အခန်း (၄၈၁)
Vol. 31 Ch. 481
အကယ်၍ ဖှေးနှင့်တပ်ကူများသာ အချိန်မှီရောက်ရှိလာခြင်းမရှိပါက မြို့တော်၀န်ဆိုရိုယော့ခ်နှင့် မြို့ထဲတွင်ရှိနေကြသည့် ဆွေကြီးမျိုးကြီးများသည်မြို့တော်နှင့် စစ်သည်၃၀၀၀၀နှင့် မြို့သူမြို့သာားတို့ကို စွန့်ခွာထွက်ပြေးလောက်ပြီးဖြစ်သည်။
ပထမကျူးကျော်တိုက်ခိုက်လာခြင်းကို ကာကွယ်နိုင်လိုက်သည့်အတွက် မြို့တော်ထဲတွင်ရှားပါးသည့် တည်ငြိမ်အေးချမ်းမှုတစ်ခုရှိနေ၏။
ဤအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်ပြောသည်အရာ မြို့တော်ထဲတွင်ရှိနေသည့် လူများကို အမျိုးစားများစွာခွဲခြားထား၏။ မြို့တော်၀န်၊ ဆွေကြီးမျိုးကြီးများနှင့် သူတို့၏လူယုံများ၊ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့သူမြို့သားများ၊ မဟာဘုရားကျောင်း၊ ကုန်သည်အဖွဲ့များ၊ ကြေးစားစစ်သည်အဖွဲ့များ၊ မှော်ဆရာအဖွဲ့များ စသည်တို့ဖြစ်သည်။ ထိုလူများထဲတွင် မဟာဘုရားကျောင်းမှလူများသာလျှင် ပုံမှန်အတိုင်းစိတ်အေးလက်အေးရှိနေကြသည်။ သူတို့သည် ဂျက်အင်ပါယာမှ ကျူးကျော်လာသူများကို စိုးရိမ်စရာရှိသည့်အတွက်ပင်။ အေဇာရုတိုက်ပေါ်တွင် မဟာဘုရားကျောင်းမှလူများကို မည်သည့်အဖွဲ့စည်းကမှ သတ်ဖြတ်ရဲခြင်းမရှိကြပေ။ သူတို့သည် စစ်ပွဲနှင့်မသက်ဆိုင်သလိုနေပါက ဘာမှစိုးရိမ်စရာရှိမည်မဟုတ်ပေ။ မြို့တော်ထဲတွင်ရှိနေသည့် မှော်ဆရာအဖွဲ့စည်းမှာ ဇီးနစ်အင်ပါယာဘက်မှ ရပ်တည်ရန်ဆုံးဖြတ်ခဲ့ပြီး ခုခံကာကွယ်ရေးတပ်ဖွဲ့ကို အကူညီပေးခဲ့သည်။ သူတို့သည် ဂျက်အင်ပါယာ၏အဓိကပစ်မှတ်တစ်ခုဖြစ်နေပြီဖြစ်သည်။
ဖှေး ဤအရပ်ရှည်ရှည်ခေါင်းဆောင်နှင့် ပို၍စကားပြောကြည့်လေလေသူ့အား ပို၍နှစ်သက်လာလေလေဖြစ်၏။ သူတို့နှစ်ယောက်အတူလမ်းလျှောက်ကာ စကားပြောနေရင်းဖြင့် ဖှေးနှင့် ဤအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်တို့သည် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးလာကြတော့၏။ သူတို့နှစ်ယောက်တစ်ယောက်ပခုံးတစ်ယောက်ပုတ်ကာ စကားပြေရင်းရယ်မောနေကြ၏။
“ဒါဆိုရင် ဒီဆိုရိုယော့ခ်ဆိုတဲ့မြို့တော်၀န်ကို ကြိုးပေးပြီးတော့ အပြစ်ပေးသင့်တာပေါ့...” ဖှေးရယ်မောကာ အခြေအနေကို အကျင်းချုပ်လိုက်သည်။
သူတို့၏အနောက်မှ လိုက်ပါနေသည့် ပီတာသည် အနည်းငယ်မျက်မှောက်ကြုံ့လိုက်၏။
