← Chapters

အခန်း (၄၇၃)

Vol. 31 Ch. 473

အခန်း (၄၇၃)

Vol. 31 Ch. 473

ဖှေး မဟူရာမုန်တိုင်း၏ ကြောပေါ်တွင်အနားယူနေပြီး ရှေ့ပြေးတပ်ဖွဲ့အား ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းမရှိပေ။

နေမင်းသည် ကောင်းကင်ပေါ်သို့ ပို၍ပို၍မြင့်တက်လာသည်နှင့်အမျှ ကန္တာရ၏အအေးဓာတ်သည်လည်း ပျောက်ကွယ်သွား၏။ ဤသည်မှာ ကန္တာရ၏ ရာဦဥတုပင်။ နေ့နှင့်ညအပူချိန်ကွာခြားမှုမှာ ကြီးမားလွန်းလှသည်။ နေသားမကျသေးသည့် လူများအတွက် စိန်ခေါ်မှုတစ်ခုပင်။ အနီရောင်နေမင်းကြီးကို ကြည့်ရုံဖြင့်ပင် ဖှေလာတော့မည့်တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို အာရုံခံလိုက်မိသည်။

ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းခန့်ကို ထိုးဖောက်ကာ အလံနှစ်စုံမြို့တော်အတွင်းသို့၀င်ရောက်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။

တိုက်ပွဲပြီးသည့်အချိန်တွင် မြေပြင်သည် နေမင်းထက်ပင် ပို၍နီရဲနေလိမ့်မည်ဖြစ်သည်။

“အရှိန်တင်ပြီး အလံနှစ်စုံမြို့ကို ၃၀မိနစ်အတွင်းရောက်အောင်စပြီး ချီတပ်ကြတော့။ နောက်ပြီးရင် တိုက်ပွဲအတွက် အဆင့်သင့်ပြင်ထားကြ။ မြို့ထဲကို ၀င်ဖို့အသင့်ပြင်ထားကြတော့...” ရှိဗ်ချန်ကိုသည် သူ၏အသံကိုအတွင်းအားစွမ်းအင်ဖြင့် မြင့်တင်လာကြောငြာလိုက်သည်။ တပ်ခွဲ၏ အမြန်နှုန်းမှာချက်ချင်းပင်မြင့်မားသွား၏။ မြင်းစစ်သည်များ၏ ချီတပ်သည့်အရှိန်ကြောင့်မြေပြင်တစ်ခုလုံးပင် တုန်ခါလာတော့သည်။

လေထုသည် ချက်ချင်းပင်တင်းမာလာတော့၏။

......

......

အလံနှစ်စုံမြို့တော်တွင်ဖြစ်သည်။

ဤသည်မှာ ကြီးကျယ်ခမ်းနားသည့် မြို့တော်တစ်ခုပင်။ ၂၀၀မီတာခန့်မြင့်မားသည့်အမဲရောင်ခံတပ်နံရံကြီးများသည် ကောင်းကင်နှင့်ထိစပ်နေသကဲ့သို့ပင်ဖြစ်ပြီး ဤမြို့ကြီးသည် မြေနေရာများစွာကို ယူဆောင်ထား၏။ တိုက်ပေါ်တွင် အနားယူနေသည့် သားရဲတစ်ကောင်ကဲ့သို့ပင်။ဤမြို့တော်ကြီးကိုအ၀ေးမှကြည့်ပါက ကြောက်မက်ဖွယ်ကောင်းလှ၏။

အလံနှစ်စုံမြို့တော်သည် လူငါးသိန်းခန့်နေထိုင်နိုင်လောက်သည်အထိပင် ကျယ်၀န်း၏။ မြို့တော်၀န်နန်းတော်၊ ဆွေကြီးမျိုးကြီးများ၏ အိမ်တော်များ၊ ကြီးမားသည့်လူနေထိုင်ရာနေရာများအပြင် လယ်ကွက်များစွာနှင့် ရေတံခွန်၁၁၂ခုလဲရှိနေ၏၊။ ထိုအရာများသည် မြို့တော်ထဲတွင်ရှိသည့် လူများရှင်သန်နိုင်ရေးအတွက် အရေးကြီးလိုအပ်သည့် ရင်းမြစ်များပင်။

