← Chapters

အခန်း (၄၇၈)

Vol. 31 Ch. 478

အခန်း (၄၇၈)

Vol. 31 Ch. 478

ရယ်မောပြီးသည့်နောက်တွင် လေးသည်တော်သည် သူ၏ သားရဲကောင်ပေါ်မှ လေပေါ်သို့ ခုန်တက်လိုက်ပြီး ဂျက်အင်ပါယာမှ စစ်သည်များကိုဖြတ်ကျော်ကာ ရှေ့သို့ မီတာ၄၀၀ခန့်ပျံ၀ဲလာ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည်တောင်ထိပ်သို့ရောက်ရှိလာတော့သည်။ သူသည် ရယ်မောရင်းဖြင့် တောင်ထိပ်သို့ လမ်းလျှောက်သွား၏။ သူ၏ရှေ့တွင်ရှိနေသည့် ရန်သူများကိုလည်း ဖောက်ခွဲပစ်လိုက်၏။

“အရှင့်သားကို ကာကွယ်ကြ...”

“သူ့ကို တားဆီးကြစမ်း...”

“အမြန်လုပ် အဲ့လူကိုအပေါ်ရောက်မလာစေနဲ့...”

ဤဇီးနစ်မှလေးသမားသည် အမိန့်ပေးနေရာနှင့် နီးကပ်လာသည်နှင့်တပြိုင်နက် စစ်သည်များ၊ ခေါင်းဆောင်များမှာ ကြောက်လန့်လာကြတော့၏။ သူတို့၏ ဂျက်အင်ပါယာမှ မင်းသားသည် စွမ်းကားကြီးကြောင်းကို သိရှိသော်လည်း သူတို့၏အရှေ့တွင်ရှိနေသည့် ရန်သူသည်လည်း စွမ်းအားကြီးကြောင်းကို သိရှိကြသဖြင့် သူတို့၏ခေါင်းဆောင်အန္တရာယ်ရောက်မည်ကို စိုးရိမ်လာကြ၏။

သို့သော် ဤကဲ့သို့သော တုန့်ပြန်မှုသည် မာနထောင်လွှားသည့်လူအတွက် အရှက်ရဖွယ်တစ်ခုပင်။

“မင်းတို့ကောင်တွေ ဘာကြောက်နေကြတာလဲ။ ဖယ်ကြစမ်းကွာ ဒီကောင့်ကို ငါကိုယ်တိုင်သတ်မယ်...” သူ၏အရှေ့တွင်ရှိနေသည့် ကိုယ်ရံတော်များကို တွန်းထုတ်ကာ သူ၏မီးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ အမြင့်တွင်ရပ်နေရင်းဖြင့် သူ၏ရန်သူကို ငုံ့ကြည့်ကာ အော်ဟစ်လိုက်၏။ “ဇီးနစ်အင်ပါယာက စစ်သည် င့ါကို မင်းနာမည်ပြောပြစမ်း။ ငါမင်းကို ငါ့လက်နဲ့ကိုယ်တိုင်သက်မယ်...”

“ဟားဟား မင်းက လာနောက်နေတာပဲ။ မင်းငါ့ရဲ့လက်သီးတစ်ချက်ကို ခံနိုင်မယ်ဆိုရင် မင်းကို င့ါနာမည်ပြောပြမယ်...”

ထိုလေးသည်တော်အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် တောင်ထိပ်သည် အနည်းငယ်တုန်လှုပ်သွား၏။ သူသည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်းတွင် ဂျက်အင်ပါယာမှ စစ်သည်ဆယ်ယောက်ခန့်ကိုပါ သတ်ဖြတ်လာနေလျှက်ရှိသည်။

“စိတ်ကြီး၀င်နေတဲ့ခွေးသားပဲ...”

