အခန်း(၄၇၆)
Vol. 31 Ch. 476
အမဲရောင်သားရဲကြီးပေါ်မှ ဦးဆောင်ကာချီတပ်လာသည့်လူမှာ ရပ်တန့်၍မရနိုင်ပေ။ သူ၏လက်ထဲတွင် ပုဆိန်နှစ်လက်ဖြင့် မည်သူမှ သူ့အား ရပ်တန့်နိုင်ခြင်းမရှိပေ။ ဂျက်အင်ပါယာမှ စစ်သည်များအားလုံးသည် သူ၏ပုဆိန်အောက်တွင် သေဆုံးသွားကြ၏။ မည်သူမှ သူနှင့်အနီးလေးမီတာခန့်သို့ ကပ်နိုင်ခြင်းမရှိပေ။
ချီတပ်လာမှုကို တားဆီးရန်မှာ ဂျက်အင်ပါယာမှ စစ်သည်များအတွက် မဖြစ်နိုင်ဖြစ်နေ၏။
စစ်ပွဲစတင်လိုက်သည်နှင့်အတူ အော်ဟစ်သံများသည် စစ်မြေပြင်တွင် ပဲ့တင်နေတော့သည်။
“အင်ပါယာအရှင်သခင်ယရှင်းရဲ့အမိန့်အောက်မှာ ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့ရှေ့ပြေးတပ်ဖွဲ့ရောက်လာပြီ။ အလံနှစ်စုံမြို့ကစစ်သည်တွေ တပ်ကူတွေမြို့ထဲ၀င်နိုင်ဖို့အတွက် မုခ်တံခါးဖွင့်ထားကြတော့...”
“အရှင့်သား ကျွန်တော်တို့သိမ်းပိုက်ဖို့ကိုလက်လွှတ်ပြီးတော့ ဒီမြင်းစစ်သည်၆၀၀၀ကို ၀ိုင်းထားသင့်တယ်။” မာနထောင်လွှားသည့်လူ၏ဘေးတွင်ရှိနေသည့် ဗျူဟာမျူးတစ်ယောက်သည် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များ ဂျက်အင်ပါယာမှ စစ်သည်များကို သတ်ဖြတ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အကြံပေးလိုက်၏။
သိပ်မ၀ေးသည့်နေရာတွင်ရပ်နေသည့် ရစ်ဘရီသည် ဤအရာကိုကြားသည့်အချိန်တွင် ပျာယာခတ်သွားတော့၏။
“တပ်ကူတွေက ငါထင်ထားတာထက်ပိုပြီးတော့ သန်မာတယ်ဆိုပေမယ့်။ သူတို့ရဲ့အင်အင်အားက ၆၀၀၀လောက်ပဲရှိတယ်။ ရန်သူအင်အား ခြောက်သောင်းက သူတို့ကို ၀ိုင်းလိုက်မယ်ဆိုရင် တောင့်ခံနိုင်မှာမဟုတ်ဘူး။ အဲ့အရည်ချင်းရှိတဲ့လေးသည်တော်တောင် သေသွားနိုင်လောက်တယ်...” သူတွေးလိုက်မိ၏။
တိတ်ဆိတ်နေသည်။
ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ထိုမာနာထောင်လွှားသည့်လူသည် သူ၏ဦးခေါင်းကို ခါရမ်းလိုက်၏။ “မလိုဘူး။ တပ်တွေကို ပြန်ဆုတ်ခွာခိုင်းပြီးတော့ သိမ်းပိုက်တာကို ခနနားထားလိုက်။ ဇီးနစ်စစ်သည်တွေက ဒီအချိန်မှာအတော်လေးစိတ်ဓာတ်တက်ကြွနေကြတယ်။ အဲ့တာကြောင့် ငါတို့ဂျက်အင်ပါယာစစ်သည်တွေရဲ့အသက်ကို မဖြုန်းတီးကာကောင်းမယ်။ ဟားဟား ဒီကောင်တွေရဲ့မြို့တော်က ကျဆုံးတော့မှာပါ။ အထဲမှာလည်း လုံခြုံမှာမဟုတ်ဘူး။ ဒီမြင်းစစ်သည်တွေက ကောင်းတယ်ဆိုပေမယ့်။ ကြာလာရင်စစ်ပန်းသွားလိမ့်မယ်။ ဒီကောင်တွေမြို့ထဲကနေထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။”
