← Chapters

အခန်း (၄၅၉)

Vol. 30 Ch. 459

အခန်း (၄၅၉)

Vol. 30 Ch. 459

အန်ဂျယ်လာပြုလုပ်ခဲ့သည့်အရာမှာ ဖှေးအားများစွာအံ့သြသွားစေသည်။

ထို့အပြင် တာနာရှာပြောခဲ့သည်ကြောင့် သူသည် အန်ဂျယ်လာအား ယခုရက်ပိုင်းတွင် သိပ်ဂရုမစိုက်ဖြစ်ခဲ့ကြောင်းကို သိရှိလိုက်စေ၏။ သူတို့နှစ်ယောက်သည် ချစ်သူစုံတွဲနှစ်ယောက်ကဲ့သို့ အချိန်ဖြုန်းနိုင်ခဲ့ခြင်းမရှိပေ။ အတူမျက်နှာခြင်းဆိုင်ထိုင်၍ စကားကောင်းကောင်းပြောရန်ပင် ဖှေးအချိန်မရခဲ့ပေ။ ထိုကဲ့သို့စဥ်းစားပြီးသည့်အချိန်တွင် ဖှေးအလွန်အပြစ်မကင်းသလို ခံစားလိုက်ရ၏။

သူ၏ အပြစ်ကင်းလှပသည့် ဇနီးလောင်းနလေးနှင့် အနာဂတ်အကြောင်းစကားပြောရန် လိုအပ်လာသလို ခံစားလိုက်ရ၏။ သူသည် ခေတ်ဆန်သည့် တစ်ခြားကမ္ဘာတစ်ယောက်မှ လူတစ်ယောက်ဖြစ်သော်လည်း တစ်ခြားလူများ၏ခံစားချက်ကို လျစ်လျူရှုနိုင်ခြင်းမရှိပေ။

သူစိတ်ဆုံးဖြတ်ပြီးသည့်အချိန်တွင် နံရံပေါ်တွင်ရှိသည့် ဇီးနစ်အင်ပါယာ၏ ကြီးမားသည့် ပိုင်နက်မြေပုံကြီးကို တစ်ချက်ကြည့်လိုက်ပြီး အင်ပါယာ၏အနောက်ပိုင်းကို အာရုံစိုက်လိုက်သည်။ သူသည် လာတော့မည့် စစ်ပွဲအကြောင်းကို စဥ်းစားကြည့်နေခြင်းပင်။

သူသည် ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်များအားလုံးကို ရှေ့တန်းသို့ ခေါ်ဆောင်သွားမည်မဟုတ်ပေ။ ခေတ်ပျက်အတွင်းသို့ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးထွက်သံယိုအနံ့သက်များသည် လေထုထဲတွင်ပင်ပြန့်နှံ့နေပြီဖြစ်သည်။ ဖှေးချမ်းဘော့ဒ်ကိုလုံခြုံအောင်အရင်ဆောင်ရွက်ရမည်ဖြစ်သည်။

ခါဆစ်၏သေဆုံးခြင်းကြောင့်သာမဟုတ်ပါက ဖှေး စစ်မြေပြင်သို့ပင်သွားလိမ့်မည်ဟုတ်ပေ။

ဤအချိန်တွင် သွေးသံမဏိတပ်ဖွဲ့မှစစ်သည်တစ်ယောက်ရောက်ရှိလာပြီး တာနာရှာကို စာချွန်လွှာတစ်ခုဆက်သလိုက်၏။ ထို့နောက်တွင် အရိုသေပေးကာ လျှင်မြန်စွာပင်ပြန်ထွက်သွားတော့၏။ သူသည် ဖှေးကိုပင်ကြည့်ခဲ့ခြင်းမရှိပေ။

“နင်သူတို့နဲ့ ပတ်သက်တဲ့သတင်းရလို့လား...” ဖှေးမေးလိုက်၏။

“မဟုတ်ဘူး။” တာနာရှာသည် တင်ပြချက်ကိုဖတ်ကာ သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ သူမ၏ဘေးတွင်ရှိသည့် အစေခံတစ်ယောက်ကို ပေးကာ သူမပြောလိုက်၏။ “ငါတို့ရှာနေတာက သာမန်လူသုံးယောက်မဟုတ်ပဲ လအဆင့်စစ်သည်သုံးယောက်ဆိုတာကို နင်သိမှရမယ်။ သူတို့ကို မြို့တော်ထဲမှာ ပုန်းအောင်းနိုင်ဖို့ကူညီနေတဲ့အဖွဲ့စည်းတွေလဲ ရှိနေတော့။ ငါအချိန်လိုသေးတယ်....”

