← Chapters

အခန်း (၄၆၄)

Vol. 30 Ch. 464

အခန်း (၄၆၄)

Vol. 30 Ch. 464

လန်ဂျီရုတ်တရက် အန္တရာယ်ကိုအာရုံခံမိလိုက်သည်။

ဇီးနစ်အင်ပါယာ၏ မင်းသမီးသည် အစောင့်စစ်သည်များကို တစ်စုံတစ်ရာပြောလိုက်ပြီးအစောင့်စစ်သည်များရုတ်တရက်သတိအနေထားဖြစ်သွားသည်ကို တွေ့လိုက်ရ၏။ သူမ၏ ရန်သူများသည် သူမအကြောင်းကိုသိရှိသွားပြီး သူမအား ချောင်ပိတ်ဖမ်းရန်စီစဥ်နေကြောင်းကိုလည်း ရိပ်စားမိလိုက်၏။

“အတော်အန္တရာယ်များတဲ့မိန်းမပဲ။ အဲ့မိန်းမကို ဇီးနစ်ဉာဏ်ပညာနတ်သမီးလို့ခေါ်ကြတာသိပ်မဆန်းပါဘူး။”

လန်ဂျီသည် လျှင်မြန်စွာပင်နောက်သို့ဆုတ်လိုက်ပြီး လူအုပ်နှင့်အတူ ရောထွေးလိုက်သည်။ ထို့နောက်တွင် သမုဒ္ဒရာအတွင်းသို့ရောက်ရှိသွားသည့် ငါးတစ်ကောင်ကဲ့သို့ပျောက်ကွယ်မသွားမှီ သူမသည် ထောင်လှည်းအတွင်းတွင်ပိတ်လှောင်ခံထားရသည့် သူမ၏အဖေကိုတစ်ချက်ကြည့်လိုက်သည်။

“အဖေ့ကို သမီးလာကယ်မယ်။အဲ့နတ်ဆိုးကိုလည်း သူလုပ်ခဲ့တဲ့အရာအတွက် ပြန်ပြီးတော့ ပေးဆပ်ရမယ်...”

......

......

ဖှေးချမ်းဘော့ဒ်စခန်းသို့ပြန်ရောက်သည့်အချိန်တွင် တစ်ခါမှမကြုံးဖူးသေးသည့် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းမဟုတ်ပဲ။ စိတ်ကြောင့်ပင်ပန်းနေခြင်းပင်။ ထို့ကြောင့် သူသည် စခန်းထဲတွင်လမ်းပတ်လျှောက်လိုက်ပြီး သူ၏တဲအတွင်းသို့၀င်ကာ မည်သူ့ကိုမှစကားမပြောပဲ အိပ်ယာထဲတွင်လှဲလိုက်၏။ သူ၏ခေါင်းနှင့် ခေါင်းအုံးနှ့င် ထိစပ်လိုက်ပြီးမကြာမှီမှာပင် ဖှေးအိပ်ပျော်သွားတော့သည်။

ချမ်းဘော့ဒ်မှစစ်သည်များနှင့် သိုင်းဆရာများသည် သူတို့ဘုရင်၏ ထူးခြားသည့်အပြုမူကိုသတိထားမိကြသောကြောင့် မည်သူမှ တဲအတွင်းသို့၀င်လာပြီး သူ့အား စကားပြောခြင်းမရှိကြပေ။

လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က မင်းသမီးဗစ်တိုးရီးယား ယခုအချိန်တွင် ကိုယ့်ကိုယ်ကို ရာထူးပြန်ပေးထားသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ ခေါင်းဆောင်စီးပွားရေးပညာရှင်သည် ဖှေးထံသို့ စာရင်းစာအုပ်တစ်အုပ်နှင့်အတူ ပြေးလာခဲ့သေးသည်။ သို့သော် ဖှေး၏စိတ်ခံစားချက်ကိုအာရုံခံလိုက်မိသည့်အတွက် နှောင့်ယှက်ခြင်းမပြုတော့ပဲ အမြန်ပြန်လည်ထွက်ခွာသွား၏။ သူမသည် ပျာယာပင်ခတ်သွားပြီး ပြန်သွားသည့်လမ်းတွင် ထိုင်ခုံအနည်းငယ်ကိုပါ၀င်တိုက်သွားလိုက်မိသေးသည်။

