← Chapters

အခန်း (၄၅၇)

Vol. 30 Ch. 457

အခန်း (၄၅၇)

Vol. 30 Ch. 457

တာနာရှာ သက်ပြင်းချလိုက်သည်။

သူမသည် ယနေ့တွင် ယခင်ကထက်များစွာပို၍သက်ပြင်းချမိနေသကဲ့သို့ပင်။

“အလတ်ဇန္ဒား...” တာနာရှာသည် ဖှေးအား မတူညီစွာခေါ်လိုက်ပြီး မြေပုံထံသို့ လမ်းလျှောက်သွားလိုက်သည်။ ထို့နောက်တွင် အလွန်တိတ်ဆိတ်ပြီး တီတိုးရွတ်ဆိုနေသကဲ့သို့သော အသံနှင့်အတူ သူမဖြေးညှင်းစွာပြောလိုက်သည်။ “ငါနှင့်ကို ဇာတ်လမ်းတစ်ခုပြောပြမယ်...”

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာက ဘယ်သူမှ မယှဥ်ပြိုင်နိုင်တဲ့ ပါရမီရှင်တစ်ယောက်က ဒီမြေပုံပေါ်မှာ ပြထားတဲ့မြေပေါ်မှာမွေးဖွားခဲ့တယ်...

တောက်ပနေတဲ့ကြယ်တစ်ပွင့်လိုပဲ သူ့ရဲ့တောက်ပမှုက တစ်ခြားပါရမီရှင်တွေရဲ့ တောက်ပမှုကို မှေးမှိန်သွားစေတယ်။

သူကကိုယ်ပိုင်အစွမ်းကိုပဲအသုံးပြုပြီးတော့ ဒီမြေပုံက နယ်နိမိတ်မျဥ်းတွေကို ပြောင်းလဲပစ်ခဲ့တယ်။

သူက အောက်ခြေကစခဲ့တဲ့လူတစ်ယောက်ဆိုပေမယ့် အချိန်တိုအတွင်းမှာပဲပြိုင်ဘက်ကင်းအင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူက စစ်သည်တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ဒီနေရာတစ်၀ိုက်က နယ်ပယ်တွေကို သိမ်းပိုက်ခဲ့ပြီးတော့ စစ်ပွဲတစ်ပွဲကိုမှ မရှုံးနိမ့်ခဲ့ဘူး။ ဘယ်လောက်ပဲစွမ်းအားကြီးတဲ့ရန်သူတွေဖြစ်နေပါစေ သူ့ရှေ့ရောက်ရင် ပြိုလဲကုန်ကြတယ်...

သူကကောင်းကင်ပေါ်က နေမင်းလိုပဲ တောက်ပခဲ့တယ်။ သူ့ရဲ့လက်ကို မြှောက်လိုက်တာနဲ့ သူ့အတွက် အသက်စွန့်တိုက်ပေးလိုကြတဲ့ စစ်သည်တွေလဲရေတွက်လို့မရဘူး။ သူဓားနဲ့ညွန်ပြလိုက်တဲ့နေရာတိုင်းကို သူ့ရဲ့မြင်းစစ်သည်တွေက သွားရောက်သိမ်းပိုက်ကြတယ်...

နောက်ဆုံးမှာတော့ သူ့ရဲ့စွမ်းအားနဲ့အရှိန်၀ါကို ဒီတိုက်ကြီးပေါ်မှာရှိတဲ့ အရှိန်၀ါကြိးအဖွဲ့စည်းတစ်ချို့ကပါ ကြောက်လန့်လာကြတယ်။

ဒါပေမယ့် အန္တရာယ်တွေရှိနေတာသိပေမယ့် သူ့ရဲ့မာနတရားကြောင့်နောက်ဆုတ်မပေးခဲ့ဘူး။

အဲ့တာကြောင့် စက်စုပ်စရာကောင်းတဲ့ ထောင်ခြောက်တစ်ခုကို အဲ့အဖွဲ့စည်းတွေပူးပေါင်းပြီးတော့ ဖန်တီးခဲ့ကြတယ်။ သူ့ရဲ့စွမ်းအားတွေအမြင့်ဆုံးရောက်နေတဲ့အချိန်မှာ အတော်ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ကြီးကြီးမားမားဆုံးရှုံးသွားခဲ့တယ်...

