← Chapters

အခန်း (၄၄၉)

Vol. 29 Ch. 449

အခန်း (၄၄၉)

Vol. 29 Ch. 449

ခါဆစ် သူ၏စကားမဆုံးသေးခင်မှာပင် ကောင်းကင်ဘုံဓားကို အပေါ်သို့ ချိန်ကာ ခုတ်ပိုင်းလိုက်ပြီးပြီဖြစ်သည်။ ခါဆစ်၏စကားလုံးများကြောင့် လူတိုင်းအံ့သြနေသည့်အချိန်တွင် အစိမ်းရောင်ဓားသွားစွမ်းအင်တစ်ခုသည် ကောင်းကင်ပေါ်တွင်ရှိသည့် တိမ်မဲတစ်ခုထံသို့ ပျံသန်းကာ ထွက်ခွာသွား၏။ ကောင်းကင်ပေါ်တွင် စူးရှသည့်အသံတစ်ခုထွက်ပေါ်လာပြီးသည့်အချိန်တွင် ဤဓားသွားစွမ်းအင်သည် ကောင်းကင်ပေါ်တွင် ဓားဒဏ်ရာတစ်ခုကို ပင်ဖြစ်ပေါ်စေခဲ့သည့်အတိုင်းပင်။

“ဖုန်း...”

အနီရောင်စွမ်းအင်မီးတောက်တစ်ခုသည် အစိမ်းရောင်ဓားသွားစွမ်းအင်နှင့် တွေ့ဆုံလိုက်ပြီး ကြီးမားသည့်စွမ်းအင်လှိုင်းကြီးတစ်ခုသည် ပတ်၀န်းကျင်သို့လွှင့်စင်ကုန်၏။ မကြာမှီတွင် အနီရောင်နှင့် အစိမ်းရောင်စွမ်းအင်များပျောက်ကွယ်သွားကြတော့၏။

“ဟားဟား ခင်ဗျားကျုပ်ကို ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး...” ကျယ်လောင်သည့် ရယ်မောသံတစ်ခုသည် ကောင်းကင်ပေါ်မှ ထွက်ပေါ်လာ၏။ သို့သော် ဤအသံသည် အနည်းငယ်တုန်ယဥ်နေပြီး သတ်ဖြတ်လို့သည့်ဆန္ဒတစ်ခုဖြင့်် ပြည့်နှက်နေသည်ဟု ဖှေးခံစားနေရ၏။

ဤရယ်မောသံနှင့်အတူ နောက်ထပ်အနီရောင်စွမ်းအင်အလင်းတန်းတစ်ခုထွက်ပေါ်လာ၏။

ဤစွမ်းအင်၏ လျှင်မြန်လှသည့်အမြန်နှုန်းကြောင့် လေထုထဲတွင် မီးပွားစများနှင့်၊ မီးခိုးများကို ချန်ထားခဲပြီးကောင်းကင်ပေါ်တွင် တိတ်ဆိတ်စွာရပ်နေသည့် ခါဆစ်ကို ပစ်မှတ်ထားတိုက်ခိုက်လိုက်၏။

ဤသိုင်းကွက်သည် ကောင်းကင်ဘုံနှင့် မြေပြင်မှ စွမ်းအားများကို ထွက်ပေါ်စေလိုက်သည့်အတိုင်းပင် ပွဲကြည့်နေရာတွင်ရှိနေသည့်လူများကို သူတို့အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်သော်လည်း တောင်ကြီးတစ်လုံးပြိုကျလာသကဲ့သို့ ဖိအားကိုခံစားလိုက်ရစေ၏။ ဤကြီးမားလှသည့် ဖိအားကြောင့် လူတိုင်းအဖိခံလိုက်ရပြီး အရိုးကြိုးသံတစ်ချို့ပင်ထွက်ပေါ်လာတော့၏။

