← Chapters

အခန်း (၄၆၆)

Vol. 30 Ch. 466

အခန်း (၄၆၆)

Vol. 30 Ch. 466

ကြောက်မက်ဖွယ်စွမ်းအားပင်။

ဇီးနစ်အင်ပါယာမှ ကြောက်မက်ဖွယ်မြင်းစစ်သည်များပင်။

ဂျက်အင်ပါယာမှ မြင်းစစ်သည်များသည် သူတို့ထိန်းချုပ်ထားနိုင်သကဲ့သို့မခံစားရတော့ပေ။ သူတို့ရန်သူ၏အနီးသို့မကပ်နိုင်ခင်မှာပင် သူတို့ဘက်မှ လူ၁၀ယောက်ကျဆုံးသွားခဲ့သည့်အတွက် အန္တရာယ်ကိုအနည်းငယ်အာရုံခံမိလာနေကြပြီဖြစ်သည်။ ဤကဲ့သို့အခြေအနေသိသိသာသာပြောင်းလဲသွားခြင်းသည် ကျန်ရှိနေသည့်စစ်သည်၁၂ယောက်ကို စိတ်မသက်မသာ ဖြစ်စေ၏။

သို့သော် သူတို့အတွက် ဤကဲ့သို့ခံစားရန်နောက်ကျသွားပြီဖြစ်သည်။

နောက်ဖြစ်လိုက်သည့်အရာသည် နောက်ဆုံးကျန်ရှိနေသည့် ဂျက်အင်ပါယာမှ မြင်းစစ်သည်ဆယ့်နှစ်ယောက်၏ စိတ်ဓာတ်ကိုလုံး၀ပျက်ပြားသွားစေတော့၏။

ဇီးနစ်အင်ပါယာဘက်မှ ကင်းထောက်နှစ်ယောက်သည် လက်ထဲတွင် ပုဆိန်တိုနှစ်လက်ကို ကိုင်ထားကြပြီးအရူးများကဲ့သို့ရယ်မောနေကြသည်။ ဤပုဆိန်တိုများသည် သာမန်ပုံပေါက်နေသော်လည်း အလွန်ချွန်ထက်လှသဖြင့် သတ္တုများကိုပင် အလွယ်တကူပိုင်းဖြတ်နိုင်၏။ ဂျက်အင်ပါယာမှ မြင်းစစ်သည်များသည် အကြိမ်တစ်ရာခန့် ထုလုပ်ထားသည့်အဆင့်မြင့်လက်နက်များကို အသုံးပြုနေကြသော်လည်း သူတို့၏ခန္ဓာကိုယ်များလက်နက်များသည် အလွယ်တကူပင်ပိုင်းပြတ်သွားတော့၏။

အင်မတန်ကောင်းသည့် ပုဆိန်များပင်။

အင်မတန်ကောင်းသည့် အစွမ်းပင်။

ပေါင်တစ်ထောင်ကျော်ခန့်လေးလံသည့် ပုဆိန်တိုများသည် ထိုလူများ၏လက်ထဲတွင် ကောက်ရိုးမျှင်များကဲ့သို့ပင် ပေါ့ပါးနေ၏။

အလင်းတန်းများ လင်းလတ်ကာ သွေးများနေရာအနှံ့သို့ပြန့်ကျဲကုန်ပြီးသည့်နောက်တွင် ဂျက်အင်ပါယာမှ မြင်းစစ်သည်လေးဦးခန့်သာ ကျန်ရှိနေတော့သည်။

ဤသည်မှာ အနီးကပ်တိုက်ပွဲတစ်ခုပင် မဟုတ်သေးပေ။

ဤအခိုက်တန့်တွင် သူတို့၏ရှေ့တွင်ရှိနေသည့် လူနှစ်ယောက်သည် စစ်သည်၂၀၀ကျော်ကိုပင် ရင်ဆိုင်နိုင်သည်ကို ဂျက်အင်ပါယာမှမြင်းစစ်သည်လေးယောက်ခံစားလိုက်ရ၏။