ဤကဲ့သို့သောအချက်လက်များကြောင့် အလံနှစ်စုံမြို့တော်သည် ဇီးနစ်အင်ပါယာ အနောက်မြောက်ပိုင်းတွင် နံပါတ်၁မြို့တော်ကြီးတစ်ခုပင်။

ကြီးမားသည့် အရွယ်စားအပြင် ဤမြို့တော်ထဲတွင် အရေးကြီးသည့်သမိုင်း၀င်အဖြစ်ပျက်များစွာလည်း ဖြစ်ပျက်ခဲ့သည်။

ဤမြို့ကြီးကို လွန်ခဲ့သည့်နှစ်ဆယ့်ခြောက်နှစ်ခန့်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အင်ပါယာအရှင်သခင်ယရှင်းနှင့် သူ၏လူများဂျက်အင်ပါယာသို့စစ်ချီလာသည့်အချိန်တွင် ဂျက်အင်ပါယာမှစစ်သည်လေးသိန်းခန့်၏တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ဂျက်အင်ပါယာသည် သူ၏အင်အားစုများအားလုံးနီးပါးပင်စေလွှတ်ခဲ့ပြီးအင်ပါယာအရှင်သခင်ယရှင်းကို တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲတစ်ခုတည်းကပင် ရက်၃၀ခန့်ကြာခဲ့ပြီး တိုက်ပွဲသည်အလွန်ရက်စက်ကြမ်းကြုတ်ခဲ့သည်ဟု ဆိုကြသည်။ သွေးမြစ်များနှင့် အလောင်းတောင်များပင်ဖြစ်ပေါ်လာခဲ့၏။

ဇီးနစ်အင်ပါယာမှ စစ်သည်များသည် ထိုအချိန်က သောက်စရာရေပြတ်လက်ခဲ့၏။ ထို့ကြောင့် အင်ပါယာအရှင်သခင်ယရှင်းသည် မြေပြင်အား သူ၏နဂါးလက်သီးသိုင်းကွက်ဖြင့် ထိုးဖောက်ကာ မြေအောက်ရေစီးကြောင်းရောက်သည်အထိတွင်းများကို တူးဖော်လိုက်သည်။ ထိုတွင်းများမှ ရေများပန်းထွက်လာခဲ့ပြီး ယနေ့အလံနှစ်စုံမြို့တော်၏ ရေတွင်း၁၁၂ခုဖြစ်လာခဲ့၏။

အင်ပါယာအရှင်သခင်ယရှင်းသည် ဂျက်အင်ပါယာ၏ မြို့တော်ကို သိမ်းပိုက်ကာ အောင်မြင်ပြီး မြိုတော်စိန့်ပီတာစဘာ့တ်သို့အပြန်တွင် သူ၏လူများကို ဤနေရာ၌မြို့တော်ကြီးတစ်ခုတည်ဆောက်ရန်အမိန့်ပေးခဲ့သည်။ တည်ဆောက်အပြီးတွင် သူ၏လူများအား ခေါင်းနှစ်လုံးပိုလာ၀က်၀ံပုံဖြင့် ကြီးမားသည့် ဇီးနစ်အလံကြီးတစ်ခုပြုလုပ်ရန်မိန့်ပေးခဲ့ပြီး ထိုအလံနှင့်အတူ ဂျက်အင်ပါယာမြို့တော်မှ သိမ်းယူလာသည့် ဂျက်အင်ပါယာ၏လံအား မြို့တော်ထဲတွင် ချိတ်ဆွဲထားရန်မှာကြားခဲ့သည်။ ဤကဲ့သို့ဖြင့် ဂျက်အင်ပါယာမှ လူများကို သတိပေးလိုက်ခြင်းပင်။ ဤအတွက်ကြောင့် မြို့တော်အား အလံနှစ်စုံမြို့တော်ဟုခေါ်ခဲ့ကြခြင်းပင်။

အလံနှစ်စုံမြို့တော်သည် နယ်စပ်အစွန်းတွင်တည်ရှိနေ၏။ ထိုမြို့တော်အနောက်တွင် ဇီးနစ်အင်ပါယာ၏ပိုင်နက်ဖြစ်ပြီး မြို့တော်၏အရှေ့သည် ဂျက်အင်ပါယာ၏ နယ်နိမိတ်ပင်။

