← Chapters

အခန်း (၄၈၃)

Vol. 31 Ch. 483

အခန်း (၄၈၃)

Vol. 31 Ch. 483

ထင်ရှားစွာပင် ရှိဗ်ချန်ကိုသည်လည်း လေး၏အစွမ်းကြောင့် ထိတ်လန့်အံ့သြသွား၏။ တကယ်၍ စစ်သည်နှစ်ယောက်သည် မီတာ၁၀၀ခန့်အကွာတွင်ရှိနေပြီး တစ်ယောက်သည် ကြယ်နှစ်လုံးအဆင့်ခန့်ပို၍ နိမ့်ကျနေစေကာမူ ဤလေးဖြင့် တိုက်ခိုက်ပါက ပို၍အားနည်းသည့်စစ်သည်ပင် အနိုင်ရရှိနိုင်သောကြောင့်ပင်။ ရလဒ်အနေဖြင့် ရှိဗ်ချန်ကိုအနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်ခွာသွားသည်။

ခနတာစဥ်းစားပြီးသည့်နောက်တွင် သူမေးလိုက်၏။ “ဆာ ကျွန်တော်မေးသင့်လားမမေးသင့်ဘူးလားမသိတဲ့ မေးခွန်းတစ်ခုရှိတယ်...”

“ဘာလဲ ရပါတယ် မေးပါ...”

“ဆာက ဒီနေ့ဂျက်အင်ပါယာက တပ်ဖွဲ့ခေါင်းဆောင်ကို သတ်ပစ်လို့ရခဲ့တာပဲ။ ဘာလို့မသတ်ခဲ့တာလဲ...”

ဖှေးသူ၏လေးကို ထားသိုရာအကန့်ထဲသို့ပြန်ထည့်လိုက်ပြီး သူ၏ဦးခေါင်းကိုခါရမ်းလိုက်သည်။ “အဲ့ဂျက်အင်ပါယာက မင်းသားက ကြယ်ရှစ်လုံးအဆင့်စစ်သည်တစ်ယောက်ပဲ။ အသက်ငယ်ငယ်လေးနဲ့ ဒီလိုအစွမ်းရှိနေတော့ ထင်ရှားတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်။ သာမန်မင်းသားတစ်ပါးနဲ့ မတူဘူးလေ။ အဲ့လိုလူကို ငါသတ်လိုက်မယ်ဆိုရင် ဂျက်အင်ပါယာတပ်ဖွဲ့တွေက လက်စားချေဖို့အတွက် မြို့တော်ကိုအပြင်းထန်ပိုပြီးတော့ သိမ်းပိုက်ကြမှာ။ အဲ့လိုသာဆို အလံနှစ်စုံမြို့တော်အတွက် အတော်လေးအန္တရာယ်များလာလိမ့်မယ်...”

သူထိုကဲ့သို့ပြောအပြီးတွင် တဲအပြင်သို့လမ်းလျှောက်သွားလိုက်သည်။ စခန်းထဲတွင် အလုပ်များနေကြသည့်စစ်သည်များကို ကြည့်ရင်းဖြင့် သက်ပြင်းချလိုက်ကာ။ “အခုချိန်မှာ ငါတို့လုပ်ရမယ့်ဟာက ဒီတိုက်ပွဲကို အချိန်ဆွဲဖို့ပဲ။ ဂျက်အင်ပါယာက တပ်ဖွဲ့တွေကို ဒီကန္တာရထဲမှာပဲ တားဆီးထားရမယ်။ ကျန်တဲ့စစ်မြေပြင်နှစ်ခုအတွက် အချိန်ရအောင်လေ။ အဲ့တာကြောင့် ငါတို့ဂျက်အင်ပါယာကို အများကြီးရန်သွားစလို့ မရသေးဘူး။ တကယ်လို့သာ အင်ပါယာအရှင်သခင်ဖူဂျီကတကယ်ဒေါသဖြစ်သွားပြီး ငါတို့ကို ဂျက်အင်ပါယာရဲ့စွမ်းအားအကုန်သုံးပြီးတိုက်မယ်ဆိုရင် ငါတို့မှာ အလံနှစ်စုံမြို့တော်ဆယ်ခုရှိတယ်ဆိုရင်တောင် ခုခံနိုင်မှာမဟုတ်ဘူး...”

