အခန်း (၄၅၆)
Vol. 30 Ch. 456
ဖှေးအား တော်၀င်နန်းတော်သို့ ဆင့်ခေါ်ခဲ့သည့်လူမှာ မင်းသမီးတာနာရှာဖြစ်နေသောကြောင့် ဖှေးအနည်းငယ်အံ့သြသွား၏။
၀င်ပေါက်တွင်ရှိသည့် ပထမနန်းတော်ဆောင်ထဲတွင် မနက်စာစားနေသည့်မင်းသမီးတာနာရှာကို ဖှေးတွေ့လိုက်ရသည်။ သူမဖှေးကိုမြင်သည့်အချိန်တွင် လက်၀ှေ့ရမ်းပြလိုက်ပြီး ဖှေးအား သူမနှင့် အတူလာရောက်စားသောက်ရန်ဖိတ်ခေါ်လိုက်သည်။
အစေခံများ၏ အံ့သြသည့်အကြည့်များအောက်တွင် ဖှေးစားပွဲ၀ိုင်းသို့၀င်ထိုင်လိုက်ပြီး တာနာရှာနှင့်အတူ စားသောက်ဖွယ်ရာများကို သုံးဆောင်လိုက်၏။
ချမ်းဘော့ဒ်စခန်းသို့ သူပြန်ရောက်ပြီးစဥ်ကတည်းက တစ်ခါမှမကြုံဖူးသေးသည့် ပင်ပန်းနွမ်းနယ်မှုတို့ကို သူခံစားနေရ၏။
ပထမဆုံးအနေဖြင့် ကစားနိုင်သည့်အချိန်ရှိနေသေးသော်လည်း ဒိုင်ယာဘလိုကမ္ဘာထဲသို့လယ်ဗယ်မြှင့်တင်ရန်၀င်ရောက်ခြင်းမရှိသေးပေ။ ထိုအစားသူသည် သူ၏ဇနီးလောင်းကို လက်ထဲတွင် ပွေ့ဖက်ရင်း မနက်ရောက်သည်အထိအိပ်စက်နေခဲ့၏။ နိုးထာသည့်အချိန်တွင် စခန်းပတ်လည်တွင် ကင်းလှည့်နေခဲ့ပြီး မနက်စာမစားရသေးခင်မှာပင် တော်၀င်နန်းတော်သို့ ဆင့်ခေါ်ခြင်းခံခဲ့ရသည့်အတွက် ဖှေးအနည်းငယ်ပင် ဗိုက်ဆာနေ၏။
စားသောက်ဖွယ်ရာများကို စိတ်တိုင်းကျစားနေသည့် ဖှေးကို ကြည့်ရင်းဖြင့် တာနာရှာ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ အကြောင်းပြချက်တစ်ချို့ကြောင့် သူမသူနှင့်ရှိနေသည့်အချိန်တွင် သက်တောင့်သက်သာရှိသလိုခံစားရ၏။ သူမ၏ ပခုံးပေါ်တွင် ထမ်းထားရသည့် ၀န်ထုပ်၀န်ပိုးကြီးမရှိတော့သလိုပင်။
“သူပေးခဲ့တဲ့ ခရမ်းရောင်ဆေးပုလင်းကြောင့်သာမဟုတ်ဘူးဆိုရင် ငါအခုချိန်မှာ သေနေလောက်ပြီ...”