ဂျက်အင်ပါယာ၏ တပ်ဖွဲ့ခေါင်းဆောင်သည် ဒေါသဖြစ်သွား၏။ မင်းသားတစ်ပါးဖြစ်သည့်အတွက် မည်သူမှ သူ၏အရှေ့တွင် ဤကဲ့သို့ မလေးမစားမပြုလုပ်ဖူးပေ။ သူသည် မြေပြင်ပေါ်သို့ ခြေဆောင့်ကာ လေပေါ်သို့ ခုန်တက်သွား၏။ တောင်ကုန်း၏အမြင့်ကိုပါ အားပြု၍ သူသည် အောက်သို့ စွမ်းအားဖြင့် ထိုးချလိုက်သည်။

ဤလက်သီးချက်သည် ရစ်ဘရီအား အနိုင်ယူခဲသည့်လက်သီးချက်ထက်ပို၍စွမ်းအားမြင့်မား၏။

ဤလက်သီးချက်သည် ဂျက်အင်ပါယာစစ်သည် ခြောက်သောင်း၏ယုံကြည်ချက်များပါရှိနေသည့် လက်သီးချက်ပင်။

ထိုလက်သီးချက်ကြောင့် ရာသီဥတုပင်ပြောင်းလဲသွားသကဲ့သို့ပင်။

ရစ်ဘရီ၏ နှလုံးသားသည် အလွန်စိုးရိမ်နေသည့်အတွက် ခနတာခန့်ပင်ရပ်တန့်သွားသကဲ့သို့ပင်။ ဤလက်သီးချက်ကို ခံစားဖူးသည့်လူသည်သာ မည်မျှစွမ်းအားကြီးမားကြောင်းကို သိရှိနိုင်သည့်အတွက်ပင်။ ထိုလက်သီးထဲတွင် ပါ၀င်နေသည့်စွမ်းအားသည် ဆူနာမီရေလှိုင်းကြီးတစ်ခုထက်ပင် ပို၍အားကောင်းလှ၏။ ရစ်ဘရီသည် အလံနှစ်စုံမြို့တော်တွင် နံပါတ်၁သိုင်းဆရာတစ်ယောက်ဖြစ်သော်လည်း ထိုလက်သီးချက်ကိုမည်ကဲ့သို့မှ ခုခံနိုင်လိုက်ခြင်းမရှိပေ။

အခိုက်တန့်တစ်ခုကြာခန့် ကမ္ဘာကြီးတစ်ခုလုံးပေါ်တွင် ဤလက်သီးချက်တစ်ခုတည်းသာ ရှိတော့သည့်အတိုင်းပင်။

စစ်မြေပြင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွား၏။ ခံတပ်နံရံပေါ်တွင်ရှိနေသည့် ဇီးနစ်စစ်သည်များနှင့် အနီးတွင်ရှိနေသည့်ဂျက်အင်ပါယာမှစစ်သည်များသည်လည်း တိတ်ဆိတ်ငြိမ်သက်လျှက် ဤတိုက်ပွဲ၏ရလဒ်ကို စောင့်စားနေ၏။

ဇီးနစ်လေးသည်တော်သည် မြေပေါ်တွင်သာ ရပ်နေလျှက်ရှိသည်။

သူ၏ညာလက်အား ခါးအနီးသို့ကပ်လိုက်ပြီး ဘယ်လက်ကို အသာယာမြောက်လိုက်သည်။ ဤသည်မှာ လက်သီးထိုးတော့မည့်အချိန်တွင် လူတိုင်းပြုလုပ်တတ်သည့် ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုပင်။

“ဖုန်း...”

သူထိုးလိုက်သည်။ လက်သီးနှစ်လုံးသည် လေထဲတွင် တွေ့ဆုံသွားတော့၏။

အနီရောင်နှင့် ကြည်လင်သောအရောင်ရှိသည့် စွမ်းအင်လှိုင်းများသည်အပြင်သို့ပြန့်နှံ့လာ၏။

ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ကြီးမားသည့်ပေါက်ကွဲသံများသည် ကောင်းကင်ကိုပင် ပျက်စီးစေတော့မည့်အတိုင်းဖြစ်သွား၏။ တောင်ကုန်းသည် ပြင်းထန်စွာတုန်လှုပ်လာ၏။ ကြီမားသည့် အက်ကွဲကြောင်းကြီးများသည် ဇီးနစ်မှလေးသည်တော်နှင့် ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်တို့၏ ခြေထောက်အောက်တွင် ပေါ်လာတော့သည်။

ဤသည်မှာ တစ်က္ကန့်မျှပင် ကြာလိုက်သည်။

ထို့နောက်တွင် ရလဒ်ထွက်ပေါ်လာတော့သည်။

“ဖွီး...အား...”

ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်မှာ အနောက်သို့ လွှင့်ထွက်သွားကာ ပါးစပ်မှလည်းသွေးများစီးကျလာတော့၏။

သူ၏အရပ်ရှည်ရှည်ထွားထွားကျိုင်းကျိုင်းခန္ဓာကိုယ်သည် ပို၍လျှန်မြန်လှသည့်အရှိန်ဖြင့်အနောက်သို့ လွှင့်ထွက်သွား၏။ သူ၏ခန္ဓာကိုယ်သည် ထိတ်လန့်နေသည့် ကိုယ်ရံတော်များထံသို့ ပြုတ်ကျသွားပြီး စစ်သည်များ၊ ခေါင်းဆောင်များအားလုံးသည် သူ့ကို ၀ိုင်း၀န်း၍ ကာကွယ်လိုက်ကြ၏။

တစ်ဖက်တွင် ထိုလေးသည်တော်၏ ခန္ဓာကိုယ်မှာ အနည်းငယ်သာ လှုပ်ခါသွားပြီး လုံး၀ပင် ဒဏ်ရာရရှိသွားသည့်ပုံမပေါ်ချေ။

သူသည် ရစ်ဘရီ၏ဘေးတွင်ရပ်နေကာ သူ၏ဘေးပတ်ပတ်လည်တွင် ဂျက်အင်ပါယာမှ သောင်းချီသည့် စစ်သည်များရှိနေ၏။ အ၀ေးမှကြည့်ပါက သူသည် ပင်လယ်ပြင်အလယ်မှ လှေငယ်လေးတစ်ခုကဲ့သို့ပင်။ သို့သော် သူကြည့်လိုက်သည့်အချိန်တွင် ဂျက်အင်ပါယာမှ စစ်သည်များသည် အလျှင်မြန်ဖြင့် အနောက်သို့ အနည်းငယ်ဆုတ်သွားကြ၏။ သူ့အား အန္တရာယ်များသည့် သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ပင်။

ဤအခိုက်တန့်တွင် မည်သူမှ ထိုလူနှင့်မျက်လုံးခြင်းဆုံကာ ကြည့်ရဲခြင်းမရှိပေ။

သူသည် ပြိုင်ဘက်ကင်းမဲ့နေ၏။

လေးသည်တော်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သူနှင့်ပတ်သက်သည့်အရှိန်၀ါမှာလည်း ရုတ်တရက်ပြောင်းလဲသွားတော့သည်။ ရက်စက်ကြမ်းကြုတ်သည့်အရှိန်၀ါများသည် မြင့်မြတ်သန့်စင်ကာ တည်ငြိမ်အေးချမ်းသည့်အရှိန်၀ါအဖြစ်သို့ပြောင်းလဲသွားတော့၏။ ရွှေရောင်တိုက်ပွဲစက်၀န်းတစ်ခုသည် သူ၏ခြေထောက်အောက်တွင်ပေါ်လာပြီး သူ၏လက်ဖ၀ါးတွင်ရွှေရောင်အလင်းတန်းများတောက်ပလာကာ ရစ်ဘရီအား ဖိလိုက်သည်။

ရစ်ဘရီချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးသည့်စွမ်းအင်များစီး၀င်သွားသည်ကို ခံစားလိုက်ရပြီး သူခံစားခဲ့ရသည့် ဒဏ်ရာများသည် လျှင်မြန်စွာပင် ပျောက်ကင်းလာ၏။

ထိုလူ ရစ်ဘရီအား ကုသပေးနေသည်ကို မည်သူမှ မနှောင့်ယှက်ရဲကြပဲ မည်သူမှအသံတစ်သံပင်မပြုလုပ်ရဲကြပေ။

လက်ရှိအခိုက်တန့်တွင် ရစ်ဘရီသူ၏သွေးများဆူပွက်နေသကဲ့သို့ ခံစားနေရ၏။ တစ်စုံတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင်ပေါက်ကွဲနေသကဲ့သို့ပင်။

သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်လုံးများထဲတွင် မျက်ရည်များပင် ၀ိုင်းလာ၏။ သို့သော် သူသည် ဂျက်အင်ပါယာမှ စစ်သည်များ၏အရှေ့တွင် ငိုကြွေးလိုခြင်းမရှိပေ။ သူသည် “ဒါက စစ်သည်သောင်းနဲ့ချီကို တစ်ယောက်ထဲတိုက်ခိုက်နိုင်တဲ့ ငါတို့ဇီးနစ်အင်ပါယာက ပြိုင်ဘက်ကင်းတဲ့စစ်သည်ပဲ..” ဟု အော်ဟစ်လိုနေသည်။

ရစ်ဘရီထိုကဲ့သို့တွေးနေသည့်အချိန်တွင် သူ၏ပခုံးကို တစ်စုံတစ်ယောက်မှ ပုတ်ကာ ပြောလိုက်သည်။ “စစ်သည်ဘယ်လိုနေသေးလဲ တိုက်ခိုက်နိုင်သေးလား...”

ရစ်ဘရီတစ်ဖက်သို့လှည့်လိုက်ပြီး စစ်သည်ခြောက်သောင်းနှင့် သူတို့၏ခေါင်းဆောင်ကြယ်ရှစ်လုံးအဆင့်စစ်သည်အား လွှမ်းမိုးနိုင်ခဲ့သည့်လူ၏မျက်နှာကို မြင်လိုက်၏။ ထိုလူသည် အလွန်ငယ်ရွယ်သေးသည်ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်ထိတ်လန့်အံ့သြသွားသည်။ သူသည် အသက်၂၀ခန့်ပင်ရှိသေးသည့်ပုံပင်။ ထို့အပြင် သူသည် အတော်တန်ခန့်ညားပြီး ခင်မင်းရင်းနှီးတတ်သည့်ပုံရှိ၏။ သူသည် အိမ်နီးခြင်းကောင်းလေးတစ်ယောက်ကဲ့သို့ပင်။ မည်သူမှ ဤလူသည် စိုးမိုးနိုင်သည့်အရှိန်၀ါရှိသည်ဟု ရုပ်ရည်တစ်ခုတည်းဖြင့် ပြောနိုင်မည်မဟုတ်ပေ။

ခနတာအကြာတွင် ရစ်ဘရီပြန်လည်သတိရလာသည်။ အလံနှစ်စုံမြို့တော်မှ စစ်ရးခေါင်းဆောင်သည် စစ်သည်အသစ်တစ်ယောက်ကဲ့သို့ပင်ပြုမူလိုက်၏။ သူ၏ခါးကို မက်ကာ အလေးပြုရင်း ပြောလိုက်၏။ “ဟုတ်ကဲ့ပါ ဆာ ကျွန်တော်တိုက်ခိုက်နိုင်ပါသေးတယ်...”

“ဟားဟား ကောင်းတယ် မင်းက ဇီးနစ်စစ်သည်တွေအားလုံးအတွက် စံပြစစ်သည်တစ်ယောက်ပဲ။ အင်ပါယာက မင်းအတွက် ဂုဏ်ယူနေလိမ့်မယ်...”

ဇီးနစ်မှ လေးသည်တော်သည် သူရဲကောင်းဆန်စွာရယ်မောလိုက်၏။ စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ပင် သူ့အားမည်သူမှ တိုက်ခိုက်ရဲခြင်းမရှိပေ။ သူရယ်မောပြီးသည့်အချိန်တွင် တစ်ဖက်သို့လှည့်ကာ လွှင့်ထွက်သွားခဲ့သည့်ဂျက်အင်ပါယာမှ မင်းသားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏စူးရှသည့်မျက်လုံးများသည်တစ်စုံတစ်ခုကို သတိထားမိသွား၏။ သူလေထုအား ဖမ်းဆုပ်လိုက်ပြီး သူ့အား မင်းသားမှ ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့သည့်လေးကို အစောင့်များ၏လက်ထဲမှ ဆွဲယူလိုက်သည်။

“လေးကောင်းတစ်လက်ပဲ ဟားဟား မဆိုးဘူး...”

