← Chapters

အခန်း (၄၇၂)

Vol. 31 Ch. 472

အခန်း (၄၇၂)

Vol. 31 Ch. 472

“တွေ့ပြီ...”

ဖှေးအဆောက်ဦးပေါ်မှ ခုန်ဆင်းလိုက်ပြီး အယ်လီနာ၏လက်ကိုကိုင်ကာ နမ်းလိုက်၏။ “ဟားဟား သူတို့ကို တွေ့ပြီ။ သွားစို့ ဒီမကောင်းဆို၀ါးတွေကို သတ်ပစ်ရအောင်။” ဖှေးထိုကဲ့သို့ပြောအပြီးတွင် ချက်ချင်းပင် ထိုနေရာသို့ပြေးသွားလိုက်၏။

အယ်လီနာလည်း သစ်သားခြံရှိရာနေရာသို့ လျှင်မြန်စွာပင်ပြေးလိုက်သွားသည်။ သူမသည် တစ်စက္ကန့်လျှင် မီတာတစ်ရာကျော်ခန့်သွားလာနိုင်၏။

ဖှေးအယ်လီနာအား အသေချာကြည့်ပါ ဤရဲရင့်ကာ အေးစက်သည့် စစ်နတ်သမီးသည် အနည်းငယ်ရှက်ရွံ့နေကြောင်းကို သတိထားလိုက်မိမည်ဖြစ်သည်။ သူမ၏မျက်နှာနှင့် လည်ပင်းတို့သည် နီရဲနေ၏။ သူမ၏အလှတရားများကို ပြသထားသော်လည်း ထူထပ်သည့် နှင်းများ၏ ဖုံးကာထားခြင်းကို ခံနေရ၏။

အ၀ေးမှ သွေးနံ့များရရှိလိုက်သည်။

ဖှေးမကောင်းဆိုး၀ါးများထံသို့ ပြေး၀င်သွားလိုက်သည်။ ဖရစ်ဂစ်ကုန်းပြင်မြင့်တွင်ရှိသည့်မကောင်းဆိုး၀ါးအများစုသည် အနီးကပ်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပေးနိုင်သည့် မကောင်းဆိုး၀ါးများပင်။ သူတို့၏လက်သည်းများသည်ချွန်ထက်သည်။ သူတို့ခန္ဓာကိုယ်ပေါ်တွင် ပါရှိသည့် ကြေးခွံများနှင့် ဆူးချွန်များသည် အသားကိုလွယ်ကူစွာပင် ထိုးဖောက်နိုင်သည်။ တစ်ချို့မကောင်းဆို၀ါးများသည် မီးမှော်အစွမ်းတစ်ချို့ကို အသုံးပြုနိုင်ကြသော်လည်း ဖှေးအတွက်မှာယူတိုက်ခိုက်ရလွယ်ကူနေ၏။ သိုးအုပ်ထဲမှ ကျားတစ်ကောင်ကဲ့သို့ပင် ဖှေးသည် သူတို့အား လွယ်ကူစွာပင်သတ်ဖြတ်လိုက်ပြီး လမ်းကြောင်းတစ်ခုဖောက်လိုက်၏။

အယ်လီနာသည်လည်း ဖှေးနှင့်အတူ တင်းကြပ်စွာလိုက်ပါနေလျှက်ရှိသည်။

အယ်လီနာ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် ကြောက်မက်ဖွယ်အအေးဓာတ်တစ်ခုထွက်ပေါ်နေလျှက်ရှိပြီး သူမနှင့်ပတ်လည် နှစ်မီတာခန့်တွင် ရှိနေသည့်မကောင်းဆိုး၀ါမျာနာကျင်စွာအော်ဟစ်နေကြ၏။ ပို၍အားနည်းသည့် မကောင်းဆိုး၀ါးများဆိုလျှင် အေးခဲကုန်ပြီး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

ပါလာဒင်အစွမ်း မြင့်မြတ်သော အေးခဲခြင်းပင်။

အယ်လီနာသည် ပါလာဒင်သွေးမျိုးဆက်ကို ရရှိခဲ့ပြီး သူမသည် ယခုအချိန်တွင်ပါလာဒင်ဇာတ်ကောင်အစွမ်းများကို အသုံးပြုနိုင်နေပြီဖြစ်သည်။ ဖှေး၏အကြံပြုချက်အတိုင်း သူမသည် ပထမဆုံးအနေဖြင့် ဤအစွမ်းကို သင်ယူခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ စွမ်းအားမြင့်သည့် ရေခဲဂုဏ်သတ္တိမှော်စွမ်းအင်တစ်ခုပင်။

