အခန်း (၄၇၅)
Vol. 31 Ch. 475
နေရောင်အောက် တောင်ကုန်းနောက်တွင် ကြီးမားသည့်သားရဲကြီးတစ်ကောင်ပေါ်တွင် စီးနင်းနေသည့် လူတစ်ယောက်ရှိနေသည်။ သူမည်သည့်အချိန်ကရောက်လာသည်ကို မည်သူမှ မသိကြပေ။
နေမင်းကြီးသည် ဤလူ၏အနော်ကတွင် တောက်ပနေသည့်အတွက် သူ၏မျက်နှာကို ဂျက်အင်ပါယာမှ စစ်သည်များမြင်ကောင်းစွာာမြင်တွေ့နိုင်ခြင်းမရှိပေ။ ဂျက်အင်ပါယာမှစစ်သည်များမြင်တွေ့နိုင်သည်မှာ ထိုလူနှင့် သူစီးနင်းနေသည့် သားရဲကြီးတို့ထံမှ ပေါင်းစပ်ကာ ထွက်ပေါ်နေသည့် ကြီးမားလှသည့် ဖိအားပင်။
ထိုလူသည် အမဲရောင်သားရဲကောင်ပေါ်တွင် တိတ်ဆိတ်စွာဖြင့် ထိုင်နေသော်လည်း ဂျက်အင်ပါယာမှ စစ်သည်များသည် ပင်မတပ်ဖွဲ့ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားနေရ၏။
သူ၏လက်ထဲတွင် လေးတစ်လက်ကို မြင်တွေ့နေရသည့်အတွက် စွမ်းအားမြင့်မြှားသည့် ထိုလူပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။
ဂျက်အင်ပါယာမှ ခေါင်းဆောင်တစ်ချို့တိတ်ဆိတ်နေကြသည်။ တစ်စုံတစ်ယောက်သည် မီတာတစ်ထောင်ခန့်အကွာမှ မြှားတစ်ချောင်းကို တိကျစွာပစ်လွှတ်နိုင်လိမ့်မည်ဟု သူတို့မယုံနိုင်ကြပေ။ “သူဘယ်သူလဲ...” သူတို့အား လုံးတွေးလိုက်မိကြ၏။
“အဲ့တာက...” ဒဏ်ရာပြင်းထန်စွာရရှိနေသည့် ဖရန့်ခ်-ရစ်ဘရီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
ဤနဖူးပေါ်တွင် အမာရွတ်နှင့်ခေါင်းဆောင်သည် စိတ်ဓာတ်ကျနေခဲ့ရာ ယခုအချိန်တွင် မျှော်လင့်ချက်တစ်ချို့ကို ပြန်လည်ကာမြင်တွေ့နိုင်လာပြီဖြစ်၏။ သို့သော် တောင်ကုန်းပေါ်တွင် လူတစ်ယောက်တည်းကိုသာမြင်တွေ့နေရသည့်အတွက် မျှော်လင့်ချက်သည် ပြန်လည်ကာ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
သို့သော် နောက်ဖြစ်ပျက်သွားသည့်အရာသည်သူ၏နှလုံးသားကို တုန်လှုပ်သွားစေ၏။
“တစ်ယောက်...”
“နှစ်ယောက်...”
“သုံးယောက်...”
“ဆယ်ယောက်...”
“တစ်ရာ...”
မြင်းစစ်သည်များသည် မီတာတစ်ထောင်ခန့်၀ေးသည့် တောင်ကုန်းတစ်ခုပေါ်တွင် တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြ၏။ ဤမြင်းစစ်သည်များအားလုံးကို ရွှေရောင်နေရောင်ခြည်မှ လွှမ်းခြုံထားသည့်အတွက် ကောင်းကင်ဘုံမှ စစ်သည်များကဲ့သို့ပင်။
ခေါင်းနှစ်လုံးပိုလာ၀က်၀ံပုံပါရှိသည့် အလံတိုင်ကို ရစ်ဘရီမြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးတွင် မျက်ရည်များဖြင့် စို့နင့်လာတော့၏။
“နောက်ဆုံးတော့ စစ်ကူတွေရောက်လာပြီ...”
