အခန်း (၄၄၃)
Vol. 29 Ch. 443
ဇီလျန်းသည် သူမနှင့် မင်းသမီးတာနာရှာတို့ပတ်ပတ်လည်တွင် စွမ်းအင်အကာရံစက်
၀န်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မင်းသား ဒိုမင်ဂူနှင့် ပဲရစ်တို့ကို သူတို့၏ပတ်ပ
တ်တလည်တွင်ရှိသည့်အစောင့်များမှ အတွင်းအားစွမ်းအင်များဖြင့် ကာရံပေးထား
ကြသည်။ ဂျက်အင်ပါယာ၏နံပါတ်၁ဓားသမား ဟွန်းတလားသည် သူ၏ငွေရောင်
ဓားကို ဆုပ်ကိုင်လိုက်ပြီး ငွေရောင်စွမ်းအင်တစ်ခုထွက်လာကာ သူနှင့် ပတ်ပတ်လ
ည်တွင်ရှိသည့်အစောင့်လေးယောက်ကို အပူရီန်မှ ကာကွယ်ပေးလိုက်သည်။ အိုက်
ဟိုဗင်အင်ပါယာ၏နံပါတ်၁စစ်ရေးခေါင်းဆောင်နှင့် သူ၏ကိုယ်ရံတော်လေးယောက်
သည် အပူရှိန်ကိုမမှုသည့်အတိုင်းပင် လှုပ်ရှားခြင်းမပြုကြပေ။ စိန့်ဂျာမိန်းအင်ပါယာ၏
မင်းသား ဂါရာနိုမှာ အေးဆေးအဖြစ်နေဆုံးပင်။ သူသည် အပြာရောင်မှော်တောင်
၀ှေးတစ်ခုကိုအရှေ့တွင်ရှိသည့်မြေပြင်ပေါ်သို့ ချက်လိုက်ပြီး အေးမြသည့်စွမ်းအင်အ
ကာရံတစ်ခုထွက်ပေါ်လာကာ သူနှင့်အစေခံကောင်မလေးလေးယောက်တို့ကို ကာရံ
ပေးလိုက်သည်။
သိုင်းပညာတောင်တန်းပေါ်တွင်ရှိသော ကျောက်တိုင်၏ ထိပ်ဖျားတွင်ဖြစ်သည်။
ခါဆစ်သည် သူ၏ရန်သူဤကဲ့သို့စွမ်းအားမျိုးကို ထုတ်လွှတ်လိုက်သည့်တိုင်အောင်
ခံစားချက်ကင်းမဲ့သည့်အသွင်ပြင်ရှိနေဆဲပင်။ ခါဆစ်၏ ဆံပင်များသည် လေထဲတွင်
လွှင့်ပျံလျှက်ရှိနေပြီး သူ၏တည်ငြိမ်မှုသည် တောင်ကဲ့သို့သော စွမ်းအားကြီးမားသ
ည့်အရှိန်၀ါနှင့် ပေါင်းစပ်ကာ ဖော်ပြခြင်းမပြုနိုင်သည့်မှော်စွမ်းအင်တစ်မျိုးထုတ်လွှ
တ်နေသည့်အတိုင်းပင်။
သူ၏လက်များကိုနောက်ပစ်ထားသော်လည်း နဂါးဟိန်းသံကဲ့သို့သော ဆူညံသံများသည်
သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ရှေးကျသည့်ပုံစံ
ရှိပြီး ၂မီတာခန့်ရှည်လျားသော ဓားရှည်ကြီးတစ်လက်သည် သူ၏အနောက်မှ ထွ
က်ပေါ်လာတော့သည်။ ထိုဓားရှည်ကြီးသည် ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့်အတိုင်းပင်
အနည်းငယ်တုန်ခါပြီး ခါဆစ်၏အနောက်တွင် ၀ဲပျံလျှက်ရှိနေ၏။ ဤဓားသည် အာ
ရုံစိုက်မှုရရှိရန်အတွက် ငိုကြွေးနေသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ပင်။
ထိုအရာကိုမြင်သည့်အချိန်တွင် ဖှေး၏မျက်လုံးများပြူးကျယ်သွားသည်။
ခါဆစ်၏အနောက်တွင်ရှိနေသည့်ဓားမှာ အတွင်းအားစွမ်းအင်ဖြင့်ပြုလုပ်ထားသည့်
ဓားတစ်ချောင်းမဟုတ်ပဲ သံမဏိဖြင့်ပြုလုပ်ထားသည့် ဓားအစစ်မှန်တစ်ခုဖြစ်သည်
ကိုသိလိုက်သည့်အတွက်ပင်။ သို့သော် ဤဓားကြီးသည် ခါဆစ်၏ခန္ဓာကိုယ်ထဲမှ
ထွက်လာခြင်းပင်။ ထိုဓားခါဆစ်၏ခန္ဓာကိုယ်အတွင်းမှ တဖြည်းဖြည်းထွက်လာခဲ့စဥ်က
ခါဆစ်၏ခန္ဓာကိုယ်သည် ဓားအိမ်တစ်ခုကဲ့သို့ပင်ဖြစ်နေ၏။ ဤသည်မှာ အလွန်ထူး
ဆန်းလှသည်။
“နေပါဦး ဒါဆိုဒီဓားက လက်စွဲတော်လက်နက်တစ်ခုပဲ...”