မင်းသမီးသည် ထိုကဲ့သို့တွေးလိုက်မိပြီး သက်ပြင်းချလိုက်၏။ တစ်ခြားလူများ၏မျက်လုံးထဲတွင် သူမသည် အလွန်ဉာဏ်ပညာရှိသည့်အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မဆိုင်သည့် အကြောင်းရာများကိုလည်း တွေးတောနေတတ်သေး၏။ “ဒီလိုအချိန်မှာဆို သေတာကပဲ ပိုပြီးလွယ်ကူတဲ့အဖြေတစ်ခုဖြစ်နေမလား...” တာနာရှာသည် ဤကဲ့သို့တွေးနေသည့်အချိန်တွင် ဖှေးနှင့် သူမတို့ပထမဆုံးစတွေ့ခဲ့သည့်နေရာကလည်း ညစာစားပွဲတွင်ဖြစ်ကြောင်းကို ပြန်လည်သတိရလိုက်မိ၏။
“နင်သူတို့ကို ရှာတွေ့ခဲ့လား...” သူ၏ပါးစပ်တွင်ပေနေသည့် နွားနို့များကို သုတ်ပြီးသည့်အချိန်တွင် ဖှေးမော့မကြည့်ပဲမေးလိုက်၏။
တာနာရှာသည် ဖှေးမည်သည်ကို ဆိုလိုကြောင်းသိ၏။ အင်ပါယာကင်းလှည့်တပ်ဖွဲ့နဲ့ တော်၀င်အစောင့်တပ်ဖွဲ့များအားလုံးအပြင် မြို့တော်အတွင်းတွင်ရှိနေသည့် မှော်မျှော်စင်များကို ပါအသုံးပြုပြီးရှာဖွေနေခဲ့ကြသော်လည်း ဒဏ်ရာရရှိနေသည့် လအဆင့်စစ်သည်သုံးယောက်ကို ရှာတွေ့ခြင်းမရှိသေးပေ။ ပင်လယ်ပြင်အတွင်းသို့ ကျသွားသည့် ရေစက်များကဲ့သို့ပင် သဲလွန်စပင်မတွေ့ပဲပျောက်ဆုံးနေလျှက်ရှိ၏။
သို့သော် တာနာရှာမှာမူ စိုးရိမ်ခြင်းမရှိပေ။ “သူတို့ကို မကြာခင်မှာပဲ ရှာတွေ့ပါလိမ့်မယ်။ ဇီးနစ်အင်ပါယာစစ်ဌာနချုပ်က အစီစဥ်တစ်ချို့ချမှတ်ထားတာရှိတယ်။ အဲ့အစီစဥ်တွေကိုလည်း လက်တွေ့အကောင်ထည်ဖော်ပြီးတော့ ရှာဖွနေပြီ။ သူတို့မြို့တော်ထဲကနေဘယ်တော့မှ ထွက်သွားနိုင်မှာမဟုတ်ပါဘူး...”
ဖှေးရယ်မောလိုက်သည်။ “နင်တို့ သူတို့ကို လွယ်လွယ်ကူကူရှာတွေ့မှာမဟုတ်ဘူးဆိုတာကို ငါသိပါတယ်။ အဲ့ကိစ္စကို င့ါတာ၀န်ထားလိုက်ပါ...”
“နင်သူတို့ကို ရှာနိုင်တယ်ပေါ့...” တာနာရှာသည် အနည်းငယ်အံ့သြသွား၏။
“အမ်...” ဖှေး စားသောက်အပြီးတွင် သူ၏နှုတ်ခမ်းများကို သန့်စင်လိုက်သည်။ ထို့နောက်တွင် ထိုင်ခုံပေါ်တွင် ခြေထောက်ချိတ်ကာ မှီလိုက်၏။ သူသည် မင်းသမီး၏အရှေ့တွင်ရှိနေသော်လည်း သူ၏အသွင်ပြင်ကို စိုးရိမ်ခြင်းမရှိပေ။ “အဲ့တော့ ဘာလို့ င့ါကို မနက်အစောကြီးဆင့်ခေါ်ခဲ့တာလဲ...”
တာနာရှာသည် ငွေပန်းကန်များကို စားပွဲပေါ်သို့ တင်လိုက်ပြီးမက်တပ်ထရပ်လိုက်သည်။ သူမသည် နန်းတော်ဆောင်၏ တစ်ဖက်ခြမ်းသို့လမ်းလျှောက်သွားရင်းဖြင့် ပြောလိုက်၏။ “ဇီးနစ်အင်ပါယာက ဂျက်အင်ပါယာနဲ့ အိုက်ဟိုဗင်အင်ပါယာတို့ကိုပါ စစ်ကြေငြာလိုက်ပြီဆိုတာကို နင်သိတယ်မလား။ အဲ့တာကြောင့် တောင်ပိုင်းတိုက်ပွဲဒေသအပြင် စစ်ရေးဌာနချုပ်က နောက်ထပ်တိုက်ပွဲဒေသနှစ်ခုကိုပါ ထပ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်...”
