← Chapters

အခန်း (၄၆၀)

Vol. 30 Ch. 460

အခန်း (၄၆၀)

Vol. 30 Ch. 460

တာနာရှာသည် ရထားလုံးတစ်ခုပြင်၍ သူမ၏ကိုယ်ရံတော်ဇီလျန်းနှင့်အတူ ဖှေးနောက်မှ လိုက်လာခဲ့၏။

သူမသည် သိချင်နေသော်လည်း ဤခရီးသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုမူ သိရှိပြီးသားပင်။ သူမသည် ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်သည့်အတွက် ဖှေးစီစဥ်နေသည့်အရာကို ကြိုတင်ကာ ခန့်မှန်းလိုက်မိသည်။ လအဆင့်စစ်သည်သုံးယောက်မည်သည့်နေရာတွင် ပုန်းအတောင်းနေသည်နှင့် ဖှေးမည်ကဲ့သို့ ရှာတွေ့ခဲ့သည်ကို သူမသိချင်နေ၏။

အရာအားလုံးကို လုံခြုံစေရန်နှင့် လအဆင့်စစ်သည်သုံးယောက်ထက်မံ၍ လွတ်မြောက်သွားခြင်းမရှိစေရန်အတွက် သူမနှင့်အတူ တော်၀င်စစ်သည်၃၀၀ကိုလည်း ခေါ်ဆောင်လာခဲ့၏။

မိနှစ်အနည်းငယ်ခန့်ကြသည့်အချိန်တွင် ဖှေးသွားနေသည့်နေရာကို သူမရိပ်စားမိလာ၏။

လူနေထိုင်ရာ ရပ်ကွက်ပင်။

“ဟုတ်တယ်။ ငါသာ သူတို့နေရာမှာဆိုရင် ကွန်းတအရင်တုန်းကနေခဲ့တဲ့နေရာကိုရွေးချယ်ခဲ့မှာ။ အန္တရာယ်အရှိဆုံးနေရာကအလုံခြုံဆုံးနေရာလေ။”

တာနာရှာသည် ရထားလုံးအတွင်းမှ နေ၍ အရှေ့တွင်လမ်းလျှောက်နေသည့် ဖှေးကိုကြည့်လိုက်သည်။ ဤဘုရင်ငယ်သည် မြန်ဆန်စွာပင် ကြီးပြင်းလာနေသကဲ့သို့သူမ ခံစားနေရ၏။ သို့သော် ဤသည်မှာ ဖြစ်နိုင်ခြေရှိသည့်နေရာတစ်ခုမျှသာ ဖြစ်သည်ဟု သူမခံစားနေရဆဲပင်။ “သူကဘယ်လိုလုပ်ပြီးသေချာနေတာလဲ။ အဲ့ယုံကြည်ချက်တွေက ဘယ်ကပေါ်လာတာလဲ...”

မင်းသမီးသည် ပို၍ပို၍စိတ်၀င်စားလာ၏။

သူမတို့သည် လအဆင့်စစ်သည်များကို ဖမ်းဆီးရန်ဖြစ်သောကြောင့် တော်၀င်စစ်သည်အယောက်၃၀၀မှာ အင်အားနည်းနေသေးသည့်အတွက် ပို၍စွမ်းအားမြင့်စစ်သည်များကို ဆင့်ခေါ်ရန်ပြင်လိုက်သည့်အချိန်တွင် သူမ၏အရှေ့တွင် လူအယောက်၄၀ကို တွေ့လိုက်ရ၏။

ထိုလူများအားလုံးသည် အညိုရောင်၀တ်ရုံများကို ၀တ်ဆင်ထားကြပြီးနောက်ကြောတွင် ဓားများလွယ်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်မှအတွင်းအားအရှိန်၀ါများထွက်ပေါ်နေလျှက်ရှိပြီး သူတို့အားလုံးသည် ၀မ်းနည်းကာ ဒေါသထွက်နေသည့်အမူယာများရှိနေကြ၏။