ထိုအစွမ်းသည် အနီးကပ်တွင်ရှိနေသည့် ရန်သူများကို အအေးဒဏ်ဖြင့် ထိခိုက်မှုများကို အချိန်မှန်လုပ်ဆောင်ပေးမည်ဖြစ်သည်။ ထိခိုက်စေမှုအပြင် ရန်သူအား နှေးကွေးသွားစေခြင်းသည် ဖှေးအား အထောက်ကူဖြစ်စေမည်ဖြစ်လည်းဖြစ်သည်။ စွမ်းအားမြင့်သည့် မကောင်းဆိုး၀ါးများသည် အယ်လီနာ၏ အစွမ်းကြောင့် လှုပ်ရှားမှုများနှေးကွေးသွားမည်ဖြစ်ပြီး ဖှေးအတွက်သက်ဖြတ်ရလွယ်ကူသွားလိမ့်မည်ဖြစ်သည်။

သတ်ဖြတ်ခြင်းများမှာ ဆက်လက်ဖြစ်ပေါ်နေလျှက်ရှိပြီး တစ်၀ိုက်တွင်ရှိသည့်လေထုပင် အနီရောင်အဖြစ်သို့ပြောင်းလဲသွားတော့၏။

ဖှေး၏ ဂိမ်း၏ မျှချေကို ပျက်ဆီးစေနိုင်လောက်သည်အထိကြီးမားလာသည့်စွမ်းအင်များကြောင့် မကောင်းဆိုးများ၏အော်ဟစ်သံများသည် ကောင်းကင်ရံတွင် ဟိန်းနေလျှက်ရှိ၏။ သူလက်သီးထိုးလိုက်သည့်အချိန်တိုင်းတွက် မကောင်းဆိုး၀ါးငါးကောင်ခန့်သေဆုံးသွားကြ၏။ မည်သည့်မကောင်းဆိုး၀ါးမှ သူနှင့် ၅၀မီတာအနီးသို့ကပ်လာနိုင်ခြင်းမရှိပေ။

နှစ်ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဤမကောင်းဆိုး၀ါး ၆၀၀ခန့်သည် ရွေဒင်္ဂါးပြားများ၊ ပစ္စည်းများ၊ ဆေးပုလင်းများအဖြစ်သို့ပြောင်းလဲကုန်ကြတော့သည်။

ဤအချိန်တွင် ဤပစ္စည်းများဆေးပုလင်းများ၊ သည် ဖှေးအတွက်သိပ်ပြီးအသုံးမ၀င်တော့သော်လည်း လောဘကြီးသည့်ချမ်းဘော့ဒ်ဘုရင်ဖှေးသည် ဤနေရာတွင်ချန်ထားခဲ့ခြင်းမရှိပေ။ ဖှေးအမြန်ပင် ပတ်ပြေးကာ ပစ္စည်းများအားလုံးကို ကောက်ယူလိုက်သည်။

သူ့အတွက်သိပ်ပြီးအသုံးမ၀င်သည့် ပစ္စည်းများဖြစ်သော်လည်း ဟာရိုဂတ်မြို့တော်တွင် ရောင်းချကာ ရွှေဒင်္ဂါးများအဖြစ်သို့ပြောင်းလဲနိုင်သည့်အတွက်ပင်။

အယ်လီနာသည် မြေပြင်ပေါ်တွင်ရှိနေသည့် ရွှေဒင်္ဂါးများ၊ ပစ္စည်းများကို မြင်နိုင်ခြင်းမရှိသည့်အတွက် ပတ်ပြေးနေသည့် ဖှေးကိုသာ ကြောင်ကြည့်နေ၏။ သို့သော် သူမသည် ဖှေးအားဘာလုပ်နေသည်ကို မေးမြန်ခြင်းမရှိပေ။ သူမ၏စိတ်ထဲတွက် ကျန်ရှိနေသည့် အရာများကို ဂရုစိုက်ခြင်းမရှိသည့်အတွက်ပင်။

ဖှေးသည် သူမအတွက် အရာအားလုံးပင်။ သူသည် သူမ၏ဘ၀အား အရောင်သွေးစုံလင်သွားစေသည့်အတွက်ပင်။

သူမ၏စိတ်ထဲတွင် ဖှေးအနောက်မှ လိုက်ပါ၍ သူအလိုရှိသည့်အရာမှန်သမျှကိုလုပ်ဆောင်ပေးရန်သာ ဆန္ဒရှိ၏။

......