တာနာရှာသည် အနီရောင်ပ၀ါစကို ဖယ်လိုက်ကာ နံရံပေါ်တွင် ရှိနေသည့်၁၀စတုရန်းမီတာခန့်အကျယ်ရှိသည့်မြေပုံကြီးတစ်ခုကို ပြလိုက်၏။
ဖှေး သူမအနောက်သို့လိုက်သွားပြီးအနီးကပ်ကြည့်ရှုလိုက်သည်။
ဤသည်မှာ ဇီးနစ်အင်ပါယာနှင့် အိမ်နီးခြင်းအင်ပါယာများ မြေပုံပင်။
ဇီးနစ်အင်ပါယာ၏ အရှေ့ပိုင်းပိုင်နက်အများစုမှာ ပင်လယ်များနှ့င် ထိစပ်နေ၏။ စပါတပ်အင်ပါယာသည် ဇီးနစ်အင်ပါယာတောင်ပိုင်းတွင်ရှိနေပြီး တောင်ပိုင်းအနည်းငယ်မှာ အိုက်ဟိုဗင်အင်ပါယာနှင့် ထိစပ်နေ၏။ အနောက်ဘက်တွင် ဂျက်အင်ပါယာနှင့် ထိစပ်နေ၏။
ချမ်းဘော့ဒ်တိုင်းပြသည် ဇီးနစ်အင်ပါယာမြောက်ဖျားပိုင်းတွင်တည်ရှိနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်၏မြောက်ပိုင်းတွင် တောင်တန်းထူထပ်သည့် မြေနေရာဖြစ်သောကြောင့် လူသူနေထိုင်ခြင်းမရှိသည့်အတွက် မီးခိုးရောင်ဖြင့် သက်မှတ်ပြထား၏။
ဖှေး ဤမြေပုံကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။
ထိုမြေပုံနှင့် ကြယ်လေးလုံးအဆင့်မှော်ဆရာ အီဗင်ထံမှရရှိသည့် လျို့၀ှက်သည့်မြေပုံနှင့် ယှဥ်ကြည့်လိုက်ကာ ဒဏာရီလာမြေများ၏တည်နေရာကို ပြသသည့်မြေပုံသည် ပို၍ရှေးကျသော်လည်း မြေမျက်နှာအသွင်ပြင်များကို ဖော်ပြထားသည်မှာ ဤမြေပုံနှင့် အတူတူပင်ဖြစ်၏။ အီဗန်၏ လျို့၀ှက်ထူးဆန်းသည့်မြေပုံပေါ်တွင် နယ်နိမိတ်မျဥ်းများမပါရှိသဖြင့် ထိုမြေပုံသည် ဤအင်ပါယာများမဖြစ်ပေါ်ခင်ကပင် ရေးဆွဲထားခဲ့သည့်မြေပုံဖြစ်သောကြောင့်ပင်။
ဤှရှာဖွေတွေ့ရှိချက်ကြောင့် လျို့၀ှက်ထူးဆန်းသည့်မြေပုံသည် ဒဏာရီလာမြေများကိုဖော်ပြသည်ဟူသည့်အချက်မှာ ပို၍မှန်ကန်နိုင်ကြောင်းကို သက်သေထူနေလျှက်ရှိ၏။
“ဇီးနစ်စစ်ဌာနချုပ်က ဒီနေရာမှာ ဒုတိယစစ်မြေပြင်၊ ဒီနေရာမှာ တတိယစစ်မြေပြင်ဖန်တီးမယ်လို့ စီစဥ်ထားကြတယ်...” တာနာရှာသည် အနောက်တောင်နှင့် အနောက်ပိုင်းဒေသတွင်ရှိသည့်နေရာတစ်ချို့ကို အနီရောင်မှင်တံဖြင့် ၀ိုင်းပြကာ ဖှေးအားပြောလိုက်၏။ “စစ်ပွဲတွေက ရောက်လာနေပြီ။ ဘယ်သူမှရှောင်ရှားလို့မရတော့ဘူး။ မူလအစီစဥ်မှာက ၀ံပုလွေစွယ်တပ်ဖွဲ့က အင်ပါယာတောင်ပိုင်းကိုချီတပ်တိုက်ခိုက်ဖို့ စီစဥ်ထားတာပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ နင်ဘယ်တိုက်ပွဲဒေသကို သွားပြီးတိုက်ခိုက်ချင်လဲဆိုတာ ကိုယ်တိုင်ရွေးချယ်ဖို့အခွင့်ရေးပေးမယ်..” တာနာရှာသည် သူမ၀ိုင်းထားသည့် နေရာများကို ညွှန်ပြကာ ပြုံးလိုက်၏။
“သူတို့က င့ါကို ဒီလောက်တောင်ယုံတာလား...” ဖှေးသည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ၏မျက်လုံးများသည် မင်းသမီး၀ိုင်းထားသည့်စစ်မြေပြင်နှစ်ခုထံသို့ ကျရောက်သွား၏။
မင်းသမီးပြောသည်မှာ ရှင်းလင်းသည်။ ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်တိုက်ခိုက်နေသည့် တောင်ပိုင်းစစ်မြေပြင်မှ လွဲ၍ အနောက်တောင်ပိုင်းစစ်မြေပြင်မှာ အိုက်ဟိုဗင်အင်ပါယာနှင့် ထိစပ်နေပြီး အနောက်ပိုင်းတိုက်ပွဲဒေသသည် ဂျက်အင်ပါယာနှ့င် ထိစပ်နေ၏။ ဖှေးသည် တစ်ခုခုကို ရွေးချယ်၍ ၀ံပုလွေစွယ်တပ်ဖွဲ့ကို ဦးဆောင်ကာ သွားရောက်တိုက်ခိုက်ရမည်ဖြစ်သည်။
စစ်မြေပြင်တစ်ခု၏ နံပါတ်၁စစ်ရေးခေါင်းဆောင်ဟူသည့် ရာထူးမှာအရှိန်၀ါကြီးမားသော်လည်း ဖှေးဤတိုက်ပွဲ၏ နောက်ကွယ်မှ ရည်ရွယ်ချက်တို့ကို အာရုံခံလိုက်မိ၏။
“ဇီးနစ်အင်ပါယာစစ်ဌာနချုပ်က တကယ်ပဲင့ါကို တပ်ဖွဲ့တစ်ခုထဲနဲ့ လယ်ဗယ်၂အင်ပါယာတစ်ခုကို သွားတိုက်စေချင်တာလား။ ငါရှုံးပြီးတော့ ဇီးနစ်အင်ပါယာသိမ်းပိုက်ခံလိုက်ရမှာကို မစိုးရိမ်ကြဘူးလား...”
