← Chapters

အခန်း (၄၄၈)

Vol. 29 Ch. 448

အခန်း (၄၄၈)

Vol. 29 Ch. 448

“ဖုန်း ဖုန်း ဖုန်း...”

“ဘန်း ဘန်း...”

“အား...”

“သတ်ပစ်...”

“ဟားဟား တန်ပါတယ်။ ငါ့အသက်ကို မင်းအသက်နဲ့လဲတာပေါ့...”

သွေးများသည် နေရာအနှံ့ပင်ဖြစ်ပြီး ခြေလက်များသည် အလင်းတန်းများလင်းလ

တ်သွားသည်နှင့်အတူ ပြတ်ထွက်ကုန်ကြ၏။ ခန္ဓာကိုယ်များစွာမှာ အလောင်းများအ

ဖြစ်သို့ပင်ပြောင်းလဲကုန်ကြပြီဖြစ်သည်။ ဇီးနစ်အင်ပါယာမှစစ်သည်များ၏ ရက်စက်

ကြမ်းကြုတ်သည့်တိုက်ခိုက်မှုများအောက်တွင် စပါတပ်အင်ပါယာမှ စစ်သည်များ

အားလုံးသေဆုံးကုန်ကြပြီး ဂျက်အင်ပါယာနံပါတ်၁ဓားသမား၏ ကိုယ်ရံတော်များပင်

အပိုင်းပိုင်းပြတ်ကာ သေဆုံးကုန်ကြပြီဖြစ်သည်။

ဇီးနစ်ဘက်တွင် စစ်သည်လေးဦးကျဆုံးသွားပြီး စစ်သည်ငါးယောက်မှာ ဒဏ်ရာပြင်း

ထန်စွာရရှိသွားကြ၏။

တစ်ခြားလူများသည် ပို၍အားနည်းသည့်ရန်သူများနှင့်ရင်ဆိုင်နေသည့်အချိန်တွင် ချ

မ်းဘော့ဒ်မှစစ်သည်များသည် ဇီလျန်းအား ကူညီကာ စိန့်ဂျာမိန်းအင်ပါယာ၏ မ

င်းသားကို တိုက်ခိုက်နေကြ၏။ ဂါရာနို၏ လှပသောအစေခံကောင်မလေးလေး

ယောက်တို့သည် သူတို့၏သခင်နားတွင်ရပ်ကာ လက်ထဲတွင် မှော်တောင်၀ှေးများ

ကိုကိုင်ရင်းဖြင့် ကြယ်လေးလုံးအဆင့်မှော်စွမ်းအင်အကာရံတစ်ခုကို စုပေါင်းကာဖန်

တီးထားကြ၏။ မှော်အစီရင်သည် စွမ်းအင်နံရံလေးခုကို ဖန်တီးလိုက်ပြီး ထိုနံရံ

များသည် မင်းသားဂါရာနိုနှင့် သူမတို့ကိုပြည့်စုံစွာကာကွယ်ထားကြ၏။

သူမတို့သည် ဒဏ်ရာရရှိကုန်ကြပြီး သွေးများသည် နှုတ်ခမ်းမှစီးကျနေကြသော်လည်း

သူမတို့၏အမူယာများသည် စစ်နတ်သမီးများကဲ့သို့ပင် ဆုံးဖြတ်ချက်ခိုင်မာနေလျှက်

ရှိကြသည်။

တောက်ပသည့်စွမ်းအင်မီးတောက်များနှင့် အလင်းရောင်များအောက်တွင် လှပသော်

လည်း ဖြူဖက်ဖြူယော်ဖြစ်နေသည့် ကောင်မလေးလေးယောက်၏အမူယာများသည်

မြင်တွေ့ရသည့်လူများကို သနားစိတ်၀င်စေ၏။

သို့သော် ချမ်းဘော့ဒ်မှစစ်သည်များသည် တွန့်ဆုန်နေကြခြင်းမရှိပေ။ ပီတာ၏အမိ

န့်အောက်တွင် သူတို့၏အစွမ်းထက်ဆုံးသိုင်းကွက်များကိုအသုံးပြု၍ စွမ်းအင်အကာ

ကွယ်နံရံများကိုဖျက်ဆီးရန်အတွက် အကောင်းဆုံးကြိုးစားနေကြ၏။

မှော်စွမ်းအင်နံရံများတုန်ခါကုန်ပြီး ကောင်မလေးလေးယောက်၏ပါးစပ်အတွင်းမှ

သွေးများထက်မံ၍စီးကျလာသည်။ သူမတို့၏လှပသည့် ခန္ဓာကိုယ်လေးများသည် တု

န်ခါသွားပြီးဆက်လက်၍ တောင့်မခံနိုင်ကြတော့ပေ။

မှော်စွမ်းအင်အကာရံကွဲအက်တော့မည့်အချိန်တွင်...

