အခန်း (၄၈၄)
Vol. 31 Ch. 484
ထိုအရာများအာလုံးပြီးသွားသည့်နောက်တွင် ဘုရင်သည် ယခင်ကတွေးနေသည့်အကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်၏။
သူသည် ပို၍ စဥ်စားဆင်ခြင်တတ်ကာ ပို၍ရက်စက်တတ်လာနေသလိုခံစားနေရ၏။ သို့သော် ဤကဲ့သို့ပြုလုပ်ရန်မှာလည်း မှန်ကန်သည့်အရာတစ်ခုကဲ့သို့ပင်။ သူသည် ဤကဲ့သို့ နိုင်ရာစားလောကထဲတွင် သူတော်ကောင်းတစ်ယောက်လုပ်နေလို့မရပေ။ ကမ္ဘာပေါ်မှ ကွန်မြူနစ်စနစ်ထက်ပင် ပို၍အကောင်ထည်ဖော်ရန်ခက်ခဲလှသည်။
ဖှေးဤကဲ့သို့စဥ်စားနေသည့်အချိန်တွင် အ၀ေးမှ အချက်ပေးခရာသံများကိုကြားလိုက်ရသည်။ ထို့နောက်တွင် အော်ဟစ်သံများထွက်ပေါ်လာ၏။ ဆင်အုပ်ကြီးတစ်ခုပြေးနေသကဲ့သို့ပင် မြေပြင်တစ်ခုလုံးပင်တုန်ခါလာ၏။
“ဒေါင် ဒေါင် ဒေါင်...”
မြို့တော်၏ ဂိတ်တံခါးနှစ်ခုမှ သတိပေးခေါင်းလောင်းသံများထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံးတွင်ဆူညံလာတော့သည်။
“ငါတို့အတိုက်ခိုက်ခံနေရပြီ ရှိဗ်ချန်ကို၊ ပီတာ၊ ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ဟူအက်ခ်နဲ့ ကာနော့တ်မင်းတို့ခြောက်ယောက်က အရှေ့ဂိတ်တံခါးကို သွားကြ။ သူတော်စဥ်တပ်ဖွဲ့တွေ မင်းတို့က ငါနဲ့အနောက်ဂိတ်တံခါးကို လိုက်ခဲ့ကြ...”
ဖှေးအော်ဟစ်ကာ ဖိအားများစွာပို၍ရင်ဆိုင်နေရသည့် အနောက်ဘက်ဂိတ်တံခါးသို့ပြေးသွားလိုက်၏။
စစ်သည်များစတင်၍ လှုပ်ရှားကြတော့သည်။ သူတို့သည် သက်ဆိုင်ရာနေရာများထံသို့ ပြေးသွားကြပြီး စစ်သည်များသည် ညီညာစွာဖြင့်စတင်တုန့်ပြန်ကြတော့သည်။ မြို့သူမြို့သားများသည် ကောင်းကင်ပေါ်တွင် ပျံသန်းကာသွားနေသည့် လူအားလေးစားစွာဖြင့် မော့ကြည့်နေကြသည်။ ထိုစစ်သည် သူတို့၏မျှော်လင့်ချက်ဖြစ်သောကြောင့်ပင်။ သူသည် ထောက်ထိုင်ကြီးတစ်ခုကဲ့သို့ပင် သူရှိနေသ၍ အလံနှစ်စုံမြို့တော်ကြီးသည် ကျဆုံးနိုင်ခြင်းမရှိသကဲ့သို့ပင်။
“မြို့တော်၀န်နဲ့ ဆွေကြီးမျိုးကြီးတွေနားထောင်ကြ။ စစ်မြေပြင်နံပါတ်၁ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော ၀ံပုလွေစွယ်တပ်ဖွဲ့ရဲ့အမိန့်ပေးခေါင်းဆောင်တစ်ယောက်အနေနဲ့ရော မင်းတို့တွေပိုင်တဲ့ တပ်ဖွဲ့တွေကို ခံတပ်နံရံပေါ်ကို ၁၀မိနစ်အတွင်းလွှတ်လိုက်ဖို့ အမိန့်ပေးတယ်။ ငါ့အမိန့်ကို လွန်ဆန်တဲ့လူတွေမှန်သမျှ မိသားစုလိုက်ကွပ်မျက်ခြင်းခံရမယ်...”
