← Chapters

အခန်း (၄၄၁)

Vol. 29 Ch. 441

အခန်း (၄၄၁)

Vol. 29 Ch. 441

စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာတွင် ထူးဆန်းသည့် အရှိန်၀ါတစ်ခုရှိနေပြီး သူ၏မျက်လုံးနှစ်ဖက်မှ ထွက်ပေါ်လာနေသည့် အလင်းတန်းများသည် စွမ်းအားမြင့် လျှပ်စီးတန်းနှစ်ခုကဲ့သို့ပင်။ သူ၏စိုက်ကြည့်မှုများထဲတွင်ပင် စွမ်းအားများဖြင့် ပြည့်နှက်နေသည့်အတွက် အားနည်းသည့်လူများဆိုလျှင် စိုက်ကြည့်ခြင်းခံရရုံဖြင့်ပင် ဒူးထောက်ကျသွားစေမည်ဖြစ်သည်။ သူတို့ စိတ်ဆိုးစွာဖြင့် ကြုံး၀ါးပြီး ထရန်ကြိုးစားလျှင်ပင် ထနိုင်ခြင်းမရှိပေ။

ဖှေးသည် ဤအလင်းတန်းနှစ်ခု၏ လုံး၀လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။

“ဟားဟား အဖိုးကြီး။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားမီးပြတိုက်ကြီးလို့များထင်နေတာလား။ ခင်ဗျားဘာတွေလာကြည့်နေတာလဲ...” ဖှေး တစ်စုံတစ်ခုအကြောင်းကို စဥ်းစားလိုက်မိပြီး ရုတ်တရက် ကွန်းတကို ရန်စလိုက်သည်။ သူ မက်တပ်ရပ်လိုက်ပြီး သူ၏ခွန်အားများကို ဖြေးညှင်းစွာဖြင့် ထုတ်လွှတ်လိုက်သည်။ မမြင်နိုင်သည့်စွမ်းအင်အလွှာများသည် ဘေးပတ်၀န်းကျင်သို့ ပြန့်နှံ့သွားပြီး မြေကြီးများ၊ မြက်ခြောက်ပင်များသည် မြေဆွဲအား ကင်းမဲ့သွားသည့်အတိုင်းပင် လေပေါ်သို့ ပျံ၀ဲလာကြ၏။

“ဟမ်...” ဤဇီးနစ်အင်ပါယာမှ သိုင်းဆရာတစ်ယောက်သည် သူ၏ဖိအားကို ခုခံနိုင်သည်ကို တွေ့လိုက်ရသည့်အတွက် စပါတပ်အင်ပါယာမှ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးသည် အနည်းငယ်အံ့သြသွားသည်။ ထို့နောက်တွင် သူ၏လက်ချောင်းကို အသုံးပြုပြီးလေပေါ်တွင် အသာယာရေးဆွဲလိုက်ကာ ပြောလိုက်သည်။ “စောက်ပိန်းကောင် မင်းက င့ါရဲ့တပည့်ဘာတွန်ရဲ့လက်ကို ချိုးခဲ့တဲ့ကောင်ဆိုတော့ ငါကလဲမင်းကို အဲ့လိုပြန်လုပ်ပေးမယ်...”

ကွန်းတလေပေါ်တွင် ရေးဆွဲပြီးသွားသည့်အချိန်တွင် တိမ်တိုက်များပုံသဏန်ပြောင်းလဲသွားကြပြီး လေပြင်းများလည်း လားရာပြောင်းလဲသွားကုန်ကြ၏။ မြင့်မားသည့်စွမ်းအားတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် အနီရောင်အလင်းတန်းတစ်ခုရုတ်တရက်ထွက်ပေါ်လာပြီး ဖှေး၏ညာလက်မောင်းထံသို့ အလင်းထက်မြန်ဆန်သည့်အလျင်နှင့်အတူပျံသန်းသွားတော့၏။

“စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာက ချမ်းဘော့ဒ်ဘုရင်ကို အရင်တိုက်ခိုက်တော့မလို့လား...”