အဲ့ရှုံးနိမ့်မှုကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကလဲ မခံနိုင်လောက်အောင်ဒဏ်ရာတွေရရှိသွားခဲ့တယ်။

အဲ့အချိန်ကနေစပြီးတော့ သူကအမြင့်ဆုံးအချိန်ကနေ အောက်ဆုံးရောက်ခါနီးထိပြုတ်ကျခဲ့တာပဲ။ သူ့ကိုကြောက်နေကြတဲ့လူတွေကလည်း မစိုးရိမ်ကြတော့လို့ သူအခုအချိန်ထိအသက်ရှင်နေနိုင်ခဲ့တာ...

သူက အရှက်ရမှုတွေကို သည်းခံနေခဲ့ပြီး ရေရှည်အသက်ရှင်နိုင်ဖို့ကိုပဲဦးစားပေးခဲ့တယ်။ သူ့ရဲ့ဒဏ်ရာတွေကို ပြန်ယက်နေတဲ့သားရဲတစ်ကောင်လိုပဲ ဒုတိယအကြိမ်ပြန်လည်ထလာနိုင်မယ့်အခွင့်ရေးကို စောင့်မျှော်နေခဲ့တာပေါ့...

ဒါပေမယ့် သူရရှိခဲ့တဲ့ဒဏ်ရာတွေက သူခန့်မှန်းထားတာထက်တောင်ပိုပြီးပြင်းထန်နေခဲ့တယ်လေ...

နှစ်ပေါင်းများစွာကြာတာတောင် သူအခုထိသက်သာမလာသေးဘူး။

သူကကြီးမားတဲ့အင်ပါယာကြီးတစ်ခုကို ပိုင်ထားတုန်းဆိုပေမယ့် သူ့ရဲ့ဒဏ်ရာတွေကြောင့် အချိန်တိုင်းကို ခက်ခဲစွာဖြတ်သန်းခဲ့ရတယ်။ အချိန်ရဲ့အိုမင်းရင့်ရော်မှုတွေနဲ့ ဒဏ်ရာဟောင်းတွေကြောင့် သူကတစ်နေ့တစ်ခြားပိုပြီးအားနည်းလာခဲ့ပြီး သူ့ရဲ့နာမည်ကိုလည်း လူတွေမေ့လုနီးနီးဖြစ်ကုန်ကြတာပေါ့။ အချိန်အကြာကြီးငြိမ်နေခဲ့တာကြောင့် တစ်ချိန်ကပြိုင်ဘက်ကင်းခဲ့တဲ့ ပါရမှီရှင်က အခုချိန်မှာ သေခါနီးနဂါးတစ်ကောင်ပဲဖြစ်တော့တယ်လို့ လူတော်တော်များများယူဆလာကြတယ်။ သူက မကြာခင်မှာပဲ သေတော့မှာပဲ ဘာမှ လုပ်နိုင်စွမ်းမရှိတော့ဘူးလို့ယူဆနေကြတာပေါ့..

ဒီအချိန်ရောက်လာတော့ တစ်ချိန်က သူ့ကိုရှုံးနိမ့်ခဲ့ဖူးတဲ့လူတွေ၊ မနာလိုခဲ့တဲ့လူတွေက ရွံစရာကောင်းတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်လာကြတော့တာပဲ။

အဲ့လူတွေက အမုန်းတရားကြောင့် ရူးသွပ်ကုန်ကြပြီး သူ့ကို ငြိမ်းငြိမ်းချမ်းချမ်းပဲ သေဆုံးခွင့်မပေးချင်ကြဘူး။

သူ့ကို ပြန်ပြီးလက်စားစေချင်ကြတယ်။ အရှက်ရစေချင်ကြတယ်။ အားငယ်စေချင်ကြတယ်။

အခုအချိန်က တန်ပြန်တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပဲလို့ သူတိုအားလုံးယူဆလိုက်ကြတယ်။

သူတို့က ဆယ်နှစ်လောက်အချိန်ယူပြီးတော့ သူက သတင်းတွေထဲကလို အားနည်းနေတာအမှန်ပဲလာားလို့ သေချာအောင်အရင်လုပ်ခဲ့ကြတယ်။ သူ့ကိုအလွန်ကြောက်ကြတာမို့ သူအားနေပြီဆိုတာ ၉၉.၉၉၉ရာခိုင်နှုန်းလောက်မသေချာပဲနဲ့ မလှုပ်ရှားရဲကြဘူးလေ။