“ဒှီ...ဒှီ...ဒှီ...”
နက်ရှိုင်းသည့် ခရာသံကြီးသုံးခုထွက်ပေါ်လာသည်။
ဤသည်မှာ အင်ပါယာအရှင်သခင်ယရှင်း၏ ထူးခြားသည့်အမိန့်တစ်ခုဖြစ်ကြောင်းကို ရစ်ဘရီသိရှိသည်။ ခရာသံသုံးခုထွက်ပေါ်လာပြီးသည့်နောက်တွင် ဇီးနစ်စစ်သည်များအားလုံးသည် ချီတပ်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ရမည်ဖြစ်သည်။ ထိုကဲ့သို့မပြုလုပ်သည့် စစ်သည်များအားလုံးသည် အပြစ်ပေးခံရမည်ဖြစ်၏။
“ဇီးနစ်က မြင်းစစ်သည်တွေပဲ...”
“၀ံပုလွေစွယ်ကွ...” ရှေ့ဆုံးမှ ရောက်လာသည့်လူသည် အော်ဟစ်လိုက်သည်။ သူ၏အသံသည် ကောင်းကင်ပေါ်တွင် ဟိန်းနေ၏။
“၀ံပုလွေစွယ်ကွ...” ဇီးနစ်မြင်းစစ်သည်များအားလုံးသည် သူ့နောက်မှ လိုက်လံ၍ အော်ဟစ်ကြ၏။ ထိုဆူညံသံများသည် ဇီးနစ်အင်ပါယာမှ စစ်သည်များကို ချက်ချင်းပင်စိတ်လှုပ်ရှားသွားစေသည်။
“၀ံပုလွေစွယ်တပ်ဖွဲ့...ချီတပ်..ချီတပ်..ချီတပ်..” ဇီးနစ်မှ မြင်းစစ်သည်များအားလုံးသည် သတ်ဖြတ်လိုသည့် ဆန္ဒများလွှမ်းခြုံလျှက် ချီပတ်လာကြတော့၏။ သူတို့၏လှံရှည်များကို ကိုင်မြှောက်လျှက် အရှိန်ဟုန်ဖြင့် ချီတပ်လာကြသည်။
“ဖုန်ုး ဖုန်း ဖုန်း...”
မြင်းစစ်သည်၆၀၀၀ခန့်တစ်ပြိုင်နက်ချီတပ်လာသည့်အတွက် မြေပြင်တစ်ခုလုံးပင် တုန်ခါလာတော့၏။
“ဇီးနစ်အင်ပါယာက စစ်ကူတွေလား...” ဂျက်အင်ပါယာ၏ မာနထောင်လွှားသည့် ခေါင်းဆောင်သည် ထိတ်လန့်နေရာမှ ပြန်လည်နိုးထလာတော့၏။
ဇီးနစ်အင်ပါယာမှ တပ်ကူများသည် ဤနေရာသို့ တိတ်ဆိတ်စွာရောက်ရှိလာခဲ့သည့်အတွက် သူတို့၏ကင်းထောက်များသေဆုံးသွားပြီဟူသည့် အဓိပ္ပါယ်ပင်။ မည်သည့်အဖွဲ့၏အမှားဖြစ်ကြောင်းကို အဖြေရှာနေရန်အတွက် အချိန်မဟုတ်သေးပေ။ ဤဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များကို တားဆီးရန်မှာ ပို၍အရေးကြီးသည်။ ဇီးနစ်အင်ပါယာမှ စစ်ကူများသည် သိမ်းပိုက်ခြင်းကို ၀င်ရောက်မနှောင့်ယှက်နိုင်ပါ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေမည်ဖြစ်သည်။