လွန်ခဲ့သည့် ၂၆နှစ်တာကာလလုံးဂျက်အင်ပါယာ၏ ကန္တာရသည် ရှေ့သို့ တိုးလာခဲ့ခြင်းမရှိပေ။

တစ်ချို့လူများပြောကြသည်မှာ အင်ပါယာအရှင်သခင်ယရှင်းသည် သဲကန္တာရကိုပင် ဇီးနစ်ဘက်ခြမ်းသို့ တိုးမလာနိုင်အောင် ဖိနှိပ်ခဲ့သည်ဟုဆိုကြ၏။ တစ်ချို့လူများပြောသည်မှာ ကန္တာရထဲမှ သဲများကပင်အင်ပါယာအရှင်သခင်ယရှင်းကို ကြောက်လန့်သည့်အတွက် အရှေ့သို့တိုးမလာရဲဟုပြောကြ၏။ ကောလဟာလများမှာ အမျိုမျိုးပင်။ သို့သော် ထိုကောလဟာလများသည်အင်ပါယာအရှင်သခင်ယရှင်းမည်မျှ အရှိန်၀ါကြီးခဲ့သည်ကို ဖော်ပြနေ၏။ ဤကောလဟာလများ၊ ဇာတ်လမ်းများသည် ခရီးသွားကဗျာဆရာများအတွက် ကုန်ကြမ်းပစ္စည်းများဖြစ်လာခဲ့ကြ၏။

၂၆နှစ်ကြာငြိမ်းချမ်းတိတ်ဆိတ်သွားပြီးသည့်အချိန်တွင် အရာအားလုံးသည် ပြောင်းပြန်ဖြစ်လာတော့၏။

အော်ဟစ်သံများနှင့် ကြုံး၀ါးသံများသည် ကောင်းကင်ပေါ်တွင် ပဲ့တင်နေ၏။

ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းခန့်သည့် အလံနှစ်စုံမြို့တော်အား တစ်ညလုံး၀ိုင်းထားခဲ့သည်။ သူတို့သည် မြို့တော်ကိုသာ ၀ိုင်းရံထားပြီး၀င်ရောက်မသိမ်းပိုက်ကြသေးပေ။ သို့သော် ယနေ့နေထွက်သည့်အချိန်တွင် တစ်စုံတစ်ခုဖြစ်ခဲ့သည့်အတွက်ကြောင့် ဂျက်အင်ပါယာမှစစ်သည်များသည် မြို့တော်အား စတင်ချီတပ်ပြီး သိမ်းပိုက်နိုင်ရန်အတွက် ရူးသွပ်စွာပင်ကြိုးစားနေလျှက်ရှိကြသည်။ ကန္တာရထဲမှ သဲမှုန်များကဲ့သို့ပင် ဂျက်အင်ပါယာမှစစ်သည်များသည် မြို့တော်အား အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်နိုင်ရန်အတွက် ကြိုးစားနေကြ၏။

စစ်မြေပြင်သည် သားသတ်ရုံတစ်ခုကဲ့သို့ပင်။

သွေးများ၊ ခြေပြတ်လက်ပြတ်များ၊ ဓားကျိုးဓားပဲ့များနှင့် အလောင်းများသည် နေရာအနှံ့ပင်။ ဒဏ်ရာအပြင်းထန်ရရှိသွားကြသည့်စစ်သည်များ၏အော်ဟစ်သံတို့သည် စစ်မြေပြင်တွင် ဆူညံနေ၏။

လွန်ခဲ့သည့်လေးနာရီပတ်လုံး ခံတပ်နံရံများအောက်တွင် ဂျက်အင်ပါယာမှ စစ်သည်၆၀၀၀ခန့်ကျဆုံးသွားကြပြီဖြစ်သည်။ ထိုကျဆုံးသွားသည့် စစ်သည်များထဲတွင် ကြယ်အဆင့်စစ်သည်များပင် ပါ၀င်နေကြ၏။ မြို့တော်အားကာကွယ်ပေးထားသည့် ကြီးမားသောမှော်စွမ်းအင်အကာရံကြီးကို ဖြိုချနိုင်ရန်အတွက် ကြယ်အဆင့်စစ်သည်၂၀၀ခန့်အသက်ပေးခဲ့ရ၏။

