← Chapters

အခန်း (၄၄၅)

Vol. 29 Ch. 445

အခန်း (၄၄၅)

Vol. 29 Ch. 445

မီးတောက် ကြာပွတ်များအားလုံးသည် ဤဓားသွားကြီး၏တိတ်ဆိတ်စွာပိုင်းဖြတ်ခြင်းကိုခံလိုက်ရ၏။ ကွန်းတသည် အကောင်းဆုံးကြိုးစားပြီးမီးစွမ်းအင်ကြာပွတ်များကို ထက်မံဖန်တီးရန်အတွက် ကြိုးစားသော်လည်း ကြယ်ခြောက်လုံးအဆင့်စစ်သည်များကို လွယ်ကူစွာသတ်ဖြတ်နိုင်သည့် မီးကြာပွတ်များမှာ ကြီးမားသည့်အစိမ်းရောင်ဓားသွားကြီး၏အောက်တွင် ထောပတ်ကဲ့သိ့ပင် ပျော့ပျောင်းနေ၏။

“သေစမ်း...”

သူသည် ခုခံ၍မရနိုင်တော့သဖြင့် ကွန်းတသည် ရှောင်ရှားနိုင်ရန်အတွက် ကြိုးစားတော့သည်။ ကြီးမားသည့်မီး၀က်၀ံကြီးသည် အန္တရာယ်ကို အာရုံခံလိုက်မိသဖြင့် လေပေါ်သို့ ခုန်တက်လိုက်သည်။

“ဖုန်း...”

ပုံမှန်အမြန်နှုန်းဖြင့် ခုတ်ပိုင်းနေသည့်အစိမ်းရောင်ဓားသွားကြီးသည် မီး၀က်၀ံ၏ရှေ့ခြေနှစ်စုံကို ပိုင်းဖြတ်လိုက်၏။

နတ်ဆိုးသားရဲကြီးသည်နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး မီးကဲ့သို့သော သွေးများသည်လည်း ဒဏ်ရာအတွင်းမှ ပန်းထွက်လာတော့၏။ တိုက်ပွဲကို ကြည့်ရှုနေကြသည့် စပါတပ်အင်ပါယာမှစစ်သည်တစ်ချို့သည် သွေးများပန်းထွက်လာသည့်သွေးများဖြင့် အလောင်းခံလိုက်ရပြီး အချိန်မှီခုခံနိုင်ခြင်းမရှိသည့်အတွက်မီးကဲ့သို့ပင် ပူလောင်သည့်သွေးများကြောင့် ပြာကျသည့်အထိပင်လောင်မြိုက်သွားကြ၏။

“ဖုန်း...”

အစိမ်းရောင်ဓားသွားကြီးသည် အလွန်ပင်စွမ်းအားမြင့်မားလှပြီး ခါဆစ်ကိုယ်တိုင်ပင် ပြန်လည်ရုတ်သိမ်းနိုင်ခြင်းမရှိပေ။ ဤဓားသွားသည် ခါဆစ်တို့တိုက်ခိုက်နေသည့် ကျောက်တိုင်ကြီးပေါ်သို့ ကျရောက်သွားပြီး ၁၀၀မီတာခန့်ရှည်လျားသည့် ကျောက်တိုင်ကြီးအား နှစ်ပိုင်းပိုင်းလိုက်၏။ ကြီးမားသည့်ကျောက်တုံးများသည် ကျောက်တိုင်ကြီးတစ်ခုလုံးပြိုကျတော့မည့်အတိုင်းပင် ကျဆင်းလာ၏။ ဓားသွားပျောက်ကွယ်သွားသည့်အချိန်တွင် ကျောက်တိုင်သည် နှစ်ပိုင်းဖြစ်သွားပြီး တစ်ခုနှင့် တစ်ခု၁၀မီတာခန့်ကွာ၀ေးနေ၏။

စွမ်းအားမြင့်မားသည့်တိုက်ခိုက်မှုတစ်ခုပင်။

ထိုသိုင်းကွက်၏နာမည်မှာ ကောင်းကင်ဘုံမှ အပြစ်ပေးခြင်းဖြစ်သည်မှာ သိပ်ပြီးမဆန်းကျယ်လှပေ။

ကောင်းကင်ဘုံဓားပင်။

လူတိုင်းထိတ်လန့်အံ့သြသွား၏။ ခါဆစ်၏ခွန်အားသည် လူများစွာထင်ထားသည်ထက်ပင် ပို၍မြင့်မားနေသည့်အတွက်ပင်။ လူများစွာသည် ဤတိုက်ပွဲသည် လက်ရည်တူသည့်တိုက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ကြသော်လည်း လက်ရှိတွင် ကွန်းတသည် ခါဆစ်၏ရှေ့တွင် အသုံးမကျသည့်လူတစ်ယောက်ကဲ့သို့ပင်။ သူ့တွင် အဆင့်၁၀ နတ်ဆိုးသားရဲမီး၀က်၀ံကိုပိုင်ဆိုင်ထားသော်လည်း ကွန်းတသည် ကောင်းကင်ဘုံဓားသိုင်းသုံးကွက်ကို ပိုင်ဆိုင်ထားသည့် ဇီးနစ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

