အခန်း (၄၆၅)
Vol. 30 Ch. 465
အဆုံးမဲ့သည့် ကန္တာရတစ်ခုထဲတွင်ဖြစ်သည်။
အသားစားငှက်တစ်ချို့သည် ပုပ်ပွနေသည့်အလောင်းတစ်ခုအား ၀ိုင်း၀န်းစားသောက်နေကြ၏။
မကြာမှီတွင် အလောင်းသည် တစ်စစီဖြစ်သွားတော့ပြီး အမဲရောင်သွေးများစီးကျလာသည်။ အလောင်းထဲတွင်ရှိသည့် ကိုယ်တွင်းအင္ဂါများပေါက်ကွဲသွားသည့်အချိန်တွင် ရွံစရာကောင်းသည့်အနံ့တစ်ခုသည် လေထုတတွင် ပြန့်နှံ့သွားတော့၏။
ရုတ်တရက် စားသောက်နေသည့်အသားစားနှက်တစ်ကောင်သည် အပေါ်သို့မော့ကြည့်လိုက်သည်။
တစ်စုံတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင် ရှုပ်ထွေးသည့်အမူယာသည် သူ၏မျက်နှာပေါ်တွင်ပေါ်လာ၏။
“၀ှစ်...”
မြှားတစ်စင်းသည် လေထဲတွင် ပျံသန်းကာ လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ပင် ဖြန်သန်းလာ၏။
ချွန်ထက်သည့်မြှားသည် ဤငှက်၏ဦးခေါင်းကို အညှာတာကင်းမဲ့စွာထိုးစိုက်သွားပြီး ခန္ဓာကိုယ်သည် မြေပေါ်တွင် စိုက်၀င်သွား၏။ သို့သော် ဤငှက်သည့် ချက်ချင်းသေဆုံးသွားခြင်းမရှိပေ။ နာကျင်စွာအော်ဟစ်နေသဖြင့် သူ၏အပေါင်းဖော်ငှက်များပင် ကြောက်လန့်ကာ ကောင်းကင်ပေါ်သို့ ပျံပြေးကုန်ကြတော့သည်။
သူတို့အားလုံးသည် ချည်းကပ်လာသည့်အန္တရာယ်ကိုအာရုံခံမိနေသည့်အတွက်ပင်။
သို့သော် ၀ှစ် ၀ှစ် ၀ှစ်
လေးကြိုးတုန်ခါသံများစွာနှင့် လေခွင်းသံများထွက်ပေါ်လာပြီးမြှားများစွာသည် တောင်အနောက်ကွယ်မှ ထွက်ပေါ်လာတော့သည်။ ထိုမြှားများသည် လေထဲတွင် ငွေရောင်မျဥ်းများကို ချန်ထားခဲ့ပြီး ထွက်ပြေးရန်ကြံရွယ်နေကြသည့် ငှက်များကို ပစ်ချလိုက်သည်။
ထို့နောက်တွင် မြင်းခွာသံများစွာထွက်ပေါ်လာတော့သည်။
ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် မြင်းစစ်သည်များသည် တောင်ကုန်းများအနောက်မှ ထွက်ပေါ်လာကြသည်။ သူတို့သည်အမဲရောင်ချပ်၀တ်များနှင့် အမဲရောင်မျက်နှာဖုံးများကို၀တ်ဆင်ထားကြပြီး လက်ထဲတွင် လေးတစ်လက်စီကိုင်တွယ်ထားကြသည်။
သူတို့စီးနှင်းလာသည့် သားရဲများသည် သုံးမီတာခန့်မြင့်မားပြီးမြင်းများနှင့်တူပြီးခြေထောက်များတွင်မူ မီးစွမ်းအင်များတောက်ပနေ၏။ လယ်ဗယ်၄မီးမှုတ်သားရဲများပင်။
ဤသားရဲနှစ်ကောင်သည် ကြီးမားလှသော်လည်း သူတို့အား စီးနင်းလာသည့် ယောက်ျားနှစ်ယောက်သည်လည်းကြီးမားတောင်တင်းလှသဖြင့် သိပ်ပြီးထူးဆန်းသည့်ပုံပေါက်မနေပေ။ တကယ်တန်းတွင် အ၀ေးမှကြည့်ပါက ဤအတွဲဖက်သည် ကြောက်မက်ဖွယ်ပင်ကောင်းနေ၏။
