← Chapters

အခန်း (၄၅၂)

Vol. 30 Ch. 452

အခန်း (၄၅၂)

Vol. 30 Ch. 452

ခါဆစ်၏နှလုံးသားသည် သူ၏ညာရင်ဘက်တွင်တည်ရှိ၏။ ထို့ကြောင့် ဟွန်းတလားချောင်းမြောင်းတိုက်ခိုက်လိုက်စဥ်က သူ၏နှလုံးသားသည်ပျက်စီးသွားပြီးဖြစ်၏။

လအဆင့်စစ်သည်တစ်ယောက်သည် မည်မျှပင်စွမ်းအားမြင့်မားစေကာမူ နှလုံးပျက်ဆီးသွားပါက သေဆုံးမည်ဖြစ်သည်။

ထို့နောက်တွင် ခါဆစ်သူ၏နှလုံးသားပျက်ဆီးသွားသော်လည်း စွမ်းအားများရုတ်တရက်မြင့်မားလာပြီး လအဆင့်စစ်သည်လေးယောက်လုံးကို အနိုင်ယူနိုင်ခဲ့ရသည့်အကြောင်းရင်းကို ဖှေးသိလာရ၏။ ခါဆစ်၏ခန္ဓာကိုယ်ထဲတွင် နက်ရှိုင်းစွာ စိုက်၀င်နေသည့် အစိမ်းရောင်မှော်တလင်းကျောက်ဖြင့် ပြုလုပ်ထားသည့်သေးငယ်သည့် စူးချွန်လေးလေးခုရှိနေ၏။

“အတွင်းအားလမ်းကြောင်း ပြန်လည်ရှင်သန်ခြင်း တားမြစ်တားတဲ့သိုင်းကွက်ပဲ...”

ဖှေး နက်ရှိုင်းစွာပင် ၀မ်းနည်းသွား၏။

[အတွင်းအားလမ်းကြောင်း ပြန်လည်ရှင်သန်ခြင်း]သိုင်းကွက်သည် အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ဖန်တီးထားသည့် တားမြစ်ထားသောသိုင်းကွက်တစ်ခုဖြစ်၏။ ခါဆစ်သူ့အား ယူလာပေးခဲ့သည့် စာလိပ်တစ်ခုထဲတွင် ဤသိုင်းကွက်အကြောင်းကို ဖတ်ဖူးသောကြောင့် ဖှေး ဤသိုင်းကွက်၏လိုအပ်ချက်များနှင့် နောက်ဆက်တွဲအကျိုးဆက်တို့ကို ကောင်းစွာသိရှိသည်။

ဤတားမြစ်ထားသည့်သိုင်းကွက်သည် ခန္ဓာကိုယ်အတွင်းတွင်ရှိသည့် အဓိကအတွင်းအားစွမ်းအင်ကြီးလေးခုကို လှုံ့ဆော်ရန်အတွက် မိမိကိုယ်မိမိပြန်လည်ဖျက်ဆီးမည့်နည်းလမ်းကိုအသုံးပြုမည်ဖြစ်ပြီး အသုံးပြုသည့်သိုင်းဆရာကို သူပိုင်ဆိုင်ထားသည့်စွမ်းအားထက်အဆပေါင်းများစွာ ပို၍မြင့်မားသည့်စွမ်းအားကိုအသုံးပြုနိုင်စေမည်ဖြစ်သည်။ သို့သော် ပြန်လည် ပေးဆပ်ရမည့်အကျိုးဆက်များမှာလည်း ကြီးမားလှသည်။ ဒဏ်ရာမရထားသည့်လူတစ်ယောက်ပင် ဤသိုင်းကွက်ကိုအသုံးပြုပြီးပါက တစ်နာရီကျော်သည်အထိအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

“ဒါကြောင့်မလို့ ခါဆစ်က ရုတ်တရက်စွမ်းအားတွေမြင့်မားလာပြီးတော့ လအဆင့်စစ်သည်လေးယောက်ကို တစ်ယောက်ထဲနဲ့ အနိုင်ယူခဲ့လိုက်တာပဲ...သူကနောက်ဆုံးကျန်နေသေးတဲ့အသက်ကို အတွင်းအားလမ်းကြောင်း ပြန်လည်ရှင်သန်ခြင်းသိုင်းကွက်ကိုအသုံးပြုဖို့အသုံးချခဲ့ပြီးတော့ အင်ပါယာရဲ့ဂုဏ်သရေကို နောက်ဆုံးအချိန်ခါထိကာကွယ်ပေးခဲ့တာပဲ။ ခါဆစ်က ဒဏ်ရာမရဘူးဆိုရင်တောင် တစ်နာရီထက်ပိုပြီးတော့အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး...” ဖှေး၀မ်းနည်းသွား၏။