ဤကဲ့သို့သော အရှိန်၀ါသည် နောက်ထပ်လအဆင့်စစ်သည်တစ်ယောက်ရှိနေသည့်အတွက်ပင်။

ဇီးနစ်အင်ပါယာမှ စစ်သည်များအားလုံးထိတ်လန့်အံ့သြကုန်ကြပြီး တာနာရှာ၏မျက်လုံးများထဲတွင်ပင် အံ့သြသည့်အရိပ်ယောင်များပေါ်ထွက်လာ၏။ ရန်သူဘက်မှ စစ်ကူအနေဖြင့်နောက်ထပ်လအဆင့်စစ်သည်တစ်ယောက်ရောက်ရှိလာခြင်းပင်။

နှိုင်းယှဥ်ကြည့်လိုက်ပါက ဇီးနစ်အင်ပါယာသည် လက်ရှိတွင် အားနည်းသွားပြီဖြစ်သည်။ ဇီးနစ်အင်ပါယာဘက်တွင် လူအင်အားသာသော်လည်း လအဆင့်စစ်သည်တစ်ယောက်သည် အခြေအနေကိုပြောင်းလဲပစ်နိုင်သည့်အတွက်ပင်။

ဖှေး မျက်မှောင်ကြုံ့လိုက်ကာ သူ၏မျက်နှာပေါ်တွင် လေးနက်သည့်အမူယာတစ်ခုပေါ်လာတော့၏။

ဘုရင်သည် ထိုလူ၏ အရှိန်၀ါကို သတိထားလိုက်မိသည့်အတွက်ပင်။ သူသည် ထိုလူအား မည်သည့်အချိန်တွင်မှ မေ့နိုင်မည်မဟုတ်ပေ။

ဤလအဆင့်စစ်သည်သည် စခန်းချနေရာတွင် ဖှေးအားလုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့သည့်လူပင်။

ဤလူသည် ဖှေးအား ခွေးတစ်ကောင်ကဲ့သို့ပတ်ပြေးစေခဲ့ပြီး ဖှေးသည် ထိုလူ၏လက်မှ လွတ်မြောက်ရန်အတွက် အတွေ့ကြုံအမှတ်များစွာကို အသုံးပြု၍ဒူရီရယ်ကိုဆင့်ခေါ်ခဲ့ရသည်။ ထို့နောက်တွင် အစွမ်းကုန်အသုံးပြုပြီးသည့်အချိန်မှ ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး သူ၏လူရိုင်းဇာတ်ကောင်သည်လည်း လယ်ဗယ်၃၉မှ ၄၀သို့ ပြန်လည်ကာ ကျဆင်းသွားခဲ့၏။ ဖှေး လွတ်မြောက်သွားပြီးသည့်အချိန်တွင် ဤလုပ်ကြံသတ်ဖြတ်သူသည် နောက်မရောက်ရှိလာသည့်ခါဆစ်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မိုရိုတောင်တန်းပေါ်တွင် တိုက်ခိုက်ရင်းဖြင့် ဒဏ်ရာရရှိသွားခဲ့၏။

ဤစွမ်းအားမြင့်သည့်လုပ်ကြံသတ်ဖြတ်သူသည် ဖှေး၏ ခန္ဓာကိုယ်ထဲတွင် ၀ိဉာဥ်အချုပ်နှောင်တစ်ခုကို ထားရှိခဲ့သော်ကြောင့် ဖှေးသည် ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကို စိတ်လိုလက်ရဖြင့် စတင်လေ့ကျင့်ခဲ့ရသည်။ ဖှေးသည် ထို့နောက်တွင် မိုရိုတောင်တန်းပေါ်တွင်ရှိသည့် တိုက်ပွဲမြေပြင်ပေါ်သို့ အမှတ်မထင်ရောက်ရှိလာခဲ့ပြီး လအဆင့်စစ်သည်များသာ အသုံးပြုနိုင်သည့်အတွင်းအားစွမ်းအင်အကန့်သက်တို့ကိုလည်း နားလည်ခဲ့ကာ အင်ပါယာကာကွယ်စောင့်ရှောက်သူခါဆစ်နှင့် တွေ့ဆုံခဲ့ပြီး အထူးလေ့ကျင့်မှုများရရှိခဲ့၏။

