← Chapters

အခန်း (၄၇၁)

Vol. 31 Ch. 471

အခန်း (၄၇၁)

Vol. 31 Ch. 471

"ဒွီ..."

တုန်ခါသံတစ်ခုထွက်ပေါ်လာပြီး စခန်းအလည်တွင်ရှိသည့် တဲထဲတွင် ၂မီတာကျော်ခန့်အမြင့်ရှိသည့်အပြာရောင်ပေါ်တယ်တစ်ခုထွက်ပေါ်လာ၏။

အညိုရောင်၀တ်ရုံနှင့် သန်မာသည့် လူတစ်ယောက်ပေါ်တယ်အတွင်းမှ လမ်းလျှောက်ထွက်လာပြီး ဖှေးအား စာတစ်စောင်ကို ပေးလိုက်သည်။

ဖှေး စာအိပ်ကို ဖွင့်လိုက်ပြီး သူ၏ ထားသိုရာအကန့်အတွင်းသို့ထည့်လိုက်သည်။ ထို့နောက်တွင် ဤသန်မာသည့် အမျိုးသမီးကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး "ကျေးဇူးပါ ခေါင်းဆောင်ခက်ရှာ..."

ဤအမျိုးသမီးသည် သူပုန်စခန်းမှ စစ်ဘက်ဆိုင်ရာခေါင်းဆောင်ပင်။

သူမသည် အတွေ့ကြုံရှိသည့်အမျိုးသမီးသူပုန်တစ်ယောက်ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်အရေးကြီးအစိတ်ပိုင်းများကို ကာကွယ်ပေးသည့် ရိုးရှင်းသော ချပ်၀တ်တစ်စုံကိုသာ အမြဲ၀တ်ဆင်လေ့ရှိသည်။

သူမသည် စကားနည်းသူတစ်ယောက်ပင်။ သူမသည် စကားနည်းသည့်အတွက် သူမတွေးနေသည်ကို ခန့်မှန်းရန်ခက်ခဲလှသည်။ သို့သော် သူမသည် သေရမည်ကို ကြောက်သည့်လူတစ်ယောက်မဟုတ်ပဲ ယုံကြည်အားကိုးနိုင်သည့် လူတစ်ယောက်ပင်။

ဤသူပုန်စခန်း၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှာ အလွန်စွမ်းအားမြင့်မားကြောင်း ထင်ရှား၏။ ဖှေးကိုယ်တိုင်ပင် ဤအမျိုးသမီးမည်မျှ စွမ်းအားမြင့်မားကြောင်းကို မခန့်မှန်းနိုင်ချေ။ သူမသည် ယောက်ျားလေးအများစုထက်ပင် ပို၍သန်မာနေသကဲ့သို့ပင်။ ထို့အတွက်ကြောင့် ဖှေးသည် သူမအား စာချွန်လွှာရုံးမှ အဖိုးကြီးဇိုလာရစ်နှင့် ကောင်လေးလူကာတို့ကို ကာကွယ်ရန်အတွက် တာ၀န်ပေးထားခဲ့ခြင်းပင်။

ဆင့်ခေါ်ခြင်းအစွမ်းကိုအသုံးပြုပြီး ဖှေးသည် လူကာနှင့် ဇိုလာရစ်တို့၏ ခန္ဓာကိုယ်ပေါ်တွင် အာကာသအမှတ်သားတစ်ခုကို ချန်ထားပေးခဲ့သည်။ သူတို့နှစ်ယောက်လိုအပ်လာသည့်အချိန်တိုင်းတွင် ခက်ရှာအား ဆင့်ခေါ်နိုင်စေရန်ဖြစ်သည်။

လွန်ခဲ့သည့်တစ်လခန့်က ခက်ရှာသည် သူ၏သေစေနိုင်သည့်နည်းလမ်းများကို အသုံးပြုပြီးစာချွန်လွှာရုံး၏ လမ်းကြောင်းပေါ်တွင်ရှိနေသည့် ဆူးညှောင့်ခလုတ်များကို ရှင်းလင်းပေးခဲ့၏။ မြို့တော်စိန့်ပီတာစဘာ့တ်မြေအောက်လောကတွင် သူမအား အညိုရောင်၀တ်ရုံသေမင်းဟုပင် လူသိများလာ၏။