ဗစ်တိုးရီးယားသည် မည်သည့်အတွက်ကြောင့် ဖှေးကိုကြောက်လန့်နေကြောင်းကို သူမကိုယ်တိုင်ပင်မသိရှိချေ။ သူမဖှေးအား ရုပ်တည်ဖြင့် မြင်လိုက်ရသည့်အချိန်တိုင်းတွင် ထိန်းချုပ်၍မရအောင်ပင်တုန်ခါလာမည်ဖြစ်သည်။

လေးနာရီခန့်ကြာအပြီးတွင် ဖှေးရင်းနှီးသည့်် ချိုမိန်သောအနှံ့သက်တစ်ခုကို သူ၏အိမ်မက်များထဲတွင် ရလိုက်၏။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် အိပ်ယာဘေးတွင် မေးထောက်၍ သူ့အားကြည့်နေသည့် အန်ဂျယ်လာကို တွေ့လိုက်ရသည်။

ကောင်မလေးသည် သူ့အား ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်နေပြီး သူမ၏မျက်နှာပေါ်တွင် စိုးရိမ်သည့်အမူယာတစ်ခုရှိနေ၏။ ရွှေရောင်နေရောင်ခြည်သည်ဤကောင်မလေး၏မျက်နှာပေါ်သို့ ကျရောက်လျှက်ရှိနေပြီး သူမမျက်တောင်ခတ်လိုက်သည့်အချိန်တိုင်းတွင် အလင်းတန်းများကို ပြောင်းလဲသွားစေ၏။ ဤကောင်မလေး၏ အပြုမူတစ်ခုခြင်းစီတိုင်းသည် သူ့အား ဖမ်းစားနေသကဲ့သို့ဖှေးခံစားရသည်။

ဖှေး ပြုံးလိုက်မိသည်။

သူဤကောင်မလေးကို မြင်လိုက်သည့်အချိန်တိုင်းတွင် သူ၏စိတ်ခံစားချက်သည်လည်း တောက်ပသွားပြီးမကောင်းသည့်စိတ်ခံစားချက်များအားလုံးပျောက်ကွယ်သွားသလိုခံစားရသည့်အတွက်ပင်။ လေညှင်းသည် အမဲရောင်တိမ်တိုက်များကို အ၀ေးသို့လွှင့်စင်သွားစေပြီးနေရောင်ခြည်သည် နှင်းများကိုအရည်ပျော်ကျသွားစေပြီးသည့်နောက်တွင် အရာအားလုံးသည် ပို၍ အဆင်ပြေလာပြီဖြစ်၏။

“ဟာ အလတ်ဇန္ဒား နင်နိုးလာပြီပဲ...ဟမ် နင်ပြုံးနေတာလား...ဟဟ...” အန်ဂျယ်လာသည် ဖှေးနိုးလာပြီးပြုံးနေသည်ကို တွေ့လိုက်ရသည့်အတွက် ပျော်ရွှင်သည့်အမူယာတစ်ခုနှင့်အတူ ရီမောလိုက်၏။

ဖှေး ထလိုက်ပြီး အန်ဂျယ်လာ၏ အေးစက်နေသော လက်များကိုဆုပ်ကိုင်လိုက်သည်။

သူတာနာရှာပြောခဲ့သည်ကို ပြန်လည်ကာ သတိရလိုက်မိသည်။ ဤကောင်မလေးသည် သူ့အတွက် မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှ အဆင့်မြင့်ပါတီပွဲများကို မနှစ်သက်သော်လည်း တက်ရောက်ခဲ့သည့်အချက်ကိုပင်။ သူမသည်တစ်ခါတစ်ရံတွင် အရက်မူးကာ ပြန်လည်ရောက်ရှိလာသည့်အတွက် ဤဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေသည့် ဆွေကြီးမျိုးကြီးပါတီပွဲများကို အန်ဂျယ်လာစွဲလမ်းသွားမည်အား ဖှေးစိုးရိမ်ခဲ့မိသည်။ သို့သော် ယခုအချိန်တွင် သူအကြောင်းမဲ့စိုးရိမ်နေခြင်းဖြစ်ကြောင်းကို သိရှိလိုက်၏။

