← Chapters

အခန်း (၄၅၈)

Vol. 30 Ch. 458

အခန်း (၄၅၈)

Vol. 30 Ch. 458

တာနာရှာမည်ကဲ့သို့ပြန်ပြောရမှန်းမသိဖြစ်သွား၏။

ချမ်းဘော့ဒ်ဘုရင်၏ မျက်နှာပြောင်မှုနှင့် လောဘကြီးတို့မှာ သူမအား တစ်ချက်တစ်ချက်တွင် အံ့သြသွားစေလျှက်ရှိသည်။

“အင်းပါ။ အဲ့တော့ ငါတို့ပြောစရာရှိတာတွေပြောပြီးပြီဆိုတော့ နင်ဘယ်စစ်မြေပြင်မှာ တိုက်ခိုက်ချင်လဲ အလတ်ဇန္ဒား...” သူမသည် ပထမဆုံးအနေဖြင့် ဤမျှ အချိန်ကြာမြင့်စွာ မက်တပ်ရပ်၍ စကားပြောမိ၍လားမသိချေ။ သူမ၏ခန္ဓာကိုယ်သည် ပင်ပန်းလာသဖြင့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်ပြီးအသက်ပြင်းထန်စွာရှူနေရ၏။

“အင်း...ငါဒီနေရာကို သွားမယ်...”

ဖှေးမြေပုံပေါ်တွင်ရှိနေသည့် တည်နေရာတစ်ခုကို ညွန်ပြလိုက်သည်။

တာနာရှာဂုဏ်ယူစွာြဖင့် ပြုံးကာ ပြောလိုက်၏။ “နင်ဂျက်အင်ပါယာစစ်မြေပြင်ကို ရွေးချယ်မယ်ဆိုတာကို ငါကြိုသိပါတယ်...”

“ဟုတ်တာပေါ့။ ဂျက်အင်ပါယာက ချမ်းဘော့ဒ်တိုင်းပြည်နဲ့အနီးဆုံးစစ်မြေပြင်ပဲလေ။ တကယ်လို့ ငါစစ်ပွဲတွေရှုံးမယ်ဆိုရင် ပြေးစရာနေရာရှိတာပေါ့ ဟီးဟီး။ အဲ့တာတွေအပြင် အဲ့အင်ပါယာက ဟွန်းတလားရဲ့အင်ပါယာလေ။ ချမ်းဘော့ဒ်ဘုရင်ရဲ့ ဒေါသတွေကို အဲ့မှာအရင်သွားဖြေမှ ရမယ်..” ဖှေးလယ်ဗယ်၂အင်ပါယာ၏တည်နေရာကို သွေးဆာနေသည့်သားရဲတစ်ကောင်ကဲ့သို့ ညွှန်ပြလိုက်ရင်းဖြင့် ပြောလိုက်၏။ သူသည် ခါဆစ်အား ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်လူကို လက်စားချေလိုသည့်အတွက်ပင်။

“၀ံပုလွေစွယ်တပ်ဖွဲ့တည်ဆောက်နေတာကို ဘယ်လိုလဲ။ င့ါအကူညီလိုသေးလား...” တာနာရှာပြုံးလိုက်သည်။

“ပြီးခါနီးပါပြီ။ သုံးရက်အတွင်းမှာ စပြီးလှုပ်ရှားလို့ရပြီ။” ဖှေးယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

