အခန်း (၄၃၈)
Vol. 29 Ch. 438
သံမဏိချိန်းကြိုးများ၏အဆုံးဘက်တွင် ကြီးမားသည့် ကျောက်သားရင်ပြင်တစ်ခုရှိ
နေသည်။ ထိုရင်ပြင်သည် တတိယတောင်ထိပ်တွင်ရှိနေသည့် ရင်ပြင်ထက်ပို၍
ကြီးမားပြီး တိမ်တိုက်များကြားထဲတွင်တည်ရှိနေသည်။ အကွာ၀ေးမှာ တတိယတော
င်ထိပ်နှင့် မီတာ၁၀၀၀ခန့်သာ ကွာ၀ေးသဖြင့် သိုင်းဆရာများဤနေရာသို့ရောက်လာ
ရန်အတွက် မိနစ်အနည်းငယ်ခန့်သာ ကြာလိုက်သည်။ မကြာမှီတွင် လာရောက်သ
ည့်ထဲမှ လူတစ်ချို့ပျောက်ဆုံးနေသည်ကို သတိထားလိုက်မိသည်။
သို့သော် ပျောက်ဆုံးနေသည့်ထဲမှ တစ်ယောက်သည် ချမ်းဘော့ဒ်ဘုရင်ဖြစ်သည့်အ
တွက် အနည်းငယ်ထူးဆန်းနေသည်။
လူတိုင်းအံ့သြနေကြသည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည် လက်တစ်ဖက်စီတွင်
လူတစ်ယောက်စီကို သယ်ဆောင်ရင်းဖြင့် ရောက်ရှိလာ၏။
“ကျေးဇူးပါအရှင်မင်းကြီး...”
“ကျွန်တော့ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါအရှင်မင်းကြီး...”
ထိုလူနှစ်ယောက်မြေပေါ်သို့ ရောက်ရောက်ခြင်းပင် ဖှေးအား ခေါင်းငုံ့အရိုသေပေးကာ
ကျေးဇူးတင်စကားပြောလိုက်ကြသည်။ ထိုလူနှစ်ယောက်သည် ပြင်းထန်သည့်လေပြ
င်းကြောင့် ဟန်ချက်ပျက်ကာ တောင်ပေါ်မှပြုတ်ကျသွားသည့်အချိန်တွင် ချမ်းဘော့
ဒ်ဘုရင်မှ ကယ်တင်လိုက်သည့်ပုံပင်။ ဤလူများသည် ဖှေးအား အလွန်ကျေးဇူးတ
င်နေလျှက်ရှိကြသည်။
တစ်ခုရှိသည်မှာ ဖှေးတို့အဖွဲ့ဆက်သွားရမည့်လမ်းသည် သံမဏိချိန်းကြိုးများပေါ်မှ
ဆက်လက်၍ တွယ်တက်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဤလူများသည် ဆက်ပြီး
မတက်ရဲကြတော့ပေ။ သူတို့သည်ဤနေရာ၌တွင်သာ နေခဲ့ကြမည်ဖြစ်ပြီး လူများ
၏အကူဖြင့်အောက်သို့ပြန်ဆင်းသွားတော့မည်ဖြစ်သည်။
သံချိန်းကြိုးခြောက်ခုခန့်ကို တွယ်တက်လာခဲ့ပြီးသည့်နောက်တွင် ဖှေးတို့အဖွဲ့သည်
အလည်ခေါင်တွင်ရှိသည့် တောင်၏ တစ်၀က်ခန့်သို့ရောက်ရှိနေပြီဖြစ်သည်။
သိုင်းပညာတောင်ပေါ်သို့ တက်ရသည့်လမ်းကြောင်းမှာ အလွန်အန္တရာယ်များလှသဖြင့်
ကြယ်၄လုံးအဆင့်စစ်သည်များပင် တက်ရောက်နိုင်ရန်အတွက် ခက်ခဲလှသည်။ သာ
မန်စစ်သည်တပ်ဖွဲ့များသည် သိုင်းပညာတောင်အား သိမ်းပိုက်ရန်မှာမဖြစ်နိုင်ပေ။
တောင်ပေါ်သို့ တစ်၀က်ခန့်တက်ရောက်လာခဲ့ပြီးတွင် သာမန်တောင်တက်လမ်းတစ်ခု