အန်ဂျယ်လာသည် တိတ်ဆိတ်မှုကိုချစ်မြတ်နိုးသည့်လူတစ်ယောက်ဖြစ်သည့်အတွက် ဆူညံသည့် ပါတီပွဲများကို နှစ်သက်ခြင်းမရှိသည်မှာအသေချာပင်။

“သူမက ဒါတွေကိုင့ါအတွက် လုပ်ပေးခဲ့တာပဲ...” ဖှေးတွေးလိုက်မိသည်။

သူသည် ဤကောင်မလေးအား သူမလိုချင်နေသည့်အဖြေတစ်ခုပေးမှဖြစ်မည်ဟု တွေးလိုက်မိသည်။

“အန်ဂျယ်လာ..ငါတို့လက်ထပ်ဖွဲလုပ်ပြီးတော့ လက်ထပ်ရအောင်...” သူပြောလိုက်သည့်အချိန်တွင် အနည်းငယ်တွန့်ဆုတ်သွား၏။

ဤသည်မှာ အချိန်ကောင်းတစ်ခုမဟုတ်သေးသည်မှာ ထင်ရှားသည့်အတွက်ပင်။ သူသည် လာမည့်သုံးရက်တွင် ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ကို ဦးဆောင်ကာ ဂျက်အင်ပါယာဖြင့်သွားရောက်တိုက်ခိုက်ရတော့မည်ဖြစ်ပြီး သွေးများမျက်ရည်များဖြင့် ပြည့်နှက်တော့မည်ဖြစ်သည်။ ဖှေးသည် လုံခြုံစွာပြန်လာနိုင်ရန်အတွက် မိမိကိုယ်မိမိယုံကြည်ချက်ရှိသော်လည်း ဇီးနစ်အင်ပါယာသည် ဤမုန်တိုင်းကို ကြံ့ကြံ့ခံနိုင်မည်လားဆိုသည်ကိုမူ သေချာမပြောနိုင်ပေ။ ဇီးနစ်အင်ပါယာအသိမ်းခံလိုက်ရပါက ချမ်းဘော့ဒ်တိုင်းပြည်ဘာဖြစ်သွားမည်နည်း။

ဤအခိုက်တန့်ကို မျှော်လင့်နေရသကဲ့သို့ အန်ဂျယ်လာ၏မျက်နှာပေါ်တွင် ပျော်ရွှင်သည့်အမူယာတစ်ခုပေါ်လာ၏။

သို့သော် ဤကောင်မလေးသည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီး သူမ၏ပျော်ရွှင်သောအမူယာသည် မှေးမှိန်သွားတော့သည်။

သူမ၏ခေါင်းကိုခနတာငုံ့လိုက်ပြီး ပြန်လည်ကာ မော့ကြည့်လိုက်သည်။

“အလတ်ဇန္ဒား...နင်က နောက်ထပ်ခရီးရှည်တစ်ခုသွားရတော့မယ်ဆိုတာကို ငါသိပါတယ်။ ငါတို့ရဲ့...လက်ထပ်ပွဲကိုကျင်းပဖို့အချိန်ရှိမှာမဟုတ်သေးဘူး။ နင်အဲ့လိုပြောတာကို တကယ်၀မ်းသာပါတယ်။ ဒါပေမယ့် နင့်အတွက် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်မလာဖို့ငါအတတ်နိုင်ဆုံးကြိုးစားနေတယ်။ ငါကနင့်ရဲ့မိဖုရားတစ်ယောက်ဖြစ်ချင်တယဆိုပေမယ့် ငါက တာနာရှာလိုလဲ ဉာဏ်မကောင်းဘူး၊ ပဲရစ်လောက်လဲမလှပဘူး၊ နင့်ကိုအချိန်တိုင်းကာကွယ်ပေးနိုင်တဲ့ အယ်လီနာလိုလဲမသန်မာဘူး...ဒါပေမယ့် ငါနင့်ကိုအမြဲတမ်းစောင့်နေပါမယ်...နင်က အရင်က အလတ်ဇန္ဒားနေနေ အခုချိန်လူတိုင်းလေးစားနေရတဲ့ဘုရင်တစ်ပါးဖြစ်နေနေင့ါအတွက်အရေးမကြီးဘူး။ ငါကအမြဲနင်နဲ့ ရှိနေမယ်...” အန်ဂျယ်လာသည်တောက်ပသည့်အပြုံးတစ်ခုနှင့်ပြန်ပြောလိုက်၏။

