အခန်း (၄၅၅)
Vol. 30 Ch. 455
“ငါတို့တွေနှစ်ပေါင်းများစွာတောင် ပြင်ဆင်လာခဲ့ပြီးတော့ ငွေကြေးတွေလဲအများကြီးအကုန်ခံခဲ့တာပဲ။ အင်ပါယာ၁၀ခုက လူအယောက်၁၀၀၀ကျော်လောက်လဲအသက်စွန့်ခဲ့ရတယ်။ နောက်ပြီး သူတို့တွေ ဇီးနစ်အင်ပါယာထဲကို ခိုး၀င်နိုင်ခဲ့ပြီးတဲ့နောက်မှာ သတင်းပို့ချက်၁၀၀၀၀လောက်ရရှိခဲ့တယ်။ စစ်ဆင်ရေးတစ်ထောင်ကျော်နဲ့ စမ်းသပ်မှုပေါင်းတစ်သောင်းလောက်လုပ်ပြီးတဲ့အချိန်မှာ သူကအသက်ရှည်တော့မှာ မဟုတ်ဘူးဆိုတာကို ငါတို့သေချာပေါက်သိပြီးသွားပြီလေ။ အခုချိန်မှာ အဲ့လူက သေခါနီးနေပြီ။ အစွယ်နဲ့လက်သည်းမရှိတော့တဲ့ နဂါးကို ကြောက်နေစရာမလိုပါဘူး။ ဒီစစ်ဆင်ရေးကျဆုံးခဲ့တာကလည်း စိန့်ဂျာမိန်းအင်ပါယာက ငါတို့ရဲ့သဘောတူညီချက်ကို သစ္စာဖောက်ခဲ့လို့ပဲ” ကွန်စတာကာတာသည် ချင့်ချိန်စဥ်းစားကာ ဆက်ပြောလိုက်၏။ “အတိုင်းတာတစ်ခုအထိတော့ ဒီစစ်ဆင်ရေးက ကျဆုံးသွားတယ်လို့ ပြောလို့မရဘူး။ ခါဆစ်က ဘယ်လိုလုပ်ပြီးစွမ်းအားမြင့်မားလာသလဲတော့ ငါသေချာမသိပေမယ့် အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သူ့မှာ ကြီးကြီးမားမားပေးဆပ်လိုက်ရတာ တစ်ခုရှိလိမ့်မယ်လို့ ငါထင်တယ်။ တကယ်လို့ သူမသေဘူးဆိုရင်တောင် လေးငါးနှစ်လောက်ပြန်ကောင်းဦးမှာမဟုတ်ဘူး...”
“အဲ့တာလဲအမှန်ပဲ...” ဟွန်းတလား၏မျက်နှာပေါ်တွင် ယုံကြည်မှုတစ်ခုပေါ်ပေါက်လာ၏။ “ဒီလောက်တောင်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ဆိုရင် မဟာဘုရားကျောင်းက လအဆင့်သူတော်စဥ်ကြီးတွေကိုယ်တိုင်ကုသပေးရင်တောင် အချိန်တိုအတွင်းမှာ ပြန်သက်သာနိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ ဇီးနစ်အင်ပါယာနဲ့ မဟာဘုရားကျောင်းဆက်ဆံရေးကလည်းမကောင်းတော့ သူ့ကိုမဟာဘုရားကျောင်းက အကူညီပေးမှာမဟုတ်ဘူးဆိုတာကို ငါသေချာပေါက်သိတယ်။ ဇီးနစ်အင်ပါယာက အစွယ်မပါတဲ့ ကျားတစ်ကောင်လိုဖြစ်နေပါပြီ ကြောက်စရာမလိုတော့ပါဘူး...”
အာမာယူရီလဲခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
ကွန်စတာကာတာသည်လည်း ဖြေးညှင်းစွာသက်ပြင်းချလိုက်၏။
သူသည် ဟွန်းတလားနှင့် အာမာယူရီတို့ စိတ်သက်သာစေရန်အတွက် ဤကဲ့သို့ပြောလိုက်ခြင်းပင်။ သူတို့၏လက်ရှိအခြေအနေမှာ မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းတွင် ပိတ်မိနေကြပြီး စွမ်းအားတစ်၀က်ခန့်လဲ ပျောက်ဆုံးနေကြ၏။ ဂရုမစိုက်ပါက ရှာတွေ့သွားနိုင်ပြီး ထိုကဲ့သို့ရှာတွေ့သွားပါက အသတ်မခံရလျှင်တောင် အကောင်းပတိကျန်ခဲ့လိမ့်မည်မဟုတ်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့သည် စိတ်အေးအေးရှိနေရန်အတွက် လိုအပ်၏။
ဤသည်မှာ သာမန်စစ်သည်များနှင် စစ်ရေးခေါင်းဆောင်များတို့၏ကွာခြားချက်ပင်။
ခနတာတွေးပြီးသည့်နောက်တွင် ကွန်စတာကာတာဆက်ပြောလိုက်၏။ “ဒါပေမယ် အစိမ်းရောင်နဲ့ အနီရောင်ဓားနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့လူငယ်ကိုတော့ ငါတို့သတိထားရမယ်။ သူက ငါနဲ့တောင် ဆယ်မိနစ်လောက်ယှဥ်ပြီးတိုက်ခိုက်နိုင်တယ် နောက်ပြီးတော့ အသက်၂၀၀န်းကျင်မှာပဲရှိသေးတယ်ထင်တယ်။ ဒါက ထိတ်လန့်စရာပဲ။ အဲ့ကောင်လေးက ဟိုလူနဲ့တူညီတဲ့အရည်ချင်းတစ်ချို့ရှိနေတာကိုလည်း ငါသတိထားမိတယ်။ ငါတို့တွေသူ့ကို မကြာခင်မှာပဲ သတ်ပစ်မှရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အနာဂတ်မှာငါတို့အတွက် ကြီးမားတဲ့အခက်ခဲတစ်ခုဖြစ်လာလိမ့်မယ်...”
“ဘုရင်အလတ်ဇန္ဒားကို ပြောတာလား...” အာမာယူရီလဲခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “အဲ့ဘုရင်ငယ်ကိုလည်း ငါတို့အာရုံစိုက်ဖို့လိုတယ်။ သူက စပါတပ်အင်ပါယာက နံပါတ်၁ပါးကွပ်သားတစ်ယောက်ကို သတ်ပစ်ဖူးတယ်။ အဲ့တာကြောင့် သူ့ရဲ့အရည်ခြင်းကို ငါသတိထားလိုက်မိလို့ ငါသူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါတောင် အဲ့ကောင်က ထွက်ပြေးသွားနိုင်ပြီးတော့ ခါဆစ်ရောက်လာခဲ့တာလေ...”
အာမာယူရီနှင့် ကွန်စတာကာတာတို့နှစ်ယောက်လုံးသည် ဖှေးနှင့်တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ဖှေး၏အစွမ်းကို လျှော့မတွက်ရဲကြပေ။
သို့သော် ဟွန်းတလားသည် ထိုကဲ့သို့မယူဆပေ။ ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားသည် အလွန်မာနထောင်လွှားနေ၏။ သူသည်နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။ “ဒီကောင်ကဘာကောင်မို့လို့လဲ အဖွဲ့၀င်တိုင်းပြည်တစ်ခုက ဘုရင်ငယ်လေးတစ်ပါးပါ။ အာရုံစိုက်ဖို့တောင်မလိုပါဘူး။ ငါပြန်သက်သာလာပြီဆိုတာနဲ့အလွယ်တကူသွားသတ်လိုက်လို့ရတယ်...”
