← Chapters

အခန်း (၄၄၆)

Vol. 29 Ch. 446

အခန်း (၄၄၆)

Vol. 29 Ch. 446

ရုတ်တရက်ပြောင်းလဲသွားခြင်းသည် လူတိုင်းအား ကျက်သေသေသွားစေ၏။ သူတို့၏မျက်လုံးများကို ယုံနိုင်ကြခြင်းမရှိပေ။

ခါဆစ်အား တိုက်ခိုက်ခဲ့သည့်လူမှာ ဂျက်အင်ပါယာ၏ နံပါတ်၁ဓားသမား ဟွန်းတလားပင်။

ဤသန်မာထွားကျိုင်းကာ အရပ်မြင့်မားသည့် လူ၀ံကဲ့သို့သော ဓားသမားကြီးသည် သူ၏ကျောက်ထိုင်ခုံမှ ထရပ်လိုက်ပြီး သူ၏မြင့်မားသည့်အရပ်သည်ဘေးပတ်၀န်းကျင်တွင်ရှိနေသည့် လူများကို ဖိအားများစွာပေးနေလျှက်ရှိ၏။ လက်မတစ်ခုစာခန့်သာအကျယ်ရှိသည့် ပါးလွှာသည့်ငွေရောင်ဓားသည် စည်းချက်ကျကျတုန်ခါနေလျှက်ရှိပြီး ထိုဓားတုန်ခါလိုက်သည့်အချိန်တိုင်းတွင် ငွေရောင်စွမ်းအင်များမှာကောင်းကင်ပေါ်သို့ ပျံတက်သွားမည်ဖြစ်သည်။

“ခင်ဗျားဘာလုပ်တာလဲ...”

“သေစမ်း ခင်ဗျားက အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတွေရဲ့တိုက်ပွဲမှာ ၀င်ပါရဲတယ်ပေါ့...”

“အား မစ်စတာခါဆစ် ဒဏ်ရာရသွားပြီ...”

လွင်ပြင်ပေါ်တွင် ပရိသတ်များ၏အော်ဟစ်သံများထွက်ပေါ်လာ၏။ ဇီးနစ်အင်ပါယာ၏ ဂုဏ်သရေရှိဧည့်သည်တစ်ယောက်ဖြစ်သည့် ဟွန်းတလားသည် တိုက်ပွဲပြီးခါနီးအချိန်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်အား ချောင်းမြောင်းတိုက်ခိုက်လိမ့်မည်ဟု မည်သူမှထင်မထားခဲ့သည့်အတွက်ပင်။

ဤသည်မှာ ပြုလုပ်ခွင့်ရှိသည့်အရာတစ်ခုမဟုတ်ပေ။ အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာနှစ်ယောက်၏တိုက်ပွဲကို ၀င်ရောက်စွက်ဖက်ခြင်းသည် ဇီးနစ်အင်ပါယာ၏ ဂုဏ်သရေကို စော်ကားလိုက်ခြင်းပင်။ ဟွန်းတလားပြုလုပ်ခဲ့သည့်အရာမှာ သတင်းပြန့်နှံ့သွားပါက စစ်ပွဲနောက်တစ်ခုကိုဖြစ်ပွားစေတော့မည်ဖြစ်သည်။ ဇီးနစ်အင်ပါယာသည် ဤအချက်ကြောင့် ဂျက်အင်ပါယာကိုပါ စစ်ကြေငြာရတော့မည်ဖြစ်သည်။ အေဇာရုတိုက်ပေါ်တွင် မိမိ၏ အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာချောင်းမြောင်းတိုက်ခိုက်ခံရခြင်းအပေါ်တွင် ပြန်လည်မတုန့်ပြန်မည့်အင်ပါယာဟူ၍မရှိသည့်အတွက်ပင်။

“...” ကောင်းကင်ပေါ်တွင် အေးစက်သော နှာခေါင်းရှုံ့သည့်အသံတစ်ခုထွက်ပေါ်လာသည်။ ခါဆစ်၏ ခန္ဓာကိုယ်သည် တုန်ခါနေခြင်းရပ်တန့်သွား၏။ လက်ထဲတွင်ကောင်းကင်ဘုံဓားကို ကိုင်ကာ ခါဆစ်သည် အောက်သို့ခုတ်ပိုင်းချလိုက်ပြီး အစိမ်းရောင်ဓားသွားစွမ်းအင်များထွက်ခွာသွားပြီး ငွေရောင်ဓားသွားစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်၏။