ထိုလူများသည် သိုင်းပညာတောင်တန်းမှ ခါဆစ်၏ တပည့်သိုင်းဆရာများပင်ဖြစ်ပြီး သူတို့စောင့်နေကြသည်မှာ အချိန်အတန်ကြာနေပြီဖြစ်သည်။

ထိုလူများကို မြင်ပြီးသည့်အချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည်ကောင်းစွာပြင်ဆင်ထားကြောင်းကို မင်းသမီးတာနာရှာသဘောပေါက်လိုက်၏။

မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းမှ အဖွဲ့စည်းများအားလုံးသည် သိုင်းပညာတောင်တန်းမှ သိုင်းဆရာအယောက်၄၀သည် ယခုအချိန်တွင်ချမ်းဘော့ဒ်ဘုရင်လက်အောက်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းကို သိရှိကြ၏။

စွမ်းအားမြင့်မားကာ ဒေါသထွက်နေကြသည့်သိုင်းဆရာအယောက်၄၀၊ တော်၀င်စစ်သည်၃၀၀နှင့် လအဆင့်စစသည်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် ဖှေးကိုယ်တိုင်ပါ၀င်သောကြောင့် ဒဏ်ရာရရှိနေသည့် လအဆင့်စစ်သည်သုံးယောက်နှင့် ရင်ဆိုင်ရန်အတွက် လုံလောက်ပြီဟုဆိုနိုင်၏။

ဤလူများသည် အမြန်သွားလိုက်ကြပြီး ကွန်းတနေထိုင်ခဲ့သည့်အဆောက်ဦးသို့ မကြာမှီမှာပင်ရောက်ရှိသွား၏။

ဖှေးသူ၏စစ်သည်များကို အဆောက်ဦးကာ ၀ိုင်းရန်အတွက် အမိန့်ပေးလိုက်ပြီး သူ၏ထားသိုရာအကန့်အတွင်းမှ ကြီးမားသည့်အမဲရောင်ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။ ဤသည်မှာ ခါဆစ်၏ လက်စွဲတော်လက်နက်ဖြစ်သည့် ကောင်းကင်ဘုံဓားပင်။

အဆောက်ဦးအား ၀ိုင်းထားပြီးသည့်အချိန်တွင် ဖှေးသူ၏စွမ်းအားများကို ဖုံးကွယ်ထားခြင်းမရှိတော့ပေ။ သူသည် ကြုံ၀ါးကာ ဒေါသဖြစ်နေသည့်သားရဲတစ်ကောင်ကဲ့သို့အရှေ့သို့ခုန်၀င်သွား၏။ သူသည် ကျောက်တုံးတံခါးကိုဖျက်ဆီးလိုက်ပြီးအဆောက်ဦးအတွင်းသို့ ပြေး၀င်သွားတော့သည်။

......

အဆောက်ဦးအတွင်းတွင်ဖြစ်သည်။

သူသည် လန်ဂျီအားလွန်ခဲ့သည့်တစ်မိနစ်ခန့်က အော်ခဲ့သော်လည်း ဟွန်တလားသည် လန်ဂျီ၏အစီစဥ်ကိုသဘောတူဆဲပင်။ ဤအစီစဥ်သည် လက်ရှိအခြေအနေတွင် အကောင်းဆုံးဖြစ်သည်ကို သူဘောပေါက်သော်လည်း မိန်းကလေးတစ်ယောက်မှ ဆရာလုပ်သည်ကို မနှစ်သက်သ၍ဖြစ်၏။

ဤပေါင်းရသင်းရခက်သည့် ဓားသမားသည်တိတ်ဆိတ်နေသည့် အာမာယူရီကိုတစ်ချက်ကြည့်လိုက်သည်။ ကန့်ကွက်သည်ကိုမတွေ့ရသဖြင့် သူနှာခေါင်းရှုံ့လိုက်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်တော့၏။

ဤအခိုက်တန့်တွင် ကွန်စတာကာတာသည် သူ၏ဓားကို ရုတ်တရက်ကိုင်ဆွဲကာ ထလိုက်သည်။ သူသည် နံရံများကို ထိုးဖောက်မြင်နိုင်နေသည့်အတိုင်းပင် သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး ခါးသက်စွာပြုံးလိုက်၏။ “နောက်ကျသွားပြီ...သူ...သူဒီကိုရောက်နေပြီ...”