“အချိန်လိုတာလား...” ဖှေး မကျနပ်သည့်အမူယာဖြင့် ပြောလိုက်၏။ “ငါက သုံးရက်အတွင်းမှာ အင်ပါယာအတွက် ရှေ့တန်းသွားရတော့မယ်ဆိုတာကို နင်သိတယ်မလား။ ငါစစ်မြေပြင်ကိုရောက်နေပြီဆိုမှ သတင်းတွေကိုမကြားချင်ဘူးလေ...”

တာနာရှာသည် ဖှေး၏မကျေနပ်ဖြစ်ခြင်းကို လျစ်လျူရှုကာ ပြုံးလိုက်၏။ “ကံအပေါ်မှလည်းမူတည်တာပေါ့။ ငါတို့သာ ကံကောင်းမယ်ဆိုရင် သူတို့ကို သုံးရက်အတွင်းမှာ ရှာတွေ့ပါလိမ့်မယ်...”

“ငါက အတော်ကံကောင်းတဲ့လူပါ...”

ဖှေး ပြန်ဖြေကာနန်းတော်ဆောင်အတွင်းမှ လမ်းလျှောက်ထွက်သွား၏။ သူသည် လမ်းတစ်၀က်တွင်ရပ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ တာနာရှာ၏မျက်လုံးများအတွင်းသို့ စိုက်ကြည့်လိုက်သည်။ “ငါပြပွဲလေးတစ်ခုပြင်ဆင်ထားတယ်။ အရှင့်သမီး စိတ်၀င်စားလိမ့်မယ်လို့ထင်တယ်...” သူပြောလိုက်၏။

“ဟုတ်လား...” တာနာရှာမက်တပ်ထလိုက်သည်။ ထို့နောက်တွင် သူမတစ်စုံတစ်ခုကို သတိရသွားသည့်အတိုင်းပင် ပြန်ဖြေလိုက်၏။ “ကျွန်မတက်ရောက် ချင်ပါတယ်...”

......

မြို့တော်စိန့်ပီတာစဘာ့တ် လူနေထိုင်ရာရပ်ကွက်အတွင်းတွင်ရှိသည့် အဆောက်ဦးအသေးလေးတစ်ခုထဲတွင်ဖြစ်သည်။

“ဇီးနစ်စစ်သည်တွေက ပိုပြီးပြင်းပြင်းထန်ထန်ရှာနေကြပြီး။ ဒီနေရာက မလုံခြုံတော့ဘူး ဦးလေးတို့ နေရာပြောင်းသင့်နေပြီ...” လန်ဂျီထက်မံရောက်ရှိလာပြီး လအဆင့်သိုင်းဆရာများကို အကြံပေးလိုက်၏။

အတွင်းအားစွမ်းအင်များအသုံးပြု၍ မိမိကိုယ်မိမိပြန်လည်ကုသနေကြသည့် လအဆင့်စစ်သည်သုံးယောက်သည် ရပ်တန့်လိုက်ကြ၏။

နာရီ၀က်ခန့်ကုသပြီးနောက်တွင် သူတို့တွေပို၍ကောင်းမွန်လာကြပြီဖြစ်သည်။

ဟွန်းတလား၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာအများစုမှာ ပျောက်ကင်းသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် ၀င်ရောက်နေသည့်အစိမ်းရောင်အတွင်းအားစွမ်းအင်များ၏ ၈၀ရာခိုင်နှုန်းခန့်ကို ဖယ်ရှားပြီးပြီဖြစ်သည်။ အာမာယူရီ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ကြီးမားသည့် ဒဏ်ရာကြီးသည်လည်းမျာစွာပျောက်ကင်းသွားပြီဖြစ်ပြီးအမဲရောင်အမာရွတ်ကြီးတစ်ခုသာကျန်ရှိခဲ့တော့၏။ ကွန်စတာကာတာသည် စုတ်ပြတ်နေသည့် ချပ်၀တ်တစ်ခုကို ၀တ်ဆင်နေဆဲဖြစ်သော်လည်း သူ၏ဒဏ်ရာအများစုမှာသက်သာသွားပြီဖြစ်သည်။