ဖှေးပစ္စည်းများအားလုံးကို ကောက်ယူပြီးသည့်အချိန်တွင် သစ်သားခြံထံသို့ လမ်းလျှောက်သွားလိုက်သည်။

“ဖုန်း...”

သူသည် ခြံတံခါးကို လွယ်လွယ်ကူကူပင်ရိုက်ချိုးလိုက်၏။

သူ၏မှတ်ဉာဏ်အရ ခြံထဲတွင် တယ်လီပေါ့တ်ပေါ်တယ်တစ်ခုပေါ်လာရမည်ဖြစ်ပြီးလူရိုင်းသုံးယောက်သည် ထိုပေါ်တယ်မှတဆင့် ဟာရိုဂတ်သို့ ပြန်ကြမည်ဖြစ်သည်။

သို့သော် ဤနေရာတွင် ဂိမ်းထဲမှ ဖြစ်စဥ်နှင့်မတူသည့်အရာတစ်ခုကို ထက်မံကာ ကြုံတွေ့လိုက်ရ၏။

ဤလူရိုင်းသုံးယောက်သည် ဖှေးထံသို့ ရိုရိုသေသေဖြင့် လမ်းလျှောက်လာ၏။ သူတို့သည် တက်တက်ကြွကြွရှိသည့်အတွက် ကိုယ်ပိုင်အသိဉာဏ်မရှိသည့် NPCဇာတ်ကောင်များဖြစ်သည့်ပုံမပေါ်ချေ။

ဤစစ်သည်မျာသည် သူတို့၏ခေါင်းပေါ်တွင်ဆံထုံးအသေးစားများရှိနေပြီး သူတို့၏မျက်နှာများနှင့် ခန္ဓာကိုယ်တစ်၀က်ခန့်ကို တက်တူများဖြင့် ဖုံးကာထား၏။ ဖှေးနှင့် အယ်လီနာအား ခနတာခန့်အကဲခတ်ပြီးသည့်နောက်တွင် သူတို့၏မျက်လုံးမျာသည် ဖှေးအပေါ်သို့ကျရောက်သွား၏။

“ဒါကတကယ်ကြီးလား ကြီးမြတ်တဲ့လူရိုင်းစစ်သည်။ ကျွန်တော်တို့ မသေမျိုးဘုရင် ဘူးလ်-ခရေးတို့စ်ရဲ့အရှိန်၀ါတွေကို အရှင့်ပေါ်မှာ အာရုံခံနေရတယ်။ ဂုဏ်ကျက်သရေက လူရိုင်းမျိုးနွယ်စီကို ပြန်လာတော့တာလား၊။ လူရိုင်းနတ်ဘုရားက သူရဲ့လူတွေကို သနားကြင်နာမှုပြသနေပြီလား။ သူရဲကောင်း ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ သစ္စာတရားကိုမငြင်းဆန်ပါနဲ့...”

ဤလူရိုင်းစစ်သည်များပြောလိုက်သည့်အရာသည် ဖှေးအား အံ့သြသွားစေ၏။ သူတို့သည် အရေးမကြီးသည့် သာမန်NPCများသာဖြစ်သည်ဟု ဖှေးယူဆထားသည့်အတွက်ပင်။

“မသေမျိုးဘုရင် ဘူးလ်ခရေးတို့စ်ဟုတ်လား။ ဒီလူရိုင်းစစ်သည်သုံးယောက်ရဲ့ သစ္စာခံမှုဟုတ်လား။ နေပါဦး ဘာလို့ ငါဆော့ဖူးတဲ့ဂိမ်းထဲကလို မဟုတ်ရတာလဲ...”