သေခြင်းတရားနှင့် သွေးနှံ့များမှာ ထူထပ်နေ၏။

နောက်ဆုံးတွင် ဂျက်အင်ပါယာ၏ ကြိုးစားအားထုတ်မှုများသည် ရလဒ်တစ်ခုဖြစ်ပေါ်လာပြီဖြစ်၏။

ကြီးမားသည့်မြေစွမ်းအင်မှော်အစီရင်ကြီးတစ်ခုဖြစ်သည့် မြေစွမ်းအင်အကာရံမှာ စတင်၍ ပြိုကျလာတော့သည်။ မြို့တော်အား လေးနာရီခန့်ကာကွယ်ပေးပြီးသည့်နောက်တွင် မြို့အတွင်းရှိမှော်မျှော်စဥ်များမှ စွမ်းအားထောက်ပံ့ပေးထာသည့် ဤမှော်အစီရင်ကြီးပေါ်တွင် အက်ကွဲကြောင်းများစတင်ပေါ်ပေါက်လာပြီး တုန်ခါလာတော့၏။ အထုရိုက်ခံလိုက်ရသည့် ကြက်ဥခွံတစ်ခုကဲ့သို့ပင်အချိန်မရွေးပြိုကျလာတော့မည်ဖြစ်သည်။

“ဖုန်း...”

ပေါင်တစ်ထောင်ကျော်ခန့်လေးလံသည့် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုကို ကျောက်တုံးပစ်လောက်လွှဲကြီးနှင့် လေပေါ်သို့ ပစ်လွှတ်လိုက်သည်။

ထိုကျောက်တုံးကြီးသည် လေပေါ်တွင် ဖြေးညှင်းစွာ ပျံသန်းသွားရင်းဖြင့် မြို့တော်တစ်ခုလုံးကို ကာကွယ်ပေးထားသည့်အ၀ါရောင်စွမ်းအင်အကာရံကြီးကို၀င်တိုက်လိုက်သည်။ ထိုစွမ်းအင်အကာရံသည် ကျောက်တုံးအား တစ်စက္ကန့်ခန့်ရပ်တန့်စေပြီးသည့်နောက်တွင် ရှင်းလင်းသည့်အက်ကွဲသံတစ်ခုထွက်ပေါ်လာ၏။ စွမ်းအင်အကာရံသည်လည်း သိသိသာသာပင်မှေးမှိန်သွားကာ ပျောက်ကွယ်သွားတော့သည်။ ကျောက်တုံးကြီးသည်လည်း ခံတပ်နံရံအား ဥက္ကာပျံခဲတစ်ခုကဲ့သို့၀င်တိုက်လိုက်တော့၏။

ဂျက်အင်ပါယာဘက်မှ ပျော်ရွှင်စွာအော်ဟစ်သည့်အသံများထွက်ပေါ်လာတော့သည်။ ထိုအသံများသည် မိုချုန်းသံကဲ့သို့ပင် ကျယ်လောင်နေ၏။

“ဟားဟား ပျက်ဆီးသွားပြီကွ..နောက်ဆုံးတော့..”

“ဟားဟား မြို့ရဲ့စွမ်းအင်အကာရံတော့ ကျသွားပြီး ငါတို့နိုင်တော့မယ်။”

“လှေကားကြီးတွေကို အသင့်ပြင်ထား လောက်လွဲတွေထပ်ယူခဲ့ ကြိုးတွေပါယူခဲ့ကွာ...”

“မြို့တော်ထဲကို ချီတပ်ကြ။ ငါတို့ရဲ့တော်၀င်အလံကို ပြန်ယူကြမယ်။ ငါတို့တွေ ဇီးနစ်မြို့တော်ကို သူတို့ရဲ့သွေးတွေနဲ့ပြန်ဆေးကြောကြမယ်...”

