အခန်း (၄၃၇)
Vol. 29 Ch. 437
သူသည် အဆင့်၅ လိမ္မော်ရောင်ပစ္စည်းတစ်ချို့ကိုလည်း ရရှိထားသည်။ သို့သော် ထိုပစ္စည်းများသည် ဖှေး NPCများထံမှ ပိုက်ဆံအများကြီးပေးခါ၀ယ်ယူခဲ့သည့် ပစ္စည်းများလောက်သိပ်ပြီးမကောင်းလှပေ။ ထို့ကြောင့် ဖှေးသည် အတန်အသင့်ကောင်းသည့်ပစ္စည်းတစ်ချို့ကိုသာ ထားသိုရာအကန့်အတွင်းသို့သိမ်းထားလိုက်ပြီးကျန်ရှိနေသည့် ပစ္စည်းများကို ရောင်းလိုက်သည်။
အကန့်သက်တစ်ခုအား ဖွင့်လိုက်သည့်အချိန်တိုင်းအတွင် အဆင့်မြင့်မကောင်းဆိုး၀ါးများစွာ ထွက်လာမည်ဖြစ်သောကြောင့် ဖှေးသည် အကန့်သက်ငါးပါးလုံးကို တစ်ခါတည်းဖြင့် မဖွင့်ရဲပေ။ သူသည် ဖြေးဖြေးခြင်းသာ ဆောင်ရက်သွားရန်ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် အကန့်သက်ငါးခုလုံးကိုဖွင့်ပြီးပြီဖြစ်ပြီး ငါးနာရီကြာပြီးနောက်တွင် မကောင်းဆိုး၀ါးများအားလုံးကို သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။
အနီရောင်ကျောက်တုံးများ၊ ငရဲပြည်မှချော်ရည်များဖြင့်ပြည့်နှက်နေသည့် နန်းတော်ထဲတွင် ကြီးမားသည့်ငလျင်တစ်ခုဖြစ်ပေါ်ပြီးချိန်တွင် စိတ်ဆိုးကျယ်လောင်စွာဟိန်းဟောက်နေသည့် အသံများထွက်ပေါ်လာသည်။ ဒိုင်ယာဘလိုရောက်ရှိလာပြီဖြစ်သည်။
ဤငရဲသခင်ကြီးတွင် အနီရောင်ကြွက်သားများစွာရှိနေပြီး သူ၏ကြောပေါ်တွင် ကြီးမားသည့်အဖြူရောင်အရိုးဆူးချွန်ငါးခုရှိနေသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ထိခိုက်မှုများကို ပေးနိုင်စွမ်းရှိပြီး မြင့်မားသည့် ပြန်လည်ကုသနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့ပတ်လည်တွင် စွမ်းအားမြင့်အရှိန်၀ါများနှင့်အတူ သူ၏ဟိန်းဟောက်သံတစ်ခုကပင်အပြင်ကမ္ဘာမှ ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်၏။
ဖှေးနှင့် အယ်လီနာတို့အတတ်နိုင်ဆုံးလှည့်ပတ်ရှောင်ရှားပြီးသည့်နောက်တွင် သူတို့သည် ဤနောက်ဆုံးခေါင်းဆောင်ကြီးကို သတ်ဖြတ်နိုင်သွားပြီဖြစ်သည်။
ဒိုင်ယာဘလိုသေဆုံးသွားသည့်အချိန်တွင် ရောင်စုံပစ္စည်းများစွာမြေပြင်ပေါ်သို့ ကျဆင်းလာ၏။ ထိုပစ္စည်းများထဲတွင် အစိမ်းရောင်စုံလိုက်ပစ္စည်းနှစ်ခုပါရှိသည်။ သို့သော် ဖှေးထံတွင် ထိုပစ္စည်းများကိုကောက်ယူရန်အတွက် အချိန်မရှိသေးပေ။ သူ၏ယနေ့အတွက် အများဆုံးဂိမ်းကစားနိုင်သည့်အချိန်အကန့်သက်မှာ ပြီးဆုံးတော့မည်ဖြစ်သောကြောင့်ပင်။ အယ်လီနာသည် ဒိုင်ယာဘလိုကမ္ဘာမှဖြစ်သောကြောင့် မြေပြင်ပေါ်မှ ပစ္စည်းများကို မြင်နိုင်ခြင်းမရှိသည့်အတွက် ဖှေးအတွက် ကောက်ယူပေးနိုင်ခြင်းမရှိပေ။ ဖှေးကိုယ်တိုင်သာ နောက်တစ်ကြိမ်ဂိမ်းကစားသည့်အချိန်ရောက်မှ ထိုပစ္စည်းများကိုကောက်ယူနိုင်တော့မည့်ပုံပင်။
ယခုအချိန်တွင် လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၈၄သို့ရောက်ရှိသွားပြီဖြစ်သည်။
......