အစိမ်းရောင်ဓားသွားစွမ်းအင်များသည် စွမ်းအားမြင့်မားနေဆဲဖြစ်သည့်အတွက် ဟွန်းတလားထံသို့ဆက်လက်ကာ ပျံသန်းသွားသည်။

ဟွန်းတလားသည် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။ သူသည် ခါးကိုရိမ်းလိုက်ပြီး ပျံသန်းလာနေသည့်အစိမ်းရောင်ဓားသွားစွမ်းအင်ကို ရှောင်ရှားလိုက်၏။ ထို့နောက်တွင် သူသည် ရုတ်တရက် မြေပြင်ပေါ်သို့ ခြေစောင့်ချလိုက်သည်။

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးသည့်နောက်တွင် နက်ရှိုင်းသည့် ကျင်းကြီးတစ်ခုသည် မြေပြင်ပေါ်တွင်ပေါ်လာ၏။ နောက်တစ်စက္ကန့်တွင် သူသည် ခါဆစ်နှ့င် ၃မီတာခန့်၀ေးသည့်နေရာသို့ ပင်ရောက်ရှိနေပြီဖြစ်သည်။

သူ၏လက်ထဲတွင် ကိုင်ထားသည့် ငွေရောင်ဓားရှည်သည် ရူးသွပ်စွာဖြင့် ကခုန်တော့သည်။

ဓားသည် ဓားတစ်ချောင်းနှင့်မတူပဲ ကြာပွတ်တစ်ခုကဲ့သို့ပင်။

လေးကွင်းသံများနှင့်အတူ ဓားချက်များသည် ထူးဆန်းသည့်လမ်းကြောင်းများအတိုင်း ခါဆစ်အား ခုတ်ပိုင်းနေလျှက်ရှိသည်။ တစ်စက္ကန့်အတွင်းမှာပင် ဟွန်းတလားသည် အချက်တစ်ရာခန့်တိုက်ခိုက်ပြီးပြီဖြစ်သည်။

ခါဆစ်သည် ဖြူဖက်ဖြူရော်ဖြစ်နေ၏။ လက်တစ်ဖက်ဖြင့် ရင်ဘက်မှဒဏ်ရာကို ဖုံးထားရင်းဖြင့် ကောင်းကင်ဘုံဓားကို ၀ှေ့ရမ်းကာ ဟွန်းတလား၏ ဓားချက်များကို ခုခံနေရလျှက်ရှိသည်။

ဤကဲ့သို့ဖြစ်နေစဥ်တွင် မီးပွားစများသည်ကောင်းကင်ပေါ်တွင် မီးရှူးမီးပန်းများကဲ့သို့ ထွက်ပေါ်လာနေလျှက်ရှိ၏။

“ဟားဟား ခါဆစ်မင်းဒီနေသေကိုသေရမယ်လို့ ငါပြောပါတယ်...”

ကောင်းကင်ဘုံ၏ခွင့်လွှတ်ခြင်းသိုင်းကွက်ကြောင့် ထိတ်လန့်နေဆဲဖြစ်သည့် စပါတပ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် ရုတ်တရက်ရယ်မောလိုက်သည်။ မီး၀က်၀ံ၏ခန္ဓာကိုယ်အပိုင်းစများမှ ရွာကျလာသည့်သွေးမိုးများကိုကြည့်နေရင်းဖြင့် ကွန်းတ၏မျက်နှာပေါ်မှအပြုံးသည် ပို၍ပို၍ပင်ရက်စက်ကြမ်းကြုတ်လာတော့သည်။ အဆင့်၁၀နတ်ဆိုးသားရဲ၏အရိုးစများ၊ အသားများထံမှ မီးတောက်များစတင်၍တောက်ပလာသည့်အချိန်တွင် ကွန်းတသည် ပွဲကြည့်နေရာအား တစ်ချက်ကြည့်ကာ ရုတ်တရက်အော်ဟစ်လိုက်သည်။ “လှုပ်ရှားကြတော့...”