ရှိနေသည်မှာ ကံကောင်းသည်ဆိုရမည်။ ထို့ကြောင့် တက်ရောက်ရသည်မှာ အန
ည်းငယ်လုံခြုံသွားပြီဖြစ်သည်။
အကွေ့ကောက်များပြီး ရှည်လျားသည့်လမ်းပေါ်မှ သွားလာပြီးသည့်အချိန်တွင် လူ
များစတင်၍ စိတ်မရှည်ဖြစ်လာသည့်အချိန်မှာပင် သဘာ၀အလင်းရောင်များကိုမြင်
လိုက်ရသည်။ လူတိုင်းသည် အရှေ့သို့ပြေးသွားပြီး လိုဏ်ဂူအတွင်းမှ ထွက်လိုက်
ကြသည်။
သူတို့အပြင်သို့ လမ်းလျှောက်ထွက်ခွာပြီးသည့်အချိန်တွင် အံ့သြသွားကြ၏။
တောင်ကုန်းများ၊ အစိမ်းရောင်မြက်ခင်းပြင်များ၊ ပွင့်နေသည့် ပန်းများ၊ ရှည်လျား
သည့်သစ်ပင်များ၊ ညင်သာစွာတိုက်ခတ်နေသည့် လေညှင်းများ၊ စီးဆင်းနေသည့်မြ
စ်များ၊ ယဥ်ပါးသည့် တိရစ္ဆာန်များ...ရှိနေသည့်အတွက်ပင်။ ဇီးနစ်အင်ပါယာတွင်
ဆောင်းတွင်းအနေထားဖြစ်သော်လည်း ဤနေရာတွင် နွေဦးရာသီဖြစ်နေသကဲ့သို့နေပ
င်။
ဤနေရာသည် အပြင်လောက၏ ဆူညံသံများ၊ ပဍိပတ်ခများနှင့် ကန့်သက်ထား
သကဲ့သို့ပင်ဖြစ်နေပြီး ဤနေရာမှ လေကို ရှူရုံဖြင့်ပင်လူများကို သူတို့၏ ပြသ
နာများ၊ စိုးရိမ်စိတ်များကို မေ့လျှော့သွားစေသည်။
“ပွဲကြည့်နေရာက အရှေ့တင်ပါ။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ကြပါ။”
သိုင်းပညာတောင်တန်းပေါ်မှ သိုင်းဆရာ၁၂ယောက်သည် ဖှေးတို့အုပ်စုအား ဤနေ
ရာသို့ ပို့ဆောင်ပြီးသည့်အချိန်တွင် ချက်ချင်းပင်ပြန်ထွက်သွား၏။ နောက်တွင်ဓား
လွယ်ထားသည့် ပို၍ငယ်ရွယ်သည့် သိုင်းဆရာနှစ်ယောက်ရောက်လာကာ ဖှေးတို့အု
ပ်စုကို နှုတ်ဆက်လိုက်သည်။ သူတို့သည် ဤကဲ့သို့တုန့်ပြန်မှုနှင့် ရင်းနှီးနေသကဲ့သို့ပင်
အံ့သြနေကြသည့် လူအုပ်ကိုလှုပ်နှိုးလိုက်၏။
လူတိုင်းသည် တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်နေကြပြီး မျက်လုံးများထဲတွင်
အံ့သြမှုများဖြည့်နက်နေကြသည်။ မည်သူမှ တောင်ထပ်တွင် ဤကဲ့သို့သာယာလှမ
ည်ဟု ထင်မထားမိခဲ့သည့်အတွက်ပင်။ လေထုတဲတွင်လည်း အတွင်းအားစွမ်းအင်
များဖြင့်ပြည့်နှက်နေသည့်အတွက် သိုင်းပညာကျင့်ကြံရန်မှာလည်း အထူးကောင်းမွန်
လှသည်။
ငယ်ရွယ်သောစစ်သည်များမှ လမ်းပြနေသဖြင့် လူအုပ်သည်နောက်မှသာ အသာလို
က်သွားကြ၏။
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာဟူသည့် နာမည်မှာ မှတ်တိုင်တစ်ခု
