← Chapters

ရန်ကျောက်ကဲကိုမှပါရမီရှင်လို့မခေါ်ရင် ဘယ်သူ့ကိုမှခေါ်လို့မရနိုင်ဘူး

Vol. 89 Ch. 1253

ရန်ကျောက်ကဲကိုမှပါရမီရှင်လို့မခေါ်ရင် ဘယ်သူ့ကိုမှခေါ်လို့မရနိုင်ဘူး

Vol. 89 Ch. 1253

အခန်း (၁၂၅၃) ရန်ကျောက်ကဲကိုမှပါရမီရှင်လို့မခေါ်ရင် ဘယ်သူ့ကိုမှခေါ်လို့မရနိုင်ဘူး

ဗလာနယ်ထဲတွင် အစိမ်းရောင် ၊ အနက်ရောင် ၊ အနီရောင် ဓားဝိညာဉ်များ ပေါင်းစုထားသည့် ကြီးမားသော ဓားအစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည်။

ဓားအလင်းတန်းများ ပတ်ပတ်လည်လှည့်ပတ်သွားပြီး အဂ္ဂိရတ်ခန်းမ စကြာဝဠာနှင့် ဗလာနယ်ကိုပင် ပျက်သုဉ်းနယ်မြေအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

မရဏဓားချီအငွေ့အသက်များက နေရာတစ်ခုလုံး ပြည့်နက်သွားသည်။ ပျက်ဆီးခြင်း ၊ ဆိတ်သုဉ်းခြင်းနှင့် ဘေးဆိုးများ ပြည့်နက်နေသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ဓားချီနှင့်အတူ ယူဆောင်လာသည်။

ဤဓားအစီအရင်မှထွက်ပေါ်လာသည့် စွမ်းအားရောင်ဝါက လူတစ်ယောက်အား အလွန်တရာ ထိတ်လန့်သွားစေလောက်အောင် ကြိးမားလှပြီး ရှိသမျှသတ္တိ အကုန်ပျောက်သွားစေနိုင်သည်။

ရန်ကျောက်ကဲမျက်နှာက ပိုပြီး တည်ကြည်လေးနက်လာသည်။ သို့သော် သူ၏မျက်ဝန်းများက ငြိမ်သက်နေဆဲဖြစ်ပြီး မည်သည့်အကြောက်တရားကိုမှ မတွေ့ရှိရပေ။

ထို့နောက် သူက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ထူးခြားသည့် သိုင်းပညာရပ်များစွာ ပေါင်းစပ်အသုံးပြုလိုက်ပြီး စွမ်းအားအရှိန်အဝါက အမြင့်ဆုံးသို့ မြင့်တက်လာကာ စကြာဝဠာတစ်ခုလုံး လိုသလို လှည့်ပတ်သွားလာနိုင်သည့်အလား ထင်မှတ်ရသည်။

ဒါကိုမြင်တော့ တိမ်လွှာဧကရာဇ်၏မျက်နှာအမူအရာက ပိုပြီးတည်ကြည်လေးနက်သွားသည်။

သူက ဘယ်ဘက်လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အနီရင့်ရောင်ဓားအစီအရင် (၆)ခုက ရန်ကျောက်ကဲ၏ ပတ်ဝန်းကျင်ကို သိမ်းပိုက်လိုက်ပြီး အလယ်ဗဟိုတွင် သူ့ကို ပိတ်ဆို့ထားလိုက်သည်။

ထို့နောက် ဓား (၆)လက် အစီအရင်က ညီညာသည့်စွမ်းအားဖြင့် ပိရမစ် (၂)ခု ရှေ့တစ်ခု နောက်တစ်ခု စုစည်းသည့်ပမာ ပြောင်းလဲသွားသည်။

ထို့နောက်မှာတော့ အနီရင့်ရောင်ဓားအလင်းတန်းများ တောက်ပသွားပြီး အတွင်းထဲသို့ အတူတကွ ပြိုကျသွားလေရာ ရန်ကျောက်ကဲ ရှိနေသည့်နေရာတွင် စကြာဝဠာတစ်ခုလုံး ပျက်သုဉ်းသွားသည့်ပမာ ခံစားရပြီး သူ ခြေချစရာနေရာသည်လည်း မရှိတော့ပေ။

ရန်ကျောက်ကဲ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လက်နှစ်ဖက် ယှက်လိုက်သည်။