ချမ်းဘော့ဒ်ဘုရင်က ဘာလို့ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်ကို သွားပြီးတော့ ရန်စရဲရတာလဲ။ သေချင်နေတာလား...”

အားအနည်းဆုံးလူတစ်ယောက်ပင် ကွန်းတ၏ စွမ်းအားများကို အာရုံခံလိုက်မိသည်။ သူတို့အားလုံး သိုင်းကွက်သုံးလိုက်သည်ကို မြန်ဆန်လွန်းသဖြင့် မြင်လိုက်ခြင်းမရှိသော်လည်း သေခြင်းတရားကိုမူ အာရုံခံလိုက်မိသည်။ ချမ်းဘော့ဒ်ဘုရင်အား နှစ်သက်သည့်သိုင်းဆရာများအားလုံးသည် ထိတ်လန့်အံ့သြသွားကြသော်လည်း ဖှေးအား အချိန်မှီသတိပေးလိုက်နိုင်ခြင်းမရှိပေ။

စပါတပ်အင်ပါယာမှ စစ်သည်လှမ်းအော်ပြောလိုက်ခြင်းမှာ ဤကဲ့သို့ဖြစ်စေလို၍ဖြစ်ပေလိမ့်မည်။ သူသည် သူ၏နတ်ဘုရားကဲ့သို့ ဆရာသည် ဇီးနစ်အင်ပါယာမှ မာနထောင်လွှားနေသည့်စစ်သည်တစ်ယောက်အား သင်ခန်းစာပေးမည်ကို မြင်တွေ့ရန်အတွက် မစောင့်နိုင်တော့ပေ။

သို့သော်

“ဖုန်း...”

ဖှေး၏လှုပ်ရှားမှုများသည်လည်း အလင်းထက်လျှင်မြန်သည်။ သူ၏လက်မောင်းများသည် လေထုထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့ပြီး လူတိုင်းသတိထားလိုက်မိသည့်အချိန်တွင် သူ၏ညာလက်သီးပေါ်တွင် ထိုးဖောက်မြင်နိုင်သည့်စွမ်းအင်မီးတောက်များပင် ရောက်ရှိနေပြီဖြစ်သည်။ ဤပါးလွှာသည့်စွမ်းအင်မီးတောက်အလွှာသည် အချိန်မရွေးပေါက်ကွဲတော့မည်ဟု ထင်ရသော်လည်း အနီရောင်မီးတန်းသယ်ဆောင်လာသည့်စွမ်းအင်များကို အပြည့်၀ပင်ကာကွယ်လိုက်နိုင်သည်။

“ထွီ...ခင်ဗျားက လက်တစ်ချောင်းပဲအသုံးပြုတယ်ပေါ့။ ခင်ဗျားဘယ်သူ့ကို ခြောက်လန့်ဖို့ကြိုးစားနေတာလဲ...” ဖှေး နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက်ရန်စလိုက်သည်။

သူ၏မျက်နှာပေါ်တွင် လေးစားမှုကင်းမဲ့သည့်အမူယာတစ်ခုနှင့်အတူ ဖှေးမားမားမက်မက်ပင်ရပ်လျှက်ရှိနေပြီး ရွေ့လျားခြင်းမရှိပေ။ သို့သော် သူ၏ညာလက်မှ ထွက်ခွာသွားသည့် အဆင့်၈၄လူရိုင်းဇာတ်ကောင်၏စွမ်းအင်များသည် ကွန်းတပစ်လွှတ်လိုက်သည့်အနီရောင်စွမ်းအင်အလင်းတန်းကို ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာအပြီးတွင် ချက်ချင်းပင် တားဆီးလိုက်၏။

ထို့နောက်တွင် တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ထိတ်လန့်အံ့သြသည့်အကြည့်များစွာသည် ဖှေးအပေါ်သို့ရောက်ရှိနေ၏။

ဤဖြစ်စဥ်ကို မြင်လိုက်ရအပြီးတွင် မင်းသားဒိုမင်ဂူသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ခနအကြာသည့်အချိန်တွင် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူယာတစ်ခုနှင့်အတူ ပြန်ထိုင်လိုက်၏။

