← Chapters

အခန်း (၄၃၉)

Vol. 29 Ch. 439

အခန်း (၄၃၉)

Vol. 29 Ch. 439

ဟွန်းတလား နှင့် ၁၀မီတာခန့်၀ေးသည့်နေရာတွင်ရှိသည့် ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင် အသက်၅၀ခန့်အရွယ်အဖိုးကြီးတစ်ယောက်ရှိနေ၏။

သူသည် အနီရောင်ခေါင်းဆောင်သံမဏိချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားပြီး သူ၏ဒီဇိုင်းမှာ ရိုးရှင်းသည်။ သို့သော် ချပ်၀တ်ပေါ်မှ အနီရင့်ရောင်သည် သွေးများစွန်းထင်းထားသည့်အတိုင်း သတ်ဖြတ်လိုသည့်အရှိန်၀ါများဖြင့်ပြည့်နှက်နေ၏။ သူ၏အဖြူရောင်ဆံပင်များကို သပ်ရပ်စွာ ဖီးထားပြီး သူ၏လေးထောင့်ကျကျမျက်နှာသည် တောက်ပနေသည့် မျက်လုံးတစ်စုံနှင့်အတူ တက်ကြွသည့်ပုံရှိနေ၏။ ဤလူသည် ငယ်ရွယ်စဥ်က အလွန်ချောမောသည့်လူတစ်ယောက်ဖြစ်ခဲ့သည်မှာ ထင်ရှားလှပြီးသူ၏လက်ရှိအရှိန်၀ါသည် တောင်တစ်လုံးကဲ့သို့ပင်ခိုင်မာနေ၏။

“ဒီလူက လယ်ဗယ်၃အိုက်ဟိုဗန်အင်ပါယာရဲ့ နံပါတ်၁စစ်ရေးခေါင်းဆောင် ကိုစတာကာတာဖြစ်မယ်ထင်တယ်...”

ဖှေးသည် ဤလူ၏ပုံပန်းသဏန်ကို သူရရှိထားသည့်သတင်းအချက်လက်များဖြင့် နှိုင်းယှဥ်ကာကြည့်လိုက်မိပြီး မကြာမှီတွင်ပင် ကောက်ချက်တစ်ခုချလိုက်မိသည်။

ကိုစတာကာတာ၏အနောက်တွင် စွမ်းအားမြင့် အစောင့်စစ်သည်များရပ်နေကြပြီး သူတို့အားလုံးသည် အမဲရောင်ချပ်၀တ်များကို ၀တ်ဆင်ထားကြ၏။ ကိုစတာကာတာ၏အနောက်တွင် အမဲရောင်ချပ်၀တ်၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်လဲရှိနေသည်။ သူမသည် ချောမောလှပသည့်အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမ၏အသားရေသည် နေလောင်ထားသကဲ့သို့ ညိုမဲနေ၏။ သူမ၏ မျက်ခုံးများသည် ဓားများကဲ့သို့ပင် ချွန်ထက်နေပြီး အမျိုးသမီးတစ်ယောက်တွင် တွေ့ရခဲသည့် မာကြောကာ သတ်ဖြတ်လိုစိတ်စိုးရမိုးသည့် အရှိန်၀ါများကို သူမ၏ခန္ဓာကိုယ်မှ အာရုံခံမိနေ၏။

အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ပွဲကို ကြည့်ရှုရန်အတွက် အခွင့်ရေးရရှိခဲ့သူများထဲမှ တစ်ယောက်ဖြစ်သောကြောင့် ဤအမျိုးသမီးသည်လည်း ရိုးရှင်းသည့်လူတစ်ယောက်ဖြစ်မည်မဟုတ်ပေ။

ကိုစတာကာတာနှင့် သိမ်မ၀ေးသည့်နေရာတွင် သားနားသည့်ချပ်နှင့် ရွှေရောင်၀တ်ရုံတစ်ထည်ကို၀တ်ဆင်ထားသည့်အသတ်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေလျှက်ရှိ၏။ သူသည် အလွန်ခန့်ညားသည့်လူတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိသည့်မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။

