← Chapters

အခန်း (၄၇၄)

Vol. 31 Ch. 474

အခန်း (၄၇၄)

Vol. 31 Ch. 474

“ဘာ ခေါင်းဆောင်အနေနဲ့ အဆင့်ခြောက်အဖွဲ့၀င်တိုင်းပြည်တစ်ယောက်က ဘုရင်တစ်ပါးကိုခန့်ထားတဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့လား။ သူတို့က အသုံးမ၀င်လောက်ပါဘူးဗျာ။ ကျွန်တော်တို့တွေ ဂျက်အင်ပါယာက ဒီစစ်သည်တွေကို ခုခံနိုင်ဖို့သူတို့တွေကို အားကိုးမနေသင့်ဘူး။” အရပ်ရှည်ရှည်နှင့် မုတ်ဆိတ်မွေးများရှိသည့်ခေါင်းဆောင်တစ်ယောက်သည် သူ၏ဦးခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ “သူတို့လာလာမလာလာ ထူးမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ သူတို့တွေရောက်မလာပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ သူတို့ပါအသတ်မခံရအောင်လေ...”

တစ်ခြားခေါင်းဆောင်များအရာရှိများသည်လည်း ဤလူ၏အမြင်နှင့်သဘောတူနေသည့်အတိုင်းပင်။ ၀ံပုလွေစွယ်တပ်ဖွဲ့အပေါ်တွင် မျှော်လင့်ချက်တစ်စုံတစ်ရာထားရှိကြခြင်းမရှိပေ။

“ကိစ္စမရှိဘူး ငါတို့အားလုံးက ဇီးနစ်အင်ပါယာရဲ့စစ်သည်တွေပဲ ငါတို့တွေက အင်ပါယာနဲ့ ဒီမြို့ထဲမှာနေထိုင်ကြတဲ့ မြို့သူမြို့သားတွေအတွက် သွေးမြေကျအောင်တိုက်ခိုက်ရမယ်။ နဖူးတွင်အမာရွတ်ပါရှိသည့်ခေါင်းဆောင်သည် ဤအမြင်ကို လက်ခံခြင်းမရှိပေ။ ထိုအစားသူသည် မြို့တော်ထံသို့ချီတပ်လာနေကြသည့် ရန်သူများကို ကြည့်ကာ ပြောလိုက်သည်။ “စစ်ပွဲကဖြစ်နေပြီဆိုတော့ ငါတို့တွေဘယ်သူမှ ရှောင်ထွက်လို့မရတော့ဘူး။ အင်ပါယာက သွေးတွေစစ်ပွဲတွေပြီးသွားရင် ပြန်လည်မွေးဖွားလာလိမ့်မယ်။ ငါတို့ရဲ့ဂုဏ်သရေတွေနဲ့အတူ အင်ပါယာရဲ့သမိုင်းသစ်ကို တည်ဆောက်ရမယ်ဆိုရင်...” သူသည်တစ်ဖက်သို့လှည့်လိုက်ပြီး သူနှင့်နှစ်ပေါင်းများစွာ အတူရှိလာခဲ့သည့် ရဲဘော်ရဲဘက်များကိုကြည့်လိုက်သည်။ “ငါတို့ကနေစကြတာပေါ့...” သူခိုင်မြဲစွာပြောလိုက်၏။

ဤအခိုက်တန့်တွင် ခေါင်းဆောင်ထံမှ ထူးခြားသည့်အရှိန်၀ါတစ်ခုထွက်ပေါ်လာ၏။

စစ်သည်များ၏မျက်လုံးထဲတွင် သူသည် သူရဲကောင်းအစစ်မှန်တစ်ယောက်၊ ခေါင်းဆောင်အစစ်မှန်တစ်ယောက်ပင်။

ဤစစ်သည်များသည် သူတို့နှစ်ပေါင်းမျာစွာအမိန့်နာခံခဲ့သည့်ခေါင်းဆောင်ကို ကြည့်လိုက်ကြပြီး စိတ်ဓာတ်တက်ကြွလာကြ၏။ မုတ်ဆိတ်နှင့်ခေါင်းဆောင်သည် ထိုလူအား အလေးပြုလိုက်ပြီး “ဂရုစိုက်ပါ မစ်စတာ ဖရန့်ခ်...”