မြင်းစစ်သည်တစ်ယောက်မှာ ရွှေရောင်ဆံပင်များရှိ၏။ သူမျက်နှာဖုံးကိုချွတ်လိုက်သည့်အချိန်တွင် ထူထပ်သည့်မျက်ခုံးများဖြင့် ရဲရင့်သည့်ပုံရှိသော လေးထောင်ကျကျမျက်နှာကိုဖော်ပြလိုက်၏။
သူသည်မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး သူသည် ဤကဲ့သို့အလောင်းများနှင့်အနံ့သက်များကို မြင်တွေ့ရသည်မှာ အသားကျနေသည့်အတိုင်းပင်။ မြင်ကွင်းအား အနည်းငယ်လေ့လာပြီးသည့်အချိန်တွင် သူ၏ဓားကိုဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် မြေကျင်းတစ်ခုတူးကာ အလောင်းကိုမြုပ်နှံလိုက်၏။
သူ၏ လှုပ်ရှားမှုများသည် အလွန်ချောမွေ့နေသဖြင့် အလောင်းများစွာကို ဤကဲ့သို့မြေမြုပ်ပေးဖူးသည့်အတိုင်းပင်။
“ဂျွန် ငါအကုန်စစ်ဆေးပြီးသွားပြီ သူက ဇီးနစ်အ၀တ်စားတွေကို ၀တ်ဆင်ထားတာပဲနောက်ပြီးအသက်၅၀လောာက်အရွယ်ရှိတယ်။ သူက မြှားနဲ့ပစ်သတ်ခံလိုက်ရတာ။ သူ့ရဲ့ခန္ဓာကိုယ်မှာ မြှားစိုက်နေတုန်းပဲ။ နောက်ပြီး ဒီမြှားက ဂျက်အင်ပါယာက မြင်းစစ်သည်တွေအသုံးပြုလေ့ရှိတဲ့မြှားဆိုတာကို ကျွန်တော်တပ်အပ်ပြောနိုင်တယ်။”
ထိုလူသည် မြင်းပေါ်သို့ပြန်လည်ခုန်တက်လိုက်ပြီး သူ၏အဖော်ကို စိတ်ဆိုးစွာပြောလိုက်သည်။
“သေစမ်း...ဒီဂျက်အင်ပါယာကခွေးသားတွေ။ ဇီးနစ်အင်ပါယာက သာမန်မြို့သားတွေကိုတောင်သက်ညှာမပေးပါ့လားကွ။ ငါတို့တွေ ဒီလိုအလောင်းတွေကို လမ်းမှာတွေ့လာရတာ ၁၀၀ကျော်နေပြီ။” ဂျွန်ဟုအမည်ရသည့်မြင်းစစ်သည်သည် သူ၏အပေါင်းဖော်ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ဒေါသဖြင့်ပြောလိုက်၏။ သူသည် အသားဖြူဖြူပိန်ပိန်နှင့် မုတ်ဆိတ်မွေးမရှိသည့် ယောက်ျားလေးတစ်ယောက်ပင်။
“ငါတို့တွေနယ်စပ်မျဥ်းနဲ့နီးနေပြီ။ ဒီဒေသမှာအရေးကြီးဆုံးမြို့တစ်ခုပဲ။ အလံနှစ်စုံမြို့တော်ကို ရောက်ဖို့အတွက် ၅၀ကီလိုမီတာလောက်ပဲလိုတော့တယ်။ ဂျက်အင်ပါယာက စစ်သည်တွေက ဇီးနစ်ပိုင်နက်ထဲကိုတောင် ဒီလို၀င်ရောက်သတ်ဖြတ်နိုင်နေပြီဆိုတော့အခြေအနေကတော်တော်ဆိုးနေတာပဲ။ ငါတို့ဒီသတင်းကို မစ်စတာ ရှီဗ်ချန်ကိုနဲ့ မစ်စတာပီတာတို့စီကို အမြန်ပြန်ပြီးသတင်းပို့မှရမယ်။ ဂျက်အင်ပါယာက တပ်ဖွဲ့တွေက မြို့ကိုတောင်သိမ်းပြီးရင်ပြီးနေလောက်ပြီ။ ငါတို့သတိထားမှရမယ်...”