သူ၏စကားမဆုံးသေးခင်မှာပင် အပြောင်းလဲများဖြစ်ပေါ်လာ၏။

ထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သည့် ကွန်စတာကာတာသည် ရုတ်တရက်ထရပ်လိုက်သည်။ သူ၏အနီရင့်ရောင် ချပ်၀တ်သည် စစ်သည်များစွာချီတပ်လာသကဲ့သို့သော သတ္တုချင်းရိုက်ခတ်သည့်အသံများကို ထွက်ပေါ်လာစေသည်။ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသောအရှိန်၀ါတစ်ခုသည် တောင်ထိပ်ပေါ်တွင် ထွက်ပေါ်ပြီး ဤသည်မှာ တိုက်ပွဲများစွာတွင်အတွေ့ကြုံရှိခဲ့သည့် စစ်ရေးခေါင်းဆောင်တစ်ယောက်၏အရှိန်၀ါပင်။ ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်ကဲ့သို့ပင် ဤအရှိန်၀ါသည် သာမန်စစ်သည်တစ်ယောက်ယှဥ်ပြိုင်နိုင်သည့်အရှိန်၀ါမျိုးမဟုတ်ပေ။

“ဖုန်း...”

ကွန်စတာ ကာတာသည် ခါးတွင်ချိတ်ထားသည့် ဓားအိမ်အတွင်းမှ ဓားကိုဆွဲထုတ်ကာ တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် ၅၀မီတာကျော်ခန့်ပင်ရှည်လျားသည့်ဓားသွားစွမ်းအင်ကြီးတစ်ခုသည် ကောင်းကင်ပေါ်တွင်ပေါ်လာတော့၏။

ဤသည်မှာ စစ်မြေပြင်မှ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည့် ထူးခြားသောဓားသွားစွမ်းအင်တစ်ခုပင်ဖြစ်ပြီး ၄င်း၏ပစ်မှတ်မှာ ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်ကိုပင်။ ခါဆစ်သည် ရန်သူနှစ်ယောက်နှင့်ရင်ဆိုင်နေရသည့်တိုင်အောင် အားသာနေဆဲပင်။

“ဖုန်း...”

ခါဆစ်သည် သူ၏ဘေးပတ်ပတ်လည်တွင် ရန်သူနှစ်ယောက်ရှိနေသည့်အတွက် ထိုတတိုက်ခိုက်မှုကိုရှောင်ရှားနိုင်လိုက်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်သည် အနောက်သို့ ၅၀မီတာခန့်လွှင့်ထွက်သွားတော့၏။

တိတ်ဆိတ်သော်လည်း ယုံကြည်ရသည့် ဤစစ်ရေးခေါင်းဆောင်အား ယခုကဲ့သို့ ပြုမူလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။ သူသည်နှစ်ကာလရှည်ကြာစွာ စုဆောင်းခဲ့ရသည့် ဂုဏ်သရေများကို ဤအခိုက်တန့်တွင် စွန့်လွှတ်လိုက်ကာ ယှဥ်ပြိုင်တိုက်ခိုက်နေဆဲဖြစ်သည့် အင်ပါယာကာကွယ်စောင့်ရှောက်သူတစ်ယောက်ကို အလစ်၀င်ရောက်တိုက်ခိုက်လိုက်ခြင်းပင်။ သူထိုကဲ့သို့ ပြုမူသည့်အချိန်တွင် ဓားကိုင်ထားသည့်လက်များသည် တစ်စက်မှပင် တုန်ခါသွားခြင်းမရှိပဲ သူ၏ဆုံးဖြတ်ချက်များသည် ခိုင်မာပြတ်သားနေ၏။

“ခင်ဗျား...သေစမ်း...”

ဤအခိုက်တန့်တွင် ဖှေးသည် ထိတ်လန့်သွားရာမှ ပြန်လည်နိုးထလာ၏။ သူ၏ခွန်အားကို ဖုံးကွယ်ထားရန်ကိုပင် မစိုးရိမ်တော့ပဲ လေထုထဲတွင် ဆုပ်ကိုင်လိုက်သည်။ သူ၏ ဘူးခရေးတို့စ်၏ကလေးငယ်များ ဓားနှစ်လက်သည် သူ၏လက်များအတွင်းသို့ရောက်ရှိလာပြီး သူသည် ချက်ချင်းပင် ခုန်ကျော်တိုက်ခိုက်ခြင်းအစွမ်းကိုအသုံးပြုကာ ဓားမုန်တိုင်းတစ်ခုအသွင်သို့ပြောင်းလဲသွားတော့၏။