စခန်းချနေရာတစ်၀ိုက်တွင် ရာသီဥတုအခြေအနေမှာ သိပ်ပြီးမကောင်းလှပေ။ မနက်ခင်း၈နာရီပင်ဖြစ်နေပြီဖြစ်သော်လည်း ကောင်းကင်မှာ မှောင်မဲနေဆဲပင်။ အမဲရောင်တိမ်တိုက်များသည် နေရောင်အား ကာဆီးနေသည့် နတ်ဆိုးများကဲ့သို့ပင်။ နေရောင်ခြည်နှင့် လေညှင်းတစ်စုံတစ်ရာမရှိသည့်အတွက် ကြောက်မက်ဖွယ်ကောင်းသည် လေထုဖြစ်ပေါ်နေလျှက်ရှိသည်။
ဖှေး အန်ဂျယ်လာနှင့် အတူနိုးထလာပြီးနောက်တွင် မိဖုရားလောင်း၏အကူညီဖြင့် ခြေလက်ဆေးကြောကာ တဲအတွင်းမှ လမ်းလျှောက်ထွက်သွား၏။ သို့သော် မကောင်းသည့်အရှိန်၀ါတစ်ချို့ကို ခံစားလိုက်မိသဖြင့် ချက်ချင်းပင်မျက်မှောင်ကြုံ့လိုက်သည်။
နာရီ၀က်ခန့်ကြသည့်အချိန်တွင် ရွှေရောင်ချပ်၀တ်များ၊ ရွှေရောင်ဦးဆောင်းများ၀တ်ဆင်ထားသည့်မြင်းစစ်သည်များနှင့် အတူရထားလုံးများသည် စခန်းချနေရာသို့ရောက်ရှိလာသည်။ နောက်ထပ်နာရီ၀က်ခန့်စောင့်ပြီးသည့်အချိန်တွင် သူတို့သည် ထိပ်တန်းစစ်သည်၂၅ယောက်အား သိုင်းပညာတောင်ထိပ်ပေါ်သို့ ခေါ်ဆောင်သွား၏။
တိုက်ပွဲကို နေ၀င်ချိန်တွင်ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေရာမှ သိုင်းပညာတောင်ထိပ်တွင်ဖြစ်သည်။
ပွဲကြည့်နေရာရရှိခဲ့သည့် ကံကောင်းသည့်လူများသည် နေမ၀င်ချိန်တွင်ရောက်ရှိရမည်ဖြစ်ပြီး ပွဲမစတင်မှီအချိန်ထိသက်မှတ်ထားသည့်နေရာတွင်သာ ထိုင်နေရမည်ဖြစ်သည်။
ဤသည်မှာ ရှားပါးသည့်အခွင့်ရေးတစ်ခုပင်ဖြစ်ပြီး ခေါင်းမာသည့် ဓားတစ်လက်သူရဲကောင်းသည် သူ၏လက်စွဲတော်ဓားရှည်ကို အစောင့်စစ်သည်များလက်ထဲသို့ ခနအပ်ခဲ့လိုက်သည်။ တိုက်ပွဲကြည်ရှုရန်လာရောက်သည့်လူများသည် လက်နက်များကို ယူဆောင်လာခွင့်မရှိပဲ တင်းကြပ်စွာစစ်ဆေးခံရမည်ဖြစ်သောကြောင့်ပင်။
သိုင်းပညာတောင်သည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် တည်ရှိသည်။ အ၀ေးမှကြည့်ပါက ထိုတောင်သည် ပွင့်နေသည့်ကြာပန်းတစ်ခုကဲ့သို့ပင်။ စုစုပေါင်းတောင်ဆယ့်တစ်လုံးခန့်ရှိပြီး ပို၍နိမ့်သည့်တောင်ဆယ်လုံးသည် အမြင့်ဆုံးဖြစ်သည့်တောင်ကြီးတစ်ခုကို ပတ်ပတ်လည်၀ိုင်းကာ တည်ရှိနေကြသည်။ တောင်များစွာရှိနေသော်လည်း နေရာများစွာယူထားခြင်းမရှိပေ။ တောင်များ၏အလျားလိုက်အကျယ်၀န်းမှာ ၅ကီလိုမီတာခန့်သာရှိ၏။