ထိုကဲ့သို့ပြောအပြီးတွင် သူ၏ဓားကို ဆွဲထုတ်လိုက်ပြီးခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားတော့၏။

လေထဲတွင် ဤမုတ်ဆိတ်များနှင့်ခေါင်းဆောင်သည် သူ၏အတွင်းအားစွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်၏။ သူသည် ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ပင်။ လက်ထဲတွင် ကိုင်ထားသည့်ဓားသည် ခံတပ်နံရံနှင့် ပွတ်ဆွဲသွားသည်နှင့်အတူ မီးပွားစများကို ဖန်တီးသွား၏။ ထိုလူ၏ အောက်သို့ ပြုတ်ကျသည့်အရှိန်ကို လည်းလျှော့ချပေးနေ၏။

သူအောက်တွင် မြို့သိမ်းနဂါးကိုအသုံးပြု၍ ခံတပ်နံရံအား ဖျက်ဆီးရန်ကြိုးစားနေကြသည့််စစ်သည်များထံသို့ရောက်ရှိသွားသည့်အချိန်တွင် သူ၏ဓားမှ မီးစွမ်းအင်များစွာထွက်ခွာသွားပြီး ရန်သူများစွာကိုအနောက်သို့လွှင့်ထွက်သွားစေလိုက်၏။

“ဖုန်း ဖုန်း ဖုန်း ဖုန်း...”

ဤမုတ်ဆိတ်နှင့်ခေါင်းဆောင်သည် မြို့သိမ်းနဂါးကိုအကြိမ်ပေါင်းများစွာတိုက်ခိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက်တွင် ဂျက်အင်ပါယာမှ စစ်သည်များစွာပြေးလာကြပြီး သူ့အား ဓားများလှံများဖြင့် ခုတ်ပိုင်းကြတော့၏။

“အီဗန်...”

ခံတပ်နံရံပေါ်တွင်ရှိနေကြသည်စစ်သည်များ ဤမုတ်ဆိတ်နှင့်စစ်သည်သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားသည်ကို တွေ့လိုက်ရသည့်အတွက် တိတ်ဆိတ်ငြိမ်သက်ကုန်ကြ၏။

ဤအီဗန်ဟုခေါ်သည့် မုတ်ဆိတ်နှင့်ခေါင်းဆောင်သည် ဒေါသကြီးသည့်လူတစ်ယောက်ပင်။ သို့သော် ပွင့်လင်းရိုးသားကာ ယောက်ျားဆန်၏။ သူသည် စစ်သည်များနှစ်သက်ကြသည့် ခေါင်းဆောင်များထဲမှ တစ်ယောက်ပင်။ သူသည် ယခင်က ဒုက္ခများစွာပေးခဲ့သော်လည်း ယနေ့တွင်မူ ခေါင်းဆောင်ကာ ရဲရဲရင့်ရင့်နှင့်တိုက်ခိုက်ပေးခဲ့သည်။ သူခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားပြီး အသေခံကာ ဂိတ်တံခါးအားကာကွယ်ပေးခဲ့ခြင်းကပင် ဇီးနစ်အင်ပါယာမှ စစ်သည်များ၏ နှလုံးသားကို ကြေကွဲစေ၏။

“စစ်သည်တွေရဲ့ ဂုဏ်သရေအတွက် ဇီးနစ်ရဲ့ ဂုဏ်သရေအတွက်ကွ...”

ခံတပ်နံရံပေါ်တွင်ရှိနေသည့် ဇီးနစ်စစ်သည်များအားလုံးသည် အော်ဟစ်ကာ အရူးများကဲ့သို့ပင် ရန်သူများထံသို့ ပြေး၀င်သွားကြတော့၏။ တစ်ချို့လူများဆိုလျှင် ဒဏ်ရာအပြင်းထန်ရရှိနေကြသော်လည်း ရန်သူနှစ်ယောက်သုံးယောက်ခန့်ကိုပင် ဆွဲခေါ်ကာ ခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားကြ၏။

“ခေါင်းဆောင်ကြီး ဂရုစိုက်ပါ...”