ဤခန့်ညားသည့်လူသည် အစောင့်များစွာကို ခေါ်ဆောင်လာခဲ့ခြင်းမရှိပေ။ သူသည် လှပသည့်အမျိုးသမီးလေးယောက်ကိုသာ ခေါ်ဆောင်လာခဲ့သည်။

ဤမိန်းကလေးလေးယောက်သည် ကွဲပြားခြားနားကြသည်။ တစ်ယောက်မှာ ဆွဲဆောင်မှုရှိသည့်ပုံဖြစ်ပြီး၊ တစ်ယောက်သည် စိတ်ကြီး၀င်သည့်ပုံရှိသည်၊ တစ်ယောက်မှာ ချစ်စရာကောင်းသည့်ပုံရှိပြီး တစ်ယောက်သည် အေးစက်၏။ ဤကောင်မလေးလေးယောက်ကို မည်သူကမဆို တုနှိုင်း၍မရသည့် မိန်းမလှလေးများကဲ့သို့ဆက်ဆံကြမည်ဖြစ်သည်။ သို့သော် သူမတို့၏မျက်လုံးထဲတွင် ဤခန့်ညားသည့် လူကိုသာမြင်နေကြပြီး သူမတို့၏ဘေးတွင်ရှိသည့်လူများကို ဂရုစိုက်ကြခြင်းမရှိပေ။ သူတို့သည် ဖြစ်ပွားတော့မည့် အင်ပါယာကာကွယ်စောင့်ရှောက်သူများ၏ တိုက်ပွဲကိုပင် စိတ်၀င်စားသည့်ပုံမပေါ်ကြပေ။ သူတို့သည် ဤလူကိုသာ ၀န်းရံလျှက်ရှိနေကြပြီး ၀ိုင်များသစ်သီးများအဆက်မပြတ်ဆက်သနေကြ၏။

“ဒီလူက စိန့် ဂျာမိန်းအင်ပါယာက မင်းသားဖြစ်ရမည်။ ဒီမင်းသားက မိန်းမအတော်လိုက်စားတဲ့လူလို့ ပြောကြတာ ကောလဟာလတွေကမှန်တဲ့ပုံပဲ....”

ဖှေးသူ၏ခေါင်းကို ခါရမ်းကာ ဟင်လင်းပြင်၏အစွန်းမှနေရာတစ်နေရာကို ရှာလိုက်ပြီး အယ်လီနာနှင့် ပီတာတို့ကဲ့သို့သော ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များနှင့်အတူ မြက်ခင်းပေါ်တွင် ထိုင်လိုက်၏။ တစ်ခြားအဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာများနှင့် နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်တိုင်းပြည်မှာ ဤနေရာတွင် အုပ်စုတောင့်နေ၏။

နောက်ဆုံးရောက်လာခဲ့သည့် လူအုပ်စုမှာ ဇီးနစ်အင်ပါယာတပ်ဖွဲ့မှ လူငယ်ဆယ်ယောက်ပင်။ သူတို့သည် ဇီးနစ်အင်ပါယာတပ်ဖွဲ့မှဖြစ်ပြီး နောက်ကြောင်းရှင်းသူများဖြစ်ပြီး အင်ပါယာအား သစ္စာရှိသူများဖြစ်သောကြောင့် သူတို့အား လက်နက်များချပ်၀တ်များကို ယူဆောင်လာခွင့်ပြုထားကြ၏။

ဤလူများအပြင် ကျန်ရှိနေကြသည့်လူများသည် ဇီးနစ်အင်ပါယာတော်၀င်မိသားစု၀င်များနှင့် မြို့တော်အတွင်းတွင်ရှိသည့် ဆွေကြီးမျိုးကြီးများပင်။

အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာများရောက်လာသည့်အချိန်တွင် အာရုံစိုက်မှုများစွာရရှိလာ၏။ အထူးသဖြင့် ဖှေးကိုပင်။