အခုချိန်မှတော့ သူတို့ထပ်ပြီးမစောင့်နိုင်ကြတော့ဘူး။

သူ့ကိုကြောက်ကြပြီး ဒီပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်က ဘယ်အချိန်မှာပြန်ပြီးတော့ စိုးမိုးနိုင်လာဦးမယ်ဆိုတာ သူတို့မပြောနိုင်လို့ သူ့တို့ရဲ့အကြောက်တရားတွေကိုအပြတ်ရှင်းဖို့ဆုံးဖြတ်လိုက်ကြပြီ။ သူ့ကိုအညှာတာကင်းမဲ့စွာနဲ့ သတ်ပစ်ဖို့အတွက် ကြီးမားတဲ့ထောင်ခြောက်ကြီးတစ်ခုကို ဖန်တီးလိုက်တာပေါ့...

စစ်ဆင်ရေးကို စလိုက်ကြတော့တယ်။

သူကအားနည်းနေတာတောင် သူတို့က တိုက်ရိုက်မရင်ဆိုင်ရဲ့ကြသေးဘူး။ အဲ့တာကြောင့် အဲ့သနားစရာကောင်းတဲ့လူတွေက နဂါးတစ်ကောင်ကိုမသတ်ခင် အတောင်ပံတွေ၊ လက်သည်းတွေကိုအရင်ဖြတ်ပစ်သလိုပဲ သူ့ရဲ့နောက်လိုက်တွေ၊ ထောက်ခံအားပေးသူတွေကိုအရင်လိုက်သတ်ကြတယ်...

လွန်ခဲ့တဲ့ ဆယ်နှစ်လုံး သူ့ကို ထောက်ခံအားပေးခဲ့ကြတဲ့ အင်အားကြီးလူအယောက်၂၃ယောက်ကအကြောင်းအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားခဲ့ကြတယ်။

နောက်ဆုံးမှာတော့ သူတို့က အန္တရာယ်အရှိဆုံးလို့ ယူဆရတဲ့လူကို ပစ်မှတ်ထားလိုက်ကြတာပဲ။ အဲ့လူရဲ့ အကြီးမားဆုံးအကူညီပေါ့...”

......

တာနာရှာသည် ရုတ်တရက်ဤနေရာတွင် ရပ်လိုက်ပြီးဖှေးအားကြည့်လိုက်သည်။

မင်းသမီးသည် ဇာတ်လမ်းကို နာကျည်းမှုတို့နှင်အတူ ဤနေရာတွင် ရပ်လိုက်၏။ “နင်ဒီလောက်ဆိုနားလည်ပြီမလား...”

ဤသည်မှာ ပထမဆုံးအနေဖြင့် မင်းသမီးစိတ်ခံစားချက်တို့ ရောထွေးကာ စကားပြောသည်ကို ဖှေးမြင်တွေ့ဖူးခြင်းပင်။

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

သို့သော် သူမင်းသမီးတာနာရှာအား ထူးဆန်းသည့်အမူယာတစ်ခုနှင့်အတူ ကြည့်ကာထပ်မေးလိုက်၏။ “အဲ့တာကို ငါသိပါတယ်။ ဒါပေမယ့် ငါသိချင်တာက ဆရာကြီးခါဆစ်က ဘာလို့ ဓားတောင်ပေါ်မှာ သေခဲ့ရတာလဲဆိုတာကို သိချင်တာလေ။ အဲ့တာနဲ့ အင်ပါယာအရှင်သခင်ယရှင်းရဲ့ နောက်ခံဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ...”

တာနာရှာသည် ဖှေးဆိုလိုသည်ကို ချက်ချင်းလိုလိုပင်နားလည်လိုက်၏။ သူမပြန်ဖြေလိုက်၏။ “နင်က အင်ပါယာအရှင်သခင်ယရှင်းကို အပြစ်တင်ချင်နေတာလား။ မနေ့ညက ခါဆစ်ကို ကူတိုက်ပေးဖို့အတွက် စွမ်းအားမြင့်စစ်သည်တွေကို အင်ပါယာအရှင်သခင်ယရှင်းက မစေလွှတ်ခဲ့လို့မို့လား။ အဲ့လိုသာဆို ခါဆစ်မသေရလောက်ဘူးလေ။ ဒါပေမယ့် နင်မသိတာက...”

