အစစ်အမှန်နတ်ဘုရားတွေထဲမှာ ထိပ်တန်း(၃)ယောက်
Vol. 89 Ch. 1252
အခန်း (၁၂၅၂) အစစ်အမှန်နတ်ဘုရားတွေထဲမှာ ထိပ်တန်း(၃)ယောက်
ပြင်းထန်သောသက်ရောက်မှုဖိအားကြောင့် ဟယ်မြန် အဝေးသို့ လွင့်စင်ထွက်သွားသည်။
ထိုမျှမကပေ။
ရန်ကျောက်ကဲ၏လက်သီးချက်က နတ်ဘုရားလက်နက်တစ်ခုပမာ ဖြစ်သည်။
လက်သီးချက်ရိုက်ခတ်ခံရမှုကြောင့် ဟယ်မြန်လွင့်ထွက်သွားစဉ် ထိတ်လန့်စရာကောင်းသော ကြီးမားသည့်စွမ်းအားတစ်ခုက ထိုးဖောက်အားကိုဖြစ်ပေါ်စေပြီး ဟယ်မြန်၏ရင်ဘတ်မှ ထုတ်ချင်းပေါက် ထိုးဖောက်ဝင်ရောက်သွားသည်။
ဟယ်မြန်၏တိုက်ခိုက်မှုများက ကောင်းကင်ဖွင့်ကျမ်းစာကို မကျင့်ကြံရသေးသော ချန်ချန်းဟွာနှင့်နှိုင်းယှဉ်လျှင် ပိုမိုပြင်းထန်သည်။
သိုင်းသူတော်စင်အဆင့်အား ထည့်မတွက်ဘူးဆိုလျှင် ရန်ကျောက်ကဲ ရင်ဆိုင်ရသော ရန်သူများကြားတွင် အစစ်အမှန်နတ်ဘုရားများဖြစ်သော ပိုးသားဧကရာဇ်နှင့် ဖယောင်းနေခြည်ဧကရာဇ်တို့သည်ပင် ဟယ်မြန်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် ကူရာကယ်ရာမဲ့သွားနိုင်သည်။
ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားသာမဟုတ်ပါက သူတို့အနေဖြင့် ဟယ်မြန်၏ဓားအောက်တွင် ရှုံးနိမ့်သွားနိုင်ပေသည်။
အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားများဆိုလျှင် ဟယ်မြန်နှင့် တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုပါက မည်သည့်နည်းနှင့်မှ တန်ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သို့သော် ခံစစ်စွမ်းအားတွင်တော့ ဟယ်မြန်က ယွိချင်အဆက်အနွယ် နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်လုံးကို တစ်ပြိုင်တည်းကျင့်ကြံထားသည့် ချန်ချန်းဟွာနှင့် လုံးဝ မယှဉ်နိုင်ပေ။
ရန်ကျောက်ကဲ၏ လက်သီးချက်က အဆက်မပြတ်ထွက်ပေါ်လာပြီး ဟယ်မြန်၏ခန္ဓာကိုယ်တစ်ခုလံဒးအား ကိုဒဏ်ရာရသွားစေသည်။
ထိုအချိန်...
ရုတ်တရက် လေထုထဲတွင် သွေးနီရောင်အလင်းတန်းတစ်ချက် လင်းလက်သွားပြီး ဟယ်မြန်၏နောက်တွင် အဘိုးအိုတစ်ယောက်ပုံရိပ်ပေါ်လာသည်။
သူက လက်ဖဝါးကို ဟယ်မြန်၏ကျောထက်တွင်ဖိကပ်လိုက်ပြီး နောက်သို့လွင့်စင်ထွက်မသွားစေရန် ဟယ်မြန်ကို ထိန်းထားပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏လက်သီးချက်ကြောင့် ဟယ်မြန်၏ခန္ဓာကိုယ်ထက်မှ ပေါက်ပြဲကုန်သောဒဏ်ရာများကို သက်သာစေပြီး ဒဏ်ရာကို ထိန်းထားလိုက်သည်။
မှင်တက်သွားသော ဟယ်မြန်၏မျက်နှာထက်တွင် ရှက်ရွံ့သည့်အမူအရာတစ်ခု ထွက်ပေါ်လာပြီး...