သူတို့စီးနင်းသည့် သားရဲများမှာ သဲကန္တာရအား လွှမ်းမိုးနိုင်သည့် သဲကျားများဖြစ်ကြသော်လည်း ဤကဲ့သို့အခြေအနေမျိုးတွင် သိပ်ပြီးအသုံးမ၀င်လှပေ။ ဤလယ်ဗယ်၂ သဲကျားများသည် သဲဆူးချွန်နှင့် သဲထောင်ခြောက်စသကဲ့သို့သော အစွမ်းများထုတ်သုံးသည့်အချိန်တွင် ကြီးမားသည့်အတားဆီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ထိရောက်ခြင်းမရှိပေ။

ဂျက်အင်ပါယာမှမြင်းစစ်သည်များ ရန်သူစီးနင်းလာသည့် မြင်းများ၏ ခွာတွင်ရှိနေသည့် အနီရောင်မီးတောက်များ၊ ထူထပ်သည့်ကြေးခွံများ၊ ချွန်ထက်သည့်အစွယ်များကို တွေ့လိုက်ရပြီးနောက်တွင် သာမန်မြင်းများမဟုတ်ပဲ အထူးနတ်ဆိုးသားရဲကောင်များဖြစ်သည်ကို သိလိုက်ရ၏။ ပို၍အဆင့်မြင့်သည့် နတ်ဆိုးကောင်များ၏ အရှိန်၀ါသည် အဆင့်နိမ့်သည့် နတ်ဆိုးသားရဲများ၏ အစွမ်းများကိုတားဆီးနိုင်သည့်အတွက်ပင်။

သူတို့သည် ရန်သူအား လေးအတတ်တွင်လည်း မယှဥ်နိုင်ကြပေ။

လက်နက်အရတွင်လည်း မယှဥ်ပြိုင်နိုင်ကြပေ။

ရန်သူအား ခွန်အားအရာတွင်လည်း မယှဥ်ပြိုင်နိုင်ကြပေ။

ရန်သူအားစီးနင်းသည့် သားရဲကောင်များနေရာတွင်လည်း မယှဥ်ပြိုင်နိုင်ကြပေ။

“သူတို့နှစ်ယောက်ကဘယ်သူတွေလဲ။ ဇီးနစ်အင်ပါယာတော်၀င်စစ်သည်တွေလား...”

ဂျက်အင်ပါယာမှ မြင်းစစ်သည်များ ယနေ့တွင် ဇီးနစ်မှ ကျွမ်းကျင်စစ်သည်များနှင့် ထိပ်တိုက်တိုးသဖြင့် ကံဆိုးမိုးမှောင်ကျသလို ခံစားလိုက်ရ၏။

ဤကဲ့သို့အခြေအနေမျိုးတွင် သူတို့ဆက်လက်တိုက်ခိုက်လိုသည့် သတ္တိမရှိတော့ပေ။ သဲကျားများကို တစ်ဖက်သို့အမြန်ပြန်လှည့်လိုက်ပြီးလွတ်မြောက်ရန်ကြိုးစားကြတော့၏။

ဤမြင်းစစ်သည်လေးယောက်သည် မတူညီသည့် အရပ်လေးမျက်နှာသို့ထွက်ခွာသွားကြ၏။ သူတို့သည် အမြန်ပြန်ကာ သတင်းပို့ရမည်ဖြစ်သောကြောင့်ပင်။ “ဇီးနစ်အင်ပါယာက စစ်ကူတွေရောက်လာပြီ။ ဒီကောင်တွေက အတော်ကြောက်စရာကောင်းတယ် လျှော့မတွက်သင့်ဘူးဆိုသည်ကိုပင်...”

