အခန်း (၄၄၄)
Vol. 29 Ch. 444
“မင်းရဲ့ဓားက င့ါကို ချက်ချင်းအသေမသတ်လိုက်နိုင်တာဆိုးတာပဲ။ မင်းအဲ့လိုမလုပ်နိုင်ဘူးဆိုရင် ငါကအကြိမ်ပေါင်းများစွာ ပြန်ကုနေလို့ရတယ်။ ဒါပေမယ့် မင်းအတွက်ကတော့ မင်းဒီလောက်မြန်မြန်ကုသနိုင်မှာမဟုတ်ဘူး။ တကယ်လို့မင်းက နတ်ဆိုးတစ်ကောင်ဆိုရင်တောင် ဒီနေ့မင်းဒီတောင်ပေါ်မှာ သေရလိမ့်မယ်။ ဟားဟား လွန်ခဲ့တဲ့၂၆နှစ်က ငါမင်းကို ရှုံးခဲ့ပြီးကတည်းက ဒီလယ်ဗယ်၁၀မီး၀က်၀ံကိုရအောင်ကြိးစားရှာပြီးလေ့ကျင့်ခဲ့တာပဲ။ ဒီနေ့မှာ တော့ င့ါရဲ့ကြိုးစားမှုရလဒ်တွေကို မြင်တွေ့နေရပြီလေ...”
ကွန်းတသည် ဒဏ်ရာရရှိသွားပြီး သွေးများစွာ ဆုံးရှုံးခဲ့သော်လည်း ဒဏ်ရာများပြန်လည်ကာ ပျောက်ကင်းသွားသည့်အချိန်တွင် ပို၍ပင်စွမ်းအားမြင့်မားလာသည့်ပုံပေါက်လာ၏။
ပွဲကြည့်နေရာတွင်ရှိနေသည့် လူများအားလုံးထိတ်လန့်အံ့သြကုန်ကြသည်။
ဤသည်မှာ သားရဲ၀ိဉာဥ်ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအင်များထဲမှတစ်ခုဖြစ်သည်။ မီး၀က်၀ံ၏ အထူးမီးစွမ်းအင်ဖြင့် ပြန်လည်ကုသနိုင်သည့်စွမ်းအားသည် ကွန်းတ၏ခန္ဓာကိုယ်ထဲတွင်ပါ စီး၀င်နေသည့်အတွက်ပင်။ ထို့ကြောင့် ကွန်းတသည်လည်း မီး၀က်၀ံကဲ့သို့ပင် မာကြောကာ ခံနိုင်ရည်စွမ်းမြင့်မားနေ၏?
သာမန်လအဆင့်စစ်သည်များအတွက် ဤကဲ့သို့ ဒဏ်ရာရရှိသွားပါက ချက်ချင်းပင်စွမ်းအားများလျှော့ကျသွားမည်ဖြစ်သည်။ သို့သော် ကွန်းတအတွက်မှာမူ သိပ်ပြီးပြသနာမရှိလှပေ။
“မင်းက အတော်စကားများတဲ့ကောင်ပဲ...” ခါဆစ်သည် သူ၏ဓားကို ဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။ “ဒီဓားနာမည်က ကောင်းကင်ဘုံဓားလို့ခေါ်တယ်။ မင်းလွန်ခဲ့တဲံ ၂၆က ကောင်းကင်ဘုံဓားသိုင်းသုံးကွက်ကို လိုချင်ခဲ့တာမလား။ အခုသေချာကြည့်ထားလိုက်။ ပထမသိုင်းကွက် [ကောင်းကင်ဘုံ၏စီရင်ချက်]...”
“ကောင်းကင်ဘုံဓားသိုင်းသုံးကွက်ဆိုပါလား...”
