← Chapters

အခန်း (၄၃၆)

Vol. 29 Ch. 436

အခန်း (၄၃၆)

Vol. 29 Ch. 436

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...”

လူတော်တော်များများ၏စိတ်ထဲတွင် မေးခွန်းများရှိနေကြပြီး ဘုရင် ဤအဖိုးကြီးအာရန်းအားများအများကြီးယုံကြည်သွားခဲ့ရသည့် အကြောင်းရင်းကို သိရှိလိုကြသော်လည်း မည်သူမှ ဆန့်ကျင်ခြင်းမပြုကြပဲ အမိန့်အားနာခံသည့်အနေဖြင့် ဒူးထောက်လိုက်ကြသည်။ သူတို့အားလုံးသည် ဖှေးအား အကြွင်းမဲ့ယုံကြည်ကြသည့်အတွက်ပင်။

ရော်ဘင်သည် စိတ်အလှုပ်ရှားဆုံးဖြစ်နေသည့်လူပင်။

သူ၏အဖေသည် ဘုရင်၏ယုံကြည်မှုကိုရရှိကာ ယခုအချိန်တွင် အလွန်အရှိန်၀ါကြီးသွားသောကြောင့်မဟုတ်ပေ။ ခြောက်နှစ်တာခန့်မျှော်လင့်ချက်ကင်းမဲ့ခဲ့သည့် သူ့အဖေ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးကိုပြန်လည်ကာတွေ့မြင်နေရသည့်အတွက်ပင်။ ခြောက်သွေ့နေသည့်သစ်ပင်အိုကြီးသည် အကိုင်းခတ်များပြန်လည်ရှင်သန်လာနေသကဲ့သို့ပင်။

......

ဖှေးအတွက် အဖိုးကြီးအာရန်း၏အခြေအနေမှာ ပြီးပြည့်စုံသည်ဟုဆိုရမည်။ သူအလွန်ချမ်းနေသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ ရေနွေးအိတ်တစ်လုံးကို ပေးလိုက်သကဲ့သို့ပင်။

စာလိပ်ထဲတွင် အဖိုးကြီးအာရန်းသည် ၀ံပုလွေစွယ်တပ်ဖွဲ့အား မည်ကဲ့သို့တည်ဆောက်ရမည်နှင့် အဖွဲ့ခေါင်းဆောင်များ၊ တပ်စိတ်ခေါင်းဆောင်းများ၊ တပ်ခွဲခေါင်းဆောင်များနေရာကို မည်သူများကိုခန့်အပ်သင့်သည်ကိုကအစ အသေးစိတ်ဖော်ပြထားသည်။ မည်သည့်အတွက်ကြောင့် ထိုလူများကို ရွေးချယ်ရသည်ဆိုသည့်အကြောင်းပြချက်များကိုလည်း ဖော်ပြထားပြီး သူ၏အထင်အမြင်များကိုလည်းပွင့်ပွင့်လင်းလင်းပင်ရေးသားထားသည်။ အရာအားလုံးသည်အစီစဥ်အတိုင်းပင်သွားပါက ဤ၀ံပုလွေစွယ်တပ်ဖွဲ့ကြီးသည် နှစ်၀က်ခန့်မှာပင် ဖှေး၏ကိုယ်ပိုင်တပ်ဖွဲ့ကြီးတစ်ခုဖြစ်သွားမည်ဖြစ်သည်။

ဖှေးသည် ဤပင်မတပ်ဖွဲ့ကြီးကို အပိုင်သိမ်းပိုက်လိုသည့်ဆန္ဒမရှိသော်လည်း အဖိုးကြီးအာရမ်းသည် အရည်ချင်းရှိသူတစ်ယောက်ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။

စာလိပ်အား ဖတ်ပြီးသည့်နောက်တွင် သူသည်အဖိုးကြီးအာရန်းနှင့်တစ်နာရီခန့်ပြောဆိုဆွေးနွေးခဲ့သည်။ ဖှေးသည် စစ်ဘက်ဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သိပ်ပြီးမသိရှိသော်လည်း ဤခြေထောက်များကျိုးနေသည့်အဖိုးကြီးသည် ဤနယ်ပယ်တွင် အလွန်အတွေ့ကြုံရှိသည့် လူတစ်ယောက်ဖြစ်သည်ကို တပ်အပ်ပြောနိုင်၏။