အရင်ဆုံး သူက ဘယ်လက်ဖြင့် ထိုက်ယိလက်သီးသိုင်းကို ထုတ်ဖော်လိုက်လေရာ လက်သီးရိပ်က စကြာဝဠာတစ်ခုလုံး ပြည့်လျှံသွားပြီး အနီရင့်ရောင်ဓားအလင်းတန်းများကို ရပ်တန့်ပစ်လိုက်သည်။

ထို့နောက် ညာဘက်လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်ရာ အံ့သြဖွယ်ရာ အစီအရင်တစ်ခု ထွက်ပေါ်လာပြီး ပုဆိန်သွားပမာ ၊ လှံရှည်ပမာ ပုံရိပ်တစ်ခု ‌ယောင်ဝါးဝါး ထွက်ပေါ်လာသည်။

ကနဦးကောင်းကင်၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါနှင့် မိုးနှင့်မြေကိုပိုင်းခြားနိုင်သော ကောင်းကင်ဖွင့်တန်ခိုးစွမ်းအားများ ပြင်းထန်စွာထွက်ပေါ်လာပြီး ကောင်းကင်ယံထွက်တွင် အနီရောင်အပေါက်ကြီးတစ်ခု ပွင့်ဟလာသည်။

ထို့နောက် သူ၏ဘယ်လက်မှ ထိုက်ယိလက်သီးသိုင်းက “ကြေမွတောက်လောင်လက်သီးသိုင်း” အဖြစ် ပြောင်းလဲသွားသည်။

မှုန်ဝါးဝါး ပရမ်းပတာအခြေအနေကြားတွင် အမှောင်ရိပ်မှိန်ဖျော့သွားပြီး တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ အလင်းတန်း ပြိုကွဲသွားပြီး ယင်နှင့်ယန် ပျက်သုဉ်းသွားသည်။

ပေါက်ကွဲထွက်သွားသည့် စွမ်းအားအဟုန်ကြောင့် အနီရောင်ဓားအလင်းတန်းများဖြင့် ပြည့်နက်နေသော ကောင်းကင်ထက်မှ သွေးနီရောင်အပေါက်ကြီး ပိုပြီး ကျယ်ပြန့်သွားသည်။

ရန်ကျောက်ကဲ၏ညာဘက်လက်မှ သိုင်းကွက်ပြောင်းလဲသွားပြီး ‘ကောင်းကင်ခွင်းလှံရှည်’ မှသည် ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ အဖြစ်သို့ ပြောင်းလဲသွားကာ မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည်။

ကောင်းကင်တစ်ခုလုံး ကွဲအက်ပြိုကျလုနီးပါးဖြစ်သွားပြီး သွေးနီရောင်ဓားအလင်းတန်း အရံအတားကို အပြင်းအထန် ထိုးဖောက်ပစ်လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက နက်မှောင်သော ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ရိပ်ခနဲလှုပ်ရှားကာ တိမ်လွှာဧကရာဇ်၏ ဓားအစီအရင်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် တိမ်လွှာဧကရာဇ်က သူ၏ ညာဘက်လက်တွင် ဓားစည်းတံဆိပ်တစ်ခု ဖန်ဆင်းလိုက်၏။

ရုတ်ချည်းပင် ကောင်းကင်ထက်မှ အနီရင့်ရောင်အပေါက်ကြီးတွင် အစိမ်းရောင်ဓားအစီအရင်တစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ ထွက်ခွာမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ရန်ကျောက်ကဲ လက်ဖဝါးကိုလှန်လိုက်သည်နှင့် မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည်။

သူ၏လက်ဖဝါးထက်တွင် ယန်နှင့်ယန်ပေါင်းစပ်သွားပြီး ထိုက်ကျိသင်္ကေတပုံရိပ် ဖြစ်တည်လာ၏။

ထိုခဏတွင် စက်ဝန်းသံသရာကော်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် အခြားသော နက်နဲသည့် ထိပ်တန်းသိုင်ပညာရပ်များစွာ ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင် ထွက်ပေါ်လာသည်။

ယင်နှင့်ယန် ပုံပျက်သွားပြီး မိုးနှင့်မြေသည်လည်း ၎င်းတို့၏ ဥပဒေသများကို ဆုံးရှုံးသွားသည့်အလား ထင်မှတ်ရသည်။

