်သည်။
“သူတို့တွေ ဘာလို့ထွက်မလာကြသေးတာလဲ...”
ရော်ဘင်သည်အလွန်စိုးရိမ်နေပြီး တဲရှေ့တွင်လမ်းလျှောက်နေလျှက်ရှိသည်။
သူသည် ဖှေးအားသစ္စာခံထားသည့်သိုင်းဆရာတစ်ယောက်သော်လည်း သူ၏အရှေ့တွင် အမြဲတည်တည်နေတတ်သည့် သူ့အဖေကို အနည်းငယ်ကြောက်လန့်သူတစ်ယောက်ဖြစ်သည်။ သူ၏အဖေအကြောင်းကို သိသဖြင့် ချမ်းဘော့ဒ်ဘုရင်အား သူ၏အဖေစိတ်ဆိုးစေမည်ကို စိုးရိမ်နေ၏။ အကယ်၍ ထိုကဲ့သို့ဖြစ်လာပါက ဘယ်ဘက်မှ နေသည့်သည်ကိုရော်ဘင်မသိသည့်အတွက်ပင်။
တစ်ခြားချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များသည်လည်း ထိုကဲ့သို့ပင်တွေးနေကြသည်။
အဖိုးကြီးအာရန်းသည် ထိုမေးခွန်းကိုမေးပြီး ဖှေးအားစာလိပ်ဆက်သလိုက်သည့်အချိန်တွင် လူများစွာသည် သူတို့ဤအဖိုးကြီးကိုလျှော့တွက်ခဲ့မိကြောင်းကိုနားလည်လိုက်ကြသည်။
ဤအဖိုးကြီးတွင်လည်း ထူးခြားသည့်နောက်ခံဇာတ်ကြောင်းတစ်ခုရှိနေပုံရသည်။
လူတိုင်း အနည်းငယ်စိတ်မရှည်ဖြစ်လာသည့်အချိန်တွင် တဲလိုက်ကာပွင့်လာ၏။ ဘုရင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ အဖိုးကြီးလမ်းလျှောက်နိုင်ရန်အတွက် တွဲလာသည်ကိုတွေ့လိုက်ရသဖြင့် သူတို့အားလုံး စိတ်သက်သာပြီးသက်ပြင်းချလိုက်မိကြသည်။ အခြေအနေသည် ဆိုး၀ါးနေသည့်ပုံမပေါ်သောကြောင့်ပင်။
သို့သော် နောက်တွင် ဘုရင်ပြောလိုက်သည့်အရာမှာ လူတိုင်းကို ထိတ်လန့်အံ့သြသွားစေသည်။
“ဒီနေ့ကစပြီး ဆရာကြီးအာရန်းက ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ဖွဲ့စည်းတဲ့နေရာမှာ အဓိကတာ၀န်ရှိသူတစ်ယောက်ဖြစ်လာလိမ့်မယ်။ လူတိုင်းက သူ့အမိန့်ကိုနားထောင်ရမယ်။ နားမထောင်တဲ့လူတိုင်းကို သစ္စာဖောက်မှုနဲ့ အပြစ်ပေးမယ်...”