ခေါင်းဆောင်ဆယ့်နှစ်ယောက်ခန့်သည် နဖူးပေါ်တွင် အမာရွတ်ရှိနေသည့် ခေါင်းဆောင်အား အလေးပြုလိုက်ကြသည်။ ထို့နောက်တွင် သူတို့၏ဓားများကိုဆွဲထုတ်ကာ ရန်သူများထံသို့ ပြေး၀င်သွားတော့သည်။

ဤတိုက်ပွဲပြီးပါက သူတို့တစ်ယောက်နှင့်တစ်ယောက်ဆက်လက်မြင်တွေ့နိုင်ပါ့မလားကို မည်သူမှမပြောနိုင်ကြပေ။

“ဒါက ဘုရားခင်ရဲ့အစီစဥ်တစ်ခုပဲဆိုရင် င့ါရဲ့ရဲဘော်တွေနဲ့ စစ်မြေပြင်မှာ အတူသေရတာကပဲ ကံကောင်းပါတယ်။” နဖူးတွင် အမာရွတ်နှင့်ခေါင်းဆောင်သည် ဤကဲ့သို့တွေးလိုက်မိ၏။

သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် ခံတပ်နံရံပေါ်တွင် ရပ်နေရင်းဖြင့် ကြုံး၀ါးလိုက်၏။ “ငါ့နာမည်က ဖရန့်ခ်-ရီဘရီပဲကွ အလံနှစ်စုံမြို့ကစစ်ရေးခေါင်းဆောင်ပဲ ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်က ဘယ်မှာလဲ မင်းငါ့ကို တိုက်ခိုက်ရဲလား...”

သူ၏အတွင်းအားစွမ်းအင်ကိုအသုံးပြုကာ အော်ဟစ်လိုက်သည့်အတွက် သူ၏အသံသည် မိုးကြိးကဲ့သို့ပင်ကျယ်လောင်နေကာ စစ်ပွဲဆူညံသံများကို ပင် လွှမ်းခြုံသွား၏။

“မင်းင့ါကို တိုက်ခိုက်ရဲလား တိုက်ခိုက်ရဲလား တိုက်ခိုက်ရဲလား...”

ဤအသံသည် ကောင်းကင်ပေါ်တွင် ဟိန်းထွက်နေ၏။

“ဟာသပဲ...ငါကစစ်သည်တစ်သန်းရဲ့ခေါင်းဆောင်ပဲ။ မင်းက မြို့အသေးလေးတစ်ခုက တပ်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ပဲ မင်းကင့ါကို စိန်ခေါ်ရဲတယ်ပေါ့။ ဒီမြို့ငယ်လေးကို မိနစ်၃၀အကြာမှာ ငါတို့သိမ်းပိုက်နိုင်တော့မယ်။ မြို့တစ်ခုလုံးကို မင်းတို့ရဲ့သွေးတွေနဲ့ ဆေးပစ်မယ်ကွ...”

စိုးမိုးနိုင်ကာ အေးစက်သည့်အသံတစ်ခုသည် ဂျက်အင်ပါယာဘက်မှ ထွက်ပေါ်လာ၏။

ဤအသံသည် ပို၍ပင်ကျယ်လောင်သည်။ ထိုလူဖန်တီးလိုက်သည့်အသံလှိုင်းများသည် အပြင်ဘက်သို့ စွမ်းအားများဖြင့် ပေါက်ကွဲပြန့်နှံ့လာသည့်အတွက် ကြားလိုက်ရသည့်လူတစ်ချို့ပင် မူး၀ေသလိုလိုဖြစ်လာ၏။ ထိုလူသည်လည်း စွမ်းအားမြင့်စစ်သည်တစ်ဦးဖြစ်သည်မှာ အသေချာပင်။

“တွေ့ပြီ...” အလှောင်ခံလိုက်ရသည့် ရစ်ဘရီသည် ဒေါသဖြစ်သွားခြင်းမရှိပေ။

သူသည်အသံထွက်ပေါ်လာရာအရပ်သို့ သေချာနားထောင်လိုက်ပြီး သေချာသွားသည့်အချိန်တွင် သူ၏မျက်လုံးများလင်းလတ်သွား၏။ အစိမ်းရောင်အတွင်းအားစွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး ထိုအရပ်သို့ပျံသန်းသွားတော့သည်။

“သူ့ကို တားလိုက်ကြစမ်း...”

ဂျက်အင်ပါယာမှ ကြယ်အဆင့်စစ်သည်များစွာသည် အတွင်းအားစွမ်းအင်များကို ထုတ်လိုက်ကြပြီးကောင်းကင်ပေါ်သို့ ခုန်တက်ကာ ရစ်ဘရီအား တားဆီးရန်ကြိုးစားလိုက်ကြသည်။

“ချွင် ချွင် ချွင် ချွင်...”

