အခန်း (၄၆၇)
Vol. 30 Ch. 467
အကယ်၍ ခါနော့တ်၊ ဟူအက်ခ်၊ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့သာ ဤနေရာတွင်ရှိနေပါက နောက်မှလိုက်ပါလာသည့် ၀ံပုလွေစွယ်တပ်ဖွဲ့နှင့်ရှိနေရမည့်ဖှေးသည် ဤရှေ့ပြေးတပ်ဖွဲ့တွင် ရှိနေသည်ကို မြင်တွ့လိုက်ရသည့်အတွက် အံ့သြသွားကြမည်ဖြစ်သည်။
ဤသည်မှာ အလွန်အံ့သြဖွယ်ကောင်းလှသည်။
“အရှင်မင်းကြီး...အမ်မဟုတ်ပါဘူး ဆာ” ပီတာသည် ဖှေးအား ခေါ်ဆိုပုံအသစ်နှင့် သိပ်ပြီးအသားမကျသေးပေ။ သူတို့သည် စစ်တပ်ထဲတွင်ရောက်ရှိနေသည့်အတွက် ဖှေးအား ဗိုလ်မှူးသို့မဟုတ်ဆာဟုခေါ်ရမည်ဖြစ်သည်။
ပီတာဂရုတစိုက်ဖြင့် အကြံပြုလိုက်သည်။ “ကျွန်တော်တို့ဒီည ကင်းထောက်တစ်ယောက်ကို အလံနှစ်စုံမြို့တော်ထဲစေလွှတ်လိုက်ရင်ကောင်းမလား။ အဲ့ကျမှ မြို့တော်၀င်က ကြိုပြင်ဆင်ထားနိုင်ပြီးတော့ ကျွန်တော်တို့၀င်ဖို့လွယ်ကူသွားမှာလေ...”
“မလိုပါဘူး...” ဖှေး စဥ်းစားကြည့်လိုက်ပြီးဤအကြံပြုချက်ကို ငြင်းဆန်လိုက်သည်။ “အလံနှစ်စုံမြို့တော်ကို ဂျက်အင်ပါယာက စစ်သည်တွေ ၀ိုင်းထားပြီးနေပြီ။ ငါတို့ရဲကင်းထောက်က မြို့ထဲကို၀င်နိုင်မှာမဟုတ်ဘူး...” သူပြောလိုက်၏။
ပီတာနှင့် ရှီဗ်ချန်ကိုတို့နှစ်ယောက်လုံးထိတ်လန့်သွားကြသည်။
သူတို့သည် မြို့တော်အ၀ိုင်းခံရပြီးဖြစ်ကြောင်းကို တပ်ဖွဲ့ခေါင်းဆောင်မည်ကဲ့သို့သိရှိသည်ကို မသိကြပေ။ ကင်းထောက်များသတင်းပို့ချက်များအရ မြို့တော်သည်အ၀ိုင်းခံရခြင်းမရှိသေးဟု သိထား၏။ သို့သော် ဖှေး၏မျက်နှာပေါ်မှ အမူယာကိုကြည့်ခြင်းဖြင့် ဖှေးသည် အသေချာသိနေသည့်ပုံပေါက်သောကြောင့် သူ့ကိုသာ ယုံကြည်လိုက်ကြ၏။
“မင်းတို့နှစ်ယောက်အနားယူလိုက်ကြဦး...ဟမ်...” ဖှေး ပီတာနှင့် ရှီဗ်ချန်ကိုတို့ကို စကားပြောနေရင်းဖြင့် သူ၏မျက်နှာသည် ရုတ်တရက်အရောင်ပြောင်းလဲသွား၏။
ဤအခိုက်တန့်တွင် သူသည် စွမ်းအင်အရှိန်၀ါတစ်ချို့တောက်ပသွားသည်ကို အာရုံခံလိုက်မိသည့်အတွက်ပင်။ လူတစ်စုသည် တစ်စုံတစ်ခုအား လိုက်ရှာနေကြပြီး သူတို့ရောက်နေကြောင်းမသိရန်အတွက် ဖြေးညှင်းစွာရွေ့လျားနေသကဲ့သို့ပင်။ သူတို့၏အရှိန်၀ါများကို တစ်ခြားလူများအတွက် အာရုံခံနိုင်ရန်အတွက် ခဲယဥ်းနေသော်လည်း ဖှေးအတွက်မာမူ ညအမှောင်ထဲမှ ပိုးစုန်းကျူးကောင်များကဲ့သို့ပင် ထင်ရှားစွာအာရုံခံမိနေ၏။
ထိုအရှိန်၀ါများသည် ရန်လိုမှုများ၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသဖြင့် ရန်သူများဖြစ်ကြကြောင်းကို ဖှေးသိလိုက်သည်။