ဖှေးသည် ပြိုင်ပွဲအနိုင်ရရှိသူဖြစ်ပြီး အသစ်ဖွဲ့စည်းမည့် ၀ံပုလွေအစွယ်တပ်ဖွဲ့ကြီးကို ထိန်းချုပ်မည့်သူဖြစ်သောကြောင့် သူသည် ဇီးနစ်အင်ပါယာနိုင်ငံရေးလောကတွင် တောက်ပလာနေသည့်ကြယ်ပွင့်တစ်လုံးပင်။ ထို့ကြောင့် ဤဘုရင်၏ အကြောင်းကို လေ့လာနေကြသည့်လူများစွာရှိနေကြ၏။ အခိုက်တန့်တစ်ခုကြာခန့်သူ့အား လူတိုင်းမှအကြည့်မျိုးစုံဖြင့် ၀ိုင်းကြည့်နေကြသည်။ အံ့သြခြင်း၊ မနာလိုအားကျခြင်း၊ ရင်းနှီးခြင်း နှင့် ရန်လိုခြင်းစသည့်အကြည့်များပင်။

မင်းသမီးသည် ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေရင်းဖြင့် ဖှေးအားခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်သည်။

ပုံမှန်အားဖြင့် အေးတိအေးစက်နေခဲ့သည့် မင်းသမီး၏ကိုယ်ရံတော်ဇီလျန်းပင် ဖှေးအားနုုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။

“ဟီးဟီး အလတ်ဇန္ဒား နင်နောက်ကျလိုက်တာ...” ချိုသာသည့်ရယ်မောသံတစ်ခုနှင့်အတူ ပဲရစ်လမ်းလျှောက်လာ၏။ တွန့်ဆုတ်ခြင်းမရှိစွာပင် သူမ၏ သွယ်လျလှပသည့်လက်ကို ဖှေး၏ရင်ဘက်ပေါ်တွင်တင်ကာ ပြောလိုက်၏။ “ကျွန်မနဲ့ အရှင့်သား အိုကာတို့တောင် အခုလေးတင်နင့်အကြောင်းပြောနေကြတာ...”

ဖှေးရုတ်တရက်ပင် ခေါင်းခဲလာပြီး တောင့်တင်းသည့်ပုံဖြင့်သာ ပြန်လည်တုန့်ပြန်နေရ၏။

ဤကောင်မလေးသည် ဖှေးနှင့် ကလူကျီဆယ်ရန်အတွက် ပို၍ပို၍နှစ်သက်လာသကဲ့သို့ပင်။ သူမသည် ဖှေးအား ဒိုမင်းဂူထံသို့ ဆွဲခေါ်သွားလိုက်ပြီး စကားပြောနေကြ၏။ ဒိုမင်းဂူသည် ဖှေး၏စိတ်ထဲတွင် သဘောကျသည့်လူတစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ဦးအချိန်အတန်ကြာပင် ရင်းနှီးစွာစကားပြောနေကြ၏။ ထို့နောက်တွင် ဖှေး အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာများရှိသည့်နေရာသို့ ပြန်လာလိုက်သည်။

သို့သော ဖြစ်ပျက်သွားခဲ့သည့်အရာသည် တစ်ခြားလူများကို အထင်လွဲစေသွား၏။ ချမ်းဘော့ဒ်ဘုရင်သည် မင်းသားဒိုမင်ဂူ၊ ပဲရစ်တို့နှင့်အတူလမ်းလျှောက်ကာ တစ်ရင်းတနီးစကားပြောဆိုနေခဲ့သည့်အတွက် ချမ်းဘော့ဒ်ဘုရင်အား မင်းသားဒိုမင်ဂူဘက်မှဟု လူပေါင်းများစွာမှ ထင်သွားကြ၏။

ထိုကဲ့သို့စဥ်စားပြီးသည့်နောက်တွင် လူများစွာသည် မင်းသမီးတာနာရှာကိုကြည့်လိုက်ကြသည်။

ထီးနန်းပြိုင်ပွဲတွင် မင်းသမီးသည် မင်းသား အာရှဗင်ဘက်မှဖြစ်သည်ကို သူတို့သိသည့်အတွက်ပင်။