ထိုတောင်ချွန်၁၁ခုသည် မြေပြင်ပေါ်မှ ထောင်ထွက်လျှက်ရှိနေပြီး ဘေးတွင် တစ်ခြားတောင်များ၊ တောင်ကုန်းများမရှိသောကြောင့် ထူးခြားနေသည်။ အပြင်တွင်ရှိသည့် တောင်ဆယ်လုံးမှာ အလွန်ပင်မက်စောက်လှပြီး တစ်ချို့တောင်တန်းများသည် တစ်ခြားဘက်သို့ပင် တိမ်းစောင်းနေည်။ သူတို့အပေါ်တွင် အဖြူရောင်ကျောက်တုံးများဖုံးလွှမ်းနေလျှက်ရှိသည်။
ထင်ရှားသည့် ခရီးသွားကဗျာဆရာတစ်ဦးသည် သိုင်းပညာတောင်တန်းများကို နတ်ဘုရားတစ်ပါး၏လက်များ ဓားတစ်လက်အား ကိုင်ထားသကဲ့သို့ပင်ဟု ရေးဖွဲ့ဖူး၏။
ဖှေးအပါ၀င်လူများစွာသည် တောင်ဘက်တွင်ရှိသည့် တတိယမြောက်တောင်သို့ အစောင့်များ၏ခေါ်ဆောင်သွားခြင်းကို ခံရ၏။ ဤတောင်ဘက်တွင်ရှိသည့် တောင်သည် မီတာ၆၀၀ခန့်မြင့်မားပြီး အပြင်ဘက်သို့ အနည်းငယ်တိမ်းစောင်းနေလျှက်ရှိသည်။ တောင်ထိပ်အစွန်းမှ အောက်သို့ငုံ့ကြည့်လိုက်မိပါက ဤတောင်ကြီးသည်ပြိုကျတော့မည့်အတိုင်းပင်ဖြစ်နေ၏။ ဤကဲ့သို့ဖြစ်သော်လည်း ဤတောင်သည် တစ်ခြားတောင်များနှင့် နှိုင်းယှဥ်ကြည့်ပါက အပြေပြစ်ဆုံးတောင်တန်းတစ်ခုပင်။
ယနေ့တွင် နေရောင်ခြည်ကောင်းစွာမရရှိသဖြင့် တောင်ခြေတွင် အလွန်စိုစွတ်နေလျှက်ရှိသည်။ ရေညှိများနှင့် နွယ်ပင်များစွာလည်းရှိနေကြပြီး အဆိပ်ပြင်းမြွေများ၊ ပိုးကောင်များစွာလည်း ကျက်စားနေလျှက်ရှိသည်။ ဤနေရာအား တော်၀င်မိသားစုကိုယ်တိုင်ကန့်သက်ထားသောကြောင့် လူသူအရောက်အပေါက်နည်းကာ တိတ်ဆိတ်ငြိမ်သက်နေလျှက်ရှိသည်။
ဤတောင်ခြေတွင် ကျဥ်းမြောင်းကာ မှောင်မဲနေသည့် လမ်းကြောင်းတစ်ခုရှိနေသည်။ ထိုလမ်းကြောင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် လမ်းကြောင်းအာ ပြန်လည်ကာ ပြုပြင်မွမ်းမံထားကြသည်ဟုလည်းဆိုကြ၏။ ယခုအချိန်တွင် ထိုလမ်းကြောင်းသည် သိုင်းပညာတောင်ထိပ်သို့ တိုက်ရိုက် ရောက်ရှိသည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ပွဲကို ကြည့်ခွင့်ရသည့် ကံကောင်းသည့်လူများသည် ဤလမ်းကြောင်းမှ တဆင့် တောင်ထိပ်သို့ တက်ရောက်သွားရမည်ဖြစ်သည်။
အဖွဲ့၀င်တိုင်းပြည်မှ သိုင်းဆရာများမရောက်ရှိမီ ဤလမ်းကြောင်းမှတဆင့်အပေါ်သို့တက်ရောက်သွားသည့် အဖွဲ့၇ဖွဲ့ခန့်ရှိနေပြီဖြစ်သည်။