ဖှေး ပီတာနှင့် ရှီဗ်ချန်ကိုတို့ကို ဘာမှမပြောလိုက်ပေ။ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏၀ိဉာဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူ၏ကျယ်ပြန့်လှသည့် ၀ိဉာဥ်စွမ်းအားများသည် ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ ပြန့်နှံ့သွားပြီး သူသည် အချင်း၀က်တစ်ကီလိုမီတာပတ်လည်တွင်ရှိသည့် အရာမှန်သမျှကို မြင်နိုင်လာ၏။ သူသည် စခန်းအပြင်ဘက်တွင် လေတိုက်ရာသို့လွှင့်ပျံနေကြသည့် ဆူးလုံးများကိုပင် မြင်တွေ့နေရသည်။
စခန်း၏အနောက်ဘက် တောင်ကုန်းတစ်ခု၏နောက်တွင် စွမ်းအားမြင့်စစ်သည်တပ်ဖွဲ့တစ်ခုပုန်းအောင်းနေ၏။
......
......
အေးစက်သည့် လေညှင်းတစ်ခုသည် ကန္တရာကို ဖြတ်သန်းကာတိုက်ခတ်သွားသည်နှင့်အမျှ ကန္တာရဆူးပင်တစ်ချို့အား ရေခဲများဖြင့် ဖုံးလွှမ်းသွား၏။
သားရဲကောင်များအသက်ရှူနေသည့်အသံမှာ ညင်သာစွာထွက်ပေါ်နေပြီး ပုံမှန်အရွယ်စားထက်များစွာပို၍ကြီးမားသည့် သဲကျားလေးကောင်ကို ညအမှောင်ထဲတွင် မြင်တွေ့နေရ၏။ သူတို့၏ကြောပြင်ပေါ်တွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် မြင်းစစ်သည်လေးယောက်ခန့်ရှိနေပြီးခေါင်းဆောင်ဟု ယူဆရသည့်စစ်သည်သည် ထွားကျိုင်းကာ အမဲရောင်မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်ထားသဖြင့် သူ၏မျက်လုံးများကိုသာ မြင်နေရ၏။
မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်ယောင်များတောက်ပနေပြီး ဤခေါင်းဆောင်မြင်းစစ်သည်သည် ၀ံပုလွေတပ်ဖွဲ့စခန်းချထားသည့်နေရာအား စိုက်ကြည့်နေလျှက်ရှိသည်။
ဤအဖွဲ့ခေါင်းဆောင်များဟု ယူဆရသည့်မြင်းစစ်သည်လေးယောက်၏အနောက်တွင် အညိုရောင်ချပ်၀တ်များ၀တ်ဆင်ကာ ချွန်ထက်သည့်လက်နက်များကိုကိုင်ဆောင်ထားပြီး သဲကျားသားရဲများကို စီးနင်းနေလျှက် သာမန်စစ်သည်များဟုယူဆရသည့် မြင်းစစ်သည်လေးရာခန့်လည်းရှိနေသေးသည်။ ဤမြင်းစစ်သည်လေးရာသည် သူတို့၏အသက်ရှူသံများကိုပင် ထိန်းထားပြီး သေချာလေ့ကျင့်ပေးထားသည့် သဲကျားများသည်လည်း အသံမထွက်စေရန်အတွက် တုတ်ချောင်းများကို ကိုက်ထားကြ၏။
“ကြယ်ခြောက်လုံးအဆင့် စစ်သည်တစ်ယောက်၊ ကြယ်ငါးလုံးအဆင့်စစ်သည်သုံးယောက်၊ ကြယ်လေးလုံးအဆင့်စစ်သည်လေးယောက်...ဒီဇီးနစ်အင်ပါယာရဲ့ ရှေ့ပြေးတပ်ဖွဲ့မှာ စွမ်အားမြင့်သိုင်းဆရာတွေနဲ့ ပစ္စည်းကောင်းတွေပါနေတာပဲ...အထင်ကြီးစရာပဲလို့ပြောရမယ်...” ခေါင်းဆောင်မြင်းစစ်သည်သည် ဖြေးညှင်းစွာပြောလိုက်၏။ “ဒီကောင်တွေ ငါတို့ရဲ့သဲကျားတပ်ဖွဲ့၀င်၃၆၇ယောက်ကို သတ်ဖြတ်နိုင်ခဲ့တာ သိပ်မဆန်းပါဘူး။ ဟီးဟီး ချမ်းဘော့ဒ်တိုင်းပြည်က သူတော်စဥ်တပ်ဖွဲ့ဟုတ်လား...ငါဒီကောင်တွေနဲ့တိုက်ခိုက်ကြည့်ချင်ပါသေးတယ်...”
