အခန်း (၄၇၉)
Vol. 31 Ch. 479
သူမည်ကဲ့သို့ လက်ခံရမည်နည်း။
သူသည် ရန်သူ၏နာမည်ကို သိမှရမည်ဖြစ်သည်။ ဤနာမည်အား မှတ်သားထားပြီး အနာဂတ်တွင်အနိုင်ယူကာ သူ၏သိက္ခာကို ပြန်လည်ဆယ်ယူရမည်ဖြစ်သည်။
“ငါ့ကိုပြောပြပါ...မင်းနာမည်ငါ့ကို ပြောပြမှဖြစ်မယ်..”
ဂျက်အင်ပါယာတပ်ဖွဲ့၏ခေါင်းဆောင်သည် သူ၏မာနရားတို့ကို နှိမ်ချကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏အသံသည် စစ်မြေပြင်တွင် ပဲ့တင်သွားပြီး ခံတပ်နံရံပေါ်မှ ဇီးနစ်စစ်သည်များပင် ကြားလိုက်ရ၏။
အမဲရောင်သားရဲကြီးပေါ်မှ လေးသည်တော်သည် ရပ်တန့်လိုက်၏။
သူသည်တစ်ဖက်သို့ လှည့်ကာ တောင်ပေါ်တွင်ရှိနေသည့် ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် စနောက်သည့်အမူယာတစ်ခုဖြင့် ဖြေးညှင်းစွာပြောလိုက်၏။ “ကောင်းပြီလေ မင်းက ဒီလိုရိုးရိုးသားသားမေးတယ်ဆိုတော့ ငါမင်းကိုပြောပြလိုက်မယ်...နားထောင်...”
ဤလူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စစ်မြေပြင်တွင်ရှိနေသည့် လူများအားလုံးရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
လူတိုင်းသိချင်နေကြ၏။ လူတိုင်းသည် ဤဇီးနစ်အင်ပါယာ၏ စွမ်းအားမြင့်လေးသည်တော်သည် မည်သူဖြစ်သည်ကို သိချင်နေကြသည်။
“ငါက ဇီးနစ်အင်ပါယာရဲ့လယ်ဗယ်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်တဲ့ ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒားပဲ...”
ဖှေးသည် ဤမြင်ကွင်းကို ကျေနပ်နေလျှက်ရှိသည်။ ယခင်က သူလုပ်ခဲ့သည့်အရာမှန်သမျှသည် ယခုအခိုက်တန့်အတွက် အချိန်ဆွဲနေခြင်းသာဖြစ်၏။ ဘုရင် အလတ်ဇန္ဒားဆိုသည့်နာမည်အား ဤနေရာတွင်ရှိနေသည့်လူများသေချာပေါက် မသေမခြင်းမှတ်မိနေတော့မည်မှာ အမှန်ပင်။
သူ၏နာမည်အား ဤကဲ့သို့သောအချိန်တွင် ထုတ်ပြောလိုက်ခြင်းအားဖြင့် သူ၏ရန်သူများသည် တစ်သက်တာတွင် မေ့နိုင်တော့မည်မဟုတ်ပေ။
ဖှေးသူ၏နာမည်ကို ပြောပြီးသည့်နောက်တွင် ရန်သူများ၏မျက်နှာပေါ်မှ အမူယာများကိုကြည့်ကာ ကျေနပ်သွား၏။ ထို့နောက်တွင် သူသည် ဘလက်ကီကို စီးနင်း၍ အလံနှစ်စုံမြို့တော်ထံသို့ပြန်လာလိုက်တော့သည်။
သူ့နောက်မှ မည်သူမှပြေးလိုက်ရဲခြင်းမရှိပေ။
......
“ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားဟုတ်လား...” မင်းသား ဖာရင်တန်သည် အစပိုင်းတွင် အနည်းငယ်ရှုပ်ထွေးသွား၏။ သို့သော် မကြာမှီတွင် ထိုရှုပ်ထွေးမှုသည် အံ့သြမှုတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။
သူထိုနာမည်ကို ပြန်လည်ကာ သတိရလိုက်သည်။
“အဖွဲ့၀င်တိုင်းပြည်ငယ်လေးရဲ့ ဘုရင်တစ်ပါးမလား။” သူထိုနာမည်အား ဂျက်အင်ပါယာမှ သတင်းအချက်လက်ဌာနတင်ပြသည့် အချက်လက်တစ်ခုထဲတွင် တွေ့ဖူးခဲ့သည်ကို ပြန်လည်ကာ သတိရလိုက်သည်။ ထိုစာထဲတွင် ဤလူသည် ဇီးနစ်အင်ပါယာအဖွဲ့၀င်တိုင်းပြည်များထဲတွင် နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်သည်ကို ဖော်ပြထားသည်။ သို့သော် ထိုလူအား အနာဂတ်တွင် ကြီးမားသည့်အလားလာရှိသော ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်ဖြစ်သည်ဟုလည်း ဖော်ပြထား၏။
“ကြယ်ခြောက်လုံးအဆင့်ပဲရှိတဲ့စစ်သည်တစ်ယောက်က င့ါလို ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ အနိုင်ယူနိုင်မှာလဲ...” မင်းသား ဖာရင်တန်သည် စိတ်ရှုပ်ထွေးသွား၏။
“တစ်ခုခုတော့မှားနေပြီ...တင်ပြချက်ထဲက အချက်လက်တွေကများ ဒိတ်အောက်နေလို့လား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတစ်ခုခုသတိမထားမိလိုက်တာလား။” ဖာရင်တန် နေမထွက်မှီတွင် အရေးကြီးတင်ပြစရာရှိသည်ဟုဆိုကာ ပြန်ရောက်လာကြသည့် ရှုံးနိမ့်လာခဲ့သော ဂျက်အင်ပါယာမှ စစ်သည်များကို ပြန်လည်ကာ သတိရလိုက်သည်။ သူတို့သည် ရှုံးနိမ့်လာခဲ့သည့်လူများဖြစ်သောကြောင့် ဖာရင်တန်သည် ထိုစစ်သည်များတင်ပြရန်ရှိသည်ကိုနားမထောင်ခဲ့ခြင်းပင်။ “ငါသူတို့ပြောစရာရှိတာကို နားမထောင်ခဲ့တာကများ မှားသွားတာလား...” သူတွေးလိုက်မိသည်။
“အခုအဲ့အပြစ်ပေးခံနေရတဲ့ ရှုံးနိမ့်လာကြတဲ့စစ်သည်တွေကို ငါ့စီခေါ်လာခဲ့စမ်းကွာ...” ဖာရင်တန်သည် သူ၏ဘေးတွင်ရှိနေသည့် ကိုယ်ရံတော်စစ်သည်တစ်ယောက်ကို အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ အရှင့်သား...”
......
“ဟမ်..ဘာတွေဖြစ်နေတာလဲ...”
ဖှေး ရစ်ဘရီအား ခေါ်ဆောင်ကာ အလံနှစ်စုံမြို့တော် မုခ်တံခါး၀ထံသို့ ပြန်လာခဲ့သည်။ မြို့တော်အတွင်းသိုရောက်နေနှင့်ပြီးဖြစ်သင့်သည့် ဇီးနစ်အင်ပါယာမှမြင်းစစ်သည်၆၀၀၀သည် မုခ်တံခါး၀မှာပင်ရှိနေသေးသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ပင်။ သူသည် ရစ်ဘရီအား ကယ်တင်ရန်အတွက် ဆယ်မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရှေ့ပြေးတပ်ခွဲသည် မြို့အတွင်းသို့ရောက်နေသင့်ပြီဖြစ်သည်။
“မင်းတို့ကောင်တွေ ဘာလို့မြို့ထဲကို မ၀င်ကြသေးတာလဲ။ အမိန့်ကို အလေးနက်မထားကြဘူးလား။ ဂိတ်တံခါးကလည်း ဘာလို့မဖွင့်သေးတာလဲ...” ဖှေးသည် ဂိတ်တံခါးအနီးသို့ကပ်သွားကာ ဒေါသဖြင့်မေးလိုက်၏။