“အဲ့လေးသည်တော်တို့ ကျွန်တော်သတ်ပေးပါ့မယ် အရှင်...” ဂျက်အင်ပါယာမှ အရပ်ပုသော်လည်းတောင့်တောင့်တင်းတင်းနှင့်ခေါင်းဆောင်တစ်ယောက်သည် ရှေ့သို့ထွက်လာပြီးပြောလိုက်၏။ သူ၏ဆံပင်များသည် ကောက်ကွေးနေသည်။ သူ၏မုတ်ဆိတ်များမှာ ရှည်လျားသည်၊ သူ၏လက်များပေါ်တွင် အမာရွတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် ကန္တာရစစ်သည်တစ်ယောက်ကဲ့သို့ပင်။
“ကောင်းပြီ ခေါင်းဆောင် ဇက်ခ်။ ငါမင်းရဲ့အစွမ်းတွေကို ယုံကြည်တယ်။ အဲ့လေးသည်တော်ကို င့ါစီဖမ်းခေါ်လာခဲ့စမ်းကွာ...” မာနာထောင်လွှားသည့်လူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
ဤအရပ်ပုပုထွားထွားကျိုင်းကျိုင်းခေါင်းဆောင်သည် သူ၏လက်အောက်တွင်ရှိသည့် အဆင့်မြင့်စစ်သည်များထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏နာမည်မှာ သွေးထွက်သံယိုဇက်ခ်ပင်။
“သူ့ရဲ့ကြယ်လေးလုံးအဆင့် အစွမ်းတွေနဲ့ဆိုရင် အဲ့လေးသမားကို ဖမ်းနိုင်လောက်တယ်။ ဒီကောင်က ရဲရင့်၊ အကြောက်တရားကင်းပြီးတော့ ခွန်အားကြီးတဲ့လူတစ်ယောက်ပဲ။” မာနထောင်လွှားသည့်လူသည် တွေးလိုက်မိ၏။
ခေါင်းဆောင်ဇက်ခ်သည် အနောက်တွင် ကန္တာရသဲကျားစစ်သည်များထောင်ကျော်ခန့်နှင့်အတူ ဇီးနစ်အင်ပါယာမှ စစ်သည်များထံသို့ ချီတပ်သွားတော့၏။ သူ၏လူများသည် သေချာစွာလေ့ကျင့်ထားသည့်အတွက် ပြိုင်တူလှုပ်ရှားကြပြီး အထင်ကြီးဖွယ်အရှိန်၀ါတစ်ခုကို ဖန်တီးနေလျှက်ရှိသည်။
ဂျက်အင်ပါယာမှ တစ်ခြားခေါင်းဆောင်များသည် အမြန်မတုန့်ပြန်နိုင်လိုက်သည့်အတွက် စိတ်တိုနေကြ၏။
“ဒီအခွင့်ရေးကို ဇက်ခ်က လုယူသွားတာပဲ...” သူတို့အား လုံးတွေးလိုက်မိကြ၏။
မာနထောင်လွှားသည့် သူတို့၏ခေါင်းဆောင်မှာ ဇက်ခ်ချီတပ်သွားပုံကိုကြည့်ရင်းဖြင့် ကျေနပ်နေ၏။
“ခေါင်းဆောင်ဇက်ခ်က ဒီဇီးနစ်အင်ပါယာကခွေးသားတွေကို သေချာပေါက်သတ်နိုင်လိမ့်မယ်...”