“ဒီကောင်တွေက စွမ်းအားမြင့်မားတယ်ဆိုပေမယ့် ခင်ဗျားရဲ့လက်ထဲက ကောင်းကင်ခွဲထားကို ဘယ်လိုလုပ်ပြီးတိုက်ခိုက်နိုင်မှာလဲ..” သူ၏ဘေးတွင်ရှိသည့်မြင်းစစ်သည်သည် ရယ်မောလိုက်သည်။ “နာရီအနည်းငယ်လောက်စောင့်လိုက်ကြရအောင်။ ဒီဇီးနစ်ကစစ်သည်တွေ သတိလျော့သွားတဲ့အချိန်မှာ အငိုက်ဖမ်းပြီး၀င်တိုက်ခိုက်ကြတာပေါ့။ ကျွန်တော်တို့ဒီကောင်တွေကို မိနစ်သုံးဆယ်လောက်အတွင်းမှာ ဖျက်ဆီးနိုင်လောက်တယ်...”
“ကျွန်တော်တို့ [မဟူရာမျှော်စင်]က တစ်ယောက်ယောက်ကို ကြောက်ရွံ့တယ်ဆိုတာရှိဖူးလို့လား မစ်စတာ ကာမန်း။ မင်းသား ဟယ်တင်ဂါက စစ်ကူတွေနဲ့လာနေပြီဆိုတော့ ဒီရှေ့ပြေးတပ်ဖွဲ့ခေါင်းဆောင်ရဲ့ဦးခေါင်းကို ဖြတ်ပြီးတော့ မင်းသားကိုလက်ဆောင်အနေနဲ့ ဆက်သသင့်တယ်လို့ ကျွန်တော်ထင်တယ်။” ကျန်ရှိနေသည့် မြင်းစစ်သည်မှ အကျန်ပြုလိုက်သည်။
ကာမန်းခေါင်းငြိမ့်လိုက်ပြီးအမိန့်ချရန်ပြင်လိုက်သည့်အချိန်တွင် စတ္တုထမြောက်ခေါင်းဆောင်မြင်းစစ်သည်သည် တစ်စုံတစ်ခုပြောလိုနေပြီး တွန့်ဆုတ်နေသည့်ပုံရှိသည်ကို သတိထားလိုက်မိ၍ သူမေးလိုက်သည်။ “အာရီ ခင်ဗျားရောဘယ်လိုထင်လဲ...”
အာရီသည် အရိုသေပေးကာ ဂရုတစိုက်အကြံပြုလိုက်၏။ “မစ်စတာ ကာမန်း ကျွန်တော်တို့ဒီနေ့ရတဲ့ သတင်းအချက်လက်တွေအရဆိုရင် ဇီးနစ်အင်ပါယာကစစ်သည်တွေက အထင်ကြီးစရာပဲလို့ ပြောလို့ရတယ်။ သူတို့တွေက လယ်ဗယ်၄မှော်သားရဲတွေကို စီးနင်းကြတယ်ဆိုတော့ ဇီးနစ်အင်ပါယာရဲ့တော်၀င်တပ်ဖွဲ့တွေဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့လျှော့မတွက်သင့်ဘူး။ နောက်ပြီးတော့ ကာလဟာလတွေအရဆိုရင် ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့ ပင်မခေါင်းဆောင်က ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားလို့ ခေါ်တဲ့အဆင့်မြင့်သိုင်းဆရာတစ်ယောက်ပဲ။ ကျွန်တောာ် ထင်တာက ဖြေးဖြေးခြင်းနဲ့ လုံခြုံအောင်သေချာအရင်လုပ်ပြီးမှ လှုပ်ရှားသင့်မယ်ထင်တယ်။ ဒီလိုကြီးမားတဲ့ စစ်ဆင်ရေးတွေမစခင်မှာ မင်းသား ဟယ်တင်ဂါရောက်အောင်အရင်စောင့်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။”