ဖှေး၏မသိစိတ်များသည် ကွန်းတနှင့် ခါဆစ်တို့ကြားထဲတွင် အတိတ်ကသမိုင်းကြောင်းတစ်ခုရှိခဲ့သည်ဟု ပြောနေပြီး ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကောင်းစွာသိကျွမ်းခဲ့ကြသည့်လူနှစ်ယောက်ပင်။ ဤကောင်းကင်ဘုံဓားသိုင်းသုံးကွက်သည် ထင်ရှားစွာပင် တိုက်ပွဲသုံးသိုင်းကွက်များပင်။ ခါဆစ်သည် ထိုသိုင်းကွက်၏အမည်ကိုပြောရင်းဖြင့် အနည်းငယ်ဂုဏ်ယူသည့် မျက်နှာအမူယာသည်သူ၏မျက်နှာပေါ်တွင်ပေါ်လာ၏။
ကောင်းကင်ဘုံးဓားသိုင်းသုံးကွက်ဟူသည့်နာမည်ကို ကြားလိုက်ရသည့်အချိန်တွင် ကွန်းတ၏မျက်နှာအမူယာပြောင်းလဲသွားသည်ကိုလည်းဖှေးသတိထားလိုက်မိသည်။ ကွန်းတတစ်ယောက်ထဲသာမဟုတ်ပေ။ ပရိသတ်ထဲတွင်ရှိသည့် စွမ်းအားအမြင့်ဆုံးလူသုံးယောက်ဖြစ်ကြသည့် ဟွန်းတလား၊ ကွန်စတာကာတာနှင့် ဂါရာနိုတို့သည်လည်း အံ့သြသွားကြ၏။
ဤအရာများအားလုံးသည် စက္ကန့်၀က်အတွင်းမှာပင်ဖြစ်ပျက်သွားခြင်းပင်။
လူအများစုသည်တိုက်ပွဲကိုသာ စိတ်၀င်စားနေကြသဖြင့် ဤအသေးစိတ်အချက်လက်များကို သတိထားလိုက်မိခြင်းမရှိပေ။
“ကောင်းကင်ဘုံ၏စီရင်ချက်ဟုတ်လား။ ဟားဟား စီရင်ချက်ဟုတ်လား။ မင်းကောင်းကင်ဘုံဓားသိုင်းသုံးကွက်ကိုအသုံးပြုပြီး င့ါကိုဘယ်လိုအနိုင်ယူမလဲဆိုတာကြည့်ရသေးတာပေါ့....” ကွန်းတသည် မီး၀က်၀ံ၏ခေါင်းပေါ်တွင်မက်တပ်ရပ်နေရင်းဖြင့် ရယ်မောလိုက်၏။ နောက်အခိုက်တန့်တွင် ပတ်ပတ်လည်တွင်ရှိနေသည့်မီးတောက်များသည် သူနှင့် ၀က်၀ံကြီးကို လွှမ်းခြုံသွားကာ ၃၀မီတာခန့်မြင့်မားသော လူသားပုံသဏန်ရှိသည့်မီးတောက်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။ ပြင်းထန်သည့်အပူချိန်နှင့်အတူ ထိုမီးတောက်ကြီးသည် လေထဲတွင်ပျံသန်းကာ မကြာမှီမှာင် ခါဆစ်အား ၀ိုင်းလိုက်၏။
သို့သော် ခါဆစ်သည် ကောင်းကင်ဘုံဓားကို လက်ထဲတွင် တင်းကြပ်စွာဆုပ်ကိုင်ထားရင်းဖြင့်တည်ငြိမ်နေသည့်ပုံရှိနေဆဲပင်။ နှစ်မီတာကျော်ခန့်ပင်ရှည်လျားသည့် ဓားရှည်ကြီးသည် သူ၏ပိန်ပါးသည့် ခန္ဓာကိုယ်နှင့်ဆန့်ကျင်နေသော်လည်း ဤအချက်ကပင် သူ့အားစွမ်းအားမြင့်မားသည့်ပုံပေါက်နေစေ၏။ ဓားအား သူ၏ရန်သူထံသို့ ချိန်ရွယ်ထားရင်းဖြင့် ခါဆစ်သူ၏ဓားကို ၀ှေ့ရမ်းလိုက်၏။ ချက်ချင်းပင် အစိမ်းရောင်စွမ်းအင်လေးခုမှာ သူ၏အရှေ့တွင်ရှိနေသည့် မီးတောက်များကို ဖြတ်သန်းကာ လူသားပုံသဏာန်မီးတောက်ကြီးထံသို့ပျံသန်းသွားတော့၏။
“၀ှစ်...”