“ဟမ် ဘုရင်အလတ်ဇန္ဒားရောက်လာလို့ကတော့ ဒီခွေးသားတွေကို အသေရိုတ်သတ်ပစ်ရမယ်။” ဂျွန်တယ်ရီမှ ပြောလိုက်သည်။ “လာကွာပြန်ကြစို့ အရင်ဆုံးအဖွဲ့ခေါင်းဆောင်ကို သွားပြီးသတင်းပို့ကြတာပေါ့...”
“ခနနေပြီး ငါတစ်ခုခုကြားသလိုပဲ...” ဆံပင်ရွှေရောင်နှင့် မြင်းစစ်သည်သည် သူ၏အဖော်အား အချက်ပြလိုက်သည်။
“နားထောင်မနေနဲ့ အဲ့တာက ဂျက်အင်ပါယာက ခွေးသားတွေပဲ။ သူတို့ရောက်လာကြပြီ...” ဂျွန်တယ်ရီသည် သူ၏မျက်နှာဖုံးကို ပြန်၀တ်လိုက်ပြီး တောင်တစ်လုံး၏ဘေးတွင်ရှိနေသည့် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသော ဂျက်အင်ပါယာမှ မြင်းစစ်သည်အယောက်၂၀ကို ညွှန်ပြလိုက်သည်။
ဂျက်အင်ပါယာမှ ဤမြင်းစစ်သည်များသည် အလံများထောင်ထားခြင်းမရှိပေ။
သို့သော် သူတို့၏အညိုရောင်၀တ်ရုံများနှင့် သူတို့၏ချပ်၀တ်များသည် ဂျက်အင်ပါယာမှ ဖြစ်ကြောင်းကိုဖော်ပြနေ၏။
ဂျက်အင်ပါယာ၏ မြေပိုင်နက်တော်တော်များများသည် သဲကန္တာရများဖြစ်ကြသည့်အတွက် ဤမြင်းစစ်သည်များစီးသည့် သားရဲမှာ သဲကျားဟုခေါ်သည့် လယ်ဗယ်၂နတ်ဆိုးသားရဲများပင်။ ထိုသားရဲများကို ကန္တာရလှေများဟုလည်း တင်စားခေါ်ကြသည်။ ဤသားရဲများသည် သာမန်စစ်မြင်းများနှင့်တူသော်လည်း သဲထဲတွင် လျင်မြန်စွာပြေးနိုင်သည့် ပို၍ပြားသော ခွာများပါရှိသည်။ ထို့အပြင် ထိုအကောင်များသည်သန်မာပြီး သဲဆူးချွန်နှင့် သဲထောင်ခြောက်စသကဲ့သို့သော် အစွမ်းများကိုလည်း အသုံးပြုနိုင်ကြသည်။
“တစ်..နှစ်..ခြောက်..တစ်ဆယ်။ ဟမ် စုစုပေါင်းဆို စစ်သည်၂၂ယောက်လောက်ရှိတယ်။ ဂျွန်မင်းဘယ်လိုလဲ...” ဤဆံပင်ရွှေရောင်နှင့် မြင်းစစ်သည်လည် သူ၏နှုတ်ခမ်းများကိုသပ်လိုက်ပြီး သူ၏လေးကို တင်းကြပ်စွာကိုင်လိုက်သည်။ သူသည် စိတ်လှုပ်ရှားနေ၏။