“ဟမ် အာရီ။ မင်းရဲ့ ရဲရင့်မှုတွေက တစ်နေ့တစ်ခြားပျောက်ဆုံးကုန်ပါ့လားကွ။ ရှုံးလာတဲ့စစ်သည်တွေက သူတို့အပြစ်သက်သာအောင်လို့ ရန်သူရဲ့စွမ်းအားကို ချဲ့ကားပြေထားတဲ့စကားလုံးတွေကို မင်းယုံနေတာလား။” ကာမန်း၏ဘေးတွင်ရှိနေသည့် တစ်ခြားမြင်းစစ်သည်နှစ်ယောက်မှ ငြင်းဆန်လိုက်၏။
“ဘာနေနေကွာ။ စကာများမနေကြနဲ့။ လူတိုင်းနှစ်နာရီလောက်အနားယူထားကြ။ နှစ်နာရီပြီးရင် ငါတို့ ဇီးနစ်တပ်ဖွဲ့ရဲ့ စခန်းကို ချက်ချင်း၀င်စီးကြမယ်။ ငါတို့ရဲ့တာ၀န်က အလည်ကတဲထဲကို၀င်ပြီးတော့ ကြယ်ခြောက်လုံးအဆင့်တပ်ခွဲခေါင်းဆောင်ကို သတ်ဖို့ပဲ။ မင်းတို့ကောင်တွေတစ်ခြားလူတွေကို ထိန်းထားလိုက် ငါအဲ့ကြယ်ခြောက်လုံးအဆင့်အဖွဲ့ခေါင်းဆောင်ကို သတ်လိုက်မယ်။ ငါသတ်ပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ခွာကြမယ်...”
ကာမန်းသည် တောင်ခြေတွင်ရှိနေသည့် စခန်းကို ညွှန်ပြကာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။
“အ၀ါရောင်မီးအိပ်တစ်လုံးသည် အလည်တွင်ရှိသည့် တဲထဲတွင်လင်းထိန်နေပြီး ဖှေးသည်တဲ၏အနောက်တွင် ထိုင်ကာ စာမျက်နှာ၂၅၀၀ခန့်ပါရှိသည့် အေဇာရုတိုက်၏ သမိုင်းမှတ်တမ်း ဟုအမည်ရသည့် စာအုပ်တစ်ခုကို ဖတ်ရှုနေ၏။
သူဟွန်းတလား၊ ကွန်စတာကာတာနှင့် အာမာယူရီတို့အား အနိုင်ယူပြီးသည့်နောက်တွင် သူတို့၏ ထားသိုရာမှော်လက်စွပ်များကို သိမ်းဆည်းထားလိုက်သည်။ ကိန်းသည် ထိုလက်စွပ်များကို ဖွင့်နိုင်အောင်ဆောင်ရွက်ပေးခဲ့ပြီး ဖှေးသည်အထဲတွင်ရှိသည့်ပစ္စည်းများစွာကို အပိုင်သိမ်းလိုက်၏။ မှော်ပစ္စည်းများစွာအပြင် ကျင့်စဥ်စာလိပ်များနှင့် တစ်ခြားတန်ဖိုးရှိသည့်ပစ္စည်များစွာလည်းပါရှိသည့်အတွက် ဖှေးအနည်းငယ်ပို၍ချမ်းသာလာ၏။
ဤ အေဇာရုတိုက်၏ သမိုင်းမှတ်တမ်းဟုအမည်ရသည့် စာအုပ်သည် ဖှေးကွန်စတာကာတာ၏ထားသိုရာမှော်လက်စွပ်အတွင်းမှ တွေ့ခဲ့သည့် စာအုပ်တစ်ခုပင်။ ဤသည်မှာ အေဇာရုတိုက်နှင့် ပတ်သက်သည့်သမိုင်းကို တစ်စုံတစ်ခုမှသိရှိခြင်းမရှိသည့်ဖှေးအတွက် ရတနာတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။ ဤစာအုပ်ထဲတွင် သမိုင်းမှတ်တမ်းမျိုးမျိုးနှင့် ဗဟုသုတအမျိုးမျိုးတို့ကိုရေးသားထားသည့်အတွက် စွယ်စုံကျမ်းတစ်ခုကဲ့သို့ပင်။