မြို့တော်အားကာကွယ်ပေးထားသည့်စွမ်းအင်အကာရံမရှိတော့သည့်အတွက် ဂျက်အင်ပါယာမှ စစ်သည်များသည် စိတ်ဓာတ်တက်ကြွလာကြ၏။ ယခုအချိန်တွင် သူတို့၏ရန်သူများကို တိုက်ခိုက်သတ်ဖြတ်နိုင်ကြပြီဖြစ်သည်။ ယခင်က စွမ်းအင်အကာရံခံနေသည့်အတွက်ကြောင့် သူတို့ဘာမှ မလုပ်နိုင်ခဲ့ကြချေ။

အရာရှိများခေါင်းဆောင်များမှ အမိန့်များစွာပေးလိုက်ကြသည်။

“ချွင် ချွင် ချွင်..”

အမဲရောင်သံမဏိချိတ်ကောက်များပါရှိသည့် လှေကားကြီးများကို ခံတပ်နံရံများပေါ်တွင် ထောင်လိုက်ကြသည်။ ထိုလှေကားများကို ဖြုတ်ချရန်မှာ ခဲယဥ်းလှ၏။ သွေးဆာနေသည့် ပုရွတ်ဆိတ်များကဲ့သို့ပင် ဂျက်အင်ပါယာမှစစ်သည်များသည် ထိုလှကားများပေါ်သို့တစ်ယောက်ပြီးတစ်ယောက်တက်ရောက်ကုန်ကြတော့၏။ ပို၍ စွမ်းအားမြင့်သည့်ကြယ်အဆင့်စစ်သည်များမှာမူ ကြိုးများဖြင့် ခံတပ်နံရံများပေါ်သို့ တွယ်တက်နေကြ၏။

မကြာမှီတွင် အလံနှစ်စုံမြို့၏ ခံတပ်နံရံများပေါ်တွင် သွေးများစွန်းထင်းကုန်ကြတော့၏။

အော်ဟစ်သံများညီးတွားသံများသည်နေရာအနှံ့ပင်ဖြစ်ပြီး သွေးများသည် ခံတပ်နံရံပေါ်မှ မိုးစက်များကဲ့သို့ပင်ကျဆင်းနေ၏။

အမဲရောင်ချပ်၀တ်များ၀တ်ဆင်ထားသည့် ဇီးနစ်စစ်သည်များနှင့် အညိုရောင်ဂျက်စစ်သည်များမှာ တစ်ယောက်နှင့်တစ်ယောက်အနီးကပ်တိုက်ခိုက်လျှက်ရှိကြသည်။ စစ်သည်တစ်ချို့သည် မကြာခနပင် ခံတပ်နံရံများပေါ်မှ ပြုတ်ကျကုန်ကြပြီး အသားစများအဖြစ်သို့ပြောင်းလဲနေကြ၏။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ တိုက်ပွဲ၏အားသာမှုသည် ဂျက်အင်ပါယာဘက်သို့ ယိမ်းယိုင်လာတော့သည်။

နှစ်ဖက်အင်အားကွာဟမှုမှာ ကြီးမားလှသည်။ အလံနှစ်စုံမြို့တော်တွင် စစ်သည်အင်အားသုံးသောင်းခန့်သာရှိ၏။ မြို့တော်၀င်များ၊ ဆွေကြီးမျိုးကြီးများ၏ ကိုယ်ပိုင်တပ်ဖွဲ့များကိုပါထည့်ပေါင်းပါက စစ်သည်အင်အား လေးသောင်း၀န်းကျင်သာရှိမည်ဖြစ်သည်။ ဂျက်အင်ပါယာမှ သေချာလေ့ကျင့်ထားသည့် စစ်သည် ခြောက်သောင်းနှင့်နှိုင်းယှဥ်ပါက အလံနှစ်စုံမြို့တော်မှ စစ်သည်များသည်အင်အားနည်းနေ၏။ ဤကဲ့သိုသော ပြသနာများသည် တိုက်ပွဲရှည်ကြာလာပါက ပို၍သိသာလာမည်ဖြစ်သည်။