“ဟားဟား ဒီတစ်ခါတော့ ဇီးနစ်အင်ပါယာက တပ်ကူတွေပါတစ်ခါတည်းလစ်တာပဲ။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပေါ့...” အသားမဲမဲနှင့်ခေါင်းဆောင်တစ်ယောက်သည် ဇက်အား ချီးကျူးလိုက်၏။
ဇက်၏မြင်းစစ်သည်များနှင့် ဇီးနစ်မှ တပ်ကူများပို၍ပို၍နီးကပ်လာသည်နှင့်အမျှ ဂျက်အင်ပါယာမှ ခေါင်းဆောင်များ၏မျက်နှာပေါ်တွင်ရှိသည့်အပြုံးများသည်လည်း ပို၍ပို၍တောက်ပလာကြတော့၏။ သူတို့သည် ဇီးနစ်အင်ပါယာမှ တပ်ကူများအလဲလဲအကွဲကွဲဖြင့် သေဆုံးကုန်ကြတော့မည်ကို မြင်တွေ့ရန်မစောင့်နိုင်ကြတော့ပေ။
ဤအခိုက်တန့်တွင် ဒဏ်ရာအပြင်းထန်ရကာ လှုပ်ရှားရန်ပင်ခက်ခဲနေသည့် ရစ်ဘရီကို မည်သူမှ အာရုံမစိုက်ကြပေ။
သို့သော် အလဲလဲအကွဲကွဲဖြင့် သေဆုံးကုန်သည်မှာ ဇီးနစ်မှာ တပ်ကူများမဟုတ်ပဲ ဂျက်အင်ပါယာ၏ ဂုဏ်သရေပင်။
ဂျက်အင်ပါယာဘက်မှလူများ၏ မျက်နှာအမူယာများမှုန်ကုတ်သွားကြ၏။ မာနထောင်လွှားသည့် ခေါင်းဆောင်အပါ၀င်ပင်။
ဇက်သည် ကျားတစ်ကောင်ကဲ့သို့အော်ဟစ်အာအတွင်းအားစွမ်းအင်မီးတောက်များလွှမ်းခြုံလျှက် မာန်အပြည့်ဖြင့် ချီတပ်သွားသော်လည်း သူသည် ရန်သူ၏မြှားအောက်တွင် ပါမုန့်အပိုင်းစတစ်ခုကဲ့သို့ပင်အားနည်းနေ၏။ လေးသည်တော်၏အနီးသို့ မကပ်နိုင်ခင်မှာပင် သူဖျက်ဆီးခြင်းခံလိုက်ရ၏။
မြှားနှင့်ထိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည်ပေါက်ကွဲသွားတော့၏။
ကြယ်ငါးလုံးအဆင့်သို့ပင်ရောက်ခါနီးဖြစ်သည့် ကြယ်လေးလုံးအမြင့်ဆုံးအဆင့်စစ်သည်တစ်ယောက်သည် သူ၏ရန်သူ၏ အရုပ်တစ်ရုပ်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ သူသည် ယခင်က မြှားချက်ကြောင့် သေဆုံးသွားခဲ့သည့် ဂျက်အင်ပါယာမှ သာမန်စစ်သည်တစ်ယောက်နှ့င် သိပ်မကွာလှပေ။
ဤသည်မှာ ဂျက်အင်ပါယာမှခေါင်းဆောင်များမျှော်လင့်ထားသည်နှင့် များစွာပင် သွေဖယ်နေ၏။
နောက်ထပ်ဖြစ်ပျက်သွားခဲ့သည့်အရာမှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်း၏။
ဇက်အမိန့်အောက်မှ ထောင်ချီသောကန္တာရသဲကျားစစ်သည်များသည်လည်း သေဆုံးကုန်ကြ၏။ ပထမတစ်ကြိမ်ချီတပ်ပြီးချိန်မှာပင် သူတို့သည် နွေလည်ခေါင်မှ နှင်းပွင့်များကဲ့သို့လျှင်မြန်စွာပင် အရည်ပျော်သွားကြတော့၏။ သူတို့သည် တိုက်ခိုက်နိုင်လိုက်ခြင်းပင်မရှိပေ။
“ဟမ်...”