“ဒီကောင်တွေ ငါတို့ကိုတွေ့သွားတာလား။ ငါတို့ကို ၀ိုင်းဖို့လုပ်နေကြတာပဲ။” နှစ်ယောက်နှင့် ၂၂ယောက်အားနည်းသည့်အခြေအနေမှာပင် လျှင်ဂျွန်သည် စိတ်လှုပ်ရှားနေပုံရ၏။ ရုဇ်-စမစ်အမည်ရသည့် ဆံပင်ရွှေရောင်နှင့်မြင်းစစ်သည်ကို လက်ဟန်ခြေဟန်ပြလိုက်ပြီးနောက်တွင် မီးမှုတ်သားရဲ၏ ၀မ်းဗိုက်ကို အသာယာကန်လိုက်ကာ ဂျက်အင်ပါယာမှ စစ်သည်၂၂ယောက်ထံသို့ တစ်ဟုန်ထိုးစီးနင်းသွားတော့၏။
“သွား ဒီခွေးသားတွေကို သင်ခန်းစာပေးလိုက်ရအောင်...” ဂျွန်-တယ်ရီနှင့် ရုဇ်-စမစ်တို့၏မျက်လုံးများထဲတွင် အလင်းတန်းများပင် တောက်ပနေ၏။
သူတို့သည် ဤအရာကမည်သည်ကို ကိုယ်စားပြုသည်ကို သိသောကြောင့်စိတ်လှုပ်ရှားနေကြခြင်းပင်။
ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ သူတော်စင်တပ်ဖွဲ့နှင့် ဂျက်အင်ပါယာတို့ပထမဆုံးတိုက်ခိုက်မည့်တိုက်ပွဲဖြစ်သောကြောင့်ပင်။ သူတို့ဘုရင်၏ စိုးမိုးနိုင်မှုကို များစွာမြင်တွေ့ခဲ့ဖူးသောကြောင့် ဤမြင်းစစ်သည်နှစ်ယောက်သည်လည်းအနောက်သို့ဆုတ်ခွာပေးလိမ့်မည်မဟုတ်ပေ။ သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ရောက်နေပြီဖြစ်ကြောင်းကို ရန်သူများသိအောင်ပြသပေးလိုနေကြ၏။
“၀ှစ်...”
“၀ှစ် ၀ှစ် ၀ှစ်...”
ရုဇ်-စမစ်နှင့် ဂျွန်တယ်ရီတို့သည် လေးကြိုးများကို ပြိုင်တူဆွဲတင်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် ပစ်လွှတ်လိုက်ကြ၏။
လေးကြိုးတုန်ခါသံများထွက်ပေါ်လာသည်နှင့်အတူ မြှားများသည်လည်း လေမုန်တိုင်းအတွင်းမှ မိုးစက်များကဲ့သို့ထွက်ခွာသွားတော့၏။ ထိုမြှားများသည် လေထဲတွင် မျဥ်းကြောင်းများစွာကို ရေးဆွဲ၍ ရန်သူများထံသို့ ပျံသန်းသွားတော့သည်။ မြှားများသည် သာမန်မြှားများထက်ပို၍မြန်ဆန်သည့်အတွက် ဂျက်အင်ပါယာမှ မြင်းစစ်သည်များအငိုက်မိသွားကြသည်။ နာကျင်စွာအော်ဟစ်သံများစွာထွက်ပေါ်လာပြီး မြင်းစစ်သည်ခြောက်ယောက်သည် မြင်းပေါ်မှပြုတ်ကျကာ အလောင်းများအဖြစ်သို့ပြောင်းလဲသွားတော့၏။
“သေစမ်း...ချီတပ်စမ်းကွာ နှစ်ကောင်ထဲနဲ့ လာဖင်ယားနေကြတယ်...”
“သေစမ်း သတ်ပစ်။ အဲ့ဇီးနစ်က မြင်းစစ်သည်နှစ်ယောက်ကို အရှင်လတ်လတ်အရေခွံခွာပစ်...”
“နုတ်နုတ်ဆင်းပစ်မယ်...”