သဲကျားများမှာ မြန်ဆန်လှသော်လည်း မြှားများထက်ပို၍မမြန်နိုင်ချေ။

ဂျွန်တယ်ရီနှင့် ရုဇ်စမစ်တို့သည် ရန်သူများကို လွတ်မြောက်နိုင်သည့်အခွင့်ရေးမပေးချေ။ မြှားတစ်ချောင်းစီပစ်လွှတ်လိုက်ပြီးမြင်းစစ်သည်နှစ်ယောက်ကို သတ်ဖြတ်လိုက်သည်။ ထို့နောက်တွင် ကျန်မြင်းစစ်သည်နှစ်ယောက်ကို သားရဲကောင်များပေါ်မှပြုတ်ကျစေလိုက်ပြီး သူတို့စီးနှင်းသည့် သားရဲကောင်များနှင့်အတူ အရှင်ဖမ်းဆီးလိုက်၏။

တိုက်ပွဲပြီးသွားသည့်အချိန်တွင် ဂျွန်တယ်ရီနှင့် ရုဇ်စမစ်တို့သည် အလောင်များမှ လက်နက်များချပ်၀တ်များကို သိမ်းဆည်းလိုက်ပြီးခေါင်းဖြတ်ကာ စုပုံထားလိုက်ကြသည်။ ထို့နောက်တွင် မြေပြင်ပေါ်တွင် လှံတစ်ချောင်းကို စိုက်လိုက်ပြီး ထိုလှံပေါ်တွင် မြင်းစစ်သည်တပ်ဖွဲ့ခေါင်းဆောင်၏ ဦးခေါင်းကို ထိုးစိုက်ထား၏။ ထို့နောက်တွင် အညိုရောင်၀တ်ရုံတစ်ခုကို ယူလိုက်ပြီး ခေါင်းအောက်တွင် ချည်လိုက်သည်။

သေေမင်းအလံတစ်ခုကဲ့သို့ပင် ထို၀တ်ရုံသည် ရေးထိုးထားသည့် စာသာများနှင့်အတူ လေထဲတွင် လွှ့င်ပျံလျှက်ရှိနေသည်။

“ချမ်းဘော့ဒ်ဘုရင်လက်အောက်က သူတော်စဥ်တပ်ဖွဲ့မှ နှုတ်ဆက်လိုက်ပါတယ်...”

ထိုကဲ့သို့ပြုလုပ်ပြီးနောက်တွင် ဂျွန်တယ်ရီနှင့် ရုဇ်စမစ်တို့သည် သူတို့၏ဘုရင်ကဲ့သို့ပင် လောဘကြီးကြ၏။

သူတို့ရန်သူ၏ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက်တွင် အသက်ရှင်နေဆဲဖြစ်သည့် သဲကျား၁၄ကောင်ကိုလည်း ယူဆောင်သွား၏။ သေချာလေ့ကျင့်ပေးထားသည့် သားရဲကောင်များသည် အစပိုင်းတွင်ရန်မူနေကြသေးသော်လည်း မီးမှုတ်သားရဲများဟိန်းဟောက်လိုက်သည့်အချိန်တွင်ငြိမ်ကျသွား၏။

......

......

ညအချိန်သို့ရောက်ရှိလာပြီဖြစ်သည်။ ဆောင်းရာသီတွင် သဲကန္တာရထဲတွင် အလွန်အမင်းအေးစက်လှသည်။ ရေးများသည်အပြင်ဘက်တွင် ရေခဲအဖြစ်သို့ချက်ချင်းပင်ပြောင်းလဲသွားမည်ဖြစ်သည်။

ဤကဲ့သို့သော ရာသီဥတုတွင် ခရီးဆက်ရန်ခက်ခဲသည့်အတွက် ၀ံပုလွေစွယ်တပ်ဖွဲ့၏ပထမတပ်ခွဲမှာ တောင်တစ်လုံး၏ဘေးတွင်စခန်းချနေကြ၏။ ၀ံပုလွေစွယ်တပ်ဖွဲ့၏ ရှေ့ပြေးတပ်ခွဲတစ်ခုအနေဖြင့် သူတို့သည် နှစ်ရက်အတွင်း ၈၀၀ကီလိုမီတာခန့်ခရီးဆက်လာခဲ့ပြီးပြီဖြစ်ရာ အလံနှစ်စုံမြို့တော်နှင့် မီတာ၁၀၀ခန့်သာကွာ၀ေးတော့၏။