“ဟုတ်တာပေါ့။ အဲ့လူက တကယ့်ပိုးမွှားကောင်ပဲ။ ခေါင်းထဲမှာ မစင်တွေနဲ့ပဲပြည့်နေတဲ့ ဖက်တီးတစ်ကောင်ပဲ...” ဤအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် စိတ်ခံစားချက်ပြင်းထန်စွာဖြင့် ပြောလိုက်၏။ “ကျွန်တော်တို့သာ မစ်စတာရစ်ဘရီရဲ့ အကြံပြုချက်အတိုင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ဂျက်အင်ပါယာ၏ ကျူးကျော်လာသူတွေက ကျွန်တော်တို့မြို့ပတ်လည်က မြေနေရာတွေကို ထိန်းချုပ်သွားနိုင်မှာမဟုတ်ဘူး၊။ အဲ့နေရာမှာနေထိုင်ကြတဲ့ ဇီးနစ်ပြည်သူ ၂၀၀၀ကျော်လည်းအခုချိန်ထိအသက်ရှင်နေသေးမှာပေါ့။ တကယ်လို့ ဒီစစ်ပွဲကြောင့်သာ လူတွေအများကြီးသေဆုံးရမယ်ဆိုရင် အဲ့ဖတ်တီးနဲ့ စောက်ကြောက်ဆွေကြီးမျိုးကြီးတွေ သေပါစေလို့ပဲ ကျွန်တော်ဆုတောင်းတယ်။” သူ၏ဒေါသကို ထုတ်ပြလိုက်၏။
ထိုအရာကိုမြင်သည့်အချိန်တွင် ပီတာသည် ပို၍ပင်မျက်မှောင်ကြုံ့လာတော့၏။
“မင်းမှန်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့ဆွေကြီးမျိုးကြီးတွေလဲရှိပါသေးတယ်။ ဟုတ်တယ်မလား...” ဖှေး၏မျက်နှာမှအပြုံးသည် ခနတာရပ်တန့်သွားကာ တွေးလိုက်မိ၏။ “ငါလည်း အခုဆိုရင်ဆွေကြီးမျိုးကြီးတစ်ယောက်ပဲ သူငါပြောတာကို သဘောတူမယ်ဆိုရင် ငါတော့မပါလောက်ပါဘူး။”
“ဆရာပြောတာမှန်ပါတယ်။ အနည်းဆုံးတော့ ဇီးနစ်အင်ပါယာတော်၀န်မိသားစုက မြို့သူမြို့သားတွေကိုအမြဲကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လေ။ ဒီဒေသမှာရှိတဲ့ အင်ပါယာတွေထဲမှာဆိုရင် ဇီးနစ်အင်ပါယာက မြို့သူမြို့သားတွေက ကံအကောင်းဆုံးပဲ။ ဥပဒေတွေ၊ ပေါ်လစီတွေက မြို့သူမြို့သားတွေအတွက်ကိုပဲအသားပေးထားတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဆွေကြီးမျိုးကြီးမိသားစုနောက်ခံမရှိတဲ့ မစ်စတာ ရစ်ဘရီကအလံနှစ်စုံမြို့တော်ရဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်မလာနိုင်ဘူးလေ။” ဤအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် ထပ်ပြောလိုက်၏။ “နောက်ပြီးတော့ ကျွန်တော်ကြားတာက ကျွန်တော်တို့စစ်မြေပြင်ရဲ့ နံပါတ်၁အမိန့်ပေးခေါင်းဆောင်ဘုရင်အလတ်ဇန္ဒားကလည်း မြို့သူမြို့သားတွေကို လေးလေးစားစားဆက်ဆံတတ်တဲ့ ဆွေကြီးမျိုးကြီးတစ်ယောက်လို့ကြားတယ်။ ကျွန်တော်နဲ့ ကျွန်တော့ရဲ့ဘော်တွေက စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကို ကိုယ်တိုင်မမြင်လိုက်ရပေမယ့်ကြေးစားစစ်သည်တွေ၊ ခရီးသွားကဗျာဆရာတွေနဲ့၊ ကုန်သည်တွေက သူ့ကို ကြင်နာတတ်ပြီး တရားမျှတမှုရှိလို့ အတော်လေးချီးကျူးနေကြတာ။ ကျွန်တော်ကတော့ သူတို့ပြောတာမှန်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ တကယ်လို့သာ အဲ့လိုလူတစ်ယောက်က ဒီစစ်မြေပြင်က တပ်ဖွဲ့တွေကို ထိန်းချုပ်နေတယ်ဆိုရင် အလံနှစ်စုံမြို့တော်အတွက် မျှော်လင့်ချက်ရှိသေးတာပေါ့...”