သူက အစိမ်းရောင်ဓားအစီအရင်ကို ဘေးဘက်မှ ညင်သာစွာပွတ်ဆွဲလိုက်ရာ အစိမ်းရောင်ဓားအစီအရင်က ဘေးသို့ရွေ့သွားသည်။

ရန်ကျောက်ကဲကိုယ်တိုင်က သွေးနီရောင်ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး အစိမ်းရောင်ဓားအစီအရင်ကို ဖြတ်ကျော်သွားသည်။

သို့ပေသိ အစိမ်းရောင်ဓားအစီအရင်က ရုတ်တရက်မြင့်တက်လာပြီး ရန်ကျောက်ကဲလက်ဖဝါးထက်မှ ထိုက်ကျိသင်္ကေကိုထိုးဖောက်ကာ သူ၏ခန္ဓာကိုယ်အား ချိန်ရွယ်ထားသည်။

ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်လွှတ်လိုက်ရာ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက ထိုက်ယိလက်သီးသိုင်းအဖြစ်ပြောင်းလဲသွားပြီး ကနဦးကောင်းကင် ပြောင်းပြန်ဖန်ဆင်းခြင်းအဖြစ်သို့ ရောက်ရှိသွားသည်။

ထိုက်ယိလက်သီးသိုင်းဆိုသည်က တိုက်ခိုက်မှုတစ်ခုတည်းတွင် အသုံးဝင်ခြင်း မဟုတ်ပေ။

ထိုက်ယိလက်သီးသိုင်းကို အပြည့်အဝအာရုံစိုက်မည်ဆိုလျှင် ၎င်း၏ခံစစ်အောက်တွင် ကမ္ဘာလောကတစ်ခုလုံးက သဏ္ဌန်မဲ့ဗလာနယ်ပမာပြောင်းလဲသွားနိုင်သည်။

သူ့ထံသို့ဝင်ရောက်လာသည့် ဓားဝိညာဉ်ကို ရန်ကျောက်ကဲက လက်တင်လေးရှောင်တိမ်းလိုက်နိုင်သည်။

ရန်ကျောက်ကဲက ရုတ်တရက် တိုက်ခိုက်လာသော ဓားအစီအရင်ကို အပြင်းအထန် ပိတ်ဆို့လိုက်ပြီးနောက် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသော အစိမ်းရောင်ဓားအစီအရင်ကို ကျော်ဖြတ်ရန် ကြိုးစားကာ နောက်ဆုံးမှာတော့ သူ့ကိုဝိုင်းရံထားသည့် အနီရင့်ရောင်ဓားကောင်းကင်ကို ထိုးဖောက်ထွက်လိုက်သည်။

သို့ရာတွင် သူဖန်ဆင်းထားသော အနီရင့်ရောင်အပေါက်သို့ရောက်ရှိသည်နှင့် နောက်ထပ် အနီရင့်ရောင်ဓားအစီအရင် (၂)ခုက သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာသည်ကို တွေ့ရသည်။

ထိုဓားအစီအရင်နှစ်ခုက ကောင်းကင်ထက်မှအပေါက်ကို ပိတ်ဆို့ထားပြီး ရန်ကျောက်ကဲကို အထဲတွင် ထပ်မံပိတ်လှောင်ထားလိုက်သည်။

သို့သော် ရန်ကျောက်ကဲက ပိတ်ဆို့မှုကို လျှင်မြန်စွာပင် ရုန်းထွက်လိုက်သည်ဖြစ်ရာ ဤသည်က တိမ်လွှာဧကရာဇ်၏ တိုက်ကွက်များအားလုံးကို တုံ့ဆိုင်းသွားစေသည်။

တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအို၏ မျက်နှာအမူအရာက ပိုမိုလေးနက်လာသည်။ သူက ဘယ်လက်ကိုအသုံးပြုပြီး ဓားစည်းတံဆိပ်တစ်ခုပြုလုပ်ကာ လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုသဏ္ဌန်‌ ရေးဆွဲလိုက်၏။

ရန်ကျောက်ကဲကိုပိတ်ဆို့ထားသည့် အနီရင့်ရောင်ဓားကောင်းကင် အလိုအလျောက်ပျောက်ကွယ်သွားပြီး အောက်ဘက်ရှိဗလာနယ်အတွင်းသို့ ကျိုးပျက်ပြိုကျသွားသည်။

