← Chapters

အခန်း (၄၅၄)

Vol. 30 Ch. 454

အခန်း (၄၅၄)

Vol. 30 Ch. 454

သိုင်းပညာတောင်ပေါ်တွင်ဖြစ်ခဲ့သမျှကို လူသိရှင်ကြားကြေငြာလိုက်ခြင်းသည် ဂျက်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့ကိုပါ စစ်ကြေငြာလိုက်ခြင်းပင်။

ဟွန်းတလားနှင့် ကွန်စတာကာတာတို့ ခါဆစ်အားလုပ်ကြံသတ်ဖြတ်မှုတွင် ပါ၀င်လိုက်ခြင်းသည် စစ်ပွဲနှစ်ခုထက်မံ၍ရောက်ရှိလာပြီဟူသည့် အဓိပ္ပါယ်ပင်။ စစ်ပွဲနှစ်ခုအား ထက်မံကြေငြာလိုက်ခြင်းကြောင့် ပျက်ဆီးသွားနိုင်သည်ကို ဇီးနစ်အင်ပါယာသိရှိသော်လည်း ဤကဲ့သို့ လုပ်ဆောင်ရမည်သာဖြစ်သည်။

ဤသည်မှာ အေဇာရုတိုက်၏ သံမဏိဥပဒေတစ်ခုပင်။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာအား ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းကြောင့် ထိုအင်ပါယာနှစ်ခုသည် ဇီးနစ်အင်ပါယာအား စစ်ကြေငြာလိုက်သည့်အဓိပ္ပါယ်ပင်။

ဇီးနစ်သည်နောက်ဆုတ်ပေးလိုက်ပါက တိုက်ပေါ်တွင် ရယ်စရာဟာသတစ်ခုဖြစ်လာမည်ဖြစ်သည်။

မင်းသမီးတာနာရှာသည် အလွန်ဉာဏ်ရည်မြင့်မားသည့်အတွက် ဤကိစ္စကို ယာယီအားဖြင့် လူထုမသိစေရန်ဖုံးထားလိမ့်မည်ဟု ဖှေးထင်ခဲ့သည်။ အကောင်းဆုံးအစီစဥ်မှာ တောင်ပိုင်းဒေသတွင်ရှိသည့် စပါတပ်အင်ပါယာနှင့်စစ်ပွဲအားပြီးအောင်တိုက်ပြီးမှ ဂျက်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့ကို စစ်ကြေငြာခြင်းပင်။ ဇီးနစ်အတွက် အင်ပါယာသုံးခုကို ပြိုင်တူတိုက်ခိုက်ရန်မှာ ခက်ခဲသည့်အတွက်ပင်။ မည်သူမှ အရာများသည် ဤမျှလောက်ထိကြီးမားသွားလိမ့်မည်ဟုထင်မထားခဲ့ကြပေ။

“ခေတ်ပျက်ထဲကို ရောက်လာတော့မှာလား...”

“ဇီးနစ်အင်ပါယာက အရာရှိတွေက ဘာတွေတွေးနေကြတာလဲ...”

ဖှေးအခြေအနေကို ဆက်လက်၍ နားမလည်နိုင်သလိုခံစားနေရ၏။

သို့သော် သူ၏ခန့်မှန်းမှုများသည် မှန်ကန်လာနေ၏။

တစ်နာရီမပြည့်ခင်မှာပင် ထူးဆန်းစွာတိတ်ဆိတ်နေသော်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည့် လေထုတစ်ခုသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ပြန့်နှံ့သွားတော့၏။

“ခွပ် ခွပ် ခွပ် ခွပ်..”

မြို့တော်စိန့်ပီတာစဘာ့တ်မှ မြင်းခွာသံများထွက်ပေါ်လာပြီးတမန်တော်များသည် အမဲရောင်ချပ်၀တ်မြင်းစစ်သည်များ၏အကာကွယ်ဖြင့် ဂျက်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့ကို စစ်ကြေငြာရန်အတွက် ထွက်ခွာသွားကြ၏။

စစ်ပွဲများရောက်ရှိလာပြီဖြစ်သည်။

ဇီးနစ်အင်ပါယာ၏ စိတ်ခံစားချက်ပြင်းထန်နေသည့်စစ်သည်များကို နေရာအနှံ့တွင်မြင်တွေ့နေရ၏။ သာမန်မြို့သူမြို့သားများပင် အနည်းငယ်စိုးရိမ်နေကြသော်လည်း စိတ်လှုပ်ရှားနေကြသည်။ ခါဆစ်၏သေဆုံးမှုသည် သူတို့၏သွေးများကို ဆူပွက်စေသည့်အတွက်ပင်။