အံ့သြစရာကောင်းသည်မှာ ဤအစိမ်းရောင်စွမ်းအင်လေးခုသည် မီးတောက်များကိုလွယ်ကူစွာဖြတ်ကျော်သွားပြီး အ၀ေးသို့လျှင်မြန်စွာပင်ပျောက်ကွယ်သွားခြင်းပင်။
ဤစွမ်းအင်များသည် ကွန်းတနှင့် သူ၏၀က်၀ံကို ဒဏ်ရာရအောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိသည်မှာ ထင်ရှာလှသည်။ လူနှ့င် ၀က်၀ံတို့သည် မီးစွမ်းအင်များအဖြစ်သို့ပြောင်းလဲထားသဖြင့်် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်အောင်ပြုလုပ်နိုင်ခြင်းမရှိတော့သောကြောင့်ပင်။
“ဟားဟား မင်းကိုငါအတော်လေးစိတ်ပျက်မိသွားတယ်။ ခါဆစ် မင်းရဲ့ကောင်းကင်ဘုံ၏ စီရင်ချက်ဆိုတာ ဒါလားကွ...” မီးတောက်များအတွင်းမှ ကွန်းတ၏မာနထောင်လွှားသည့် ရယ်မောသံထွက်ပေါ်လာ၏။ “ကောင်းကင်ဘုံဓားသိုင်းသုံးကွက်လုံးက ဒီလိုပဲဆိုရင်တော့ ငါအတော်လေးစိတ်ပျက်လိမ့်မိမယ်ကွ...”
သို့သော် အရာအားလုံးသည် ခါဆစ်၏ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ပင်။
သူသည် ရုတ်တရက်သူ၏ညဘက်လက်ကောက်၀တ်ကို လှုပ်ရှားလိုက်ရာ အလည်ခေါင်တွင် ကောင်းကင်ဘုံဓား၏ပုံရှိသည့် ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင် ရုတ်တရက်ပေါ်လာတော့၏။ ရှေးကျသည့်မှော်အစီရင်တစ်ခုကဲ့သို့ပင် များပြားလှသည့်အစိမ်းရောင်စွမ်းအင်ဓားသွားများသည် မည်သူမှ တုန့်ပြန်ခြင်းမပြုနိုင်ခင်မှာပင် ထွက်ပေါ်လာ၏။ မကြာမှီတွင် ကောင်းကင်တစ်ခုလုံးသည် ဤအစိမ်းရောင်စွမ်းအင်ဓားသွားများဖြင့်ပြည့်နှက်သွားပြီး ထိုဓားများသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်သကဲ့သို့ပင်။
စွမ်းအင်များသည် လေမုန်တိုင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာပြီး မီးခိုးများသည် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိပဲ လရောင်ကို ဖုံးကွယ်လိုက်သည်ဟုပင် ထင်ရ၏။
အမဲရောင်ဆံပင်များ လေထဲတွင် လွှင့်ပျံနေရင်းဖြင့် ခါဆစ်သည် မော့ကြည့်လိုက်ပြီး ညင်သာစွာရေရွတ်လိုက်သည်။
“ကောင်းကင်ဘုံ၏ စီရင်ချက်...”