တိုက်ပွဲများ၊ စစ်ပွဲများတွင် အခွင့်ရေးသည် စက္ကန့်အနည်းငယ်မျှသာ ပေါ်လာတတ်သဖြင့် အပြည့်၀မသုံးချလိုက်ပါက ဆိုး၀ါးသည့်နောက်ဆက်တွဲဖြစ်ရပ်များပေါ်ပေါက်လာနိုင်သည့်အတွက်ပင်။ မြင်းစစ်သည်များသည် ဂိတ်တံခါးအနီးသို့ရောက်နေပြီဖြစ်သောကြောင့် ဆက်လက်ရွေ့လျားနေခြင်းမရှိတော့ပေ။ ဤအချိန်တွင် ရန်သူများမှ လာရောက်တိုက်ခိုက်ပါက အကုန်လုံးသေဆုံးသွားနိုင်၏။ အကယ်၍ ရန်သူများကိုသာ ဖှေးအာရုံလွှဲမထားပဲ ရန်သူ၏ခေါင်းဆောင်သည်သာ ဖှေးကြောင့် ဒဏ်ရာရရှိသွားခဲ့ခြင်းမရှိပါက ဂျက်အင်ပါယာမှစစ်သည်များရောက်လာပြီး မြို့တော်ထဲသို့၀င်နိုင်ခြင်းမရှိသေးသည့် ၀ံပုလွေစွယ်ရှေ့ပြေးတပ်ခွဲကို သတ်ဖြတ်ပြီးလောက်ပြီဖြစ်သည်။
“ဆာ မုခ်တံခါးကိုအစကဖွင့်ပါသေးတယ်။ ဒါပေမယ့် မြို့တော်၀န် ဆိုရိုရော့ခ်စီကနေ စစ်သည်တစ်ယောက်ရောက်လာပြီး ခံတပ်နံရံပေါ်မှာရှိတဲ့ စစ်သည်တွေကို ဂိတ်တံခါးကို ပိတ်ဖို့အမိန့်ပေးလိုက်တာ။ အဲ့တာနဲ့ ကျွန်တော်ဘာပြောပြောဖွ့င်မပေးတော့ပဲ လုပ်နေတယ်...”
ရှိဗ်ချန်ကိုသည် ဖှေးပြန်လာသည့်အတွက် စိတ်အေးသွားသည်။
“ဂိတ်တံခါးကို ပိတ်ထားတယ်ဟုတ်လား...” ဖှေးသည် အလွန်ဒေါသဖြစ်နေသည်။ “ဘာလို့လဲကွ...”
“သူပြောတာက ဂျက်အင်ပါယာက ကျူးကျော်သူတွေ ၀င်ရောက်မလာနိုင်အောင် လိုအပ်လို့တဲ့။ ဂျက်အင်ပါယာကစစ်သည်တွေက တပ်ကူတွေနဲ့အတူ မြို့တော်ထဲကို ၀င်လာလိမ့်မယ်တဲ့...” ရှိဗ်ချန်ကိုသည် အကူညီကင်းမဲ့သည့်အမူယာတစ်ခုနှင့်အတူ ရှင်းပြလိုက်သည်။
“သောက်ရေးမပါတာ...” ဖှေးဒေါသဖြစ်နေဆဲပင်။ “ရန်သူတွေက မီတာ၁၀၀၀လောက်၀ေးနေတယ် နောက်ပြီးတော့ ငါလဲသူတို့တပ်ဖွဲ့ထဲ၀င်ပြီးတော့ အာရုံလွှဲထားတယ်လေ။ ဒီကောင်တွေ ဘယ်လိုလုပ်ပြီး၀င်လာနိုင်မှာလဲ။ မင်းတို့ကရော ဒီလိုအရေးမပါတာကို ဘာလို့ လက်ခံနေကြတာလဲ...” ဖှေး ဆူလိုက်သည်။
ဘုရင်သည် ရှိဗ်ချန်ကို၏ တွန့်ဆုတ်နေမှုကြောင့် စိတ်မကျေနပ်ဖြစ်နေလျှက်ရှိသည်။ သို့သော် ရှိဗ်ချန်ကို၏မျက်နှာပေါ်မှ အမူယာကို မြင်သည့်အချိန်တွင် အခြေအနေကို နားလည်သွားတော့၏။
ရှိဗ်ချန်ကိုနှင့် ခေါင်းဆောင်များသည် အဆင့်နိမ်ဆွေကြီးမျိုးကြီးများသာဖြစ်ကြသည်။ အလံနှစ်စုံမြို့၏ မြို့တော်၀န်ဆိုရိုရော့ခ်မှာမူ ပို၍အဆင့်မြင့်သည့် ဆွေကြီးမျိုးကြီးတစ်ယောက်ပင်။ ထို့ကြောင့် သူတို့သည် ဘာမှမလုပ်နိုင်ဖြစ်နေကြခြင်းပင်။
“ဟုတ်ပါတယ်...မင်းအမှားလို့လဲ ပြောလို့မရပါဘူး...” ဖှေးအနည်းငယ်တည်ငြိမ်သွာသည်။
သူသည် ပြင်းထန်သည့် ဒဏ်ရာများကြောင့် သတိလစ်နေသည့် ရစ်ဘရီကို သူတော်စင်စစ်သည်တစ်ချို့ထံသို့ ပေးလိုက်ပြီး ရှိဗ်ချန်ကိုအား ပြောလိုက်သည်။ “ငါနဲ့လိုက်ခဲ့...”
သူအရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းအပြီးတွင် တစ်ဖက်သို့လှည့်ကာ ပြောလိုက်၏။ “မှတ်ထား မင်းမှန်တယ်လို့ယုံကြည်တယ်ဆိုရင် ဘာမှတွန့်ဆုတ်မနေပဲ လုပ်စရာရှိတာကိုသာ လုပ်ပစ်လိုက်။ မင်းနောက်မှာ ငါရှိတယ်...”
ရှိဗ်ချန်ကိုလည်း ခိုင်မြဲစွာခေါင်းငြိမ့်ပြလိုက်သည်။
သူတို့နှစ်ယောက်ဂိတ်တံခါး၀သို့ရောက်ရှိလာ၏။
“မင်းတို့ကို ဘယ်နှစ်ခါပြောရမှာလဲ။ မင်းတို့ကောင်တွေ ၀င်လာလို့မရဘူး။ နီးစပ်ရာတစ်နေရာရာသွားပြီးတော့ စခန်းချနေကြ။ မင်းတို့ကို ဖွင့်ပေးလိုက်လို့ ဂျက်အင်ပါယာက စစ်သည်တွေပါ ၀င်လာရင်ဘယ်လိုလုပ်မလဲ။ သွားကြစမ်းအဲ့လိုမှမဟုတ်ဘူးဆိုရင် စစ်သည်တွေကို မင်းတို့ကိုပါပစ်ခိုင်းလိုက်မယ်...” ကျယ်လောင်သည့်အသံတစ်ခုသည် ခံတပ်နံရံပေါ်မှထွက်ပေါ်လာ၏။
ဖှေး အပေါ်သို့မော့ကြည့်လိုက်ရာ ခုံးနေသည့်ကြောပြင်နှင့် ဖြူဖျက်ဖြူယော်မျက်နှာရှိနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံများမှာ သေးငယ်နေသည်။ သို့သော်လည်း သူသည်အလွန်မာနထောင်လွှားသည့်ပုံရှိ၏။ သူ၏ဘေးပတ်ပတ်လည်တွင် ကိုယ်ရံတော်စစ်သည်များခြံရံလျှက် ရှိဗ်ချန်ကိုအား လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။
“ဆာ...” ဖှေး၏ ဘေးပတ်လည်တွင်ရှိနေသည့်လူတိုင်းသည် သူပြန်ရောက်လာသည်ကို တွေ့ရသဖြင့် အလေးပြုလိုက်၏။
ဖှေးသူ၏လက်ကို ၀ှေးရမ်းလိုက်သည်။ သူဒေါသဖြစ်နေပြီဖြစ်သည်။ သူသည် ဘာမှရှင်းပြလိုခြင်းမရှိတော့ပေ။ ထို့ကြောင့် ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ “ဂိတ်တံခါးကို သုံးစက္ကန့်အတွင်းဖွင့်လိုက်...”