“ဘယ်သူရောက်နေတာလဲ...” အာမာယူရီမေး၍မပြီးခင်မှာပင် သူလည်းတစ်စုံတစ်ခုကို အာရုံခံလိုက်မိသောကြောင့် မျက်နှာပျက်သွား၏။

တစ်ဖက်တွင် ဟွန်းတလားသည်လည်း အာရုံခံလိုက်မိသည်။

“ဖုန်း...”

အဆောက်ဦးသည် ပြင်းထန်စွာလှုပ်ခါသွားပြီး နံရံများပြိုကျလာတော့သည်။ ဤအဆောက်ဦးကြီးတစ်ခုလုံးသည် အချိန်မရွေးပြိုကျလာတော့မည့်အတိုင်းပင်။

ဖုန်မှုန့်များသည် လေပေါ်တွင် လွှင့်ပျံသွားပြီး အရိုင်းဆန်သည့်လူတစ်ယောက်သည် ကြီးမားသည့်ဖိအားများနှင့်အတူ ထွက်ပေါ်လာတော့၏။

“မင်္ဂလာနေ့လည်ခင်းမှာ ကျွန်တော်တို့ပြန်တွေ့ကြပြီပေါ့...”

ကောင်းကင်ဘုံထားကို လက်ထဲတွင်ကိုင်ထားရင်းဖြင့် ဖှေးတောက်ပစွာပြုံးကာ ရှေ့သို့လမ်းလျှောက်လာ၏။ သို့သော် သူ၏အကြည့်များသည် လအဆင့်စစ်သည်သုံးယောက်အတွက် စူးရှကာ အန္တရာယ်ရှိသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။

ဖှေးသည် ပြုံးနေသော်လည်း သူသည် ဤနေရာသို့သတ်ဖြတ်ရန်လာရောက်ခြင်းဖြစ်သည်ကို လူတိုင်းသိရှိကြသည်။

အဆောက်ဦးအတွင်းတွင်ရှိသည့် နံရံများအားလုံးကို ပြိုကျလာတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လူ၅၀ခန့်နေထိုင်နိုင်သည့် အဆောက်ဦးကြီးသည်ပြိုကျသွားပြီး ဤအဆောက်ဦးပတ်ပတ်လည်တွင်ရှိသည့် အဆောက်ဦး၅ခုကိုလည်းဖြိုချလိုက်သည်။ တော်၀င်အစောင့်စစ်သည်များ၊ သိုင်းပညာတောင်တန်းမှ သိုင်းဆရာများသည် ကောင်းမွန်စွာပင်ပူးပေါင်းဆောင်ရွက်ကြပြီး စတုရန်းတစ်ကီလိုမီတာခန့်ကျယ်၀န်းသည့်နေရာကို မြေကွပ်လပ်ဖြစ်အောင်ဖန်တီးလိုက်ကြ၏။ ဤအနည်းအားဖြင့် လဆင့်စစ်သည်များအဆောက်ဦးများကိုအကာကွယ်ယူကာ ထွက်မပြေးနိုင်စေရန်ဖြစ်သည်။

ကွန်စတာကာတာ၊ အာမာယူရီနှင့် ဟွန်းတလားတို့သည် ပင်လယ်၀ိုင်းနေသည့် ကျွန်းငယ်တစ်ခုပေါ်သို့ ရောက်နေသည့်လူများကဲ့သို့ ခံစားလိုက်ရ၏။

ဆူညံသံများကြောင့် ကင်းလှည့်နေကြသည့် ဇီးနစ်အင်ပါယာမှ စစ်သည်များလည်းရောက်ရှိလာကြသည်။