“မှော်စွမ်းအင်...နေရာကွဲအက်ကြောင်းတွေ။ ကျေးဇူးပြုပြီးသင်တို့ရဲ့ မိုးကြိုးလို

အမျက်ဒေါသတွေကို ဖောက်ကွဲထုတ်ပြီး ရန်သူတွေကိုအပြစ်ပေးလိုက်ပါ...[ကွ

က်လပ် ချိန်းကြိုးနွံအိုင်]

ဂါရာနိုသည် သူ၏မှော်တောင်၀ှေးကိုကိုင်မြှောက်လိုက်ပြီးနောက်ဆုံးတွင် သူ၏ရှုပ်

ထွေးကာ စွမ်းအားမြင့်မားသည့်မှော်အစွမ်းကို အသုံးပြုနိုင်သွားပြီဖြစ်သည်။ လေထု

ထဲတွင် ရွှေရောင်မှော်သင်္ကတများစွာတောက်ပသွားပြီး ထိုမှော်သင်္ကေများသည်များ

စွာသောမှော်ချိန်းကြိုးများအဖြစ်သို့ပြောင်းလဲသွားတော့၏။ ထိုချိန်းကြိုးများသည် ဂါ

ရာနို၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ရစ်ပတ်နေကာ သူ့အား ရွှေရုပ်တုတစ်ခုနှင့် တူ

သွားစေ၏။ ထို့နောက်တွင် ဂါရာနိုသူ၏လက်ကို၀ှေ့ရမ်းလိုက်သည့်အချိန်တွင် စွ

မ်းအားမြင့်မှော်စွမ်းအင်တစ်ခုပေါက်ကွဲကာ ထွက်ပေါ်လာတော့သည်။ ဇီလျန်းနှင့် ချ

မ်းဘော့ဒ်မှစစ်သည်များအားလုံးသည်အနောက်သို့လွှင့်ထွက်ကုန်ကြ၏။

လေပေါ်တွင်ရှိနေသည့် ရွှေရောင်ချိန်းကြိုးများသည် ကြီးမားသည့်ပိုက်ကွန်ကြီးတစ်ခု

ကဲ့သို့ပင်ဖြစ်နေပြီး ထိုချိန်းကြိုးများသည် လေပေါ်တွင်တိုက်ခိုက်နေကြသည့် သိုင်း

ဆရာသုံးဦးထံသို့ ပျံသန်းသွား၏။

“သေစမ်း အောင်မြင်သွားပြီ...”

“ပြီးသွားပြီ သေစမ်းကွာ...”

“အဲ့စိန့်ဂျာမိန်းအင်ပါယာရဲ့ လအဆင့်မှော်ဆရာကဒီအစွမ်းကိုအသုံးပြုဖို့အတွက် ငါးမိ

နစ်လောက်အချိန်ယူခဲ့တာ အတော်စွမ်းအားမြင့်မားလောက်တယ်။ မစ်စတာ ခါဆ

စ်တော့ ဒုက္ခရောက်ပြီထင်တယ်...”

ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်များ ထိတ်လန့်ကုန်ကြသည်။ စိန့်ဂျာမိန်းအင်ပါယာ၏

မင်းသားသူ၏မှော်အစွမ်းကိုအောင်မြင်စွာသုံးနိုင်လိုက်သည့်အချိန်တွင် သူတို့၏နှလုံး

သားများတုန်ခါသွားကြ၏။ “ဒီလိုအခြေအနေကို ဘယ်သူက ကယ်တင်နိုင်တော့မှာ

လဲ။ လေးယောက်တစ်ယောက်ချနေရတာ။ မစ်စတာခါဆစ်က ဘယ်လောက်ပဲ စွ

မ်းအားမြင့်မားမြင့်မားသူမခံနိုင်လောက်တော့ဘူး...”