သူတို့၏ရဲဘော်များသေဆုံးသွားခြင်းသည် ဤမြင်းစစ်သည်များကို ကြောက်ရွံ့မသွားစေပေ။ ထိုအစား သူတို့သည် ဒေါသဖြစ်ကာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာကြတော့သည်။
မြှားများ၏ရန်မှကာကွယ်ရန်အတွက် သူတို့၏သဲကျားများပေါ်တွင် ၀ပ်လိုက်ကြရင်းဖြင့် အရှိန်မြင့်လိုက်ကြ၏။ သေချာလေ့ကျင့်ထားသည့် သဲကျားများသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ရှေ့သို့လျှင်မြန်စွာပြေးကြတော့၏။ ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ပင်။
အကွာ၀ေးမှာ နီးကပ်လာသည်။
မြှာများသည် ၂၀မီတာခန့်နီးကပ်လာပါက ထိရောက်တော့မည်မဟုတ်ပေ။
ဂျက်အင်ပါယာမှ မြင်းစစ်သည်များ၏မျက်နှာပေါ်တွင် ရက်စက်သည့်အပြုံများထွက်ပေါ်လာ၏။
ရန်သူ၏မြှားများသည် သူတို့၏မြင်းစစ်သည်ခြောက်ယောက်ကို ကျဆုံးစေခဲ့သော်လည်း သူတို့သည် လူအင်အား သာနေဆဲပင်။
ဒီကောင်တွေက လေးအစွမ်းကောင်းတယ်ဆိုပေမယ့် ငါတို့ရဲ့ဓားတွေက သူတို့ရဲ့အညံ့စားချပ်၀တ်တွေကို အလွယ်တကူခုတ်ပိုင်းပစ်လိုက်မယ်...” သူတို့တွေ့လိုက်မိကြ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် သူတို့သည် လျှောက်သွားခဲ့ကြပြီးအပျော်သဘောအနေဖြင့် မြင်တွေ့သမျှ ဇီးနစ်မြို့သူမြို့သားတိုင်းကို သတ်ဖြတ်ပစ်ခဲ့သည်။ ဤမြင်းစစ်သည်များသည် လူသတ်ရသည်အား အရသာတွေ့နေကြသဖြင့် သူတို့၏အရှေ့တွင်ရှိသည့်လူနှစ်ယောက်ကို သတ်ဖြတ်ရန်မစောင့်နိုင်ကြတော့ပေ။
ရှေ့သို့ချီတပ်နေရင်းဖြင့် ဂျက်အင်ပါယာမှမြင်းစစ်သည်များ၏ သွေးများသည်ဆူပွက်နေကြ၏။ သူတို့၏သားကောင်များ၀တ်ဆင်ထားကြသည့် နတ်ဆိုးမျက်နာဖုံးများကပင် သူတို့အား ကြောက်လန့်စေခြင်းမရှိပေ။
“သို့သော်...”
“၀ုန်း...”
ထူးဆန်းသည့် ဆူညံသံတစ်ခုထွက်ပေါ်လာပြီး အရိပ်မဲလေးခုသည် သူတို့၏မြင်ကွင်းတွင်ပေါ်လာ၏။ သေးငယ်သည့် လေဗွေများကဲ့သို့ပင် ထိုအရိပ်များသည် သူတို့ထံသို့ ပျံသန်းလာ၏။
ရှေ့ဆုံးမှ ချီတပ်လာနေသည့် မြင်းစစ်သည်များ၏သွေးများအေးစက်သွား၏။
“အား...”
“ပုဆိန်တွေ...”
အော်ဟစ်သံများသည် လည်ပင်းညှစ်ခံလိုက်ရသကဲ့သို့ပင် စက္ကန့်အနည်းငယ်အခန့်သာ ထွက်ပေါ်လာပြီး ရပ်တန့်သွား၏။
ထို့နောက်တွင် သွေးများခြေပြတ်လတ်ပြတ်များသည်လေပေါ်တွင် ပျံ၀ဲကုန်ကြတော့သည်။ ဤမြင်းစစ်သည်လေးယောက်နှင့် သူတို့စီနှင်းနေသည့် သားရဲများသည် ပုဆိန်များထိမှန်ကုန်ကြခြင်းပင်။ သူတို့ထဲမှ နှစ်ယောက်သည် ဓားများကိုမြှောက်ကာ အချိန်မှီကာကွယ်ခဲ့ကြသော်လည်း အသုံးမ၀င်လှပေ။ ကြီးမားသည့်ခွန်အားတစ်ခုနှင့် ပျံသန်းလာနေသည့် ပုဆိန်လေးခုသည် မြင်းစစ်သည်လေးယောက်အား အပိုင်း၁၆ပိုင်ဖြစ်အောင် ပိုင်းဖြတ်လိုက်၏။