ဖှေးသည် ၀ံပုလွေစွယ်တပ်ဖွဲ့နှင့်အတူ ဂျက်အင်ပါယာတို့စစ်ချီတော့မည်ကို သိပြီးနောက်တွင် စာချွန်လွှာရုံးသည် ဂျက်အင်ပါယာသို့ပင် စတင်ကာ ထိုးဖောက်နေပြီဖြစ်သည်။ စာချွန်လွှာရုံး၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ကောင်လေးလူကာသည် ဇီးနစ်အင်ပါယာမှ အဖွဲ့စည်းများသတင်းကိုနားစွန့်ရန်အတွက် မြို့တော်စိန့်ပီတာစဘာ့တ်တွင်နေခဲ့ပြီး အဖိုးကြီးဇိုလာသည် ဂျက်အင်ပါယာပိုင်နက်ထဲသို့ပင်သွားကာ ဖှေးအတွက် သတင်းအချက်လက်ကွန်ယက်တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်သည်။

ရရှိထားသည့် သတင်းအချက်လက်များအားလုံးကို ခက်ရှာမှတဆင့်ဖှေးထံသို့ ပေးပို့လိုက်သည်။

မည်မျှပင်ကွာ၀ေးနေစေကာမူ ဆင့်ခေါ်ခြင်းအစွမ်းကြောင့် ခက်ရှာသည် ပေါ်တယ်မှတဆင့်သတင်းအချက်များကို ဖှေးထံသို့ လျှင်မြန်စွာ ယူဆောင်လာပေးနိုင်၏။

စာချွန်လွှာရုံးမှ ပေးသည့်သတင်းများမှတဆင့် ဂျက်အင်ပါယာမှစစ်သည်များသည် အလံနှစ်စုံမြို့သို့ ၀ိုင်းရံထားပြီးဖြစ်ကြောင်းကို ဖှေးသိရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်ပင် ဖှေးသည် နောက်ဆုံးသတင်းအချက်လက်များကိုရရှိ လိုက်သေးသည်။

ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ခက်ရှာတိုတိုပြတ်ပြတ်ပင်ပြန်ဖြေလိုက်သည်။ "ရပါတယ်..။"

အစပိုင်းတွင် ခက်ရှာ၏ စကားနည်းမှုကြောင့် ဖှေးအနည်းငယ်နေရခက်ခဲ့သော်လည်း ယခုအချိန်တွင်အသားကျလာပြီဖြစ်သည်။

ဖှေးသူ၏ခေါင်းကို ငုံ့လိုက်ပြီးဆက်ပြောလိုက်သည်။ "ဦးလေးဇိုလာရစ်ရဲ့ အစီစဥ်ကရော ဘယ်လိုလဲ။ ဂျက်အင်ပါယာမှာ ကွန်ယက်တစ်ခုတည်ဆောက်ရတာက ဇီးနစ်မှာထက်ပိုပြီးခက်ခဲမယ်ထင်တယ်..."

ခနတာစဥ်းစားပြီးသည့်နောက်တွင် ခက်ရှာပြန်ဖြေလိုက်သည်။ "အတော်လေးတော့ ခက်ခဲတယ်။ ဒါမယ့်အဆင်ပြေသွားမှာပါ..."

"အန်း ကောင်းတယ်..." သူသည် ခက်ရှာအားစာတစ်စောင်ပြန်ပေးလိုက်သည်။ "ဦးလေးဇိုလာရစ်ကို ဒီစာမှာပါတဲ့အတိုင်းအတက်နိုင်ဆုံး စုံစမ်းပေးဖို့ပြောလိုက်ပါ...သူက တစ်ရက်အတွင်းမှာ အပြီးလုပ်နိုင်ရင်ပိုကောင်းမယ်။ နောက်ပြီးတော့ ဒါကိုလည်း သူ့ကိုပေးလိုက်ဦး..." ဖှေးသည် ဒိုင်ဗီတလင်းကျောက်တစ်ခုကို ခက်ရှာအားပေးလိုက်၏။

"ရပြီ..."