ဖှေး၏မျက်လုံးများသည် ပြူးကျယ်နေလျှက်ရှိသည်။ သူသည် ကြုံး၀ါးကာ ကွန်

စတာကာတာအားအနောက်သို့ တွန်းထုတ်လိုက်သည်။ သူသည် မှော်အစွမ်းကို သူ

၏ခန္ဓာကိုယ်ဖြင့်တားဆီးရန်အတွက် လေပေါ်သို့ခုန်တက်သွားလိုက်၏။ တစ်ချိန်တ

ည်းမှာပင် သူသည်အတွေ့ကြုံအမှတ်များစွာကိုအသုံးပြုပြီး ဖျက်ဆီးခြင်းသခင်ကြီး

ဒိုင်ယာဘလိုကိုပင် ဤကမ္ဘာသို့ဆင့်ခေါ်ရန်အတွက် ပြင်ဆင်ထားပြီးပြီဖြစ်သည်။

သို့သော် စိတ်ကူးမယဥ်နိုင်သည့်အရာတစ်ခုဖြစ်ပျက်သွား၏။

တာနာရှာ၏မျက်နှာပေါ်တွင် ညင်သာသည့်အပြုံးတစ်ခုပေါ်လာပြီးသည့်နောက်တွင်

မှော်စွမ်းအင်များဖြင့် ပြုလုပ်ထားသည့်ရွှေချိန်းကြိုးများသည်နှစ်ခုကွဲဖြာကာ ကွန်းတနှင့်

ဟွန်းတလားတို့ကို ရစ်ပတ်လိုက်၏။

“ဘာတွေဖြစ်ကုန်တာလဲ...”

“ဂါရာနိုငါးမိနစ်လောက်ပြင်ဆင်နေတဲ့မှော်အစွမ်းက ကွန်းတနဲ့ ဟွန်းတလားတို့ကို

တိုက်ခိုက်ဖို့အတွက်လား။”

မည်သူမှ ဤအရာကိုမျှော်လင့်မထားပေ။

“ဒီစိန့်ဂျာမိန်းအင်ပါယာက မင်းသားက ဇီးနစ်အင်ပါယာဘက်ကလား...” လူ

တိုင်းထိတ်လန့်အံ့သြကုန်ကြ၏။ ဖှေးနှင့်တိုက်ခိုက်နေသည့်ကွန်စတာကာတာကိုယ်တိုင်

ပင်။ သူသည် နောက်သို့ခြေလှမ်းများစွာပြန်ဆုတ်လိုက်ပြီး သူမြင်ရသည်ကိုမယုံနိုင်ဖြ

စ်နေ၏။

ဤကဲ့သို့ အံ့သြထိတ်လန့်ဖွယ်အချိန်ခါတွင် မင်းသမီးတာနာရှာမှ လွဲ၍တည်ငြိမ်နေ

သည့်လူတစ်ဦးသာရှိ၏။ တာနာရှာသည် ဤကဲ့သို့ဖြစ်မည်ကို ကြိုတင်သိထား

သောကြောင့်ပင်။

အမှန်ပင် နောက်ထပ်ကြိုတင်ကာ သိနေနှင့်သည့်လူမှာ အင်ပါယာကာကွယ်စောင့်

ရှောက်သူသိုင်းဆရာခါဆစ်ပင်။

“ဒုတိယသိုင်းကွက်...ကောင်းကင်ဘုံ၏အပြစ်ပေးခြင်း...”

ကွန်းတနှင့် ဟွန်းတလားတို့ ရွှေရောင်ချိန်းကြိုးများနှင့် ရစ်ပတ်ခံလိုက်ရသည်ကိုမြ

င်တွေ့အပြီးတွင် ခါဆစ်သည် အမှန်ကန်ုဆုံးသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လို

က်၏။ ကောင်းကင်ဘုံဓားကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဦးခေါင်းပေါ်သို့ မြှော