သူစကားမဆုံးသေးခင်မှာပင် သူ၏ညာလက်ထဲတွင်ရှိသည့် ကောင်းကင်ဘုံဓား၏ကိုယ်ထည်ကို ပုတ်လိုက်ပြီး အစိမ်းရောင်စွမ်းအင်ဓားသွားများအားလုံးကို လှုပ်ရှားရန်အတွက် အမိန့်ပေးလိုက်၏။ အစိမ်းရောင်စွမ်းအင်ဓားသွားများသည် လေခွင်းသည့်အသံများနှင့်အတူ လေထဲတွင်ပျံသန်းရင်းဖြင့် လူသားပုံသဏန်မီးတောက်ကြီးထံသို့ ဦးတည်သွားကြတော့၏။
ဤတစ်ကြိမ်တွင်မူ ဓားသွားစွမ်းအင်များသည် မီးတောက်ကို ဖြတ်သန်းသွားခြင်းမပြုပေ။ ထိုအစားထိုစွမ်းအင်များသည် မီးတောက်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားကြ၏။
“အား...” ဒေါသဖြင့် အော်ဟစ်သည့်အသံများထွက်ပေါ်လာပြီး မီး၀က်၀ံ၏ဟိန်းဟောက်သံများမှာ ပို၍ထင်ရှားလာတော့သည်။ ကွန်းတဒုက္ခရောက်နေသည်မှာ ထင်ရှားလှ၏။
ဤအခိုက်တန့်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ခါဆစ်သည်သူ၏ဓားနှင့်အတူ အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီးတစ်ခြားဓားသွားစွမ်းအင်များ၏အနောက်သို့လိုက်ပါသွားတော့၏။ စက္ကန့်၀က်အတွင်းတွင် ကောင်းကင်ဘုံဓားသည် မီးတောက်များအားထိုးဖောက်ကာ၀င်ရောက်သွား၏။
“အား မဟုတ်ဘူး...” နောက်ထပ်အော်ဟစ်သံတစ်ခုထွက်ပေါ်လာ၏။
ကွန်းတသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တော့ခြင်းမရှိသည့်အတွက် သူ့ကိုယ်သူအထင်ကြီးမိသွားသည်။ ရလဒ်အနေဖြင့် ခါဆစ်၏ဓားသွားများသည် သူ့အား လွယ်ကူစွာ ဒဏ်ရာရရှိအောင်ပြုလုပ်နိုင်သွား၏။
သို့သော် ကွန်းတ၏တုန့်ပြန်နိုင်မှုမှာလည်း မြန်ဆန်၏။
သူအော်အပြီးတွင် မီးတောက်များသည် ပို၍ပင် ပြင်းထန်လာပြီးကောင်းကင်ဘုံဓားသည် ၂၀စင်တီမီတာခန့်၀င်ရောက်ပြီးသွားသည့်အချိန်တွင် ဆက်လက်၀င်ရောက်နိုင်ခြင်းမရှိတော့ပေ။ ဓားကို ဆုပ်ကိုင်ထားရင်းဖြင့် ခါဆစ်၏ခန္ဓာကိုယ်သည် မြေပြင်နှင့် မျဥ်းပြိုင်ရှိနေလျှက်ရှိပြီး အစိမ်းရောင်စွမ်းအင်မီးတောက်များသည် သူ့အား ၀ါးမြိုရန်ကြိုးစားနေသည့် ကွန်းတ၏အနီရောင်မီးတောက်များကို တားဆီးပေးထား၏။
နောက်အခိုက်တန့်တွင် လူပုံသဏန်မီးတောက်ကြီးမှ လက်နှစ်ချောင်းထွက်လာသည့်အတွက် ပို၍ပင်ပီသသွားတော့၏။ လက်တစ်ဖက်ခြင်းစီသည် ၁၀မီတာခန့်ရှည်လျားကာ ခါဆစ်အား လျင်မြန်သည့်အမြန်နှုန်းနှင့်အတူ တိုက်ခိုက်လိုက်သည်။