ဤစာအုပ်သည် အလွန်တန်ဖိုးကြီးမားလှသည့်အတွက် ကမ္ဘာပေါ်တွင်တစ်အုပ်ပဲရှိသည်ဟုပင်ထင်ရ၏။ ချမ်းဘော့ဒ်တိုင်းပြည်တော်၀င်စာကြည့်တိုက်နှင့် ဇီးနစ်လူထုစာကြည့်တိုက်တို့တွင်ရှိသည့် သမိုင်းမှတ်တမ်းများတွင် ရေးသားထားခြင်းမရှိသည့် သမိုင်းဖြစ်ရပ်များစွာပင် ပါ၀င်နေ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် ဖှေးဤစာအုပ်အား စိတ်၀င်စားစွာဖတ်ရှုနေခဲ့သဖြင့် သူ၏အေဇာရုတိုက်အပေါ်တွင် နားလည်မှုမှာ သိသိသာသာပင်မြင့်တက်လာနေပြီဖြစ်သည်။
ဤစာအုပ်အား ဖတ်ရှုရင်းဖြင့် ဖှေးအလဆင့်စစ်သည်များ၏ အဆင့်သက်မှတ်ချက်များ၊ လယ်ဗယ်များကိုလည်း နားလည်လာ၏။
လက်စွဲတော်လက်နက်များအသုံးပြုသည့် လအဆင့်စစ်သည်များ၊ သားရဲ၀ိဉာဥ်လအဆင့်စစ်သည်များ၊ သာမန်လအဆင့်စစ်သည်များ မည်သည့်လအဆင့်စစ်သည်များမဆိုစေကာမူ အဆင့်သုံးဆင့်ခွဲခြမ်းနိုင်၏။ လသစ်၊ လ၀က်နှင့် လပြည့်စစ်သည်များဟူ၍ပင်။ အဆင့်တစ်ခုခြင်းစီကို အတန်းသုံးတန်းထက်မံ၍ ခွဲခြားနိုင်၏။ အနိမ့်တန်း၊ အလတ်တန်းနှင့် အမြင့်တန်းတို့ပင်။ အတန်းတစ်ခုခြင်းစီတွင်လည်း လယ်ဗယ်၁၀ခုပါ၀င်နေသေးသည်။
ကြယ်လယ်ဗယ်များနှင့် နှိုင်းယှဥ်ကြည့်ပါ လအဆင့်တွင် လယ်ဗယ်သက်မှက်ချက်များပို၍ ပါရှိသည်ဟု ဆိုနိုင်၏။
ကြယ်အဆင့်စစ်သည်များသည် ဤတိုက်ပေါ်တွင်အဆင့်နိမ့်သူများဖြစ်ကြပြီးလအဆင့်စစ်သည်များမှာမူ အင်ပါယာကြီးများ၏ ကြောရိုးပင်။ သူတို့၏ ခွန်အားများသည် ကျင့်စဥ်လမ်းကြောင်းကို ကိုယ်စားပြုနေ၏။
လအဆင့်စစ်သည်သုံးယောက်၏ကျင့်စဥ်စာလိပ်များကို ဖတ်ရှုကြည့်ရင်းဖြင့် ကွန်စတာကာတာသည် စစ်ဘက်ဆိုင်ရာကိစ္စများကိုသာ ဦးစားပေးပြီး ကျင့်ကြံရာတွင် အချိန်သိပ်မပေးဖြစ်သောကြောင် သူသည် သိုင်းဆရာသုံးယောက်ထဲတွင် အားအနည်းဆုံးတစ်ယောက်ဖြစ်ပြီး လသစ်အနိမ့်တန်းလယ်ဗယ်၁စစ်သည်တစ်ယောက်ဖြစ်သည်။ သူသည် ကြယ်အဆင့်မှ လအဆင့်သို့တက်ရောက်ခါစလူတစ်ယောက်ပင်။
အာမာယူရီနှင့် ဟွန်းတလားတို့သည် လသစ်အဆင့်နိမ့်လယ်ဗယ်၃စစ်သည်များပင်။
ဤအရာမှတဆင့် ခါဆစ်သည် လသစ်အလတ်တန်းစစ်သည်တစ်ယောက်ဖြစ်လိမ့်မည်ဟု ဖှေး ခန့်မှန်းလိုက်မိ၏။