ခံတပ်နံရံပေါ်ရှိမျှော်စင်တစ်ခု၏အောက်တွင် အမဲရောင်ချပ်၀တ်နှင့ခေါင်းဆောင်တစ်ယောက်ရပ်နေလျှက်ရှိသည်။ သူသည် အသက်၂၀ခန့်သာရှိသေးပြီး အရပ်ရှည်ကာ တောင့်တင်းခြင်းမရှိပေ။ တကယ်တန်းတွင် သူသည်အနည်းငယ်ပင် ပိန်နေသေး၏။ နဖူးပေါ်တွင် ကြီးမားသည့်အမာရွတ်ကြီးတစ်ခုရှိနေပြီး သူအား ကြည့်ရသည်မှာ ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။

သူ၏စူးရှသည့်အကြည့်များသည် မြို့တော်ထံသို့ပြေး၀င်လာနေသည့် ဂျက်အင်ပါယာမှစစ်သည်များထံသို့ ကျရောက်သွားသည်။ သူ၏မျက်နှာပေါ်တွင် အကူညီကင်းမဲ့သည့် အမူယာတစ်ခုပေါ်လာ၏။ မကြာမှီတွင် ထိုအမူယာသည် ပျောက်ကွယ်သွားပြီးသတ်ဖြတ်လိုသည့်အမူယာပြန်လည်ကာ ပေါ်ပေါက်လာ၏။

“ဖုန်း ဖုန်း ဖုန်း...”

မကြာမှီတွင် အရှေ့နှင့်အနောက်မှ တိုက်ခိုက်ခြင်းခံနေရသည့်အတွက် မြို့တော်ကြီးတစ်ခုလုံးသည် လှုပ်ခါလာတော့သည်။

မြေပြင်ပေါ်တွင်ရှိနေသည့် ဂျက်အင်ပါယာမှစစ်သည်များသည် ဒိုင်းကာကြီးများကို ကိုင်ထိုင်ကာ [မြို့သိမ်းနဂါး]တစ်ခုဖြင့် မြို့တော်ဂိတ်တံခါးတစ်ခုအား ဖျက်ဆီးရန်ကြိုးစားနေကြ၏။

ဤမြို့သိမ်းနဂါးသည် အေဇာရုတိုက်ပေါ်တွင် သိမ်းပိုက်ရာတွင် အသုံးပြုလေ့ရှိသည့် ပေါ်ပျူလာဖြစ်သော ပစ္စည်းတစ်မျို့ပင်။ သံမဏိဖြင့် ပြုလုပ်ထားပြီး တစ်ဖက်တွင် လောင်စာများ၊ ဖောက်ခွဲရေးပစ္စည်းများထည့်ထား၏။ ဂိတ်တံခါးများကို အင်အားသုံးကာ ဖျက်ဆီးရန်အတွက်ပင်။

အကယ်၍မြို့တော်ဂိတ်တံခါးသည် မည်မျှပင် လုံခြုံစေကာမူ ဤယန္တယားဖြင့် အကြိမ်တစ်ရာခန့်အထုရိုက်ခံရပါက ပျက်ဆီးသွားလိမ့်မည်ဖြစ်သည်။

ဤအခိုက်တန့်တွင် ခံတပ်နံရံပေါ်တွင်လည်း ဂျက်အင်ပါယာမှစစ်သည်များစွာရောက်ရှိနေကြပြီဖြစ်သည်။ ထိုစစ်သည်များသည် အဓိကမျှော်စဥ်ကြီးနှစ်ခုတည်ရှိနေသည့်နေရာသို့ ချီတပ်နေကြ၏။ ထိုမျှော်စဥ်ပေါ်တွင် ဂိတ်တံခါးကို ဖွင့်သည့် ယန္တရားများရှိသည့်အတွက်ပင်။ အကယ်၍ ထိုယန္တရားများထံသို့အရောက်သွားနိုင်ပြီး ဂိတ်တံခါးကို ဖွင့်လိုက်ပါက ဂျက်အင်ပါယာမှစစ်သည်များသည် မြို့တော်အတွင်းသို ၀င်လာကာ ထိန်းချုပ်နိုင်သွားကြတော့မည်ဖြစ်သည်။

“ဖုန်း ဖုန်း ဖုန်း..”