လူတိုင်း ဤဓားမည်သည့်အရာဖြစ်သည်ကို သိလိုက်ကြသည်။ လက်စွဲတော်လက်
နက်များကိုသာ လယ်ဗယ်မြှင့်တင်နိုင်ရန်အတွက် အသုံးပြုသူသိုင်းဆရာ၏ခန္ဓာကိုယ်
အတွင်းတွင် သိမ်းဆည်းထားနိုင်စွမ်းရှိသည့်အတွက်ကြောင့်ပင်။
စစ်သည်တစ်ယောက်သည် လအဆင့်သို့ရောက်ရှိသွားသည့်အချိန်တွင် သူဆက်လ
က်ကျင့်ကြံနိုင်ရန်အတွက် လမ်းစဥ်သုံးခုရှိ၏။
ပထမလမ်းစဥ်မှာ ပြင်းထန်စွာလေ့ကျင့်ခြင်းပင်။ ပြင်းထန်စွာလေ့ကျင့်ခြင်းလမ်းစဥ်ကို
ရွေးချယ်ကြသည့်စစ်သည်အများစုမှာ အရင်းမြစ်လုံလုံလောက်လောက်မရှိသည့် ဆ
င်းရဲသောစစ်သည်များပင်။ ဤစစ်သည်အများစုမှာ အင်အားကြီးအဖွဲ့စည်းများ၏
အသုံးချခံမဖြစ်လိုသည့်အတွက် သူတို့သည် ရရှိရန်ခက်ခဲသည့်လက်စွဲတော်လက်န
က်များ၊ နတ်ဆိုးသားရဲများကို ပိုင်ဆိုင်နိုင်ကြခြင်းမရှိပေ။ ထို့ကြောင့် သူတို့၏ခန္ဓာ
ကိုယ်ကိုသာ ပြင်းထန်စွာလေ့ကျင့်ပြီး လယ်ဗယ်ဆက်လက်မြှင့်တင်နိင်ရန်အတွက်
ကြိုးစားကြခြင်းပင်။
ဒုတိယလမ်းစဥ်မှာ လက်စွဲတော်လက်နက်တစ်ခုခုကိုရှာဖွေကာကျင့်ကြံခြင်းပင်။ လ
က်စွဲတော်လက်နက်များသည် လက်နက်နှင့် သိုင်းဆရာတို့ကြားမှ ဆက်နွယ်မှုကို
အသုံးချပြီးကျင့်ကြံထားသည့်အတွက် သိုင်းဆရာ၏ခန္ဓာကိုယ်အစွမ်းထက်ကျော်လွန်
သည့်အစွမ်းများကို အသုံးပြုနိုင်ကြသည်။ ဤသိုင်းဆရာများသည် သူတို့အသုံးပြု
သည့် လက်စွဲတော်လက်နက်ဖြင့် ကိုက်ညီမှုရှိပါက နေအဆင့်သခင်များအဖြစ်သို့ပ
င်ရောက်ရှိနိုင်ကြသည်။
နောက်ဆုံးလမ်းစဥ်မှာ နတ်ဆိုးသားရဲများကိုအသုံးပြု၍ ကျင့်ကြံခြင်းပင်။ စွမ်းအားမြ
င့်သောနတ်ဆိုးသားရဲတစ်ကောင်နှင့် ၀ိဉာဥ်စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြင့် ထိုသိုင်းဆ
ရာများသည် သူတို့၏ခန္ဓာကိုယ်တတ်နိုင်သည်ထက်ကျော်လွန်သည့်စွမ်းအင်များကို
အသုံးပြုနိုင်လာကြသည်။ တစ်ခါတစ်ရံတွင် ဤစစ်သည်များသည် နတ်ဆိုးသားရဲ
များ၏ ဖြစ်နိုင်ချေများနှင့် မျိုးဆက်အစွမ်းများကိုပါအသုံးပြုနိုင်ကြပြီး လူသားများမရ
နိုင်သည့်စွမ်းအင်များကိုလည်းရရှိလာကြသည်။ အမှန်ပင် ဤကဲ့သို့သိုင်းဆရာတ
စ်ယောက်မည်မျှအစွမ်းထက်သည်ဆိုသည်မှာ သူတို့နှင့်စာချုပ်ချုပ်ဆိုထားသည့်နတ်