မကြာမှီတွင် ခရာသံများထွက်ပေါ်လာတော့သည်။
ဂျက်အင်ပါယာမှ စစ်သည်များသည်လည်း စနစ်တကျစတင်၍ ဆုတ်ခွာကြတော့သည်။
ခံတပ်နံရံပေါ်သို့ ရောက်ရှိနေနှင့်ပြီးဖြစ်သည့် ဂျက်အင်ပါယာမှစစ်သည်များသည် ကြိုးများ၊ လှေကားများကို အသုံးပြု၍ခံတပ်နံရံပေါ်မှ ခုန်ဆင်းလာကြသည်။ လေပေါ်တွင် ၀ဲပျံနေကြသည့် ဂျက်အင်ပါယာမှ မှော်ဆရာ၁၀၀သည်လည်း ဖျက်ဆီးနိုင်သည့် မှော်အစွမ်းများအသုံးပြုနေခြင်းကို ရပ်တန့်ကာ ပြန်လည်ဆုတ်ခွာလာကြသည်။
ခနအတွင်းမှာပင် သိမ်းပိုက်ရန်ကြိုးစားနေကြသည် ဂျက်အင်ပါယာမှစစ်သည်လေးသောင်းခန့်သည် ခံတပ်နံရံနှင့် ၁၀၀၀မီတာအကွာခန့်သို့ ပြန်လည်ကာ ဆုတ်ခွာလိုက်ကြ၏။
ကျဆုံးတော့မည့် အလံနှစ်စုံမြို့တော်သည် ယာယီအားဖြင့် ပြန်လည်ကာ လုံခြုံသွားသည်။
ဂျက်အင်ပါယာမှစစ်သည်များသည် ဇီးနစ်တပ်ကူမြင်းစစ်သည်များနှင့်ရင်မဆိုင်ကြသဖြင့် ထိုစွမ်းအားမြင့်လေးသည်တော်ဦးဆောင်သည့် ဇီးနစ်တပ်ကူ၆၀၀၀သည် ဂျက်အင်ပါယာမှစစ်သည်များကို ဖြတ်ကျော်ကာ အလံနှစ်စုံမြို့တော်မုခ်တံခါး၀သို့ရောက်ရှိလာကြ၏။
ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များသည် ရန်သူများကို ၁၀မိနစ်အတွင်းတွင် ထိုးဖောက်ဖြတ်ကျော်လာနိုင်ခဲ့ပြီး လမ်းတစ်လျှောက်တွင် ရန်သူတစ်ထောင်ကျော်ခန့်ကို သတ်ဖြတ်ခဲ့ပြီး မိမိဘက်မှ အကျဆုံးဆယ်ယောက်ကျော်ခန့်သာရှိခဲ့၏။
“၀ံပုလွေတပ်ဖွဲ့ ခုခံဖို့ပြင်ကြ...”
ခရာသံများထွက်ပေါ်လာသည်နှင့်အတူ မြင်းစစ်သည်များသည် တစ်ဖက်သို့ပြိုင်တူလှည့်လိုက်ကြပြီးခုခံမှုဖွဲ့စည်းပုံကို ပြင်ဆင်လိုက်ကြသည်။ သူတို့သည် ဆုတ်ခွာနေကြသည့် ဂျက်အင်ပါယာမှစစ်သည်များဘက်သို့ မျက်နှာမူထားကြပြီး သူတို့အနောက်တွင်ရှိနေသည့် ဂိတ်တံခါးသည် ဖြေးညှင်းစွာပွင့်လာတော့သည်။
ဤသည်ကိုမြင်သည့်အချိန်တွင် တောင်ကုန်းပေါ်တွင်ရှိနေသည့် မာနထောင်လွှားသည့်လူသည် သက်ပျင်းချကာ ပြောလိုက်၏။ “အဲ့ဇီးနစ်ကလေးသည်တော်က အတော်ကောင်းတာပဲ။ ငါဒီကောင့်ကို စည်းရုံးပြီးတော့ ငါ့လက်အောက်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခန့်ထားလို့ရရင်ကောင်းမယ်...”