အားသာနေသည့်အတွက် ခါဆစ်သည် ညှာတာနေခြင်းမရှိပေ။ လက်ထဲတွင် ကောင်းကင်ဘုံဓားကို ကိုင်ကာ ကွန်းတ၏အနောက်သို့လိုက်ကာ ခုတ်ပိုင်းချလိုက်သည်။

ကွန်းတသည် လေထဲတွင် ဆုပ်ကိုင်လိုက်သည်။ထို့နောက်တွင်မီးစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် ဓားနှစ်လက်သည် သူ၏လက်ထဲသို့ရောက်ရှိလာ၏။ စွမ်းအားမြင့်သည့်အရှိန်၀ါတစ်ခုနှင့်အတူ မီးစွမ်းအင်ဓားနှစ်လက်သည် ကောင်းကင်ဘုံဓားနှင့် ယှဥ်ပြိုင်ကာ တိုက်ခိုက်တော့သည်။

“ချွင် ချွင် ချွင်...”

မီးပွားစများစွာနှင့် ဓားသွားစွမ်းအင်များသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာပြီးအနီးကပ်တိုက်ခိုက်မှုနှင့်အတူ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်၏တိုက်ပွဲသည် အရှိန်အမြင့်ဆုံးသို့ရောက်ရှိလာနေပြီဖြစ်သည်။ အနီရောင်နှင့် အစိမ်းရောင် သတ်ဖြတ်လိုသည့်ဆန္ဒများနှင့် အတွင်းအားစွမ်းအင်များသည် ရူးလောက်သည့်မြင်ကွင်းတစ်ခုကို ဖန်တီးနေလျှက်ရှိသည်။

အနီရောင်ဓားသွားစွမ်းအင်များသည်နေရာအနှံ့သို့ ပျံသန်းနေလျှက်ရှိပြီး တောင်ထိပ်တွင် နက်ရိုင်းသည့်ဓားရာများအဆက်မပြတ်ထွက်ပေါ်လာနေလျှက်ရှိသည်။

အစိမ်းရောင် ဓားသွားစွမ်းအင်များသည်လည်း လေထဲတွင် ပျံသန်းနေ၏။ ခါဆစ်သည် အနီးကပ်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ဓားသွားစွမ်းအင်များကို ဖန်တီးနေဆဲ၌င်။ ဓားသွားစွမ်းအင်တစ်ခုစီတိုင်းသည် အမှောင်ထဲတွင်တောက်ပလျှက် အသုံးပြုမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

ဤမြင်ကွင်းကြောင့် ကြည့်ရှုနေကြသည့်ပရိသတ်များသည် ဆူညံသံများကို မေ့လျှော့ကာ စိတ်လှုပ်ရှားနေကြ၏။

“ကွန်းတ..မင်းအစွမ်းက ဒါအကုန်ပဲလားကွ...” နောက်ဆုံးတွင် ခါဆစ်သည်လည်းတိုက်ပွဲဆာလောင်သည့်အဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။

တိုက်ပွဲစတင်စဥ်က စိတ်ခံစားချက်ကင်းမဲ့နေသည့်ပုံနှင့်မတူတော့ပဲ ခါဆစ်သည် သူ၏ဓားကို၀ှေ့ရမ်းလျှက်လေထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒများကို ပြသနေလျှက်ရှိသည်။ ခါဆစ်၏ဓားသွားစွမ်းအင်များသည် မီးစွမ်းအင်ဓားသွားများ၏ ခုခံမှုကို ကျော်လွန်ကာ ကွန်းတ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများကို တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေစေလျှက်ရှိသည်။

“အား ခါဆစ်။ မင်းရဲ့ကောင်းကင်ဘုံဓားက င့ါကိုချက်ချင်းမသတ်နိုင်တာ တော်တော်ဆိုးတာပဲ...” ကျယ်လောင်စွာရယ်မောရင်းဖြင့် ကွန်းတသည် သူ၏တိုက်ခိုက်မှုစတိုင်ကိုပြောင်းလဲလိုက်သည်။ ခုခံခြင်းကိုလျစ်လျူရှုလိုက်ပြီး တိုက်ခိုက်ရန်ကိုသာ အပြည့်၀အာရုံစိုက်လိုက်ကာ ခါဆစ်၏ပခုံးပေါ်တွင် နက်ရှိုင်းသည့်ဒဏ်ရာတစ်ခုကိုချန်ထားပေးခဲ့နိုင်လိုက်၏။