လျှင်မြန်စွာ ပြန်ဖြေလိုက်ပြီးသည့်နောက်တွင် ခက်ရှာသည် ပစ္စည်းများကို သူမ၏ ထားသိုရာအကန့်အတွင်းသို့ထည့်လိုက်ပြီး ပေါ်တယ်အတွင်းသို့ပြန်လည်၀င်ရောက်သွားတော့သည်။

"ဒွီ..."

သူမသည် ပေါ်တယ်နှ့င်အတူ ပျောက်ကွယ်သွား၏။

ဖှေးအသက်ရှူထုတ်လိုက်သည်။

ထိုဒိုင်ဗီတလင်းကျောက်ထဲတွင် ယနေ့ဖြစ်ခဲ့သည့်မြင်ကွင်းများပါရှိသည်။

မှော်စွမ်းအင်အနည်းငယ်ထည့်လိုက်ပါက သဲကျား၄၀၄ကောင်ကြောက်လန့်သွားပုံ၊ ဂျက်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏ တတိယမြောက်တပည့် ၀ံပုလွေစွယ်တပ်ဖွဲ့၏ အမိန့်ပေးခေါင်းဆောင်ရှေ့တွင် ဒူးထောက်ခဲ့ပုံ၊ ဂျက်အင်ပါယာမှ မြင်းစစ်သည်များ ဇီးနစ်စစ်သည်တို့အား လက်နက်ချအရှုံးပေးခဲ့ပုံ၊ စသည့်မြင်ကွင်းများကို ပြန်လည်မြင်တွေ့ရမည်ဖြစ်သည်။

အထူးသဖြင့် ကာမန်းဒူးထောက်ခဲ့သည့်မြင်ကွင်းသည် ဂျက်အင်ပါယာမှစစ်သည်များ၏ စိတ်ဓာတ်ကို ပျက်ပြားစေမည့် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုပင်။ ဤဖြစ်ရပ်သည် စစ်ပွဲမစတင်မှီတွင်ဖြစ်ပျက်ခဲ့သော်ကြောင့် ဂျက်အင်ပါယာ၏ တော်၀င်မိသားစုများသည် များစွာအရှက်ရသွားကြမည်ဖြစ်သည်။ ဂျက်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကိုယ်တိုင်ပင် စိတ်အနည်းငယ်ထိခိုက်သွားမည်ဖြစ်သည်။

ဤဗျူဟာသည် ဂျက်အင်ပါယာအား ချက်ချင်းလဲပြိုစေမည်မဟုတ်သော်လည်း များစွာဒုက္ခရောက်သွားစေမည်မှာအမှန်ပင်။

ထို့ကြောင့် ဖှေးသည် ၀ံပုလွေစွယ်တပ်ဖွဲ့ကို အန္တရာယ်ပေးနိုင်သည့် ကာမန်းတစ်ယောက်တည်းကိုသာ ထိန်းသိမ်းထားလိုက်ပြီး ကျန်ရှိနေသည့် မြင်းစစ်သည်များကို လွှတ်ပေးလိုက်ခြင်းပင်။ ထိုမြင်းစစ်သည်များကို မြင်လိုက်သည့်အချိန်တိုင်းတွင် ဂျက်အင်ပါယာမှလူများသည် ဤဖြစ်ရပ်ကို သတိရသွားမည်ဖြစ်သည့်အတွက်ပင်။

ဖှေးသည် ကာမန်း၏ သရုပ်မှန်ကို သိလိုက်သည့်အချိန်တွင် ဤအကြံကို ရရှိခဲ့ခြင်းပင်။ ဤသည်မှာ စစ်ပွဲအပေါ်တွင်မည်သည့်သက်ရောက်မှုကို ပေးနိုင်မည်နည်း။ ဤသည်ကိုမူ အချိန်တန်ပါကသိရှိရမည်ဖြစ်သည်။

ခနတာတိတ်ဆိတ်ပြီးသည့်နောက်တွင် ဖှေးခက်ရှာပေးသည့်စာကို ထုတ်ဖတ်လိုက်သည်။

ထို့နောက်တွင် သူမျက်မှောင်ကြုံ့လိုက်၏။

အလံနှစ်စုံမြို့တာ်၏အခြေအနေမှာ မြို့တော်စိန့်ပီတာမှ အရာရှိများသူ့အား ပြောလိုက်သည်ထက်ပင် များစွာပို၍ဆိုး၀ါးနေ၏။

