← Chapters

အခန်း (၄၆၃)

Vol. 30 Ch. 463

အခန်း (၄၆၃)

Vol. 30 Ch. 463

အရာအားလုံးကို မြင်တွေ့လိုက်ရသည့် လူများထဲမှ တစ်ယောက်မှာ ကွန်စတာကာတာ၏သမီးလန်ဂျီပင်။ ဤအခိုက်တန့်တွင် သူမသည် သာမန်ဇီးနစ်မြို့သူတစ်ယောက်ကဲ့သို့ပင်။

ဖှေး လအဆ့င်စစ်သည်သုံးယောက်လုံးကို လျှင်လျှင်မြန်မြန်ပင် ဖျက်ဆီးပစ်လိုက်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် တည်တည်ငြိမ်ငြိမ်နေတတ်သည့် ကောင်မလေးသည် မျှော်လင့်ချက်မဲ့သည့်အခြေအနေသို့ ကျရောက်သွား၏။

သူမ၏ ခံစားချက်များသည် မှန်ကန်နေသည်။

အိမ်ဘေးမှ ကောင်လေးတစ်ယောက်ပုံပေါက်နေသည့် အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ ဘုရင်ငယ်သည် နတ်ဆိုးတစ်ပါးပင်။ သူ၏ဒေါသအောက်တွင် လအဆင့်စစ်သည်သုံးယောက်ပင် အကာကွယ်ကင်းမဲ့ကုန်ကြသည်။ မည်သူမှ သူ့အား အသေခံခါ၀င်ရောက်တိုက်ခိုက်လိမ့်မည်ဟုထင်မထားခဲ့ကြသော်လည်း ဤကဲ့သို့တိုက်ခိုက်လိုက်ခြင်းသည် အလွန်ထိရောက်လှသည်။ ဒဏ်ရာရရှိနေကြသော်လည်း လအဆင့်စစ်သည်သုံးယောက်သည် အတွေ့ကြုံများနှင့် တိုက်ခိုက်နိုင်စွမ်းများစွာရှိနေဆဲပင်။ သို့သော် သူတို့အား လုံးသည် ဖှေး၏အသေခံတိုက်ခိုက်သည့်ဗျူဟာကြောင့် အငိုက်မိသွားကြခြင်းပင်။

“ငါဘာလုပ်ရမလဲ...ငါဘာလုပ်ရမလဲ...” လန်ဂျီသည် အလွန်ပျာယာခတ်နေ၏။

သူမ၏အဖေ၏မျက်နှာပေါ်မှ နာကျင်နေသည့်အမူယာကိုမြင်တွေ့အပြီးတွင် ကောင်မလေးသည် သူ၏နှလုံးသားတစ်ခုလုံးနာကျင်နေရ၏။ မကြာမှီတွင် သူမ၏အမြင်အာရုံသည် မျက်ရည်များဖြင့် ၀ေ၀ါးသွားတော့၏။

သူမသည် ပြေး၀င်သွားကာ သူမ၏အဖေကို ကူညီလိုသော်လည်း သူမတွင်ကျန်ရှိနေသည့် နောက်ဆုံးအသိစိတ်အနည်းငယ်မှ သူမအား ထိုကဲ့သို့မပြုမူမိအောင်ထိန်းထားလိုက်၏။

သူမသည် လက်ရှိအခိုက်တန့်တွင် အကူညီပေးနိုင်မည်မဟုတ်သေးကြောင်းကို သိရှိသည့်အတွက်ပင်။ အကယ်၍ သူမပြေး၀င်သွားပါက သူမသည်လည်းအဖမ်းခံရမည်ဖြစ်သည်။

“ငါ့အဖေကို အဲ့နတ်ဆိုးရဲ့လက်ထဲကနေ ဘယ်လိုကယ်တင်ရမလဲ...”