အဖိုးကြီးအာရန်း စစ်ဘက်ဆိုင်ရာအကြောင်းပြောနေသည့်အချိန်၌ သူ၏မျက်လုံးထဲတွင် ဂုဏ်ယူ၀င့်ကြွားမှုများ၊ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။ ဤကဲ့သို့ဆွေးနွေးနေသည့်အချိန်တွင် သူ့ထံမှ ထွက်ပေါ်နေသည့်အရှိန်၀ါများကို ကြည့်ရင်းဖြင့် သူသည် စစ်သည်များစွာကို ထိန်းချုပ်ခဲ့ဖူးသည့်စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးသည်ဟု ပြောနိုင်၏။

ဤအဖိုးကြီးသည်တစ်ချိန်ကအရှိန်၀ါကြီးမားသည့် လူတစ်ယောက်ဖြစ်ခဲ့ဖူးပုံရသည်။ သို့သော် ဖြစ်ရပ်ဆိုးတစ်ချို့နှင့် ကြုံတွေ့ခဲရပြီး သူ၏ခြေထောက်များ ဒဏ်ရာရရှိကာ၊ မိသားစုအား ဆုံးရှုံးခဲ့ပြီး အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်လာခဲ့သည့်ပုံပင်။ သူသည် သားဖြစ်သူရော်ဘင်နှင့်သာ ပုန်းအောင်းနေခဲ့ရပြီး ကြယ်ငါးလုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သူ ရော်ဘင်သည် အသက်ရှင်သန်နိုင်ရန်အတွက် တူဒါတိုင်းပြည်၌ အမှုထမ်းခဲ့ရသည်။

အတိတ်တွင်ဖြစ်ခဲ့သည့်အရာများကို ဖှေး အဖိုးကြီးအာရန်းအား မေးလိုခြင်းမရှိပေ။

သူသိသည်မှာ ချမ်းဘော့ဒ်သည် လက်ရှိတွင် အရည်ချင်းရှိသည့်လူများစွာလိုအပ်လျှက်ရှိနေပြီး အာရန်းသည် ထိုကဲ့သို့အရည်ချင်းရှိသူတစ်ယောက်ပင်။

တစ်ချိန်တည်းမှာပင် ဖှေးသည် အာရန်းသူ့အားသစ္စာဖောက်မည်ကိုလည်း စိုးရိမ်ခြင်းမရှိပေ။

ဖှေးသည် အဖိုးကြီးအာရန်းအား ကုသပေးခဲ့သည့်အချိန်တွင် ဟော့ခ်ဆေးပုလင်းအနည်းငယ်ကို အသုံးပြုခဲ့သည့်အတွက်ကြောင့် ဟော့ခ်ဆေးပုလင်း သောက်ဖူးသည့်လူသည် ဆေးအာနိသင်ကြောင့် သူ့အား သစ္စာရှိလိမ့်မည်ဖြစ်သောကြောင့်ပင်။

ထိုကဲ့သို့အပြင် အဖိုးကြီးအာရန်းနှင့် ရော်ဘင်တို့သည် သူများအားသစ္စာဖောက်တတ်သည့်လူများဟုလည်း ဖှေးမထင်မိပေ။

ဖှေး၏ မသိစိတ်ထဲတွင် ဤလူနှစ်ယောက်ကို ယုံကြည်၏။

ထို့ကြောင့်ပင် သူတို့နှစ်ယောက်အား စခန်းသို့ခေါ်လာခဲ့စဥ်က နောက်ခံသမိုင်းကြောင်းကို မေးမြန်းခဲ့ခြင်းမပြုခဲ့ခြင်းပင်။ သူသည် သူတို့နှစ်ယောက်အား ယုံကြည်၏။ ထို့ကြောင့်ပင် သူသည် ဤလျို့၀ှက်သည့်အဖိုးကြီးအာရန်းကို ၀ံပုလွေတပ်ဖွဲ့ကြီးအား ဖွဲ့စည်းရန်အတွက် တာ၀န်ပေးလိုက်ခြင်းပင်။