သူ၏ဘေးတွင်ရှိနေသည့် ဂျက်အင်ပါယာမှခေါင်းဆောင်များသည် ဘာမှမပြောကြပေ။ သူတို့၏မင်းသားသည် အရည်ချင်းရှိသည့်လူမည်သူကိုမဆိုသဘောကျတတ်သည်ကို သိပြီးဖြစ်သည့်အတွက်ပင်။
“ဟားဟား မင်းက အိမ်မက်မက်နေတာပဲ...”
ဇီးနစ်အင်ပါယာမှမြင်းစစ်သည်များ ဂျက်အင်ပါယာမှစစ်သည်များကို လွယ်ကူစွာထိုဖောက်သွားနိုင်သည်ကို မြင်တွေ့ပြီးသည့်အချိန်တွင် ဖရန့်ခ်-ရစ်ဘရီမှာ စိတ်အေးသွား၏။ ဂျက်အင်ပါယာမှ တပ်ဖွဲ့ခေါင်းဆောင်ထိုကဲ့သို့ပြောသည်ကို ကြားလိုက်သည့်အချိန်တွင် သူကျယ်လောင်စွာပင်ရယ်မောလိုက်၏။ ထိုရယ်သံမှာ ရန်သူအား ခနဲ့လိုသည့်အရိပ်ယောင်များဖြင့် ပြည့်နှက်နေ၏။ ဤမာနထောင်လွှားသည့်လူတစ်ချက်ခံလိုက်ရသည်ကိုမြင်လိုက်ရခြင်းကပင် ရစ်ဘရီအတွက် ကျေနပ်သွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် ပျော်ပျော်ရွှင်ရွှင်သေနိုင်ပြီဖြစ်သည်။
ထိုမာနထောင်လွှားသည့်လူသည် တစ်ဖက်သို့လှည့်ကာ ရစ်ဘရီအား အေးစက်စက်ကြည့်လိုက်၏။
သူဆန္ဒရှိပါက ရစ်ဘရီအား လက်တစ်ချောင်းထဲဖြင့်ပင် သွေးမြူများအဖြစ်ပြောင်းလဲသွားအောင်လုပ်နိုင်၏။
သို့သော် သူတည်ငြိမ်စွာပင် ပြန်လည်ရယ်မောလိုက်သည်။
“ဘာတွေရယ်စရာကောင်းနေတာလဲ။ မင်းကအရှုံးသမားတစ်ယောက်ပဲ မင်းအသက်က င့ါလက်ထဲမှာ ငါမင်းကို အသက်မရှင်ချင်လောက်တဲ့အထိနှိပ်စက်နိုင်တဲ့နည်းလမ်းတွေအများကြီးပဲကွ...ဟားဟား မင်းကြည့်လိုက်စမ်း မင်းရဲ့လူတွေကတောင် မင်းကို စတေးသွားပြီ။ သူတို့ကမြို့ထဲရောက်သွားပြီးနောက်ထပ်ရက်အနည်းငယ်လောက်တော့အသက်ရှင်ဦးမှာပေါ့။ တစ်ဖက်မှာ မင်းကတော့ ငါသေစေချင်တဲ့အချိန်သေသွားလိမ့်မယ်...”
“စစ်မြေပြင်မှာ သေဆုံးရတယ်ဆိုတာ စစ်သည်တစ်ယောက်အတွက် ဂုဏ်ယူစရာပဲ ငါဘာလို့ကြောက်ရမှာလဲ...” ရစ်ဘရီသည် အကြောက်တရားကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။
“ဟားဟား ကောင်းတယ် မင်းက စစ်သည်အစစ်မှန်တစ်ယောက်ပဲ။ ဒါပေမယ့် မင်းကို တိုင်မာချည်ပြီးတော့ နေပူလှန်းထားမယ်ဆိုရင် မင်းရဲ့ရဲဘော်တွေ လာကယ်လောက်လား...” ကြောက်မက်ဖွယ်အလင်းရောင်တစ်ခုသည် မာနထောင်လွှားသည့်လူ၏မျက်လုံးများထဲတွင်တောက်ပသွား၏။
ရစ်ဘရီ၏မျက်နှာသည်အရောင်ပြောင်းလဲသွားသည်။
ရန်သူများမှာ သူ၏ညီကိုကဲ့သို့သောရဲဘော်များကို မျှားခေါ်ရန်အတွက် သူ့အား ငါးစာအဖြစ်အသုံးပြုတော့မည်ကို ရိပ်မိလိုက်သည့်အတွက်ပင်။