ဖှေး၏အသံသည် မိုးချုန်းသံကဲ့သို့ပင် ကျယ်လောင်နေ၏။
မြို့တော်ထဲတွင်ရှိနေသည့်လူတိုင်းသူ၏အသံကိုကြားလိုက်ရပြီး သူရှိနေရာအရပ်သို့ကြည့်လိုက်ကြ၏။
ဖှေးစက္ကန့်အနည်းငယ်အတွင်းမှာပင် အနောက်ဘက်ဂိတ်တံခါးသို့ရောက်ရှိသွား၏။
သူရန်သူများကို သေချာကြည့်လိုက်ပြီးသည့်နောက်တွင် အတော်တန်ပင် ထိတ်လန့်အံ့သြသွား၏။ ၀ံပုလွေစွယ်ရှေ့ပြေးတပ်ဖွဲ့ ဤနေရာကိုရောက်ရှိသည်မှာ အချိန်၂နာရီခန့်သာရှိသေးသည်ဖြစ်သည်။ သို့သော် ဂျက်အင်ပါယာမှ တပ်ကူများလည်းရောက်ရှိလာသည့်ပုံပင်။ လက်ရှိတွင်စစ်သည်အင်အား ခုနှစ်သောင်းရှစ်သောင်းခန်ရှိနေ၏။
အလံနှစ်စုံမြို့တော်၏ အနောက်ဘက်ဂိတ်တံခါးသည် ဂျက်အင်ပါယာကို မျက်နှာမူထားသောကြောင့် အများဆုံးသောဖိအားများကိုရင်ဆိုင်နေရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်သည် ၇၀၀၀ခန့်ရှိသည့် လှံဒိုင်းကာ ဖွဲ့စည်းပုံတစ်ခုသည် အလံနှစ်စုံမြို့အနောက်ဘက်ဂိတ်တံခါးထံသို့ ချည်းကပ်လာနေ၏။ ဂျက်အင်ပါယာမှစစ်သည်များသည် ညီညီညာညာဖြင့် ချီတပ်လာကြ၏။
“ဖုန်း ဖုန်း ဖုန်း...”
သူတို့သည် ဒိုင်းများကို ဓားများဖြင့် တီးခေါက်နေလျှက်ရှိပြီး ကျယ်လောင်သည့် သတ္တုခြင်းထုရိုက်သည့်အသံများသည် ဇီးနစ်အင်ပါယာမှစစ်သည်များကို ဖိအားပေးလျှက်ရှိ၏။ ထို့အပြင် ဂျက်အင်ပါယာစစ်သည်များ၏ လက်နက်များမှ ရောင်ပြန်နေသည့် အလင်းရောင်များသည်လည်း ဇီးနစ်အင်ပါယာစစ်သည်တို့အား သေခြင်း၏နမိတ်ကို ပြသနေလျှက်ရှိသည်။
သိပ်မ၀ေးသည့်နေရာတွင် လှေကားကြီးများ၊ ဂိတ်တံခါးဖျက်ဆီးသော ယန္တယားကြီးများဖြစ်သည့် မြို့သိမ်းနဂါးများ၊ ကြီးမားသည့် ကျောက်တုံးပစ်လောက်လွှဲကြီးများကို အလံနှစ်စုံမြို့တော်ထံသို့ သယ်ဆောင်နေကြသည့်ဂျက်အင်ပါယာမှစစ်သည်များလည်းရှိနေကြသည်။ ထိုအရာများသည် မြို့တော်အား အမှန်တကယ်ပင် ထိခိုက်စေနိုင်သော ယန္တယားကြီးများပင်။
“၀ုန်း ၀ုန်း ၀ုန်း...”