သူခန့်မှန်းနိုင်သေးသည့် အင်ပါယာအရှင်သခင်ယရှင်းမှ လွဲ၍ ဖှေးတွေ့ဖူးသမျှလူများထဲတွင် ခါဆစ်သည်စွမ်းအားအကြီးမားဆုံးပင်။ သူတော်စဥ်ဘေးလ်မှာမူ လသစ်အနိမ့်တန်းလယ်ဗယ်၂စစ်သည်တစ်ယောက်ဖြစ်လိမ့်မည်ဟု ဖှေးခန့်မှန်းမိ၏။
ကြယ်အဆင့်စစ်သည်များသည် ကြယ်ကိုးလုံးစွမ်းအင်အချက်ချာနေရာများကို ဖန်တီးကာ ပေါင်းစည်းပြီးသွားသည့်အချိန်တွင် သူတို့၏ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် အတွင်းအားစွမ်းအင်များသည် အငွေ့အသွင်မှ အရည်အဖြစ်သို့ပြောင်းလဲသွား၏။ ကြယ်ပုံသဏန်စွမ်းအင်အချက်ချာနေရာများသည် လပုံနှ့င်တူသည့် စက်လုံးအဖြစ်သို့ပြောင်းလဲသွား၏။ ထို့ကြောင့် လအဆင့်စစ်သည်များဟုခေါ်ခြင်းပင်။ လအဆင့်စစ်သည်များ၏ ကျင့်စဥ်လမ်းကြောင်းသည် ထိုစက်လုံးကို အရည်ဂုဏ်သတ္တိအတွင်းအားစွမ်းအင်များဖြင့် ဖြည့်ရန်ဖြစ်သည်။
အေဇာရုတိုက်၏ သမိုင်းစာအုပ်ထဲတွင် ဖှေး ရန်သူဂျက်အင်ပါယာနှင့် ပတ်သက်သည့်အကြောင်းရာများစွာလည်း ကိုလည်းဖတ်ရှုလိုက်ရသည်။
ဂျက်အင်ယာသည် ဇီးနစ်အင်ပါယာ၊ အိုက်ဟိုဗင်အင်ပါတို့နှင့် ထိစပ်နေသည့် အိမ်နီးခြင်းအင်ပါယာတစ်ခုဖြစ်ပြီး သူ၏မြေပိုင်နက်သည် အင်ပါယာနှစ်ခုပေါင်းစည်းထားသည်ထက်ပင် ပို၍ကျယ်၀န်းသည်။ သို့သော် ကုန်းမြေတော်တော်များများသည် ကန္တရများဖြစ်သောကြောင့် ပို၍ နည်းသည့်လူဦးရေရှိ၏။ ကုန်းမြေအများစုတွင်နေထိုင်သည့်လူမရှိကြပဲ ထိုအင်ပါယာတွင်နေထိုင်သည့်မြို့သူမြို့သာများမှာ အနည်းငယ်သာရှိသည့်မြစ်ကမ်းဘေးများ၊ အိုအေစစ်များတွင်သာနေထိုင်ကြသည်။
သိမ်းပိုက်ရန်ခက်ခဲသည့် အင်ပါယာတစ်ခုပင်။
ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ကြောင့် ဂျက်အင်ပါယာမှလူများသည်နေ့စဥ်အသက်ရှင်နေထိုင်ရန်အတွက် ရုန်းကန်နေရသည့်အတွက် ကြံ့ခိုင်ကာ စိတ်ရှည်သည့်လူများပင်။အဆိုးဘက်မှ ကြည့်ပါက ထိုလူများသည် ရက်စက်ကြမ်းကြုတ်ပြီး တစ်ခြားလူများကို ကျူးကျော်လိုသည့်လူများပင်။ သူတို့တွင် အရင်းမြစ်အနည်းငယ်သာ ရှိသဖြင့် ဂျက်အင်ပါယာမှလူများသည် သူတို့ဘေးတွင်ရှိသည့် တစ်ခြားအင်ပါယာများထံမှ လုယူလေ့ရှိကြ၏။ ကန္တာရသဲကျားများကို စီးနင်းသည့်အတွက် ဂျက်အင်ပါယာမှ ဓားမြများသည် မြန်ဆန်ကာ၊ ခြေရာခံ၍မရပဲ ဂျက်အင်ပါယာနှင့် နီးကပ်စွာနေထိုင်သည့်လူများအတွက် အိမ်မက်ဆိုးတစ်ခုပင်။