ယခုအချိန်တွင် သူမ၏အဖေသည် သူမအား အဆောက်ဦးအတွင်းမှ ထွက်ခွာသွားစေလို၍ စျေးသွား၀ယ်ခိုင်းလိုက်ခြင်းဖြစ်သည်ကို သူမသိရှိသွားပြီဖြစ်သည်။

“အဖေက တစ်စုံတစ်ခုကို အာရုံခံလိုက်မိလို့ဖြစ်မယ်။ သူတို့သုံးယောက်လုံး မလွတ်မြောက်နိုင်တော့တာက အထင်ရှားပဲလေ။ ဒါပေမယ့် အင်ပါယာနဲ့ သူ့ရဲ့တာ၀န်တွေကိုပဲ အလေးထားတဲ့အဖေက ဒီအချိန်မှာတော့ ငါ့ကိုအရာအားလုံးရဲ့ အရှေ့မှာ ဦးစားပေးခဲ့တာ။ သူက ဟွန်းတလားနဲ့ အာမာယူရီတို့ကို အန္တရာယ်ရှိတာကိုအသိမပေးပဲနဲ့ ငါ့ကိုပဲ အဆောက်ဦးအတွင်းကနေထွက်သွားစေချင်ခဲ့တာ။ လအဆင့်စစ်သည်သုံးယောက်လုံးဖမ်းမိသွားပြီဆိုရင် ဇီးနစ်အင်ပါယာကလည်း ရှာဖွေစစ်ဆေးတော့မှာမဟုတ်ဘူး။ အဲ့လိုဆိုရင် ငါလဲ အိုက်ဟိုဗင်ကို လုံလုံခြုံခြုံပြန်သွားနိုင်အောင်လို့ အဖေက အရာအားလုံးကိုစတေးခဲ့တာပဲ...”

လအဆင့်စစ်သည်များအပြင် တစ်ခြားအင်ပါယာမှ အသက်ရှင်ကျန်နေသည်သူနောက်တစ်ယောက်ရှိနေသေးကြောင်းကို မည်သူမှမသိကြပေ။ တစ်ခြားရန်သူများအားလုံးသည် သိုင်းပညာတောင်ပေါ်တွင် သေဆုံးသွားခဲ့ပြီဟုလူတိုင်းမှ ထင်နေကြသည်။

......

ဟွန်တလား၊ အာမာယူရီနှင့် ကွန်စတာကာတာတို့ သုံးယောက်လုံးသည် ဖမ်းမိသွားကြ၏။ ထောင်သားများသည် လက်မအရွယ်ခန့်ထူထပ်သည့်သံမဏိချိန်းကြိုးကြီးများကို ထုတ်ယူကာ သူတို့အား တုတ်နှောင်လိုက်ကြသည်။ သူတို့အား ရုန်းကန်ကာ ထွက်ပြေးနိုင်ခြင်းမရှိစေရန်အတွက် သူတို့၏ပခုံးများခြေထောက်များပေါ်တွင် လေးလံသည့် ချိန်းကြိးများကိုတင်ကာ အခိုင်မာတုတ်နှောင်ထားကြ၏။

သူမ၏ကိုယ်ရံတော်များ၏ကာကွယ်မှုအောက်တွင် တာနာရှာသည် ရထားလုံးပေါ်မှနေ၍ တိုက်ပွဲမြေပြင်အား ရောက်ရှိလာ၏။

“အလတ်ဇန္ဒား ဒါက နည်းနည်းရိုင်းသလိုဖြစ်နေမယ်ဆိုပေမယ့်။ ငါပြောမှဖြစ်မယ်...နင်သူတို့သုံးယောက်လုံးကို ဒီနေရာမှာ သတ်လို့မရသေးဘူး။ သူတို့ကို နင်စစ်ဌာနချုပ်ကို လွှဲပေးမှရမယ်။ သူတို့က အချက်လက်တွေတော်တော်များများကိုသိထားတော့ ငါတို့စစ်မေးရဦးမယ်လေ...” တာနာရှာဖြေးညှင်းစွာဖြင့် ပြောလိုက်၏။