က်လိုက်ပြီးအတွင်းအားစွမ်းအင်များကို စီး၀င်စေလိုက်သည်။ အစိမ်းရောင်အလင်းတ

န်းတစ်ခုတောက်ပသွားပြီးနောက်တွင် ကြီးမားသည့် စက်၀ိုင်းသဏန်ကြီးတစ်ခုသ

ည်ကောင်းကင်ပေါ်တွင်ပေါ်လာပြီး ထိုအတွင်းမှ ၁၀၀မီတာကျော်ခန့်ကြီးမားသည့်အစိ

မ်းရောင်စွမ်းအင်ဓားသွားကြီးတစ်ခုထွက်ပေါ်လာတော့၏။

သူ၏ပတ်လည်တွင် အစိမ်းရောင်စွမ်းအင်အလင်းတန်းများတောက်ပနေရင်းဖြင့် ခါဆ

စ်သည် ကောင်းကင်ဘုံဓားကိုခုတ်ပိုင်းချလိုက်သည်။ ၁၀၀မီတာကျော်ခန့်ရှည်လျား

သည့်အစိမ်းရောင်စွမ်းအင်ဓားသွားကြီးသည်လည်း ခါဆစ်၏ လှုပ်ရှားမှုနှင့်အတူ စ

တင်၍ ရွှေ့လျားတော့၏။ မြင်ရသည်မှာ နှေးကွေးသည်ဟုထင်ရသော်လည်း တ

ကယ်တန်းတွင် အလွန်မြန်ဆန်သည့်အတွက် လူတိုင်းအံ့သြနေရ၏။ အင်အားအကု

န်ဖြင့် ထိုစွမ်းအင်ဓားသွားပြီးသည် ရွှေရောင်ချိန်းကြိုးများဖြင့် ချုပ်နှောင်ခြင်းခံထား

ရသည့် ကွန်းတနှင့် ဟွန်းတလားတို့ကို ရိုက်ခတ်လိုက်၏။

“ဖုန်း ဖုန်း ဖုန်း...”

ရွှေရောင်မှော်စွမ်းအင်များထိခိုက်မိသည်နှင့်အတူ ပေါက်ကွဲသံများထွက်ပေါ်လာတော့

သည်။ ဤချိန်းကြိုးများကို ဖန်တီးထားသည့်မှော်စွမ်းအင်များသည် အစိမ်းရောင်စွ

မ်းအင်ဓားသွားတွင်ပါရှိသည့်အတွင်းအားစွမ်းအင်များနှင့် ထိတွေ့မိသဖြင့် ပေါက်ကွဲ

သံများထွက်ပေါ်လာခြင်းပင်။

သို့သော် ကြီးမားသည့်အစိမ်းရောင်စွမ်းအင်ဓားသွားကြီးသည် ထိုပေါက်ကွဲမှုများကို

ကျော်လွန်၍ တောင်ထိပ်ရောက်သည်အထိခုတ်ပိုင်းလိုက်သည်။ တောင်တစ်ခုလုံးပြ

င်းထန်စွာတုန်လှုပ်သွားပြီး ကြီးမားသည့်ကျောက်တိုင်ကြီးသည် တစ်စစီကျိုးပဲ့ကုန်

တော့၏။

ဖုန်မှုန့်များသည် ချက်ချင်းပင်လူတိုင်း၏အမြင်အာရုံကိုပိတ်ဆို့လိုက်၏။

ဖုန်မှုန့်များပြန်လည်ငြိမ်သက်သွားသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို လူတိုင်းပြ

န်လည်ကာ မြင်တွေနိုင်နေပြီဖြစ်သည်။

သွေးများသည် ခါဆစ်၏ခန္ဓကိုယ်ပေါ်မှစီးကျနေဆဲ၌င်။ ဟွန်းတလား၏ချောင်းမြော

င်းတိုက်ခိုက်မှုကြောင့်ရရှိခဲ့သည့် ဒဏ်ရာသည် အပြင်းထန်ဆုံးပင်။ ပန်းကန်လုံးအရွ

ယ်စားခန့်ရှိသည် အပေါက်ကြီးမှတဆင့် နံရိုးများ၊ နှလုံးသားအစွန်းများကိုပင်မြင်

တွေ့နေရ၏။ သို့သော် ကောင်းကင်ဘုံဓားမှာမူ ခါဆစ်၏ဘေးတွင် သူငယ်ချင်း

ဟောင်းတစ်ယောက်ကဲ့သို့ ထောင်မက်လျှက်ရှိနေဆဲပင်။

ခါဆစ်၏မျက်နှာသည် ဖြူဖက်ဖြူရော်ဖြစ်ကာ ခန္ဓာကိုယ်ပေါ်တွင် သွေးအလိမ်းလိ

မ်းဖြစ်နေသော်လည်း ခါဆစ်၏အသက်ရှူနှုန်းများပုံမှန်ပြန်ဖြစ်နေသည်ကိုဖှေးအာရုံခံ

လိုက်မိသဖြင့်များစွာစိတ်အေးသွားသည်။

အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကွန်းတမှာ သူ၏လက်တစ်ဖက်ခုတ်ပို