ဖှေးးအံ့သြနေသည့်အချိန်မှာပင် မကြားရသည် ကြာသည့် အေးစက်စက်နှင့် လျို့၀ှက်ထူးဆန်းသည့်အသံကြီးကို ဖှေး၏နားထဲတွင် ကြားလိုက်ရသည်။

“လူရိုင်းစစ်သည်တွေရဲ့ သစ္စာခံမှုကို သင်လက်ခံလိုက်မယ်ဆိုရင် သင်ကအချိန်နဲ့အမျှ စွမ်းအားတွေတိုးမြင့်လာမယ့် NPCဇာတ်ကောင်သုံးကောင်ကို ပိုင်ဆိုင်ရလိမ့်မယ်။ အဲ့တာအပြင် ဒီစစ်သည်သုံးယောက်ကို အတွေ့ကြုံအမှတ်သုံးစရာမလိုပဲ အပြင်ကမ္ဘာကိုလည်းဆင့်ခေါ်ပြီးတော့ တိုက်ခိုက်ခိုင်းလို့ရမယ်...”

“ဘာ...” ဖှေးအံ့သြသွား၏။ သူ၏ဆုံးဖြတ်ချက်မှာ ရှင်းလင်းသည်။ သူသည် တစ်စက်မှပင် တွန့်ဆုတ်ခြင်းမရှိပဲ ဤလူရိုင်းစစ်သည်သုံးယောက်၏ သစ္စာခံမှုကို လက်ခံလိုက်၏။

အရှိန်၀ါတစ်ခုသည် ဤလူရိုင်းစစ်သည်များကိုလွှမ်းခြုံသွားပြီး သူတို့သည် အတော်တန်စွမ်းအားမြင့်မားသည့်လူများပင်။ အနည်းဆုံးကြယ်လေးလုံးခန့်အစွမ်းရှိသည့်လူများဖြစ်သည်ဟု ဖှေးပြောနိုင်၏။ အရာအားလုံးပြီးသွားသည့်အချိန်တွင် သူတို့သည် ပေါ်တယ်မှတဆင့် ဟာရိုဂတ်သို့ပြန်လာခဲ့ကြသည်။

တစ်ဖက်တွင် ဖှေးသည် သူ၏အကူညီကို လိုအပ်သည့် လူရိုင်းဇာတ်ကောင်များကို ဆက်လက်၍လိုက်ရှာနေလျှက်ရှိသည်။

ဆုလာဘ်များစွာရရှိလိုက်သည့်အတွက်ကြောင့် ဘုရင်သည် အလုပ်အား ပြီးမြောက်ရန်အတွက် ပို၍ပင် စိတ်အား ထက်သန်လာသည့်အတွက်ပင်။

......

“အထီးကျန်တဲ့မီးခိုးတွေက ကျယ်ပြန့်လှတဲ့ ကန္တာရထဲကနေ ထွက်လာနေတယ်။ လုံး၀န်းတဲ့နေမင်းကြီးကလည်း မြစ်ပြင်ပေါ်မှာ ဖြေးဖြေးခြင်းဖြတ်သန်းနေတယ်...”

ဖှေး မဟူရာမုန်တိုင်း၏ ကြောပြင်ပေါ်တွင် လဲလျောင်းနေ၏။ မိုကုတ်စက်၀ိုင်းမှ ထွက်ပေါ်လာနေသည့် နေမင်းကြီးကို မြင်တွေ့လိုက်ရသည့်အချိန်တွင် နာမည်ကြီးသည့် ကဗျာတစ်ပုဒ်ကို သတိရမိလိုက်၏။

နေထွက်လာပြီဖြစ်သောကြောင့် ရှေ့ပြေးတပ်ဖွဲ့သည် မနက်စာစားပြီးသည့်အချိန်တွင် အလံနှစ်စုံမြို့ထံသို့ ချီတပ်ကြတော့မည်ဖြစ်သည်။

သူတို့သည် ၇၀ကီလိုမီတာခန့်ခရီးနှင်လာခဲ့ပြီးပြီဖြစ်ပြီး အနောက်မြောက်ပိုင်းနယ်စပ်တွင်ရှိသည့် အရေးကြီးဆုံးမြို့တော်သို့ရောက်ရှိရန် ၃၀ကီလိုမီတာခန့်သာ လိုတော့၏။ လက်ရှိအမြန်နှုန်းအတိုင်းပင် ဆက်လက်ခရီးဆက်ပါ မနက်ပိုင်းမှာပင် အလံနှစ်စုံမြို့တော်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။

ကင်းထောက်၁၀၀ကျော်ခန့်ကို အရင်စေလွှတ်လိုက်သည်။ မိနစ်အနည်းငယ်ကြာသည့်အချိန်တွင် ထိုကင်းထောက်များသည် ၂၀ကီလိုမီတာပတ်လည်တွင်ဖြစ်နေသည့် အခြေအနေများကို ပြန်လည်ကာ သတင်းပို့ပေးမည်ဖြစ်သည်။