သူအလွန်မျှော်လင့်ချက်မဲ့ပြီးစွမ်းအားကင်းမဲ့သလိုခံစားလိုက်ရ၏။

သူအေဇာရုတိုက်သို့ရောက်စဥ်မှ စပြီး ဤကဲ့သို့ စွမ်းအားကင်းမဲ့သလို မခံစားဖူးသေးပေ။ သူသည် ဒိုင်ယာဘလိုကမ္ဘာမှ စွမ်းအားများရှိသည့်အတွက် အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟုထင်ခဲ့သည်။ သူကြုံတွေ့ခဲ့ရသမျှအန္တရာယ်များကို ကိုယ်တိုင်ဖြေရှင်းနိုင်ခဲ့သောကြောင့် ဤကဲ့သို့တွေးခဲ့ခြင်းပင်။ သူသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်သူအာမာယူရီ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရစဥ်မှာပင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ....

ဖှေး သူ၏အစွမ်းများနှင့် ပစ္စည်းများကို ပြန်လည်တွေးကြည့်လိုက်၏။ သွေးပုလင်း၊ မန်နာပုလင်း၊ ပြန်လည်သစ်လွင်ဆေးပုလင်း၊ ဟော့ခ်ဆေးပုလင်း၊ သေဟန်ဆောင်ဆေးပုလင်း၊ မြို့ကူးစာလိပ်၊ စစ်ဆေးခြင်းစာလိပ်....သို့သော် သူ့တွင် သေဆုံးပြီးသူအား ပြန်လည်ရှင်သန်အောင်ပြုလုပ်နိုင်သည့် ဆေးပုလင်းဟူ၍မရှိပေ။

ဒိုင်ယာဘလိုဂိမ်းထဲတွင် ကိုယ်ရံတော်များသေဆုံးပါက ပြန်လည်ရှင်သန်အောင်ပြုလုပ်နိုင်သည့် စနစ်တစ်ခုရှိသည်ကို သူသတိရသော်လည်း လက်တွေ့တွင်အသုံးမချဖူးသောကြောင့် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိချေ။

“ငါကြိုးစားကြည့်ရမယ်...ငါ ဒိုင်ယာဘလိုကမ္ဘာကပြန်လည်ရှင်သန်ခြင်းစနစ်ကိုရအောင်ရှာရမယ်...” သူသည် ရူးသွပ်သွားသကဲ့သို့ပင် ရေရွတ်နေမိ၏။ သူသည် အလွန်ဂရုစိုက်သဖြင့် ယခုကဲ့သို့အတွေးများပြန့်ကျဲနေခြင်းဖြစ်သည်။ သူသည် ခါဆစ်အားကယ်တင်ရန်နည်းလမ်းကိုရှာဖွေနေပြီး လူများရှိနေသည်ကိုပင်ဂရုမစိုက်တော့ပဲ ဒိုင်ယာဘလိုကမ္ဘာသို့သွားသည့် ပေါ်တယ်ကိုဖွင့်ကာ အာကာရာနှင့် ကိန်းတို့အား အကူညီတောင်းတော့မည်ဖြစ်သည်။

ဤအခိုက်တန့်တွင် ခါဆစ်သည် ရုတ်တရက်ပြန်လည်ကောင်းလာသလိုဖြစ်ပြီး သူ၏မျက်လုံးများသည်လည်း ပြန်လည်တောက်ပကာ ဒဏ်ရာများသည်လည်းသွေးတိတ်သွား၏။ သူထထိုင်လိုက်ပြီး လှပသည့် တစ်စုံတစ်ခုကိုတွေးလိုက်မိသကဲ့သို့ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့သည်။ သူသည် ကောင်းကင်ပေါ်မှ တောက်ပနေသည်ကြယ်ပွင့်များကို ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ “ဒုက္ခရောက်နေတဲ့အချိန်တွေမှာ ၀ိုင်နှစ်ပုလင်းကို ယူခဲ့ပြီးတော့ စစ်တုရင်ကစားရမယ်...”(တရုတ်ကဗျာတစ်ခု...)