င်းခြင်းခံလိုက်ရပြီးသွေးများသည် လက်ပြတ်မှ ရေပန်းတစ်ခုကဲ့သို့ပန်းထွက်နေလျှက်

ရှိသည်။ အနီရောင်စွမ်းအင်မီးတောက်တစ်ခုသည် ဒဏ်ရာပေါ်တွင်တောက်လောင်ကာ

ပြန်လည်ကုသနိုင်ရန်အတွက် ကြိုးစားနေသော်လည်း ကွန်းတတွင် မီး၀က်၀ံမရှိ

တော့သည့်အတွက် အကောင်းပတိပြန်လည်ကုသနိုင်စွမ်းမရှိတော့ပေ။ သူ၏အ၀ါ

ရောင်မျက်နှာသည် မဲနက်နေလျှက်ရှိပြီး သူ၏ခန္ဓာကိုယ်သည် နာကြင်မှုများစွာကို

ခံစားနေရသည့်အတွက်တုန်ခါနေ၏။

ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားသည်လည်း သူ၏ဓားပျက်ဆီးသွားပြီဖြစ်သည်။

ထို့အပြင် သူ၏ပုခုံးနှင့် ဗိုက်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလောက်သည့် ဒ

ဏ်ရာကြီးတစ်ခုရှိနေ၏။ တစ်ခြားခန္ဓာကိုယ်အစိတ်ပိုင်းများတွင်လည်း ဒဏ်ရာများဖြင့်

ပြည့်နှက်နေပြီး သွေးများအဆက်မပြတ်စီးကျနေလျှက်ရှိသည်။

ဂါရာနို၏ ကွက်လက်ချိန်းကြိုးနွံအိုင် မှော်အစွမ်း၏အကူညီဖြင့် ခါဆစ်၏ ကောင်း

ကင်ဘုံ၏အပြစ်ပေးခြင်းသိုင်းကွက်မှာ ဤလအဆင့်စစ်သည်နှစ်ယောက်အား တိုက်

ရိုက်ပင် ထိခိုက်အောင်ပြုလုပ်နိုင်ခဲ့ပြီး သူတို့၏တိုက်ခိုက်နိုင်စွမ်းတစ်၀က်ကျော်ခန့်ကို

ယူဆောင်သွားခဲ့၏။ ဤဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည်

အခွင့်ရေးကိုအမိရဖမ်းဆုပ်ကာ အခြေအနေကိုပြောင်းလဲပစ်လိုက်ခြင်းပင်။

“မင်းက ဇီးနစ်ဘက်ကလား...” ကွန်းတသည် ဂါရာနိုအား မုန်းတီးစွာဖြင့် စို

က်ကြည့်လိုက်ပြီး ချောင်ပိတ်မိနေသည့် သားရဲတိရိစ္ဆာန်တစ်ကောင်ကဲ့သို့အော်ဟစ်

လိုက်သည်။ “မင်းလုပ်နေတာ ဘာလဲဆိုတာကိုရောမင်းသိရဲ့လား။ ဇီးနစ်အင်ပါယာ

ရဲ့ကံကြမ္မာကို အင်ပါယာ၇ခုအစည်း၀ေးမှာ ဆုံးဖြတ်ပြီးသွားပြီးဆိုတာကိုမင်းမသိ

ဘူးလား။ မင်းလုပ်လိုက်တဲ့ဟာက စိန့်ဂျာမိန်းအင်ပါယာကို ဇီးနစ်လို့ခေါ်တဲ့ နစ်ခါနီး

သင်္ဘောနဲ့တွဲချည်လိုက်တာပဲ....”

ဂါရာနိုသည် နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဤမင်းသားသည် စပါတပ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကိုတစ်ချ

က်ပင်မကြည့်ပေ။ ထိုအစားသူ၏ ဒဏ်ရာရရှိနေသောအစေခံကောင်မလေးလေး

ယောက်ကိုကြည့်ကာ သူ၏အမဲရောင်မှော်တောင်၀ှေးကို ၀ှေ့ရမ်းလိုက်၏။ အပြာ

ရောင်မှော်စက်လုံဂတစ်ခုသည် အစေခံကောင်မလေးလေးယောက်ကို လွှမ်းခြုံလိုက်ပြီး

သူမတို့၏မျက်နာများသည်လည်း ဖြူဖက်ဖြူရော်ဖြစ်နေရာမှ ပြန်လည်တောက်ပ

လာတော့၏။

ဖှေးအနည်းငယ်အံ့သြသွား၏။

သူသည် မိန်းမလိုက်စားတတ်သည့် စိန့်ဂျာမိန်းအင်ပါယာမှမင်းသားသည် တကယ်တ

န်းတွင် အာကာသစွမ်းအင်မှော်ပညာနှင့် ရေစွမ်းအင်မှော်ပညာတို့တွင် ကျွမ်းကျင်သည့်

လအဆင့်မှော်ဆရာတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူမထင်ထားမိသည့်အတွက်ပင်။