“ဟားဟား မင်းတကယ်ပဲအဲ့လိုထင်လား...” ဘုရင်သည် ဤလူပြောသည့်ပထမတစ်၀က်ကို လျစ်လျူရှုလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ငါတော့ အဲ့လိုမထင်ပါဘူး။ ငါကြားတာကတော့ ချမ်းဘော့ဒ်ဘုရင်က အတော်လေးရိုင်းစိုင်းတယ်လို့ ကြားတာ။ သူက သူရဲကောင်းနန်းတော်ကိုတောင်ရင်ဆိုင်ခဲ့တာလေ...”
သူ၏ဂုဏ်သတင်းသည် အင်ပါယာအစွန်ဖျားတွင်ရှိသည့် မြို့ထဲတွင်ပါပြန့်နှံ့နေကြောင်းကို သိရသဖြင့် စိတ်လှုပ်ရှားပျော်ရွင်သွား၏။ သို့သော် သူသည် ဤခေါင်းဆောင်ကို စနောက်လိုသည့်အတွက် သူ၏သရုပ်မှန်ကို ဖော်ပြခြင်းမရှိသေးပေ။
ဖှေးပြောသည်ကို ကြားသည့်အချိန်တွင် ထိုခေါင်းဆောင်မှ “အဲ့လိုဆိုရင်တော့ ဆရာမှားလိမ့်မယ်။ သူရဲကောင်းနန်းတော်က ပါးကွပ်သားသူရဲကောင်းတွေအကုန်လုံးက သူတို့ကိုယ်သူတို့ပြောသလို တရားမျှတတဲ့လူတွေမဟုတ်ကြဘူး။ သူတို့က ချမ်းဘော့ဒ်ဘုရင်ကိုတိုက်ခိုက်တာကလဲ အဆင့်၁၀ပါးကွပ်သားသူရဲကောင်း ခရစ်ဆူလ်တွန်က ဘုရင်အလတ်ဇန္ဒားကို အရင်သွားစိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့လို့လေ။ နောက်ပြီး သူတို့က တိုက်ပွဲမှာလည်း လေးယောက်တစ်ယောက်၀ိုင်းတိုက်ခိုက်ခဲ့တယ်လို့လဲ ကြားရသေးတယ်...”
“ဟားဟား ညီအကို ငါတော့ဘာမှ ပြောစရာစကားမရှိတော့ဘူး။ မင်းက အတွေးခေါ်ကောင်းတဲ့လူတစ်ယောက်လို့ပဲ ပြောရမယ်။ အမှန်တရားကိုမြင်နိုင်တာပဲ။ မင်းနဲ့ ၁၀၀ရာခိုင်နှုန်းသဘောတူတယ်ကွာ....” ဖှေးဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။
တပ်ကူများစခန်းချရာနေရာသို့နီးကပ်လာပြီဖြစ်သောကြောင့် ဖှေး အရပ်ရှည်ရှည်ခေါင်းဆောင်၏ ပခုံးကိုပုတ်ခါပြောလိုက်သည်။ “မင်းနာမည်က...”
“အစ်မိုင်းလ်...ဟီးဟီး အစ်မိုင်းလ်-ဟူစကီပါ...” အရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် သူ၏ခေါင်းကို ကုတ်ကာအပြုံးတစ်ခုနှင့်ပြန်ဖြေလိုက်သည်။
“အစ်မိုင်းလ်ဟုတ်လား နာမည်ကောင်းတစ်ခုပဲ။ ညီအကို မင်းတစ်နေ့ကျရင်ကံကောင်းလိမ့်မယ်လို့ ငါအာမခံနိုင်ပါတယ်...” ဖှေး ပြောကာ ဤခေါင်းဆောင်၏ ပခုံးကို နောက်တစ်ကြိမ်ပုတ်လိုက်သည်။ ဖှေး ဤအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်ကိုအလွန်သဘောကျမိနေသည့်အတွက်ပင်။
“ဟုတ်လား...” အရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် ဖှေး၏ ချီးမွမ်းမှုကို အံ့သြသွား၏။ “ဟုတ်လို့လား သူတို့ကတော့ ကျွန်တော့ကို စောက်ပိန်း ဟူစကီလို့ခေါ်ကြတယ်...”