ဂျက်အင်ပါယာမှခေါင်းဆောင်များ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။ “အတော်ရက်စက်လွန်းတာပဲ...” သူတို့အားလုံးတွေးလိုက်မိကြသည်။
တစ်ဖက်တွင် ရက်ဘရီသည် ပြင်းထန်စွာနာကျင်နေသော်လည်း အတတ်နိုင်ဆုံးကြိုးစားကာ မက်တပ်ရပ်လိုက်သည်။
ဤအခိုက်တန့်တွင်သူသည် ဖြစ်ပျက်သွားခဲ့သည့်အရာကို သူ၏မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့လိုက်ရ၏။
“အဲ့ဂျက်အင်ပါယာက ခေါင်းဆောင်က ဖရဲသီးတစ်လုံးကို ဖျက်ဆီးခံလိုက်ရတာပဲ။ ပေါက်ကွဲထွက်ပြီးအနီရောင်နဲ့အဖြူရောင်တွေနေရာအနှံ့ကို ပြန့်ကျဲကုန်တယ်။ နတ်ဘုရားတစ်ပါးလိုပဲ အဲ့အမဲရောင်သားရဲပေါ်ကလေးသည်တော်က မြှားတွေတစ်စင်းပြီးတစ်စင်းပစ်လွှတ်နေပြီး အဲ့မြှားတွေက အရှေ့မှာရှိတဲ့အရာမှန်သမျှကို ဖျက်ဆီးပစ်နေတယ်။ ဒီလေးအစွမ်းကို လူသားတစ်ယောက်ပိုင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။” ရစ်ဘရီတွေးလိုက်မိ၏။
“သေစမ်း ကျွန်တော့ကိုသွားတိုက်ခွင့်ပြုပါ...” မာနထောင်လွှားသည့် လူ၏ဘေးတွင်ရှိနေသည့် ခပ်ပိန်ပိန်လူသည် အလွန်ဒေါသဖြစ်သွား၏။ သူသည် ယခင်က တိတ်ဆိတ်နေခဲ့သော်လည်း ယခုအချိန်တွင် မက်တပ်ထကာခွင့်တောင်းလိုက်သည်။ ဤကဲ့သို့အမိန့်ပေးထိန်းချုပ်သည့်နေရာ၏အနီးတွင် လေးသည်တော်တစ်ဦး၏တိုက်ခိုက်ခြင်းကို ခံနေရခြင်းသည် ဤခေါင်းဆောင်၏မျက်လုံးထဲတွင် ကြီးမားသည့်အရှက်ရစရာတစ်ခုပင်။ ထို့ကြောင့် သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။
“ကောင်းတယ် ခေါင်းဆောင် ဒူကီ။ ငါမင်းအစွမ်းတွေကို ယုံတယ်...”
မာနထောင်လွှားသည့်လူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။ ဤလေးသည်တော်သည် အလွန်ဆုံးကြယ်ငါးလုံးအမြင့်ဆုံးအဆင့်တွင်သာ ရှိလိမ့်မည်ဟု သူခန့်မှန်းမိပြီး သူ၏တပည့်မှာ ထိုလူအား လွယ်ကူစွာသတ်ဖြတ်နိုင်လိမ့်မည်ဟုယုံကြည်သည့်အတွက်ပင်။
“ခွပ် ခွပ် ခွပ် ခွပ်...”
ကန္တာရသဲကျားတပ်ဖွဲ့နောက်တစ်ဖွဲ့သည် ခေါင်းဆောင်ဒူကီ၏ဦးဆောင်မှုနှင့်အတူ ဇီးနစ်တပ်ကူများထံသို့ချီတပ်သွားတော့၏။
“ဒီတစ်ခါတော့ ပြသနာရှိမှာမဟုတ်ဘူး။ ဇီးနစ်စစ်ကူတွေတော့ သွားပြီ...”
“အဲ့လေးသည်တော်ကို အရှင်ဖမ်းပြီး အရေခွံဆုတ်ပစ်မယ်...”