ဤသည်ကပင် အလွန်မြန်ဆန်နေသည်။

အရာအားလုံးပင် ချောချောမွေ့မွေ့ဆိုပါက မနက်ဖြန်နေထွက်သည့်အချိန်တွင် သူတို့သည် အလံနှစ်စုံမြို့တော်အတွင်းသို့၀င်ရောက်သွားနိုင်တော့မည်ဖြစ်သည်။

အပေါ်စီးမှ ကြည့်ပါက စခန်းချနေရာသည် လိပ်တစ်ကောင်ကဲ့သို့ပင်။ ဘဲဥပုံစခန်းတစ်ခုသည် အလည်ခေါင်တွင်ရှိနေပြီး စခန်းခွဲများသည် လိပ်တစ်ကောင်၏ခေါင်း၊ ခြေလက်များကဲ့သို့ဘေးပတ်ပတ်လည်တွင်ရှိနေကြ၏။ စခန်းပြင်ပ လှုပ်ရှားမှုများကို အလွယ်တကူပင်သိရှိနိုင်မည်ဖြစ်သည်။

စခန်းထဲတွင် ရွက်ဖျင်တဲအသစ်များစွာရှိနေကြပြီး ထိုတဲများသည် စစ်သည်များအား အနွေးဓတ်ပေးလျှက်ရှိသည်။ ထူထဲသည့် အနွေးထည်များ၀တ်လျှက် ကင်းလှည့်နေကြသည့် စစ်သည်များလည်းရှိနေသည်။

ဤသည်မှာ အဖိုးကြီးအာရန်း၏အကြံပြုချက်ကိုနားထောင်ပြီးအချိန်တွင် ဂျက်အင်ပါယာ၏ ရာသီဥတုအခြေအနေပေါ်မူတည်၍ ဖှေးစစ်ဘက်ဆိုင်ရာဌာနချုပ်မှာ တောင်းဆိုခဲ့သည့် ပစ္စည်းများပင်။ ဖှေး၏ ဂုဏ်ရှိန်၀ါကြောင့်လား၊ အန်ဂျယ်လာ၏ ကြိုးစားမှုကြောင့်လားမသိချေ ပုံမှန်အားဖြင့် လောဘကြီးကာ ကပ်စေနဲသည့် ဇီးနစ်စစ်ဌာနချုပ်သည် ဖှေးတို့တပ်ဖွဲ့ကို ကောင်းမွန်သည့်ပစ္စည်းများထုတ်ပေးထား၏။

တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဖှေး၏ပုံရိပ်သည် စစ်သည်များ၏မျက်လုံးထဲတွင် ပို၍တောက်ပလာ၏။

သာမန်စစ်သည်များအတွက် တပ်ဖွဲ့ခေါင်းဆောင်၏ ရာထူးဂုဏ်ရှိသည် သိပ်ပြီးအသုံးမ၀င်လှပေ။ နှိုင်းယှဥ်ကြည့်ပါက စစ်ဌာနချုပ်မှ လိုအပ်သည့် ပစ္စည်းများကို ထုတ်ယူနိုင်ခြင်းကသာလျှင် ပို၍အသုံး၀င်၏။ သူတို့အတွေ့ကြုံအရ ဇီးနစ်အင်ပါယာမှ ပင်မတပ်ဖွဲ့ကြီးဆယ်ခုပင် ဤကဲ့သို့သော ထောက်ပံ့မှုကိုမရရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

သူတို့သည် စစ်မြေပြင်အနီးတွင်ရောက်ရှိနေခြင်းဖြစ်သောကြောင့် တပ်ခွဲခေါင်းဆောင် ရှီဗ်ချန်ကိုသည် လက်ထောက်တပ်ခွဲခေါင်းဆောင် ပီတာ၏ အကြံပြုချက်အတိုင်း စစ်သည်တစ်ရာခန့်ကို စခန်းပတ်လည်တွင် ကင်းပုန်းများချထား၏။