မြို့သိမ်းနဂါးမှ ပေါက်ကွဲသံများသည်လည်းဆူညံနေ၏။ ထိုအသံများသည် ဇီးနစ်စစ်သည်များ၏ နှလုံးသားကို ထိတ်လန့်စေလျှက်ရှိသည်။ သေမင်းသည် သူတို့၏လည်ပင်းကို ညှစ်ထားသည်ဟု ခံစားနေရ၏။

ဤအချိန်တွင် သွေးအလိမ်းလိမ်းဖြင့် စစ်သည်တစ်ယောက်ရောက်လာကာ ဒူးထောက်လိုက်ပြီး “ခေါင်းဆောင် ဖရန့်ခ်၊ မြို့တော်၀င်ဆိုရိုယော့ဗ်နက သူ့ရဲ့ကိုယ်ရံတော်တပ်ဖွဲ့တွေကို ပြန်ခေါ်လိုက်ပြီ၊ ကျန်တဲ့ဆွေကြီးမျိုးကြီးတွေလဲ အဲ့လိုလုပ်နေကြတယ်။ သူတို့တွေက မြို့တော်က အသိမ်းခံရတော့မယ်ဆိုပြီး ထွက်ပြေးဖို့ပြင်နေကြပြီ...”

“ဘာ ဒီဖတ်တီးစောက်ကြောက်ကတော့ကွာ...”

“သူဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ...”

“ဒီကောင်တွေက သာကူးတွေပါ။ အရှက်မရှိဘူး စစ်ဘက်ဆိုင်ရာတရားသူကြီးကို တင်ပြပြီးအဖမ်းခိုင်းရမယ်။ ဆွေကြီးမျိုးကြီးတွေဆိုပေမယ့် ဒီလိုအချိန်မှာ အဲ့လို ကိုယ်လွှတ်မရုန်းသင့်ဘူး...”

“ဒီတစ်ကိုယ်ကောင်းဆန်တဲ့ ခွေးသားတွေ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နေကြတာပဲ။ မြို့သူမြို့သားတွေအတွက်ကရော ဂျက်အင်ပါယာက စစ်သည်တွေက သူတို့ကို အရှင်ထားမှာမဟုတ်ဘူး...”

သတင်းများကို ကြားသည့်အချိန်တွင် ဤခေါင်းဆောင်၏ဘေးတွင်ရှိနေကြသည့်အရာရှိများမှ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ဤဆွေကြီးမျိုးကြီးများကို သွားရောက်ကာ တားဆီးလိုနေကြ၏။

“ရပ်လိုက်...” ခေါင်းဆောင်မှပြောလိုက်သည်။ သူသက်ပြင်းချအပြီးတွင် “ပြေးချင်နေကြတယ်ဆို ပြေးခွင့်ပေးလိုက်ပါ...”

“ခေါင်းဆောင်ဖရန့်ခ် အဲ့လိုဆိုရင်...ကျွန်တော်တို့ ဒီခွေးသွားတွေကို ကိုယ်လွှတ်ရုန်းခွင့်ပေးလိုက်တော့မလို့လား...” ပတ်၀န်ကျင်တွင်ရှိနေသည့် စစ်သည်များသည် မခံနိုင်သဖြင့်ပြောလိုက်ကြသည်။ သို့သော် သူတို့သည် ဤခေါင်းဆောင်ကို မူလေးစားကြသည့်ပုံရှိသဖြင့် သူ၏ဆုံးဖြတ်ချက်ကို မည်သူမှ သံသယမ၀င်ကြပေ။

“ရန်သူတွေကအတော်ရက်စက်တယ်။ ငါတို့အခြင်းခြင်းပြန်ပြီးအချင်းများနေမယ်ဆိုရင် ရန်သူကမြိုတော်ကို လွယ်လွယ်ကူကူနဲ့သိမ်းပိုက်နိုင်သွားလိမ့်မယ်...” ထို့နောက်တွင် သူ ပတ်၀န်းကျင်သို့ကြည့်ကာ ပြောလိုက်၏။ “မျှော်လင့်ချက်ရှိပါသေးတယ်။ ငါတို့ရဲ့စစ်ကူတွေဖြစ်တဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့က ချီတပ်လာနေပြီ ငါတို့နည်းနည်းလောက်တောင့်ခံထားနိုင်ရင် သူတို့အချိန်မှီရောက်လာကြမှာပါ...”

All Chapters