သူနှင့်တိုက်ခိုက်စဥ်က ဤလုပ်ကြံသတ်ဖြတ်သူအသုံးပြုခဲ့သည့်သိုင်းကွက်များနှင့် မိုရိုတောင်တန်းပေါ်ရှိတိုက်ပွဲမြေပြင်တွင် ဤလုပ်ကြံသတ်ဖြတ်သူချန်ထားခဲ့သည့်အတွင်းအားစွမ်းအင်အကြွင်းကျန်များကြောင့် ဖှေး သူ၏အရှိန်၀ါကို ကောင်းစွာမှတ်မိနေခြင်းပင်။

ထိုအဖြစ်ပျက်သည် ဖှေးပထမဆုံးအနေဖြင့် အေဇာရုတိုက်ပေါ်တွင် သေမလိုဖြစ်ခဲ့သည့်အဖြစ်ပျက်တစ်ခုဖြစ်သောကြောင့်ပင်။

“မင်းင့ါကို တစ်ခါရှုံးပြီးသားပဲ။ အခုပြန်လာပြီးတော့ မင်းကိုယ့်သေတွင်းကိုယ်လာတူးတာလား...” ခါဆစ်နှာခေါင်းရှုံ့လိုက်သည်။

သူ၏အမူယာကိုပြောင်းလဲခြင်းမရှိပဲ ခါဆစ်သည် သူ၏လက်နှစ်ဖက်လုံးကို လှုပ်ရှားလိုက်ပြီးနှစ်မီတာခန့်ရှည်လျားသည့် ကောင်းကင်ဘုံဓားသည် လေပေါ်တွင် ပြင်းထန်စွာဖြင့် စတင်လည်ပတ်တော့၏။ ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် ကောင်းကင်ဘုံ၏အပစ်ပေးခြင်းသိုင်းကွက်ကို ထက်မံ၍ အသုံးပြုလိုက်ရာ မီတာ၁၀၀ခန့်ရှည်လျားသည့်အစိမ်းရောင်စွမ်းအင်ဓားသွားကြီးသည် လေပေါ်တွင် ပေါ်လာတော့၏။ ထို့နောက်တွင် အောက်သို့ခုတ်ပိုင်းချလိုက်ပြီး တိမ်တိုက်များပေါ်မှ ကျဆင်းလာနေသည့် အနီရောင်စွမ်းအင်များနှင့် ရိုက်ခတ်လိုက်၏။ သိုင်းကွက်နှစ်ခုထိတွေ့လိုက်သည့်အချိန်တွင် တောင်ထိပ်တစ်ခုလုံးတုန်ခါလာတော့၏။

“အား မဖြစ်နိုင်ဘူး။ မင်းရဲ့စွမ်းအားတွေက...ဘာလို့ ရုတ်တရက်အားကောင်းလာတာလဲ...” လျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူ၏ အသံရုတ်တရက်ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ကွန်းတ၊ ဟွန်းတလားနှင့် ကွန်စတာကာတာတို့လည်း ထိတ်လန့်ကုန်ကြ၏။

ဤကောင်းကင်ဘုံမှ အပြစ်ပေးခြင်းသိုင်းကွက်သည် ခါဆစ်ယခင်ကအသုံးပြုခဲ့သည့်သိုင်းကွက်ထက်များစွာပို၍ အစွမ်းထက်လာသည်ကို သူတို့အာရုံခံလိုက်မိသည့်အတွက်ပင်။ လသစ်အဆင့်ထက်ကျော်လွန်သောအစွမ်းရှိသည့် လအဆင့်စစ်သည်များသာလျှင် ထိုအနီရောင်စွမ်းအင်များကို တားဆီးနိုင်သောကြောင့်ပင်။ ဤသည်မှာ ခါဆစ်သည် လက်ရှိတွင်သူတို့ထက်များစွာပို၍အစွမ်းထက်နေသည်ဟူသည့်အဓိပ္ပါယ်ပင်။