“စစ်ဌာနချုပ်ဟုတ်လား...” ဖှေးပြုံးလိုက်ကာ အနည်းငယ်မူး၀ေနေသည့် ပုံပေါက်နေ၏။

အံ့သြဖွယ်ပင် ဖှေးသည်မင်းသမီးအား ကြံရခက်အောင်မလုပ်ခဲ့ပေ။ သူသည် လအဆင့်သိုင်းဆရာသုံးယောက်အား ကြည့်ကာ ပြောလိုက်သည်။ “ကောင်းတာပေါ့။ သူတို့အဲ့နေရာမှာဆိုရင် အနှိပ်စက်တော့ခံရမယ်ထင်တယ်။ ငါလဲအလုပ်သက်သာတာပေါ့...”

ထိုကဲ့သို့ပြောအပြီးတွင် ဖှေး ကောင်းကင်ဘုံဓားကို ဟွန်းတလား၏ မေးစေ့အောက်သို့ပို့လိုက်သည်။ ဟွန်းတလား၏ခေါင်းသည် အလွန်စိတ်ဓာတ်ကျလွန်းသဖြင့် ငိုက်စိုက်ကျနေ၏။ သို့သော် ဖှေးသူ၏ခေါင်းကို ဓားဖြင့် မြှောက်လိုက်သည်။

“ငါသုံးရက်နေရင် ဂျက်အင်ပါယာစစ်မြေပြင်ကို သွားတော့မယ်ဆိုတာကို သိတယ်မလား။ တကယ်လို့ စစ်ဌာနချုပ်က ဒီကောင့်ပါးစပ်ကနေအသုံး၀င်တဲ့သတင်းအချက်လက်တွေ ထုတ်ဖောနိုင်ခဲ့မယ်ဆိုရင် င့ါကိုလဲသတင်းပို့လိုက်။ စစ်မြေပြင်မှာ အသုံး၀င်လာနိုင်တယ်...” ဖှေး တာနာရှာအား ပြောလိုက်၏။

“အေးပါ ငါနင့်ကို ကတိပေးပါတယ်...” တာနာရှာသည် ရိုးသားစွာပင်ပြန်ဖြေလိုက်သည်။

သူမရုတ်တရက် ဖှေးအားအကြွေးများစွာတင်နေသကဲ့သို့ခံစားလိုက်ရ၏။

“ကောင်ပြီ...” ဖှေးသည် လက်စွဲတော်လက်နက်ကောင်းကင်ဘုံဓားကို သိုင်းပညာတောင်တန်းမှ နက်စ်တာအမည်ရှိသည့်ခေါင်းဆောင်လူငယ်အားပေးလိုက်ပြီး ခါးဆန့်၍ သန်းကာ ထွက်ခွာသွား၏။

သူခြေလှမ်းအနည်းငယ်ခန့်လမ်းလျှောက်ပြီးသွားသည့်အချိန်တွင် ရုတ်တရက်တစ်ဖက်သို့ပြန်လှည့်ကာ ကွန်စတာကာတာအား ကြည့်လိုက်သည်။ အဖြူရောင်ဆံပင်များနှင့် ဓားတောင်ပေါ်တွင် ထိုအဖိုးကြီးပြောခဲ့သည့်စကားလုံးများကို ပြန်လည်စဥ်းစားလိုက်မိပြီးနောက်တွင် သူ၏နှလုံးသားသည် အကြောင်းပြချက်တစ်ချို့ကြောင့် ပျော့ပြောင်းသွား၏။ သူသည်ရုတ်တရက်တာနာရှာကို ပြောလိုက်သည်။ “အဲ့လူကအသက်ကြီးနေပါပြီ။ သူ့ကို နည်းနည်းပိုပြီးသက်ညှာပေးလိုက်ပါ...”