သူသည် အဆင့်နိမ့်အရာရှိတစ်ယောက်သာဖြစ်၏။ သူသည်ခွန်အားကြီးသည့်လူတစ်ယောက်ဖြစ်သော်လည်း ဉာဏ်သိပ်မကောင်းပေ။ ထို့ကြောင့် သူ့အား မြင်းများအစာကျွေး၊ ရေချိုးပေးရန်ကိုသာ တာ၀န်ပေးထားကြပြီး တစ်ခြားခေါင်းဆောင်များမှ အလိုရှိသလို တောက်တိုမယ်ရခိုင်းစေကြသည်။ သူသည် တကယ့်စစ်ပွဲတစ်ခုတွင် စစ်သည်များကို ဦးဆောင်တိုက်ခိုက်ရန်အရည်ချင်းမပြည့်မှီသည့်အတွက်ပင်။ ထို့ကြောင့်သူသည် ယနေ့ခံတပ်နံရံပေါ်မှတိုက်ပွဲတွင် ပါ၀င်ခဲ့ခြင်းမရှိသောကြောင့် ဖြစ်ခဲ့သည်များကိုမမြင်တွေ့ခဲ့ပေ။ သူသည် ဖှေး၏သရုပ်မှန်ကို မသိရှိချေ။ သူသိသည်မှာ ဤစစ်ကူတပ်ဖွဲ့ထဲမှလူငယ်သည် ခင်မင်းရင်းနှီးတတ်ပြီး တစ်ခြားခေါင်းဆောင်များကဲ့သို့မာနမကြီးသည်ကိုပင်။ ထို့ကြောင့် သူသည် ဖှေးအား အလံနှစ်စုံမြို့နှင့်ပတ်သက်၍ သူသိသမျှကို ပြောပြခဲ့ခြင်းပင်။ ဤနေရာတွင် တစ်ခြားခေါင်းဆောင်များဆိုပါက ဖှေးအားအကုန်ပြောပြကြမည်မဟုတ်ပေ။
အမှန်ပင် သူသည် ဖှေး၏စကားလုံးများနောက်ကွယ်မှ ပို၍လေးနက်သည့်အဓိပ္ပါယ်ကိုလည်း နားမလည်လိုက်ပေ။
သို့သော် ပီတာမှာမူ ဘုရင်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
“ဒီ အရပ်ရှည်ရှည်နဲ့ခေါင်းဆောင်က နည်းနည်းတုံးအအဆိုပေမယ့် ရိုးသားပွင့်လင်းတဲ့လူတစ်ယောက်ပဲ။ ဘုရင်က အဲ့လိုလူတွေကိုအတော်သဘောကျတယ်။ သူတော့ သေချာပေါက် မြှောက်စားခံရတော့မယ်ထင်တယ်။ ဘုရင်ပြောသမျှကအကုန်ဖြစ်နိုင်နေတာပဲကို...” ပီတာတွေးလိုက်မိသည်။
သူတို့သည် ၀ံပုလွေစွယ်ရှေ့ပြေးတပ်ဖွဲ့စခန်းချထားသည့်နေရာသို့ရောက်လာသည့်အချိန်တွင် တပ်ခွဲမှ ခေါင်းဆောင်များသည် ဖှေးအားမြင်လိုက်ကာ အမြန်ပြေးလာကြသည်။
ဖှေးပြုံးကာ ဟူစကီ၏ ပခုံးကို ပုတ်လိုက်ပြီးပြောလိုက်သည်။ “အစ်မိုင်းလ်ငါလုပ်စရာရှိသေးတယ်။ မင်းနဲ့နောက်မှ တွေ့တာပေါ့...”
“ကောင်းပါပြီ ကျွန်တော်လဲမြင်းတွေကိုအစာကျွေးရဦးမယ်။” ထိုအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် နှုတ်ဆက်ကာ တစ်ဖက်သို့လှည့်လိုက်၏။ ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အချိန်တွင် အနောက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။ “ညီအကိုရဲ့နာမည်ကရော ဘယ်လိုခေါ်လဲ။ အားတဲ့အချိန်လာရှာပြီးတော့ ကျွန်တော်တို့ စကားဆက်ပြောလို့ရတာပေါ့...”
ဖှေး ဤကမ္ဘာပေါ်တွင် သူ့အား တစ်စုံတစ်ယောက်မှပထမဆုံးအနေဖြင့်ထိုကဲ့သို့ခေါ်လိုက်သည့်အတွက်အနည်းငယ်ရယ်စရာကောင်းသလို ခံစားလိုက်ရ၏။ သူ၏လက်ကို ၀ှေးရမ်းကာ ပြောလိုက်သည်။ “မင်းမကြာခင်သိပါလိမ့်မယ်။ ငါတို့တွေ့ကြဦးမှာပါ...”