သို့သော် အနီရင့်ရောင်ဓားကောင်းကင် ပြိုကျသွားသည်နှင့် သွေးနီရောင်ဓားအလင်းတန်းများ တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားပြီး ရန်ကျောက်ကဲဘဝတွင် တစ်ခါမှမမြင်ဖူးသည့် အနီရင့်ရောင်ဓားအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အစီအရင်က ကြီးမားလွန်းသဖြင့် ဗလာနယ်တစ်ခုလုံး ပြည့်နက်သွားသည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူက လှည့်ပတ်ကြည့်သော်လည်း အနီရောင်အလင်းတန်းနယ်နိမိတ်တည်နေရာနှင့် လွတ်မြောက်နိုင်သည့်နေရာကို ရှာမတွေ့ခဲ့ပေ။

သူ၏ဦးခေါင်းထက်မှ အစိမ်းရောင်ဓားအစီအရင်က အနီရင့်ရောင်ဓားအစီအရင်၏ထိပ်တွင်ရှိနေပြီး အလယ်တါင် အနက်ရောင်ဓားအစီအရင်တစ်ခု ရှိနေသည်။

ဓားအလင်းတန်း (၃)ခုသည် အထက်မှအောက်သို့ပေါင်းစပ်ကာ မျဉ်းတစ်ကြောင်းတည်းပမာဖြစ်ပြီး ဘုံသုံးဆင့်ရှိသော စေတီတစ်ဆူပမာ ရန်ကျောက်ကဲရှိရာသို့ ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာပ်င အနီရင့်ရောင်ဓားအစီအရင်တစ်ခု သူ၏အောက်ဘက်တွင်ရှိနေကြောင်း ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။

ထိုအစီအရင်က အလွန်တရာ ကြီးမားလာပြီး အမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားကာ တိတ်ဆိတ်စွာဖြင့် ရန်ကျောက်ကဲရှိရာသို့ မြင့်တက်လာသည်။

ဖြည်းဖြည်းချင်း တိတ်ဆိတ်ငြိမ်သက်စွာ မြင့်တက်လာပြီး ၎င်း၏စွမ်းအားကလည်းကြီးမားလာကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ ထို့နောက် စက်ဝိုင်းပုံသဏ္ဌန်အဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ အောက်သို့ဆင်းသက်၍မရတော့ဘဲ ရပ်တန့်လိုက်ချိန် တိမ်လွှာဧကရာဇ်က တိုက်ခိုက်နိုင်သည့် ဟာကွက်များအားလုံးကို ပိတ်ဆို့လိုက်သည်။

ပြိုင်ဘက်က ရန်ကျောက်ကဲအား ဓားအလင်းစေတီ၏ ချိုးဖျက်စွမ်းအားကို လက်ခံယူရန် တွန်းအားပေးလိုခဲ့သည်။

“ဟင်...”

ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။

ထို့နောက် သူက အပေါ်သို့တက်မသွားဘဲ အောက်သို့ လျှင်မြန်စွာ ဆင်းသွားလိုက်သည်။

သူက သွေးနီရောင်ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ဓားထိပ်ဖျားက အောက်ဘက်မှ အစီအရင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။

ဓားအလင်းတန်းထိပ်တွင် အစိမ်းရောင်အလ်ငးတစ်ခုပျံ့လွင့်နေပြီး အနက်ရောင်စွမ်းအားအလွှာများသည်လည်း ရောယှက်လျှက် ရှိသည်။

ဓားသွားက အဆုံးမဲ့သောစွမ်းအားရောင်ဝါများနှင့်အတူ အေးစက်သော ကြမ်းတမ်းရက်စက်မှုများ ဖြာထွက်နေသည်။

ရန်ကျောက်ကဲအသွင်ပြောင်းထားသည့် ဓားရှည်က တိမ်လွှာဧကရာဇ် သူ၏လမ်းကြောင်းကိုပိတ်ဆို့ရန် တည်ဆောက်ထားသည့် အနီရင့်ရောင်ဓားအစီအရင်ဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။

အနီရင့်ရောင်ဓားအစီအရင်ထိုးဖောက်ခံရသည်နှင့် အပေါ်ဘက်မှ ဘုံသုံးဆင့် ဓားစေတီက အဝေးတွင် ကျန်ရစ်ခဲ့သည်။

တိုက်ပွဲကို အာရုံစူးစိုက်နေသော ဟယ်မြန်က သက်ပြင်းရှည်တစ်ချက်ချရင်း...