မင်းသမီးကိုင်ထားသည့်စာအုပ်သည်မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမကိုယ်တိုင်ပင်သတိမထားလိုက်မိချေ။

ပဲရစ်သည်လည်း သူမ၏ဆံပင်များကိုပြင်ကာထိတ်လန့်အံ့သြနေလျှက်ရှိသည်။

တစ်ဖက်တွင် စပါတပ်အင်ပါယာမှ စစ်သည်များသည်လည်း ထိတ်လန့်အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေပြီး သူတို့၏မျက်လုံးများကျွတ်ကျလုနီးနီးပင်။

“ဟမ် မင်း ဇီးနစ်ကအမှိုက်သရိုက်ကောင်သေစမ်းကွာ...”

ကွန်းတသည် ဇီးနစ်အင်ပါယာမှ စစ်သည်တစ်ယောက်ဤမျှစွမ်းအားမြင့်မားလိမ့်မည်ဟု မျှော်လင့်ထားပုံမရပေ။ ခနတာကျက်သေသေသွားပြီးသည့်နောက်တွင် သူဒေါသဖြစ်လာ၏။ အင်ပါယာကာကွယ်စောင့်ရှောက်သူတစ်ယောက်အနေဖြင့် သူ၏ဂုဏ်သရေအား စိန်ခေါ်ခြင်းခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး သူသည် ခွေးကလေးတစ်ကောင်၏အရှက်ခွဲခြင်းကိုခံလိုက်ရသည့်နဂါးတစ်ကောင်ကဲ့သို့လဲခံစားလိုက်ရသည်။

မီးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် စတင်၍တောက်ပလာကာ မီးတောက်များထွက်ပေါ်လာသည်နှင့်အတူ သူသည် မီးခဲကြီးတစ်ခုကဲ့သို့ပင်ဖြစ်သွား၏။

ကွန်းတ၏ လှုပ်ရှားမှုကြောင့် ကောင်းကင်တစ်ခုလုံးပင်အရောင်ပြောင်းလဲသွား၏။

ကွန်းတသည်သူ၏စွမ်းအင်အကုန်ကိုအသုံးပြပြီး ဤဇီးနစ်အင်ပါယာမှ စွမ်းအားမြင့်စစ်သည်ကို အသေသတ်ရန်ပြုမူတော့မည့်အချိန်တွင် တားဆီးခြင်းကိုခံလိုက်ရသည်။

“မင်းရဲ့ပြိုင်ဘက်က ငါလေ...”

တိတ်ဆိတ်နေခဲ့သည့် ခါဆစ်သည် ရုတ်တရက်အသံမြှင့်ကာ ပြောလိုက်ပြီး နောက်သို့ပစ်ထားသည့် သူ၏လက်ဖ၀ါးကိုမြှောက်လိုက်သည်။ ထို့နောက်တွင် ဖုန်ခါသကဲ့သို့ အောက်သို့ ညင်သာစွာရိုက်ချလိုက်၏။ နောက်အခိုက်တန့်တွင် အစိမ်းရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး ၂၀မီတာခန့်ကျယ်သည့်အစိမ်းရောင်လက်ဖ၀ါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကွန်းတထံသို့ အညှာတာကင်းမဲ့စွာြဖင့် ဖိချလိုက်သည်။

“ဟားဟား ကောင်းတယ် ခါဆစ်။ ခင်ဗျားကို ဇီးနစ်အင်ပါယာကလူတွေရှေ့မှာ သတ်ပြမယ်။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တောင်မကယ်နိုင်တဲ့ ပိုးကောင်လေးပဲဆိုတာကို သူတို့သိအောင်ပြပေးရသေးတာပေါ့။ နောက်ပြီးမှ ဟိုခွေးသားကိုလည်း သတ်မယ်...”