“အဖိုး...အဖိုးရဲ့ဒဏ်ရာတွေ...” ဖှေးသည် ခါဆစ်၏ အခြေအနေကို စိုးရိမ်နေသည့်အတွက် တစ်စုံတစ်ခုကို ပြန်လည်စဥ်စားနေသည့် ခါဆစ်အား ပြောလိုက်သည်။

ခါဆစ်သည် သူ၏ခေါင်းကိုငုံ့ကာ ဖှေးအားကြည့်လိုက်ပြီး “မင်းလည်းအတွင်းအားလမ်းကြောင်း ပြန်လည်ရှင်သန်ခြင်းသိုင်းကွက်အကြောင်းကို ဖတ်ဖူးတာပဲ။ အကျိုးဆက်တွေကို မင်းသိမှာပါ...” အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင်ရှိနေဆဲပင်။ သူသည် ကြီးမားသည့် ၀န်ထုပ်တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ပင်။

ဖှေးငိုချင်စိတ်ကို ထိန်းကာ ခေါင်းငြိမ့်လိုက်သည်။

“င့ါရဲ့တာ၀န်က...ပြီးဆုံးသွားပြီ...” ခါဆစ် မက်တပ်ရပ်လိုက်သည်။ သူသည်အနည်းငယ်ယိမ်းယိုင်နေသော်လည်း သူ၏ကျောပြင်မှာ မားမားမက်မက်ရှိနေဆဲပင်။ သူသည် အရှေ့သို့ဖြေးညှင်းစွာလမ်းလျှောက်သွားလိုက်ပြီး ဖှေးအားအနောက်မှ လိုက်ခဲ့ရန်အချက်ပြလိုက်သည်။ “မင်းမှာမေးစရာတွေအများကြီးရှိတယ်ဆိုတာကို ငါသိပါတယ်...ဒါပေမယ့် အရာအားလုံးကိုရှင်းပြဖို့အတွက်င့ါမှာ အချိန်သိပ်မရှိတော့ဘူး...”

“ကျွန်တော်အဖိုးကို ကုပေးနိုင်လောက်တယ်...” ဖှေးသည် အလွန်စိုးရိမ်နေ၏။ သူသည် စိုးမိုးနိုင်စွမ်းရှိကာ အရာအားလုံးကို ထိန်းချုပ်နိုင်သည့်ဘုရင်တစ်ပါး၏ဟန်ပန်မရှိတော့ပေ။ ဤအခိုက်တန့်တွင် သူသည် ခါဆစ်၏အရှေ့တွင် အကူညီကင်းမဲ့နေသော ကလေးတစ်ယောက်ကဲ့သို့ပင်။

ခါဆစ်သူ၏ခေါင်းကို ခါရမ်းကာ ဖှေး၏အဆိုကိုငြင်းဆန်လိုက်၏။

ခါဆစ်ထက်မံ၍ ယိုင်သွားသည်ကို တွေ့လိုက်ရသည့်အတွက် ဖှေး အမြန်သွားကာ ခါဆစ်၏ပခုံးကို ကိုင်ကာတွဲပေးလိုက်၏။ ခါဆစ်သည် အ၀ေးသို့ ဖယ်ရန်ကြိုးစားသော်လည်း အလွန်အားနည်းနေပြီဖြစ်သောကြောင့် မတတ်နိုင်တော့ပေ။ ခနတာရပ်တန့်သွားပြီးနောက်တွင် သူသက်ပြင်းချကာ ပြောလိုက်၏။ “ငါ့ရဲ့ သက်တမ်းလေးဆယ်မှာ မရပ်နိုင်တော့လို့ တစ်ခြားလူတွဲပေးတာကို နှစ်ခါခံခဲ့ရမယ်လို့ မထင်ခဲ့ဘူး...”