ကဲ့သို့ပင်။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာဟူသည့် ရာထူးကို ဇီးနစ်
အင်ပါယာမှ လူတိုင်းလေးစားကြသဖြင့် မာနအထောင်လွှားဆုံးဖြစ်သည့် ငွေရောင်
ချပ်၀တ်ဓားသွားကဲ့သို့ လူမျိုးပင် ခွေးလေးတစ်ကောင်ကဲ့သို့အပိုးကျိုးနေ၏။
ဤသည်မှာ အကြောက်တရားကြောင့်မဟုတ်မှန်း လေးစားမှုကြောင့်သာဖြစ်ကြော
င်းကိုလည်း ဖှေးကောင်းစွာသဘောပေါက်သည်။
အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ခါဆစ်သိုင်းပညာတောင်ပေါ်တွင် နေ
ထိုင်နေသည်မှာ ၂၆နှစ်ခန့်ပင်ကြာနေပြီပြီး သူသည် ဇီးနစ်အင်ပါယာမှ မြို့သူမြို့
သားများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် အင်ပါယာကို ၂၆နှစ်ခန့်ကာကွယ်ပေးခဲ့
သည်။ အင်ပါယာမှ ဆွေကြီးမျိုးကြီးတော်တော်များများမှာ အကျင့်ပျက်ချစားနေ
ကြသော်လည်း ဆင်းရဲသော ဇီးနစ်အင်ပါယာမှ မြို့သူမြို့သားများမှာမူ အင်ပါယာ
ကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏ စောင့်ရှောက်ပေးမှုတို့ကို ကောင်းစွာအာရုံခံ
မိကြသည်။
သမိုင်းစာအုပ်များထဲတွင် အရေးကြီးမှတ်တမ်းတစ်ခုရှိနေသည်။ ဇီးနစ်အင်ပါယာစတ
င်တည်ထောင်စဥ်က အားနည်းနေသေးသောကြောင့် စပါတပ်အင်ပါယာ၏ကျူး
ကျော်ခြင်းကို ခံခဲ့ရသေးသည်။ အင်ပါယာအရှင်သခင်ယရှင်းသည် စစ်သည်တပ်
ဖွဲ့များကို ကိုယ်တိုင်ဦးဆောင်ပြီး အင်ပါယာတောင်ပိုင်းမြောက်ပိုင်းများထဲတွင်
သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် ဇီးနစ်အင်ပါယာမှ အဖွဲ့၀င်တိုင်းပြည်
များစွာသည် ပုန်ကန်ရန်လည်းကြိုးစားခဲ့ကြ၏။ ထိုအချိန်တွင် ဇီးနစ်အင်ပါယာ၏
အခြေအနေများသည် အလွန်ကစဥ့်ကလျားဖြစ်ခဲ့သည်။ လယ်ယာမြေများစွာ မီး
လောင်ပြာကျခဲ့သည်။ လူသတ်မှုများ၊ ဓားပြမှုများသည် နေ့တိုင်းလိုလိုပင်ဖြစ်ပွားခဲ့ပြီး
အင်ပါယာမှ မြို့သူမြို့သားများစွာသည် နေ့စဥ်ပင် သောကရောက်ပူဆွေးနေခဲ့ကြရ
သည်။ ထိုအချိန်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်သည်
ဒေါသဖြစ်လာပြီး ကိုယ်တိုင်ပင် တစ်သောင်းကီလိုမီတာခရီးကို ၃ရက်အတွင်းတွင်
သွားရောက်ကာ ပုန်ကန်သည့်တိုင်းပြည် ၃၆ခုမှ တော်၀င်မိသားစုများနှင့် သူပုန်အဖွဲ့
၁၈ဖွဲ့ကိုတစ်ယောက်တည်းစွမ်းအားဖြင့် သတ်ဖြတ်နှိမ်နှင်းခဲ့သည်။ သူသည် ချက်ချ