လအဆင့်စစ်သည်များသည် ရူးလောက်အောင်ပင်အသက်ပြင်းကြပြီး သူတို့၏ပြန်လည်ကုသနိုင်စွမ်းမှာလည်းများစွာအားကောင်းသည်။ ခြေလက်များ ပြတ်ထွက်သွားခြင်း၊ ကိုယ်တွင်းအင်္ဂါများထိခိုက်သွားခြင်းမဟုတ်သ၍ သူတို့သည် နာရီအနည်းငယ်အတွင်းမှာပင် ဒဏ်ရာများမှ ပြန်လည်သက်သာနိုင်စွမ်းရှိကြသည်။

ဤလအဆင့်စစ်သည်သုံးယောက်၏ ဒဏ်ရာများကုသရန်အတွက် ခက်ခဲရခြင်းမှာ ခါဆစ်၏အတွင်းအားစွမ်းအင်များ သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားခဲ့သည့်အတွက်ကြောင့်ပင်။ အစိမ်းရောင်အတွင်းအားစွမ်းအင်များသည် ဒဏ်ရာများကို ကုသရန်ခက်ခဲစေပြီး သူတို့အား များစွာနာကျင်စေသည်။

“အမ်ဟုတ်တယ်။ ဇီးနစ်ဘက်မှာရှိတဲ့ ဉာဏ်ကောင်းတဲ့လူတွေက ငါတို့ပုန်းနေတဲ့နေရာကိုခန့်မှန်းနိုင်လိမ့်မယ်လို့ ငါထင်တယ်။ အဲ့တာကြောင့် ငါတို့တွေပုန်းအောင်းစရာနေရာအမြန်ပြောင်းမှဖြစ်မယ်...” ကွန်စတာကာတာသည် ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။

“ဘယ်ကို ပြောင်းရမှာလဲ...” ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားသည် သူတို့အား အေးစက်စွာစိုက်ကြည့်၍ပြောလိုက်သည်။ “မင်းတို့တွေ မြို့တော်စိန့်ပီတာစဘာ့တ်နဲ့ ရင်းနှီးကြလို့လား။ ငါတို့တွေ ဒီမှာရှိနေတဲ့ ငါတို့လူတွေကို ပုန်းစရာနေရာ စီစဥ်ခိုင်းရင်ကောင်းမယ်ထင်တယ်...”

“အဲ့လိုမလုပ်တာကောင်းမယ်။ ဒါကအရေးကြီးနေတဲ့အချိန်ပဲ ကျွန်မတို့ရဲ့လူတွေကိုလည်း ဇီးနစ်ကလူတွေစောင့်ကြည့်နေနိုင်တယ်။ သူတို့က ဒီအချိန်မှာငါးစာတောင်ဖြစ်နေနိုင်တယ်...” လန်ဂျီသည် စဥ်းစားကြည့်လိုက်ပြီးအကြံပေးလိုက်၏။

ဟွန်းတလားနှာခေါင်းရှုံ့လိုက်သည်။ “နင် အားနည်းပြီး နှိမ့်ကျတဲ့အမျိုးသမီး။ နင်ကအသုံးမ၀င်ဘူးဆိုရင်နင်က င့ါကို စကားပြောခွင့်မရှိဘူး။ ငါ့မျက်စိရှေ့ကထွက်သွားစမ်းကွာ...”

“ရှင်...” ဤဓားသမားသည် အလွန်မာနထောင်လွှားပြီးပေါင်းသင်းရခက်သည့်လူဆိုသည်ကို လန်ဂျီသိရှိသော်လည်း ဤမျှလောက်ထိဆိုးလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ သူသည် သူ၏ရှုံးနိမ့်ခဲ့မှုကြောင့် ရရှိခဲ့သည့်ဒေါသများကို တစ်ခြားလူများအပေါ်ပုံချနေခြင်းသာဖြစ်၏။

သူမသည် အလွန်ဒေါသဖြစ်သွားပြီး ပြန်လည်ချေပချင်သော်လည်း သူမစိတ်ကိုယ်သူမပြန်ထိန်းလိုက်၏။ သူမသည် အရွယ်နှင့်မမျှအောင်ပင် အလွန်ရင့်ကျက်သည့် မိန်းကလေးတစ်ယောက်ပင်။