သူမပထမဆုံးအနေဖြင့် ရင်ထဲမှလာသည့်စကားလုံးများကို ပြောနေသည့်အတွက်ကြောင့်လားမသိချေ။ သူမ၏အသံသည် တိုးသည်ထက်ပို၍တိုးလာပြီး သူမ၏ရှက်ရွံ့နေသည့်မျက်နှာသည် အနီရောင်ပန်းသီးတစ်လုံးကဲ့သို့ပင်။

ဖှေးဘာမှ ပြန်ပြောခြင်းမရှိပေ။ သူ၏လက်မောင်းများထဲတွင် ဤကောင်မလေးကို ပွေ့ဖက်လိုက်သည်။

ဤအခိုက်တန့်တွင် သူအလွန်ကံကောင်းသည့် လူတစ်ယောက်ကဲ့သို့ခံစားလိုက်ရ၏။

သူသည် ချစ်ရသည့်လူတိုင်းကိုကာကွယ်ပေးသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ခါဆစ်အားဖြစ်ခဲ့သလိုကို ကျန်ရှိနေသည့်လူများအား ထက်မံ၍မဖြစ်စေလိုတော့ပေ။

အချိန်များသည် လျှင်မြန်စွာပင်ကုန်ဆုံးသွားသည်။

သုံးရက်အကြာတွင်ဖြစ်သည်။

မြင်းခွာသံများသည် ကောင်းကင်ရံတွင်ဟိန်းနေပြီး ဖုန်မှုန့်များလည်းလွှင့်ပျံနေလျှက်ရှိသည်။ လေးထောင့်ပုံအလံများစွာသည် ကောင်းကင်ပေါ်တွင် ပျံလွှင့်နေလျှက်ရှိပြီးနေရောင်ခြည်ကို ဖုံးကွယ်ထား၏။ ဓားများလှံများကိုလည်းကောင်းကင်ပေါ်တွင် ထောင်မက်ထားလေရာ လက်နက်သစ်တောကြီးတစ်ခုကဲ့သို့ပင်။

ဂျက်အင်ပါယာစစ်မြေပြင်၏နံပါတ်၁အမိန့်ပေးခေါင်းဆောင်၊ ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့၏ နံပါတ်၁စစ်ရေးခေါင်းဆောင် ဘုရင်အလတ်ဇန္ဒား၏အမိန့်အောက်တွင် တပ်ဖွဲ့ကိုဖွဲစည်းထားပြီးစတင်ကာ စစ်ချီတော့မည်ဖြစ်သည်။ နတ်စင်ပေါ်တွင် အဖြူရောင်နွားတစ်ကောင်ကို ပူဇော်လိုက်ပြီး ဖှေးသည်လည်း ဇီးနစ်အင်ပါယာအတွက် အောင်နိုင်ခြင်းကို ယူဆောင်လာရန်တိုင်တည်လိုက်သည်။

လွန်ခဲ့သည့်နေ့၀က်ခန့်က ပထမမြင်းတပ်ခွဲတစ်ခုသည် ရှီဗ်ချန်ကိုမှ တပ်ဖွဲ့ခေါင်းဆောင်၊ ပီတာမှ လက်ထောက်ခေါင်းဆောင်၊ အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာခြောက်ယောက်ဖြစ်ကြသည့် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ မီးနှင့်လေညီနောင်နှစ်ဖော်တို့မှ တပ်ခွဲခေါင်းဆောင်များ၊ တပ်စိတ်ခေါင်းဆောင်များအနေဖြင့် ဂျက်အင်ပါယာစစ်မြေပြင်သို့ ကြိုတင်ကာထွက်ခွာသွားကြပြီဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် အခြေအနေသည်များစွာပြောင်းလဲသွားခဲ့၏။