ယနေ့ဖြစ်ခဲ့သည်မှာ ရှေ့ပြေးတပ်ဖွဲ့အတွက် လွယ်ကူနေသော်လည်း မနက်ဖြန်တွင်ကြုံတွေ့ရမည့် တိုက်ပွဲမှာ သူတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေမည်ဖြစ်သည်။ စာထဲတွင် ပါရှိသည့်အချက်လက်များအရ ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းကျော်ခန့်သည် အလံနှစ်စုံမြို့တော်က ၀န်းရံထားသည့်အတွက်ပင်။

ရန်သူဘက်မှ စစ်သည်အင်အားသည် ဆယ်ဆခန့်သာလွန်နေ၏။

ထို့အပြင် ဂျက်အင်ပါယာမှစစ်သည်များသည်လည် ထက်မံ၍ရောက်ရှိလာနေလျှက်ရှိ၏။

......

ဒိုင်ယာဘလိုကမ္ဘာထဲတွင်ဖြစ်သည်။

နှင့်းများမှာကောင်းကင်ပေါ်မှအဆက်မပြတ်ကျဆင်းလျှက်ရှိပြီး ကောင်းကင်နှင့် နေရောင်ခြည်ကို ဖုံးကာထား၏။ နေရာတိုင်းသည် အေးခဲလျှက်ရှိနေပြီး ခြောက်သွေ့နေသည့် သစ်ပင်များသည် ငရဲပြည်မှငရဲသားများကဲ့သို့ပင်။

ဤသည်မှာ ဖရစ်ဂစ် ကုန်ုးပြင်မြင့်ပင်။

ဤနေရာတွင် မြေမျက်နှာသွင်ပြင်မှာ မြင့်မားသည့်အတွက် အောက်စီဂျင်ရှားပါးကာ လူများအား သက်လုံနှစ်ဆခန့်ကုန်ခမ်းစေသည်။

ဖှေးသည် လူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် များပြားလှသည့် သက်လုံစွမ်းရှိသော်လည်း သူသည် ဤနေရာတွင် နာရီ၀က်ခန့်တိုက်ခိုက်ရုံမျှဖြင့် ချွေးအပြိုင်းပြိုင်းကျနေပြီဖြစ်သည်။ သူ၏ဘေးတွင် အယ်လီနာသည် ပို၍ပင်မောပန်းနေလျှက်ရှိ၏။

"အယ်လီနာ ငါပဲဆက်လုပ်လိုက်မယ်လေ။ နင်သူပုန်စခန်းကို ပြန်ပြီးတော့ ခနလောက်နားလိုက်ပါလား။ ဒီမှာ အန္တရာယ်များလွန်းတယ်။" ဖှေးအယ်လီနာမောပန်းနေသည်ကို မြင်တွေ့ရသည့်အတွက် ပြောလိုက်၏။

အယ်လီနာသည် သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။

သူမသည် ဖှေး၏စိတ်ကို ပြောင်းလဲစေလိုသည့်အတိုင်းပင် ဖှေး၏နောက်ကြောတွင်ကပ်လိုက်၏။ လေးကြိုးတုန်ခါသည့်အသံများထွက်ပေါ်လာပြီးမီးမြှားများစွာထွက်ပေါ်လာပြီး ဖှေး၏အနောက်တွင်ရှိနေသည့် မကောင်းဆိုး၀ါးများကို သတ်ဖြတ်လိုက်သည်။

သားရေချပ်၀တ်နှစ်ခုမှတဆင့် ဖှေးအယ်လီနာ၏ ပူနွေးကာ နူးညံ့သည့်အသားရေကို သူ၏နောက်ကြောတွင်ခံစားလိုက်ရသည်။