ဤကဲ့သို့ အစဥ်လိုက်တက်ရောက်ခြင်းသည် ရာထူးအရှိန်၀ါကွာခြားမှုကို ကိုယ်စားပြုနေခြင်းပင်။ ဖှေးနှင့် သူ့ပတ်လည်တွင်ရှိနေသည့် လူများမှာ အဖွဲ့၀င်တိုင်းပြည်များမှ ဆရာများသာဖြစ်သည့်အတွက် သူတို့၏ရာထူးအရှိန်၀ါမှာ တစ်ခြားတိုင်းပြည်မှ သံတမန်များ၊ မဟာဘုရားကျောင်းနှင့် မြို့တော်အတွင်းမှ ဆွေကြီးမျိုးကြီးမိသားစုများထက်ပို၍ နိမ့်ကျသည်ဟုဆိုရမည်ဖြစ်သည်။ သို့သော် တိုက်ပွဲကို ကြည့်ခွင့်ရသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သဖြင့် မကျေနပ်ဖြစ်စရာအကြောင်းမရှိပေ။
တောင်ခြေတွင် ဖှေးနှင့် တစ်ခြားစစ်သည်များသည် အင်ပါယာအစောင့်တပ်ဖွဲ့စစ်သည်များ၊ တော်၀င်မှော်ဆရာများ၏ တင်းကြပ်စွာထက်မံ၍ စစ်ဆေးခြင်းကို ခံနေရပြန်သည်။ ဤလူများအား အတည်ပြုပြီးသည့်နောက်တွင် လူတိုင်း၏ ပစ္စည်းသိမ်းမှော်လက်စွပ်များကို ခနထိန်းသိမ်းထားလိုက်သည်။ ဤကဲ့သို့ပြုလုပ်ပြီးမှ ဖှေးတို့တပ်ဖွဲ့အား ရှေ့သို့ ဆက်သွားခွင့်ပြုလိုက်သည်။
လုံခြုံရေးမှာ အလွန်တင်းကြပ်နေသည်ဟုဆိုရမည်ဖြစ်သည်။
လမ်းကြောင်း၀င်ပေါက်သို့ ရောက်သည့်အချိန်တွင် ဖှေးခရမ်းရောင်အ၀ိုင်းပြားပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားသည့် တော်၀င်အစောင့်စစ်သည်များကို တွေ့လိုက်ရသည်။ ဤပစ္စည်းသည် လူတိုင်းအား စကန်ဖတ်ရှုစစ်ဆေးသည့် ခရမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေလျှက်ရှိသည်။ တစ်နည်းတစ်ဖုံဖြင့် ထိုခရမ်းရောင်အလင်းတန်းသည် အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ သိုင်းဆရာတစ်ယောက်အပေါ်သို့ ကျရောက်သည့်အချိန်တွင် အလွန်မင်းတောက်ပလာ၏။ ထို့နောက်တွင် ထိုသိုင်းဆရာအား လက်ထိပ်ခတ်လိုက်ပြီး အစောင့်စစ်သည်များခေါ်ဆောင်သွားကြသည်။
သူတို့ သိုင်းပညာတောင်ထိပ်သို့မရောက်ခင်မှာပင် သိုင်းဆရာ ၂၅ယောက်ထဲမှ တစ်ယောက်သည် ဖမ်းဆီးခြင်းခံလိုက်ရပြီဖြစ်သည်။
တောင်ကြားလမ်းမှာ တောင်ခြနှင့် နှိုင်းယှဥ်ပါကများစွာပို၍ခြောက်သွေ့နေလျှက်ရှိသည်။ ငါးမီတာခန့်လမ်းလျှောက်ထာပြီးတိုင်းတွင် အ၀ါရောင်မှော်အလင်းတန်းများပေါ်လာကာ လမ်းကြောင်းကို ပြသပေးနေလျှက်ရှိသည်။ သူတို့ တစ်နေရာသို့ ရောက်သည့်အချိန်တွင် ထိုအလင်းတန်းများသည်တောက်ပလာပြီး လမ်းကြောင်းပြပေးမည်ဖြစ်ပြီး ကျော်လွန်သွားသည့်အချိန်တွင် မှေးမှိန်ကာ ပျောက်ကွယ်သွားမည်ဖြစ်သည်။