မကြာမှီတွင် အင်ပါယာကင်းလှည့်တပ်ဖွဲ့များ၊ သွေးသံမဏိတပ်ဖွဲ့မှ စစ်သည်များနှင့် တစ်ခြားပင်မတပ်ဖွဲ့ကြီးများမှ စစ်သည်များလည်း ရောက်ရှိလာပြီး ၀ိုင်းလိုက်ကြသည်။ ထို့အပြင် တစ်ချို့မြို့သူမြို့သားများလည်း နေရာကို၀ိုင်းကာဖြစ်ပျက်နေသည်များကိုစောင့်ကြည့်နေကြ၏။ ဇီးနစ်မှလူများသည် နေရာအနှံ့ပင်။

“မင်းငါတို့ကို ဘယ်လိုရှာတွေ့သွားတာလဲ...” သူတို့သည် အ၀ိုင်းခံထားရသော်လည်း ကွန်စတာကာတာသည် တည်ငြိမ်လျှက်ရှိနေဆဲပင်။

ဤကဲသို့အရေးကြီးသည့်အချိန်တွင် တည်ငြိမ်မှုကသာ သူတို့အား လွတ်မြောက်နိုင်သည့်အခွင့်ရေးကို ပေးမည်ဖြစ်သည်။

ထို့အပြင် သူ့သမီးလန်ဂျီကို အဆောက်ဦးအတွင်းမှ ထွက်သွားစေခဲ့ပြီးဖြစ်သောကြောင့် သူသိပ်ပြီးမစိုးရိမ်တော့ပေ။ စစ်ရေးခေါင်းဆောင်တစ်ယောက်နှင့်၊ စစ်သည်တစ်ယောက်အနေဖြင့် သူသည်တစ်ရက်ရက်တွင် စစ်မြေပြင်တွင်သေဆုံးနိုင်သည်ကို သိရှိပြီးဖြစ်သည်။ စစ်ပွဲများတွင် စစ်ရေးခေါင်းဆောင်များ အသတ်ခံရသည်မှာ အထူးဆန်းမဟုတ်ကြပေ။ ကွန်စတာကာတာသည် စစ်ဘက်ဆိုင်ရာလောကအတွင်းသို့ မ၀င်ခင်ကတည်းက ဤကဲ့သို့စိတ်ပိုင်းဖြတ်ပြီးသားဖြစ်၏။ သူထင်မထားသည့်တစ်ခုတည်းသောအရာမှာ ဤအခိုက်တန့်သည် စစ်မြေပြင်တွင်မဟုတ်ပဲ ရန်သူ၏မြို့တော်ထဲတွင်ဖြစ်နေခြင်းပင်။

“ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုတော့ မစ်စတာ အာမာယူရီရဲ့ကျေးဇူးကြောင့်ပေါ့...” ဖှေး အာမာယူရီကိုကြည့်ကာ ပြုံးလိုက်သည်။ “အဲ့နေ့တုန်းက ကျွန်တော့ ပေါ်မှာ ၀ိဉာဥ်အမှတ်သားထားခဲ့လို့ကျေးဇူးပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်ခင်ဗျားတို့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး...”

အာမာယူရီသည် ရုတ်တရက် အရာအားလုံးကိုနားလည်သွားကာ သူ၏မျက်နှာသည် ဖြူဖက်ဖြူယော်ဖြစ်သွားတော့သည်။

သူသည် ဖှေးနှင့် ပါးကွပ်သားသူရဲကောင်းများတိုက်ပွဲကိုမြင်တွေ့ပြီးသည့်အချိန်တွင် ဤဘုရင်သည် အလွန်အရည်ချင်းရှိသည့်လူတစ်ယောက်ဖြစ်သည်ကို သဘောပေါက်လိုက်၏။ စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်အနေဖြင့် သူသည် ယရှင်းကဲ့သို့သော နောက်ထပ်လူတစ်ယောက်ကျင့်ကြံကာ စွမ်းအားမြင့်မားလာမည်ကို မလိုလားချေ။ ရလဒ်အနေဖြင့် သူသည် ဖှေးအား ကိုယ်တိုင်လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခဲ့ပြီး ဖှေးအားအချိန်မရွေးရှာတွေ့နိုင်စေရန်အတွက် ၀ိဉာဥ်အမှတ်သားတစ်ခုကို ချန်ထားခဲ့၏။