သူသည်အမှန်တရားကိုပြောနေခြင်းပင်။ အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ပွဲမတိုင်မှီက အဖိုးကြီးအာရန်းသည် အခက်ခဲတစ်ချို့ကြုံတွေ့နေရ၏။ သူသိမ်းသွင်းလိုသည့် စစ်သည်တစ်ချို့သည် ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ထဲသို့ ၀င်ရောက်ရန်အတွက် ငြင်းဆန်နေပြီး ကျန်ရှိနေသည့် တပ်ဖွဲ့ကြီးများသည်လည်း ထိုလူများကို လိုက်လံစုဆောင်းနေသည့်အတွက်ပင်။ အဖိုးကြီးအာရန်းသည် အရေအတွက်ထက်အရည်ချင်းကို ပို၍အဓိကထားသည့်လူဖြစ်သောကြောင့် အနည်းငယ်နှေးကွေးနေ၏။ သို့သော် သိုင်းပညာတောင်တန်းပေါ်တွင် ဖြစ်ခဲ့သည်များကို လူသိရှင်ကြားကြေငြာလိုက်ပြီးသည့်နောက်တွင် သိုင်းဆရာများစွာသည် ၀ံပုလွေစွယ်တပ်ဖွဲ့အတွင်းသို့ ၀င်ရောက်ရန်ဆန္ဒရှိလာကြ၏။ ဖှေးလအဆင့်စစ်သည်တစ်ယောက်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ပုံ၊ သိုင်းပညာတောင်တန်းမှ စစ်သည်အယောက်လေးဆယ်၏ သစ္စာခံမှုကိုရရှိခဲ့သည့် ဇာတ်လမ်းများသည် ပြန့်နှံ့သွားသည့်အတွက်ကြောင့် လူပေါင်းများစွာသည် ဖှေးလက်အောက်သို့၀င်ရောက်လိုလာကြ၏။ ငယ်ရွယ်ကာတာ၀န်ယူစိတ်ရှိသည့် ဆွေကြီးမျိုးကြီးလူငယ်များစွာလည်း ဖှေး၏တပ်ဖွဲ့အတွင်းသို့၀င်ရောက်လာကြသည်။ မီးနှင့်လေညီနှောင်နှစ်ဖော်၊ ငွေရောင်ချပ်၀တ်ဓားသွား၊ မှော်မင်းသမီးစင်ဒီနှင့် ဖိုးကံကောင်းမင်းသားတို့လည်း ဖှေး၏တပ်ဖွဲ့အတွင်းသို့၀င်ရောက်လာခဲ့ကြသဖြင့် တပ်ဖွဲ့သည်ဖွဲ့စည်း၍ ပြီးမြောက်တော့မည်ဖြစ်သည်။

“နင်လက်ထောက်ကောင်းတစ်ယောက်ကို ရှာတွေ့ထားတာလို့ငါပြောရလိမ့်မယ်...” တာနာရှာပြောလိုက်၏။ သူမသည် အဖိုးကြီးအာရန်းအကြောင်းကို သိနေသည့်ပုံပင်။

ဖှေးရယ်မောလိုက်သည်။

သူခနတာစဥ်းစားပြီးသည့်နောက်တွင် တာနာရှာအား ရိုးသားပွင့်လင်းစွာပင်ပြောလိုက်၏။ “အရှင့်သမီးတပ်ဖွဲ့ပြီးခါနီးပါပြီ။ ကျွန်တော်တို့တွေက သင့်လျှော်တဲ့လက်နက်ပစ္စည်းတွေ၊ ချပ်၀တ်တွေနဲ့ အစာရိက္ခာတွေတော့ လိုအပ်နေပါသေးတယ်။ ဇီးနစ်စစ်ဌာနကလည်း ဘဏ္ဏာရေးဌာနနဲ့အငြင်းပွားနေဆဲလို့တော့ ကျွန်တော်ကြားရတယ်။ ဒါပေမယ့် ကျွန်တော်စိတ်မရှည်တော့ဘူး။ အရှင့်သမီးသူတို့ကို ပြောပေးလို့ရမလား တကယ်လို့ ကျွန်တော့ရဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့က လိုအပ်တဲ့ရိက္ခာလက်နက်ပစ္စည်းတွေကိုအချိန်မှီမရတော့ဘူးဆိုရင် ကြန့်ကြာအောင်လုပ်နေတဲ့လူဘယ်သူ့ကို မဆိုသတ်မိတော့မယ်လို့...”

“အဲ့တာကပြသနာမရှိပါဘူး။ နင့်ရဲ့ချစ်စရာကောင်းတဲ့ဇနီးလောင်းလေးက ပါတီပွဲတွေကို အပျော်တက်နေခဲ့တာလို့နင်ထင်လား...” တာနာရှာ၏မျက်လုံးများထဲတွင် အလင်းတစ်ချို့တောက်ပသွားပြီးပြောလိုက်၏။

“အန်ဂျယ်လာလား....သူဘာလုပ်ခဲ့တာလဲ..” ဖှေးအံ့သြသွား၏။

“အဆင့်၆အဖွဲ့၀င်တိုင်းပြည် ချမ်းဘော့ဒ်မှာ နင့်လို့ပါရမီရှင်စစ်သည်တစ်ယောက်အပြင် ပါရမီရှင်သံတမန်တစ်ယောက်လဲရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ ကံကြမ္မာနတ်ဘုရားမက ချမ်းဘော့ဒ်တိုင်းပြည်ကို အတော်လေးသဘောကျတဲ့ပုံပဲ...”