ကွန်းတရယ်မောလိုက်ပြီး သူ၏လက်ဖ၀ါးကိုလည်းမြှောက်လိုက်သည်။

အရွယ်စားတူညီသည့်အနီရောင်စွမ်းအင်လက်ဖ၀ါးကြီးတစ်ခုပေါ်လာကာ အစိမ်းရောင်လက်ဖ၀ါးနှင့်၀င်တိုက်လိုက်၏။ အခိုက်တန့်တစ်ခုကြာခန့် ပေါက်ကွဲသံများသည် ကောင်းကင်ရံတွင် ဟိန်းထွက်နေပြီးတောင်တစ်ခုလုံးပင် စတင်၍တုန်ခါလာတော့သည်။ သိုင်းကွက်နှစ်ခုသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဖျက်ဆီးလိုက်ပြီး အနီရောင်နှင့်အစိမ်းရောင်စွမ်းအင်မီးတောက်များလည်း ပျောက်ကွယ်သွားတော့သည်။

တစ်ဖက်တွင် ဖှေးလည်း အခုမှ သက်ပြင်းချလိုက်နိုင်၏။

သူသည် တိုက်ပွဲအား အသေးစိတ်လေ့လာနေပြီး သူပြုလုပ်ခဲ့သည့်အရာသည် အင်ပါယာသိုင်းဆရာခါဆစ်အတွက် အကူညီဖြစ်စေရန်မျှော်လင့်နေ၏။

လူရိုင်းဇာတ်ကောင်အဖြစ်ပြောင်းလဲထားသည့် ဖှေးသည် ကြယ်ကိုးလုံးအဆင့်ခန့်ရှိပြီး အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးကွန်းတသည် အနည်းဆုံးလအဆင့်ရှိသည့် သိုင်းဆရာတစ်ယောက်ပင်။ သို့သော် လအဆင့်မည်သည့်အဆင့်တွင်ရှိနေသည်ဖြစ်သည်မှာမူ ဇီးနစ်အင်ပါယာမှ လူများသိရှိခြင်းမရှိသည့်လျို့၀ှက်ချက်တစ်ခုပင်။

ကွန်းတနှင့် ဖှေးတို့ကြားထဲတွင်ရှိသည့်စွမ်းအင်ကွာဟမှုမှာ ကြီးမားသောကြောင့် ဖှေးကွန်းတ၏တိုက်ခိုက်မှုဆယ်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ဖှေးသည် သူတော်စဥ်ဘေးလ်နှင့်တိုက်ခိုက်ခဲ့စဥ်က အတွေ့ကြုံနှင့် ကွန်းတသည် စောနာကသူ့အားအင်အားကုန်သုံး၍တိုက်ခိုက်ခြင်းမပြုခဲ့သည်မှာ ကံကောင်းသွားသည်ဟုဆိုရမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ ဖှေးကွန်းတ၏တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖှေးကွန်းတအားဆဲဆိုရန်စခဲ့ခြင်းမှာ သူသည် ကြွား၀ါလိုသည့် လူပိန်းတစ်ယောက်ဖြစ်သည့်အတွက်မဟုတ်ပေ။ ထိုအစားသူသည် ကွန်းတ၏စိတ်ခံစားချက်များကို အနည်းငယ်နှောင့်ယှက်လိုပြီး ကွန်းတ၏အရှိန်တစ်ချို့ကို ဖျက်ဆီးလို၍ဖြစ်သည်။

အဆင့်တူသည့် သိုင်းဆရာများနှင့်တိုက်ခိုက်တော့မည့် သိုင်းဆရာများအတွက် စိတ်အခြေအနေနှင့် စိတ်တည်ငြိမ်မှု့တို့မှာ အလွန်အရေးကြီးလှသည်။

စိတ်ခံစားချက်တည်ငြိမ်နေသည့်လူများသာလျှင် တိုက်ပွဲတွင် ထိထိရောက်ရောက်စွမ်းအားများကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ကျွမ်းကျင်သိုင်းဆရာများသည်တိုက်ပွဲမစခင် သူတို့၏စိတ်ကို တည်ငြိမ်ရန်အတွက် အရင်ကြိုးစားကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်မိမိအပြည့်၀ထိန်းချုပ်နိင်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းပင်။