“ကျွန်တော်နားလည်ပါပြီ...” ရှိဗ်ချန်ကို၏ မျက်လုံးများသည် တောက်ပသွားပြီး ခေါင်းငြိမ့်လိုက်သည်။ “အလံနှစ်စုံမြို့နဲ့ ၀ံပုလွေစွယ်တပ်ဖွဲ့က ခြောက်ကမ်းပါးမှာ လမ်းလျှောက်နေရသလိုပဲ ကျွန်တော်ကို အရာရာကို ထိန်းချုပ်နိုင်မှရမယ်။ အဲ့လိုမှပဲ ကျွန်တော်တို့အကုန်မသေပဲ အချိန်ဆွဲထားနိုင်လိမ့်မယ်...”

ဖှေးခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ဟုတ်တယ်...”

သူ၏အသံနေအသံထားကိုရုတ်တရက်ပြောကာ ဆက်ပြောလိုက်သည်။ “ငါသာ ဆန္ဒရှိမယ်ဆိုရင် အဲ့မင်းသားကို လွယ်လွယ်ကူကူသတ်လို့ရပါတယ်။ ဒါပေမယ့် ငါသူ့ကိုသတ်တာမသတ်တာက သိပ်ပြီးအရေးမကြီးပါဘူး။ ဒီနေ့ဖြစ်ခဲ့တဲ့အရာကနေကြည့်မယ်ဆိုရင် အဲ့ကောင်က မာနထောင်လွှားတဲ့လူတစ်ယောက်ပဲဆိုတာ ထင်ရှားတယ်။ သူက စစ်သည်တပ်ဖွဲ့တွေကို အမိန့်ပေးဖို့ထက် ကိုယ်ပိုင်ကျင့်ကြံခြင်းကိုပဲ ပိုပြီးစိတ်၀င်စားတဲ့ပုံပဲ။ အဲ့လို စိတ်ခံစားချက်ပြင်းထန်ပြီးတော့၊ မာနထောင်လွှားတဲ့ခေါင်းဆောင်တစ်ယောက်ကို ဂျက်အင်ပါယာကစစ်သည်တွေနဲ့အတူထားခဲ့တာလဲ မဆိုးဘူးမလား...”

“အတော်ကောင်းတဲ့အကြံပဲ...” ရှိဗ်ချန်ကိုသည် ဖှေးအားမြှောက်ပင့်နေခြင်းမဟုတ်ပေ။ သူသည် ဤကဲ့သို့အမှန်တကယ် ခံစားရသည့်အတွက်ပင်။

ဖှေးပြုံးကာ ရှိဗ်ချန်ကိုအား ပြန်လွှတ်လိုက်သည်။

လက်ရှိတွင် ပြသနာအများစုကို ရှိဗ်ချန်ကိုနှင့်ပီတာတို့ကိုင်တွယ်နေကြခြင်းဖြစ်သည်။ ဖှေးသည် တာ၀န်ကင်းမဲ့သည့်ခေါင်းဆောင်တစ်ယောက်လုပ်ရသည်မှာ အကျင့်ပါနေပြီဖြစ်သောကြောင့် သူ၏ဘေးတွင်ရှိနေသည့် ခေါင်းဆောင်များသည်ပို၍အလုပ်များနေကြသည်။

သို့သော် ရှိဗ်ချန်ကို ပြောခဲ့သည့်အရာမှာ ဖှေးအားစဥ်းစားမိစေသည်။

“ဟုတ်တယ်။ ငါက အေဇာရုတိုက်ကို ရောက်လာပြီးတဲ့နောက်မှာ ပိုပြီးတော့ တွက်ချက်တတ်လာတာပဲ။ တစ်ချို့ပြသနာတွေအတွက်ဆိုရင် ငါတောင်စဥ်းစားစရာမလိုပဲ အဖြေကိုအလိုလိုသိနေတယ်။ အဲ့တာက နတ်ဘုရားပေးတဲ့အစွမ်းသုံးခုထဲက သင်ယူခြင်းအစွမ်းကြောင့်များလား။ ဒါမှမဟုတ်ဘူးဆိုရင် ငါအတွေ့ကြုံကြောင့်ပဲ ရင့်ကျက်လာတာလား...”

ဘုရင်သည် ဤမေးခွန်းများ၏အဖြေကို စဥ်းစားနေသည့် အချိန်တွင် ဆူညံသံများစွာထွက်ပေါ်လာသည်။

“လစ်စမ်းကွာ မင်းတို့ရဲ့ခေါင်းဆောင်ကို ငါတို့ကို လာတွေ့ဖို့ပြောလိုက်စမ်း..”