အာမာယူရီနှင့် ကွန်စတာကာတာတို့သည် တစ်ယောက်မျက်နှာတစ်ယောက်သာကြည့်လိုက်ကြပြီးဘာမှပြန်ပြောခြင်းမရှိကြပေ။ ဤဓားသမားကို ဖြောင်းဖျ၍မရကြောင်းသူတို့နှစ်ယောက်သိကြသည့်အတွက်ပင်။ ဤကဲ့သို့အန္တရာယ်များသည် အခြေအနေမျိုးတွင် ယှဥ်ပြိုင်၍အငြင်းပွားနေပါက ဒုက္ခရောက်လာမည်ကိုလည်း စိုးရိမ်သည့်အတွက်ပင်။
ဤအချိန်တွင် အဆောက်ဦးအတွင်းမှ ဆူညံသံများစွာထွက်ပေါ်လာ၏။
လူသုံးယောက်တင်းမာသွားကြ၏။
“မစိုးရိမ်ပါနဲ့ အဲ့တာ လန်ဂျီပါ..” ကွန်စတာကာတာသည် ဆူညံသံများကို ဂရုတစိုက်နားထောင်လိုက်ပြီး ချက်ချင်းပင်စိတ်သက်သာသွား၏။
ခနကြာသည့်အချိန်တွင် ခြေသံများထွက်ပေါ်လာပြီး လှပသည့် မိန်းကလေးတစ်ယောက်သည် ခန်းမဆောင်အတွင်းသို့ လမ်းလျှောက်၀င်လာ၏။ ဤကောင်မလေးသည် ပုံမှန်ဇီးနစ်အင်ပါယာမြို့သူများ၀တ်ဆင်လေ့ရှိသည့် ၀တ်ဆင်တစ်ခုကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်များသည်လည်း အဖြူရောင်ပန်းပွင့်ခေါင်းစည်းကြိုးတစ်ခုဖြင့် စုကာ စည်းထား၏။ သူမ၏အသားရေမှာမဲနက်နေပြီး သူမ၏တောင့်တင်းသောကြွက်သားများသည် သူမအား အရိုင်းဆန်ကာ လှပစေ၏။
သူမသည် သစ်ကိုင်းများဖြင့် ပြုလုပ်ထားသည့်ထမင်းဘူးသုံးဘူးကိုသယ်ဆောင်လာ၏။ ဤနေရာတွင်ရှိနေပါက ဖှေးသူမကိုချက်ချင်းပင် မှတ်မိသွားလိမ့်မည်ဖြစ်သည်။ ဤကောင်မလေးသည် ကွန်စတာကာတာဖှေး၏ဓားသွားများလက်အောင်မှကယ်တင်ခဲ့သည့် ကိုယ်ရံတော်စစ်သည်တစ်ယောက်ပင်။
“အဖေ...” ကောင်မလေးသည် ကွန်စတာကာတာကို ပထမဆုံးအရိုသေပေးလိုက်ပြီး ကျန်ရှိနေသည့်လအဆင့်စစ်သည်နှစ်ယောက်ကိုကြည့်ကာပြောလိုက်သည်။ “မစ်စတာတို့ ကျွန်မစားစရာတစ်ချို့ယူလာတယ်။ စားကြပါ...”
အရသာရှိသည့် ဟင်းနှံ့တို့သည် ခန်းမဆောင်ထဲတွင် ပျံ့နှံ့သွား၏။
“သတင်းကောင်းရှိလား...” ကွန်စတာကာတာသည် အစာကိုစားကာ အားအင်ပြန်ဖြည့်ရင်းဖြင့် မေးလိုက်၏။
“အကုန်လုံးက ရှင်းလင်းနေတယ်။ ဇီးနစ်အင်ပါယာကအရာရှိတွေက ဘာကိုမှ ဖုံးကွယ်မထားပဲ သိုင်းပညာတောင်ပေါ်မှာဖြစ်ခဲ့သမျှကို လူသိရှင်ကြားကြေငြာလိုက်တယ်။ နောက်ပြီးသတင်းကောင်းတစ်ခုရှိသေးတယ်...” ကောင်မလေးသည် ခနရပ်နားလိုက်ပြီးမှ ဆက်ပြောလိုက်၏။ “အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်က ကျွန်မတို့ထွက်သွားပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်တဲ့...”