လမ်းကြောင်းသည် အကွေ့ကောင်များလှသည်။ အနည်းငယ်သွားပြီးသည့်နောက်တွင် အရပ်မျက်နှာကိုပင် ပြောရန်အတွက် ခဲယဥ်းလာ၏။ သို့သော် လမ်းမာမက်စောက်နေသည့်အတွက် အပေါ်သို့တက်နေခြင်းဖြစ်ကြောင်းကိုမူ ပြောနိုင်ကြ၏။ တကယ်တန်းတွင် လမ်းကြောင်းတစ်ချို့အား အလျားလိုက် သံမဏိချိန်းကြိုးများနှင့် သွယ်ဆက်ထားပြီး တွယ်တက်ရန်မှ တစ်ပါးတစ်ခြားရွေးချယ်စရာမရှိပေ။
ကံကောင်းစွာပင် အဖွဲ့၀င်တိုင်းပြည်များမှ ထိပ်တန်းစစ်သည်များဖြစ်သည့်အတွက် အားအနည်းဆုံးလူကပင် ကြယ်လေးလုံးအဆင့်ခန့်ရှိသောကြောင့် သွားလာရာတွင် သိပ်ပြီးအခက်ခဲကြုံတွေ့ရခြင်းမရှိပေ။
တောင်၀င်စစ်သည်များ၏အနောက်မှ လိုက်ပါလာရင်းဖြင့် မိနစ်သုံးဆယ်ခန့်ခရီးဆက်လာပြီးအချိန်တွင် ဖှေးသည် လေတိုးသံတစ်ချို့နှင့် သဘာ၀အလင်းရောင်တစ်ချို့ကို မြင်နိုင်ကြားနိုင်လာပြီဖြစ်သည်။ နောက်ထပ်မိနစ်အနည်းငယ်ခန့်ကြသည့်အချိန်တွင် မီတာ၁၀၀ခန့်ကျယ်၀န်းသည့် လွင်ပြင်တစ်ခုကိုရောက်ရှိလာပြီးမြင်ကွင်းမှာ ကျယ်ပြန့်သွားတော့သည်။
လွင့်ပြင်ပေါ်တွင် အညိုရောင်၀တ်ရုံများ၀တ်ဆင်ထားသည့်အသက်လတ်ပိုင်းအရွယ်ယောက်များ၁၂ယောက်ခန့်ရှိနေ၏။ သူတို့၏နောက်ကျောများတွင်လည်း ဓားရှည်များနှင့် သစ်သားဒိုင်းကာများကိုလွယ်ထားကြသည်။
ဖှေးသည် ဤတိုက်ပွဲ၏အရေးကြီးမှုကိုအာရုံခံလိုက်မိသည်။
လမ်းပြအဖြစ်လိုက်ပါလာသည့် အင်ပါယာစစ်သည်၅ယောက်လုံးသည် ကြယ်ငါးလုံးအဆင့်စစ်သည်များဖြစ်ကြပြီး အညိုရောင်၀တ်ရုံနှင့် လူများသည်လည်း ကြယ်ငါးလုံးအဆင့်စစ်သည်များ့ပင်။ သူတို့၏လှုပ်ရှားမှုများမှာ မြဲမြံပြီးခိုင်မာနေပြီးမြဂုဏ်သတ္တိအတွင်းအား စွမ်းအင်များကို အသုံးပြုကြပုံရသည်။ ဤလူများ၀တ်ဆင်သည့်ပုံမှာလည်း ကွဲပြားခြားနားသည်ဟုဆိုရမည်ဖြစ်သည်။ သူတို့သည် အင်ပါယာစစ်သည်များနှင့်တူညီခြင်းမရှိပေ။ ဖှေးထင်သည်မှန်ပါက ဤလူများသည် သိုင်းပညာတောင်ပေါ်မှ သိုင်းဆရာများဖြစ်မည့်ပုံပင်။
“ချွင် ချွင် ချွင် ချွင်...”