“အေးပါ...” တာနာရှာခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်တွင် ဖှေးသူ၏လက်ကို ၀ှေ့ရမ်းကာ ဘာမှမပြောပဲထွက်ခွာသွားတော့၏။

ဖှေးသည် ယခုအချိန်တွင်ပျော်ရွှင်နေရမည်ဖြစ်သည်။ သူသည်လုပ်ကြံသတ်ဖြတ်သူသုံးယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး ဒေါသကိုလည်းဖြေဖျောက်ပြီးပြီဖြစ်သည်။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူ၏စိတ်ခံစားချက်များမှာ သိပ်ပြီးမကောင်းမွန်လှပေ။

သူမည်သည့်အရာကိုမှ မရလိုက်သည့်အတွက်ပင်။ သူ၏ဆရာခါဆစ်သည်လည်း ထာ၀ရပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ဖှေးထံသို့ မည်သည့်အချိန်တွင်မှ ပြန်လာပြီး ဆုံးမသွန်သင်နိုင်တော့မည်မဟုတ်ပေ...

သိုင်းပညာတောင်တန်းမှ စစ်သည်အယောက်၄၀သည်လည်း ဖှေးအနောက်မှ တိတ်ဆိတ်စွာလိုက်ပါလာလျှက်ရှိသည်။

လူ၄၁ယောက်သည် ဖြေးညှင်းစွာလမ်းလျှာက်နေကြသော်လည်း လူအများ၏မျက်လုံးထဲတွင် စစ်သည်တပ်ဖွဲ့ကြီးတစ်ခုချီတပ်နေသကဲ့သို့ပင်။

ချမ်းဘော့ဒ်ဘုရင်လမ်းလျှောက်သွားသည့်နေရာတိုင်းတွင် ဇီးနစ်စစ်သည်များနှင့် မြို့သူမြို့သားများသည် လျှင်မြန်စွာပင်လမ်းဖယ်ပေးလိုက်ကြသည်။ ချမ်းဘော့ဒ်ဘုရင် သူတို့ဘေးမှ ဖြတ်လျှောက်သွားသည့်အချိန်တွင် လူများသည် စိတ်လှုပ်ရှား၍ တုန်ခါလာကြ၏။ သူတို့သည်တစ်စုံတစ်ခုပြောလိုကြသော်လည်း ဘာပြောရမည်မှန်းမသိဖြစ်နေ၏။ မည်သူမှ စတင်ခဲ့သည်မှန်းမသိသော်လည်း မိုးချုန်းသံကဲ့သို့သော လက်ခုပ်သံများသည် ကောင်းကင်ရံတွင် ဟိန်းနေ၏။

ဇီးနစ်အင်ပါယာမှ လူများသည် သူရဲကောင်းများကို နှစ်သက်ကြသည်။

သူရဲကောင်းများကို ဇီးနစ်အင်ပါယာမှ ရာထူးဂုဏ်ရှိန်များစွာပေးကာ မြှောက်စားထားသဖြင့် သာမန်အားဖြင့် လမ်းပေါ်တွင်မြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော် ချမ်းဘော့ဒ်ဘုရင်ကိုမူ ယနေ့သူတို့၏အရှေ့တွင် ထင်ထင်ရှားရှားမြင်နေရသည်။

ချမ်းဘော့ဒ်ဘုရင်သည် သူတို့၏စိတ်ထဲတွင် သူရဲကောင်းအစစ်မှန်တစ်ယောက်ပင်။

ယနေ့မတိုင်မှီက လူများစွာသည် သိုင်းပညာတောင်ပေါ်တွင်ဖြစ်ခဲ့သည့်သတင်းများကို ကြားခဲ့ပြီး ဤအဖွဲ့၀င်တိုင်းပြည်များမှ နံပါတ်၁စစ်သည်သည် လအဆင့်စစ်သည်တစ်ယောက်နှင့် ယှဥ္ပ်ပြိုင်တိုက်ခိုက်ကာ ခါဆစ်အတွက်အချိန်ဆွဲပေးထားခဲ့ကြောင်းကို သိရှိခဲ့ကြသည်။ သူသည် ယနေ့တွင်လည်း မနေ့ညကလွတ်မြောက်သွားခဲ့သည့် ရန်သူများကို ချောင်ပိတ်ကာ ဖမ်းဆီးပေးခဲ့သေးသညည်။