“သံတမန်ဟုတ်လား...နင်အန်ဂျယ်လာကို ပြောတာလား...” ဖှေးမေးလိုက်၏။

“ဟုတ်တယ်။ နင့်ရဲ့ဇနီးလောင်းက သံမတန်တစ်ယောက်ဖြစ်ဖို့မွေးဖွားလာတာပဲ။ သူမက လူတွေကို ရင်းနှီးလာအောင်စွမ်းဆောင်နိုင်တဲ့အရည်ချင်းတစ်ခုရှိနေပုံရတယ်။ သူမက လူတိုင်းကို သူမရဲ့မိတ်ဆွေဖြစ်လာအောင်လုပ်နိုင်စွမ်းရှိတယ်လေ။ သူမရဲ့ ပါးစပ်ကထွက်လာတဲ့စကားလုံးတိုင်းက သူများနဲ့မတူပဲကွဲပြားနေတယ်။ သူမက မွေးရာပါအရည်ချင်းရှိနေတယ်ပြောရမယ်။ သေခြာလေ့ကျင့်ပေးမယ်ဆိုရင် အတောက်ပဆုံးသံတမန်တစ်ယောက်တောင်ဖြစ်လာနိုင်တယ်...”

တာနာရှာပြောသည့် စကားလုံးများသည် ချဲ့ကားပြောနေသည်ဟုထင်ရသော်လည်း သူမ၏အမူယာမှာ စစ်မှန်နေ၏။

ဤသည်မှာ ပထမဆုံးအနေဖြင့် တာနာရှာတစ်စုံတစ်ယောက်အား ချီးမွန်းသည်ကို ဖှေးကြားဖူးခြင်းပင်။

“နင့်အတွက်အကူညီဖြစ်အောင်လို့...အန်ဂျယ်လာက သူမသိပ်သဘောမကျပေမယ့် ပါတီပွဲတွေကို တက်နေခဲ့တာ။ သူမက ဆက်ဆံရခက်တဲ့အရာရှိတစ်ချို့နဲ့ ဆွေကြီးမျိုးကြီးတစ်ချို့ကိုလည်း ဖျောင်းဖြနိုင်ခဲ့တယ်။ တကယ်တန်းကျ နင်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်မလာသေးခင်ကတည်းက နင်တို့တပ်ဖွဲ့ကိုပေးမယ့် ရိက္ခာခွဲတမ်းတွေကို စီစဥ်ပြီးသွားပြီလေ...”

ဖှေး၏မျက်နှာအမူယာစတင်၍ပြောင်းလဲလာသည်ကို သတိထားမိသည့်အတွက်တာနာရှာအချိန်မှီထပ်ပြောလိုက်သည်။ “နင်တစ်ခြားဟာတွေကို စိုးရိမ်စရာမလိုပါဘူး။ ငါလည်း သူနဲ့ရှိနေတာလေ။ သူမအနိုင်ကျင့်ခံရတာတွေဘာတွေဘာမှမရှိခဲ့ဘူး။ နင်သူ့ကို ယုံကြည်ပေးမှရမယ်။ သူမက ဘာမှပြန်ပေးစရာမလိုပဲ လိုချင်တာကိုရအောင်တောင်းဆိုနိုင်တဲ့ ပါရမီရှင် သံတမန်တစ်ယောက်ပဲ...”

ဖှေး ဖြစ်ခဲ့သည်ကို သိမှအနည်းငယ်စိတ်အေးသွား၏။

“ဒါတို ဒီ ပါရမီရှင်သံတမန်အရည်ချင်းကလည်း သူတော်စဥ်ဘေးလ်ပြောခဲ့တဲ့ အသန့်စဥ်ဆုံး၀ိဉာဥ်ဆိုတာကြောင့်များလား။ အန်ဂျယ်လာမှာ တိရိစ္ဆာန်တွေကိုအပြင် လူတွကိုပါ ခင်မင်ရင်းနှီးလာအောင်လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး...” ဖှေးတွေးလိုက်မိ၏။

သို့သော် သူမသည် အရည်ချင်းရှိသည့် လူတစ်ယောက်ဖြစ်သော်လည်း ဖှေး အန်ဂျယ်လာအား အပူပင်ကင်းပြီးသက်တောင့်သက်သာ ဘ၀မျိုးတွင်သာနေထိုင်စေလိုသည်။ သူမမကြိုက်သည့်အရာများကို လုပ်စေလိုခြင်းမရှိပေ။ အန်ဂျယ်လာ၏ မွေးရာပါအရည်ချင်းကို ဖှေးသိရှိသော်လည်း သူမအား လူများကို ဖျောင်းဖျနိုင်သည့် သံတမန်၊ သို့မဟုတ် သားရိုင်းတိရိစ္ဆာန်များကို ယဥ်ပါးအောင်ဆောင်ရွက်ပေးနိုင်သည့် တိရိစ္ဆာန်ထိန်းကြောင်းသူတစ်ယောက်အနေဖြင့် တာ၀န်ပေးကာ ခိုင်းစေလိုခြင်းမရှိပေ။

ဖှေး အန်ဂျယ်လာအား သက်တောင့်သက်သာဖြင့် ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်စေလိုသည်။

All Chapters