င်းပင် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထို့နောက်တွင် ပုန်ကန်မှုများရပ်တန့်သွားပြီးမည်သည့်တိုင်းပြည်မှ ၂၆နှစ်လုံးပုန်ကန်ခြ
င်းမပြုရဲတော့ပေ။ ဇီးနစ်အင်ပါယာသည်လည်းငြိမ်ချမ်းလာပြီး ဇီးနစ်အင်ပါယာတော
င်၀င်မိသားစု၏အရှိန်၀ါသည်လည်းတောက်ပြောင်လာတော့သည်။ သိုင်းပညာတောင်
တန်းသည်လည်း ဇီးနစ်အင်ပါယာမှ မြို့သူမြို့သားများ၏စိတ်ထဲတွင် မြင့်မြတ်သော
နယ်မြေတစ်ခုဖြစ်လာခဲ့၏။
ဤကဲ့သို့အကျည်းထန်သည့် သမိုင်းကြောင်းသည် အင်ပါယာကာကွယ်စောင့်ရှောက်
သူသိုင်းဆရာခါဆစ်၏ ဂုဏ်အရှိန်၀ါကိုဖန်တီးခဲ့ခြင်းပင်။
သိုင်းပညာတောင်၏ ပတ်၀န်းကျင်ရှုခင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပသော်
လည်း တည်ငြိမ်မြင့်မြတ်သည့်အရှိန်၀ါတစ်ခုလည်းရှိနေကာ လူတိုင်းကို ကြောက်
ရွံ့ပြီးလေးစားသည့်ခံစားချက်များကို ခံစားစေလျှက်ရှိသည်။ ဖှေးကိုယ်တိုင်ပင် တစ်
ခါမှမတွေ့ဖူးသေးသည့် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကို လေး
စားသွားမိသည်။
“ပွဲကြည့်နေရာက ဒီနားမှာပါ။ ဒီမှာတင်စောင့်နေပြီး ဘယ်ကိုမှ လျှောက်မသွားကြ
ပါနဲ့ လျှောက်မသွားကြပါနဲ့...”
ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် ဖှေးတို့အဖွဲ့သည် ဟင်းလင်းပြင်တစ်
ခုကို တွေ့လိုက်ကြသည်။
ကျောက်ထိုင်ခုံများနှင့် ထိုင်ခုံပေါ်တွင် ထိုင်နေနှင့်ပြီးသည့်လူများရှိနေဆဲဖြစ်ပြီး တ
စ်ချို့လူများမှာ မက်တပ်ရပ်နေဆဲပင်။ စုစုပေါင်းလူ၇၀ခန့်ရှိနေကြပြီး စကားပြောနေ
ကြသည်ကို ကြည့်ခြင်းဖြင့် အဖွဲ့၁၂ဖွဲ့ခန့်ရှိနေသည်ဟုဆိုနိုင်၏။
လူအသစ်များရောက်လာကြသည်ကို သတိထားလိုက်မိသဖြင့် ထိုလူများသည် အ
ပေါ်သို့မော့ကြည့်လိုက်ကြသည်။
ဖှေးနှင့် ရင်းနှီးပြီးဖြစ်သည့် လူတော်တော်များများလည်းရှိနေကြသည်။ ထိုလူများ
သည် မင်းသမီးတာနာရှာ၊ ပဲရစ်၊ ဇီလျန်း၊ ဒိုမင်းဂူ၊ ခရစ်စတယ်နှင့် ဘီယွန်းဆေး
တို့ပင်။ ဖှေး ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ မန်နေဂျာ ဟယ်ရီနှင့် သူ၏သမီး ရှယ်လီ
တို့ကိုပင် တွေ့နေရသည်။
ထိုလူများအပြင် ဖှေးမျက်နှာစိမ်းတစ်ချို့ကိုလည်းတွေ့နေရသည်။
ဟင်းလင်းပြင်၏အစွန်းဘက်တွင် လူဆယ်ယောက်ခန့်ရပ်နေကြသည်။ ထိုလူများ၀