ယခုအချိန်တွင် ဖှေး၏စိတ်အားများတော်တော်များများလျှော့ကျသွားပြီဟုဆိုနိုင်၏။

ရိုးရိုးသားသားပင်ပြောပါက စစ်ဘက်ဆိုင်ရာကိစ္စများသည် ဖှေးကဲ့သို့အရင်ဘ၀က အိုတကုတစ်ယောက်ဖြစ်ခဲ့ဖူးသည့်လူတစ်ယောက်ကိုင်တွယ်နိုင်သည့် ကိစ္စများမဟုတ်ပေ။

သူသည် အင်ပါယာကာကွယ်စောင့်ရှောက်သူနှစ်ယောက်တိုက်ခိုက်တော့မည့်တိုက်ပွဲကိုသာ ပို၍စိတ်၀င်စားနေ၏။

ဤတိုက်ပွဲကို ဇီးနစ်အင်ပါယာနှင့် စပါတပ်အင်ပါယာတို့ကသာ စိတ်၀င်စားနေကြသည်မဟုတ်ပေ။ တစ်ခြား အိမ်နီးခြင်းအင်ပါယာများဖြစ်ကြသည့် ဂျက်အင်ပါယာ၊ အိုက်ဟိုဗန်အင်ပါယာနှင့် စိန့်-ဂျာမိန်းအင်ပါယာတို့သည်လည်း ခါဆစ်နှင့် ကွန်းတတို့တိုက်ခိုက်တော့မည့်တိုက်ပွဲကို စိတ်၀င်စားကာ စောင့်ကြည့်နေကြ၏။

ယှဥ်ပြိုင်တိုက်ခိုက်ရန်လာရောက်သည့် စပါတပ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးအပြင် ဂျက်အင်ပါယာ၏ နံပါတ်၁ဓားသမား ဟွန်းတလား၊ အိုက်ဟိုဗန်အင်ပါယာ၏ နံပါတ်၁စစ်ရေးခေါင်းဆောင် ကို့စ်တာကာလာနှင့် စိန့်-ဂျာမိန်းအင်ပါယာ၏မင်းသာ ဂါရာနိုတို့သည်လည်း သံတမန်များအဖြစ် ဤတိုက်ပွဲကို ကြည့်ရှုရန်အတွက် မြို့တော်စိန့်ပီတာစဘာ့တ်သို့ရောက်ရှိနေသည်ဟုလည်း ဆိုကြ၏။

တိုက်ပွဲကျင်းပမည့်ရက်နီးကပ်လာသည်နှင့်အမျှ လူတိုင်းသည်လည်း ကြည့်ရှုရန်အတွက် ကန့်သက်ချက်များအကြောင်းကိုမေးခွန်းထုတ်နေကြသည်။

ကာကွယ်စောင့်ရှောက်သူသိုင်းဆရာများသည် လူများကို ကြည့်ရှုစေလိုသည့်ပုံမရှိပေ။ သို့သော် အိမ်နီးချင်းအင်ပါယာများမှ ဖိအားများကြောင့် ထိုတိုက်ပွဲအား လူတစ်ရာခန့်ကြည့်နိုင်မည်ဖြစ်သည်။ ဤပွဲကြည့်နေရာတစ်ရာသည် စစ်သည်များစွာလိုချင်သည့်အရာများပင်။ လူတိုင်းသည် ထိုကဲ့သို့ကြည့်ရှုခွင့်ရရန်ကိုပင် ရွှေဒင်္ဂါးတစ်သန်းခန့်ပေးရန်ဆန္ဒရှိနေသည်ဟုလည်း ဆိုကြသည်။

တစ်သက်တွင် တစ်ခါပင် မြင်တွေ့ရန်အတွက် ရှားပြားလှသည့် အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ခိုက်မည့်တိုက်ပွဲဖြစ်သည့်အတွက်ပင်။

အဆင့်မတတ်နိုင်ဖြစ်နေသည့် သိုင်းဆရာများအတွက် ကြည့်ရှုရင်းဖြင့် စိတ်အားထက်သန်ကာ လယ်ဗယ်မြှင့်တက်သွားနိုင်သည်။ ထို့အပြင် အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ခိုက်သည့်တိုက်ပွဲကို မြင်တွေ့ရသည်မှာ ဂုဏ်ယူစရာတစ်ခုလည်းဖြစ်သည်။ ဤသည်မှာ လူများကြွား၀ါနိုင်သည့်အရာတစ်ခုပင်။ ထို့ကြောင့် စစ်သည်များအပြင်၊ ဆွေကြီးမျိုးကြီးများ၊ အင်အားကြီးအဖွဲ့စည်းခေါင်းဆောင်များသည် ပွဲကြည့်ခွင့်ရရန်အတွက် ပိုက်ဆံများစွာအကုန်ခံလိုနေကြခြင်းပင်။