“ဆရာ...”
အဘိုးအိုက...
“ဒီနေ့တိုက်ပွဲက မင်းအတွက် အကျိုးရှီတယ် ၊ အရင်က မင်းလောကကြီးကိုရှုမြင်တာ အရမ်းအမြင်ကျဉ်းမြောင်းလွန်းတယ်”
အဘိုးအိုက ဟယ်မြန်ကိုထိန်းထားပေးခြင်းအား ရပ်တန့်လိုက်ပြီး သူ့ဘေးတွင် ဝင်ရပ်လိုက်သည်။ ထို့နောက် ရန်ကျောက်ကဲအား လှည့်ကြည့်လိုက်၏။
ရန်ကျောက်ကဲက ဟယ်မြန်ကို လက်သီးဖြင့် ထိုးနှက်ပြီးနောက် ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ပေ။
သူက ရောက်လာသောအဘိုးအိုအား လက်နှစ်ဘက်ဆုပ်ဂါရဝပြုရင်း...
“ရန်ကျောက်ကဲ တိမ်လွှာဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဟယ်မြန်ကို ကယ်တင်ခဲ့သော အဘိုးအိုက အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “တိမ်လွှာခွင်းဧကရာဇ်” ဖြစ်သည်။
သူက ရွှမ်ဟွမ်ဧကရီ ကောင်းချင်းရွှမ် ၊ လုန်ချွမ်ဧကရာဇ် လုန်ရှင်းချွမ် ၊ ရန်ကျောက်ကဲ၏ အဘိုးအဘွားများဖြစ်သော ‘ရန်ရှင်းထန်’ ၊ ‘တိချင်းလျန်’ တို့နှင့် တစ်ခေတ်တည်း ဖြစ်သည်။
အရင်တုန်းက ကျင့်ကြံသူ (၇)ယောက်က သူတို့၏စွမ်းအားများကိုပေါင်းစပ်ပြီး ဝူတန့်မယ်တော်၏ ပံ့ပိုးမှုအောက်တွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဖန်တီးခဲ့ကြသည်။
အပြာရောင်ခရီးရှည် (၇)ဖော်တွင် အချို့သေဆုံးပြီး အချို့ ကျန်ရစ်ခဲ့ကြသည်။
ယခုတော့ အပြာရောင်ခရီးရှည် (၇)ဖော်တွင် ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်သာလျှင် ကျန်ရစ်တော့၏။
သူ ဝတ်စားပုံက ဟယ်မြန်နှင့်ဆင်တူသည်။ သူတို့နှစ်ယောက်လုံးက တာအိုဝတ်စုံကို ဝတ်ဆင်ထားကြသော်လည်း ဆံပင်ကို စည်းနှောင်ထားခြင်းမရှိဘဲ ဤအတိုင်းချထားကြလေရာ ဆံပင်များကျောပြင်ထက် ဤအတိုင်းပင် ကျဆင်းလျှက် ရှိသည်။
အဘိုးအို၏ ရုပ်သွင်က ချောမောသည်ဟု မပြောနိုင်သော်လည်း တည်ကြည်ပြီး လူကြီးလူကောင်းဆန်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် သူ၏ဓားချက်အောက်တွင် ဝိညာဉ်များစွာ သေဆုံးခဲ့ရသည်ဖြစ်ရာ ယခု သူက အေးဆေးစွာမတ်တတ်ရပ်နေသည့်တိုင် ကြီးမားသည့် အရှိန်အဝါ အငွေ့အသက် ထွက်ပေါ်လျှက် ရှိ၏။