အရှိန်ဆိုသည်မှာ စိတ်အား ထက်သန်မှုကဲ့သို့ပင်။

အတိအကျဆို၍မရသော်လည်း အရေးကြီးသည့်အရာတစ်ခုပင်။

သိုင်းပညာရှင်အစစ်မှန်များသည် စတင်တိုက်ခိုက်ခြင်းမပြုမှီအရှိန်အရင်ရအောင်ပြုလုပ်မည်ဖြစ်သည်။ နားလည်ရန်အနည်းငယ်ခက်ခဲသော်လည်း အမှန်တကယ်ပင်တည်ရှိသည့်အရာတစ်ခုပင်။ လူတစ်ယောက်သည် စိတ်ဆိုးနေသည့်အချိန်တွင် မလုပ်ရဲသည့်အရာမရှိသော်လည်း စိတ်ဆိုးပြေသွားသည့်အချိန်တွင်မူ ထိုခံကဲ့သို့ ပြလုပ်ရဲတော့မည်မဟုတ်ပေ။

သာမန်လူများ၏ဒေါသသည် ကျွမ်းကျင်စစ်သည်များ၏အရှိန်ကဲ့သို့ပင်။

စဥ်စားစရာပင်မလိုချေ။ ခါဆစ်နှင့် ကွန်းတတို့သည် ဤတိုက်ပွဲအတွက် အချိန်အတန်ကြာပြင်ဆင်ထားကြမည်မှာ အသေချာပင်။ တိုက်ပွဲမစတင်မှီ သူတို့၏စိတ်အခြေအနေနှင့် အရှိန်ဟုန်တို့ကို အမြင့်ဆုံးရောက်အောင်တင်ထားကြမည်ဖြစ်ပြီး တိုက်ပွဲစတင်သည်နှင့် ငရဲပွက်သကဲ့သို့တိုက်ခိုက်ကြမည်ဖြစ်သည်။

ဖှေး၏ ရန်စမှုသည် ကွန်းတ၏စိတ်တည်ငြိမ်မှုကို ပျက်ပြားသွားစေ၏။ ထို့အပြင် ကွန်တသည်လည်း ဖှေးအားတိုက်ခိုက်လိုက်သည့်အတွက် သူ၏အရှိန်ဟုန်သည်လည်း အနည်းငယ်ပျက်ပြားသွားသည်ဟုဆိုနိုင်သေးသည်။

ဤသည်မှာ အင်ပါယာအရှင်သခင်ယရှင်း၏ မှတ်စုများထဲတွင်ရေးသားထားသည့် အချက်လက်များပင်။ ဖှေး ဤအချက်လက်များကို ယခုအချိန်တွင် လက်တွေ့ကျကျအသုံးချလိုက်ခြင်းဖြစ်ပြီး သူ၏ကူညီမှုမှာ အသုံး၀င်လာရန်အတွက် မျှော်လင့်နေသည်။

သူလုပ်ခဲ့သည့်အရာမှ အဓိပ္ပါယ်ရှိမရှိကို ဖှေးမသိချေ။ သို့သော် သူယနေ့တွင် နိုးလာသည့်အချိန်ကတည်းက ဆိုး၀ါးသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ သူသည် ချစ်ခင်ရသည့်လူတစ်ယောက်ကို ဆုံးရှုံးရတော့မည့်အတိုင်းပင်။ ခါဆစ်ကို မတွေ့ခင်ကထိ ဖှေးမည်သည့်အတွက်ကြောင့် ဤကဲ့သို့ခံစားနေရသည်ကို သိရှိခြင်းမရှိပေ။

“မဟုတ်မှ လွဲရော ဆရာခါဆစ်များ...”

ဖှေး သူ့ကိုယ်သူပြန်မေးလိုက်မိသည်။ ထို့နောက်တွင် သူပြုံးလိုက်၏။ ဤအဆင့်ရှိသည့်တိုက်ပွဲသည် သူထိန်းချုပ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။ ထို့ကြောင့် သူအတွက် သေချာကြည့်ရှုနေရန်သာ တတ်နိုင်၏။

All Chapters