ရှေးပြေးတပ်ဖွဲ့ထဲတွင် ရှိနေသည့်လူများအားလုံး တင်းမာနေသည့်လေထုကို အာရုံခံလိုက်မိကြသည်။

သို့သော် ဘလက်ကီမှာ အေးဆေးပင်ဖြစ်နေပြီး စစ်သည်များကြားတွင် လှည့်သွားနေ၏။

ဤသားရဲကောင်ကြီးအား ဟော့ခ်ဆေးပုလင်းအမြဲတိုက်ကျွေးနေလျှက်ရှိပြီး အင်အားကြီးသည်ထက်ပင် ပို၍အင်အားကြီးလာနေလျှက်ရှိသည်။ ဖှေးကိုယ်တိုင်ပင် အန်ဂျယ်လာသည် တောင်အနောက်ဘက်တွင်မည်ကဲ့သို့သော တိရစ္ဆာန်အား ကယ်တင်ခဲ့ကြောင်း အံ့သြလာခဲ့မိ၏။

“ဘလက်ကီက ဟော့ခ်ဆေးပုလင်းဒဏ်ကို ဘာလို့ ဒီလောက်တောင်ခံနိုင်နေရတာလဲ...ပုံမှန်ခွေးသာဆိုရင်ပေါက်ကွဲနေလောက်ပြီ...” ဖှေးတွေးလိုက်မိ၏။

လက်ရှိတွင် ဘလက်ကီမှာ မဲနက်နေ၏။ သူ၏ခန္ဓာကိုယ်မှ အမွေးများသည်လည်း ချောမွေ့နေသည်။ မက်တပ်ရပ်ပြီးလမ်းလျှောက်ပါက သုံးမီတာခန့်မြင့်မားကာ ရှစ်မီတာခန့်ပင် ရှည်လျားနေ၏။ ပုံမှန်အားဖြင့်ဆိုပါက ဤအကောင်ကြီးအား ခွေးဟုပင်ပြောနိုင်တော့မည်မဟုတ်ပေ။ ခွေးတစ်ကောင်သည် ပုံမှန်အားဖြင့် ဤမျှအရွယ်စားကြီးမားခြင်းမရှိသည့်အတွက်ပင်။

ဖှေးအားလပ်သည့်အချိန်တွင် ဘလက်ကီနှင့် နှပန်းလုံးတိုင်းကစားလေ့ရှိသည်။ လယ်ဗယ်၈၈လူရိုင်းဇာတ်ကောင်၏ခွန်အားဖြင့်ပင် ခွန်အား၈၀ရာခိုင်နှုန်းခန့်အသုံးပြုမှ ဘလက်ကီအား အနိုင်ယူနိုင်၏။

ကြီးမားသည့်ခွန်အားများအပြင် ဘလက်ကီသည် ထူထပ်သည့်အရေပြားနှင့် ချွန်ထက်သည့် လက်သည်းအစွယ်တို့ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သာမန်စစ်ဘက်ဆိုင်ရာသုံးသည် မြှာများသည် ဘလက်ကီအား ထိုးဖောက်နိုင်ခြင်းမရှိပေ။ ဖှေးသူ၏လက်သည်းများကို ပြင်ပေးရန်ကြိုးစားသည့်အချိန်တွင် ဓားသုံးချောင်းခန့်ကျိုးပဲ့ခဲ့သည်။

ဤသားရဲကောင်ကြီး ဟိန်းဟောက်သည့်အချိန်တိုင်းတွင် မီးမှုတ်တော့မည့်အတိုင်းပင် ကန့်မှုန့်နံ့မှာပြင်းထန်လှသည်။

ဘလက်ကီသည် ဟော့ခ်ဆေးပုလင်း အာနိသင်ကြောင့် မသိရသေးသည့်အသွင်တစ်ခုသို့ သန္ဓေပြောင်းလျှက်ရှိနေသည်မှာ ထင်ရှားလှ၏။ ဘလက်ကီပြောင်းလဲလာခြင်းများသည် ဖှေးအားများစွာထိတ်လန့်အံ့သြစေခဲ့ပြီးဖြစ်သောကြောင့် တစ်နေ့တွင် အတောင်ပံများပေါက်လာပါကလည်း ဖှေးအံ့သြမိတော့မည်မဟုတ်ပေ။

All Chapters