“သူ...သေသွားပြီလား...” ကွန်စတာကာတာသည် အလွန်ထိတ်လန့်အံ့သြသွားသဖြင့် သူ၏လက်ထဲတွင် ကိုင်ထားသည့်အသားကင်ပင်အောက်သို့ ပြုတ်ကျလုနီးနီးပင်။
“အဲ့တာ ဖြစ်ရောဖြစ်နိုင်လို့လား။ ဇီးနစ်အင်ပါယာက ငါတို့ကိုလှည့်စားဖို့များဖန်တီးလိုက်တဲ့ သတင်းတုများလား...” အာမာယူရီလဲ ယုံကြည်နိုင်ခြင်းမရှိပေ။ မနေ့ညက ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် သူတို့အား လွယ်ကူစွာပင်အနိုင်ယူခဲ့သည်။ ခါဆစ်သည် ထိုကဲ့သို့အားအင်အပြည့်ဖြင့် တိုက်ခိုက်ပြီးချိန်တွင် သေဆုံးသွားသည်ဆိုသည်မှာ မဖြစ်နိုင်ဟုထင်ရသည့်အတွက်ပင်။ “သေခါနီးလူက ဘယ်လိုလုပ်ပြီး မနေ့ကလို တိုက်ခိုက်နိုင်မှာလဲ...” သူတွေးလိုက်၏။
“အဲ့သတင်းက မမှားနိုင်ဘူး...ကျွန်မက ကျွန်မတို့ရဲ့သတင်းအချက်အလက်ကွန်ယက်ကို အသုံးပြုပြီးတော့ အဲ့သတင်းကိုရခဲ့တာမဟုတ်ဘူး။ ဇီးနစ်အင်ပါယာမှာရှိနေတဲ့လူတိုင်းခါဆစ်သေဆုံးသွားတာကို သိပြီးတော့ စိတ်ခံစားချက်တွေလဲပြင်းထန်နေကြတယ်။ တစ်ချိန်တည်းမှာပဲ ကွန်းတကို ခါဆစ်သတ်လိုက်တဲ့သတင်းကလည်းပြန့်နှံ့နေတယ်” လန်ဂျီသည် အရာအားလုံးကို တည်ငြိမ်စွာပြန်လည်စဥ်းစားလိုက်ပြီးဆက်ပြောလိုက်၏။ “နောက်ပြီး ဇီးနစ်အင်ပါယာက ဂျက်အင်ပါယာနဲ့ အိုက်ဟိုဗင်အင်ပါယာတို့ကိုလည်း ပြိုင်တူစစ်ကြေငြာလိုက်တယ်...”
လန်ဂျီစကားပြောပြီးသည့်အချိန်တွင် ခန်းမဆောင်ထဲတွင် တိတ်ဆိတ်သွား၏။
လအဆင့်စစ်သည်သုံးယောက်သည် သတင်းတစ်ခုခြင်းစီ၏ နောက်ကွယ်မှဖြစ်နိုင်ချေများကို စဥ်းစားကြည့်နေကြခြင်းဖြစ်သည်။
“တစ်စုံတစ်ခုက ထူးဆန်းနေပြီဆိုရင် တစ်စုံတစ်ခုလွဲမှားနေလို့ပဲ။ ဇီးနစ်အင်ပါယာက ဘာလို့ အင်ပါယာသုံးခုကို ပြိုင်တူစစ်ကြေငြာရဲတာလဲ။ သူတို့မှာ ငါတို့မသိသေးတဲ့ ၀ှက်ဖဲတွေများရှိနေလို့လား။ ခါဆစ်ကလည်းသေသွားပြီး အဲ့လူက လည်းတစ်ပိုင်းသေနေပြီဆိုရင် ဇီးနစ်အင်ပါယာကို ကာကွယ်နိုင်တဲ့လူက ဘယ်သူရှိသေးလို့လဲ...” အာမာယူရီသည် အစာကိုဂရုတစိုက်မျိုချကာပြောလိုက်၏။ သူ၏၀မ်းဗိုက်ပေါ်တွင် ဒဏ်ရာကြီးတစ်ခုရှိနေသည့်အတွက်ပင်။
“မင်းတို့ စိန့်ဂျာမိန်းအင်ပါယာအကြောင်းကိုမေ့နေကြပြီလား။” ကွန်စတာကာတာသည် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ နာမည်ကြီးသည့် စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အတွက် သူသည် အခြေအနေများကို ပို၍ကောင်းမွန်စွာသုံးသပ်နိုင်၏။ “အဲ့ခွေးသားဂါရာနိုက ငါတို့ကို ဓားတောင်ပေါ်မှာ တိုက်ခိုက်ခဲ့တာပဲ။ အဲ့တာကြောင့်ဒီကိစ္စရဲ့နောက်ကွယ်မှာ စိန့်ဂျာမိန်းအင်ပါယာအရှင်သခင် ဘလန့်ခ်လဲရှိနေတယ်ဆိုတာသေချာတယ်။ စိန့်ဂျာမိန်းအင်ပါယာက အင်ပါယာ၇ခု သဘောတူညီချက်ကို သစ္စာဖောက်သွားခဲ့တာဆိုတော့ ဇီးနစ်အင်ပါယာမှာလည်း တစ်ခြားမဟာမိတ်တွေရှိနေနိုင်သေးတာပဲ...”