“ငါဘယ်သူလဲဟုတ်လား။ မင်းတို့ခွေးသားတွေ မင်းတို့က သိဖို့မထိုက်တန်ဘူး။ မင်းတို့ခေါင်းဆေင်ကိုသာ အသက်ရှင်ချင်သေးရင် င့ါကို လာတွေ့လို့ ပြောလိုက်။ သူနောက်ကျနေမယ်ဆိုရင် ကွပ်မျက်ခံရမယ်။”

“ဟားဟား ခွေးသားတွေမင်းတို့ခေါင်းဆောင်က မြို့တော်၀န်ရဲ့သတင်းပို့စစ်သည်တွေကို သတ်ဖြတ်ရဲခဲ့တာပဲ။ မြို့တော်၀န်အတော်လေး စိတ်တိုနေပြီ။ သူ့ကို ကွပ်မျက်ရလိမ့်မယ်...”

ဖှေးမျက်မှောင်ကြုံ့ကာ စခန်းဂိတ်တံခါး၀သို့ လမ်းလျှောက်သွားလိုက်၏။

“ဘာတွေဖြစ်နေကြတာလဲ...” ဖှေးမေးလိုက်သည်။

လက်ညိုးများထိုးကာ သားနားစွာ၀တ်ဆင်ထားသည့်ဆွေကြီးမျိုးကြီးလူငယ်တစ်ချို့ရောက်ရှိနေခြင်းပင်။ သူတို့အား ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် အစောင့်စစ်သည်၃၀ခန့်မှ ကာကွယ်ပေးထားကြ၏။ သူတို့၏အရှေ့တွင် ရှေ့ပြေးတပ်ဖွဲ့မှစစ်သည်များသည် စိတ်ဆိုးနေကြသော်လည်း ပြန်ပြောရဲကြခြင်းမရှိပေ။ ဖှေးကြည့်ရုံဖြင့်ပင် အခြေအနေကို နားလည်သွား၏။

“ဆာ ဒီလူတွေက မြို့တော်ထဲကအဆင့်မြင့် ဆွေကြီးမျိုးကြီးတွေပါ။ သူတို့က မြို့တော်၀န်ရဲ့အမိန့်အတိုင်း အရှင့်ကို တွေ့ဖို့ရောက်နေကြတာ..” စစ်သည်များသည် ဖှေးအားမြင်လိုက်မိသည့်အတွက်ပျော်ရွင်သွားကြသည်။ သူတို့သည် ဖှေးလက်အောငက်တွင် တာ၀န်ထမ်းဆောင်သည်မှာ သိပ်မကြာသေးသော်လည်း ဖှေး၏ကာကွယ်စောင့်ရှောက်တတ်သည့်အကျင့်ကို သိသောကြောင့်ပင်။ သူရောက်ရှိလာသည်ကိုတွေ့သည့်အချိန်တွင် လုံခြုံသွားသလို ခံစားလိုက်ရပြီအကုန်လုံးတင်ပြလိုက်၏။

ဖှေးခေါင်းငြိမ့်ပြလိုက်သည်။

သူဖြစ်ပျက်နေသည်များကို ရိပ်မိပြီးဖြစ်သည်။ သူ၏စစ်သည်များသည်လည်း ဒေါသကြောင့် အခြေအနေကို ချဲ့ကားမပြောခဲ့သည့်အချက်ကိုလည်း ကျေနပ်လိုက်မိသည်။

သူထိုလူငယ်များကို သေချာစွာကြည့်လိုက်သည်။

ဤလူငယ်များသည် သားသားနားနား၀တ်ဆင်ထားကြပြီး အသက်၂၀ခန့်ရှိသည့်ပုံပင်။ ဖြူဖက်ဖြူယော်နှင့် အားနည်းနေသည့်ပုံပင်။ သူတို့၏တစ်သက်လာတွင် ချမ်းချမ်းသာသာဖြင့် နေထိုင်လာခဲ့သည့်အတွက် ဖြစ်ပေလိမ့်မည်၊။ သို့သော် သူတို့အား ကြည့်ရသည်မှာ အားအင်ချည့်နွဲ့သည့်ပုံပေါ်သော်လည်း သူတို့၏မာနထောင်လွှားသည့် အသွင်ပြင်ကိုမူ တစ်မိုင်ခန့်အကွာမှပင် အာရုံခံနိုင်၏။