သို့သော် မင်းသမီးတာနာရှာသည် တည်ငြိမ်နေလျှက်ပင်ရှိနေသောကြောင့် သူမ၏မျက်နှာပေါ်တွင် စိတ်ခံစားချက်တစ်စုံတစ်ရာကို တွေ့မြင်ရခြင်းမရှိပေ။ မင်းသားအာရှဗင်အား ထောက်ခံသည့် ဆွေကြီးမျိုးကြီးများသူမ၏ဘေးတွင်ရှိနေလျှက် သူမသည် ကျောက်ထိုင်ခုံပေါ်တွင်ထိုင်ကာ စာမျက်နှာများစွာပါရှိသည့် စာအုပ်ဟောင်းတစ်ခုကိုသာ ဖတ်ရှုနေသည်။

သို့သော် မင်းသမီး၏ဘေးတွင်ရှိနေသည့် ထိုဆွေကြီးမျိုးကြီးများသည် ဖှေးအား ရန်လိုစွာြဖင့််ကြည့်လိုက်ကြသည်။

သူမတစ်စုံတစ်ခုကို အာရုံခံလိုက်မိသည့်အတိုင်းပင် ခရမ်းရောင်၀တ်စုံနှင့်ကောင်မလေးဇီလျန်းသည် မျက်မှောင်ကြုံ့ကာ ဖှေးထံသို့ လမ်းလျှောက်သွားလိုက်၏။ သူမသည် ဖှေး၏နားအနားသို့ တစ်စုံတစ်ခုကပ်ပြောလိုက်ပြီးသည့်နောက်တွင် မလမ်းမကမ်းတွင် ထိုင်နေသည့် မင်းသမီးတာနာရှာကို ညွှန်ပြလိုက်သည်။

ဖှေးသည် မည်ကဲ့သို့ခံစားရမည်မှန်းမသိပဲ ခေါင်းငြိမ့်ကာ သူမ၏အကြံပြုချက်ကို သဘောတူလိုက်သည်။

ဤမြင်ကွင်းသည် အခြေအနေစောင့်ကြည့်နေကြသည့်များကို အနည်းငယ် ရှုပ်ထွေးသွားစေ၏။ “မဟုတ်မှ လွဲရော ဒီချမ်းဘော့ဒ်ဘုရင်က မင်းသမီးတာနာရှာနဲ့ မင်းသား အာရှဗင်တို့နဲ့ရောကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဘာလို့ မင်းသမီးရဲ့ကိုယ်ရံတော်ဇီလျန်းက သူနဲ့ရင်းနှီးနေရတာလဲ...”

တာနာရှာ၏ဘေးတွင်ရှိနေသည့် ဆွေကြီးမျိုးကြီး လူငယ်များအားလုံးထိတ်လန့်အံ့သြသွားကြသည်။ ဇီလျန်းအေးစက်မှုသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် နာမည်ကြီးလှ၏။ သူမသည် စတုတ္ထမင်းသား ခရစ်စတယ်၏လက်ထပ်ရန်ကမ်းလှမ်းမှုကိုပင် ငြင်းပယ်ခဲ့သည့်အတွက်ပင်။

ဤအရာကိုမြင်လိုက်သည့်အချိန်တွင် ခရစ်စတယ်၏မျက်နှာသည်ချက်ချင်းပင် မဲမှောင်သွားတော့၏။

......

အချိန်များသည် ဤထူးဆန်းစွာပင်တည်ငြိမ်နေသည့်လေထုထဲတွင် လျှင်မြင်စွာကုန်ုဆုံးသွား၏။ လူတိုင်းကို ပွဲကြည့်နေရာသို့ ခေါ်ဆောင်လာခဲ့သည့်လူများပင်မရှိကြတော့ပေ။

သို့သော် သိုင်းပညာတောင်တွင် တင်းကြပ်သည့်အစောင့်များရှိနေသည်ကို လူတိုင်းသိကြသည်။ လူတိုင်းသည် တည်ငြိမ်သည့်ပုံရှိနေကြသော်လည်း ခွင့်ပြုချက်မရဲမည်သူမှ လျှောက်မသွားရဲကြပေ။ ထိုကဲ့သို့ လျှောက်သွားပါက သူသို့မဟုတ်သူမသည် ဒုက္ခရောက်သွားနိုင်သောကြောင့်ပင်။ ဖှေးသည် ဤနေရာတွင် ပုန်းအောင်းနေကြသည့်စွမ်းအားမြင့်စစ်သည်များ၏အရှိန်၀ါများကိုအာရုံခံနေရပြီးဖြစ်သည်။