ဖှေးဤကဲ့သို့ပြောနေသော်လည်း မည်သည့်စစ်မြေပြင်ကို ရွေးချယ်သင့်သည်ကိုလည်း စဥ်းစားနေပြီဖြစ်သည်။ တာနာရှာသည် သူ့အား ပြောပြလိုက်ပြီဖြစ်သောကြောင့် ရှောင်ထွက်ရန်မဖြစ်နိုင်တော့ပဲ သူဆုံးဖြတ်ချက်ချရတော့မည်ကို ဘုရင်သိရှိသည့်အတွက်ပင်။
“အင်ပါယာအရှင်သခင်ကြီးယရှင်းကိုယ်တိုင်နဲ့ စစ်ဌာနချုပ်က ၀န်ကြီးတွေအကုန်လုံးကို နင့်ကို ယုံကြည်ကြတယ်။ ကောင်းကင်လက်သီးဆိုတဲ့ နာမည်က အင်ပါယာတစ်ခွင်မှာနာမည်ကြီးနေတာပဲ ချမ်းဘော့ဒ်တိုင်းပြည်မှာစွမ်းအားမြင့်စစ်သည်တွေအများကြီးရှိနေတာကိုလည်း လူတိုင်းသိကြတယ်လေ။ အစွမ်းထက်စစ်သည်တွေနဲ့ အဆင့်မြင့်အသုံးဆောင်ပစ္စည်းတွေနဲ့ဆိုရင် ချမ်းဘော့ဒ်က အင်ပါယာထဲမှာ နံပါတ်၁တိုင်းပြည်တစ်ခုပဲ။ ဒါက နင်အစွမ်းပြဖို့အတွက် အခွင့်ကောင်းတစ်ခုပဲလေ...” မင်းသမီးတာနာရှာပြောလိုက်၏။
ဖှေး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
သူနံရံပေါ်တွင်ရှိနေသည့် ကြီးမားသည့်မြေပုံကြီးကို ကြည့်ရင်းဖြင့် သူ၏ခေါင်းထဲတွင် အတွေးများစွာပေါ်ပေါက်လာ၏။
သူပြန်ပြောလိုက်သည်။ “ချမ်းဘော့ဒ်တိုင်းပြည်က အဆင်သင့်မဖြစ်သေးဘူး။ ငါ့ရဲ့သစ္စာရှိစစ်သည်တွေကိုလည်း အလကားအသေမခံနိုင်ဘူး။ ငါက ရက်ရောတဲ့လူတစ်ယောက်လေ။ အဲ့တာကြောင့် ဒီအခွင့်ရေးကို တစ်ခြားလူပဲပေးလိုက်တော့မယ်...”
တာနာရှာသည် ဖှေးအား အသေးစိတ်လေ့လာလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “အဲ့လိုတော့မဖြစ်နိုင်ဘူး။ ဟဟ နင့်ကို စစ်မြေပြင်တစ်ခုရဲ့နံပါတ်၁ခေါင်းဆောင်ခန့်မယ်လို့ အရှင်ယရှင်းနဲ့ စစ်ဌာနချုပ်က ခေါင်းဆောင်၇ယောက်လုံးက ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ဘယ်သူမှ အဲ့တာကိုမပြောင်းလဲနိုင်တော့ဘူးလေ။” တာနာရှာသည် ခနတာရပ်တန့်လိုက်ပြီး ဖှေး၏မျက်လုံးများအတွင်းသို့ စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ “နောက်ပြီးတော့ ဒီအရာကအရှင်မင်းကြီးလိုချင်နေတဲ့အရာလို့လဲ ကျွန်မထင်တယ်...”