“မင်းပြောတာမှန်တယ်...အင်ပါယာ၇ခုထဲမှာ ငါတို့ကို သစ္စာဖောက်သွားတာ စိန့်ဂျာမိန်းအင်ပါယာတစ်ခုပဲရှိတယ်လို့ သေချာပေါက်ပြောလို့မရဘူး။ ငါတို့သဘောတူညီချက်ရဲ့ ဂုဏ်သရေကို အရှက်မရှိတဲ့ သစ္စာဖောက်တွေကဖျက်ဆီးပစ်လိုက်တာပဲ...” ဂျက်အင်ပါယာ၏ နံပါတ်၁ဓားသမားသည် အစာကို လောဘတကြီးမျိုချကာ ပြောလိုက်၏။
ကွန်စတာကာတာနှင့် အာမာယူရီတို့သည် ဟွန်းတလားပြောသည့်အရာကြောင့် ထိတ်လန့်အံ့သြသွားကြသော်လည်း ခေါင်းငြိမ့်လိုက်မိကြသည်။
ဟွန်းတလားပြောသည်မှာ ယုတ္တိရှိ၏။ သူတို့အားလုံးကြောက်လန့်နေသည့်လူသည် ကြိုတင်စီစဥ်သည့်နေရာတွင် ကောင်းမွန်သည့်လူတစ်ယောက်ဖြစ်ပြီး မသေချာသည့် စစ်ပွဲတစ်ခုကို တိုက်ခိုက်လေ့ရှိသည့် လူတစ်ယောက်မဟုတ်သည့်အတွက်ပင်။ သူ၏နှလုံးသားရပ်တန့်သွားစေကာမူ သူ၏ရန်သူအားဖျက်ဆီးပစ်မည့် ထောင်ခြောက်များစွာကို ချန်ထားခဲ့မည်ဖြစ်သည်။
ဤကဲ့သို့ လူမျိုးနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရသည်မှာ အိမ်မက်ဆိုးတစ်ခုပင်။
သို့သော် သူတို့သည် ဤလူအား ရင်ဆိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သောအချိန်တွင် နောက်ဆုတ်ပေးလိုက်ပါက သူတို့၏ ချစ်ရသည့်လူများ၊ အင်ပါယာများကို ဆုံးရှုံးသွားမည်ဖြစ်သောကြောင့်ပင်။
“လက်ရှိအခြေအနေက ငါတို့ ထိန်းချုပ်နိုင်တဲ့ ပမာနထက်ကျော်လွန်သွားပြီ...” ကွန်စတာကာတာ စားသောက်ပြီးသည့်အချိန်တွင် အတွင်းအားစွမ်းအင်ကိုအသုံးပြု၍မိမိကိုယ်မိမိပြန်လည်ကုသရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ “မနေ့ကဖြစ်ခဲ့သမျှကို လူတွေအကုန်သိနေပြီဆိုတော့ အင်ပါယာအရှင်သခင်တွေကလည်း ဆုံးဖြတ်ချက်တွေချပြီးနေလောက်ပြီထင်တယ်။ ငါတို့တွေ အခုချိန်မှာလုပ်နိုင်တာတစ်ခုက အမြန်ဆုံးပျောက်အောင်ကုသပြီးတော့ မြို့တော်စိန့်ပီတာစဘာ့တ်ထဲကနေထွက်ပြေးဖို့ပဲ...”