ထို့အပြင် သူ၏အစေခံကောင်မလေးလေးယောက်ကိုလည်း ကြယ်လေးလုံးငါးလုံးအ

ဆင့်များရှိကြသည့်မှော်ဆရာများဖြစ်နေလိမ့်မည်ဟုလည်း သူထင်မထားခဲ့ပေ။ ဤ

အစေခံကောင်မလေးများသည် သူမတို့၏အသက်ကိုပင်စွန့်ကာ ဂါရာနိုကိုကာကွယ်

ပေးခဲ့ခြင်းနှင့် ဂါရာနိုသည်လည်း ဘေးပတ်လည်တွင် စွမ်းအားမြင့်ရန်သူများရှိနေ

သေးသော်လည်း သူ၏မှော်စွမ်းအင်အမြောက်များကိုအသုံးပြုပြီးကောင်မလေးများကို

ပြန်လည်ကုသပေးခဲ့သည့်အတွက် သူတို့၏ဆက်ဆံရေးသည် လိင်ပိုင်းဆိုင်ရာထက်ပို

၍လေးနက်သည်မှာထင်းရှားလှသည်။

ဤအခိုက်တန့်တွင် ဖှေးသည် ပို၍မြင့်မားသည့်လူများဆင်ထားသည့်ထောင်ချောက်

တွင်းတွင်ရောက်ရှိနေသကဲ့သို့ခံစားနေရ၏။

ဂါရာနို၏သရုပ်မှန်သည် ကြီးမားသည့်လျို့၀ှက်ချက်တစ်ခုဖြစ်ကြောင်းကို ဖှေးသေ

ချာသိရှိသည်။ ဤမင်းသားသည် ကွန်းတနှင့် ကွန်စတာကာတာတို့၏ယုံကြည်ချက်

ကိုပင်ရရှိခဲ့သည့်အတွက်ပင်။ ဤအချက်ကြောင့် ကွန်စတာကာတာသည် ဂါရာနိုအား

ကူညီရန်အတွက် ဖှေးကိုတိုက်ခိုက်ခဲ့ခြင်းပင်။ ဇီလျန်းသည်လည်း ဂါရာနို၏ သရုပ်

မှန်ကိုမသိခဲ့ သို့မဟုတ် မသိချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ သို့သော် ဂါ

ရာနိုသည် ကောင်းမွန်စွာသရုပ်ဆောင်ပြီး လူများအားလုံးကိုလှည့်စားနိုင်ခဲ့သည်။ ရ

န်သူများသည် ဂါရာနိုကို အကြွင်းမဲ့ပင်ယုံကြည်ခဲ့ကြပြီး မှော်အစွမ်းကိုခုခံရန်ပင်လုံး

၀ကြိုးစားခဲ့ခြင်းမရှိပေ။ ဤကဲ့သို့သော ရန်သူများ၏အမှားကိုအသုံးချကာ ခါဆစ်

သည် အောင်မြင်နိုင်ခဲ့ခြင်းဖြစ်၏။

ဤအင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်၏တိုက်ပွဲသည် သူပထ

မတွေးထားသည်ထက်များစွာပို၍ရှုပ်ထွေးကြောင်းကိုလည်း ဖှေးကောင်းစွာသဘော

ပေါက်သည်။

ဤဖြစ်ရပ်သည် ချမ်းဘော့ဒ်အရှေ့ဘက်တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်

ကဲ့သို့ပင်ဖြစ်ပြီး ဤတိုက်ပွဲသည် အင်ပါယာများစွာ၏ အားပြိုင်မှုပင်။ ချမ်းဘော့

ဒ်တောင်ထိပ်တွင်ဖြစ်ပျက်ခဲ့စဥ်က ဖှေးသည် အကြောင်းစုံကိုသတိထားခဲ့ပြီးတန်ပြန်

တိုက်ခိုက်နိုင်သော်လည်း ယနေ့ဖြစ်စဥ်တွင်မူ အင်ပါယာကြီးများ၏လှည့်ကွက်များဖြ

စ်သည့်အတွက် ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်ပင် အရေးမပါသည့်လူတစ်ယောက်ဖြ