သူမ ကွန်စတာကာတာကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “အဖေ ကျွန်မအပြင်ရောက်နေတုန်းက ပုန်းလို့ကောင်းတဲ့နေရာတစ်ချို့ကို တွေ့ခဲ့တယ်။ အဲ့နေရာတွေက အကြိမ်ပေါင်းများစွာလည်းရှာဖွေပြီးပြီဆိုတော့ အချိန်အတော်ကြာထိလာရှာကြဦးမှာမဟုတ်ဘူး။ နောက်ပြီးတော့ မြို့တော်ဂိတ်တံခါးနဲ့လည်းနီးတယ်။ အခွင့်ရေးရလာတာနဲ့ ကျွန်မတို့ထွက်ပြေးလွတ်မြောက်နိုင်လောက်တယ်...”

ကွန်စတာကာတာခေါင်းငြိမ့်ပြလိုက်သည်။

အိုက်ဟိုဗင်အင်ပါယာ၏ နာမည်ကြီးစစ်ရေးခေါင်းဆောင်သည် သူ့သမီး၏တည်ငြိမ်သောအပြုမူကိုသဘောကျနေလျှက်ရှိသည်။ အိုက်ဟိုဗင်အင်ပါယာ၏ နံပါတ်၁စစ်ရေးခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏အကြီးမားဆုံးသောနောင်တမှာ သူ၏ရာထူးဂုဏ်ရှိန်တို့ကို ဆက်ခံရန်အတွက် သားတစ်ယောက်မမွေးဖွားခဲ့ခြင်းပင်။ သို့သော် သူ့အား စိတ်ကျေနပ်စေခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ၏သမီးလန်ဂျီသည် ငယ်စဥ်ကတည်းက စစ်ပွဲများကိုစိတ်၀င်စားခဲ့ပြီး အလွန်လည်းအရည်ချင်းရှိသည့် လူတစ်ယောက်ပင်။ သူမသည် နာကျင်မှုကိုသည်းခံနိုင်ကာ သူမ၏စိတ်ခံစားချက်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိ၏။ ဤသည်မှာ ကြီးမြတ်သည့် စစ်ရေးခေါင်းဆောင်တစ်ယောက်၏ ဂုဏ်သတ္တိများပင်။

ကွန်စတာကာတာသည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်သည်။ သူသည် အောင်မြင်စွာ လွတ်မြောက်ပြီး အိုက်ဟိုဗင်အင်ပါယာသို့ ပြန်နိုင်ခဲ့ပါကအကြံပြချက်များအားလုံးကိုပင် ငြင်းဆန်ပြီး သူ၏သမီးကို အမွေဆက်ခံသူအဖြစ်ရာထူးတင်မြှောက်တော့မည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာတွင် သူ၏တပ်ဖွဲ့များကို လွှဲပြောင်းပေးတော့မည်ဖြစ်သည်။

သူထိုကဲ့သို့တွေးနေသည့်အချိန်တွင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး သူ၏မျက်နှာသည်အရောင်ပြောင်းလဲသွား၏။

သူ၏မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုပေါ်လာပြီးသည့်နောက်တွင် သူ့သမီး၏မျက်နှာကို စက္ကန့်အနည်းငယ်ခန့်စိုက်ကြည့်လိုက်၏။ ရုတ်တရက်သူမကို ပြောလိုက်၏။ “အဖေ သမီးလုပ်တဲ့ ငါးပျားရည်ဟင်းလျာစားချင်တယ်။ လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကို၀ယ်ထားလိုက်။ အဖေတို့ ပုန်းစရာနေရာနောက်တစ်ခုကိုရောက်ရင်ချက်ပေးနိုင်မလား...”

“ငါးပျားရည်ဟင်းလျာ..”

လန်ဂျီအနည်းငယ် အံ့သြသွား၏။

“အဖေက ဒီဟင်းကိုအတော်ကြိုက်ပြီးတော့ စစ်ပွဲတစ်ခုအောင်တိုင်းမှာ ငါချက်ပေးနေကြဟင်းလေ။ ဒါပေမယ့် ဒီလို အန္တရာယ်များတဲ့အချိန်မှာ...” လန်ဂျီသည် သူမ၏အဖေမျက်နှာကိုကြည့်လိုက်ကာ သူ၏မျက်နှာပေါ်တွင် မြင်ရခဲသည့်ချစ်ခင်သည့်အမူယာတစ်ခုကို တွေ့လိုက်ရ၏။ သူမအနည်းငယ်နားမလည်နိုင်ဖြစ်သွားသော်လည်း အမိန့်အတိုင်းအဆောက်ဦးအတွင်းမှ ထွက်သွားလိုက်၏။ ၀တ်စုံ၀တ်လိုက်ပြီးသည့်နောက်တွင် သူမသည် သာမန်ဇီးနစ်မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။ ထို့ကြောင့် ဟင်းချက်ရန်လိုအပ်သည့် ပစ္စည်းများကို စျေးထဲတွင် သွားရောက်၀ယ်ယူရန်မှာ မခက်ခဲလှပေ။

