← Chapters

အခန်း (၄၆၁)

Vol. 30 Ch. 461

အခန်း (၄၆၁)

Vol. 30 Ch. 461

နောက်စက္ကန့်တွင် ဟွန်းတလား၏ဓားသည် ရန်သူ၏ညာရင်ဘက်အတွင်းသို့ စိုက်၀င်သွားပြီး ရန်သူ၏လက်သီးသည်လည်း သူ၏၀မ်းဗိုက်ပေါ်သို့ ကျရောက်သွား၏။

“ဒီကောင်က အတော်ရူးသွပ်တာပဲ။ အနာခံပြီးချနေတယ်...” ဤသည်မှာ ဟွန်းတလား ပထမဆုံးတွေးလိုက်မိသည့်အရာပင်။

ထို့နောက်တွင် ဂျက်အင်ပါယာ၏နံပါတ်၁ဓားသမားသည် ဆက်လက်၍တွေးနိုင်ခြင်းမရှိတော့ပေ။

နာကျင်မှု။

အလွန်နာကျင်လွန်းလှသည်။

ကြယ်အဆင့်စစ်သည်တစ်ယောက်သည် သူ့အား ဤမျှနာကျင်စေပြီး သူ၏ခန္ဓာကိုယ်ကို ဤမျှထိခိုက်စေနိုင်လိမ့်မည်ဟု သူတစ်ခါမှမတွေးခဲ့ဖူးပေ။ ဤနာကျင်မှုသည် ကမ္ဘာပေါ်တွင် မရှိသင့်သလိုပင် သူခံစားလိုက်ရ၏။ သူ၏ခွန်အားများအားလုံးကို စုပ်ယူနိုင်သည့် ငရဲပြည်မှကျိမ်စာတစ်ခုကဲ့သို့ပင် ဤအခိုက်တန့်တွင် နာကျင်မှုကြောင့် သူ၏ လက်ချောင်းများကိုပင် ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။

“အား...”

ဖှေး၏လက်သီးတွင်ပါ၀င်သည့် ကြီးမားလှသောခွန်အားသည် ဟွန်းတလား၏ခန္ဓာကိုယ်မှ ဒဏ်ရာဟောင်းများကို ပြန်ဖွင့်ပေးလိုက်၏။ သွေးများသည် ဒဏ်ရာများမှ ရေပန်းကဲ့သို့ ပြန်လည်စီးကျလာတော့သည်။

သူ၏လူ၀ံကဲ့သို့ခန္ဓာကိုယ်ကြီးသည် မည်သည့်အချိန်တွင်မှ ကွေးသွားလိမ့်မည်မဟုတ်ဟု ထင်ရသော်လည်း ဤအခိုက်တန့်တွင် ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ကွေးကာ တွန့်လိမ်သွား၏။

ထို့နောက်တွင် မျက်ရည်များသည် သူ၏မျက်လုံးများအတွင်းမှ စီးကျလာတော့သည်။

အစာအိမ်အက်စစ်များနှင့် သွေးများရောထွေးကာ သူ၏ပါးစပ်အတွင်းမှ ပန်းထွက်လာတော့၏။

ဤသည်မှာ ၀မ်းဗိုက်အား ပြင်းထန်စွာအရိုက်ခံလိုက်ရအပြီးတွင် ခန္ဓာကိုယ်မှ သဘာ၀အလျှောက်တုန့်ပြန်ခြင်းပင်။

လက်သီးချက်တစ်ချက်ပင်။

လက်သီးချက်တစ်ချက်ထဲဖြင့်သာ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း လယ်ဗယ်၈၄ လူရိုင်းဇာတ်ကောင်၏အစွမ်းမှာ ကြီးမားလှ၏။

ဟွန်းတလားသည် စစ်သည်အများစုထက်ပို၍ သန်မာသည့်လအဆင့်စစ်သည်တစ်ယောက်ဖြစ်သော်လည်း ဤလက်သီးချက်ကို ခုခံနိုင်လိုက်ခြင်းမရှိပေ။

သူ၏ခန္ဓာကိုယ်သည် ကွေးညွတ်သွားပြီး လက်ကို နာကျင်စွာဖြင့် ဗိုက်ပေါ်တွင်တင်ကာ ဒူးထောက်ကျသွား၏။ မြင်ကွင်းသည် သာမန်လမ်းဘေးရန်ပွဲတစ်ခုကဲ့သို့ပင်။

ဂျက်အင်ပါယာ၏နံပါတ်၁ဓားသမားသည် ယာယီအားဖြင့် တိုက်ခိုက်နိုင်စွမ်းများပျောက်ဆုံးသွား၏။

တစ်ဖက်တွင် သူ၏ဓားသည် ဖှေး၏ညာရင်ဘက်အတွင်းသို့ စိုက်၀င်သွားသည်။

ဓားသည် ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ လျှင်မြန်စွာပင်စိုက်၀င်သွားပြီးသွေးများစီးကျလာနေလျှက်ရှိသည်။

“ဘယ်သူက ပုရွတ်ဆိတ်လဲ၊ ဘယ်သူကနဂါးလဲကွ...”