စ်လာခဲ့၏။

“ဗိုလ်ချုပ်ကြီး ရှင်က နာမည်ကြီးတဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့

အင်ပါယာအများကြီးကရှင့်ကို လေးစားခဲ့ကြတာ။ ရှင်ဘာလို့ စပါတပ်အင်ပါယာရဲ့

ညစ်ပတ်တဲ့အကြံစည်မှာ ပါ၀င်ပြီးတော့ရှင့်ရဲ့ ဂုဏ်သရေကို ညစ်နွမ်းစေခဲ့တာလဲ။”

ကိုယ်ရံတော်များ၏အကာကွယ်နှင့် အတူ မင်းသမီးတာနာရှာသည် အရှေ့သို့လ

မ်းလျှောက်သွားကာ နာမည်ကြီးစစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ကွန်စ

တာကာတာကိုမေးလိုက်၏။

ဤအဖိုးကြီး၏ မျက်လုံးများထဲတွင် အနည်းငယ်အရှက်ရသည့်အရိပ်ယောင်တစ်ခု

ဖြတ်သန်းသွား၏။ သို့သော် လျှင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။ ဓား

ကိုင်ထားသည့်လက်သည် ပို၍ပင် တင်းမာလာပြီး စိတ်ခံစားချက်ကင်းမဲ့သည့်အသွ

င်ပြင်တစ်ခုနှင့်အတူ ပြန်ပြောလိုက်၏။ “စစ်သည်ဟောင်းတစ်ယောက်အတွက်က

ရန်သူရဲ့အထင်ကြီးလေးစားမှုကအရေးမပါဘူး။ အိုက်ဟိုဗင်အင်ပါယာက မြို့သူမြို့

သားတွေအတွက်ပဲ ငါတွေးတယ်...”

လက်ရှိတွင် ကွန်စတာကာတာသည် ရန်သူဘက်မှ တိုက်ခိုက်နိုင်သေးသည့်တစ်

ယောက်တည်းသော လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်။ သူသည် ကွန်းတနှင့်

ဟွန်းတလားတို့ထံသို့အလွန်တည်ငြိမ်စွာဖြင့် လမ်းလျှောက်သွားကာ အရှေ့မှ ကာရ

ပ်လိုက်သည်။ သူထို့နောက်တွင် သူ၏လက်ကို၀ှေ့ရမ်းလိုက်ကာ သေဆုံးသွားသည့်စ

စ်သည်တစ်ယောက်၏ ဓားတစ်ချောင်းသည် သူ၏လက်အတွင်းသို့ ပျံသန်းလာ၏။

လက်ထဲတွင် ဓားနှစ်လက်ကိုကိုင်ဆောင်ထားရင်းဖြင့် သူသည် ပတ်ပတ်လည်မှဇီးန

စ်စစ်သည်များကိုရွယ်လိုက်သည်။ သူသည် တိုက်ပွဲဆာလောင်နေသည့်ပုံပင်။

“ရှင်တို့ရဲ့အကြံစည်မအောင်မြင်လိုက်တာ အတော်ဆိုးတာပဲ။ ဘယ်သူမှ အင်ပါ

ယာကာကွယ်စောင့်ရှောက်သူနှစ်ယောက်ရဲ့တိုက်ပွဲကို ၀င်နှောင့်ယှက်ခဲ့တဲ့ လုပ်ကြံ

ရေးသမားကို လေးစားစရာလူအဖြစ်နဲ့မြင်မာမဟုတ်တော့ဘူး...”

ပဲရစ်သည် နှာခေါင်းရှုံ့ကာ လမ်းလျှောက်သွားလိုက်ပြီး တာနာရှာ၏ဘေးတွင်ရပ်လို

က်သည်။ သူမ၏မျက်လုံးများထဲတွင် ဒေါသများဖြင့် ရန်စလိုက်၏။ “ဇီးနစ်အင်

ပါယာက ရှင်တို့ရဲ့ အင်ပါယာ၇ခုအစည်း၀ေးအကြောင်းကိုမသိဘူးထင်နေတာလား။

ဒါက ဟာသတစ်ခုပဲ။ ငပိန်းတစ်သိုက် ကိုယ့်သေတွင်းကိုယ်တူးနေသလိုပါပဲ...”