မီးလက်သီးကြီးများသည် သူ့အား တိုက်ခိုက်ရန်အတွက်နီးကပ်လာသော်လည်း ခါဆစ်၏ပုံစံမှာ တည်ငြိမ်နေဆဲပင်။ သူညင်သာစွာအော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိနေသည့် ဓားကိုအသာယာလှုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လျှင်မြန်စွာစတင်၍လှည်ပတ်လာပြီး ကောင်းကင်ဘုံဓားသည် လွန်သွားတစ်ခုကဲ့သို့ပင်ဖြစ်လာ၏။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် ဘေးပတ်၀န်းကျင်သို့ပြန့်နှံ့သွားပြီး ကြယ်လေးလုံးအဆင့်ခန့်စွမ်းအင်ရှိသည့် ပရိသတ်များဆိုလျှင် ငြိမ်သက်နိုင်ခြင်းမရှိတော့ပေ။ သူတို့သည် လေမုန်တိုင်းကြားထဲမှ ရေသန့်ဘူးခွံများကဲ့သို့ လွှင့်ပျံကုန်ကြပြီး တောင်အောက်သို့ လွှင့်မသွားစေရန်အတွက် ရရာကိုကိုင်ဆွဲထားရ၏။
“၀ှစ်..။”
အလင်းတန်းတစ်ခုတောက်ပသွားသည်။
ပို၍ပင် ကျယ်လောင်စူးရှသည့်လေခွင်းသံတစ်ခုထွက်ပေါ်လာ၏။
ခါဆစ်သည် သူ၏ဓားသွားနှင့် အတူ လူသားပုံသဏန်မီးတောက်ကြီးကို ဖြတ်သန်းသွားပြီး လူသားပုံမီးတောက်ကြီးထဲတွင် သုံးမီတာခန့်အချင်းရှိသည့် အပေါက်ကြီးတစ်ခုကျန်ခဲ့တော့၏။
သားရဲတစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့ အော်သံတစ်ခုထွက်ပေါ်လာပြီးမီးတောက်ကြီးသည် အရွယ်စားသေးငယ်လာတော့၏။ ကွန်းတ၏ခန္ဓာကိုယ်သည် မီးတောက်များထဲတွင်ပေါ်လာ၏။ သူ၏ ၀မ်းဗိုက်ပေါ်တွင်လည်း ပန်းကန်လုံးအရွယ်စားခန့်ရှိသည့်အပေါက်ကြီးတစ်ခုရှိနေ၏။ သွေးများသည်လည်း ထိုဒဏ်ရာအတွင်းမှ အဆက်မပြတ်စီးကျနေလျှက်ရှိသည်။
“အား.., ကျွန်တော်က ရှေးကျတဲ့ ကတိက၀တ်စာချုပ်ကို လိုက်နာဖို့ဆန္ဒရှိပါတယ်။ ကျွန်တော့ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လဲလည်လို့ရပါတယ်၊ ကျွန်တော့ ခန္ဓာကိုယ်က သွေးတွေကို အစားထိုးလို့ရပါတယ်...” ကွန်းတသည် ရှေးကျသည့် သစ္စာတိုင်တည်မှုတစ်ချို့ကို ရွတ်ဆိုလိုက်၏။
ထူးဆန်းသည့်အရာများဖြစ်ပျက်သွားသည်။