ဆိုးသားရဲကောင်များ မည်မျှအစွမ်းထက်သည်ဆိုသည်အပေါ်တွင် မူတည်လိမ့်မည်ဖြ
စ်သည်။
အေဇာရုတိုက်ပေါ်တွင် တော်၀င်မိသားစု၀င်များနှင့် အင်အားတောင့်တင်းသည့်အဖွဲ့
စည်းများမှ သိုင်းဆရာများသည် သားရဲ၀ိဉာဥ်လမ်းစဥ်ဖြင့် ဆက်လက်ကျင့်ကြံကို
များစွာပို၍နှစ်သက်ကြသည်။ ဤသည်မှာ ဖြတ်လမ်းတစ်ခုပင်ဖြစ်ပြီး သူတို့အား
ကျင့်ကြံရန်အချိန်၁၂နှစ်ခန့်ကိုပင် ပို၍သက်သာစေမည်ဖြစ်သည်။ သူတို့၏မိသားစု
များသည် ငွေကြေးပိုင်ဆိုင်မှုများစွာကိုအသုံးပြု၍ စွမ်းအားမြင့်နတ်ဆိုးသားရဲများကို
ရှာဖွေဖမ်းဆီးပြီး ထိုသားရဲများကိုအတင်းကြပ်စာချုပ်ချုပ်ဆိုစေခြင်းဖြင့် သာမန်လူတ
စ်ယောက်ပင် ချက်ချင်းပင်စွမ်းအားများတိုးမြှင့်လာကာ သိုင်းဆရာတစ်ယောက်ဖြစ်
လာနိုင်၏။
......
“၀ေါင်း...”
ကျယ်လောင်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခုထွက်ပေါ်
လာသည်။ တောင်ထိပ်တွင်ရှိသည့် ကျောက်တုံးနှင့် အပင်တစ်ချို့ပင် ပြုတ်ကျ
လာကြပြီးတောင်တစ်ခုလုံးသည် ထက်မံ၍ တုန်ခါလာတော့၏။ အနီရောင်မီးစွမ်းအ
င်များသည် လေထဲတွင် ထက်မံ၍ထွက်ပေါ်လာပြီး၁၀မီတာခန့်မြင့်မားသည့် နတ်
ဆိုးသားရဲတစ်ကောင်၏ပုံရိပ်သည် ကွန်းတ၏အနောက်တွင်ပေါ်လာ၏။ အ၀ေးမှကြ
ည့်ပါက ရှေးကျသည့်မီးနတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
“မီးတောက် ၀က်၀ံ...” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ဒါဆို စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာက သားရဲ၀ိဉာဥ်ကျ
င့်ကြံတဲ့သိုင်းဆရာပဲ...” ကြိုတင်ကာ ခန့်မှန်းမိပြီးဖြစ်သော်လည်းမျက်မြင်တွေ့
လိုက်ရသည့်အချိန်တွင် ဖှေးအံ့သြသွား၏။ မီးတောက်၀က်၀ံဆိုသည်မှာ၀က်၀ံပုံသဏ
န်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး ထူးခြားသည့် သားရဲတစ်ကောင်ပင်။ ၀က်၀ံပုံသ
ဏန်နတ်ဆိုးသားရဲအများစုမှာ မြေဂုဏ်သတ္တိစွမ်းအင်ရှိပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားသန်
စွမ်းသည့်သားရဲများဖြစ်ကြသည်။ သို့သော် မီးတောက်၀က်၀ံများမှာမူ နာမည်အတို
င်းပင် မီးဂုဏ်သတ္တိရှိပြီးမှော်စွမ်းအင်များကိုပိုင်ဆိုင်ထားကြသည်။ မီး၀က်၀ံသားရဲ