ခြေသံများစွာထွက်ပေါ်လာပြီး သူတော်စဥ်တပ်ဖွဲ့သည်မကြာမှီမှာပင် အနောက်ဘက်ဂိတ်တံခါး၀ရှိသည့် ခံတပ်နံရံပေါ်သို့ ရောက်ရှိလာ၏။
ဖှေးလှည့်ကြည့်လိုက်ရာ သူတော်စဥ်တပ်ဖွဲ့၀င်၃၀ကိုတွေ့လိုက်ရသည်။ ကျန်ရှိနေသည့်တပ်ဖွဲ့များသည် ရှိဗ်ချန်ကိုနှင့်အတူ အရှေ့ဘက်ဂိတ်တံခါးသို့ လိုက်ပါသွားကြ၏။
အနောက်ဘက်ခံတပ်နံရံပေါ်တွင် ဇီးနစ်စစ်သည်တစ်သောင်းခန့်သာရှိနေ၏။ နှစ်နာရီခန့်အနားယူပြီးသည့်နောက်တွင် သူတို့သည်အားအင်ပြန်လည်ပြန့်၀လာကြပြီဖြစ်သည်။ ခန္ဓာကိုယ်ပေါ်တွင် သွေးများပေကျ့နေလျှက် လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ပြီး လာတော့မည့်တိုက်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်ထားကြ၏။
ဤစစ်သည်တစ်ချို့သည် ဖှေးထံသို့အမြန်ပြေးသွားလိုက်ကြ၏။
“တွေ့ရတာ ၀မ်းသာပါတယ်ခေါင်းဆောင်ကြီး။” ဤခေါင်းဆောင်၁၂ယောက်ခန့်သည် ဖှေးအား အလေးပြုလိုက်ကြသည်။ ရစ်ဘရီသည် ဒဏ်ရာပြင်းထန်နေဆဲဖြစ်သောကြောင့် စခန်းတွင်အနားယူနေဆဲဖြစ်သော်လည်း ဤခေါင်းဆောင်များသည် ဖှေးမည်သူဖြစ်သည်ကို ကောင်းမွန်စွာသိရှိကြသည်။
“အေး တွေ့ရတာ ၀မ်းသာပါတယ်။ အတူ တိုက်ခိုက်ကြရအောင်...” ဖှေးခေါင်းငြိမ့်ကာ လိုအပ်သည့်အမိန့်တစ်ချို့ပေးလိုက်သည်။
သူလှမ်းကြည့်လိုက်သည့်အချိန်တွင် ဂျက်အင်ပါယာတပ်ဖွဲ့၏အမိန့်ပေးနေရာတစ်ခုဖြစ်သည့် တောင်ကုန်းတစ်ခုပေါ်တွင် ရင်းနီးသည့်လူတစ်ယောက်ကို မြင်လိုက်ရသည်။
ဂျက်အင်ပါယာ၏ မင်းသား ဖာရင်တန်သည် အရည်ချင်းရှိသည့် စစ်သည်တစ်ယောက်ပင်။ သူသည် အေးစက်ကာ မာနထောင်လွှားသည့်လူတစ်ယောက်ဖြစ်သော်လည်း ရှုံးနိမ့်ပြီးသည့်အချိန်တွင် စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး ယုံကြည်ချက်ကို ပြန်လည်ကာ မြှင့်တင်နိုင်ခဲ့သည်။ ဤကဲ့သို့ဖြင့် သူသည် ဒုတိယအကြိမ်တိုက်ခိုက်မှုကို မကြာမှီမှာပင် ပြန်လည်စတင်နိုင်ခဲ့ခြင်းပင်။
သူသည် ခံတပ်နံရံပေါ်မှအကြည့်ကို အာရုံခံလိုက်မိသည့်အတိုင်းပင် ဤမင်းသားသည်လည်း ဖှေးရှိနေရာအရပ်သို့ကြည့်လိုက်၏။
သူ့အား တစ်ချက်ထဲဖြင့် အနိုင်ယူခဲ့သည့်လူကို မြင်လိုက်ရသည်။
ခနတာတိတ်ဆိတ်သွားပြီးသည့်နှောက်တွင် ဤမင်းသားသည် သူ၏လက်ကို ၀ှေ့ရမ်းလိုက်၏။
“သတ်ပစ် သတ်ပစ် သတ်ပစ်...”