အန္တရာယ်နှင့်ရင်ဆိုင်နေရသည့်အချိန်တွင် အားအနည်းဆုံးယုန်တစ်ကောင်ကပင် ခြင်္သေ့တစ်ကောင်အား ရင်ဆိုင်ရဲသည့် သတ္တိမွေးဖွားလာမည်ဖြစ်သည်။ ဇီးနစ်အင်ပါယာသည် အင်ပါယာသုံးခုပေါင်းထားသည့် အင်အားနှင့် ယှဥ်ပါက အားနည်းနေသော်လည်း ဇီးနစ်မြို့သူမြို့သားများမှာ တိုက်ခိုက်လိုစိတ်မပျောက်ဆုံးကြပေ။

ခါဆစ်သည် သိုင်းပညာတောင်တန်းပေါ်တွင် ၂၆နှစ်ကြာနေထိုင်ခဲ့သည့်အတွက် ဇီးနစ်အင်ပါယာမှ မြို့သူမြို့သားတိုင်းသည် သူ၏ကျေးဇူးတရားကို နားလည်ကြ၏။ ဇီးနစ်မြို့သူမြို့သားများ၏ ခါဆစ်အပေါ်ထားရှိသည့် လေးစားမှုများ၊ မြတ်နိုးမှုများသည် ယခုအချိန်တွင် ဒေါသများအဖြစ်ပြောင်းလဲသွားကြပြီး တစ်ချို့စစ်သည်များသည် ခါဆစ်အား လေးစားမှုကို ပြသသည့်အနေဖြင့် အမဲရောင်ခေါင်းစည်းများကို ၀တ်ဆင်ထားကြ၏။ ဤလူများအားလုံးသည် ဇီးနစ်စစ်ဌာနချုပ်အား ပတ်လည်၀ိုင်းကာ ဂျက်အင်ပါယာ၊ စပါတပ်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့၏မြို့တော်များကို တိုက်ရိုက်တိုက်ခိုက်ရန်အတွက် တောင်းဆိုနေကြ၏။

လူတိုင်းသွေးရူးသွေးတန်းဖြစ်နေကြသည်။

ဖှေး လူတိုင်း၏မျက်နှာပေါ်တွင် ဒေါသဖြစ်နေကာ အန္တရာယ်ရှိသည့် အမူယာများကိုမြင်တွေ့နေရ၏။

အင်ပါယာတစ်လုံးသည် အထိန်ုးချုပ်ကင်းမဲ့ပြီး အန္တရာယ်ရှိသည့် လမ်းကြောင်းတစ်ခုပေါ်သို့လျှောက်လှမ်းနေသကဲ့သို့ပင်။

ဤကဲ့သို့အား အစကတည်းကစီစဥ်ထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ကြီးမားသည့် စစ်သည်အသစ်စုဆောင်းခြင်းဖြစ်စဥ်ပြီးကတည်းက ဖှေးအကြံစည်တစ်ချို့ကို အာရုံခံမိနေ၏။

နေ့လည်ခင်းသို့ရောက်သည့်အချိန်တွင် ဖှေး ဇီးနစ်တော်၀င်မိသားစု၏ ဆင့်ခေါ်ခြင်းကိုခံခဲ့ရ၏။

......

မြို့တော်စိန့်ပီတာစဘာ့တ်။

လူနေရပ်ကွက်အတွင်းတွင်ဖြစ်သည်။

စပါတပ်အင်ပါယာမှ ကွန်းတနေထိုင်ခဲ့သည့်အဆောက်ဦးထဲတွင်ဖြစ်သည်။

ပင်မခန်းမဆောင်ထဲတွင် ထိုင်နေကြသည်လူသုံးယောက်သည် စုတ်ပြတ်သက်နေကြပြီးသူတို့သည်တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အလွန်ကြောက်လန့်နေပုံရသည်။ သူတို့၏ကြောက်လန့်နေသည့်အမူယာများကိုကြည့်ခြင်းဖြင့် သူတို့အား စွမ်းအားမြင့်စစ်သည်များဖြစ်ကြသည်ဟု မည်သူမှထင်ကြမည်မဟုတ်ပေ။

ဤသုံးဦးမှာ အိုက်ဟိုဗင်အင်ပါယာမှ နံပါတ်၁စစ်ရေးခေါင်းဆောင် ကွန်စတာကာတာ၊ ဂျက်အင်ပါယာ၏ နံပါတ်၁ဓားသမား ဟွန်းတလားနှင့်၊ စပါတပ်အင်ပါယာမှ လအဆင့်သိုင်းဆရာ အာမာယူရီတို့ပင်။

သူတို့သည် ဂရစ်ဖင်ကောင်းများပေါ်သို့ စီးနင်းပြီးသည့်အချိန်တွင် မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ထိုလူကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့ကြသည်။ သူတို့သည် ယခင်ကဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်အတွက် ကောင်းကင်ပေါ်မှ ပြုတ်ကျပြီးသည့်အချိန်တွင် ပို၍ပင် ပြင်းထန်စွာဒဏ်ရာရရှိသွားကြ၏။ သူတို့သည် ပတ်၀န်းကျင်အား သတိထားနိုင်ကြပြီး ဉာဏ်ကောင်းသည့်စစ်သည်များသာမဟုတ်ပါက ဇီးနစ်မှ စစ်သည်များ၏ ဖမ်းဆီးခြင်းကိုခံနေရပြီဖြစ်သည်။