ကောင်အများစုမှာ မွေးဖွားလာစဥ်ကတည်းက လယ်ဗယ်မြင့်မားသည့် သားရဲများပ
င်ဖြစ်သည်။ ယနေ့တောင်ထိပ်တွင်မြင်တွေ့လိုက်ရသည့်မီး၀က်၀ံသည် အနည်းဆုံး
လယ်ဗယ်၁၀ရှိသည့် နတ်ဆိုးသားရဲတစ်ကောင်ပင်။
လယ်ဗယ်၁၀နတ်ဆိုးသားရဲတစ်ကောင်သည် လအဆင့်စစ်သည်တစ်ယောက်နှင့်ညီမျှ
၏။
သက်တမ်းပိုရှည်ခြင်း၊ ပို၍မာကြောသည့်ခန္ဓာကိုယ်နှင့် မှော်စွမ်းအင်များကို သဘာ၀
အလျောက်အာရုံခံနိုင်စွမ်းမြင့်မားသည့်အတွက် ဤ၀က်၀ံသားရဲကောင်ကပင် အဆင့်
နှိမ့်လအဆင့်စစ်သည်တစ်ယောက်ထက်ပင် ပို၍ရင်ဆိုင်ရခက်ခဲ၏။
ဤအင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်၏တိုက်ပွဲသည် သားရဲ
၀ိဉာဥ်ကျင့်ကြံသူနှင့် လက်စွဲတော်လက်နက်ကျင့်ကြံသူ လအဆင့်သိုင်းဆရာနှစ်
ယောက်အဖြစ်သို့ပြောင်းလဲသွား၏။
“ဒွီ...”
ဓား၏ တုန်ခါသံသည် ကောင်းကင်ပေါ်တွင် ဟိန်းနေ၏။
“၀ေါင်း...”
၀က်၀ံ၏ သားရဲဟိန်းဟောက်သံများမှာလည်း ကျယ်လောင်စွာထွက်ပေါ်နေ၏။
“ဟားဟား နှစ်ဆယ့်ခြောက်နှစ်ကြာအငြိုးတွေနဲ့ ဇီးနစ်အင်ပါယာက အခုအချိန်မှာပဲ
ပြိုလဲတော့မယ်။ ဒီနေ့ပဲ အပြီးသက်ဖြေရှင်းကြတာပေါ့။ ငါ့ဟာငါ ပြန်ပြီးသိမ်းပိုက်
မယ်။ မင်းလဲဒီနေ့သေရတော့မယ်...”
ကွန်းတသည် ကျယ်လောင်စွာရယ်မောနေပြီး သူသည် အနည်းငယ်ရူးသွပ်နေသည့်ပုံ
ပင်။ သူအော်နေသည့်အချိန်တွင် မီး၀က်၀ံမှာ ဟိန်းဟောက်လိုက်ပြီးခါဆစ်ထံသို့
ဥက္ကာပျံခဲတစ်လုံးကဲ့သို့ပျံသန်းသွားတော့သည်။ ၀က်၀ံကြီးသည် ၁၀မီတာခန့်မြင့်
မားသောကြောင့် အနည်းငယ်နှေးကွေးလိမ့်မည်ဟု ထင်ရသော်လည်း တကယ်တ
န်းတွင် လျှင်မြန်စွာသွားလာနိုင်၏။
“ဟ...”
အေးစက်သည့်အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီးနောက်တွင် ခါဆစ်သည် အနော
က်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်ဟန်တစ်ခုပြုလုပ်လိုက်သည်။ သူ၏အနော
က်တွင်ရှိနေသည့် ရှေးကျသည့်ဓားကြီးသည် စတင်၍ ရွေ့လျားတော့၏။ အတော်
ဖြန့်လိုက်သည့်ဒေါင်းတစ်ကောင်ကဲ့သို့ပင် ဓားရှည်မှာ ဓားအလက်၁၀၀အဖြစ်သို့ပြော
င်းလဲသွားပြီး ထိုဓားများသည် ဖျက်ဆီး၍မရနိုင်သည့် နံရံတစ်ခုကို ဖန်တီးလိုက်၏။
“ဖုန်း...”