ကွန်းတ၏ခြေထောက်အောက်တွင်ရှိသည့် မီး၀က်၀ံကြီး၏ခန္ဓာကိုယ်ပေါ်တွင်အပေါက်ကြီးတစ်ခုပေါ်လာပြီးနာကျင်စွာဖြင့် စတင်အော်ဟစ်တော့၏။ သို့သော် ကွန်းတ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာမူ ပျောက်ကွယ်သွားတော့သည်။ သူ၏ဒဏ်ရာများသည် သူနှင့် ၀ိဉာဥ်စာချုပ်ချုပ်ဆိုထားသည့် နတ်ဆိုးသားရဲထံသို့ရွေ့ပြောင်းသွားခြင်းဖြစ်ပြီး သူသည် ချက်ချင်းပင်ပြန်ကောင်းသွားတော့၏။ သူ၏ဖြူဖက်ဖြူယော်မျက်နှာသည် ယခုအချိန်တွင် ပုံမှန်ပြန်ဖြစ်လာပြီဖြစ်သည်။
ဤသည်မှာ သားရဲ၀ိဉာဥ်စစ်သည်များ၏ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုပင်။
လူသားများအတွက် သေစေနိုင်သည့်ဒဏ်ရာများသည် နတ်ဆိုးသားရဲများအတွက် ဒဏ်ရာအသေးဖွဲမျှသာဖြစ်၏။ အဆင့်၁၀နတ်ဆိုးသားရဲ မီး၀က်၀ံသည် ခန္ဓာကိုယ်ပေါ်တွင်ရောက်ရှိလာသည့် ဒဏ်ရာ၏နာကျဥ်မှုကိုခံစားလိုက်ရသော်လည်း အသတ်အန္တရာယ်ဖြစ်စေလောက်ခြင်းမရှိပေ။ သို့သော် ကွန်းတမှာမူအပြည့်၀ပြန်လည်ကောင်းမွန်လာ၏။
“မင်း င့ါကို စိတ်ဆိုးအောင်လုပ်လိုက်တာပဲ...” ကွန်းတသည် အဖိနှိပ်ခံရပြီး ဒဏ်ရာမရရှိသည်မှာကြာပြီဖြစ်သည့်အတွက် ဒေါသဖြစ်စွာအော်ဟစ်လိုက်သည်။ “သားရဲ၀ိဉာဥ်စစ်သည်ရဲ့ ဒေါသကိုခံစားကြည့်လိုက်ကွာ...မီးနတ်ဘုရားရဲ့ကြာပွတ်...”
မီးကြပွတ်များသည် လေပါ်တွင် ပေါ်လာပြီး ထိုကြာပွတ်များသည် လက်ချောင်းအရွယ်စားခန့်သာရှိကြ၏။ သူတို့သည် နီရဲတောက်ပနေကြပြီး ၅၀မီတာခန့်အရှည်ရှိသည့် အနီရောင်မြွေများကဲ့သို့ပင်။ သူတို့သည် မှောင်မိုက်သည့်ကောင်းကင်ပေါ်တွင် တောက်ပနေကြပြီး ခါဆစ်အား လျှင်မြန်စွာရစ်ပတ်လျှက်ရှိကြသည်။
“ဒုတိယသိုင်းကွက်...[ကောင်းကင်ဘုံမှ အပြစ်ပေးခြင်း]...”
ဤအချိန်တွင် ခါဆစ်သည် သူ၏စွမ်းအားမြင့်ဒုတိယသိုင်းကွက်ကိုလည်း ထုတ်သုံးလိုက်၏။ သူသည် ဓားကို ဒေါင်လိုက်အောက်သို့ ခုတ်ပိုင်းချလိုက်ရာ ၁၀၀မီတာကျော်ခန့်ရှည်လျားသည့် ကြီးမားသည့် အစိမ်းရောင်ဓားသွားစွမ်းအင်ကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင်ပေါ်လာ၏။ စွမ်းအင်လှိုင်းများအဆက်မပြတ်ထွက်ပေါ်လာနေလျှက်ရှိပြီး ထိုဓားသွားကြီးသည် ကွန်းတအား အညှာတာကင်းမဲ့စွာဖြင့် တိုက်ခိုက်လိုက်၏။
ကြီးမားသည့် ဓားကြီးသည် လျှင်မြန်စွာရွေ့လျားနေခြင်းမရှိသော်လည်း ခုခံ၍မရနိုင်သလိုခံစားရ၏။