ဆယ်နှစ်ကျော်ခန့်ပင် စီစဥ်ခဲ့သည့်စစ်ဆင်ရေးတွင် လအဆင့်စစ်သည်များပင် အင်ပါယာအရှင်သခင်များ၏လက်ထဲတွင် စစ်တုရင်အရုပ်များကဲ့သို့ပင်။
အခိုက်တန့်တစ်ခုကြာခန့် ကွန်းတသေဆုံးသွားခြင်းသည် လအဆင့်စစ်သည်သုံးယောက်အား အလွန်စိုးရိမ်သွားစေခဲ့သည်။ သူတို့သည် စစ်သည်ပေါင်းများစွာမှာ လေးစားကိုးကွယ်ကြသည့် သိုင်းဆရာများဖြစ်ရမည်ဖြစ်သော်လည်း ဤကဲ့သို့ခေတ်ပျက်ထဲတွင် အချိန်မရွေးသေဆုံးသွားနိုင်သည့် သာမန်စစ်သည်များကဲ့သို့ပင် ဖြစ်လာနေသည်ကို သူတို့အားလုံးသတိထားလိုက်မိကြသည့်အတွက်ပင်။ သူတို့ ကြိုးစားအားထုတ်ခဲ့ရသည့် အသီးပွင့်ရလဒ်များကို ကိုယ်တိုင်မြင်တွေ့နိုင်ရန်အတွက် အသက်ရှင်သန်နိုင်ခြင်းရှိမရှိကို သူတို့မသေချာကြတော့ပေ။
“ကောင်းတဲ့အကြံပဲ။ ငါတို့ဒဏ်ရာတွေပြန်သက်သာတာနဲ့ ချက်ချင်းထွက်ပြေးမှရမယ်...” အာမာယူရီနှင့် ဟွန်းတလားတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ဟွန်းတလား၏အကြံကို သဘောတူလိုက်ကြသည်။
တလင်းကျောက်နှင့် တူသည့်အပြာရောင်မှော်တောင်၀ှေးတစ်ချောင်းသည် အဆောက်ဦးအတွင်းတွင် အပြာရောင်အလင်းတန်းများကို ထုတ်လွှတ်နေလျှက်ရှိပြီး ထိုအလင်းတန်းများသည် လအဆင့်စစ်သည်သုံးယောက်၏အရှိန်၀ါများကို ကန့်သက်ပေးထားလျှက်ရှိသည်။ ဤသည်မှာ နတ်ဘုရားအဆင့်မှော်တောင်၀ှေးသည် သူတို့အား ဇီးနစ်အင်ပါယာမှစစ်သည်များအာရုံခံကာ ရှာဖွေနိုင်ခြင်းမရှိစေရန်အတွက် တားဆီးပေးထားခြင်းပင်။
အန္တရာယ်အများဆုံးနေရာသည် အလုံခြုံဆုံးနေရာတစ်ခုပင်။
သူတို့သည် ယခင်က ကွန်းတနေထိုင်ခဲ့သည့်နေရာတွင် နေထိုင်နေကြခြင်းပင်။ ဤနေရာအား ဇီးနစ်စစ်သည်များစစ်ဆေးပြီးပြီဖြစ်သည့်အတွက်ကြောင့် ဤနေရာသို့ ပြန်လာနေကြလိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်သည့်အတွက်ပင်။
ရုပ်ဖျက်ထားသည့်အသွင်ပြင်ဖြင့် အပြင်သို့ထွက်ကာ အစာစာများ၀ယ်ယူခြင်းနှင့် သတင်းနားစွန့်ခြင်းတို့ ပြုလုပ်နိုင်သည့် လန်ဂျီ၏အကူညီဖြင့် ဤလအဆင့်စစ်သည်သုံးယောက်သည် ပြန်လည်သက်သာလာနိုင်ရန်အတွက် အချိန်အနည်းငယ်ရမည်ဖြစ်သည်။ သူတို့ လုံလောက်စွာပြန်လည်သက်သာသွားပါက ကြိုတင်တူးဖော်ထားသည့်မြေအောက်လိုဏ်ဂူများကိုအသုံးပြု၍ ဇီးနစ်အင်ပါယာအတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။