......
ဆွေးနွေးပြီးသည့်နောက်တွင် ရှေ့ပြေးတပ်ဖွဲ့သည့် တစ်စတုရန်ကီလိုမီတာခန့်ကျယ်၀န်းသည့် စခန်းချမြေနေရာတစ်ခုကို ရရှိလိုက်သည်။ ထိုနေရာတွင် ရွက်ဖျင်တဲအသစ်များ၊ အဆင့်မြင့်ပစ္စည်းများကိုနေရာချထားသည့်အတွက် အလံနှစ်စုံမြို့မှစစ်သည်များပင် အားကျစွာဖြင့်ငေးကြည့်နေရ၏။
အလံနှစ်စုံမြို့သည် ဇီးနစ်တိုင်းပြည်၏အနောက်မြောက်ပိုင်းဒေသတွင် အချက်ချာကျသည့်မြို့တစ်ခုဖြစ်သော်လည်း ၀ေးလှံခေါင်ဖျားသည့် နေရာတွင်တည်ရှိသည်။ တော်၀င်မိသားစုသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က မြို့တော်အား အာရုံစိုက်ခဲ့သော်လည်း လက်ရှိအချိန်တွင် အုပ်ချုပ်ရေးပိုင်းမှအရာရှိများအကျင့်ပျက်ချစားလာကြသည့်နှင့်အမျှ အလံနှစ်စုံမြို့တော်ကို သိပ်ပြီးအာရုံစိုက်ခြင်းမရှိကြတော့ပေ။
ရလဒ်အနေဖြင့် မြို့တော်အတွင်းတွင်ရှိသည့် စစ်သည်များသည်လည်း လျစ်လျူရှုခြင်းခံထားရ၏။
သူတို့လိုအပ်သည့် စစ်ရေးသုံးပစ္စည်းများပုံမှန်မရခဲ့သည်မှာလည်းအချိန်အတော်ကြာပြီဖြစ်သည်။ ပစ္စည်းတော်တော်များများသည်လည်း အိုဟောင်းနေပြီဖြစ်သောကြောင့် စစ်သည်တစ်ချို့ဆိုလျှင် သံချေးတက်နေသည့် ဓားများကိုသာအသုံးပြုနေရ၏။ ထို့ကြောင့် ဤစစ်သည်များ၏တိုက်ခိုက်ရည်သည်သိပ်ပြီးမကောင်းမွန်လှပေ။ ၀ံပုလွေစွယ်တပ်ဖွဲ့မှ စစ်သည်များနှင့် နှိုင်းယှဥ်ကြည့်ပါက အလံနှစ်စုံမြို့မှ စစ်သည်များသည် လမ်းဘေးမှ သူတောင်းစားများကဲ့သို့ပင်။
“အစည်း၀ေးကရော ဘယ်လိုလဲ...” ဖှေး ရေနွေးဖြင့် မျက်နှာသစ်ကာ အစောင့်တစ်ယောက်ပေးသည့် ပ၀ါဖြင့် သုတ်ရင်းဖြင့် ရှိဗ်ချန်ကိုနှင့် တစ်ခြားခေါင်းဆောင်များကို မေးလိုက်သည်။
“မျှော်လင့်ထားတာထက်ကို ပိုပြီးတော့ ကောင်းနေပါတယ်။” ရှိဗ်ချန်ကိုသည် ပျော်ရွှင်သည့်အမူယာတစ်ခုနှင့်အတူ ပြန်လည်တင်ပြလိုက်သည်။ “ဒီနေ့အရှင်မင်းကြီးက ကျူးကျော်လာသူတွေကို တစ်ယောက်တည်းနဲ့ လွှမ်းမိုးပြခဲ့တော့ အလံနှစ်စုံမြို့ကစစ်သည်တွေကအရှင်မင်းကြီးကို အတော်လေးလေးစားနေကြတယ်။ နောက်ပြီးတော့ တိုက်ပွဲတွင်းမှာ အရှင့်ရဲ့သရုပ်မှန်ကိုပါကြေငြာခဲ့တော့ အရှင်က ဂျက်အင်ပါယာစစ်မြေပြင်ရဲ့နံပါတ်၁စစ်ရေးခေါင်းဆောင်ဆိုတာကိုလည်း လူတိုင်းသိသွားကြပြီ။ အလံနှစ်စုံမြို့ကစစ်ရေးခေါင်းဆောင် ဖရန့်-ရစ်ဘရီရဲ့ထောက်ခံမှုရောကြောင့် မြို့တော်တွင်းကစစ်သည်၃၀၀၀၀ကအရှင့်ရဲ့အမိန့်ကို နာခံဖို့ဆန္ဒရှိနေကြတယ်...”