“ဆရာကြီးခါဆစ်က သိုင်းပညာတောင်တန်းက အင်အားစုကို သူ့လက်ထဲထည်ပေးသွားခဲ့တာ သိပ်မဆန်းတော့ပါဘူး။ ပိုပြီးယုံကြည်နိုင်တဲ့လူမရှိတော့ဘူးလေ...” လူများတွေးလိုက်မိကြသည်။

ဖှေးနှင့် သူ၏လူများပျောက်ကွယ်သွားမခြင်း လက်ခုပ်သံများသည် ရပ်တန့်၍မသွားပေ။

“သူက မသိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ စကြ၀ဠာထဲမှာ တစ်ယောက်ထဲပဲ။ သူက နတ်ဆိုးတွေ၊ နတ်ဘုရားတွေ၊ လူသားတွေနေထိုင်ကာ လောကတွေကိုဖြတ်သန်းသွားလာခဲ့တယ်...သူက အဆုံးမဲ့ခြင်းတွေစီကို လမ်းလျှောက်သွားနေတယ်...”

လမ်းဘေးတစ်ဖက်တွင် အမဲရောင်၀တ်ရုံရှည်များ၀တ်ဆင်ထားသည့်လူနှစ်ယောက်ရှိနေ၏။ ဖှေးနှင့် သူ၏လူများပျောက်ကွယ်သွားသည့်အချိန်တွင် ပို၍အရပ်ရှည်သည့်လူတစ်ယောက်သည် ဘုရားကျောင်းကျမ်းစာထဲတွင်ပါရှိသည့် စာပိုဒ်တစ်ခုကို ရွတ်ဆိုလိုက်၏။ ထို့နောက်တွင် သူသည် တစ်ဖက်သို့လှည့်ကာ ပို၍အရပ်ပုသောလူအားကြည့်လိုက်ပြီးမေးလိုက်သည်။ “ဆရာကြီးဘယ်လိုထင်လဲ...”

“သူ့ရဲ့စွမ်းအားတွေက အရင်တွေ့တုန်းကထက်အများကြီးတိုးတက်လာတယ်။ ကျုပ်ထင်တာမမှားဘူးဆိုရင် သူက လက်တစ်ကမ်းအလိုကိုရောက်ရှိနေတာပဲ။ ကံကောင်းမယ်ဆိုရင်အချိန်တိုအတွင်းမှာ လအဆင့်စစ်သည်တစ်ယောက်ဖြစ်သွားတော့မယ်...” ပို၍ အရပ်ပုသည့်လူသည် ပြန်ဖြေလိုက်၏။

ပို၍အရပ်ပုသည့်လူသည် အမဲရောင်၀တ်ရုံတစ်ခုဖြင့် ဖုံးကာထားပြီး သူ၏မျက်နှာအများစုကိုအမဲရောင်ပိတ်တစ်ခုဖြင့် ဖုံးကွယ်ထား၏။ သို့သော် သူ၏ငွေရောင်မုတ်ဆိတ်များနှင့် ခြောက်သွေ့နေသည့်အသားရည်များကြောင့် သူသည်အသက်ငါးဆယ်အရွယ်ခန့်သက်ကြီးပိုင်းတစ်ယောက်ဖြစ်သည်ကိုသိသာနေ၏။ သူ၏ခန္ဓာကိုယ်သည်စကားပြောနေသည့်အချိန်တွင်ပြင်းထန်သည့်နာကျင်မှုကို ခံစားနေရသကဲ့သို့ တုန်ခါနေ၏။ သို့သော် သူ၏အသံမှာမူ တည်ငြိမ်နေပြီးစွမ်းအားပြည့်၀သည့်အရိပ်ယောင်များပါရှိနေ၏။