အစိမ်းရောင်နှင့်အနီရောင်စွမ်းအင်များသည် အာကာသကို နှစ်ခြမ်းပိုင်းတော့မည်အတိုင်းပင်ခံစားနေရပြီး ဓားနှစ်လက်သည် ဟိန်းဟောက်နေသည့်နဂါးနှစ်ကောင်ကဲ့သို့ ကွန်စတာကာတာအား တိုက်ခိုက်လိုက်၏။

“နောက်ဆုတ်စမ်း...” ကွန်စတာကာတာ၏အနောက်တွင်ရှိနေသည့် အမဲရောင်ချပ်၀တ်နှင့် ကိုယ်ရံတော်စစ်သည်လေးယောက်သည် သူတို့၏လက်နက်များကို ဆွဲထုတ်ကာ ဖှေးအာတိုက်ခိုက်လိုက်၏။

“ချွင် ချွင် ချွင် ချွင်...”

သတ္တုခြင်းရိုက်ခတ်သည့်အသံများစွာထွက်ပေါ်လာပြီးသည့်နောက်တွင် အစောင့်များ၏လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားများသည် နှစ်ပိုင်းပိုင်းပြတ်သွား၏။ အစိမ်းရောင်နှင့် အနီရောင်အလင်းတန်းများတောက်ပသွားပြီး ခေါင်းပြတ်သုံးလုံးသည် လေပေါ်သို့ ပျံ၀ဲကုန်ကြတော့၏။

ဒေါသဖြစ်နေသည့် ဖှေး၏ရှေ့တွင် ဤကိုယ်ရံတော်စစ်သည်များသည် အလွန်အားနည်းနေ၏။ တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့်ပင် ကိုယ်ရံတော်စစ်သည်များသည် အလောင်းများအဖြစ်သို့ပြောင်းလဲသွားပြီး အနည်းငယ်ပို၍စွမ်းအားမြင့်မားသည့် အမျိုးသမီးစစ်သည်တစ်ယောက်သာလျှင် အသက်ရှင်ကျန်ခဲ့၏။ သူမအသတ်ရှင်ကျန်ခဲ့ခြင်းမှာ သူမ၏စွမ်းအားကြောင့်မဟုတ်ပေ။ သူမသည် ကွန်စတာကာတာ၏အနီးတွင်ရှိနေသော်ကြောင့် ကွန်စတာကာတာသည် သူမကို ကာကွယ်ပေးလိုက်နိုင်ခြင်းပင်။

တစ်ချက်တိုက်ခိုက်ပြီးချိန်တွင် ဖှေးသည် သူတို့နှစ်ယောက်၏အနီးသို့ပို၍ပင်ကပ်လာနိုင်၏။

“၀ှစ် ၀ှစ် ၀ှစ်...”

အပြာရောင်အလင်းတန်းသုံးခုထွက်ပေါ်လာသည်။

အနည်းငယ်၀ေးသည့် နေရာတွင်ရပ်နေသည့်အယ်လီနာသည် လေးကြိုးကိုတင်ကာ မြှားများကို ပစ်လွှတ်လိုက်သည်။ ပတ်၀န်းကျင်တွင်ရှိနေသည့် အပူချိန်သည် သိသိသာသာကျဆင်းသွားပြီး မှော်မြှားသုံးချောင်းသည် ဖှေး၏နားအနီးမှ ဖြတ်သန်းကာ ကွန်စတာကာတာ၏ခန္ဓာကိုယ်မှ သေစေနိုင်သောနေရာများကို ပစ်မှတ်ထားကာ ပျံသန်းသွား၏။

ဒိုင်ယာဘလိုကမ္ဘာတွင် အတူတကွမကောင်းဆိုး၀ါးများကို သတ်ဖြတ်နေကြဖြစ်သောကြောင့် ဖှေးနှင့် အယ်လီနာတို့သည်တစ်ယောက်အကြောင်းတစ်ယောက်ကောင်းစွာသိကြသည်။ ဤကဲ့သို့ အတွဲဖက်ညီညီလှုပ်ရှားမှုဖြင့် ဖှေး၏ဓားနှစ်လက်သည် အယ်လီနာ၏မြှားများနှင့်တစ်ချိန်တည်းမှာပင် ကွန်စတာကာတာ၏နှလုံးသားကိုဦးတည်ကာ ခုတ်ပိုင်းလိုက်၏။