နေ၀င်ခါနီးအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။

ကောလဟာအများအရ အင်ပါယာကာကွယ်စောင့်ရှောက်သူများသည် နေ၀င်သည့်အချိန်တွင် စတင်တိုက်ခိုက်မည်ဟုဆိုကြသည်။ သို့သော် သိုင်းဆရာနှစ်ယောက်လုံးကိုမူ တွေ့ရခြင်းမရှိသေးပေ။

ဖှေးသည် ပတ်၀န်းကျင်ကို ဂရုတစိုက်လေ့လာကြည့်နေ၏။

လူတိုင်းသည် ဟင်းလင်းမြက်ခင်းပြင်နေရာတွင်ရှိနေကြသော်လည်း တောင်ပေါ်တွင် ဤနေရာသည်အမြင့်ဆုံးမဟုတ်သေးပေ။ ၁၀၀မီတာခန့်၀ေးသည့်နေရာတွင် မီတာ၁၀၀ခန့်ရှည်လျားပြီး ၅၀မီတာခန့်ကျယ်၀န်းသည့် ထုလုံးရှည်ကျောက်တိုင်ကြီးတစ်ခုရှိနေသည်။ ထိုကျောက်တိုင်ကြီးသည်တိမ်တိုက်များထိပင် ထိုးထောင်နေပြီး သိုင်းပညာတောင်တန်းပေါ်တွင် အရှည်ဆုံးနေရာတစ်ခုပင်။

ဖှေးထင်သည်မမှားပါက ထိုကျောက်တိုင်ပေါ်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်တိုက်ခိုက်ကြမည်ဖြစ်သည်။

လက်ရှိတွင် လူတိုင်းရပ်နေကြသည့်နေရာသည်နေရာကောင်းတစ်ခုပင်။ ဤနေရာတွင်ရှိနေသည့်လူများသည် လွှင့်စင်လာသည့်အတွင်းအားစွမ်းအင်များကြောင့် ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်စရာမလိုပဲ တိုက်ပွဲကို ကောင်းမွန်စွာမြင်တွေ့နိုင်မည်ဖြစ်သောကြောင့်ပင်။

ဖှေး ဆက်လက်လေ့လာနေရင်းဖြင့် သူ၏မျက်လုံးများသည်မင်းသားခရစ်စတယ်ထံသို့ အမှတ်မထင်ရောက်ရှိသွား၏။ စတုတ္ထမင်းသား ခရစ်စတယ်သည် တစ်ခြားဆွေကြီးမျိုးကြီးလူငယ်များနှင့် စကားပြောနေလျှက်ရှိပြီး ဖှေးရှိရာအရပ်သို့ လက်ညိုးထိုးကာ ရယ်မောနေကြသည်။

ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ဤမင်းသာနှင့်ပတ်သက်၍ မည်ကဲ့သို့ခံစားရမှန်းမသိဖြစ်သွား၏။

စာချွန်လွှာရုံး၏သတင်းပို့ချက်အရ ဖှေးသည်ဇီးနစ်အင်ပါယာအကြောင်းကို ပို၍ကောင်းမွန်စွာနားလည်လာနေပြီဖြစ်သည်။ ဤမင်းသားခရစ်စတယ်သည် ပထမမင်းသားနှင့် ဒုတိယမင်းသားတို့၏အရိပ်အောက်တွင်မနေလိုသည်မှာ ထင်ရှားပြီး သူသည်လည်း အင်ပါယာထီးနန်းကို လိုချင်နေသည့်လူတစ်ယောက်ပင်။ သူသည်မိမိကိုယ်မိမိ ရွေးချယ်ခြင်းခံရသည့်လူတစ်ယောက်ဟု ယူဆသော်လည်း တကယ်တန်းတွင် အရည်ခြင်းကင်းမဲ့သူတစ်ယောက်ပင်။ သူ့ကိုယ်သူ နတ်ဘုရားတစ်ပါး၏သားတော်ဖြစ်ခါ ဇီးနစ်အင်ပါယာ၏အနာဂတ်အင်ပါယာအရှင်သခင်ဟု ယူဆထားသော်လည်း တစ်ခြားလူများ၏မျက်လုံးထဲတွင် လူပျက်တစ်ယောက်ကဲ့သို့သာဖြစ်နေ၏။

......