“အရှင့်သား ဟိုမာ...” အခိုက်တန့်တွင် ဂျက်အင်ပါယာမှ ခေါင်းဆောင်တစ်ယောက်သည် အလံနှစ်စုံမြို့တော်တည်ရှိရာနေရာသို့ ညွှန်ပြလိုက်ပြီး အော်ပြောလိုက်၏။
ရစ်ဘရီကြည့်လိုက်ကာ လူတစ်ယောက်သည် သားရဲတစ်ကောင်အား စီးနင်းလျှက်ဤနေရာသို့ ချီတပ်လာနေလျှက်ရှိသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ပင်။ ထိုလူသည် ပြိုင်ဘက်ကင်းသည့်လေးသည်တော်ပင်။ ထိုလူသည် ဂျက်အင်ပါယာမှ စစ်သည်ခြောက်သောင်းခန့်ရှိနေရာနေရာသို့ တစ်ယောက်တည်းပြေး၀င်လာနေခြင်းပင်။
ထိုလေးသည်တော်မည်သည့်အတွက်ကြောင့်လာနေသည်ကို လူတိုင်းသိရှိကြသည်။
သူသည် ဤဖရန့်ခ်-ရစ်ဘရီအမည်ရှိသည့် ဇီးနစ်ခေါင်းဆောင်တစ်ယောက်အား ကယ်တင်ရန်လာရောက်နေခြင်းပင်။
သို့သော် တစ်စုံတစ်ယောက်အား စစ်သည်ခြောက်သောင်းထံမှ တစ်ယောက်ထဲဖြင့် လာရောက်ကယ်တင်နေခြင်းပင်။
“အဲ့လူရူးနေတာလား...”
ရစ်ဘရီ စိုးရိမ်လာသည်။ သူသည် ထိုလေးသမားအား သူ့ကို လာရောက်ကယ်တင်ခြင်းမပြုရန်အော်ပြောလိုနေ၏။
ဤဂျက်အင်ပါယာ၏ခေါင်းဆောင်မှာ မည်မျှစွမ်းအားကြီးမားသည်ကို ကိုယ်တိုင်သိရှိသည့်အတွက်ပင်။ သူသည် ထိုလူ၏ လက်သီးတစ်ချက်တည်းဖြင့်ပင် ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ထိုလူသည် အနည်းငယ်ဆုံးကြယ်ခြောက်လုံး၇လုံးခန့်ရှိသည့်စစ်သည်တစ်ယောက်ဟု ခန့်မှန်းမိသည်။ ထို့အပြင် သူ၏ဘေးတွင် စွမ်းအားမြင့်ခေါင်းဆောင်ရာနှင့်ချီပြီး ကျွမ်းကျင်စစ်သည် ခြောက်သောင်းခန့်လဲရှိနေ၏။
ဤသည်မှာ မိမိကိုယ်မိမိသတ်သေနေသကဲ့သို့သာ ဖြစ်ပြီးအောင်မြင်နိုင်ချေလုံး၀မရှိပေ။
ရစ်ဘရီသည် အပြစ်မကင်းသလိုခံစားနေရ၏။ ဇီးနစ်အင်ပါယာမှ စွမ်းအားမြင့်စစ်သည်တစ်ယောက်သည် သူ့အတွက်ကြောင့် သေဆုံးသွားခဲ့ပါက သူသည် သေဆုံးရသည်ထက်ပင် ပို၍ဆိုး၀ါးစွာခံစားရမည်ဖြစ်သည်။
သို့သော် ဒဏ်ရာပြင်းထန်စွာရရှိနေသည့်အတွက် သူအော်ဟစ်နိုင်ခြင်းမရှိပေ။ သူပါးစပ်ဖွင့်လိုက်ရုံဖြင့်ပင် သူ၏ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူသည် ထိုအတွက်ကြောင့် ပို၍ပင် စိုးရိမ်လာပြီး သူ၏ခန္ဓာကိုယ်သည်လည်း ယိမ်းယိုင်လာကာ မြေပြင်ပေါ်သို့ ပစ်လဲခါနီးပင်ဖြစ်သွား၏။
“၀ှစ်...”
“၀ှစ်...”
“၀ှစ်...”
ဤလေးသည်တော်မှ မြှားများကို ပစ်လွှတ်လိုက်၏။ သူ၏လမ်းတစ်လျှောက်တွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
“ဒိုင်းကာတွေ...”