စခန်း၍အလည်တွင်ရှိသည့် ကြီးမားသောအဖြူရောင်တဲကြီးတစ်ခုထဲတွင် ရှီဗ်ချန်ကို၊ ပီတာ၊ ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ ခါနော့တ်နှင့် ဟူအက်တို့သည် စားပွဲပေါ်တွင်ရှိနေသည့် မြေပုံကြီးတစ်ခုကို ကြည့်နေကြသည်။ သူတို့သည် အလံနှစ်စုံမြို့ပတ်လည်မှ မြေမျက်နှာသွင်ပြင်ကို သေချာကြည့်ရင်းဖြင့် ယနေ့စေလွှတ်လိုက်သည့်ကင်းထောက်များ၏ တင်ပြချက်များကို နားထောင်နေကြသည်။

သူတို့သည် မနက်ဖြန်အတွက် နောက်ဆုံးပြင်ဆင်မှုကို ပြုလုပ်နေကြခြင်းပင်။ ဤတပ်ခွဲသည်အလံနှစ်စုံမြို့တော်အတွင်းသို့၀င်ရောက်နိုင်သွားပါက ဇီးနစ်အင်ပါယာမှ ၀ံပုလွေစွယ်တပ်ဖွဲ့သို့ ပထမဆုံးပေးအပ်ခဲ့သည့် မစ်ရှင်ကို အောင်မြင်သွားမည်ဖြစ်သည်။

ထို့နောက်တွင် ရှီဗ်ချန်ကိုနှင့် ကျန်သည့်လူများသည် မြို့အတွင်းတွင်ရှိနေသည့် ခုခံနေသည့်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့များရောက်မလာခင်အချိန်ထိ ဂျက်အင်ပါယာမှစစ်သည်များ၏တိုက်ခိုက်မှုကို တောင့်ခံပေးထားရမည်ဖြစ်သည်။

“မဆိုးဘူး။ မင်းတို့နှစ်ယောက်တော်တယ်ကွာ...ဟားဟား ရန်သူနှစ်ယောက်ကိုပါ အရှင်ဖမ်းလာသေးတယ်ဟုတ်လား...”

ဒရော့ဂ်ဘာသည် ဂျွန်တယ်ရီနှင့် ရုဇ်စမစ်တို့၏ တင်ပြချက်ကို နားထောင်ပြီးသည့်အချိန်တွင် ရယ်မောကာချီးကျူးလိုက်၏။ သူကိုယ်တိုင်ပင် ရန်သူများကို သတ်ဖြတ်နိုင်ရန်အတွက် ထိုနေရာတွင် ရှိနေလျှင်ကောင်းမည်ဟုပင် စဥ်းစားလိုက်မိသည်။ ထို့နောက်တွင် ဖမ်းဆီးခံထားရသည့် ဂျက်အင်ပါယာမှ မြင်းစစ်သည်နှစ်ယောက်ကိုကြည့်ပြီး ဒေါသဖြင့်အော်ဟစ်လိုက်သည်။ “ဒါဆို ဒီခွေးသားတွေက ငါတို့လမ်းမှာမြင်ခဲ့ရတဲ့အပြစ်ကင်းတဲ့မြို့သူမြို့သားတွေကို သတ်ဖြတ်ခဲ့တာပေါ့ဟုတ်လား။ သေစမ်း ဖတ်တီးအိုလတ်ဂ်ပါမလာလို့ပေါ့ကွာ...နို့မို့ဆို ဒီခွေးသားတွေကို သေချင်စိတ်ပေါက်သွားလောက်တဲ့ထိ နှိပ်စက်ခိုင်းရမယ်...”