သတ္တုခြင်းရိုက်ခတ်သည့်အသံများစွာထွက်ပေါ်လာသည့်အအတွက် လူအတိုင်းအပေါ်သို့ မော့ကြည့်လိုက်မိကြသည်။ သူတို့သည် တတိယမြောက်တောင်ထိပ်ပေါ်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ၂၀မီတာခန့်အမြင့်ရှိသည့် စစ်ပွဲနတ်ဘုရားရုပ်တုကြီးများရှိနေသည်။ ထိုရုပ်တုများ၏အနောက်တွင် မီတာ၆၀၀ခန့်မြင့်မားသည့်တောင်စောင်းကြီးတစ်ခုပင်။ တိမ်တိုက်များသည် လူများ၏ အမြင်များကို ပိတ်ဆို့ထားပြီး လေတိုက်ကြမ်းသောကြောင့် တစ်ယောက်နှင့်တစ်ယောက်စကားပြောရန်ပင်ခက်ခဲနေ၏။
သတ္တုခြင်းရိုက်ခတ်သည့်အသံများသည် လွင့်ပြင်၏အစွန်းတွင်ရှိသည့် အမဲရောင်ချိန်းကြိုးကြီးများထံမှ လာရောက်နေခြင်းပင်။
အမဲရောင်ချိန်းကြိုးများစွာသည် စစ်ပွဲနတ်ဘုရားရုပ်တုတစ်ခုတည်ရှိနေသည့်နေရာတွင်ရှိနေကြပြီး ကြိုးများ၏အစွန်းတစ်ဖက်မှာ တိမ်တိုက်များပေါ်တွင်ရှိနေကြသည်။ လေတိုက်ခိုက်သည့်အချိန်တွင် ထိုသံမဏိချိန်းကြိုးများသည် လှုပ်ရှာပြီးတစ်ခုနှင့်တစ်ခုတိုက်ခတ်ကာ ဆူညံသံများထွက်ပေါ်လာခြင်းပင်။
“ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ကြပါ။” ရှေ့မှ ခေါင်းဆောင်နေသည့် အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် ဖှေးတို့အဖွဲ့ကို ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။ သူသည် လွင်ပြင်အစွန်းသို့လမ်းလျှောက်သွားပြီး သံမဏိချိန်းကြိုးတစ်ခုပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက်တွင် ချိန်းကြိုးမှတဆင့် အပေါ်သို့တွယ်တက်ရင်းဖြင့် အဖြူရောင်တိမ်တိုက်များထဲသို့ ၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
လူတိုင်းအံ့သြသွားကြ၏။
တောင်တန်းမှာ အလွန်မြင့်မားပြီး လေတိုက်နှုန်းသည်လည်း ပြင်းထန်လှသည်။ အကယ်၍ တစ်စုံတစ်ယောက်ပြုတ်ကျလိုက်ပါက သူသည် ချက်ချင်းပင်သေဆုံးသွားမည်ဖြစ်သည်။
“လူတိုင်းက ချိန်းကြိုးတွေပေါ်ကနေခိုတက်ရမှာလား။ ဒီချိန်းကြိုးတွေက ဘယ်ကိုသွားတာလဲ...”