“ဟုတ်လား...” ဖှေးရယ်မောလိုက်သည်။ “ငါက ဘာလို့ လိုချင်တာလဲ...”
“ဘာလို့လဲဆိုတော့ အရှင်လက်စားချေချင်နေတယ်မလား...” တာနာရှာ၏မျက်နှာပေါ်တွင် လေးနက်သည့်အမူယာတစ်ခုပေါ်လာပြီး ဖြေးညှင်းစွာပြောလိုက်၏။
“လက်စားချေမှာက ဘယ်သူ့အတွက်လဲ...” ဖှေးသည်မသိချင်ယောင်ဆောင်နေဆဲပင်။
“နင့်အတွက် အဖေလိုလူတစ်ယောက်ဖြစ်တဲ့ အဖိုးတစ်ယောက်အတွက်လေ...”တာနာရှာ၏ ပင်လယ်ပြင်ကဲ့သို့ မျက်လုံးများထဲတွင် ၀မ်းနည်းသည့်အရိပ်ယောင်တစ်ချို့ပေါ်လွင်လာ၏။ “ငါဘယ်သူ့ကို ဆိုလိုတယ်ဆိုတာကို နင်သိတယ်မလား...”
ဖှေး တိတ်ဆိတ်သွား၏။
ခနတာကြာပြီးသည့်အချိန်တွင် ဖှေးအပေါ်သို့ မော့ကြည့်ကာ မေးလိုက်သည်။ “ဒါဆို နင်အကုန်သိနေခဲ့တာလား...”
“အင်း..ငါသူနဲ့နင်နဲ့အကြောင်းကို သိပါတယ်...” တာနာရှာပြန်ဖြေလိုက်သည်။
“ဘယ်လိုသိတာလဲ...” ဖှေးပြန်မေးလိုက်၏။
တာနာရှာရုတ်တရက်ပြောလိုက်သည်။ “အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးသဘောကျတဲ့ အရည်ချင်းရှိတဲ့လူငယ်တွေက အရှင်မင်းကြီးတစ်ယောက်ပဲရှိတာမဟုတ်ဘူးလေ...”
ဖှေး ဤအဖြေကြောင့် အံ့သြသွားသော်လည်း သူလည်းထို့နောက်တွင် ပြုံးလိုက်သည်။
သူသဘောပေါက်လိုက်သည့်အတွက်ပင်။
ခါဆစ်သည် နောက်ဆုံးအချိန်တွင် ဇီးနစ်တော်၀င်မိသားစု၏အနာဂတ်၊ အထူးသဖြင့် တာနာရှာအကြောင်းကို တွေးနေခဲ့သည်မှာ မဆန်းလှပေ။ ခါဆစ်သည် ဖှေး၏တာနာရှာအား ကာကွယ်ပေးမည်ဟူသည့် ကတိကိုကြားပြီးမှ ဆုံးပါးသွားခဲ့သည်မှာလည်း မဆန်းလှပေ။ ခါဆစ်သည် တာနာရှာကိုလည်း ဖှေးနှင့်တန်းတူပင် အာရုံစိုက်ကာ ဂရုစိုက်ခဲ့သည့်အတွက်ပင်။
တာနာရှာသည်လည်း ကိုယ်တိုင်အရည်ချင်းရှိသည့်မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ခါဆစ်၏ထောက်ခံမှုကို ရခဲ့သည်မှာ မဆန်းလှပေ။ ထို့အပြင် သူမ၏ သရုပ်မှန်နှင့် ကံကြမ္မာတို့သည် မွေးဖွားလာစဥ်ကတည်းက ဇီးနစ်အင်ပါယာနှင့် ချည်နှောင်လာခဲ့၏။
ခါဆစ်သည် တာနာရှာနှင့် ရင်းနှီးသည့်လူဖြစ်သောကြောင့် ဖှေးနှင့် ဆက်ဆံရေးအကြောင်းကို တာနာရှာအား ပြောခဲ့သည်မှာလည်း မဆန်းလှပေ။
“နင်ဒါတွေအကုန်လုံးကို သိတယ်ဆိုတော့ ငါ့ကို အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်ရဲ့ တိုက်ပွဲနောက်ကွယ်ကအဖြစ်မှန်ကို ပြောပြလို့ရနိုင်မလား...” ဖှေးသည် တာနာရှာအား စိုက်ကြည့်ပြီးမေးလိုက်၏။