“အဲဒါ အောင်မြင်သွားပြီ”

ရန်ကျောက်ကဲ အနီရင့်ရောင်ဓားအစီအရင်ကို ထိုးဖောက်ပြီးသည်နှင့် အောက်ဘက်တွင် အနက်ရောင်ဗလာနယ်ကို တွေ့မြင်လိုက်ရသည်။

ကြီးမားသည့် အနီရင့်ရောင်ဓားအစီအရင်အောက်တွင် နောက်ထပ် ဓားအစီအရင်တစ်ခု ရှိနေပေသည်။

သွေးနီရောင် ၊ အစိမ်းရောင်နှင့် အမှောင်ထု ပေါင်းစပ်ထားသော ဓားတစ်လက် ဖြစ်၏။

ထိုဓားအစီအရင်က စောစောခဲ့ ဓားအစီအရင်အားလုံးနှင့် နှိုင်းယှဉ်ပါက များစွာကြောက်စရာကောင်းသော အစီအရင်တစ်ခု ဖြစ်၏။

ဤဓားအစီအရင်ထဲတွင် နတ်ဘုရားသုတ်သင်ဓား ၊ နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားသတ်ဖြတ်ဓားများ အတူတကွ တည်ရှိနေသည်။

ဓားအလင်းတန်းက ကောင်းကင်ထက်သို့ ပျံသန်းပစ်လွှတ်လိုက်သည်နှင့် စကြာဝဠာကြီးတစ်ခုလုံး ပျက်သုဉ်းသွားတော့မည်အလား ထင်မှတ်ရသည်။

တိမ်လွှာဧကရာဇ်ကိုယ်တိုင်က ဓားအစီအရင်ထဲတွင် မတ်တတ်ရပ်လျှက် ရှိသည်။ သူက အစီအရင်ကို ထိုးဖောက်ထွက်လာသည့် ရန်ကျောက်ကဲကို တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်ထားသည်ပင်။

သူက...

“မိတ်ဆွေလေး’ရန်’... သတိသာထားပေတော့”

တိမ်လွှာဧကရာဇ်က သူ၏ဓားကိုထိုးညွှန်လိုက်ရာ နှိုင်းမရအောင် ထက်ရှလှသော ဓားအလင်းတန်းများက ကောင်းကင်အမြင့်သို့ပျံသန်းသွားပြီး ရန်ကျောက်ကဲအား ခုတ်ပိုင်းချလိုက်သည်။

ကြောက်မက်ဖွယ်ရာ ဓားအစီအရင်ကိုကြည့်ရင်း ရန်ကျောက်ကဲက ‌ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်၏။

သူက...

“တိမ်လွှာဧကရာဇ်... ခင်ဗျားရဲ့ဒီဓားကွက်အတွက် ကျွန်‌တော် ဒီနေရာကိုလာခဲ့တာပဲ”

ထို့နောက် သူက ဘယ်ဘက်လက်ဖြင့် စည်းတံဆိပ်တစ်ခုဖန်ဆင်းလိုက်ပြီး သူ၏ စွမ်းအင်ဗဟိုချက်တွင် ထားရှိလိုက်သည်။

ထို့နောက် ညာဘက်လက်သီးကို အောက်သို့ ထိုးစိုက်ချလိုက်သည်။

သူ၏လက်ချောင်း (၄)ချောင်းက ကွေးညွှတ်နေပြီး လက်ဖဝါးအရှေ့ပိုင်းက ပြားချပ်နေပုံရသော်လည်း လက်သီးစွမ်းအားက ကောင်းကင်ကိုထိုးခွင်းပြီး မြေပြင်ကိုခွဲခြမ်းပစ်တော့မည့်ပမာ အလွန်ပြင်းထန်ပုံရသည်။

အရှေ့ဘက်မှကြည့်မည်ဆိုလျှင် ရန်ကျောက်ကဲ၏လက်သီးက ပုဆိန်ပမာထင်မှတ်ရသလို လှံရှည်တစ်ခုနှင့်လည်း ဆင်တူသည်။

သူ၏လက်သီးအနောက်ဘက်သည်လည်း ထပ်တူညီစွာပင် ပြားချပ်နေသည့်တိုင် အထက်သို့မျက်နှာမူနေသော စည်းတံဆိပ်တစ်ခုပမာ ထင်မှတ်ရသည်။