လေးသည်တော်သည် လေးကြိုးအား ဆွဲကာ ခနတာကြည့်လိုက်ပြီး ချီးကျူးလိုက်၏။ ရုတ်တရက် အလင်းတန်းတစ်ခုတောက်ပသွားပြီး ထိုလေးသည်လည်း ပျောက်ကွယ်သွားတော့သည်။ ထိုလေးသည်တော်၏ ထားသိုရာ မှော်အကန့်ထဲသို့ရောက်ရှိသွားပုံပင်။ ထို့နောက်တွင် ထိုလေးသည်တော်မှ အော်ဟစ်လိုက်သည်။ “ဟေး ဒီလေးက မဆိုးဘူးကွ။ သုံးလို့တော့ဖြစ်လောက်တယ်။ ငါယူထားလိုက်မယ်။ မင်းနောက်ပိုင်းပိုပြီးသန်မာလာရင်တော့ လာပြန်ယူပေါ့ကွာ..ဟားဟား...”

သူထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် ရစ်ဘရီ၏ပခုံးကို ကိုင်ကာ ရယ်မောလိုက်သည်။ “မင်းတိုက်ခိုက်နိုင်သေးတယ်ဆိုရင် ငါနဲ့အတူ လမ်းကြောင်းရှင်းရအောင်...” သူသည် သူ့အား မုန်းတီးသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ဂျက်အင်ပါယာမှ မင်းသားကို လျစ်လျူရှုလိုက်၏။

ရစ်ဘရီတုန့်ပြန်မနိုင်းသေးခင်မှာပင် အဆွဲခံလိုက်ရသလို ခံစားလိုက်ရ၏။ သူပျံသန်းနေသကဲ့သို့ပင် သူ၏မြင်ကွင်းတွင်ရှိနေသည့် အရာအားလုံးသည်လည်း လျင်မြန်စွာပင်ပြောင်းလဲသွား၏။ သူစက္ကန့်အနည်းငယ်အတွင်းမှာပင် တောင်ကုန်းနှင့်၀ေးရာသို့ရောက်ရှိလာပြီဖြစ်ပြီး အမဲရောင်သားရဲကြီးသည်လည်း ဂျက်အင်ပါယာမှစစ်သည်တစ်ချို့ကို ၀င်တိုက်ကာ သူတို့၏အရှေ့သို့ ခုန်၀င်လာ၏။

ထိုလေးသည်တော်သည် ရစ်ဘရီအား ဆွဲကာ အမဲရောင်သားရဲကောင်ကြီး၏ကြောပေါ်သို့တက်လိုက်၏။ မည်သူမှ သူတို့ကို တားဆီးရဲခြင်းမရှိပေ။ သူတို့မထွက်ခွာမှီ ထိုလေးသည်တော်သည် ဂျက်အင်ပါယာမှ ခေါင်းဆောင်အား ကြည့်လိုက်ပြီး ထက်မံ၍ ရယ်မောလိုက်ပြန်၏။

အပြန်လမ်းတွင် ဂျက်အင်ပါယာမှ စစ်သည်များသည် အမြန်ပင်ဖယ်ပေးလိုက်ကြ၏။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှသည်။

“အား ကန္တာရသိမ်းငှက်လေးကိုထားခဲ့ အဲ့တာက တော်၀င်မိသားစုရဲ့ ရတနာတစ်ပါးပဲကွ..သေစမ်း မင်းဘယ်သူလဲ..မင်းဘယ်က သောက်ကောင်လဲ...”