တ်စားထားသည့်ပုံကိုကြည့်ရုံဖြင့်ပင် မည်သူများဖြစ်ကြသည်ကို ဖှေးသိနိုင်၏။ အ
မဲရောင်နှင့် အဖြူရောင်သူတော်စဥ်၀တ်ရုံများ၊ အပေါ်တွင် လက်၀ါးကပ်တိုင်ပုံပါရှိ
သည့် အနီရောင်၀တ်ရုံများနှင့် ငွေရောင်ချပ်၀တ်များသည် ထိုလူများသည် မဟာ
ဘုရားကျောင်းမှလူများဖြစ်ကြောင်းကို လူတိုင်းပြောနိုင်၏။
သူတော်စဥ်ခြောက်ယောက်နှင့် မြင်းစစ်သည်လေးယောက်ပင်။ သူတို့သည် ဤတိုက်
ပွဲကိုလာရောက်ကြည့်ရှုရန်အတွက် မဟာဘုရားကျောင်းမှ စေလွှတ်လိုက်သည့်လူ
များပင်။ နွေးထွေးပုံရသည့် အဖြူရောင်ဆံပင်များနှင့်အဖိုးကြီးတစ်ယောက်ကို ကျန်
ရှိနေသည့်လူများမှ ၀န်းရံထားကြသည်။ သူသည် ထိုအုပ်စုထဲတွင် ရာထူးအကြီး
ဆုံးလူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။ ထိုအဖိုးကြီးသည် ကြယ်၇လုံးစတ
င်သူအဆင့်ရှိသူတစ်ယောက်ဖြစ်ပြီး စွမ်းအားမြင့်စစ်သည်တစ်ယောက်ဖြစ်ကြောင်းကို
ဖှေးပြောနိုင်၏။
သူ၏ဘေးတွင်ရှိနေသည့် မြင်းစစ်သည်များ၊ သူတော်စဥ်များသည် များစွာပို၍ငယ်
ရွယ်ကြသည်။ အသက်အကြီးဆုံးလူကပင် ၃၀အောက်တွင်ရှိဦးမည်ဖြစ်သည်။
သို့သော် ငယ်ရွယ်သည့်အရွယ်ဖြစ်သော်လည်း အားနည်းသည့်လူတစ်ယောက်မှမပါ
ကြပေ။
မဟာဘုရားကျောင်းမှလူများနှင့် မလှမ်းမကမ်းတွင် လူစိမ်းငါးယောက်တစ်ဖွဲ့ရှိနေကြ
သည်။ သူတို့၏၀တ်ပုံစားပုံများအရ သူတို့သည် ဇီးနစ်အင်ပါယာမှ စစ်သည်များမ
ဟုတ်ကြကြောင်းကို ဖော်ပြနေသည်။ အသက်၃၀ခန့်အရွယ်ယောက်ျားတစ်ယောက်
ရှိနေသည်။ သူသည် ဆုံးဖြတ်ချက်ခိုင်မာသည့်ပုံရကာ သူ၏ခန္ဓာကိုယ်သည်လည်း
ကြီးမားသည်။ သူ၏အ၀ါရောင်ဆံပင်တိုများသည်အပေါ်သို့ ထောင်တက်နေပြီး ခေါ
င်းစည်းကွင်းတစ်ခုနှင့်စည်းကာ ချည်နှောင်ထားသည်။ သူ၏ပါးများမှာ ဖောင်းနေပြီး
မျက်လုံးများမှာ ဦးခေါင်းခွံအတွင်းသို့ချိုင့်၀င်နေ၏။ ထို့အပြင်သူ့တွင် ကြီးမားသ
ည့်နှောခေါင်းတစ်ခုရှိနေပြီး ခန္ဓာကိုယ်သည်လည်း အမွှေးမျှင်ထူထပ်သည်။ အ၀ေး
မှကြည့်ပါက သူသည် လူ၀ံကြီးတစ်ကောင်ကဲ့သို့ပင်။ သူသည် ကျောက်ထိုင်ခုံတစ်
ခုပေါ်တွင် ထိုင်နေပြီး သူ၏မျက်လုံးများကို မှိတ်ထား၏။ လက်တစ်ဖက်သည်
ဒူးကြားထဲတွင် ထောင်ထားသည့် ဓားပေါ်အား တင်ထားပြီး သူသည် ကမ္ဘာကြီးတ
စ်ခုလုံးကို ဆုပ်ကိုင်ထားသကဲ့သို့ပင်။