ဤအခိုက်တန့်တွင် သူတို့သည် အိုလတ်ဂ်အား သတိရနေကြ၏။ အိုလတ်ဂ်သည် တစ်ခြားလူများကို မြှောက်ပင့်တတ်သည့်လူဖြစ်သော်လည်း စစ်ဆေးမေးမြန်းရာတွင် အရည်ချင်းရှိသည့်လူတစ်ယောက်ပင်။ အကယ်၍သူသာရှိပါက ဤမြင်းစစ်သည်နှစ်ယောက်သည် လွန်ခဲ့သည့််တစ်နာရီလောက်ကတည်းက သိသမျှအကုန်ပြေပြီးလောက်ပြီဖြစ်၏။

“အေး မင်းတို့ သတ်ချင်သတ်လိုက်။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေကြနဲ့ကွ ငါတို့ရဲ့ခေါင်းဆောင် မင်းသား ဟယ်တင်ဂါက တပ်ကူတွေနဲ့အတူ ချီတပ်လာနေပြီ။ မင်းတို့ရဲ့ဦးခေါင်းခွံတွေကို ၀ိုင်ခွက်လုပ်ပစ်လိုက်မယ်...” မြင်းစစ်သည်တစ်ယောက်သည် ရုန်းကန်ကာ အော်ဟစ်လိုက်သည်။

ဂျက်အင်ပါယာမှ စစ်သည်များသည်ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် နာမည်ကြီးကြသည်မှာ သိပြီးမဆန်းကျယ်လှပေ။ ဤမြင်းစစ်သည်များသည် လက်ရှိတွင် ထောင်သားများဖြစ်ကြသော်လည်း ထောင်ခြောက်မိနေည့် ၀ံပုလွေများကဲ့သို့ ရက်စက်ကြမ်းကြုတ်နေကြဆဲပင်။ ဂျက်အင်ပါယာအသုံးပြုသည့်ဘာသာစကားနှင့် ဇီးနစ်ဘာသာစကားသည် အနည်းငယ်ကွဲပြားသော်လည်း တဲအတွင်းတွင်ရှိသည့်လူများအားလည်နိုင်လောက်သည်အထိ နီးစပ်မှုရှိ၏။

“ဖျောင်း ဖျောင်း...”

ဂျွန်တယ်ရီနှင့် ရုဇ်စမစ်တို့သည် ထောင်သားများကို ရိုက်နှက်လိုက်ကာ ချက်ချင်းပင် သတိလစ်မေ့မြောကုန်ကြတော့သည်။

“ဒီကောင်တွေကို လူခွဲပြီးစစ်ဆေး။ ရန်သူတပ်ဖွဲ့တွေ ဘယ်နေရာတွေမှာချထားလဲဆိုတာ သိရအောင်ကြိုးစား” ရှဗ်ချန်ကိုနှင့် ပီတာတို့သည်တစ်ဦးနှင့်တစ်ဦးကြည့်ကာ အမိန့်ပေးလိုက်ကြသည်။ ဤမြင်းစစ်သည်များထံတွင် အရေးကြီးသတင်းအချက်လက်များရှိသည့်ပုံမပေါ်သော်လည်း ရန်သူနှင့် ပတ်သက်သည့် မည်သည့်သတင်းမဆိုအသုံး၀င်သည့်အတွက်ပင်။

“သူတော်စဥ်တပ်ဖွဲ့၀င်အယောက်၅၀ရဲ့ သတင်းပို့ချက်အရဆိုရင် ရန်သူတွေက အင်အား ကောင်းတဲ့ပုံပဲ။ အလံနှစ်စုံမြို့တော်၀င် ဆိုရိုရိဗ်က တပ်တွေကိုအထဲပြန်ခေါ်ပြီးခုခံနေရတယ်လို့ ကြားတယ်။ ဒါပေမယ့် ကျူးကျော်လာသူတွေက ငါတို့နယ်နိမိတ်ထဲ၀င်နိုင်နေပြီးတော့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတုန်းပဲ။ တကယ်တန်းဆို ငါတို့က ရန်သူရဲ့နယ်နိမိတ်ထဲကို ရောက်နေတယ်လို့တောင်ပြောလို့ရတယ်။ ငါတို့တွေ ဂရုစိုက်မှရမယ်။ မနက်ဖြန်မြို့ထဲကို ၀င်ကြတာပေါ့....”