“ငါ မသိတာက ဘာလဲ...” ဖှေး ရှုပ်ထွေးသွား၏။

“မနေ့ညက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာက မြို့တော်စိန့်ပီတာစဘာ့တ်ကို ပြန်ရောက်လာခဲ့ပြီးတော့ မြို့တော်အတွင်းမှာရှိတဲ့လအဆင့်စစ်သည်တစ်ယောက်ခြင်းစီတိုင်းရဲ့ အိမ်ကို ဧည့်သည်တစ်ယောက်စေလွှတ်ခဲ့တယ်လေ။ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်နေမကောင်းသေးတာတောင် မစ်စတာကာကာနဲ့ တွေ့ပေးခဲ့ရတယ်။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတွေရဲ့ တိုက်ပွဲက အဲ့တွေ့ဆုံမှုစတဲ့အချိန်မှာပဲစပြီးတော့ တိုက်ပွဲပြီးတော့နဲ့ မဟာဘုရားကျောင်းက သူတော်စဥ်တွေပြန်သွားတာပဲ...”

ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ “မဟာဘုရားကျောင်းကလူတွေပဲလား...”

ဖှေးပြန်တွေးလိုက်မိပြီး တိုက်ပွဲကိုကြည့်ရှုခွင့်ရသည့် မဟာဘုရားကျောင်းမှ သူတော်စဥ်ဆယ်ယောက်ကို ပြန်လည်ကာ စဥ်းစားလိုက်မိသည်။ သူတို့သည် ဓားတောင်ထိပ်တွင် အလွန်ပင်အေးစက်လျှက်ရှိနေကြပြီး ယခုအချိန်တွင် ပို၍ ယုတ္တိရှိလာပြီဖြစ်သည်။ ပဲရစ်လည်း ယခင်က ဖှေးကို ဇီးနစ်အင်ပါယာနှင့် မဟာဘုရားကျောင်းတို့ ဖြစ်နေခဲ့သည့် ပဍိပတ်ခအတွင်းသို့ ၀င်မပါမိစေရန်သတိပေးခဲ့သည်။ ထိုကဲ့သို့၀င်ပါမိကဲ့ပါက လအဆင့်စစ်သည်တစ်ယောက်ပင် လွယ်ကူစွာသေဆုံးသွားနိုင်သည်ဟု ပဲရစ်သတိပေးခဲ့သည်ကိုလည်း ဖှေးပြန်လည်ကာ သတိရလိုက်မိသည်။ ထိုစဥ်က ပဲရစ်ချဲ့ကားပြောနေခြင်းသာဖြစ်သည်ဟု ဖှေးထင်ခဲ့သော်လည်း ယခုအချိန်မှသာအမှန်တိုင်းပြောနေခြင်းဖြစ်ကြောင်းလက်တွေ့ကျကျသိလာခဲ့ခြင်းပင်။

“မဟာဘုရားကျောင်းနဲ့ ဇီးနစ်အင်ပါယာတို့ကြားထဲက ပဍိပတ်ခက ဘာလဲ...” ဖှေးသူ၏ခေါင်းကို ခါရမ်းလိုက်ကာ ဆက်လက်စဥ်စားနိုင်ခြင်းမရှိတော့ပေ။

သူသည် ဤအခြေအနေအား လက်ရှိစွမ်းအားအရှိန်၀ါဖြင့် နားလည်နိုင်ဦးမည်မဟုတ်ပေ။ နားလည်စေခဲ့လျှင်မူ ၀င်ရောက်စွက်ဖက်နိုင်လောက်သည့် စွမ်းအားမျိုးဖှေးတွင်မရှိသေးပေ။

“မဟာဘုရားကျောင်းက အမြဲတမ်းအရာအားလုံးကို လွှမ်းမိုးထားနိုင်ပြီးတော့ အစီစဥ်ကောင်းတဲ့အဖွဲ့စည်းပဲ။ မစ်စတာ မတ်ရာဇီကိုတောင် ၀င်မပါနိုင်အောင် မဟာဘုရားကျောင်းက စစ်သည်တွေက တစ်ဖက်လှည့်နဲ့တားဆီးထားခဲ့ကြတယ်။ အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်တောင် တိုက်ပွဲပြီးခါနီးလောက်မှ အာမာယဓရီနဲ့ တစ်ခြားလူတွေ ဂရစ်ဖင်ကောင်တွေနဲ့ ထွက်မပြေးနိုင်ရုံလောက်ပဲစွမ်းနိုင်လိုက်တယ်...” တာနာရှာသည် ဖှေး၏ ဒေါသတို့ကို အာရုံခံလိုက်မိသည့်အတိုင်းပင် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေ၏။

“နင်ကရော...” ဖှေးတာနာရှာ၏ မျက်လုံးထဲတွင် ၀မ်းနည်းသည့် အရိပ်ယောင်တစ်ချို့ကို မြင်တွေ့လိုက်ရပြီး ရုတ်တရက်မေးလိုက်၏။ “နင်က ဒီအခြေအနေကို မပြောင်းနိုင်ခဲ့ဘူးလား...”