ဂျက်အင်ပါယာမှ မင်းသားသည် သူ၏ခန္ဓာကိုယ်ထဲတွင် စိမ့်၀င်သွားသည့် ထိုလေးသည်တော်၏အတွင်းအားစွမ်းအင်များကို ဖယ်ရှားပြီးပြီဖြစ်သည်။ သူသည် အရှေ့တွင် ရှိနေသည့် အစောင့်စစ်သည်များကို တွန်းထုတ်ကာ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။ သူသည် စိတ်ဖောက်ပြန်သွားသကဲ့သို့ပင်။

ဖြစ်ခဲ့သည့်အရာသည် သူ့အားများစွာအရှက်ရစေခဲ့သည့်အတွက်ပင်။ ဂျက်အင်ပါယာထဲတွင် သူသည် ပါရမီရှင်တစ်ယောက်ဖြစ်သည့်အတွက် သူနှင့်အရွယ်ညီသည့် ပြိုင်ဘက်တစ်ယောက်ကို မရှာတွေ့ခဲ့ချေ။ သူသည် ဂျက်အင်ပါယာမှ လူများအတွက် ဂုဏ်ယူစရာလူတစ်ယောက်ဖြစ်ပြီး အရည်ချင်းအရှိဆုံးမင်းသားများထဲမှ တစ်ပါးပင်။ သို့သော် ယနေ့တွင်မူ ဇီးနစ်အင်ပါယာမှ တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်၏အနိုင်ယူခြင်းကိုခံလိုက်ရသည့်အတွက် သူအရှက်တရားကို သည်းခံနိုင်ခြင်းမရှိပေ။

တကယ်တန်းတွင် ရှေ့ပြေးတပ်ဖွဲ့တစ်ခုကို ဦးဆောင်၍ အလံနှစ်စုံမြို့တော်သို့ စစ်ချီခွင့်ရခြင်းသည်ရှားပါးသည့်အခွင့်ရေးတစ်ခုပင်။ အင်ပါယာအရှင်သခင်ယရှင်း လွန်ခဲ့သည့်၂၆နှစ်ခန့်က ဂျက်အင်ပါယာ၏မြို့တော် အာမန်စတာဒန်အား ၀င်ရောက်သိမ်းပိုက်ကာ သိမ်းယူသွားခဲ့သည့်တော်၀င်အလံကို ပြန်လည်ယူဆောင်ခွင့်ရခြင်းသည် ကြီးမားသည့်အောင်မြင်မှုတစ်ခုဖြစ်ကြောင်းကို ဂျက်အင်ပါယာမှ လူတိုင်းသိရှိသည့်အတွက်ပင်။ ထို့ကြောင်ဤကဲ့သို့ဆောင်ရွက်နိုင်ပါက ဤမင်းသားသည် လူများစွာ၏ သူရဲကောင်းဖြစ်လာမည်ဖြစ်သည်။

ဂျက်အင်ပါယာမှ မင်းသားများစွာသည်လည်း ဤအခွင့်ရေးကို ရရှိရန်မျှော်လင့်နေခဲ့ကြ၏။

ဤဖာရင်တန်အမည်ရှိသည့် မင်းသားသည် သူ၏ဆရာဖြစ်သူ၏အကူညီကြောင့် ဂျက်အင်ပါယာအရှင်သခင်ဖူဂျီ၏ ယုံကြည်ခြင်းကို ရရှိကာ ဤတာ၀န်ကို အပ်နှင်းခြင်းခံခဲ့ရသည်။

သူဤနေရာသို့ချီတပ်မလာမှီတွင် သေခြာလေ့လာထားသဖြင့် အလံနှစ်စုံမြို့တွင် စွမ်းအားမြင့်စစ်သည်များသိပ်မရှိသည်ကို ကြိုတင်ကာ သိရှိပြီးဖြစ်သည်။

ထို့ကြောင့် သူ၏လက်အောက်တွင် စစ်သည်ခြောက်သောင်းအင်အားဖြင့် လွယ်ကူစွာသိမ်းပိုက်နိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သူသည် ထိုကဲ့သိုအောင်မြင်ရန်လဲအလွန်နီးကပ်ခဲ့သည်။ သို့သော် သူသည် ဇီးနစ်တပ်ကူများကို ဦးဆောင်လာသည့် ပို၍ပင် မာနထောင်လွှားသည့်စစ်သည်နှင့်ရင်ဆိုင်ခဲ့ရပြီး သူသည် ထိုလူ၏တိုက်ခိုက်မှုတစ်ချကိုပင်ခံနိုင်လိုက်ခြင်းမရှိပေ။

All Chapters