လက်ရှိတွင် ဇီးနစ်အင်ပါယာ၏အခြေအနေများမှာ တင်းမာနေသည့်အတွက်ကြောင့် သူတို့နှစ်ယောက်သည် လူလည်ခေါင်တွင်အင်ပါယာကင်းလှည့်တပ်ဖွဲ့များ၏အာရုံစိုက်မှုကို ရရှိနေလျှက်ရှိကြသည်။ သူတို့၏၀တ်ရုံများတွင်သာ အနီရောင်လက်၀ါးကပ်တိုင်ပုံ မဟာဘုရားကျောင်း၏အမှတ်သားနှင့် သူတို့၏ခန္ဓာကိုယ်မှ မြင့်မြတ်သည့်စွမ်းအင်အရှိန်၀ါများထွက်ပေါ်နေခြင်းမရှိပါက ဇီးနစ်စစ်သည်များ၏ ဖမ်းဆီးခြင်းကိုခံရမည်ဖြစ်သည်။

“သူ့ရဲ့အစွမ်းတွေက အတော်လေးတိုးတက်လာတယ် ဒါပေမယ့် သူက လအဆင့်စစ်သည်တစ်ယောက်ကို အနိုင်ယူနိုင်လောက်တဲ့အထိတော့မသန်မာသေးပါဘူး။ ဒီလောက်စွမ်းအားကြီးတဲ့လူက တစ်ချိန်တည်းမှာပဲ အောက်လမ်းအစွမ်းကိုကျင့်ကြံနိုင်လိမ့်မယ်လို့လဲကျွန်တော်မထင်ဘူး။ ဆရာကြီးရော ဘယ်လိုထင်လဲ...” ပို၍အရပ်ရှည်သည့်လူသည် သူ၏ဘေးတွင်ရှိသည့်လူအားဖျောင်းဖျနိုင်ရန်အတွက်ကြိုးစားနေသည့်ပုံပင်။

“အရှင့်သား ဘုရားသခင်ပြောခဲ့တာက နတ်ဆိုးတွေက ဉာဏ်များပြီးတော့ ဆက်ဆံရခက်တယ်။ သူတို့တွေက ပုံမှန်မဟုတ်တဲ့ဟာတွေကိုလုပ်လေ့လုပ်ထရှိတယ်။ အခုဆိုရင် ချမ်းဘော့ဒ်ဘုရင်က ဒေါသဖြစ်နေတဲ့အချိန်မှာ ဘာမဆိုလုပ်ရဲတဲ့လူတစ်ယောက်ဆိုတာကို ကျွန်တော်တို့မျက်မြင်တွေ့လိုက်ရတာပဲလေ။ ဒီနေ့ဖြစ်ခဲ့သလိုပဲ ဘယ်သူက လအဆင့်စစ်သည်သုံးယောက်ကိုတစ်ချိန်တည်းမှာရင်ဆိုင်ရဲမလဲ။” ပို၍အရပ်ပုသည့်လူသည် တုန်ယဥ်နေ၏။ “သူက အဲ့လောက်လမ်းဆရာနဲ့ ဒီနေရာမှာတူနေတယ်။ အဲ့တာကြောင့်မလို့ အဲ့အောက်လမ်းဆရာက ချမ်းဘော့ဒ်ဘုရင်ပဲဆိုတာကို ကျုပ်တို့ယူဆနိုင်သေးတယ်...”