သို့သော် ဖှေး၏ခေါင်းထဲတွင် ညစ်ညမ်းသည့်အတွေးများ၀င်ရောက်လာခြင်းမရှိပေ။

အယ်လီနာသည် သူနှင့်အတူ ဆက်လက်တိုက်ခိုက်လိုသည့်အတွက် ဤကဲ့သို့လုပ်ခဲ့ကြောင်းကို ဖှေးသိရှိသည်။ အယ်လီနာအား ပြန်ခိုင်းခြင်းသည် အနည်းငယ်တစ်ကိုယ်ကောင်းဆန်နေသလို ခံစားနေရ၏။ သူသည် အယ်လီနာအတွက် စိုးရိမ်သည့်အတွက်ကြောင်ဖြစ်သော်လည်း အတင်းပြန်ခိုင်းပါက အယ်လီနာကို စိတ်မကောင်းဖြစ်သွားစေမည်ဖြစ်သည်။

"ကောင်းပြီလေ အတူတိုက်ခိုက်ကြတာပေါ့။ ဂရုစိုက်..." ဖှေးအော်ပြောလိုက်ကာ လက်သီးထိုးလိုက်၏။ သူနှင့် ၁၀မီတာခန့်အကွာ၀ေးတွင်ရှိနေသည့် မကောင်းဆိုး၀ါးနှစ်ကောင်သည် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်တွင် ဖှေးသည် ငါးခုမြောက်မြေပုံဖြစ်သည့် ဟာရိုဂတ်မှ ဟာရိုဂတ်အား သိမ်းပိုက်ခြင်းဟူသည့် ပထမဆုံးအလုပ်ကို အောင်မြင်ပြီးသွားပြီဖြစ်သည်။ သူသည် မကောင်းဆိုး၀ါးများအား ထိန်းချုပ်သည့် ကြည့်မြင်သူ ရှန့်ခ်အားသတ်ဖြတ်ပြီးသည့်နောက်တွင် ဟာရိုဂတ်မြေပုံတွင် ဖှေးNPCများထံမှ ပစ္စည်းများ၀ယ်ယူနိုင်သည့် စျေးနှုန်းသည်လည်း ကျဆင်းသွားတော့၏။

လက်ရှိတွင် ဖှေးသည် အေးရိတ်တောင်ထိပ်မှ ကယ်တင်ခြင်းဟူသည့် ဒုတိယမြောက်အလုပ်ကို ပြီးမြောက်နိုင်ရန်အတွက် ကြိုးစားနေခြင်းပင်။

သူသည် ပိတ်မိနေသည့် လူရိုင်၁၅ကောင်ကို မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများ၏လက်ထဲမှ လွတ်မြောက်နိုင်ရန်အတွက် ကယ်တင်ပေးရမည်ဖြစ်သည်။ ဤအလုပ်သည် သိပ်ပြီးမခက်ခဲလှပေ။ သို့သော် ဖရစ်ဂိတ်ကုန်းပြင်မြင့်သည် ကြီးမားကာ မြင်နိုင်စွမ်းလည်းနည်းလှသည်။ ထို့ကြောင့် ထိုလူရိုင်းများကို ရှာဖွေနိုင်ရန်မှာလည်း ခဲယဥ်းလှသည်။ ယခုအချိန်ထိ ဖှေးသူတို့အား မြင်တွေ့ခြင်းမရှိသေးပေ။

"အလတ်ဇန္ဒား ဟိုမာကြည့်လိုက်..." အယ်လီနာ ရုတ်တရက်ပြောလိုက်သည်။

ဖှေး ပျက်ဆီးနေသည့် အဆောက်ဦးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး အယ်လီနာ ညွှန်ပြသည့်နေရာသို့ကြည့်လိုက်၏။

မီတာ၁၀၀၀ခန့်၀ေးသည့်နေရာတွင် မကောင်းဆို၀ါးများစွာသည် သစ်သားခြံတစ်ခုကို ၀န်းရံထားကြသည်။ ထိုထဲတွင် လူရိုင်းသုံးယောက်မှာ ကြုံး၀ါးပြီးမကောင်းဆိုး၀ါးများနှင့် တိုက်ခိုက်နေ၏။ သူတို့သည် ဤမကောင်းဆိုး၀ါးများထက် များစွာပို၍သန်မာကြသော်လည်း အလွန်မောပန်းနေပြီဖြစ်ရာ ရုန်းကန်နေရ၏။

All Chapters