ပထမဆုံးအနေဖြင့် ဂျက်အင်ပါယာနှင့် အိုက်ဟိုဗင်အင်ပါယာတို့နှစ်ခုလုံးသည် ဇီးနစ်အင်ပါယာအား ပြန်လည်စစ်ကြေငြာလိုက်ကြသည်။

ထို့နောက်တွင် စိန့်ဂျာမိန်းအင်ပါယာနှင့် ဇီးနစ်အင်ပါယာတို့သည်မဟာမိတ်ဖွဲ့လိုက်ကြပြီး မင်းသားဂါရာနိုနှင့် စိန့်ဂျာမိန်းအင်ပါယာ၏ နံပါတ်၁စစ်ရေးခေါင်းဆောင် ပတ်စတိုရီတို့သည် စစ်သည်၅၀၀၀၀ကို အသီးသီးဦးဆောင်ပြီး စပါတပ်စစ်မြေပြင်နှင့် အိုက်ဟိုဗင်စစ်မြေပြင်သို့ထွက်ခွာသွားကြပြီဖြစ်သည်။

ဇီးနစ်အင်ပါယာရရှိထားသည့်သတင်းအချက်လက်များမှာ ဂျက်အင်ပါယာသည် နယ်စပ်တွင် စစ်သည်တစ်သိန်းကိုချထားပြီးစတင်တိုက်ခိုက်နေပြီဖြစ်သည်။ ဇီးနစ်အင်ပါယာအနောက်မြောက်ဘက်တွင်ရှိသည့် အရေးကြီးဆုံးမြို့တစ်ခုဖြစ်သည့် နဂါးါလံမြို့တာ်သည် တိုက်ခိုက်ခြင်းကိုခံနေရပြီး ဂျက်အင်ပါယာမှစစ်သည်များသည် ဇီးနစ်အင်ပါယာအရေးကြီးနယ်နိမိတ်များအတွင်းသို့ မကြာမှီတွင် ၀င်ရောက်လာနိုင်ခြေများစွာရှိနေသည်။

၀ံပုလွေစွယ်တပ်ဖွဲ့၏ ပထမဆုံးမစ်ရှင်မှာ ဂျက်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးသုံးခု၏တိုက်ခိုက်သိမ်းပိုက်လာမှုကို ကြိုးစားတောင့်ခံပြီး ဇီးနစ်အင်ပါယာ၏အနောက်မြောက်ပိုင်းဒေသကို ရန်သူများလက်အတွင်းသို့မရောက်ရှိအောင်ကာကွယ်ပေးရန်ဖြစ်သည်။ ထို့အပြင် အခွင့်ရေးရရှိလာပါက ဂျက်အင်ပါယာကိုလည်း တန်ပြန်တိုက်ခိုက်ရန်ဖြစ်သည်။

ဤသည်မှာ မဖြစ်နိုင်သလောက်ပင်ခက်ခဲသည့် မစ်ရှင်တစ်ခုဖြစ်သည်ကို လူတိုင်း၀န်ခံရလိမ့်မည်ဖြစ်သည်။

လွန်ခဲ့သည့်ဆယ်နှစ်လုံး ဂျက်အင်ပါယာသည် အိမ်နီးခြင်းအင်ပါယာများထဲတွင် အလွှမ်းမိုးနိုင်ဆုံးအင်ပါယာတစ်ခုပင်။ စစ်သည်များအားကောင်းမွန်စွာအထူးလေ့ကျင့်ပေးထားပြီး ကောင်းကင်အား စိုးမိုးသူများဟုတင်စားရသည့် ဂရစ်ဖင်တပ်ဖွဲ့ကိုလည်းပိုင်ဆိုင်ထားသည်။ ဤတပ်ဖွဲ့သည် လေကြောင်းမှအချိန်မရွေးရောက်လာနိုင်သည့်အတွက် ကာကွယ်ရန်ခက်ခဲလှသည်။ ဇီနစ်အင်ပါယာ၏ ပင်မတပ်ဖွဲ့ကြီးဆယ်ခုသည်လည်း အတွေ့ကြုံများစွာရှိသော်လည်း နှင်းမုန်းတိုင်းပင်မတပ်ဖွဲသည် ဂျက်အင်ပါယာတပ်ဖွဲ့များနှင့် အကြိမ်များစွာတိုက်ခိုက်ဖူးပြီးများစွာလည်း ရှုံးနိမ့်ခဲ့ဖူးသည်။