စည်းတံဆိပ်က မိုးနှင့်မြေကို ပြောင်းပြန်လန်သွားစေပြီး ကောင်းကင်က အောက်ဘက်သို့ပြိုကျကာ မြေပြင်က အထက်သို့ ရောက်ရှိသွားသည်။

လက်သီး၏ ဘေးဘက်အရိုးများက ပြိုင်ဘက်ကင်းဓားတစ်လက်ပမာ ထင်မှတ်ရသည်။

လက်သီးကိုဝှေ့ယမ်းလိုက်သည်နှင့် မည်မျှခိုင်မာသောအရာဖြစ်ပါစေ ပျက်ဆီးသွားမည်ဖြစ်ပြီး အသင်္ချေသောတာအိုတရားများသည်ပင် ထိုလက်သီးချက်ကို အံ့တုနိုင်စွမ်း မရှိပေ။

သိုင်းပညာတွင် လူတစ်ယောက်က သူ၏လက်သီးကို ပြားချပ်သောမျက်နှာပြင်အဖြစ်ဖန်တီးပြီး လက်ချောင်း (၄)ချောင်း၏ အရိုးများကို အသုံးပြုတိုက်ခိုက်ခြင်းအား “လှံရှည်” ဟု ခေါ်သည်။

လက်ကိုလှန်လိုက်ပြီး လက်သီးအနောက်ဘက်နှင့် အောက်သို့ရိုက်ချခြင်းအား “တူ” ဟု ခေါ်သည်။

လက်သီးဘေးဘက်ဖြင့် အလျားလိုက် ပွတ်ဆွဲတိုက်ခိုက်ခြင်းကို “ကြာပွတ်” ဟု ခေါ်သည်။

ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးချက်တွင် ကောင်းကင်ခွင်းလှံရျည် ၊ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်း အနှစ်သာရများကို ပေါင်းစည်းထားပြီး စကြာဝဠာတစ်ခုလုံး တုန်ခါသွားစေနိုင်သော စွမ်းအားကို တည်ဆောက်ခဲ့သည်။

ရန်ကျောက်ကဲ၏ လက်သီးသိုင်းဝိညာဉ်ထဲတွင် ကနဦးဖန်ဆင်းခြင်း စကြာဝဠာမှ စတင်ပြောင်းလဲလာကာ နောက်ဆုံး ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီး သံသရာအဆုံးသတ်သွားသည်။ ထို့နောက် သမိုင်းမဖြစ်ပေါ်မီ ကနဦးဖန်ဆင်းခြင်းသို့ ပြန်လည်ရောက်ရှိလာသည်။

မဟာတာအို ပြန်လည်ဝင်စားသည့် ‘ထိုက်ယိလက်သီးသိုင်း’။

ယခင်က ရန်ကျောက်ကဲသည် ထိုက်ယိလက်သီးသိုင်းနှင့် နတ်ဘုရားသုတ်သင်ဓားသိုင်း ပေါင်းစည်းကာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အဖြစ် ပြောင်းလဲအသုံးချခဲ့ပြီး ကနဦးကောင်းကင် ပြောင်းပြန်ပြောင်းလဲခြင်းကို ပြသခဲ့ဖူးသည်။

ယခု သူက ပြိုင်ဘက်ကင်းကောင်ကင်ကျမ်းစာ ၊ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းအယူအဆများကို ထိုက်ယိလက်သီးသိုင်းထဲတွင် ပေါင်းစပ်ထားသည်။

လက်သီးတစ်ချက်တည်းဖြင့် သူက တိမ်လွှာဧကရာဇ်၏ ဓားအစီအရင်ကို အတင်းအကျပ်ချိုးဖျက်ကာ တိမ်လွှာဧကရာဇ်ကိုပင် လက်သီးချက်ထိမှန်သွားခဲ့သည်။

ဒါကိုမြင်တော့ ဟယ်မြန် မှင်တက်သွား၏။

တိမ်လွှာဧကရာဇ်က သက်ပြင်းချရင်း...

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ရန်’ ကိုမှ ပါရမီရှင်လို့မခေါ်ရင် ဘယ်သူ့ကိုမှ ခေါ်လို့မရနိုင်ဘူး”

All Chapters