တိမ်လွှာခွင်းဧကရာဇ်က အစစ်အမှန်နတ်ဘုရားတစ်ပါးအဆင့်သာ ရှိသေးသည်ဖြစ်ရာ နက်ရှိုင်းနတ်ဘုရားများဖြစ်နေပြီဖြစ်သော ရွှမ်ဟွမ်ဧကရီ ၊ တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ နက္ခတ်ဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် အစရှိသော သူနှင့် ခေတ်ပြိုင်ကျင့်ကြံသူများနှင့်ယှဉ်လျှင် အနည်းငယ် အဆင့်နိမ့်ကျသည်ဟု ထင်မှတ်ရသည်။
သို့သော်လည်း တိမ်လွှာဧကရာဇ် နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်မည်ဆိုလျှင် သမ္မာတရားကပ်ဘေးကို ကျရှုံးမည်မဟုတ်ကြောင်း ကောလဟလများထွက်ပေါ်သည်ကို ရန်ကျောက်ကဲ ကြားဖူးသည်။ သူက အကြောင်းများစွာကြောင့် အစစ်အမှန်နတ်ဘုရားအဆင့်တွင် ခေတ္တနားခိုနေခြင်းသာ ဖြစ်၏။
လွန်ခဲ့သောနှစ်များတွင် သူက အမတခုံရုံးမှ ကျင့်ကြံသူများနှင့်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သဖြင့် ကျင့်ကြံခြင်းအဆင့်တက်ခြင်း နှေးကွေးသွားရခြင်းပင်။
သို့ပေသိ ယခုနှစ်များတွင် ဒဏ်ရာအပြည့်အဝ ပျောက်ကင်းသွားခဲ့ပေပြီ။
ထို့ပြင် သူ စုဆောင်းထားသော ကြီးမားသည့်တန်ခိုးစွမ်းအားက ဤကမ္ဘာတွင် အလွန်တရာ ရှားပါးလှသည်။
သူ၏ ကျင့်ကြံခြင်းစွမမ်းအားက အလွန်ပြင်းထန်သဖြင့် ကျင့်ကြံခြင်းအဆင့်တူညီသူများအလည် ပြိုင်ဘက်ကင်းဖြစ်ခဲ့ပြီး ၊ သူက အခြားသော အစစ်အမှန်နတ်ဘုရားများကဲ့သို့ ရင်ဆိုင်ရလွယ်ကူသူတစ်ယောက် မဟုတ်ပေ။
ဟယ်မြန်က လူသားအထွတ်ထိပ်အဆင့်ကျင့်ကြံသူဖြစ်ပြီး ငြိမ်သက်ဧကရာဇ်နှင့် စစ်မှန်ဧကရာဇ်တို့ကို ဘာမှမလုပ်နိုင်သလို သူတို့ကလည်း ဟယ်မြန်ကို ဘာမှလုပ်နိုင်ကြမည် မဟုတ်ပေ။
သို့သော် ဟယ်မြန်အနေဖြင့် ဆရာဖြစ်သူ တိမ်လွှာခွင်းဧကရာဇ်ကို တိုက်ခိုက်မည်ဆိုပါက ရှုံးနိမ့်မည်မှာ သံသယဝင်စရာ မရှိပေ။
ဤသည်က တိမ်လွှာခွင်းဧကရာဇ်က သူ၏တပည့်အပေါ် နားလည်မှုမြင့်မားသောကြောင့်မဟုတ်ပေ။ သူ၏တန်ခိုးစွမ်းအား ကြီးမားလွန်းသောကြောင့်သာ ဖြစ်သည်။
တိမ်လွှာခွင်းဧကရာဇ်က ရန်ကျောက်ကဲကို အကဲခတ်ပြီးနောက် ချီးကျူးစကားဆိုလိုက်သည်။
“ဆရာထက် တပည့်လက်စောင်းထက်ဆိုတဲ့စကားအတိုင်းပဲ ၊ မျိုးဆက်သစ်လူငယ်တွေက မျိုးဆက်ဟောင်းတွေထက် သာကုန်ပြီ ၊ အရင်တုန်းက မင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာတော့ ကျုပ်က မင်းရဲ့စွမ်းအားကို စမ်းသပ်ကြည့်ခဲ့တာပါ”
ရန်ကျောက်ကဲက ရိုးရှင်းသည့်လေသံဖြင့်...