သူမပြောသည်မှာ မှန်သည်။

ခွန်အား အရဆိုပါက ခါဆစ်သည် ဒဏ်ရာအပြင်းထန်ရရှိထားပြီး ဂါရာနိုသည်လည်း

ဒဏ်ရာမရှိသော်လည်း မှော်စွမ်းအင်အမြောက်များကို အသုံးပြုထားသည်။ သို့သော်

ရန်သူဘက်မှလအဆင့်စစ်သည်နှစ်ယောက်သည်လည်း ဒဏ်ရာအပြင်းထန်ရရှိထားခဲ့

သည့်အတွက် သူတို့တိုက်ခိုက်မည်ဆိုပါက ရလဒ်ကိုခန့်မှန်းရန်မှာ ခဲယဥ်းလိမ့်မည်ဖြ

စ်သည်။ သို့သော် ဇီးနစ်အင်ပါယာဘက်တွင် ကြယ်အဆင့်စစ်သည်များစွာရှိနေဆဲပင်။

ပြီးခဲ့သည့်တိုက်ပွဲအတွင်းတွင် သေဆုံးသွားခဲ့သည့် စစ်သည်တစ်ချို့နှင့် ထူးဆန်းစွာပ

င်တိတ်ဆိတ်နေသည့် မဟာဘုရားကျောင်းမှလူဆယ်ယောက်မှလွဲ၍ ကျန်ရှိနေ

သေးသော ကြယ်အဆင့်စစ်သည်များသည် ဇီးနစ်အင်ပါယာကို အားသာမှုပေးလျှက်

ရှိသည်။ ကွန်စတာကာတာနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် ဖှေးပါပါ၀င်သည့်အတွက်

ဇီးနစ်အင်ပါယာသည် လက်ရှိတွင်အားသာနေသည်ဟုဆိုရမည်ဖြစ်သည်။

အလည်တွင်ရှိသည့်တောင်တန်းမှ ထွက်ပေါ်နေသည့် ဆူညံသံများကြောင့် ဇီးနစ်အ

င်ပါယာမှ တစ်ခြားစစ်သည်များလည်းဤနေရာသို့ ရောက်ရှိလာဦးမည်ဖြစ်သည်။ စ

စ်ကူများရောက်ရှိလာပါက ရန်သူဘက်မှလူများသည် လွယ်ကူစွာပင်သတ်ဖြတ်ခံရမ

ည်ဖြစ်၏။

ဖှေးခါဆစ်အနီးသို့ တိတ်ဆိတ်စွာကပ်သွားပြီး ပြန်လည်သစ်လွင်ဆေးပုလင်းတစ်

လုံးပေးလိုက်၏။

သို့သော် ခါဆစ်သည် ထိုဆေးပုလင်းကို လက်ခံခြင်းမရှိပေ။ ထိုအစား သူသည်

တစ်ဖက်သို့လှည့်လိုက်ပြီး ဖှေးအားတိတ်ဆိတ်စွာကြည့်လိုက်၏။ ဤအခိုက်တန့်တွင်

ဖှေးသည် ဤသူ၏အဖေကဲ့သို့သော အဖိုးကြီးသည်သူ့အား တစ်ခုခုပြောရန်ကြိုး

စားနေသလို ခံစားလိုက်ရ၏။ ဖှေးအနည်းငယ် ကျက်သေသေသွားသည်။ သူခါဆ

စ်အား ဆေးပုလင်းအား သောက်ရန်ပြောဖို့ပြင်သည့်အချိန်တွင် ခါဆစ်သည်အရှေ့သို့

လမ်းလျှောက်ထွက်သွား၏။

“မင်းတို့သုံးယောက်လုံး င့ါစီတစ်ပြိုင်ထဲလာတိုက်စမ်း။ နောက်ပြီးမင်းလဲ ထွက်လာ

သင့်နေပြီ ကောင်းကင်ပေါ်မှာပုန်းနေတဲ့ မိတ်ဆွေကြီး...” သူ၏လက်ထဲတွင်

ကောင်းကင်ဘုံဓားကိုကိုင်ရင်းဖြင့် ခါဆစ်သည် သူရဲကောင်းဆန်စွာပြောလိုက်၏။

“ငါမင်းတို့ကောင်တွေကို ဇီးနစ်အင်ပါယာရဲ့ကာကွယ်စောင့်ရှောက်သူသိုင်းဆရာဆိုတာ

ဘာလဲဆိုတာ သိအောင်ပြပေးမယ်...”

All Chapters