အဆင့်၁၀နတ်ဆိုးသားရဲ၏ကူညီမှုကိုရရှိထာသည့်အတွက် ကွန်းတသည် ချက်ချင်းပင်ပြန်လည်ကုသနိုင်ပြီး သူ၏တိုက်ခိုက်နိုင်စွမ်းကို ထိန်းထားနိုင်၏။

သို့သော် လက်စွဲတော်လက်နက်အသုံးပြုသည့်လအဆင့်စစ်သည်တစ်ယောက်အနေဖြင့် ခါဆစ်သည် သူ၏ဒဏ်ရာများကို ကွန်းတကဲ့သို့နတ်ဆိုးသားရဲအား အစားထိုးခံစားစေနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူဒဏ်ရာရရှိသွားသည့်အချိန်တိုင်းတွင် သူ၏တိုက်ခိုက်နိုင်စွမ်းသည်အနည်းငယ်ကျဆင်းသွားမည်ဖြစ်သည်။

“ဟားဟား ခါဆစ်အစွမ်းကုန်သုံးရမှာမင်းကွ...”

ရယ်မောနေရင်းဖြင့် ကွန်းတသည် ပို၍ရန်လိုစွာပင် စတင်၍တိုက်ခိုက်တော့သည်။ သူသည် အသတ်ရှင်ရန်အတွက် စီစဥ်မထားသည့်အတိုင်းပင် ခါဆစ်၏တိုက်ခိုက်မှုများကို ရှောင်ရှားခြင်းမရှိပဲ သူ၏သိုင်းကွက်များအားလုံးကိုသာ ထုတ်သုံးနေလျှက်ရှိသည်။ မကြာမှီတွင် သူ၏ခန္ဓာကိုယ်သည် သွေးများဖြင့်ပြည့်နှက်နေသော်လည်း ဒဏ်ရာများအားလုံးကိုမူ နတ်ဆိုးသားရဲထံသို့ ပြောင်းလဲထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ခွန်အားကျဆင်းသွားခြင်းမရှိသေးပေ။ တစ်ဖက်တွင် ခါဆစ်မှာမူ ဒဏ်ရာခြောက်ခုခန်ရရှိသွား၏။

သူ၏ပခုံး၊ လက်မောင်းနှင့် ခြေထောက်များအားလုံးသည် ဒဏ်ရာရရှိသွားပြီး ကွန်းတ၏မီးစွမ်းအင်များသည် ဒဏ်ရာများမှတဆင့် သူ၏အတွင်းအားစီးကြောင်းများထဲသို့ ၀င်ရောက်သွား၏။ ခါဆစ်သူ၏ခန္ဓာကိုယ်ထဲတွင် အတွင်းအားများစီးဆင်းရန်အတွက် ခက်ခဲနေသကဲ့သို့ ခံစားနေရ၏။

“အနိုင်ရဖို့အတွက် နောက်ဆုံးသိုင်းကွက်...”

ခါဆစ်သည် သူ၏ဓားဖြင့် ကွန်းတအားအနောက်သို့ တွန်းထုတ်လိုက်ပြီးနောက်တွင် သူကိုယ်တိုင်အနောက်သို့ မီတာ၁၀၀ခန့်ဆုတ်ခွာလိုက်၏။ သူသည် လေထဲတွင် ၀ဲပျံနေရင်းဖြင့် လက်ထဲတွင် ကိုင်ဆောင်ထားသည့် ကောင်းကင်ဘုံဓားသည် ပြင်းထန်စွာဖြင့် တုန်ခါလာတော့သည်။ အစိမ်းရောင်စွမ်းအင်များစွာသည် ကောင်းကင်ဘုံဓားသွားအတွင်းမှ စီးထွက်လာပြီး ခါဆစ်လက်ဟန်ပြလိုက်ပြီးသည့်နောက်တွင် ကောင်းကင်ဘုံဓားကိုယ်တိုင်လေပေါ်တွင် လည်ပတ်လာတော့၏။

“တတိယသိုင်းကွက်...ကောင်းကင်ဘုံ၏ ခွင့်လွှတ်ခြင်း...”