“ဧကရာဇ်မင်းက ချီးကျူးလွန်းနေပါပြီ”
ထို့နောက် သူက ဆက်ပြောသည်။
“ဧကရာဇ်မင်းရဲ့တပည့် တာအိုဆရာ’ဟယ်’ ရဲ့ စွမ်းအားကလည်း အတော်လေး ပြင်းထန်ပါတယ် ၊ ကျွန်တော် အတော်လေး သတိထားလိုက်ရတယ် ၊ အပြစ်ပြုမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ၊ ဒါပေမဲ့ အခြေအနေကလည်း တိုက်ခိုက်ဖို့ ဖြစ်လာလို့ပါ”
“ဒါနဲ့ တိမ်လွှာဧကရာဇ်ရော ကျွန်တော့်ကို တိုက်ခိုက်ချင်သေးလား”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာက လွန်ခဲ့သောနှစ်များအတွင်း ပဋိပက္ခများစွာ ရှိခဲ့သည်။
ပြောရလျှင် ရွှမ်ဟွမ်ဧကရီက အထက်ဘုံကမ္ဘာအပေါ် အတော်လေး သဘောထားပျော့ပြောင်းသည်ဟု ဆိုနိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ တည်ထောင်သူဆရာဘွားဘွား နွယ်ပင်ဧကရီနှင့် တိမ်လွှာခွင်းဧကရာဇ်တို့ကတော့ အတော်လေး သဘောထားပြင်းထန်သည်။
အထူးသဖြင့် အထက်ဘုံကမ္ဘာမှ ကျောက်စိမ်းကျောက်ဆောင်နှင့် သူတို့၏ဆက်ဆံရေးက အတော်လေး ဆိုးရွားခဲ့သည်။
“ငါ့တပည့်က ငါ့အတွက် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လိုချင်ခဲ့တာပါ ၊ ဒါပေမဲ့ သူက အရည်အချင်းမမီသေးတော့ ထပ်ပြီးကျင့်ကြံဖို့ လိုသေးတယ်”
တိမ်လွှာခွင်းဧကရာဇ်က ဒေါသထွက်ခြင်းမရှိသလို စကားပြောသည့်လေသံတွင်လည်း ရန်လိုမှု အရိပ်အမြွက်မျှပင် မရှိပေ။
“ဒါနဲ့ မင်းကို မေးချင်တာတစ်ခု ရှိတယ်”
သူ ဘာမေးမည်ကို ရန်ကျောက်ကဲက ကြိုတင်မှန်းဆထားပြီး ဖြစ်သည်။
“ကျွန်တော် အထက်ဘုံကမ္ဘာမှာ နေခွင့်မရတော့ဘူးဆိုရင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာမှာလားလို့ တိမ်လွှာဧကရာဇ် မေးချင်တာ မဟုတ်လား”
တိမ်လွှာဧကရာဇ်က ခေါင်းညိတ်ရင်း...
“မိတ်ဆွေလေး’ရန်’ က တကယ်ဉာဏ်ထက်တာပဲ ၊ ငါလည်း အဲဒီမေးခွန်းပဲ မေးချင်နေတာပါ”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“နွယ်ပင်ဧကရီနဲ့ တိမ်လွှာဧကရာဇ်က ကျွန်တော့်ရဲ့ ဆရာဦးလေးဖြစ်တဲ့ ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ ငြိမ်းချမ်းစွာ အတူနေလိုစိတ်ရှိမှာပါလား”
တိမ်လွှာဧကရာဇ်က တစ်ချက်မတုံ့ဆိုင်းဘဲ...