ဖှေးသည် နာကျင်မှုကို မခံစားရသကဲ့သို့ပင် ဟွန်းတလားအား ဆံပင်မှကိုင်က ကောင်းကင်ဘုံဓားစိုက်ထားသည့် နေရာသို့ သဲအိတ်တစ်ခုကဲ့သို့ဆွဲခေါ်သွား၏။ “င့ါရဲ့ နှလုံးသားက ဘယ်ဘက်မှာရှိတာကွ၊ ညာဘက်မှာမဟုတ်ဘူး။ မင်းစောက်ပိန်းပဲ။ နံပါတ်၁ဓားသမားဟုတ်လား၊ လအဆင့်စစ်သည်ဟုတ်လား၊ မင်းက သာမန်လူတစ်ယောက်လိုပါပဲ...အရိုက်ခံရရင် သွေးထွက်မဲ့ကောင်ပဲ။ မာနထောင်လွှားပြဦးလေ...လီးပဲ...” ဖှေးအော်ဟစ်လိုက်၏။

“ဖျန်း ဖျန်း ဖျန်း...”

ဖှေးသူ၏ခွန်အားကို ထိန်းချုပ်ထားခြင်းမရှိပဲ ဟွန်းတလား၏မျက်နှာကို ရိုက်လိုက်၏။ ဟွန်းတလား၏မျက်နှာသည် ယောင်ကိုင်းလာပြီး သွားများလည်းကျွတ်ထွက်ကုန်တော့သည်။

ဖှေးရန်သူအား တစ်ချက်ထဲဖြင့် အမှောက်သိပ်လိုက်နိုင်ခြင်းဖြင့် မကျေနပ်နိုင်သေးပေ။

သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခုပေါက်ကွဲနေသကဲ့သို့ လောင်မြိုက်နေ၏။

သူသည် ဘုရင်တစ်ပါး၏အနေအထိုင်တို့ကို ဘေးသို့ဖယ်ထားလိုက်သည်။

ဖှေး သူ၏ဒေါသများကို ဖြေဖျောက်ရန်လိုအပ်နေ၏။

သူ၏ဒေါသများကိုအရက်စက်အကြမ်းတန်းဆုံးနည်းလမ်းများကို အသုံးပြုကာဖြေဖျောက်ရန်လိုအပ်နေသည့်အတွက်ပင်။

အခိုက်တန့်တစ်ခုကြာခန့် ခါဆစ်၏ ပုံရိပ်ကို ဖှေး၏စိတ်ထဲတွင် ရှင်းလင်းစွာမြင်နေရ၏။ ဤအဖေကဲ့သို့ ပုဂ္ဂိုလ်အားနောက်တစ်ကြိမ်မြင်တွေ့နိုင်ခြင်းမရှိတော့သည်ကိုလည်း ဖှေးသိရှိသည်။ သူဤကိစ္စနှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်တော့သည်ကိုလည်းသူသိရှိသည်။ ဤဒေါသကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် သွေးများစီးဆင်းနေခြင်းမဟုတ်ပဲ ချော်ရည်များစီးဆင်းနေသကဲ့သို့ပူလောင်နေရ၏။ သူ၏နှလုံးသားထဲတွင်ပေါက်ကွဲခါနီးမီးတောင်တစ်ခုရှိနေသကဲ့သို့လဲခံစားနေရ၏။

လူတိုင်းသည် ဤရူးသွပ်နေသည့်ဘုရင်ကိုကြည့်ရင်းဖြင့် တိတ်ဆိတ်နေ၏။

သိုင်းပညာတောင်တန်းမှ သိုင်းဆရာ၄၀၊ တော်၀င်စစ်သည်၃၀၀၊ ရထားလုံးပေါ်တွင်ထိုင်နေသည့် မင်းသမီးတာနာရှာ၊ အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ ကျွမ်းကျင်စစ်သည်များ၊ ပင်မတပ်ဖွဲ့များမှစစ်သည်များ၊ ၀ိုင်းကြည့်နေကြသည့် ဇီးနစ်အင်ပါယာမှမြို့သူမြို့သားများနှင့် ဖှေး၏ရန်သူများဖြစ်သည့် အာမာယူရီနှင့် ကွန်စတာကာတာတို့ပင် ဤမြင်ကွင်းကြောင့် ထိတ်လန့်အံ့သြနေကြ၏။