အစိမ်းရောင်စွမ်းအင်များစွာသည် ခါဆစ်၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး သူ၏ပတ်ပတ်လည်တွင်ရှိသည့် ပတ်၀န်းကျင်ပင် စတင်၍ပြောင်းလဲလာတော့သည်။ တိမ်တိုက်များ၊ လေညှင်းများ ပြောင်းလဲကုန်သည်။ လျှပ်စီးမိုးကြိုးများသည် အစိမ်းရောင်စွမ်းအင်တိမ်တိုက်များအတွင်းတွင်ဖြစ်ပေါ်နေလျှက်ရှိသည်။ ကောင်းကင်ပေါ်တွင်ရှိသည့် တိမ်တိုက်များသည် ခါဆစ်၏ခန္ဓာကိုယ်ပတ်လည်တွင် လေဗွေတစ်ခုအဖြစ် ဖြေးညှင်းစွာဖြစ်ပေါ်လာကြပြီး ခါဆစ်၏တတိယသိုင်းကွက်သည် သဘာ၀တရားနှင့် ဆက်နွယ်နေသည့်အတိုင်းပင်။

အစိမ်းရောင်စွမ်းအင်တိမ်တိုက်များကြားထဲတွင် ခါဆစ်သည် ကောင်းကင်ဘုံဓားရိုးကို ပြန်လည်ကာ ကိုင်ဆုပ်လိုက်ပြီး ရွတ်ဆိုလိုက်သည်။ “ဆန္ဒမရှိ၊ လောဘမရှိ၊ ငါမရှိ၊ ဖြစ်တည်မှုမရှိ၊ ခွင့်လွှတ်ပြီး ကမ္ဘာကြီးကို ကယ်တင်ပါ...အပြစ်တွေအကုန်လုံးကို ခွင့်လွှတ်ပေးပါ...”

ကောင်းကင်ဘုံဓားသွားကို ညင်သာစွာဖြင့် ခါရမ်းလိုက်သည့်အချိန်တွင် မြူခိုးများကဲ့သို့သောအစိမ်းရောင်စွမ်းအင်များသည် ကွန်းတထံသို့ ရွေ့လျားသွား၏။

အစိမ်းရောင်စွမ်းအင်တိမ်တိုက်များ သူ့အား ထိလိုက်သည်နှင့်တပြိုင်နက်ကွန်းတ၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာတော့၏။ သူ၏ခြေထောက်အောက်တွင်ရှိနေသည့် မီး၀က်၀ံကြီးသည်လည်း အစိမ်းရောင်စွမ်းအင်မြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီးကြောက်လန့်စွာဖြင့် စတင်အော်ဟစ်နေတော့သည်။ အကောင်းဆုံးကြိုးစားကာ ခုခံနေသော်လည်း အသုံးမ၀င်လှပေ မီး၀က်၀ံ၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည်ပေါက်ကွဲသွားကာ သွေးများ၊ အရိုးစများ၊ အသားစများသည် ကျောက်တိုင်ပေါ်သို့ မီးကဲ့သို့ရွာကျလာတော့၏။

“ဟာ မီး၀က်၀ံ...” ကွန်းတထိတ်လန့်သွားသည်။

တတိယသိုင်းကွက်ဖြစ်သည့် ကောင်းကင်ဘုံ၏ခွင့်လွှတ်ခြင်းသည် အဆင့်၁၀နတ်ဆိုးသားရဲကို သတ်ဖြတ်ပစ်ခဲ့ပြီး ကွန်းတ၏အစွမ်းတစ်၀က်ခန့်ကို ယူဆောင်သွား၏။

၀က်၀ံသေဆုံးသွားသည့်အတွက် တိုက်ပွဲသည်လည်း ပြီးဆုံးသွားပြီဟု ဆိုနိုင်ပြီဖြစ်သည်။

ကွန်းတသည်လည်း ပြင်းထန်စွာဒဏ်ရာရရှိသွားသည့်အတွက် ခါဆစ်ကို ဆက်လက်၍တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ တိုက်ပွဲသည် ပြီးဆုံးတော့မည်ဖြစ်သဖြင့် ဇီးနစ်အင်ပါယာမှ စစ်သည်များသည် ကျယ်လောင်စွာအားပေးနေကြ၏။

ထိုအခိုက်တန့်တွင်...

“၀ှီး...”

ငွေရောင်စွမ်းအင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်မှ ဥက္ကာပျံတစ်ခုကဲ့သို့ပျံသန်းလာပြီး ခါဆစ်၏ညာဘက်ရင်အုံအား ထိုးဖောက်သွား၏။ ခါဆစ်သည် သူ၏စွမ်းအားအမြင့်ဆုံးသိုင်းကွက်ကို အသုံးပြုထားခြင်းကြောင့် အလွန်အားနည်းနေပြီး အချိန်မှီရှောင်ရှားလိုက်နိုင်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်သည် လေပေါ်တွင်ပြင်းထန်စွာတုန်ခါသွားပြီး သူသည် အချိန်မရွေးပင်လဲကျတော့မည့်အတိုင်းပင်။

All Chapters