“အန်း လူသားတွေကအတော်ထူးဆန်းတဲ့ သက်ရှိတွေပဲ။ အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဆိုရင်အလွယ်တကူ စည်းလုံးနိုင်ကြတယ်။ ဒါပေမယ့် ငါတို့တွေကို ပရမ်းပတာလဲဖြစ်သွားနိုင်စေတယ်။” ဖှေး သူ၏မျက်နှာအား သုတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်၏။ “ဒါပေမယ့် အလံနှစ်စုံမြို့က စစ်သည်တွေကရဲစွမ်းသတ္တိကောင်းတယ်လို့ ပြောရမယ်။ အနည်းဆုံးတော့ သူတို့ရဲ့ခေါင်းဆောင် ဖရန့်ခ်-ရစ်ဘရီက သတ္တိရှိရှိနဲ့ ရန်သူဘက်က စစ်ရေးခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပဲ။ သူက မအောင်မြင်ခဲ့ဖူးဆိုပေမယ့် သူ့ကို လေးစားရမယ်...”
ရှိဗ်ချန်ကို ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ လူတိုင်းနီးပါးပင် ယနေ့ရစ်ဘရီပြုလုပ်ခဲ့သည့်အရာကိုမြင်တွေ့လိုက်ရသည်။
“ငါတို့ရဲ့ ရိက္ခာတစ်၀က်ကို အလံနှစ်စုံမြို့က စစ်သည်တွေကို ခွဲပေးလိုက်ကွာ...” ဖှေးခနတာစဥ်းစားပြီးနောက်တွင် အမိန့်ပေးလိုက်သည်။ “ကျူးကျော်လာသူတွေက ထပ်ပြီးတော့ တိုက်ခိုက်လာနိုင်တယ်။ အဲ့တာကြောင့် ငါတို့ သူတို့ရဲ့အင်အားကိုလည်း မြှင့်တင်ပေးမှရမယ်...”
ရှိဗ်ချန်ကို ခေါင်းငြိမ့်လိုက်သည်။
“ဒါနဲ့ မြို့တော်၀န်စီကနေရော ဘာသတင်းကြားရသေးလဲ...”
ဖှေး ယနေ့ဖြစ်ခဲ့သည့်အရာကို ပြန်လည်ကာ သတိရလိုက်မိသည်။ သူ၏မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခုပေါ်လာ၏။ သူသည် မြို့တော်၀န်အား ကြည့်မပေ။ အကယ်၍ ထိုမြို့တော်၀န်သည် သူ၏အလုပ်များကို ၀င်ရောက်နှောင့်ယှက်ခဲ့ပါက ဖှေးသည် မြို့တော်၀န်နှင့် ဆွေကြီးမျိုးကြီးများကိုပါရှင်းလင်ပစ်ရန်အတွက်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ တစ်ခြားလူများသည် ထိုလူများ၏နောက်ခံများ၊ အဆက်သွယ်များကို ကြောက်လန့်နေကြမည်ဖြစ်သော်လည်း ဖှေးမှာမူ ဂရုစိုက်ခြင်းမရှိပေ။ အသုံးမကျသည့် ဆန်ကုန်မြေလေး ဆွေကြီးမျိုးကြီးများကို သတ်ဖြတ်ရသည်မှာ ဖှေးအတွက် ကြွက်များသတ်သကဲ့သို့ပင် လွယ်ကူလွန်းလှသည်။
“ကျွန်တော်တို့တွေ မြို့တော်၀န်နဲ့တွေ့ဖို့တော့ လောလောဆယ်အချိန်မရခဲ့သေးဘူး။ သူ့ရဲ့ ကိုယ်ရံတော်စစ်သည်တွေကတော့ စံအိမ်ပတ်လည် ၁၀၀၀မီတာကို တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေတယ်ကြားတယ်။ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးကြဘူးတဲ့ အဲ့မြို့တော်၀န်နဲ့ ဆွေကြီးမျိုးကြီးတစ်သိုက်က ဘာတွေကြံစည်နေကြတာလဲမသိဘူး...” ရှိဗ်ချန်ကိုသည်လည်း မြို့တော်၀န်ကို သဘောမကျသည့်ပုံပင်။