သူတို့အားလုံးထိတ်လန့်အံ့သြသွားကြသော်လည်း သူတို့၏အတွေးများမှာမူ ရှင်းလင်းနေသေးသည်။ သူတို့သည် အချိန်ဆွဲမနေသင့်တော့ကြောင်းကို သိရှိလိုက်၏။ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည့်အချိန်တွင် သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများရှိနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် လအဆင့်စစ်သည်များ၏ဂုဏ်သရေကိုပင် ထည့်မတွက်တော့ပဲ အတူပြေး၀င်ကာ ခါဆစ်အား ၀ိုင်း၀န်းတိုက်ခိုက်ကြတော့၏။

“ဘုရားရေ ငါတို့ရဲ့ အင်ပါယာသိုင်းဆရာကြီးကို ကာကွယ်ကြ...” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ဆရာကြီးခါဆစ်ကို ကာကွယ်ပေးပြီး ဆုတ်ခွာဖို့ပြင်ကြတော့။ ငါတို့သေမယ်ဆိုရင်တောင် ဆရာကြီးလုံလုံခြုံခြုံဆုတ်ခွာနိုင်အောင်ကူညီပေးရမယ်...”

“ဇီးနစ်က ညီအကိုတို့ ဒီကောင်တွေကို တိုက်ခိုက်ကြစို့...”

ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် ဇီးနစ်အင်ပါယာမှ ကြယ်အဆင့်စစ်သည်များကို ရူးသွပ်သွားစေ၏။ သူတို့သည် လအဆင့်သိုင်းဆရာများ၏ စွမ်းအားအကြွင်းကျန်များကိုပင် ခုခံနိုင်ခြင်းမရှိသော်လည်း ဇီးနစ်မြို့သူမြို့သားများဖြစ်သည့်အတွက် သူတို့သည် အင်ပါယာကာကွယ်စောင့်ရှောက်သူ ခါဆစ်အတွက် အသက်ပေးရန်ပင် ဆန္ဒရှိနေကြ၏။ အားနည်းသည့် ဆွေကြီးမျိုးကြီးများပင် လက်နက်များကို ကိုင်ဆောင်လျှက်ရန်သူများထံသို့ ပြေး၀င်နေလျှက်ရှိ၏။

ဖှေး ဘာမှမပြောချေ။

သွေးပုလင်းတစ်လုံးကိုမော့သောက်ရင်းဖြင့် လူရိုင်းဇာတ်ကောင်၏အစွမ်း လေဗွေကိုအသုံးပြုကာ ရန်သူများထံသို့ လေမုန်တိုင်းတစ်ခုကဲ့သို့ပြေး၀င်သွား၏။

အခြေအနေမှာ ၀ရုန်းသုဥ်းကားပင်။ လူများထဲတွင် မဟာဘုရားကျောင်းမှ လူဆယ်ယောက်သာလျှင် တည်ငြိမ်စွာဖြင့် ဖြစ်ပျက်သမျှကို လက်ပိုက်ကြည့်နေကြ၏။ သူတို့သည် ၀င်ရောက်စွက်ဖက်မည့်ပုံမရှိကြပေ။

စိန့်ဂျာမိန်းအင်ပါယာမှ မင်းသားဂါရာနိုသည် သူ၏လက်ကို ညှင်သာစွာ၀ှေ့ရမ်းလိုက်ပြီး မှော်စွမ်းအင်အရှိန်၀ါများစတင်၍ပေါ်ထွက်လာတော့သည်။

“ဖုန်း...”