“ဒါပေမယ့် အဖေက ဒီလို အန္တရာယ်များတဲ့အချိန်မှာ ဒီဟင်းကို စားချင်နေတယ်ဘာလို့ ပြောရတာလဲ တစ်ခုခုတော့မှားနေပြီ...”

လန်ဂျီအဆောက်ဦးအတွင်းမှ ထွက်လာခဲ့ပြီးလမ်းကြားတစ်ခုထဲသို့ရောက်ရှိသည့်အချိန်တွင် တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး တစ်ဖက်သို့အမြန်လှည့်လိုက်သည်။

ဤအခိုက်တန့်တွင်...

“မင်းငါတို့ကို ဘယ်လိုရှာတွေ့သွားတာလဲ...” ကျယ်လောင်ကာ ဒေါသဖြစ်နေသည့်အသံကြီးတစ်ခုသည် အဆောက်ဦးအတွင်းမှ ထွက်ပေါ်လာသည့်အတွက် လမ်းသွားလမ်းလာများ၏အာရုံစိုက်မှုကိုချက်ချင်းပင် ဖမ်းစားလိုက်သည်။

လန်ဂျီအော်သံထွက်ပေါ်လာသည့်နေရာသို့ ကြည့်လိုက်သည့်အချိန်တွင် သူမ၏ခန္ဓကိုယ်တစ်ခုလုံးတုန်ခါသွား၏။

သူမ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများထွက်ပေါ်လာတော့သည်။

သူမ၏အဖေရှိသည့်အဆောက်ဦးအား ဇီးနစ်အင်ပါယာမှ စစ်သည်များစွာ၀ိုင်းထားသည်ကို တွေ့လိုက်ရပြီး စစ်သည်အယောက်၂၀ခန့်မှာ အညိုရောင်၀တ်ရုံများနှင့်ဓားများလွယ်ထားသည့် သိုင်းဆရာများပင်။ ဤစစ်သည်များသည် သိုင်းပညာတောင်တန်းမှ သိုင်းဆရာများဖြစ်ကြောင်းကို လန်ဒီသိရှိပြီး သူမသူတို့တစ်ယောက်ခြင်းစီကိုပင် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သူမ၏ မျှော်လင့်ချက်မဲ့ခြင်းများသည် ဤလူများကြောင့်မဟုတ်ပေ။

သူမဤကဲ့သို့ ခံစားလိုက်ရခြင်းသည် ထိုလူကို ပါတွေ့လိုက်ရသည့်အတွက်ပင်။

မနေ့ညဓားတောင်ပေါ်တွင် ဤဇီးနစ်အင်ပါယာမှ သိုင်းဆရာတစ်ယောက်သည် သူမ၏အဖေနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ သူမ၏ အဖေမည်မျှအစွမ်းထက်သည်ကို သူမကောင်းစွာသိရှိပြီး သူမပင်မနေ့ညက ဤလူငယ်ကြောင့် နှစ်ခြမ်းပိုင်းခံရတော့မလိုဖြစ်ခဲ့၏။ သူမ၏အဖေသာ သူမကိုမကယ်ခဲ့ပါက အိုက်ဟိုဗင်အင်ပါယာ၏အတောက်ပဆုံးသော ပါရမီရှင်စစ်ရေးခေါင်းဆောင်သည် ဓားတောင်ပေါ်တွင် သေဆုံးသွားလောက်ပြီဖြစ်၏။

“ဘာတွေဆက်ဖြစ်တော့မှာလဲ...အဲ့ကောင်လေးက အဖေနဲ့ တစ်ခြားလအဆင့်စစ်သည်နှစ်ယောက်ကို ရှာတွေ့သွားပြီ...” လန်ဂျီအေးစက်သွား၏။

All Chapters