ရှီဗ်ချန်ကိုသည် အဖွဲ့၀င်တိုင်းပြည်တစ်ခုမှ မင်းသားတစ်ပါးဖြစ်ပြီးသူသည် တပ်ဖွဲ့များကို ဦးဆောင်သည့်နေရာတွင် အတွေ့ကြုံရှိသည်။ သူသည် စိတ်ရှည်၊ ရဲရင့်၊ ဉာဏ်ကောင်းကာ စွမ်းအားမြင့်မားသည့်လူတစ်ယောက်ပင်။ ထို့ကြောင့် ဖှေးသည် သူ့အား တပ်ခွဲခေါင်းဆောင်အဖြစ်ခန့်ထားခဲ့ခြင်းပင်။

ပီတာခေါင်းငြိမ့်ကာ တစ်ခြားလူများကိုပြောလိုက်သည်။ “ငါတို့တွေ ဂရုစိုက်မှရမယ်။ ကင်းလှည့်မှုတွေကို ပိုတိုးထားကြ။ ရန်သူက ဒီနေ့ ငါတို့ကင်းထောက်တွေလက်ချက်နဲ့ စစ်သည်၃၀၀လောက်ကျသွားတော့ ဒီညမှာ ငါတို့ကို ၀င်တိုက်လာနိုင်တယ်။ တစ်ခုခုလွဲမှားသွားလို့မရဘူး...”

တစ်ခြားတပ်စိတ်ခေါင်းဆောင်များသည် အမိန့်ကို နာခံကာ ထွက်ခွာသွားကြ၏။

ယခုအချိန်တွင် တဲအတွင်း၌ပီတာနှင့် ရှီဗ်ချန်ကိုတို့သာ ကျန်ရှိနေတော့သည်။

သူတို့သည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးသည့်နောက်တွင် ပီတာသည်တဲအပြင်သို့လမ်းလျှောက်သွားပြီးမည်သူမှ ၀င်လာခွ့င်မပြုရန်အစောင့်များကို မှာကြားလိုက်သည်။ ထို့နောက်တွင် တဲအတွင်းသို့ပြန်၀င်လာ၏။

ရုတ်တရက်သူနှင့် ရှီဗ်ချန်ကိုတို့သည် တဲ၏အနောက်ဘက်ကို အရိုသေပေးကာပြောလိုက်ကြ၏။ “တပ်ဖွဲ့ခေါင်းဆောင်ကြီး ကျွန်တော်တို့ရဲ့စီစဥ်မှုတွေကို စိတ်ကျေနပ်ရဲ့လား...”

“ဟားဟား ကောင်းတယ်။ ငါမင်းတို့ကို လိုအပ်မယ်ထင်တာလုပ်လို့မှာထားခဲ့တာပဲ။ င့ါကို ဘယ်သူမှမဟုတ်သလိုပဲဆက်ဆံပါ။ စစ်ဗျူဟာတွေဘာတွေနေရာမှာဆို ငါကမင်းတို့လောက်မကောင်းသေးဘူး...”

ရယ်မောသံများနှင့်အတူ အရပ်ရှည်ရှည်ဗလတောင့်တောင့်လူတစ်ယောက်သည် တဲအတွင်းမှ လမ်းလျှောက်ထွက်လာ၏။

အဆင့်၁ချမ်းဘော့ဒ်အဖွဲ့၀င်တိုင်းပြည်၏ ဘုရင်၊ ဇီးနစ်အင်ပါယာ၏ လယ်ဗယ်၂ဆွေကြီးမျိုးကြီး၊ ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့ကြီး၏စစ်ရးခေါင်းဆောင်၊ ဂျက်အင်ပါယာစစ်မြေပြင်၏ နံပါတ်၁ခေါင်းဆောင်မှ လွဲ၍ တစ်ခြားလူမဖြစ်နိုင်ပေ။

All Chapters