“ဒါပေမယ့် ဆရာကြီး အလတ်ဇန္ဒားက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ်တစ်ယောက်ဖြစ်နေနိုင်သေးတယ်လေ။ သူ့မှာ ရွှေရောင်မြင့်မြတ်သန့်စင်တဲ့စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတယ်။ လူတစ်ယောက်က တစ်ချိန်တည်းမှာပဲ မရဏစွမ်းအင်နဲ့ မြင့်မြတ်သန့်စဥ်တဲ့စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကရောဖြစ်နိုင်လို့လား။ နောက်ပြီးလုပ်ကြံသတ်ဖြတ်မှုဖြစ်တဲ့အချိန်မှာ ချမ်းဘော့ဒ်ဘုရင်က သူ့စခန်းမှာပဲရှိနေတယ်ဆိုတဲ့ သက်သေတွေလဲခိုင်ခိုင်လုံလုံရှိနေသေးတာပဲ။” ပို၍ အရပ်ရှည်သည့်လူမှ ပြောလိုက်၏။ “ဆရာကြီးက အလတ်ဇန္ဒားကို တမင်များအငြိုးထားနေတာလား...”

“တမင်အညိုးထားတယ်ဟုတ်လား...” ပို၍အရပ်ပုသည့်လူသည် အချိန်အတန်ကြာခန့်တိတ်ဆိတ်သွား၏။ ခနအကြာတွင်သူပြောလိုက်သည်။ “ဟုတ်ရင်ဟုတ်မှာပေါ့။ ကျုပ်သူ့ကို သဘောမကျဘူး။ ဒါမယ့် အရှင်ပြောတာတွေကလည်းမှန်ပါတယ်။ အဲ့တာကြောင့် မဟာဘုရားကျောင်းက သူရဲကောင်းတွေကို သူ့ကိုမဖမ်းခိုင်းသေးတာပေါ့...”

“ကျွန်တော်ကတော့ ဆန့်ကျင်ဘက်ပဲ။ ကျွန်တော် သူ့ကို သဘောကျတယ်ဗျ။ ကျွန်တော်နဲ့တူသလိုခံစားရတယ်...”

“အဲ့တာက အရှင့်သားက ပါရမီရှင်တွေထဲက ပါရမီရှင်တစ်ယောက်မို့လို့ပါ။ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အရှင့်သားက အထီးကျန်နေတယ်လေ...”

သူတို့တစ်ယောက်နှင့်တစ်ယောက်တိတ်ဆိတ်စွာစကားပြောအပြီးတွင် ထွက်ခွာသွား၏။

သူတို့နှစ်ယောက်နှင့် သိပ်မ၀ေးသည့်နေရာတွင် မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည့်အသားညိုညိုနှင့်ကောင်မလေးတစ်ယောက်ရှိနေ၏။ သူမသည် လူရှေ့တွင် ၀မ်းနည်းမှုကို မပြသရန်အတွက် အတတ်နိုင်ဆုံးကြိုးစားနေခဲ့၏။ အေးစက်သည့် ဆောင်းလေညှင်းသည် ပို၍အရပ်ပုသည့် လူ၏၀တ်ရုံကို လွှင့်ပျံသွားစေသညည့်အချိန်တွင် သူ၏ကောင်ရိုးဖိန်ပများကို သူမသတိထားလိုက်မိသည်။

သို့ရာတွင် သူမသည် ဤလူနှစ်ယောက်ကို သိပ်ပြီးအာရုံစိုက်ခြင်းမရှိပဲ သူမ၏မျက်လုံးများသည်တစ်ခြားအရပ်မျက်နှာတစ်ခုတွင်သာရောက်ရှိနေ၏။

ထိုနေရာတွင် ကွန်စတာကာတာ၊ အာမာယူရီနှင့် ဟွန်းတလားတို့ကို ကြိးများအထပ်ထပ်တုတ်နှောင်၍ ထောင်လှည်းများအတွင်းသို့ တင်ကာ ဇီးနစ်စစ်ဌာနချုပ်တွင်ရှိသည့်အကျင်းထောင်ထံသို့ခေါ်သွားသည်ကို သူမတွေ့လိုက်ရသည်။

နတ်ဆိုးကဲ့သို့သော် လူငယ်သည် သူ၏စစ်သည်များနှင့် ထွက်ခွာသွားပြီဖြစ်သော်လည်း လန်ဂျီမလှုပ်ရှားရဲသေးပေ။