သို့သော် ဖှေးအတွက်မှာမူသိပ်ပြီးစိုးရိမ်ဖွယ်မရှိပေ။

ဇီးနစ်အင်ပါယာတော်၀င်မိသားစုနှင့် စစ်ဘက်ဆိုင်ရာဌာနချုပ်တို့ဆွေးနွေးညှိနှိုင်းကာ ထုတ်ပြန်သည်အရာ ပြိုင်ပွဲမှ ထိပ်တန်းစစ်သည်နှစ်ဆယ့်ငါးယောက်သည် ကြည့်ရှုနိုင်ရန်အတွက် နေရာတစ်ခုစီရရှိမည်ဖြစ်သည်။ လာရောက်ကြည့်ရှုကြသည့်အင်ပါယာတစ်ခုခြင်းစီတိုင်းကိုလည်း နေရာ၅နေရာပေးမည်ဖြစ်ပြီး ဒေသတွင်းမဟာဘုရားကျောင်းကိုမူ နေရာဆယ်နေရာပေးထား၏။ ကျန်ရှိနေသည့် နေရာ၅၀အား ဆွေကြီးမျိုးကြီးမိသားစုနှင့် ကျန်ရှိနေသည့် အရှိန်၀ါကြီးမားသည့် အဖွဲ့စည်းများ၊ ခေါင်းဆောင်များခွဲ၀ေယူကြမည်ဖြစ်သည်။ အမှန်ပင် ဤကဲ့သို့စွမ်းအားမြင့်စစ်သည်များ၊ စစ်ရေးခေါင်းဆောင်များသည်လည်း ဆွေကြီးမျိုးကြီးမိသားစုများမှဖြစ်သည်မှာများသည်။

ချမ်းဘော့ဒ်သည် နေရာခြောက်ခုရရှိထားပြီဖြစ်ပြီး ဖှေးအတွက် တိုက်ပွဲကျင်းပမည့်နေ့ကိုသာ စိတ်ရှည်ရှည်စောင့်နေရန်ကျန်တော့၏။

ဤအချိန်တွင် အဖိုးကြီးအာရန်းသည် ဖှေး၏အမိန့်အောက်တွင်၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ကြီးကို တည်ဆောက်နေ၏။

ချမ်းဘော့ဒ်ဘုရင်၏ဂုဏ်အရှိန်၀ါမှာ အလွန်ပင်ကြီးမားလှသည်။

အချိန်တိုအတွင်းမှာပင် အဖွဲ့၀င်တိုင်းပြည်တော်တော်များများသည် သူတို့၏ကျွမ်းကျင်တပ်ဖွဲ့များနှင့်အတူ ၀ံပုလွေစွယ်တပ်ဖွဲ့ကိုလာရောက်၀င်ရောက်ကြ၏။ ထိုတိုင်းပြည်များထဲတွင် ယခုအချိန်တွင် အဆင့်၄ဖြစ်သွားသည့် ဘိုင်ဇန်တိုင်းတိုင်းပြည်နှင့် အဆင့်၂ဂူဒေါင်တိုင်းပြည်တို့လဲပါ၀င်ကြသည်။

“ဒါပေမယ့် ကျွန်တော်အဆိုပြုထားတဲ့ သိုင်းဆရာတွေထဲမှာ တစ်ချို့ကတော့ ၀င်ဖို့သဘောတူထားပြီးနောက်မနည်းနည်းတွန့်ဆုတ်နေကြတယ်။” ဒုတိယမြောက်နေ့တွင် အဖိုးကြီးအာရန်းသည် လက်ရှိအခြေအနေကို ဖှေးအားတင်ပြလိုက်သည်။ သူ၏စကားလုံးများ၏နောက်ကွယ်တွင် ပို၍ နက်ရှိုင်းသည့်အဓိပ္ပါယ်များပါ၀င်နေ၏။