သို့သော် သူသည် မအောင်မြင်ခဲ့ပဲ ခါဆစ်၏လိုက်လံတိုက်ခိုက်ခြင်းကို ခံရကာ ဒဏ်ရာရရှိခဲ့သည်။

အချိန်ခနကြာခန့်အာမာယူရီသည် မိမိကိုယ်မိမိပြန်လည်ကုသရင်း ဓားတောင်ပေါ်မှ လုပ်ကြံသတ်ဖြတ်မှုအတွက် ပြင်ဆင်နေခဲ့သည်။ ဖှေးသည် သူပုန်စခန်းမှ ခရမ်းရောင်ကျင့်စဥ်စာလိပ်ကိုအသုံးပြုကာ ၀ိဉာဥ်အာရုံခံမှုများကို ပိတ်ဆို့ထားသည့်အတွက် အာမာယူရီသည် သူဖှေးပေါ်တွင်ချန်ထားခဲ့သည့် ၀ိဉာဥ်အမှတ်သားကိုအာရုံခံမရဖြစ်နေပြီး လအဆင့်စစ်သည်နောက်တစ်ယောက်သည် ထိုအမှတ်သားကို ဖှေး၏ခန္ဓကိုယ်ပေါ်မှ ဖယ်ရှားပေးလိုက်ပြီဟုထင်ခဲ့သည်။

အာမာယူရီသည် ဒိုင်ယာဘလိုကမ္ဘာမှခရမ်းရောင်ကျင့်စဥ်စာလိပ်ရှိနေသည်ကို တစ်ခါမှမကြားဖူးခဲ့သည့်အတွက်ပင်။

ဖှေးခရမ်းရောင်ကျင့်စဥ်စာအုပ်ဖြင့် ၀ိဉာဥ်အာရုံခံခြင်းကိုတားဆီးပြီးသည့်အချိန်တွင် ထိုစာအုပ်အတွင်းမှကျင့်စဥ်များကို ကျင့်ကြံခဲ့သည်။ သူ၏စွမ်းအားများတိုးမြှင့်လာသည်နှင့်အမျှ သူ၏၀ိဉာဥ်စွမ်းအားများသည်လည်း တိုးမြင့်လာခဲ့သည်။ ယခုအချိန်တွင် သူသည် ဒိုင်ယာဘလိုကမ္ဘာထဲတွင် တစ်နေ့လျှင် ခြောက်နာရီခန့်နေနိုင်နေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အာမာယူရီချန်ထားခဲ့သည့် ၀ိဉာဥ်အမှတ်သားမှတဆင့် အာမာယူရီ၏တည်နေရာကိုပင်အာရုံခံနိုင်နေပြီဖြစ်သည်။

ဤသည်မှာ အာမာယူရီနားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေ၏။

“ကြယ်အဆင့်စစ်သည်တစ်ယောက်က ငါချန်ထားခဲ့တဲ့ ၀ိဉာဥ်အမှတ်သားကနေ င့ါရဲ့တည်နေရာကို ဘယ်လိုလုပ်ပြီးအာရုံခံနိုင်ရတာလဲ...”

“ဒါက မဖြစ်နိုင်ဘူး...” အာမာယူရီသည် မယုံနိုင်ဖြစ်နေ၏။ သူ၏အစွမ်းဖြင့် တန်ပြန်ခံလိုက်ရခြင်းပင်။

“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး...”