သတ္တုခြင်းရိုက်ခတ်သည့် အသံများစွာထွက်ပေါ်လာ၏။

ဓားစွမ်းအင်တစ်ခုတောက်ပလာသည့်အချိန်တွင် သွေးများပန်းထွက်သွား၏။

ကြယ်အဆင့်စစ်သည်များသည် ကောင်းကင်ပေါ်မှ ကြိးပြတ်သည့် စွန်ကဲ့သို့ပြုတ်ကျလာတော့သည်။

ရစ်ဘရီသည် လုံး၀ပင် ရပ်တန့်သွားခြင်းမရှိပေ။ သူ၏ဘေးတွင်မည်သည့်အရာမှ မရှိသည့်အတိုင်းပင် သူသည် ပို၍ပင်မြန်ဆန်လာ၏။ လေခွင်းသံတစ်ခုထွက်ပေါ်လာသည်နှင့်အတူ ရစ်ဘရီသည် တောင်တစ်လုံးပေါ်တွင် သားနားသည့်ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်ထံသို့ ပျံသန်းသွားကာ ဓားဖြင့် ခုတ်ချလိုက်၏။

“ဟမ်...” ထိုလူသည် အလွန်မာနကြီးနေသည့် ပုံရှိနေပြီး သူသည် အနည်းငယ်အံ့သြသွားသည့်ပုံပင်။ “စိတ်၀င်စားစရာပဲ ဒီလိုမြို့ငယ်လေးမှာ မင်းလို့ အစွမ်းရှိတဲ့စစ်သည်တစ်ယောက်ရှိနေမယ်လို့ ငါမထင်ခဲ့ဘူး မလှုပ်ကြနဲ့...”

သူ၏ကိုယ်ရံတော်များကို ၀င်ရောက်မစွက်ဖက်ကြရန်အမိန့်ပေးပြိးနောက်တွင် အစိမ်းရောင်စွမ်းအင်မီးတောက်များတောက်ပနေသည့် ရစ်ဘရီသည် သူ၏အရှေ့သို့ရောက်လာတော့၏။

ရစ်ဘရီ၏ တိုက်ခိုက်မှုနှင့်အတူပါလာသည့် လေညှင်းသည် ထိုလူ၏ ဆံပင်များနှင့် ၀တ်ရုံများကို လွှင့်ပျံသွားစေ၏။ ရစ်ဘရီ၏ဓားသည် ဤလူ၏ဦးခေါင်းကို ထိုးဖောက်တော့မည့်အချိန်တွင် ထိုလူသည် လက်ကို မြောက်လိုက်ပြီး သူ၏လက်နှစ်ချောင်းဖြင့် ရစ်ဘရီ၏ဓားကို ဖမ်းလိုက်၏။

အရာအားလုံးရပ်တန့်သွားသည်။

ဂျက်အင်ပါယာမှ ကြယ်အဆင့်စစ်သည်များစွာအား သတ်ဖြတ်နိုင်ခဲ့သည့် ဖရန့်-ရစ်ဘရီ၏ စွမ်းအားမြင့်တိုက်ချက်သည် ရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိတော့ပေ။

“ဟမ်..ကြယ်ငါးလုံးနောက်ဆုံးအဆင့်လား။ အံ့သြစရာပဲကွ..ဒါပေမယ့် ဇီးနစ်အင်ပါယာက စစ်သည် မင်းရဲ့ပြပွဲကဒီနေရာမှာတင် အဆုံးသက်သွားပြီ” ထိုလူသည် စိုးမိုးနိုင်သည့် ဟန်ဖြင့် ပြောလိုက်ပြီးသည့်နောက်တွင် ဖြေးညှင်းစွာလက်သီးဖြင့် ထိုးလိုက်၏။

“ဖုန်း အား...”

လေပေါ်မှာတင်ရှိနေသေးသည် ရစ်ဘရီသည် ဤတိုက်ခိုက်မှုကို မရှောင်လိုက်နိုင်ပေ။

သူသည် ဤတိုက်ခိုက်မှုကို တောင့်ခံလိုသော်လည်း မဖြစ်နိုင်ပေ။ သူသည်ချက်ချင်း ပါးစပ်ထဲမှသွေးများပန်းထွက်လာပြီး သူ၏ခန္ဓကိုယ်သည်လည်း ပေါင်တစ်သောင်းခန့်လေးသည့် တူနှင့်အထုခံလိုက်ရသကဲ့သို့အနောက်သို့ လွှင့်ထွက်သွားတော့၏။ ရိုက်ခတ်လိုက်သည့်အား ကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများရွေ့လျားသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။