အိုက်ဟိုဗင်အင်ပါယာ၏နံပါတ်၁စစ်ရေးခေါင်းဆောင်အဖိုးကြီးမှာ ကြောက်လန့်ခြင်းမရှိပေ။ မျက်နှာအမူယာပြောင်းလဲခြင်းမရှိပဲ သူ၏ဓားကို၀ှေ့ရမ်းလိုက်ပြီးပျံသန်းလာသည့်မြှားသုံးချောင်းကို ခုတ်ပိုင်းလိုက်၏။ သို့သော် မြှားများတွင်ပါရှိသည့် ရေခဲစွမ်းအင်သည် သူ၏ဓားသွားအပေါ်သို့ရောက်ရှိသွားပြီး သူ၏လက်မောင်းတစ်ခုလုံးပင် အပြာရောင်ရေခဲစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားတော့၏။

“ဟမ်...”

ကွန်စတာကာတာမျက်မှောင်ကြုံ့လိုက်သည်။ သူသည် အယ်လီနာ၏မြှာများကြောင့် အံ့သြသွားခြင်းပင်။ မြှားများထဲတွင် ဤကဲ့သို့ထူးဆန်းသည့်စွမ်းအင်များပါနေလိမ့်မည်ဟု ထင်မထားသည့်အတွက်ပင်။ သူ၏ညာလက်သည် အေးခဲသွားသော်လည်း လျှင်မြန်စွာတုန့်ပြန်လိုက်၏။ သူသည် ကယ်တင်ထားသည့်အမျိုးသမီးကိုယ်ရံတော်၏ ဓားကို လျှင်မြန်စွာဆွဲယူလိုက်ပြီးဖှေး၏ဓားနှစ်လက်ကို ယုံကြည်ချက်ရှိရှိဖြင့် ကာရံလိုက်သည်။

“ဖုန်း...”

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများသည် ပတ်၀န်းကျင်သို့ ပြန့်နံ့သွား၏။ ကွန်စတာကာတာသည် ထိုနေရာ၌ပင်ရပ်နေနိုင်ခြင်းမရှိတော့ပဲ အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်ခွာသွား၏။ တစ်ချိန်တည်းမှာပင် ဖှေးသည်လည်း ဤတိုက်ခိုက်မှု၏ တွန်းကန်အားကြောင့် အနည်းငယ်အားနည်သွားသလိုခံစားရကာ အနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်သွား၏။

“ဒီခွေသားကြီးကလည်း လအဆင့်သိုင်းဆရာတစ်ယောက်လား...”

ဖှေးချက်ချင်းပင် ရန်သူ၏စွမ်းအားလယ်ဗယ်ကို အာရုံခံလိုက်မိသည်။

သူသည် ကွန်စတာကာတာ၏ အစွမ်းကို အံ့သြသွားမိသော်လည်း ခါဆစ်ကို စိုးရိမ်သောကြောင့် ပို၍ပင် တိုက်ပွဲဆာလောင်လာ၏။ သူသည် တစ်ချိန်တည်းမှာပင် ရန်သူနှစ်ယောက်အား တည်ငြိမ်စွာခုခံတိုက်ခိုက်နေလျှက်ရှိသော ခါဆစ်အားကြည့်လိုက်ပြီး သူကွန်စတာကာတာအား ထိန်းထားနိုင်ပါက ခါဆစ်အတွက်အဆင်ပြေမည်ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။

ဖှေးတစ်ဖက်သို့လှည့်လိုက်ပြီး ပီတာနှင့် တစ်ခြားအဖွဲ့၀င်တိုင်းပြည်များမှ သိုင်းစရာများကို အနောက်သို့ ဆုတ်ကြရန်အတွက် ပြောရန်ပြင်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများသည် စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားဂါရာနိုထံသို့ရောက်ရှိသွား၏။

ချောမာလှပသည့်အစေခံကောင်မလေးလေးယောက်ဖြင့် ဤမင်းသားသည့် ဖြစ်ပျက်သမျှကို ထူးဆန်းသည့်အပြုံးတစ်ခုနှင့်အတူကြည့်နေ၏။

“အင်ပါယာသုံးခုက ကိုယ်စားလှယ်တွေဒီမှာရောက်နေကြတာပဲ။ နှစ်ယောက်က တိုက်ခိုက်တယ်ဆိုတော့ ဒီမင်းသားကလည်း...”