အထူးသဖြင့် အာမာယူရီနှင့် ကွန်စတာကာတာတို့ပင်။ အခိုက်တန့်တစ်ခုကြာခန့် သူတို့သည် ဟွန်းတလားအား ကူညီရန်ကိုပင် မေ့လျှော့နေကြ၏။ သူတို့အား အပစ်တင်၍မရပေ တိုက်ခိုက်မှုသည် လျှင်မြင်စွာပင်ပြီးဆုံးသွားသည့်အတွက်ပင်။ မည်သူမှ ချမ်းဘော့ဒ်ဘုရင်သည် တစ်ချက်တည်းဖြင့် အနိုင်ရရှိသွားလိမ့်မည်ဟု ထင်မထားသည့်အတွက်ပင်။

တိုက်ပွဲပြီးသွားသည့်အချိန်တွင် သူတို့၏သိုင်းဆရာမသိစိတ်များမှ သူတို့ရင်ဆိုင်ရမည့်လူမှာ လူသားတစ်ယောက်မဟုတ်ပဲ ဒေါသဖြစ်နေသည့် နဂါးတစ်ကောင်သာဖြစ်ကြောင်း ပြောနေကြ၏။

တစ်ချို့လူများဆိုလျှင် ဂျက်အင်ပါယာမှာ နံပါတ်၁ဓားသမားအတွက်ပင် စိတ်မကောင်းဖြစ်နေကြ၏။ ဤအခိုက်တန့်တွင် သူသည်ကြီးမားသည့်အရှက်ရမှုကြီးတစ်ခုကို ခံစားနေရသည့်အတွက်ပင်။ လအဆင့်စစ်သည်တစ်ယောက်အတွက် ရန်သူထောင်ပေါင်းများစွာနှင့် သူ၏မိတ်ဆွေနှစ်ယောက်၏အရှေ့တွင် ဒရွတ်တိုက်အဆွဲခံနေရပြီးရက်စက်စွာ ရိုက်နှက်ခြင်းခံနေရခြင်းသည် သေဆုံးရသည်ထက်ပင်ပို၍ဆိုး၀ါးလှ၏။

သို့သော် သိုင်းပညာတောင်တန်းမှ သိုင်းဆရာအယောက်၄၀မှာ စိတ်လှုပ်ရှားသဖြင့် သူတို့၏မျက်လုံးများတောက်ပနေကြသည်။ သူတို့အားလုံးသည် ခါဆစ်အတွက်လက်စားချေသည့်အနေဖြင့် ဟွန်းတလားကို သတ်ဖြတ်လိုနေကြသည့်အတွက် ဤကဲ့သို့သော မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့နေရခြင်းသည် ပျော်ရွှင်ဖွယ်ပင်။

ဤထူးခြားသည့်ဘုရင်၏ အရိုင်းဆန်ကာ ရိုးရှင်းသည့်တိုက်ခိုက်မှုစတိုင်သည် လူပေါင်းများစွာ၏ နှလုံးသားထဲတွင်ရှိသည့် မီးပွားစကိုထွန်းလင်းစေလိုက်၏။

သွေးများဆူပွက်နေကြသည်။

၀ိဉာဥ်များလောင်ကျွမ်းနေကြသည်။

“ဖွီး...”

သွေးများသည် ဒဏ်ရာများအတွင်းမှ အဆက်မပြတ်စီးကျလာနေလျှက်ရှိသည်။

နာကျင်မှုကိုမခံစားရသည့်အတိုင်းပင် ဖှေးသည် ဓားရိုးမှကိုင်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ဆွဲနုတ်လိုက်၏။

“ချွင်...”

ဓားအားဆွဲနုတ်ပြီးသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှ ကြီးမားသည့်ဒဏ်ရာကြီးကိုဂရုမစိုက်ပဲ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

ဤအခိုက်တန့်တွင် ဖှေး၏မျက်နှာပေါ်၌အပြုံးတစ်စုံတစ်ရာကိုမြင်တွေ့ရခြင်းမရှိပေ။ သူ၏အနီရောင်မျက်လုံးများသည် အာမာယူရီနှင့် ကွန်စတာကာတာတို့ကိုစိုက်ကြည့်နေလျှက် သားရဲတစ်ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ပုံရိပ်ယောင်များစွာသည် လေပေါ်တွင် ကျန်ရစ်ခဲ့ပြီး သူတို့နှစ်ယောက်ထံသို့ပြေး၀င်သွားတော့၏။

သူသည် လအဆင့်စစ်သည်နှစ်ယောက်ကို ပြိုင်တူတိုက်ခိုက်တော့မည်ဖြစ်သည်။

“ကြယ်အဆင့်စစ်သည်တစ်ယောက်နဲ့ လအဆင့်စစ်သည်နှစ်ယောက်တိုက်ခိုက်မလို့လား...”