ဤဟင်းလင်းပြင်ထဲတွင်ရှိနေကြသည့်လူများအားလုံးသည် ရာထူးအရှိန်၀ါမြင့်မားကြသည့်လူများပင်။ နှိုင်းယှဥ်ကြည့်ပါက အဖွဲ့၀င်တိုင်းပြည်မှ သိုင်းဆရာ၂၂ယောက်သည် အနိမ့်ကျဆုံးရာထူးရှိသူများဟု ဆိုနိုင်၏။ သူတို့အား ဆွေကြီးမျိုးကြီးတစ်ချို့မှ နှိမ်ချက်ဆက်ဆံခြင်းများကို ခံစားနေရ၏။ လက်ညိုးအထိုးခံရခြင်းသည် အနည်းငယ်ညင်သာသေးသည်ဟုဆိုရမည်ဖြစ်သည်။ ရန်စခြင်းများ၊ လှောင်ပြောင်ခြင်းများကို ခံရသည်မှာ သိပ်မဆန်းလှပေ။ တဖြည်းဖြည်းဖြင့် ပြန့်ကျဲနေသည့်အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာများသည် မျက်နှာတွင်ရှက်ရွံ့သည့်အမူယာများနှင့်အတူ ပြန်လည်စုစည်းလာကြ၏။

တစ်ချို့သည် ဤအခွင့်ရေးကိုအသုံးချပြီး အင်ပါယာအတွင်းမှ ဆွေကြီးမျိုးကြီးများနှင့် နီးစပ်ရန်အတွက် အသုံးချနေချသော်လည်း အဆင်ပြေခဲ့ခြင်းမရှိပေ။ ထိပ်တန်းစစ်သည်တစ်ချို့မှ လွဲ၍ လူအများစုမှာ ဆွေကြီးမျိုးကြီးများ၏ တုန့်ပြန်စကားပြောဆိုမှုကိုပင်မရရှိခဲ့ကြပေ။

ဖှေးပြုံးလိုက်သည်။ သူသည် ဤကဲ့သို့အခြေအနေကို ကြိုတင်ကာခန့်မှန်းမိခဲ့သောကြောင့်ပင်။

ဤအခိုက်တန့်တွင် ခြေသံများစွာထွက်ပေါ်လာ၏။ သိုင်းပညာတောင်မှ သိုင်းဆရာသုံးယောက်သည် လူ၁၂ယောက်ခန့်ကို တောင်ထိပ်သို့ခေါ်ဆောင်လာ၏။

ဖှေး ရင်းနှီးပြီးသည့်မျက်နှာတစ်ချို့ကို မြင်လိုက်ရသည်။ ထိုလူများသည် သူနှင့် ယခင်က တွေ့ခဲ့ဖူးသည့် စပါတပ်အင်ပါယာမှ စစ်သည်များဖြစ်သောကြောင့်ပင်။ သူတို့ထဲမှတစ်ယောက်သည် ဖှေးကျောက်တုံးဖြင့် ပြန်လည်ကာ ပစ်ပေါက်ခဲ့သည့်အတွက် ပုခုံးပေါက်ထွက်သွားကာ ဒဏ်ရာရရှိခဲ့သည့်လူတစ်ယောက်ဖြစ်သည်။ ကြည့်ရသည့်ပုံအရ ဤစစ်သည်၏ ဒဏ်ရာသည် ပျောက်ကင်းသွားသည့်ပုံပင်။ သူသည် သွတ်လပ်စွာပင်ရွေ့လျားနေပြီး ဒဏ်ရာရသည့်ပုံမရှိတော့ပေ။

သို့သော် စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီး ကွန်းတသည် သူတို့နှင့်အတူ ပါလာပုံမရပေ။

“စပါတပ်က ကောင်တွေပဲဟ...”

“ဒီကောင်တွေက စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူနဲ့အတူပါလာတဲ့ကောင်တွေပဲ ဒီကောင်တွေ ဒီနေရာကို လာရဲသေးတယ်ပေါ့...”