“အလံနှစ်စုံမြို့က စစ်ရေးခေါင်းဆောင် ဖရန့်-ရစ်ဘရီဟုတ်လား။ မင်းကို ကျွမ်းကျင်သိုင်းဆရာတစ်ယောက်လို့ သက်မှတ်လို့ရပါတယ်။ ငါမင်းရဲ့ဦးခေါင်းကို ဂျက်အင်ပါယာရဲ့ ပထမဆုံးအောင်ပွဲဆုလာဘ်အဖြစ်နဲ့ သိမ်းပိုက်မယ်...”

ဤမာနကြီးသည့်လူသည် သူ၏လက်အား တပည့်တစ်ယောက်ယူလာပေးသည့် ပ၀ါအဖြူတစ်ခုနှင့်သုပ်ကာ ပြောလိုက်၏။ သူသည် ရစ်ဘရီအား ထိုးလိုက်စင်ကလက်ပေါ်တွင် တင်ကျန်သွားသည့် ဖုန်မှုန့်များကို သုတ်နေသကဲ့သို့ပင်။ ထို့နောက်တွင် သူ၏တပည့်တစ်ယောက်အား ရစ်ဘရီကို ခေါင်းဖြတ်ရန်ညွှန်ကြားလိုက်၏။ ဒဏ်ရာအပြင်းထန်ရရှိသွားသည့် ရစ်ဘရီသည် ပြန်လည်ကာမတိုက်ခိုက်နိုင်တော့ပေ။

“ဟုတ်တာပေါ့။ မင်းအရှုံးပေးမယ်ဆိုရင် ငါမင်းကိုမသတ်ပါဘူး။” ဤမာနကြီးသည့်လူသည် အဖြူရောင်အ၀တ်စကို မြေပေါ်သို့ ပစ်ချကာပြောလိုက်၏။

“ဟားဟား အရှင်ယရှင်းရဲ့အမိန့်အောက်မှာ အသေခံတိုက်မယ့်စစ်သည်တွေပဲရှိတယ်။ အရှုံးပေးမယ့်စောက်ကြောက်တွေတစ်ယောက်မှမပါဘူးကွ...” ရစ်ဘရီသည် ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့သော်လည်း ကျယ်လောင်စွာပြောလိုက်၏။ သူ၏နှာခေါင်းပေါက်များမှပင် သွေးများစီးကျနေလျှက်ရှိပြီး သူ၏အမဲရောင်ချပ်၀တ်ပေါ်တွင် အက်ကွဲကြောင်းများစွာပေါ်လာ၏။ သူသည် မက်တပ်ရပ်နိုင်ခြင်းမရှိတော့သော်လည်း ဒူးထောက်လိုခြင်းမရှိပေ။ သူ၏ဓားကို မြေပြင်ပေါ်တွင် စိုက်ကာ အားပြုနေ၏။ သူ့ထံသို့ စစ်သည်တစ်ယောက်သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် လမ်းလျှောက်လာည်ကိုတွေ့လိုက်ရသည့်အချိန်တွင် သူရယ်မောကာပြောလိုက်၏။ “မင်းတို့ကောင်တွေ လှုပ်ရှားစရာမလိုပါဘူး။ ငါ့ခေါင်းကို မင်းတို့ကောင်တွေကို လက်ဆောင်ပေးလိုက်မယ်။ ငါ့ရဲ့မျက်လုံးတွေကို ဖွင့်ထားပြီးတော့ မင်းတို့ဂျက်အင်ပါယာဘယ်လို သိမ်းပိုက်ခံရမလဲဆိုတာကို ငါကိုယ်တိုင်ကြည့်တာပေါ့...”

သူထိုကဲ့သို့ပြောအပြီးတွင် သူ၏ဓားကိုမြှောက်လိုက်ပြီး သူ၏လည်ပင်းအား ခုတ်ရန်ပြင်လိုက်သည်။

“မင်းကိုအဲ့လို လုပ်ခွင့်ပေးမှာမဟုတ်ဘူး...”