လူတိုင်းသည် ဖှေး၏အသံကိုရှင်းလင်းစွာကြားလိုက်ရသည်။
ခံတပ်နံရံပေါ်တွင် ရှိနေသော မြို့တော်၀င်၏သတင်းပို့စစ်သည်မှာ ဤကဲ့သို့သော တုန်ုပြန်မှုကြောင့် ကျက်သေသေသွား၏။ မိတ်လိုက်နေသည့် အမအား ယူခြင်းခံလိုက်ရသည့် ခွေးတစ်ကောင်ကဲ့သို့ပင် ဒေါသဖြင့် ပြန်လည်ကာအော်ဟစ်လိုက်၏။ “မင်းကများ၊ မင်းကဘာကောင်မို့လို့လဲ။ မင်းက အဖွဲ့၀င်တိုင်းပြည်တစ်ခုက ဘုရင်တစ်ပါးပါပဲ လစ်စမ်းပါ။ ခုနက မင်းရဲ့စွမ်းဆောင်ရည်ကြောင့်သာမဟုတ်ဘူးဆိုရင် ငါမင်းကို ဖမ်းပြီးသူရဲကောင်းနန်းတော်က မဟူရာအကျဥ်းထောင်ထဲပို့လိုက်တာကြာနေပြီ။ ငါက ဂိတ်တံခါးကို ဘယ်ကောင့်အတွက်မှ ဖွင့်ပေးမှာမဟုတ်ဘူးကွ။ မင်းဘာလုပ်ချင်လဲ...”
ရှေ့ပြေးတပ်ခွဲမှ ပီတာ၊ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့သော ခေါင်းဆောင်များသည် ဒေါသဖြစ်သွားကြ၏။ သူတို့သည် ဤစော်ကားမှုကို တုန့်ပြန်ရန်ပြင်လိုက်ကြသည်။ သို့သော် ဖှေးသူတို့ကို ဟန့်တားလိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။ “မြို့ထဲကို ၀င်ဖို့ပြင်ထားကြ...”
သုံးစက္ကန့်မှာ လျှင်မြန်စွာပင် ကုန်ဆုံးသွားသည် မြို့တော်၀န်၏ သတင်းပို့စစ်သည်မှာ ဖှေးအား သူ၏ဘေးတွင်ရှိနေသည့် သားနားစွာချပ်၀တ်များ၀တ်ဆင်ထားသော စစ်သည်များနှ့င်အတူ အော်ဟစ်နေဆဲပင်။
ဖှေး လယ်ဗယ်၈၆လူရိုင်းဇာတ်ကောင်၏ ခုန်ကျော်ခြင်းအစွမ်းကိုအသုံးပြုပြီး ခံတပ်နံရံပေါ်သို့ ငှက်တစ်ကောင်ကဲ့သို့ခုန်တက်လာ၏။
“ဖုန်း..”
ဖှေး ခံတပ်နံရံပေါ်တွင် ပြင်းထန်သည့် သတ်ဖြတ်လိုသည့်အရှိန်၀ါများနှင့်အတူ ဆင်းသက်လိုက်သည်။
အော်ဟစ်ဆဲဆိုနေကြသည့် စစ်သည်များသည် သူတို့မျက်စိရှေ့တွင် သွေးသံရဲရဲနှင့်စစ်သည်တစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် ထိတ်လန့်အံ့သြကုန်ကြ၏။ သူတို့သည် လည်ပင်းညှစ်ခံလိုက်ရသည့် ကြက်ဖတစ်ကောင်ကဲ့သို့ဘာမှမပြောနိုင်ကြတော့ပေ။
ထိုလူများသည် နောက်သို့ခြေတစ်လှမ်းဆုတ်သွားကြပြီး သတင်းပို့စစ်သည်၏မျက်နာသည်လည်း ပို၍ပင် ဖြူဖက်ဖြူယော်ဖြစ်လာတော့သည်။ သူ့အားအနီးကပ်ကြည့်ရင်းဖြင့် ထိုလူတွင် အမဲရောင်ဆံပင်ရှည်များနှင့် အ၀ါရောင်မျက်လုံးများရှိနေပြီး မာနထောင်လွှားကာ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်ပုံရ၏။
သူ၏ဘေးပတ်ပတ်လည်တွင်ရှိနေသည့် အစောင့်စစ်သည်များကို တွေ့လိုက်ရသည့်အချိန်တွင် သတင်းပို့စစ်သည်သည် ပြန်လည်ကာရဲရင့်လာတော့၏။ ထို့ကြောင့်ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ဖှေးအားလက်ညိုးထိုးကာ အော်လိုက်သည်။ “စစ်သည်မင်းကို ဒီပေါ်ကို တက်လာဖို့ဘယ်သူကခွင့်ပြုလို့လဲ...”