“ငါလုပ်နိုင်တဲ့အရာတွေမှာလဲ အကန့်သက်ရှိတယ်လေ။ ဂျက်အင်ပါယာက အင်ပါယာခုနှစ်ခု သဘောတူညီချက်မှာ ၀င်မပါခဲ့တဲ့ အင်ပါယာတစ်ခုဖြစ်ပြီးတော့ ဟွန်းတလားက ငါတို့ရဲ့၀ှက်ဖဲတစ်ခုဖြစ်ရမှာ။ ဒါပေမယ့် သူက ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့လူဖြစ်နေပြီးတော့ ဦးလေးခါဆစ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ အစကတော့ ငါတို့ဘက်မှာ ဂါရာနိုနဲ့ ဟွန်းတလားတို့နှစ်ယောက်ရှိနေလို့ ဓားတောင်ထိပ်တိုက်ပွဲက မစ်စတာခါဆစ်အတွက် သိပြီးအန္တရာယ်မရှိလောက်ဘူးထင်ခဲ့တာ...ငါလဲအရာအားလုံးကိုမထိန်းချုပ်နိုင်ဘူးလေ။ စွမ်းအားအစစ်မှန်ရှေ့မှာဆို အစီစဥ်တွေဗျူဟာတွေက အားနည်းလွန်းပါတယ်...”

“အဲ့လိုကြောင့်ကိုး...အဲ့လူ၀ံလိုပုံနဲ့ ဟွန်းတလားက သစ္စာဖောက်တစ်ယောက်ပဲ...”

ဖှေးယခုအချိန်တွင်ဖြစ်ပျက်ခဲ့သည်များကိုအကြောင်းစုံနားလည်သွား၏။

ဟွန်းတလားသည် ခါဆစ်အား အောင်မြင်စွာချောင်းမြောင်းတိုက်ခိုက်နိုင်ခဲ့သည်မှာ မဆန်းကျယ်လှပေ။ ခါဆစ်သည် ဤဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားကို ကိုယ့်ဘက်မှ လူဟုထင်ထားခဲ့သဖြင့် သိပ်ပြီးအာရုံမစိုက်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက ရန်သူဘက်က လအဆင့်စစ်သည်လေးယောက်လုံးထက်ပင်များစွာစွမ်းအားမြင့်မားသည့် ခါဆစ်သည် ဤမျှလွယ်လွယ်ကူကူဖြင့် သေစေနိုင်သည့်နေရာကိုချောင်းမြောင်းတိုက်ခိုက်ခံရမည်မဟုတ်ပေ။ အကယ်၍သူသည်သာ ဟွန်းတလားကိုအနည်းငယ် အာရုံစိုက်ခဲ့ပါက အင်ပါယာ၏ ဂုဏ်ကျက်သရေကို ကာကွယ်ရန်အတွက် အတွင်းအားလမ်းကြောင့် ပြန်လည်ရှင်သန်ခြင်းသိုင်းကွက်ကို ထုတ်သုံးဆရာလိုမည်မဟုတ်ပေ။

“အဲ့တာဆို နင်ရော၊ ဆရာကြီးခါဆစ်ရော အာမာယူရီအကြောင်းကို သိနေခဲ့တာလား...” ဖှေးမေးလိုက်၏။