“တကယ်လို့ အမတခုံရုံးကမိစ္ဆာတွေ ဒါမှမဟုတ် ငရဲကိုးထပ်ကနတ်ဆိုးတွေနဲ့ တိုက်ခိုက်နေရတယ်ဆိုရင်တော့ အတူတကွ အေးအေးဆေးဆေး နေလို့ရပါတယ်”
သူက ဆက်ပြောသည်။
“အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ မဖြစ်နိုင်ဘူး”
“ဂိုဏ်းတူညီလေး’ခုန်’ က နွယ်ပင်ဧကရီရဲ့ နောက်ဆုံးတပည့်ပဲ ၊ သူ့အဘွား တိကျိကျီဆုံးပါးသွားတဲ့နောက် နွယ်ပင်ဧကရီက မင်းရဲ့ဘိုးဘေးတွေကို အတော်လေး ရန်ငြိုးထားခဲ့တယ် ၊ နောက်ပိုင်း သူက ဂိုဏ်းတူညီလေး’ခုန်’ ကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးခဲ့တယ် ၊ ငယ်ငယ်လေးကတည်းက စောင့်ရှောက်လာရတာဖြစ်တဲ့အတွက် အရမ်းသံယောဇဉ်ရှိခဲ့တယ် ၊ သူတို့ကြားက မေတ္တာတရားက သာမန်သားအမိတွေထက်တောင် နက်ရှိုင်းတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ခုန်’ က ယွဲ့ကျန့်ပေဓားအောက်မှာ အသတ်ခံလိုက်ရတယ်”
တိမ်လွှာဧကရာဇ်က တည်ငြိမ်စွာပင်ဆက်ပြောသည်။
“ဂိုဏ်းတူညီလေး’ခုန်’ က ငါ့အတွက် မိတ်ဆွေကောင်းလည်းဟုတ်သလို ညီလေးလည်းဟုတ်တယ် ၊ ဒီတော့ သူ့အတွက် လက်စားချေရမှာ အမှန်ပဲလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“နားလည်ပေးနိုင်ပါတယ် ၊ ဒါပေမဲ့ တိမ်လွှာခွင်းဧကရာဇ်လည်း ကျွန်တော့်ရဲ့ရွေးချယ်မှုကို ခန့်မှန်းထားပြီး ဖြစ်လောက်ပါပြီ”
တိမ်လွှာဧကရာဇ်က နှမျောတသစွာဖြင့် ခေါင်းခါယမ်းလိုက်ရင်း...
“ဟုတ်တယ်”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“စိတ်မကောင်းစရာပဲ...”