ဂျက်အင်ပါယာ၏ ရှေ့ပြေးတပ်ဖွဲ့တွင်ရှိသည့် ခေါင်းဆောင်များမှ အော်ဟစ်လိုက်ကြ၏။ ထို့နောက်တွင် လေးသည်တော်၏ရှေ့တွင် ဒိုင်းကာကြီးများကို ကာရံထားလိုက်၏။
ဤလေးသည်တော်၏အရှိန်ကို လျှော့သွားအောင်ပြုလုပ်နိုင်ပါ လူအင်အားသာသည့်အချက်ကိုအသုံးပြု၍ ၀ိုင်း၀န်းတိုက်ခိုက်သတ်ဖြတ်နိုင်မည်ဖြစ်သောကြောင့်ပင်။
“၀ှီး...”
ဒိုင်းကာကြီးများကို ပြန်လည်တုန့်ပြန်လိုက်သည်မှာ တူညီသည့် ကြောက်မက်ဖွယ်မြှားများပင်။
“ဖုန်း ဖုန်း ဖုန်း..”
ဆူညံသံများထွက်ပေါ်လာသည်နှ့င်အတူ အလည်တွင်ရှိနေသည့် သုံးမီတာကျော်ခန့်မြင့်သည့် သံမဏိဒိုင်းကာကြီးသည်ပေါက်ကွဲသွား၏။
ဤသည်မှာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုပင်။ ဒိုင်းကာကြီးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး သံတိုသံစများလွှင့်ပျံကုန်၏။ ဒိုင်းကာ၏အနောက်တွင်ရှိနေကြသည့် ဂျက်အင်ပါယာမှ စစ်သည်များသည် ချက်ချင်းပင်ထိခိုက်ကုန်ကြတော့သည်။ သံမဏိအပိုင်းစများသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ စိုက်၀င်ကုန်ကြ၏။ သူတို့အားလုံးမြေပေါ်တွင် လဲကျပြီး နာကျင်စွာအော်ဟစ်နေချိန်တွင် ထိုလေးသည်တော်သည် သူတို့အပေါ်မှ သားရဲကောင်နှင့်အတူ ခုန်ကျော်သွားတော့သည်။
“ဟမ်...သူဘယ်လော်ကြာကြာခံနိုင်မလဲကြည့်ရသေးတာပေါ့။” မာနထောင်လွှားသည့်လူသည် အေးစက်စွာဖြင့်ပြောလိုက်၏။ “ငါ့အမိန့်ကို ပြောလိုက်ကြစမ်း။ အဲ့ဇီးနစ်အင်ပါယာက စစ်သည်ကို ၀ိုင်းပြီးတော့ သတ်လိုက်ကြစမ်း...”
ခရာသံများထွက်ပေါ်လာပြန်၏။
ဂျက်အင်ပါယာ၏စစ်သည်များ ဖွဲ့စည်းပုံမှာပြောင်းလဲသွားတော့သည်။
အစွန်းနှစ်ဖက်တွင်ရှိနေကြသည့် ဂျက်အင်ပါယာမှ စစ်သည်များသည် အရှေ့သို့တိုးလာကြ၏။ တစ်ချို့မှော်ဆရာများသည် လေပါ်တွင်ပျံ၀ဲကာ မှော်အစွမ်းတစ်ချို့ကိုထုတ်သုံးရန်အတွက် ပြင်ဆင်နေပြီဖြစ်သည်။
“မြှားတွေအသင့်ပြင်...”