ဖှေး ရုတ်တရက် တွေးလိုက်မိပြီး ပို၍ပင် ထိတ်လန့်သွားတော့၏။

သူတွေးနေသည့်အချိန်မှာပင် စိန့်ဂျာမိန်းအင်ပါယာ၏မင်းသားသည် သူ၏၀ိုက်ခွက်ကို ကုန်အောင်သောက်လိုက်ပြီးမြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူ၏အရှေ့တွင်ရှိသည့်အမဲရောင်မှော်တုတ်တံကြီးကို ဆွဲယူလိုက်၏။ သူ၏ပါးစပ်မှ လျို့၀ှက်သည့်မန္တန်များစွာကို ရွတ်ဆိုနေရင်းဖြင့် ရွှေရောင်မှော်သင်္ကေတများသည်လည်း လေပါ်တွင်ပေါ်ထွက်လာကာ သူ့အား လှည့်ပတ်နေလျှက်ရှိသည်။ ကြောက်မက်ဖွယ်မှော်စွမ်းအင်များမှ ထွက်ပေါ်လာနေသည့် ဖိအားကြောင့် သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် လူများသည် အသက်ရှူနိုင်ရန်ပင် ခက်ခဲနေကြ၏။

“သေစမ်း...ဒီကောင်လဲတိုက်ခိုက်တော့မှာ...”

ဖှေးစိုးရိမ်လာတော့သည်။ မှော်စွမ်းအင်အရှိန်၀ါများကို အာရုံခံကြည့်ရင်းဖြင့်ပင် စိန့်ဂျာမိန်းအင်ပါယာ၏ မင်းသားသည်လည်းအနည်းဆုံးလအဆင့်ရှိသည့် မှော်ဆရာတစ်ယောက်ဖြစ်နေသောကြောင့်ပင်။

သူအသုံးပြုရန်အတွက် ပြင်နေသည့်မှော်အစွမ်းသည် တားမြစ်ထားသည့်မှော်အစွမ်းအဆင့်နီးပါးရှိမည်မှာ သေချာသလောက်ပင်ဖြစ်ပြီး ဤကဲ့သို့အခြေအနေမျိုးတွင်ထိုအစွမ်းကြောင့် မည်ကဲ့သို့အခြေအနေပြောင်းလဲသွားနိုင်သည်ကို မည်သူမှပြောနိုင်လိမ့်မည်မဟုတ်ပေ။ ခါဆစ်သည် စွမ်းအားမြင့်မားသော်လည်း သူသည် ဒဏ်ရာရရှိထားကာ လက်ရှိတွင်လည်း စွမ်းအားမြင့်ရန်သူနှစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေရ၏။ သူသည် ကောင်းကင်ဘုံဓားသိုင်းကွက် သုံးကွက်ကိုလည်း ထုတ်သုံးထားသည့်အတွက် အတွင်းအားနည်းနေသေးသည်။

“ဒါတွေက ဘယ်လိုဖြစ်ကုန်တာလဲ။ အင်ပါယာသုံးခုက သံတမန်အဖွဲ့တွေကို ဘာလို့များလာခွင့်ပြုလိုက်တာလဲ။ သူတို့ကရော ဘာလို့ ခါဆစ်ကို သေစေချင်နေကြတာလဲ...”

“ဘာတွေဖြစ်ကုန်တာလဲ...”

“ဘယ်လိုလဲ...”

ဤမေးခွန်းများအားလုံးသည် ဖှေး၏ခေါင်းထဲတွင် ပေါ်ထွက်လာ၏။ သို့သော် ဤမေးခွန်းများအားလုံးသည် ၀.၀၁စက္ကန့်အတွင်းမှာပင် ဆုံးဖြတ်ချက်တစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။

“ငါဂါရာနိုကို အစွမ်းမသုံးနိုင်အောင် တားလို့ရအောင်တားမှရမယ်...”

ဖှေးဘာမှမလုပ်နိုင်သေးခင်မှာပင် သူ့အစား တစ်စုံတစ်ယောက်မှလုပ်ဆောင်ပေးလိုက်၏။

ခရမ်းရောင်စွမ်းအင်မီးတောက်များထွက်ပေါ်လာပြီး လိပ်ပြာအတောင်ပံကဲ့သို့ပင် ပါးလွှာသည့် ဓားသွားတစ်ခုသည် မှော်မန္တန်ရွတ်ဆိုနေသည့် စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားဂါရာနိုကိုတိုက်ခိုက်လိုက်၏။

All Chapters