“ရပါတယ်။ ကျွန်တာ်တို့ တပ်ဖွဲ့ကို မဖြည့်နိုင်ရင်တောင် ဘယ်သူ့ကိုမှအတင်းကြပ်၀င်ခိုင်းစရာမလိုပါဘူး။” ဖှေးသည် သိပ်ပြီးစိုးရိမ်ခြင်းမရှိပေ။

အဖိုးကြီးအာရန်းသည်တစ်စုံတစ်ခုအား ပြောလိုသည့်ပုံပင်။ သို့သော် ဖှေး၏စကားလုံးများထဲတွင်လည်း ပို၍နက်ရှိုင်းသည့် အဓိပ္ပါယ်များရှိနေသည်ဟုခံစားမိသဖြင့် ဘာမှမပြောတော့ပဲ တဲအတွင်းမှ တိတ်ဆိတ်စွာထွက်ခွာသွား၏။

......

ညနေခင်းတွင် ဖှေးသည်မကောင်းဆိုး၀ါးများသတ်ဖြတ်ပြီး လယ်ဗယ်မြှင့်တင်ရန်အတွက် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့၀င်ရောက်လာခဲ့သည်။

နှစ်ညတာခန့်ကြိုးစားပြီးသည့်အချိန်တွင် ဖှေးသည် ပန်ဒီမိုနီရမ်ခံတပ်မြေပုံ၏ပထမဆုံးအလုပ်နှစ်ခုကို ပြီးမြောက်သွားပြီဖြစ်သည်။ သူသည် ကျဆုံးသွားသည့်နတ်သားကိုသာသတ်ဖြတ်ခဲ့သည်မဟုတ်ပေ။ မီးမြစ်အတွင်းမှ ငရဲမီးတူကိုလည်းရှာတွေ့ခဲ့ပြီး နတ်ဆိုးဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်သူ ဟီဖက်ဆို၏ ၀ိဉာဥ်ကျောက်တုံးကိုလည်း ထုချေကာ ဖျက်ဆီးခဲ့သည်။ထို့နောက်တွင် ဒိုင်ယာဘလိုကမ္ဘာ၏နောက်ဆုံးခေါင်းဆောင်ကြီးသာ ကျန်ရှိတော့သည်ဟုဆိုနိုင်၏။

လက်ရှိတွင် ပန်ဒီမိုနီရမ်ခံတပ်၏ တတိယမြောက်အလုပ်ဖြစ်သည့် ခြောက်ခြားခြင်း၏အဆုံးသတ်ကို တစ်၀က်ခန့်ပြီးမြောက်သွားပြီဖြစ်သည်။

ဤအလုပ်၏ပစ်မှတ်မှာ နောက်ဆုံးခေါင်းဆောင်ကြီး ဒိုင်ယာဘလိုဖြစ်သည့်အတွက် ပြီးမြောက်ရန်မှာ အလွန်ခက်ခဲလှသည်။ မီးမြစ်အား ဖြတ်သန်းလာပြီးသည့်နောက်တွင် ဖှေးသည် ကစဥ်ကလျားရှုခင်းမြေကို ၀င်ခွင့်ရသွား၏။ သူနန်းတော်ထဲသို့၀င်ပြီး ကန့်သက်ခြင်းငါးပါးကိုဖွင့်ကာ နတ်ဆိုးနှင့်မကောင်းဆိုး၀ါးများစွာကိုသတ်ဖြတ်ပြီးပါက ခေါင်းဆောင်ကြီးဒိုင်ယာဘလိုရောက်ရှိလာမည်ဖြစ်သည်။ မစ်ရှင်မှာ ဒိုင်ယာဘလိုအား သတ်ဖြတ်ရန်ပင်။

လွန်ခဲ့သည့်နှစ်ညလုံးတွင် ဖှေးသည် ကန့်သက်ခြင်းသုံးပါးကို ဖွင့်ခဲ့ပြီးဖြစ်ပြီး မကောင်းဆိုး၀ါးအတော်များများကို သတ်ဖြတ်ပြီးဖြစ်သည်။

ဖှေး၏လူရိုင်းဇာတ်ကောင်သည် လက်ရှိတွင် လယ်ဗယ်၈၃သို့ရောက်ရှိသွားပြီဖြစ်ပြီး သူသည် အလွန်အစွမ်းထက်နေပြီဖြစ်သည်။

All Chapters