“အင်း ငါတို့ အဲ့လို ယူဆခဲ့ကြတယ်။ လူတော်တော်များများမသိကြတာက ကွန်းတရော အာမာယူရီရောက စပါတပ်အင်ပါယာရဲ့ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာတွေပဲ။ ကွန်းတ လူသိရှင်ကြားသိတဲ့လူဖြစ်ပြီးတော့ အာမာယူရီကတော့ နောက်ကွယ်အမှောင်ထဲကလူပေါ့။ ကွန်းတ သံတမန်အဖွဲ့တွေနဲ့ မြို့တော်စိန့်ပီတာစဘာ့တ်ထဲကို ၀င်ခဲ့တဲ့အချိန်မှာ အာမာယူရီကလဲ လုပ်ကြံသတ်ဖြတ်သူတစ်စုနဲ့ ခိုး၀င်နိုင်ခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကစဥ့်ကလျားဖြစ်စဥ်တွေဖန်တီးဖို့နဲ့ သူ့တို့ကို အန္တရာယ်ပေးလာနိုင်တဲ့ ဆွေကြီးမျိုးကြီးတွေ၊ အရာရှိတွေကို လုပ်ကြံသတ်ဖြတ်ထားဖို့ပဲ။ နောက်ပြီး သူတို့က အဖွဲ့၀င်တိုင်းပြည်တွေရဲ့စစ်ရေးလေ့ကျင့်မှုပြိုင်ပွဲကိုတောင် ၀င်ပြီးနှောင့်ယှက်ဖို့ကြိုးစားခဲ့ကြတာလေ။ ဖြစ်လဲ့တာတွေကို နင်မြင်ပါတယ်...”

မင်းသမီးသည် ဖှေးအားအရာအားလုံးကို တည်ငြိမ်စွာြဖင့် ပြောပြနေ၏။ ဤအချက်လက်များအားလုံးသည် အရေးကြီးအချက်လက်များဖြစ်သော်လည်း သူမတစ်စုံတစ်ရာဖုံးကွယ်ထားခြင်းမရှိပေ။

အရာအားလုံးကိုသိလိုက်ရပြီး သူ၏စိတ်ထဲတွင် ရှိနေသည့်မေးခွန်းများ၏အဖြေကို ရပြီးသည့်အချိန်တွင်ဖှေးသည် အမဲရောင်တိုကင်တစ်ခုကို ထုတ်ယူကာမေးလိုက်သည်။ “ငါသိချင်နေတာကြာပြီ။ ရေပူစမ်းမြို့မှာတုန်းက နင်င့ါကို ပေးခဲ့တဲ့ဟာက ဘာလေးလဲ...”

“ဒါက အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတိုကင်လေ...”

တာနာရှာသည် ဖှေး၏လက်ထဲတွင်ရှိသည့် ပစ္စည်းကိုမြင်သည့်အချိန်တွင် ပြုံးလိုက်၏။

“ဒီတိုကင်က ဇီးနင်အင်ပါယာထဲမှာ ဦးလေးခါဆစ်ရဲ့ ယှဥ်ပြိုင်လို့မရတဲ့စွမ်းအားအရှိန်၀ါကို ကိုယ်စားပြုတယ်။ နင့်မှာ ဒီတိုကင်ရှိနေရင် အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင်ကလွဲပြီး နင့်ကိုယ်သူမှ ထိလို့မရဘူး။ ဒီတိုကင်နဲ့ဆို နင်ကအင်ပါယာအတွင်းမှာရှိတဲ့ လအဆင့်မဟုတ်သေးတဲ့ စစ်သည်တွေအားလုံးကိုတောင်အမိန့်ပေးလို့ရတယ်။ နင်က ဒဲ့တိုးသမားဆိုတော့ မြို့တော်ထဲရောက်ရင် ဒုက္ခရောက်မှာစိုးလို့ ဒီတိုကင်ကို ပေးခဲ့တာ။ ဒါပေမယ့် နင်က ပြသနာတွေအကုန်လုံးကို ကိုယ်ပါ့ကိုယ်ပဲဖြေရှင်းခဲ့တာပဲ။ ဒီတိုကင်ကို သုံးစရာမလိုပဲနဲ့တောင် မစ်စတာခါဆစ်ရဲ့အာရုံစိုက်မှုကို ရခဲ့ပြီး သူ့စီက ပညာသင်ဖို့ရှားပါးတဲ့အခွင့်ရေးကိုပါရခဲ့သေးတယ်...”

ဖှေးသည် အမဲရောင်တိုကင်နှင့် ကစားလိုက်ပြီးရယ်မောလိုက်သည်။ “ဒါဆို ဒါကရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုပဲ။ အဲ့တာဆို ငါအပိုင်ယူထားလိုက်တော့မယ်။ အနာဂတ်မှာ အသုံး၀င်ရင်၀င်လာနိုင်တာပေါ့...”

All Chapters