ဇီးနစ်အင်ပါယာမှ လူများတိုက်ပွဲအတွင်းသို့ မရောက်ရှိနိုင်ခင်မှာပင် ကြီးမားသည့်စွမ်းအင်တစ်ခုပေါ်လာပြီး လူတိုင်းကို တွန်းထုတ်လိုက်၏။ ဤစွမ်းအားသည် သတ်ဖြတ်လိုခြင်းမရှိပဲ လူတိုင်းကို တွန်းထုတ်ပြီးသည့်အချိန်တွင် ချက်ချင်းပြန်လည်ကာ ပျောက်ကွယ်သွား၏။ နောက်အခိုက်တန့်တွင် ခါဆစ်၏အသံထွက်ပေါ်လာသည်။ “ဇီးနစ်အင်ပါယာက စစ်သည်တွေ ဘေးဖယ်နေပေးကြပါ။ ဇီးနစ်အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို သတိရကြပါ။ ဒီဓားတောင်တန်းပေါ်မှာ င့ါရဲ့ကောင်းကင်ဘုံဓားနဲ့ ဇီးနစ်အင်ပါယာရဲ့ ကာကွယ်စောင့်ရှောက်သူဖြစ်တဲ့ငါက ရန်သူတွေကို ဒီနေရာမှာပဲ ထာ၀ရပိတ်မိနေအောင်လုပ်မယ်...”

ဤစကားလုံးများသည် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။

ခါဆစ်၏အသံကို အတွင်းအားစွမ်းအင်သုံးကာ ပြောခြင်းမဟုတ်သောကြောင့် ကျယ်လောင်ခြင်းမရှိပေ။ သို့သော် ထိုအသံသည် ဇီးနစ်အင်ပါယာမှစစ်သည်များ၏ နှလုံးသားနူးညံ့သည့်အစိတ်ပိုင်းများကို ထိခိုက်စေလိုက်၏။ သူတို့၏ သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရပြီး သူတို့အားလုံးယုံကြည်ချက်နှင့် ဂုဏ်ကျက်သရေတို့ကိုခံစားလိုက်ရသည်။

ဤအခိုက်တန့်တွင် ခါဆစ်ပြသလိုက်သည့် လွှမ်းမိုးနိုင်မှုတို့ကြောင့် ဖှေး၏စိတ်ဓာတ်တက်ကြွသွား၏။

ဤသည်မှာ ဖှေးမြင်ဖူးသမျှထဲတွင် ခါဆစ်၏ အလွှမ်းမိုးနိုင်မှုရှိဆုံးအချိန်ပင်။

ဖှေး အံ့သြနေရင်းဖြင့် ခါဆစ်သည် တည်ငြိမ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့်လူတစ်ယောက်ဖြစ်သော်လည်း လယ်ဗယ်၁အင်ပါယာတစ်ခု၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်ဖြစ်ကြောင်းကို ပြန်လည်ကာ သတိရလိုက်သည်။ ခါဆစ်သည် လွန်ခဲ့သည့်၂၆နှစ်ခန့်က လူသောင်းနဲ့ချီကာ သတ်ဖြတ်ပြီး သွေးချောင်းစီးစေခဲ့သည့် စွမ်းအားမြင့်စစ်သည်တစ်ယောက်ပင်င။ ခါဆစ်သည် ပါရမီရှင်သိုင်းဆရာတစ်ယောက်လည်းဖြစ်သည့်အင်ပါယာအရှင်သခင် ယရှင်း၏အသိမှတ်ပြုခြင်းခံခဲ့ရသည့်အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာတစ်ယောက်ဖြစ်ပြီး သိုင်းပညာတောင်တန်းပေါ်တွင် နေထိုင်ကာ အင်ပါယာတစ်ခုလုံးကို ၂၆နှစ်ကြာကာကွယ်ပေးခဲ့သည်။ ခါဆစ်၏ ဂုဏ်ကျက်သရေနှင့် အရှိန်၀ါတို့မှာ စိန်ခေါ်၍မရပေ။

သူ၏အင်ပါယာလိုအပ်လာပါက ဤတိတ်ဆိတ်သည့်သိုင်းဆရာသည် လွှမ်းမိုးနိုင်မှုနှင့် ရက်စက်မှုတို့ကို ပြသမည်ဖြစ်သည်။

သူသည် စစ်သည်အစစ်မှန်တစ်ယောက်ပင်။

ခါဆစ်နှင့် နှိုင်းယှဥ်ကြည့်ပါက ဖှေး၏ လွှမ်းမိုးနိုင်မှုမှာ သူပုန်တစ်ယောက်ကဲ့သို့သာ ဖြစ်နေ၏။

“ဖုန်း ဖုန်း ဖုန်း...”