၀ံပုလွေစွယ်တပ်ဖွဲ့ကိုတည်ထောင်ထားသည်မှာလည်းမကြာသေးပေ။ တပ်ဖွဲ့တွင်ပါ၀င်သည့်စစ်သည်များသည်လည်း အဖွဲ့၀င်တိုင်းပြည်များမှ သာမညစစ်သည်များသာဖြစ်ကြပြီး စစ်ပွဲကြီးများကို တိုက်ခိုက်ဖူးခြင်းမရှိသေးပေ။ လူများစွာ၏မျက်လုံးထဲတွင် ဂျက်အင်ပါယာနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည် မိမိကိုယ်မိမိသတ်သေနေသကဲ့သို့ပင်။

“ဂရုစိုက်ဦး။ စစ်ပွဲကိုအချိန်ဆွဲထားဖို့ပဲ ကြိုးစား ထိပ်တိုက်မရင်ဆိုင်နဲ့။ ခွန်အားကိုခြွေတာထား။ နင်က စစ်ပွဲကို သုံးလေးလလောက်ထိအချိန်ဆွဲထားနိုင်မယ်ဆိုရင် အနိုင်ရတယ်လို့ပြောလို့ရတယ်...”

ဤသည်မှာ ဖှေးမထွက်ခွာမှီ တာနာရှာမှာကြားလိုက်သည့် စကားပင်။

ထို့အပြင်ဖှေးအား မှော်သေတ္တာလေးခုကိုလည်းပေးလိုက်ပြီး အခက်ခဲတစ်ခါကြုံပါကတစ်ခုကို ဖွင့်ရန်ပြောလိုက်သည်။

“ခစ်ခစ်...အသက်ရှင်လျှက်ပြန်လာခဲ့ပါ။ တကယ်တန်းပြောရမယ်ဆိုရင် စစ်ဌာနချုပ်က နင်ဂျက်အင်ပါယာကိုအနိုင်တိုက်နိုင်ဖို့ထိမမျှော်လင့်ပါဘူး။ နင်သူ့တို့ကို နည်းနည်းလောက်ဒုက္ခပေးနိုင်ပြီး အိုက်ဟိုဗင်၊ စပါတပ်အင်ပါယာတို့နဲ့ မပူးပေါင်းနိုင်အောင်တားထားနိုင်မယ်ဆိုရင်လုံလောက်ပါပြီ။ တကယ်လို့ နင်အတွင်းပြသနာတစ်ခုခုကြုံလာရင် င့ါကို ပြောပါ၊။ ငါနင့်အတွက်ဖြေရှင်းပေးမယ်...”

ဤသည်မှာ ပဲရစ်ဖှေးအား မှာကြားလိုက်သည့်စကားပင်။

သူမပြောသည်မှာလည်း တာနာရှာပြောသကဲ့သို့ပင်။ သူမသည်လည်း ဖှေးအား မှော်သေတ္တာလေးခုပေးလိုက်သေးသည်။ အကယ်၍ ဤဇီးနစ်အင်ပါယာ၏ နာမည်ကြီးသည့် မိန်းကလေးနှစ်ယောက်သည်တစ်ယောက်နှင့်တစ်ယောက်မတည့်ကြပဲ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကိုဖှေးမသိပါက သူ့အား ၀ိုင်း၍စနောက်နေသည်ဟု ဖှေးယူဆမိမည်ဖြစ်သည်။

All Chapters