ခေါင်းဆောင်တစ်ယောက်အော်ဟစ်လိုက်ပြီးသည့်နောက်တွင် လေးကြိုးတုန်ခါသံများထွက်ပေါ်လာ၏။ မြှားများစွာသည် လေထဲတွင်ပျံသန်းလာကြပြီး သားရဲကောင်စီးနင်းလာနေသည့် လူတစ်ယောက်ထံသို့သာ ဦးတည်နေကြသည်။
ထိုမြှားများသည် စျေးကြီးသည့် ထိုးဖောက်နိုင်စွမ်းမြင့်မားသောမြှားများပင်ဖြစ်ပြီး အားကောင်းသောလေးများဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်၏။ စွမ်းအားမြင့်မားပြီး တစ်စင်တီမီတာခန့်အထူရှိသည့် သံမဏိပြားများနှင့် ကြယ်၂လုံးအဆင့် အတွင်းအားစွမ်းအင်အကာရံတို့ကို ထိုးဖောက်နိုင်စွမ်းရှိ၏။ ထိုမြှားများကို တိုက်ပွဲတွင် ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် ကျွမ်းကျင်တပ်ဖွဲ့များကိုသတ်ဖြတ်ရာတွင်အသုံးပြုလေ့ရှိကြ၏။ ကြယ်အဆင့်စစ်သည်များကိုလည်းသတ်ဖြတ်နိုင်သည့် မြှားများပင်။
ဤမြှားမိုးများသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ဂျက်အင်ပါယာမှခေါင်းဆောင်များသည် ထိုလေးသည်တော်မသေဆုံးစေကာမူ ဒဏ်ရာအပြင်းထန်ရသွားလိမ့်မည်ဟု ယုံကြည်ထားကြသည်။
သို့သော် “ချွင် ချွင် ချွင်”
လေးသည်တော်သည်မြှားများကို ဂရုစိုက်သည့်ပုံမပေါ်ချေ။ သူ၏လေးကို ပြန်သိမ်းလိုက်ပြီး သူ၏အရှိန်၀ါသည်လည်း အနည်းငယ်ပြောင်းလဲသွား၏။ ဤအနည်းငယ်ပြောင်းလဲသွားခြင်းတွင် ကြီးမားသည့် အကျိုးဆက်များဖြစ်ပေါ်လာ၏။
ထိုမြှားများသည် သူနှင့်တစ်မီတာခန့်အနီးသို့ရောက်ရှိသည့်အချိန်တွင် ရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိတော့ပဲ အလိုလိုရပ်တန့်သွား၏။
ထိုလေးသည်တော်၏အမြန်နှုန်းသည် လုံး၀ပင်နှေးကွေးသွားခြင်းမရှိပေ။
သူသည် အလွန်မြန်ဆန်လှပြီးအနောက်တွင် ဖုန်တန်းတစ်ခုကို ချန်ထားခဲ့၏။ မြှားများသည် သူနှင့်အနီးသို့ရောက်သည့်အချိန်တွင် အလိုလိုရပ်တန့်သွားပြီးကောက်ရိုးမျှင်များကဲ့သို့ပင် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြ၏။
ထိုလူနှင့် သားရဲကောင်သည် ဂျက်အင်ပါယာ၏ ရှေ့ပြေးတပ်ဖွဲ့ထံသို့၀င်ရောက်လာတော့သည်။
အလွန်မြန်ဆန်လွန်းလှသည်။
ဂျက်အင်ပါယာမှစစ်သည်များသူတို့၏ ဖွဲ့စည်းပုံကို မပြင်နိုင်ခင်မှာပင် သူတို့အားဖြတ်ကျော်သွား၏။
ဂျက်အင်ပါယာမှ စစ်သည်များသည် ရေစီးကြောင်းကဲ့သို့အနောက်မှ ပြေးလိုက်ကာ သူ့အား တားဆီးလိုကြသော်လည်း စွမ်းအားကွာဟမှုမှာ ကြီးမားလွန်းလှသည်။ သူ့ထံသို့ပြေး၀င်သွားသည့်စစ်သည်များသည် အနောက်သို့ ပြန်လွှင့်ထွက်လာပြီး သွေးမြူများအဖြစ်သို့ပြောင်းလဲကုန်ကြတော့၏။
လေးသည်တော်တိုက်ခိုက်နေသည့်အချိန်တွင် အမဲရောင်သားရဲကောင်ကြီးသည် လုံး၀ပင်နှေးကွေးသွားခြင်းမရှိပေ။ ဂျက်အင်ပါယာမှစစ်သည်များကို ဖြတ်ကျော်ကာ ပြေးလျှက်ရှိနေပြီး အဟုန်ကြောင့် စစ်သည်တစ်ချို့ပင် ကောင်းကင်ပေါ်သို့ လွှ့င်ထွက်ကုန်ကြ၏။
လူနှင့်သားရဲကောင်သည် ဂျက်အင်ပါယာရှေ့ပြေးတပ်ဖွဲ့အား စက္ကန့်အနည်းငယ်အတွင်းမှာပင်ထိုးဖောက်လိုက်၏။