အမိန့်ပေးနေရာတွင် ရှိနေသည့် ဂျက်အင်ပါယာမှ ခေါင်းဆောင်များသည် ထက်မံ၍ စိတ်လှုပ်ရှားလာကြပြန်၏။ ဤခေါင်းဆောင်ဒူကီသည် ဇက်ခ်ထက်များစွာပို၍စွမ်းအားမြင့်မားသည့် စစ်သည်တစ်ယောက်ဖြစ်ပြီး ဒူကီသည် ဤတစ်ကြိမ်တွင် ထိုလေးသည်တော်ကို သေချာပေါက်ဖမ်းဆီးနိုင်လိမ့်မည်ဟု သူတို့အားလုံးယုံကြည်ကြသည်။
သူတို့တွေးထားသကဲ့သို့ပင် ဒူကီသည် လေးသည်တော်ပစ်လွှတ်လိုက်သည့် မြှားသုံးချောင်းကို ဓားဖြင့်ပိုင်းကာ အနီးသို့ချည်းကပ်သွား၏။ ဒူကီနှင့် လေးသည်တော်တို့ကြားအကွာ၀ေးမှာ ပို၍နီးကပ်သည်ထက်နီးကပ်လာတော့သည်။
“ဟားဟား ဒူကီသာအနီးကိုရောက်သွားရင် အဲ့လေးသမားတော့သွားပြီ။ ဟင်..ဟမ်...ဘာဖြစ်သွားတာလဲ။ ခေါင်းဆောင်ဒူကီ...သေသွားပြီလား...”
ဂျက်အင်ပါယာ၏ စိတ်လှုပ်ရှားနေသည့်ခေါင်းဆောင်များသည် ကျက်သေသေသွားကြ၏။
သူတို့၏မျက်လုံးများကိုပင် ယုံကြည်နိုင်ခြင်းမရှိကြတော့ပေ။
ဖြစ်ပျက်သွားခဲသည့်အရာသည် သူတို့၏ သိက္ခာကို ထက်မံ၍ ဖျက်ဆီးလိုက်သည့်အတွက်ပင်။
လေးသည်တော်သည် အနီးကပ်တိုက်ခိုက်ရာတွင် အားနည်းလိမ့်မည်သူထင်ထားသော်လည်း အလင်းတန်းတစ်ခုတောက်ပသွားပြီး ထိုလေးသည်တော်၏လက်ထဲတွင် ပုဆိန်နှစ်လက်ပေါ်လာကာ ဒူကီအား လွယ်လွယ်ကူကူပင် ခုတ်ပိုင်းကာ သတ်ဖြတ်ပစ်လိုက်၏။ ဂျက်အင်ပါယာ၏ရှေ့ပြေးတပ်ဖွဲ့တွင် အကောင်းဆုံးတပ်စိတ်ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့် ဒူကီသည်အသတ်ခံလိုက်ရပြီး သူ၏ဦးခေါင်းသည် လေပေါ်သို့ ပျံ၀ဲသွားတော့၏။
ထိုအရာကို မြင်လိုက်သည့်အချိန်တွင် မာနထောင်လွှားသည့်လူ၏နှုတ်ခမ်းများသည်တွန့်လိမ်သွားတော့၏။
“ငါမင်းအစွမ်းကို ယုံတယ်...” ဟူသည့် စကားသည်ယခုအချိန်တွင် ဟာသတစ်ခုကဲ့သို့ပင်ဖြစ်နေ၏။
သို့သော် သူ့အတွက် ဒေါသဖြစ်နေရန်အချိန်မရှိသေးပေ။
သူ၏အမိန့်အောက်တွင်ရှိသည့် ခေါင်းဆောင်နှစ်ယောက်အသက်ခံလိုက်ရပြီးနောက်အတွင် ဇီးနစ်တပ်ဖွဲ့များသည်လည်း ဂျက်အင်ပါယာမှ စစ်သည်များထံသို့ ချီတပ်လာနေကာ အရာအားလုံးသည် ကစဥ့်ကလျားဆန်လာတော့၏။