ထိုလူသည် ဂျက်အင်ပါယာ၏နံပါတ်၁ဓားသမား ဟွန်းတလားပင်။
ဟွန်းတလား၏နောက်တွင်ရပ်နေကြသည့် လူလေးယောက်သည် သူတို့၏ချပ်၀တ်များ၊
လက်နက်များကို သိမ်းဆည်းခြင်းခံထားရသည်။ သူတို့သည် ရိုးရှင်းသည့် ရှပ်အ
င်္ကျီများဘောင်းဘီများကိုသာ ၀တ်ဆင်ထားကြ၏။ သူတို့၏ခန္ဓာကိုယ်များသည်
တောင့်တောင့်တင်းတင်းရှိနေကြပြီး သစ်သားပန်းပုရုပ်များကဲ့သို့ပင်။ အနားယူနေသည့်
ဟွန်းတလားနှင့်မတူညီပဲ ထိုလူများသည် မားမားမက်မက်ရပ်နေကြကာ ဘေးပတ်၀
န်းကျင်ကို သတိနှင့်ကြည့်နေကြသည်။
ဖှေးသည် စာချွန်လွှာဌာနမှ တင်ပြမှုကိုရရှိပြီးဖြစ်သောကြောင့် အင်ပါယာသုံးခုမှ
သံမတန်အဖွဲ့သုံးဖွဲ့အကြောင်းကို သိရှိပြီးဖြစ်သည်။ သူသည် ဂျက်အင်ပါယာာမှ နံ
ပါတ်၁ဓားသမား၏ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကိုလည်း ကောင်းစွာမှတ်မိသောကြောင့်
သူ့အား ချက်ချင်းပင်သတိထားလိုက်မိသည်။ သို့သော် မည်သည့်အတွက်ကြောင့်
ထိုလူသည် ဤနေရာသို့ လက်နက်ကိုင်ဆောင်ကာ ၀င်လာခွင့်ရရှိခဲ့သည်ကိုမသိချေ။
သို့သော် ထိုအရာတစ်ခုတည်းကပင် ထိုလူ၏ရာထူးအရှိန်၀ါကို ဖော်ပြနေ၏။
မသိလိုက်ပဲ ဖှေးသည် သူ၏၀ိဉာဥ္စ်စွမ်းအားနှင့် လူရိုင်းဇာတ်ကောင်၏အာရုံခံနိုင်စွ
မ်းတို့ကို အသုံးပြုပြီး ဟွန်းတလား၏ အစွမ်းကိုခန့်မှန်းနိုင်ရန်အတွက် ကြိုးစားကြ
ည့်လိုက်မိသည်။ သို့သော် ဟွန်းတလား၏ အတွင်းအားစွမ်းအင်များသည် လျင်မြ
န်စွာပင် ပြောင်းလဲနေလျှက်ရှိနေကြောင်းကို သူသတိထားလိုက်မိသည်။ တစ်ခါတစ်
ရံတွင် မြင့်မားသလိုလဲ တစ်ခါတစ်ရံတွင် နိမ့်ကျနေလျှက်ရှိပြီး တစ်ခါတစ်ရံတွင်
စွမ်းအားမြင့်မားလျှက်တစ်ခါတစ်ရံတွင်အားနည်းနေ၏။ အပြောင်းလဲများသည် နွေ
ဦးရာသီကဲ့သို့ပင် အတိကျခန့်မှန်း၍မရပဲရှိနေ၏။
ဤအခိုက်တန့်တွင် ဟွန်းတလားသည် ရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံလိုက်မိ
သည့်ပုံရပြီး သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်။ အေးစက်သည့်အလင်း
ရောင်များသည် သူ၏မျက်လုံးများထဲတွင် တောက်ပသွားကာ ဖှေးအားကြည့်လိုက်
မိသည်။ ထို့နောက်တွင် တစ်ဖက်သို့ လှည့်ကာ သူ၏မျက်လုံးများကို ပြန်ပိတ်လို
က်၏။
ဖှေးပြန်လည် တုန့်ပြန်ခြင်းမပြုခဲ့ပေ။ ထိုအစား တစ်ခြားဘက်သို့သာ မျက်နှာလွှဲလိုက်၏။