“အဲ့လူက တိုက်ခိုက်နိုင်နေတုန်းပဲလို့ ဘယ်သူကထင်မှာလဲ။ သူ့ရဲ့ ဒဏ်ရာဟောင်းတွေဆိုး၀ါးလာနေပြီးတော့ သေခါနီးဖြစ်နေပြီဆိုတဲ့ သတင်းက အတုတွေများလား။” ဟွန်းတလားသည် မနေ့ကမြင်ခဲ့ရသည့် ရွှေရောင်နဂါးကြီးများကြောင့် ထိတ်လန့်နေလျှက်ရှိသည်။

လက်ရှိတွင် ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားသည်သွေးအလိမ်းလိမ်းဖြစ်နေ၏။ ကောင်းကင်ပေါ်မှပြုတ်ကျခဲ့သည့်အတွက် ကျိုးသွားခဲ့သည့် ညာလက်သည် ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ကျန်ရှိနေသည့်ဒဏ်ရာများမှာမူ အစိမ်းရောင်အတွင်းအားစွမ်းအင်များစိမ့်၀င်နေသည့်အတွက် ပြန်လည်သက်သာလာခြင်းမရှိသေးပေ။

“အဲ့လူသာ တိုက်ခိုက်နိုင်နေသေးတယ်ဆိုရင်တော့ ငါတို့နှစ်ပေါင်းများစွာ စီစဥ်ထားခဲ့တဲ့အစီစဥ်တွေက အလကားဖြစ်ကုန်ပြီပေါ့ကွာ...” အာမာယူရီသည်လည်း အလွန်ဒဏ်ရာရရှိထား၏။ ကြီးမားသည့် ဓားရာကြီးတစ်ခုသည် သူ၏ပခုံးမှ ၀မ်းဗိုက်အထိကျရောက်နေပြီး သွေးများထွက်လျှက်ရှိကာ အစိမ်းရောင်အတွင်းအားစွမ်းအင်များကို ဒဏ်ရာများအတွင်းတွင် အတိုင်းသားမြင်နေရ၏။ သူ၏ဒဏ်ရာများသည်လည်း ကောင်းကင်ဘုံဓားချက်ကြောင့်ရရှိခဲ့သောကြောင့်ပင်။

“အခြေအနေက ထင်သလောက်မဆိုးလှပါဘူး...” တိတ်ဆိတ်နေခဲ့သည့် ကွန်စတာကာတာသည် ရုတ်တရက်ပြောလိုက်၏။ “သူကနေကောင်းနေတယ်ဆိုရင် ငါတို့မနေ့ညကတည်းကသေနေလောက်ပြီ။ ဘယ်သူမှ စွမ်းအားအပြည့်စုံနဲ့ နဂါးလက်သီးသိုင်းကွက်အောက်မှာ အသက်မရှင်နိင်ကြဘူး။ သူက ငါတို့ကိုအသေမသတ်နိုင်ခဲ့ဘူးဆိုတာ သူက အားနည်းနေပြီးတော့ သေခါနီးအခြေအနေမှာရှိနေလို့ပဲ...”

“ဟုတ်တယ်...” ထိုသုံးသပ်ချက်ကို ကြားပြီးသည့်နောက်တွင် ဟွန်းတလားနှင့် အာမာယူရီတို့၏မျက်လုံးများအရောင်လင်းလတ်သွား၏။

သူတို့နှစ်ယောက်လုံးသည် စွမ်းအားမြင့်သည့်သိုင်းဆရာများဖြစ်ကြပြီး ဉာဏ်ရည်မြင့်မားသည့်လူများပင်။ ပုံမှန်အခြေအနေတွင်ဆိုပါက သူတို့သည် အရာအားလုံးကို ထိုးဖောက်မြင်နိုင်ကြမည်ဖြစ်သည်။ သို့သော် ထိုလူ၏ဂုဏ်ရှိန်မှာ နေမင်းကဲ့သို့ပင် တောက်ပသည့်အတွက် သူ့အား ရင်ဆိုင်နိုင်သည့် ပါရမီရှင်ဟူ၍မရှိသေးပေ။ သူတို့နှစ်ယောက်လုံးသည် နဂါးလက်သီးအစွမ်းကိုမျက်မြင်တွေ့ခဲ့ရပြီး ထိတ်လန့်နေကြသည့်အတွက် ကွန်စတာကာတာကဲ့သို့သေချာစွာတွေးခေါ်နိုင်စွမ်းမရှိပေ။

All Chapters