ဖှေးအံ့သြနေစဥ်မှာပင် တိုက်ပွဲသည်တစ်စက္ကန့်အတွင်းမှာပင် ပြောင်းလဲသွားတော့သည်။ ခါဆစ်၏စွမ်းအားများကို အပြည့်၀ထုတ်သုံးထားရာ လူတိုင်းစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေ၏။ သူ၏သိုင်းကွက်တစ်ခုခြင်းစီတိုင်းသည် သဘာ၀၏စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူ၏တိုက်ခိုက်မှုတစ်ခုခြင်းစီတိုင်းသည် စွမ်းအားအပြည့်ထုတ်သုံးထားသည့် ကွန်စတာကာတာအား အ၀ေးသို့လွှင့်ထွက်သွားစေသည်။ ခါဆစ်သည် လွန်ခဲ့သည့်တိုက်ပွဲတွင် သူ၏စွမ်းအားတစ်ချို့ကို ဖုံးကွယ်ထားခဲ့ပြီး ယခုအချိန်မှသာ ထုတ်သုံးနေခဲ့သည့်အတိုင်းပင်။

“သေစမ်း..” ခါဆစ် အော်ဟစ်ရင်းဖြင့် ကောင်းကင်ဘုံဓားကို ခုတ်ပိုင်းချလိုက်သည်။

ကြောက်မက်ဖွယ်စွမ်းအားသည် အာကာသကိုပင် နှစ်ခြမ်းပိုင်းလိုက်ပြီး ကွန်းတနှင့် ဟွန်းတလားတို့နှစ်ယောက်လုံးကို အနောက်သို့ လွှင့်ထွက်သွားစေ၏။ သူတို့နှစ်ယောက်လုံးသည် သွေးများအန်ထွက်လာကြသော်လည်း ကွန်းတသည်သူ၏လည်ပင်းတွင် နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုနှင့် ပို၍ပြင်းထန်စွာဒဏ်ရာရရှိသွား၏။

သူသည် ထိန်လန့်သွား၏။ ရုတ်တရက်စွမ်းအားကုန်ထုတ်သုံးလိုက်သည့် ရန်သူကြောင့် သူ၏ ထိတ်လန့်မှုများမှာ အမြင့်ဆုံးသို့ရောက်ရှိနေပြီးဖြစ်သည်။

“ခါဆစ်က ဘာလို့ စွမ်းအားတွေဒီလောက်မြင့်မားလာရတာလဲ။ ဒီလိုသာဆိုရင် ငါတို့တွေတစ်ယောက်မှ ဒီနေရာကနေ အသက်ရှင်ရက်နဲ့ ထွက်သွားနိုင်မှာမဟုတ်တော့ဘူး...”

“ညီကို အာမာယူရီ...ငါတို့က သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဆုတ်ခွာကြတော့...”

ကွန်းတသည် ထက်မံ၍တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး အစိမ်းရောင်အတွင်းအားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီး၀င်သွား၏။ သူသည် အစိမ်းရောင်စွမ်းအင်များကို ဆက်လက်၍ တားဆီးထားနိုင်စွမ်းမရှိတော့ပဲ အသစ်ရောက်လာသည့် လအဆင့်စစ်သည်အား သွေးအလိမ်းလိမ်းဖြင့် အော်ပြောလိုက်သည်။

“ဟားဟား မင်းတို့ဘယ်ကောင်မှ ဒီနေ့ဒီနေရာကနေထွက်သွားနိုင်မှာမဟုတ်ဘူး။” နောက်တစ်ယောက်ကဲ့သို့ပင် ခါဆစ်၏အသွင်ပြင်မှာ တည်ငြိမ်အေးချမ်းခြင်းမရှိတော့ပေ။ စိုးမိုးခြင်းများနှင့် သူ၏ရန်သူများနောက်သို့ ပြေးလိုက်ကာ လအဆင့်စစ်သည်လေးယောက်လုံးကိုသတ်ဖြတ်ပစ်တော့မည်ဖြစ်သည်။

All Chapters