ရွှမ်ဟွမ်ဧကရီရှိနေသရွေ့ သူတို့နှစ်ဦးနှစ်ဖက်လုံး နောက်ပြန်ဆုတ်မရသော ရန်သူများ ဖြစ်လာကြမည် မဟုတ်ပေ။
သို့တိုင် ကျန့်ဟွမ်ဓားဧကရာဇ်ရှိနေသရွေ့ သူတို့နှစ်ဖက် အချင်းချင်းနီးစပ်ရန်ခက်ခဲပြီး အတူပေါင်းစည်းရန် မဖြစ်နိုင်ပေ။
“ဒါဆိုရင်တော့ မိတ်ဆွေလေး’ရန်’ ရဲ့ တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ရတော့မှာပဲ ၊ ငါ့ဘဝမှာ ဓားသိုင်းရယ် ၊ အစီအရင်ပညာရယ် ၊ အဂ္ဂိရတန်ပညာရယ်ကို အရမ်းဝါသနာပါတယ် ၊ ဒီတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုလို ရတနာပစ္စည်းမျိုးကို ငါ လက်မလွှတ်ချင်ဘူး”
ပြောပြီးသည်နှင့် တိမ်လွှာခွင်းဧကရာဇ်က လက်ညိုးနှင့်လက်ခလယ်ကိုအသုံးပြုပြီး ဓားဝိညာဉ်ကိုထုတ်ဖော်ကာ ရန်ကျောက်ကဲထံသို့ ထိုးညွှန်လိုက်သည်။
တစ်ခဏအတွင်း နက်မှောင်သည့်ဓားရှည်တစ်လက်ပေါ်လာပြီး ကြိုတင်သတိပေးခြင်းမရှိဘဲ ရန်ကျောက်ကဲအား လွှမ်းခြံသွားသည်။
ထိုဓားက ဗလာနယ်အကွာအဝေးကို လျစ်လျူရှုပြီး မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိရပေ။
ယခင်ကတည်းက ရှိနှင့်နေသည့်ဓားတစ်လက်ပမာ အချိန်ကာလကို လျစ်လျူရှုခဲ့သည်။
ထို့နောက်မှာတော့ အကန့်အသတ်မရှိသော အနီရင့်ရောင်ဓားအလင်းတန်းက အတွင်းသို့ပြိုကျသွားပြီး အရာအားလုံး အက်ကွဲကြေမွသွားတော့သည်။
ရန်ကျောက်ကဲက သူ၏ညာလက်ကို ဓားသွားပမာ ပုံဖော်လိုက်သည်။ ထိုဓားဝိညာဉ်ထဲတွင် မိုးမြေကိုဖွင့်လှစ်နိုင်သော ‘ကောင်းကင်ဖွင့်ကျမ်းစာ’ ၏ အနှစ်သာရများ ပါရှိသည်။
တစ်ဆက်တည်းပင် အနီရင့်ရောင်ဓားအစိအရင်ထက်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲက ဘယ်လက်အသုံးပြုပြီး ကြေမွတောက်လောင်လက်သီးသိုင်းကို ထုတ်ဖော်လိုက်ရာ အက်ကွဲနေပြီးသားဖြစ်သော ဓားအစီအရင် ပေါက်ကွဲထွက်သွားသည်။
ဟယ်မြန်က သူ၏တန်ခိုးစွမ်းအားအပြည့်အဝသုံးကာ ထုတ်ဖော်ထားသည့် အစီအရင်ကို တိမ်လွှာဧကရာဇ်က ချက်ချင်းပင် ဆက်လက်အကောင်အထည်ဖော်လိုက်သည်။
သူက ဓားအစီအရင်တစ်ခုထက်ပိုပြီး ဖွဲ့စည်းနိုင်စွမ်း ရှိသည်။
“ကျွန်တော်သိတဲ့ အစစ်အမှန်နတ်ဘုရားတွေအားလုံးထဲမှာ တိမ်လွှာဧကရာဇ်က ထိပ်တန်း (၃)ယောက်ထဲမှာပါတယ်”
ရန်ကျောက်ကဲက ချီးကျူးစကား ဆိုလိုက်သည်။
ထို့နောက် သူ၏ပုံသဏ္ဌန်က သွေးနီရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ဗလာနယ်ထဲတွင် အဆက်မပြတ် တောက်လောင်နေသည်။
ယခုတစ်ကြိမ် ရန်ကျောက်ကဲ ထုတ်ဖော်လိုက်သည့် နတ်ဘုရားထောင်ချောက်ဓားသိုင်းက အခြားသော သိုင်းပညာရပ်များစွာဖြင့် ပေါင်းစည်းထားသည်။
ရန်ကျောက်ကဲ၏ လျှင်မြန်မှုက ဟယ်မြန်ကို တိုက်ခိုက်စဉ်ကနှင့်ယှဉ်လျှင် သိသိသာသာ တိုးတက်လာလေသည်။