“အော် အေး မင်းတို့ရဲ့မြင်းတွေကိုလဲ...မဟုတ်ဘူး မီးမှုတ်သားရဲတွေဟ...” ငယ်ရွယ်သည့် ဆွေကြီးမျိုးကြီးတစ်ယောက်သည်တစ်ခုခုထပ်ပြောချင်သော်လည်း စခန်းထဲတွင်ရှိနေသည့် မီးမှုတ်သားရဲများကို မြင်သည့်အချိန်တွင် စိတ်ကူးပြောင်းလဲသွား၏။

သူသည် ရွှေတွင်းတစ်ခုကို ရှာတွေ့သွားခဲ့သည့်အတိုင်းပင် သူ၏မျက်လုံးများသည် လောဘအရိပ်ယောင်များပေါ်လာကာ ပြောလိုက်၏။ “အမြန်လုပ်ကွာ...အဲ့မီးမှုတ်သားရဲတွေကို ပေးလိုက်။ ငါတို့..အမ် မဟုတ်ပါဘူး မြို့တော်၀န်က သိမ်းလိမ့်မယ်။”

“အား ဒီကောင်တွေက တကယ်ပဲမီးမှုတ်သားရဲတွေလား။ အဆင့်၄မှော်သားရဲတွေလေ။ ဟားဟား ငါတို့ကောင်တွေပိုပြီးတော့ ချမ်းသာလာတော့မယ်...”

“ဟုတ်တယ်။ ဒီညစ်ပတ်တဲ့စစ်သည်တွေက ဒီလိုသားရဲတွေကို စီးဖို့မထိုက်တန်ဘူး။ ငါတို့လို သာလွန်တဲ့ သွေးမျိုးဆက်ရှိတဲ့လူတွေပဲ စီးနင်းသင့်တယ်...”

တစ်ခြားဆွေကြီးမျိုးကြီးလူငယ်များသည်လည်း မီးမုုတ်သားရဲများကို သတိထားမိသွားပြီး တူညီစွာပြုမူနေကြသည်။ ဆွေကြီးမျိုးကြီးများ၏ တည်ငြိမ်မှုနှင့် ယဥ်ကျေးမှုတို့ကို ထိုလူငယ်များထံတွင် လုံး၀ရှာမရပေ။ ထို့ကြောင့် ဘုရင်အားအလွန်ပင် စိတ်မသက်မသာဖြစ်နေစေသည်။ သူသည် ယခင်ဘ၀မှ ချမ်းသာသောမိသားစုများ၏ ပျက်စီးနေသည့် ကလေးများကို မြင်တွေ့နေရသည့်အတိုင်းပင်။

ဖှေး ချက်ချင်းပင် မျက်မှောင်ကြုံ့လိုက်သည်။

သူသည် အလံနှစ်စုံမြို့တော်မှ ဆွေကြီးမျိုးကြီးများကို အလွန်စိတ်ပျက်နေပြီဖြစ်ပြီး ဤစောက်ပိန်းများနှင့် စကားပင်မပြောလိုတော့ပေ။ သူသည် ဤစစ်သည်များကိုကြည့်ကာ ပြောလိုက်သည်။ “စစ်ဘက်ဆိုင်ရာစခန်းမှာ လာဆူညံပြီး ပြသနာရှာနေတာပဲ။ ဇီးနစ်အင်ပါယာရဲ့စစ်ရေးဥပဒေအရ သူတို့ကို နေရာမှာပင် ကွပ်မျက်ရမယ်...” သူထိုကဲ့သို့ပြောအပြီးတွင် လမ်းလျှောက်ထွက်သွားလိုက်၏။

“ဘာ...”

စစ်သည်များ ထိတ်လန့်အံ့သြသွားကြသည်။ မာနထောင်လွှားနေခဲ့ကြသည့် ဆွေကြီးမျိုးကြီးလူငယ်များလည်း ထိတ်လန့်သွားကြ၏။ သူတို့၏ ပါးစပ်များကိုပင် ပိတ်နိုင်ခြင်းမရှိတော့ပေ။ သူတို့သည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် ထင်လိုက်ကြ၏။

“ဒီ ခေါင်းဆောင်က ရူးနေတာလား။ ကွပ်မျက်မယ်ဟုတ်လား...” သူတို့အား လုံးတွေးလိုက်မိကြသည်။

“မင်းတို့ကောင်တွေ ဘာစောင့်နေကြတာလဲ။ သတ်လိုက်တော့လေ...” ဖှေးတစ်ဖက်သို့လှည့်ကာ တွန့်ဆုတ်နေကြသည့်စစ်သည်များကို ထက်မံ၍အမိန့်ပေးလိုက်၏။