ရန်သူ၏စစ်သည်ခေါင်းဆောင်သည် ပြောလိုက်ပြီး ရစ်ဘရီ၏ ဓားကို လက်ညိုးဖြင့် ထိုးလိုက်ရာ မမြင်နိုင်သည့်စွမ်းအင်တစ်ခုထွက်ခွာသွားပြီး ရစ်ဘရီ၏လက်ထဲတွင်ရှိသည့် သတ္တုဓားကို ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲလိုက်၏။ “မင်းရဲ့ခေါင်းကို ဂျက်အင်ပါယာက ဓားနဲ့ ဖြတ်မယ်...” ထို့နောက်တွင် သူ၏စစ်သည်အား ကြည့်လိုက်ပြီး အေးစက်စွာအမိန့်ပေးလိုက်သည်။ “ခေါင်းဖြတ်ပစ်လိုက်...”

ထိုစစ်သည်သည် ရက်စက်စွာဖြင့် ပြုံးလိုက်ပြီး ရစ်ဘရီထံသို့ လမ်းလျှောက်သွားလိုက်၏။

ထိုစစ်သည်၏လက်ထဲတွင်ရှိနေသည့် ဓားသည်နေရောင်ခြည်ကို အလင်းပြန်လိုက်ရာသွေးကဲ့သို့ပင် နီရဲနေ၏။

ရစ်ဘရီသည် ထိုစစ်သည်အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေလျှက်ရှိသည်။ သူသည် စစ်မြေပြင်တွင်သေဆုံးရတော့မည့်အတွက်ကြောင့် ဒေါသဖြစ်နေခြင်းမဟုတ်ပေ။ သူသည် အလုံနှစ်စုံမြို့တော်အတွင်းတွင်နေထိုင်နေကြသည် မြို့သူမြိုသားများအားစိုးရိမ်သည့်အတွက် ဒေါသဖြစ်နေခြင်းပင်။

သူသေဆုံးသွားပါက မြို့တော်သည် လျှင်မြန်စွာပင်အသိမ်းပိုက်ခံလိုက်ရတော့မည်ဖြစ်သည်။ ဂျက်အင်ပါယာမှ လူများသည် အလွန်ရက်စက်ကြသည့်အတွက် သာမန်မြို့သူမြို့သားများကိုပင် အရှင်ထားမည်မဟုတ်ပေ။ ဇီးနစ်အင်ပါယာမှ မြိုသူမြို့သားများစွာသည် အလောင်းများဖြစ်သို့ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ဇီးနစ်အင်ပါယာအနောက်မြောက်ပိုင်းတွင်ရှိနေသည့် နံပါတ်၁မြို့တော်သည်လည်း ငရဲခန်းအဖြစ်သို့ပြောင်းလဲသွားတော့မည်ဖြစ်၏။

နေရောင်အောက်တွင် စစ်သည်သည် သူ၏ဓားကိုမြှောက်လိုက်သည်။

ဤအခိုက်တန့်တွင် မျှော်လင့်မထားသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

“၀ှစ်...”

ကြီးမားသည့် မြှားကြီးတစ်ခုသည် ဤအစောင့်စစ်သည်၏အနောက်တွင်ပေါ်လာပြီး သူ၏ဓားကို တစ်စစီဖျက်ဆီးပစ်လိုက်၏။ ထို့နောက်တွင် မြှားသည် ရစ်ဘရီ၏ နားအနောက်မှဖြတ်သန်းသွားပြီး ဂျက်အင်ပါယာမှ စစ်သည်များစွာကို သွေးမြူများအဖြစ်သို့ပြောင်းလဲလိုက်၏။

ကြောက်မက်ဖွယ်မြှားချက်ပင်။

လူတိုင်းသည် ဤမြှား၏အစွမ်းကြောင့် အံ့သြသွား၏။

“ချွင် ချွင် ချွင်..”

အစောင့်များအားလုံးသည် ဓားများဆွဲထုတ်လိုက်ကြပြီး သူတို့၏ခေါင်းဆောင်ကို ၀န်းရံလိုက်ကြသည်။

“ဘယ်သူလဲ..” ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်သည် သူ၏ကိုယ်ရံတော်တစ်ချို့ကို တွန်းထုတ်လိုက်ကာ အော်ဟစ်လိုက်၏။ သူသည် အကာကွယ်အပြင်သို့လမ်းလျှောက်ထွက်သွားပြီး သူ၏မျက်လုံးများသည် တပ်ဖွဲ့များအနောက်တွင်ရှိသည့် တောင်ကုန်းလေးတစ်ခုပေါ်သို့ ကျရောက်သွားတော့၏။

သူ၏မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားတော့၏။

All Chapters