ပထမဆုံးအနေဖြင့် သူမသည် ကျင့်ကြံခြင်းကိုသိပ်အာရုံမစိုက်ပဲ စစ်ဘက်ဆိုင်ရာဗျူဟာများကိုသာ အာရုံစိုက်လေ့လာခဲ့မိသည့်အတွက်နောင်တရမိနေ၏။ သူမ၏ ဉာဏ်ပညာများနှင့် လေ့လာထားသည့်စစ်ဘက်ဆိုင်ရာဗျူဟာများသည် ဤကဲ့သို့အခြေအနေတွင် သိပ်ပြီးအသုံးမ၀င်လှပေ။ သူမ၏အဖေကိုကယ်တင်နိုင်ရန်နည်းလမ်းမရှိဖြစ်နေ၏။

......

ဖမ်းချုပ်ခံထားရသည့် လအဆင့်စစ်သည်သုံးယောက်ကို ကြည့်ရင်းဖြင့် ဇီးနစ်အင်ပါယာသည် အလတ်ဇန္ဒားကိုရရှိထားသည့်အတွက် ကံကောင်းသလိုမင်းသမီးတာနာရှာခံစားလိုက်ရသည်။

ဤလအဆင့်စစ်သည်များကို ဖမ်းဆီးနိုင်သွားသည်အတွက် ဇီးနစ်အင်ပါယာသည် အချက်လက်များကို စစ်ဆေးမေးမြန်းနိုင်ပြီးလာမည့်တိုက်ပွဲများတွင် အားသာမှုကိုရရှိလာနိုင်သည့်အတွက်ပင်။ ဤလူသုံးယောက်သည် အသက်ရှင်လျှက်ဖမ်းဆိးထားလိုက်ခြင်းဖြင့် ပို၍တန်ဖိုးရှိသည့်အတွက်ပင်။

အရာအားလုံးကိုစီစဥ်ထားပြီးချိန်တွင် မင်းသမီးတာနှာရှာသည် ကြီးမားသည့်ကျောက်တုံးကြီးတစ်ခု၏အောက်တွင်ရှိနေသည့် ပစ္စည်းတစ်ချို့ကို သတိထားလိုက်မိသည်။

“စားကျွင်းစားကျန်တွေနဲ့ သစ်သားနဲ့လုပ်ထားတဲ့ အစာဘူးတစ်ခု။” ဇီလျန်းသည် တာနာရှာထံသို့ ဤပစ္စည်းများယူဆောင်လာပေးလိုက်၏။

“ဒီလူသုံးယောက်ကို ကူညီနေတဲ့လူရှိနေတယ်။ အမ်...အသက်၂၀၀န်းကျင်မိန်းကလေးတစ်ယောက်ပဲ။ သူမက ဒီနားတစ်၀ိုက်မှာပဲရှိလောက်သေးတယ်။ င့ါအမိန့်ကိုပြောလိုက် ရှာဖွေမှုတွေကို ဆက်လက်ဆောင်ရွက်ကြ ဂိတ်တံခါးလေးခုကို သေချာစောင့်ကြည့် အသက်၂၀၀န်းကျင်အမျိုးသမီးတစ်ယောက်က မြို့တော်ထဲကနေထွက်ခွာဖို့ပြင်နေရင် သူမကို သေသေချာချာစစ်မေးကြ။ မသင်္ကာစရာရှိတယ်ဆိုရင် အရှင်ဖမ်း...”

တာနာရှာသည် ချက်ချင်းပင်ကောက်ချက်ချလိုက်ကာ အမိန့်များပေးလိုက်၏။ သူမ၏ ဇီးနစ်ဉာဏ်ပညာနတ်သမီးသူသည့် သရုပ်မှန်ကိုပြသနေခြင်းပင်။

“ဟုတ်ကဲ့ပါ အရှင့်သမီး...” သူမ၏ဘေးတွင်ရှိနေသည့် စစ်သည်များသည် အရိုသေပေးကာ ပြန်လည်ဖြေကြားလိုက်၏။

All Chapters