ဤစစ်သည်များသည် အနည်းငယ်ထိတ်လန့်အံ့သြနေကြဆဲဖြစ်သော်လည်း တပ်ဖွဲ့ခေါင်းဆောင်မှ နောက်ပြောင်နေခြင်းမဟုတ်သည်ကို သိရှိပြီးသည့်အချိန်တွင် ခုန်၀င်ကာ ဆွေကြီးမျိုးကြီးလူငယ်များကို ဖမ်းဆီးလိုက်ကြ၏။ အဖွဲ့ခေါင်းဆောင်၏ အမိန့်ကို အချိန်တိုင်းတွင် လိုက်နာရမည်ဖြစ်သောကြောင့်ပင်။ ဤစစ်သည်များထဲတွင် တစ်ချို့မှာ ချမ်းဘော့ဒ်တိုင်းပြည်မှ ဥပဒေပြုအရာရှိများဖြစ်သောကြောင့် ဘုရင်၏နည်းလမ်းများနှင့် အသားကျနေပြီးဖြစ်၏။

ဤဆွေကြီးမျိုးကြီးများ၏ ကိုယ်ရံတော်များသည်ပြန်လည်တိုက်ခိုက်ကြသော်လည်း တကယ့်တိုက်ပွဲတွင်တိုက်ခိုက်နေကြသည့် စစ်သည်များနှင့် ယှဥ်ပြိုင်နိုင်ခြင်းမရှိပေ။ မကြာမှီတွင် ကိုယ်ရံတော်စစ်သည်အများစုမှာ သေဆုံးကုန်ကြတော့၏။ ဖှေး ဆွေကြီးမျိုးကြီးလူငယ်များ၏ အော်ဟစ်သံများအသနားခံသံများကို ကြားလိုက်ရသည့်အချိန်တွင် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး တစ်ဖက်သို့လှည့်လိုက်၏။ “တစ်ယောက်ကိုအရှင်ထားပြီး ပြန်ပို့လိုက်ကွာ...”

ထို့နောက်တွင် စခန်းအလည်တွင်ရှိသည့် တဲအတွင်းသို့ပြန်သွားတော့၏။

ကျယ်လောင်သည့်အော်သံများ၊ အသနားခံသံများထက်မံ၍ ထွက်ပေါ်လာပြန်သည်။ ထို့နောက်တွင် ခုတ်ပိုင်းသံများထွက်ပေါ်လာတော့၏။

ထို့နောက်တွင် အရာအားလုံးတိတ်ဆိတ်သွားတော့၏။

“ဒီကောင်တွေက တစ်ယောက်ယောက်မြှောက်ပေးလိုက်လို့ ငါတို့စခန်းမှာ လာပြီးအာကျယ်နေတာပဲ။ ဒီကောင်တွေ ကိုယ့်ကိုယ်ကိုယ်သတ်သေနေသလိုဖြစ်မနေဘူးလား။ ဒီကိစ္စတွေနောက်ကွယ်မှာရှိနေတဲ့လူက ငါ့ရဲ့သည်းခံနိုင်မှုကို စမ်းသပ်နေတာပဲ။ ဟီးဟီး ဒီကောင်တွေကို ထင်ထင်ရှားရှားမြင်နိုင်အောင်ပြပေးရမှာပေါ့။ ဒီဆွေကြီးမျိုုးကြီးတွေအကုန်လုံးက အကျင့်ပျက်ခြစားနေကြတဲ့ ဆန်ကုန်မြေလေးတွေပဲ ဘယ်နှစ်ယောက်ပဲ ရောက်လာရောက်လာ အကုန်သတ်ပေးလိုက်မယ်။”

ဖှေးနှာခေါင်းရှုံ့လိုက်သည်။

ဖှေးသည် ဤဆွေကြီးမျိုးကြီးများနှင့် တစ်ချိန်မဟုတ်တစ်ချိန်တွင်ရင်ဆိုင်ရမည်ဖြစ်သည်။ သူသည် ချမ်းဘော့ဒ်တိုင်းပြည်မှ အကျင့်ပျက်ခြစားနေကြသည့် ဆွေကြီးမျိုးကြီးများကို ရှင်းလင်းပြီးဖြစ်သောကြောင့် ဤနေရာတွင်လည်း ထက်မံရှင်းလင်းရန်ပြသနာမရှိလှပေ။

All Chapters