“သူရူးများသွားပြီလား...”

သိုင်းပညာတောင်တန်းမှ သိုင်းဆရာအယောက်၄၀နှင့် တစ်ချို့အင်ပါယာစစ်သည်များသည် ဖှေးနောက်မှပြေးလိုက်ကာ ကူညီပေးလိုကြ၏။ သူတို့သည် ဒဏ်ရာရရှိနေကြသည်မှာ မှန်သော်လည်းကွန်စတာကာတာနှင့် အာမာယူရီတို့သည် လူထောင်ပေါင်းများစွာကို တစ်ယောက်ထဲဖြင့်ပင်သတ်ဖြတ်နိုင်သည့် လအဆင့်စစ်သည်များဖြစ်နေဆဲဖြစ်သောကြောင့်ပင်။

“ဖုန်း ဖုန်း ဖုန်း...”

ဤလူများမတုန့်ပြန်နိုင်သေးခင်မှာပင် ရိုက်ခတ်သည့်အသံများနှင့် ထိုးစိုက်သည့်အသံများစွာထွက်ပေါ်လာတော့၏။

သူသုံးယောက်တွေ့ဆုံလိုက်သည့်အချိန်တွင် စွမ်းအင်လှိုင်းများပေါက်ကွဲကာ ထွက်ပေါ်လာပြီး လူများကိုအနောက်သို့လွှင့်ထွက်သွားစေသည်။

တစ်စက္ကန့်ကြသည့်အချိန်တွင် လူသုံးယောက်ကွဲသွား၏။

တိတ်ဆိတ်မှုတစ်ခုဖြစ်ပေါ်လာသည်။

မကြာမှီတွင် လူများသည် သူတို့၏သက်တမ်းတစ်လျှောက်တွင် မေ့နိုင်တော့မည်မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့၏။

ချမ်းဘော့ဒ်ဘုရင်၏ညာဘက်လက်မောင်းပေါ်တွင် ဓားတစ်ချောင်းစိုက်၀င်နေသည်။ ထိုဓားသည်အလွန်နက်ရှိုင်းစွာစိုက်၀င်ထားပြီး လူ၏လက်မောင်းတစ်ခုလုံးပြတ်ထွက်တော့မည့်အတိုင်းပင်။ သူ၏ခါးတစ်ဖက်ပေါ်တွင်လည်း နှစ်ပိုင်းပြတ်ခါနီးအထိနက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုရှိနေ၏။ သွေးများသည် ဒဏ်ရာများအတွင်းမှ ဒလက်ဟောစီးကျနေပြီး မြေပြင်ပေါ်တွင်ပင်ရေအိုင်ကဲ့သို့ဖြစ်နေ၏။ အ၀ေးမှကြည့်ပါက နှင်းဆီပန်းများစွာပွင့်နေသည့်အတိုင်းပင်။

သို့သော် သူသည် ပြင်းထန်စွာဒဏ်ရာရရှိနေသော်လည်း သူ၏ကြောပြင်သည် ခါဆစ်ကဲ့သို့ မားမားမက်မက်ရှိနေဆဲပင်။

သူ၏ဘေးတွင် အာမာယူရီနှင့် ကွန်စတာကာတာတို့သည် ဟွန်းတလားကဲ့မြေပေါ်သို့ လဲမကျခင်တုန်းကလိုပင်ပြုမူနေ၏။

လအဆင့်စစ်သည်နှစ်ယောက်သည် သူတို့၏၀မ်းဗိုက်များကိုလက်ဖြင့် အုပ်ထားကာ မျက်နှာမှ မျက်ရည်များ၊ သွေးများ၊ အန်ဖက်များစီးကျလာနေလျှက်ရှိသည်။ သူတို့သည် ပြန်လည်တိုက်ခိုက်လိုသော်လည်း ပြင်းထန်သည့်နာကျင်မှုကြောင့် အသက်ရှူရန်ပင်ခက်ခဲနေ၏။