လူများစွာ တွန့်ဆုတ်နေကြသည်။
ခနတာတိတ်ဆိတ်နေပြီးနောက်တွင် ငွေရောင်ချပ်၀တ်ဓားသွားသည် ခါးထောက်လိုက်ပြီး ရယ်မောလိုက်သည်။ “မင်းတို့ကောင်တွေက စောက်ကြောက်တွေပဲ။ ငါပြမယ်...”
သူထိုကဲ့သို့ ပြောပြီးနောက်တွင် သံမဏိချိန်းကြိုးတစ်ခုပေါ်သို့ ခိုတက်လိုက်ပြီး တိမ်တိုက်များထံသို့ ၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
တစ်ယောက်ယောက်တက်သွားပြီဖြစ်သောကြောင့် ကျန်ရှိနေသည့်လူများလည်းလိုက်ပါပြီးတက်ကြတော့သည်။
ဤတစ်ကြိမ်တွင်မူ မင်းသမီးစင်ဒီအား လူတိုင်းအားကျသွားရသည်။ မန္တန်တစ်ချို့ရွှတ်ဆိုလိုက်ပြီးသည့်နောက်တွင် သူမ၏နောက်ကြောတွင် အစိမ်းရောင်အတောင်ပံနှစ်ဖက်ပေါ်လာ၏။ ထို့နောက်တွင် အတောင်ပံအနည်းငယ်ခတ်လိုက်ပြီးနောက်တွင် သူမသည် အဖြူရောင်တိမ်တိုက်များထံသို့ ပျံသန်းသွားကာ ပျောက်ကွယ်သွားတော့သည်။ ဤနေရာတွင် မှော်ဆရာများသည် အားသာနေသကဲ့သို့ပင်။
မကြာမှီတွင် တောင်ခြေတွင်သိုင်းဆရာတစ်ချို့သာ ကျန်ရှိတော့၏။ သူတို့သည် အားအနည်းဆုံးများပင်။ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးသည့်နောက်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူများ၏တိုက်ပွဲကို ကြည့်ရှုလိုစိတ်အား မထိန်းနိုင်သဖြင့် အရဲစွန့်ကာ သံမဏိချိန်းကြိုးများပေါ်သို့ ခုန်တက်ကာ တွယ်တက်သွားကြတော့သည်။
ဖှေးသည် ချိန်းကြိုးပေါ်သို့နောက်ဆုံးမှ ခုန်တက်လိုက်သည်။ သူသည် လူတိုင်းအပေါ်သို့တက်သွားပြီးမှ စတင်လှုပ်ရှားခြင်းဖြစ်သည်။
သူသည်တစ်စုံတစ်ရာကို တွေးနေခဲ့သည့်အတွက်ကြောင့်ပင်။ ဓားများ၊ သစ်သားဒိုင်းကာများနှင့် အသက်လတ်ပိုင်းလူများကို မြင်တွေ့လိုက်ရအပြီးတွင် သူသည် အလွန်ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ ဤခံစားချက်သည် ရင်းနှီးသလိုလိုရှိသော်လည်း ကွဲပြားနေသည့်ခံစားချက်မျိုးပင်။ သူသည် နိုးလာသည့်အချိန်ကတည်းက ဆိုး၀ါးသည့်ခံစားချက်တစ်ခုကို ခံစားနေရလျှက်ရှိကာဖြစ်ရပ်ဆိုးတစ်ခုဖြစ်ပွားတော့မည်ဟု တွေးနေမိ၏။ ယခုအချိန်တွင် ထိုခံစားချက်များသည် ပို၍ သန်မာလာနေပြီဖြစ်သည်။
သို့သော် လက်ရှိတွင်ထိုအကြောင်းကို စဥ်းစားနေချိန်မရသေးပေ။
သူသည် သံမဏိချိန်းကြိုးတစ်ခုပေါ်သို့ခုန်တက်လိုက်ပြီး လျှင်မြန်စွာရွှေ့လျားလိုက်သည်။ ဤချိန်းကြိုးများပေါ်မှ တွယ်တက်ရမည်မှာ သူ့အတွက်ခက်ခဲလှမည်မဟုတ်ပေ။
ဤအခိုက်တန့်တွင် အော်ဟစ်သံတစ်ခုထွက်ပေါ်လာ၏။