ဖှေးသည် သိုင်းပညာတောင်တန်းမှ သိုင်းဆရာများနှင့် အင်ပါယာစစ်သည်များကို မလှုပ်ရှားကြသေးရန်အချက်ပြလိုက်ပြီး ကောင်းကင်ဘုံဓားကိုကိုင်ကာအရှေ့သို့လမ်းလျှောက်သွား၏။ သူသည် ပို၍ပို၍နီးကပ်လာသည်နှင့်အမျှ သူ၏စွမ်းအားများကိုလည်း ပို၍ပို၍ထုတ်လွတ်နေလျှက်ရှိသည်။ သူ၏သတ်ဖြတ်လိုသည့် ဆန္ဒများကိုလည်းဖုံးကွယ်ထားခြင်းမရှိပေ။

ဟွန်းတလားသည် ဖှေးအားစက္ကန့်အနည်းငယ်ခန့်ကြည့်လိုက်ပြီး ဘေးပတ်၀န်းကျင်သို့ခနကြည့်လိုက်သည်။ ထို့နောက်တွင် သူစိတ်အေးသွားပြီး နှာခေါင်းရှုံ့လိုက်၏။ “ကြယ်ကိုးလုံးအဆင့်စစ်သည်တစ်ယောက်၊ ကြယ်၈လုံးအဆင့်စစ်သည်တစ်ယောက်နဲ့ ကျန်တာတွေကအမှိုက်သရိုက်တွေ...မင်းတို့ကောင်တွေက င့ါကို ဖမ်းချင်နေတာလား...မင်းတို့ကောင်တွေက ဒီနေရာကို အသတ်ခံဖို့ရောက်လာတာပဲ...”

“ဖုန်း...”

ဖှေးသည် ကောင်းကင်ဘုံဓားကိုမြေပြင်ပေါ်သို့ စိုက်လိုက်ပြီး ဟွန်းတလားကို ရက်စက်ကြမ်းကြုတ်စွာစိုက်ကြည့်လိုက်သည်။ သူ၏စွမ်အားများအမြင့်ဆုံးထုတ်လွှတ်ပြီးသည့်အချိန်တွင် ဖြေးညှင်းစွာပြောလိုက်၏။ “ညစ်ပတ်တဲ့ သစ္စာဖောက်ကောင်တစ်ယောက်နဲ့ အရှက်မရှိတဲ့ကောင်တစ်ယာက်။ မင်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတာလား။ အဲ့လိုမင်းဂုဏ်ယူနေရတာကို ဒီကောင်းကင်ဘုံဓားရဲ့ရှေ့မှာ ဖျက်ဆီးပြမယ်ကွ...”

“ဟားဟားမင်းကလား...မင်းက အဲ့ခွေးအိုကြီးခါဆစ်အတွက် လက်စားချေချင်နေတယ်ပေါ့။ ကောင်လေး မင်းက အားနည်းလွန်းသေးတယ်။ ပုရွတ်ဆိတ်တစ်ကောင်က နဂါးတစ်ကောင်ကို ဘယ်လိုလုပ်ပြီးစိန်ခေါ်ရဲနေရတာလဲ...”

ဟွန်တလားသည် အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲသို့ရယ်မောလိုက်၏။ “ကြယ်အဆင့်စစ်သည်တစ်ယောက်က င့ါကို တိုက်ခိုက်ချင်တာလား...” သူတွေးလိုက်မိ၏။

“ဖုန်း...”

ဖှေး၏မျက်နှာပေါ်မှ အပြုံးသည် ကွယ်ပျောက်သွားကာ အရှေ့သို့ပြေး၀င်သွားပြီးထိုးလိုက်၏။

ဟွန်းတလားသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဓားဖြင့် ခုတ်လိုက်သည်။

အေးစက်သည့်အလင်းတန်းတစ်ခုသည် ဓားပေါ်တွင် တောက်ပသွား၏။

သို့သော် ဂျက်အင်ပါယာ၏နံပါတ်၁ဓားသမားသည် လမ်းတစ်၀က်တွင် အံ့သြသွားတော့၏။

All Chapters