ဖှေးလဲမောဟိုက်နေ၏။

ယခင်ကဲ့သို့ပင် သူ၏ဘယ်လက်ဖြင့် ညာလက်မောင်းပေါ်တွင် စိုက်၀င်နေသည့် ဓားကို ဆွဲနုတ်လိုက်၏။ ဒဏ်ရာအတွင်းမှ သွေးများစီးကျလာတော့ပြီး နာကျင်မှုနှင့် မူး၀ေမှုတို့ကို ခံစားလိုက်ရတော့သည်။ သို့သော် သူသည် အံကြိတ်ကာမအော်ဟစ်မိအောင်ထိန်းထားလိုက်၏။ လက်ရှိအခိုက်တန့်တွင် နာကျင်မှုကသာ သူ၏စိတ်ကိုသက်သာစေသကဲ့သို့ပင်။

လူရိုင်းဇာတ်ကောင်၏အစွမ်း သံမဏိအရေပြားပင်။

ထိုအစွမ်းသည် လူရိုင်းဇာတ်ကောင်၏ခုခံနိုင်စွမ်းကိုမြှင့်တင်ပေးသည်။

လအဆင့်စစ်သည်သုံးယောက်သည် ဒဏ်ရာရရှိနေသောကြောင့် သူတို့၏အစွမ်းများ၏တစ်၀က်ခန့်ကိုသာအသုံးပြုနိုင်ကြတော့သဖြင့် ဖှေးလူရိုင်းဇာတ်ကောင်၏ အကြမ်းခံနိုင်မှုအပေါ်တွင် အလောင်းစားပြုလုပ်ကာ တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းပင်။

လအဆင့်စစ်သည်များသည် သာမန်လူများထက်များစွာပို၍သန်မာပြီးများစွာပို၍ မာကြောသော်လည်း ၀မ်းဗိုက်နေရာသည် လူသားခန္ဓာကိယ်၏အပျော့ပျောင်းဆုံးနေရာတစ်ခုဖြစ်နေဆဲပင်။ ကံမကောင်းပါက နှစ်ပိုင်းပြတ်သွားနိုင်သည့်အလောင်းစားကိုယူလိုက်ပြီး ဖှေးအနီးရောက်သည်အထိပြေး၀င်သွားကာ လုပ်စရာရှိသည်ကိုလုပ်လိုက်ခြင်းပင်။

ဤကဲ့သို့ရူးသွပ်သည့် တိုက်ခိုက်မှုစတိုင်သည် ဖှေး၏ရင်ထဲတွင် ခံစားနေရသည့် ဒေါသတစ်ချို့ကိုလည်းပြေပျောက်စေ၏။

“၀ှစ် ၀ှစ်...”

ပခုံးမှ ပြန်နုတ်ထားသည့်ဓားကိုသာအသုံးပြုပြီး ဖှေးသည် လအဆင့်စစ်သည်သုံးယောက်၏ ခြေလက်အကြောများ၊ အတွင်းအားစီးကြောင်းကြီးခြောက်ခုကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက်တွင် မောပန်းလာသဖြင့် ထိုင်ချလိုက်ပြီး သူ၏ဒဏ်ရာများကို ပြန်လည်ကုသရန်ပြင်ဆင်လိုက်သည်။

“မင်း...ငါ့ကို သတ်လိုက်ပါ။ သတ်လိုက်ပါ...” အာမာယူရီသည် ဟွန်းတလားကဲ့သို့အရှက်ရလိုခြင်းမရှိပေ။ ထို့ကြောင့် ရုန်းကန်ရင်းဖြင့် ကျယ်လောင်စွာအော်ဟစ်နေ၏။ သူ့တွင်စွမ်းအားမရှိတော့သဖြင့် ဤကဲ့သို့သောနှိတ်စက်ခံရခြင်းသည် စစ်သည်များအတွက်သေဆုံးသည်ထက်ပင် ပို၍ဆိုး၀ါးလှသည်။

ဖှေးသူ့အား စိုက်ကြည့်ရင်းဖြင့် ပြန်လည်သစ်လွင်ဆေးပုလင်းတစ်လုံးကိုမော့သောက်လိုက်သည်။

သူသည် ဤလူများကို လွယ်လွယ်ကူကူဖြင့် သေဆုံးခွင့်ပေးမည်မဟုတ်ပေ။

ခါဆစ်အား ထောင်ခြောက်ဆင်ခါလုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် မည်ကဲ့သို့အကျိုးဆက်များရင်ဆိုင်ရမည်ကို ဤလူများအား ပြသပေးတော့မည်ဖြစ်သည်။

ဖှေးသည် စိတ္တဇလူတစ်ယောက်ကဲ့သို့ပင်။

All Chapters