ဖှေးဤလူများကို လျစ်လျူရှုလိုက်သည်။
သူတို့၏သန့်ရှင်းနေသည့် ချပ်၀တ်များ၊ ချောမွေ့နေသည့် ဆံပင်များကိုကြည့်ရင်းဖြင့် ထိုလူများသည် တိုက်ပွဲတွင် ပါ၀င်တိုက်ခိုက်ခဲ့ခြင်းမရှိသည်ကို ပြောနိုင်၏။ သူတို့၏အဖြူရောင်၀တ်ရုံများပေါ်တွင် ဖုန်မှုန့်များပင်တင်ကျန်နေခြင်းမရှိပေ။
“ဂိတ်တံခါးကို ဖွင့်လိုက်ပါ...” ဖှေးသူ၏အနီးတွင်ရှိနေသည့် သွေးများပေကျံနေသောစစ်သည်များကို ကြည့်လိုက်သည်။ ဤစစ်သည်များသည် ရန်သူကိုရင်ဆိုင်တိုက်ခိုက်ခဲ့သည့်စစ်သည်များပင်။ ထို့ကြောင့် သူတို့သည်သာလေးစားမှုနှင့်ထိုက်တန့်သည့်လူများပင်။
ထိုစစ်သည်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ခနတာတွန့်ဆုတ်သွားပြီးသည့်နောက်တွင် ပို၍အရပ်မြင့်သည့်စစ်သည်သည် ရှေ့သို့တက်ကာ အော်ဟစ်လိုက်သည်။ “ဂိတ်တံခါးဖွင့်ပြီးတော့ ငါတို့ရဲ့ရဲဘော်တွေကို မြို့ထဲ၀င်ခိုင်းလိုက်ကြ...”
မြင်းစစ်သည်၆၀၀၀ကျော်ရန်သူအား ထိုးဖောက်လာခဲ့ပုံနှင့် ဖှေးရန်သူများကို တစ်ယောက်တည်းလွှမ်းမိုးခဲ့ပုံတို့ကို မြင်တွေ့ခဲ့အပြီးတွင် အလံနှစ်စုံမြို့တော်မှ စစ်သည်များသည် ဖှေးနှင့် ရှေ့ပြေးတပ်ဖွဲ့ကို များစွာလေးစားနေပြီဖြစ်သည်။ ရှေ့တန်းတွင်တိုက်ခိုက်သည့်စစ်သည်များသည် မြို့တော်၀န်နှင့် သတင်းပို့စစ်သည်ကို မကြိုက်သည်မှာလည်းကြာပြီဖြစ်သည်။ သာမန်စစ်သည်တစ်ယောက်ပင် ဤကဲ့သို့သောအခြေအနေမျိုးတွင် ဘာလုပ်ရမည်ကို သိရှိမည်ဖြစ်သည်။
“ချွတ် ချွတ် ချွတ်...”
စစ်သည်တစ်ချို့သည် ခံတပ်နံရံပေါ်မှ ယန္တရားတစ်ချို့ကို မောင်းနှင်လိုက်ပြီး အထူးစီစဥ်ထားသည့်မှော်အစီရင်များအသက်၀င်လာတော့သည်။ ဂီယာသွားသံများထွက်ပေါ်လာပြီးသည့်နောက်တွင် ဂိတ်တံခါးသည်လည်း ဖြေးညှင်းစွာဖြင့် ပွင့်လာတော့သည်။
ဤအရာကိုမြင်သည့်အချိန်တွင် မြို့တော်၀န်၏ သတင်းပို့စစ်သည်ဆိုသူမှာ ခွေးရူးတစ်ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။ “မင်းကများ။ မင်းတို့ခွေးသားတွေ ဂိတ်တံခါးကို ဖွင့်ဖို့ဘယ်သူကခွင့်ပြုလို့လဲ မင်းတို့သေချင်လို့လား။ မြို့တော်၀န်ရဲ့အမိန့်ကို လွန်ဆန်ရဲတယ်ပေါ့။ အစောင့်တွေ ဒီကောင့်ကို သတ်ပစ်လိုက်ကြစမ်းကွာ...”