သူတို့နှစ်ယောက်သည်အလွန်ဖြေးညှင်းစွာဖြင့် လမ်းလျှောက်နေကြသည်။ သို့သော် ဓားတောင်ထိပ်သည် ထိုမျှကျယ်ပြန့်ခြင်းမရှိပေ။ ခနကြသည့်အချိန်တွင် သူတို့နှစ်ယောက်သည် တောင်စောင်းသို့ရောက်ရှိလာကြ၏။

လေညှင်းတစ်ခုတိုက်ခတ်သွားပြီး အေးစက်သည့်လေညှင်းသည် ဖှေးအား အလွန်အထီးကျန်ကာ ၀မ်းနည်းစေ၏။ ခါဆစ်၏ ဆံပင်ရှည်များသည် လေထဲတွင် လွှင့်ပျံနေပြီး ယခင်ကကဲ့သို့ စိုးမိုးနိုင်ကာ စွမ်းအားမြင့်မားသည့်အရှိန်၀ါမရှိတော့ပေ။ သူသည် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်နှင့်မတူတော့ပဲ သာမန်အဖိုးကြီးတစ်ယောက်ကဲ့သို့ပင်။ အေးစက်သည့်လေညှင်းတိုက်ခတ်လိုက်သည့်အချိန်တွင် ဖှေးခါဆစ်၏ခန္ဓာကိုယ်အနည်းငယ် တုန်ယဥ်လျှက်ရှိနေကြောင်းကို ခံစားမိ၏။

ဤအချက်သည် ဖှေးအားပို၍ပင်၀မ်းနည်းသွားစေသည်။ ဖှေး၏ မိဘအရင်းများသေဆုံးသကဲ့သို့ပင် နာကျင်စေ၏။

“ဒီညပြီးရင် ဇီးနစ်အင်ပါယာမှာ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာမရှိတော့ဘူး။” ခါဆစ်သည် မှောင်မဲနေသည့်ကောင်းကင်ကို ကြည့်ကာ ပြောလိုက်၏။

“စပါတပ်အင်ပါယာမှာလည်း ကာကွယ်စောင့်ရှောက်သူသိုင်းဆရာမရှိတော့ဘူး...” ဖှေး တိုက်ပွဲအကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်မိသည်။ သူ၏ခေါင်းထဲတွင် ဟွန်တလား၊ ကွန်စတာကာတာနှင့် အာမာယူရီတို့၏မျက်နှာများကိုပြန်လည်ကာ မြင်ယောင်လိုက်၏။ သတ်ဖြတ်လိုသည့်ဆန္ဒနှင့်အတူ သူကောင်းကင်ကိုမော့ကြည့်ကာပြောလိုက်၏။ “ဂျက်၊ အိုက်ဟိုဗင်နဲ့ စပါတပ်...” တစ်နေ့ကျရင်မင်းတို့အင်ပါယာတွေကို တိုက်ပေါ်ကနေပျောက်သွားအောင်လုပ်ပြမယ်...”

“အမုန်းဆိုတာက တာ၀န်ယူမှုနဲ့ ယှဥ်မယ်ဆို ဖြစ်ပေါ်လာဖို့လွယ်ပါတယ်...အလတ်ဇန္ဒား ငါမင်းကို ပြောခဲ့တာကို သတိရသေးလား...” ခါဆစ်မေးလိုက်၏။

“ကျွန်တော်မှတ်မိပါတယ်အဖိုး။ အဖိုးက ကျွန်တော့ကိုအင်ပါယာအရှင်သခင်ယရှင်းလိုပဲလို့ပြောခဲ့ပြီးတော့ သူ့လိုလူတစ်ယောက်ဖြစ်မလာစေချင်ဘူးလို့လဲ ပြောခဲ့ပါတယ်။ အဖိုးက စွမ်းအားရဲ့အဓိကအကြောင်းရင်းက ကိုယ်ချစ်တဲ့လူတွေနဲ့အရာတွေကို ကာကွယ်ဖို့လို့လဲ ပြောခဲ့ပါသေးတယ်...” ဖှေးပြန်ပြောလိုက်၏။

ခါဆစ်ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ “ငါမင်းရဲ့စိတ်ကိုမပြောင်းလဲစေချင်ပါဘူး။ မင်းင့ါအတွက်လက်စားစေချင်တယ်ဆိုရင်လဲ ငါမတားပါဘူး၊ ဒါပေမယ့် မင်းနောက်ထပ်အမှန်တရားတစ်ခုကို သိသွားရင်တော့ ငါ့အတွက်လက်စားချေမပေးစေလိုဘူး...”

All Chapters