နတ်ဆိုးသားရဲကြီးသည် သူ၏တောင်ကဲ့သို့ခန္ဓာကိုယ်ဖြင့်် ဓားနံရံကို၀င်တိုက်ကာ
အော်ဟစ်လိုက်ပြီး အနည်းငယ်တုန်ခါလာ၏။ ကန်အားကြောင့် ၀က်၀ံမှာ အနော
က်သို့လွှင့်ထွက်သွားသော်လည်း လေးမီတာခန့်ပင်မြင့်မားသည့် ဓားနံရံမှာ လှုပ်
ရှားသွားခြင်းပင်မရှိပေ။
“တိုက်ခိုက်...”
ခါဆစ်သည် နောက်ထပ်လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ဓားများသည် ထက်မံ၍
ရွေ့လျားလိုက်၏။
ခါဆစ်သည် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်ဖြစ်သည့်အ
တွက် အခွင့်ရေးကို ကောင်းမွန်စွာပင်ဖမ်းဆုပ်နိုင်၏။ ကျယ်လောင်သည့် ဆူညံ
သံများ၊ သတ္တုခြင်းပွတ်တိုက်သည့်အသံများထွက်ပေါ်လာပြီးသည့်နောက်တွင် ဓားနံရံမှာ
ကြီးမားသည့်ဓားရှည်ကြီးတစ်ခုအဖြစ်သို့ပြန်လည် ပေါင်းစည်းသွားပြီး အရှေ့သို့ပျံသ
န်းသွားတော့သည်။
“ဖုန်း...”
ဓားများသည် လျှပ်စီးကဲ့သို့ပင် လျှင်မြန်၏။ အနောက်သို့ ပစ်လဲနေသည့် ၀က်၀ံကို
လျစ်လျူရှုကာ ခါဆစ်အား ပစ်မှတ်ထားလိုက်သည်။
သွေးများကောင်းကင်ပေါ်သို့ ပန်းထွက်လာ၏။
ကွန်းတသည် ထူးဆန်းသည့် သိုင်းကွက်တစ်ခုကို အသုံးပြုကာ ကောင်းကင်ပေါ်တွင်
လျှင်မြန်စွာလှုပ်ရှားနေသော်လည်း ခါဆစ်၏ဓားကို ရှောင်ရှားနိုင်လိုက်ခြင်းမရှိပေ။
သူခန္ဓာကိုယ်အား တည်ငြိမ်အောင်ထိန်းလိုက်ပြီးသည့်အချိန်တွင် သူ၏ပခုံးပေါ်တွင်
အရိုးများကိုပင် မြင်ရသည့် နက်ရှိုင်းသောဒဏ်ရာကြီးတစ်ခုရှိနေ၏။
ဒဏ်ရာများအတွင်းမှ သွေးများပန်းထွက်လာနေပြီး ကွန်းတသည် သွေးလူသားအဖြ
စ်သို့ပြောင်းလဲသွား၏။
သွေးများမြေပေါ်သို့ကျသည့်အချိန်တွင် ရေနွေးငွေ့များထွက်လာ၏။ ကွန်းတ၏
သွေးများသည်လည်း အလွန်ပူလောင်နေပုံရ၏။
“မင်းက င့ါကို ဒဏ်ရာအောင်လုပ်တယ်ပေါ့။ ဟားဟား ကောင်းတယ်။ ငါ၂၆နှ
စ်ကြာပြီးတဲ့နောက်မှာ နာကျင်မှုကို ပြန်ခံစားဖူးသွားပြီ...”
ကွန်းတသည် ဒဏ်ရာရရှိသွားသည့်အချိန်တွင် ပို၍ရူးသွပ်သည့်ပုံပေါက်လာ၏။
မီးတောာက်များသည် သူ၏ဒဏ်ရာများပေါ်တွင်ပေါ်လာပြီး အစိမ်းရောင်စွမ်းအင်များကို
ဒဏ်ရာများအတွင်းမှ ထုတ်လိုက်သည်။ ဤသည်မှာ ခါဆစ်၏တိုက်ခိုက်မှုကြောင့်
ကွန်းတ၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားခဲ့သည့်အတွင်းအားစွမ်းအင်များပင်။
မီးများလောင်မြိုက်ပြီးသည့်နောက်တွင် ကွန်းတ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့်ဒဏ်ရာ
များအားလုံးသည် ရှာမတွေ့အောင်ပင်ပျောက်ကွယ်သွားတော့၏။