အမိန့်ပေးလိုက်သည်ကိုကြားသည့်အချိန်တွင် ဂျက်အင်ပါယာမှ စစ်သည်များသည် အရှေ့သို့စတင်ကာ ချီတပ်ကြတော့၏။ လှံဒိုင်းကာဖွဲ့စည်းပုံသည် ဇီးနစ်လေးသည်တော်များတိုက်ခိုက်နိုင်သောနေရာနှင့် ၁၀မီတာခန့်အကွာသို့ရောက်သည့်အချိန်တွင် ရပ်တန့်လိုက်၏။ ၁၀မီတာကျော်ခန့်ရှည်လျားသည့် ကျောက်တုံးပစ်လောက်လွှဲကြီးအခု၂၀ကို ဤတပ်ဖွဲ့၏အနောက်တွင် ထားလိုက်ကြသည်။ ကျောက်တုံးပစ်လောက်လွှဲကြီးတစ်ခုခြင်းစီတိုင်းသည် ကြီးမားသည့်သားရဲကောင်ကြီးတစ်ကောင်ကဲ့သို့ပင်။ ထိုယန္တယားများကို လည်ပတ်နေကြသည့် စစ်သည်များမှာ ပုရွတ်ဆိတ်များကဲ့သို့ပင်ဖြစ်နေ၏။
ဖှေးသည် ယခင်က ဤကျောက်တုံးပစ်လောက်လွှဲကြီးများအကြောင်းကို လေ့လာခဲ့ဖူးသည်။
ဤတိုက်ပေါ်မှ နည်းပညာသည်လည်းအတော်တန်အဆင့်မြင့်သည်ဟု ပြောရမည်ဖြစ်သည်။ လက်သမားများသည် ဂီယာများ၊ စပရင်များကို တီထွင်နိုင်နေကြပြီဖြစ်သည်။ ဤလောက်လွှဲကြီးများသည် ထိုနည်းပညာများကို အသုံးပြုထားပြီး နတ်ဆိုးသားရဲကောင်များထံမှ ယူဆောင်ထားသည့်အရည်သွေးမြင့်ကုန်ကြမ်းပစ္စည်းများဖြင့် ဆောက်လုပ်ထားကြ၏။ ထိုလောက်လွှဲကြီးများသည် ကျောက်တုံးကြီးများအား ၁၀၀၀မီတာခန့်အကွာ၀ေးထိပင်ရောက်အောင် ပစ်လွှတ်နိုင်ကြသည်။
အမိန့်များအောက်တွင် ဂျက်အင်ပါယာမှစစ်သည်များသည် လောက်လွှဲကြီးများပေါ်သို့ ကျောက်တုံးများတင်နေကြပြီး ပစ်လွှတ်တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်နေကြ၏။ ဤစစ်သည်များသည် လေးလံသောကျောက်တုံးကြီးများကို သယ်ဆောင်နိုင်ရန်အတွက် ခွန်အားကောင်းရန်၊ သို့မဟုတ် ကြယ်အဆင့်စစ်သည်များဖြစ်ကြရန်လိုအပ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်နေကြသည်။
“ဆာ ကျွန်တာ်တို့ မြေကမ္ဘာရဲ့ကာကွယ်မှု မှော်အစီရင်ကို စတင်လိုက်ရမလား။ ခေါင်းဆောင်တစ်ယောက်သည် ဖှေးအားမေးလိုက်၏။
ဖှေးသည် ရစ်ဘရီ၏ လက်အောက်ငယ်သားများဖြစ်ကြသည့် ဤခေါင်းဆောင်များကို သိရှိသည်။ ဖှေးအား မေးလိုက်သည့် ခေါင်းဆောင်သည် ဖာနမ်ဒို-ဂါဂိုအမည်ရှိသည့်ခေါင်းဆောင်တစ်ယောက်ပင်။ သူသည် အသက်၂၀၀န်းကျင်သာ ရှိသေးသော်လည်း အလွန်ရဲရင့်သည့်လူတစ်ယောက်ပင်။ သူသည် ကြယ်သုံးလုံးအဆင့်ရှိသည့် စစ်သည်တစ်ယောက်လဲဖြစ်ပြီး ပြီးခဲ့သည့်တိုက်ပွဲတွင်လည်း အလွန်ဒဏ်ရာရရှိခဲ့သည်။ သူ၏ လက်မောင်းတစ်ခုသည် ပြတ်လုနီးပါးဖြစ်နေသော်လည်း ပတ်တီးဖြင့်စီးထားပြီးသည့်နောက်တွင် ခံတပ်နံရံပေါ်တွင် ဆက်လက်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့၏။