“ငါ့ကိုမတားကြနဲ့ အဲ့လူသတ်ကောင်တွေကို ငါကိုယ်တိုင်သွားသတ်မယ်...”

ဇီးနစ်အင်ပါယာမှ လူများသည် စပါတပ်အင်ပါယာမှ လူများကို တွေ့လိုက်ရသည့်အချိန်တွင် စိတ်ခံစားချက်များပြင်းထန်လာကြသည်။ ဆွေကြီးမျိုးကြီးတစ်ယောက်ပင်ဖြစ်စေ၊ အဖွဲ့၀င်တိုင်းပြည်တစ်ခုမှသိုင်းဆရာတစ်ယောက်ပင်ဖြစ်စေကာမူ သူတို့အားလုံးစိတ်ဆိုးသွားကြ၏။ ဤအခိုက်တန့်တွင် ဇီးနစ်အင်ပါယာမှ မြို့သူမြို့သားများသည် သူတို့၏စည်းလုံးညီညွတ်မှုကိုပြသနေကြသည်။

သို့သော် သူတို့အားလုံးသည် သိုင်းပညာတောင်မှ သိုင်းဆရာများ၏ တားဆီးခြင်းကိုခံလိုက်ရသည်။

လေထုသည်အလွန်ပင်တင်းမာလာ၏။ သို့သော် စပါတပ်အင်ပါယာမှ စစ်သည်များသည် အလွန်မာနထောင်လွှားလျှက်ပင်ရှိနေကြပြီး လိုက်လံ၍ရန်စနေလျှက်ပင်။

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။

ဖှေးနှင့် အယ်လီနာတို့သည် နှလုံးသားခြင်းဆက်သွယ်ထားကြသည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် ဖှေး၏အတွေးများကိုနားလည်သွားပြီး စပါတပ်အင်ပါယာမှစစ်သည်များထံသို့ လမ်းလျှောက်သွားကာ ပြောလိုက်သည်။ “ဘုရင်အလတ်ဇန္ဒား ကျွန်မဒီကောင်တွေကို ပါးစပ်ပိတ်သွားအောင်လုပ်လိုက်ရမလား...”

“ဟေး အလှလေးပါလား...”

“ဟေး အလှလေး။ အဲ့ဘုရင်အလတ်ဇန္ဒားဆိုတာ ဘယ်သူလဲ။ သူ့ကို တစ်ချက်ခေါ်ပြီးငါ့ကို ပြလိုက်စမ်း...”

အယ်လီနာ၏လှပသော မျက်နှာသည် ဆွဲဆောင်မှုရှိသည့်ခန္ဓာကိုယ်ကိုမြင်လိုက်ရသဖြင့် သူတို့၏ခေါင်းထဲသို့ ညစ်ညမ်းသည့်အတွေးများ၀င်ရောက်လာ၏။ သူတို့သည် ရန်သူများဖြစ်ကြသည့်အတွက် စပါတပ်အင်ပါယာမှစစ်သည်တစ်ချို့သည် အယ်လီနာအားကြောင်ရန်ပင် ကြိုးစားနေကြပြီး သူမအား စိတ်ဆိုးအောင်လုပ်နေကြသည်။

“မင်းတို့ကောင်တွေ င့ါကို ရှာနေတာလား...” ဖှေးသည် အယ်လီနာ၏အနောက်တွင်ပေါ်လာပြီး သူမအား တိုက်ခိုက်တော့မည်ကို တားဆီးလိုက်သည်။

“ဟာ သူပဲ...”

စပါတပ်အင်ပါယာမှစစ်သည်များသည် ရုပ်တရက်ရပ်တန့်ကာ ကတုန်ကယဥ်ဖြစ်သွားကြသည်။ “ဒီကောင်က အကိုကြီး ဘာတွန်ကို ချက်ချင်းဒဏ်ရာရသွားအောင်လုပ်ခဲ့တဲ့ကောင်မလား။ သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာရောက်နေရတာလဲ...” သူတို့အားလုံးတွေးလိုက်မိကြသည်။

ဖှေးအားတွေ့လိုက်အပြီးတွင် ထိုစပါတပ်အင်ပါယာမှစစ်သည်များသည်အသံတိတ်သွားပြီး လျင်မြန်စွာပင် လမ်းလျှောက်သွားကြတော့၏။ တစ်ခြားမည်သည့်အရာမှ မပြောရဲကြတော့ပေ။

လူပေါင်းများစွာ ဤအဖြစ်ပျက်ကို မြင်လိုက်ကြရသည်။ တစ်ချို့အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာတစ်ချို့ဆိုလျှင်ဖှေးအား သူတို့၏အိုက်ဒေါတစ်ယောက်ကဲ့သို့ပင် ကြည့်နေကြ၏။ ရန်သူအား စကားတစ်ခွန်းထဲဖြင့်ပင် ခြောက်လှန့်လိုက်ခြင်းပင်။ ဤသည်မှာ အဖွဲ့၀င်တိုင်းပြည်များ၏နံပါတ်၁စစ်သည်၏အရှိန်၀ါတစ်ခုပင်။ ဖှေးအား ယခင်က ရန်လိုစွာကြည့်နေခဲ့သည့်ဆွေကြီးမျိုးကြီးလူငယ်များပင် ယခုအချိန်တွင် ဖှေးအား လေးစားလာကြပြီဖြစ်သည်။

ဤအခိုက်တန့်တွင်...

“ကြည့်စမ်းအမြန်...ဟိုမာ...ငါတို့အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးပဲ...”

တစ်စုံတစ်ယောက်သည် ကောင်းကင်ပေါ်သို့ လက်ညိုးထိုးကာအော်ဟစ်လိုက်ပြီး လူတိုင်းသူ ညွှန်ပြရာအရပ်သို့ကြည့်လိုက်ကာ ကြီးမားသည့်ကျောက်တိုင်ကြီးပေါ်တွင် ရပ်နေကြသည့်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ဤလူနှစ်ယောက်သည် ထိုကျောက်တိုင်ပေါ်တွင်ရှိနေသည်မှာ ကြာနေသကဲ့သို့ပင်။

နေ၀င်သွားပြီဖြစ်ပြီး လမင်းကြီးသည် ကောင်းကင်ပေါ်သို့ မြင့်တက်စပြုနေပြီဖြစ်သည်။

အင်ပါယာကာကွယ်စောင့်ရှောက်သူနှစ်ယောက်လဲ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

ညနေခင်းအချိန်ခါဖြစ်သောကြောင့် လသည် တောင်ထိပ်တွင်၌သာရှိနေသေးသည်။ ကြီးမားသည့် လမင်းကြီးအားနောက်ခံထားထားသည့်အတွက် ထိုလူနှစ်ယောက်ကို ကောင်းမွန်စွာပင်မြင်တွေ့နေရ၏။ သူတို့၏အ၀တ်များလေထဲတွင် တဖြတ်ဖြတ်ခါရမ်းနေပြီး လရောင်အောက်တွင် သူတို့နှစ်ယောက်သည် နတ်ဘုရားများကဲ့သို့ပင်။

ကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ကွန်းတ၏ခန္ဓာကိုယ်သည် တောင်ကြီးတစ်လုံးကဲ့သို့ပင် ကြီးမားကာမြင့်မားလျသည်။ သူသည် သာမန်ချပ်၀တ်တစ်ထည်ကိုသာ ၀တ်ဆင်ထားပြီး လက်ပိုက်ကာမက်တပ်ရပ်လျှက်ရှိနေ၏။ သူ၏ဆံပင်ရှည်များသည် လေထဲတွင် လွှင့်ပျံနေသည်နှင့်အတူ သူသည် ရူးလောက်သည့်ဖိအားများကို ပေးလျှက်ရှိသည်။

တစ်ဖက်တွင်...

ဖှေးထိုလူကို မြင်သည့်အချိန်တွင် ထိတ်လန့်အံ့သြသွား၏။ ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် ထိုလူဖြစ်နေသည်ကို တွေ့ရသဖြင့် သူသည် ယုံနိုင်ခြင်းမရှိပဲ ပါးစပ်အဟောင်းသားဖြစ်နေ၏။

All Chapters