← Chapters

အခန်း (၄၈၅)

Vol. 31 Ch. 485

အခန်း (၄၈၅)

Vol. 31 Ch. 485

ဖရန့်-ရစ်ဘရီသည် ကြီးကျယ်ခမ်းနားသော နောက်ခံမိသားစုရှိသည့်လူတစ်ယောက်မဟုတ်ပေ။ သူသည် ကိုယ်ပိုင်အရည်ချင်းရှိသည့်အတွက်ကြောင့်သာ မြို့တော်ထဲတွင် နံပါတ်၁စစ်ရေးခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ခြင်းပင်။ သူသည် ထူးခြားသည့်လူတစ်ယောက်ဖြစ်ပြီး သစ္စာရှိသော နောက်လိုက်များစွာလည်းရှိ၏။ အလံနှစ်စုံမြို့တပ်ဖွဲ့အား အင်ပါယာမှ လျစ်လျူရှုထားခဲ့ပြီး ရိက္ခာပုံမှန်ထောက်ပံ့ပေးခြင်းမရှိခဲ့သော်လည်း သူ၏စစ်သည်များသည် စိတ်ဓာတ်တက်ကြွနေဆဲဖြစ်ပြီး တိုက်ရည်ခိုက်ရည်အတော်တန်ကောင်းနေဆဲပင်။ ဤအတွက်ကြောင့်လည်း ဖှေးရစ်ဘရီအား ချီးကျူးမိသည်။

“မလိုသေးဘူ။ မြေကမ္ဘာ၏ကာကွယ်မှုမှော်အစီရင်က မြို့တော်ရဲ့မှော်စွမ်းအင်အများကြီးကို ကုန်စေလိမ့်မယ်။ ငါတို့တွေ အတော်လေးအရေးကြီးလာတဲ့အချိန်မှ ထုတ်သုံးရမယ်။” ဖှေး ဂါဂိုအား အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ဂါဂိုသည် ဖှေးအား အစက စကားပြောရန်အတွက် တွန့်ဆုတ်နေခဲ့၏။

ဤနံပါတ်၁ခေါင်းဆောင်ပြသခဲသည့်အစွမ်းများကိုမြင်တွေ့ပြီးသည့်အချိန်တွင် သူနှင့်သူ၏ ရဲဘော်များသည် ဖှေး၏စွမ်းအားကိုချက်ချင်းပင် လေးစားသွားမိခဲ့ကြသည်။ အေဇာရုတိုက်ပေါ်တွင် တိုက်ရည်ခိုက်ရည်ကိုသာ အဓိကထားကြသဖြင့် စွမ်းအားမြင့်မားသည့် မှော်ဆရာများ၊ သိုင်းဆရာများကို လူတိုင်းမှလေးစားကြ၏။ အထူးသဖြင့် ဖှေးရစ်ဘရီအား သက်စွန့်ဆံဖျား ၀င်ရောက်ကယ်တင်ပြီးခဲ့သည့်အချိန်တွင်ဖြစ်သည်။ သူ့အား ရစ်ဘရီ၏ ညီအကိုကဲ့သို့သောရဲဘော်ခေါင်းဆောင်များမှ အလွန်လေးစားသွားခဲ့ကြ၏။

ဖှေးသည် အလွန်ခင်မင်ရင်းနှီးတတ်ပြီး တစ်ခြားဇီးနစ်အင်ပါယာမှ အရာရှိများကဲ့သို့မာနမကြီးသည်ကို တွေ့ပြီးသည့်နောက်တွင် အလံနှစ်စုံမြို့တော်တွင်ရှိသည့် ခေါင်းဆောင်များသည် ဖှေးအားပို၍ပင်လေးစားလာကြ၏။

ဂါဂိုသည် ဤမာနကြီးမည်ဟုထင်ရသည့် စစ်မြေပြင်နံပါတ်၁ခေါင်းဆောင်သည်သူ့အား ပြုံးပြလိုက်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် စကားပြောရသည်မှာ ပို၍စိတ်သက်သာလာ၏။ သူသည် စဥ်းစားကြည့်ကာ ဆက်လက်၍အကြံပြုလိုက်သည်။ “ဆာ ကျွန်တော်တို့ မြေကမ္ဘာ၏အကာကွယ်မှော်စွမ်းအင်အကာရံကို ထုတ်မသုံးဘူးဆိုရင် ကျောက်တုံးပစ်လောက်လွှဲတွေက မြို့တွင်းကအဆောက်ဦးတွေနဲ့ ပြည်သူတွေကို ထိခိုက်စေနိုင်တယ်...”

ဖှေးသည် ဤခေါင်းဆောင်၏ ပခုံးကို ပုတ်ကာရယ်မောလိုက်သည်။ “မစိုးရိမ်ပါနဲ့ကွာ ငါရှိပါတယ်...”

သူထိုကဲ့သို့ပြောအပြီးတွင် ကန္တာရသိမ်းငှက်လေးကို ထုတ်ယူကာ အမေဇုန်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ ချက်ချင်းပင် သူ၏အရှိန်၀ါသည် အရိုင်းဆန်ကာ စိုးမိုးနိုင်စွမ်းပြည့်၀သည့်အသွင်သို့ပြောင်းလဲသွားတော့၏။

ကန္တာရ၏ မနက်ခင်းအေးစက်သည့်လေသည် ဘုရင်၏ မျက်နှာအား တိုက်ခတ်လိုက်ပြီး သူ၏အမဲရောင်ဆံပင်ရှည်များသည် လွှင့်ပျံသွား၏။

ယခင်က စိုးရိမ်နေခဲ့သည့် သူ၏ဘေးတွင်ရှိနေသော ခေါင်းဆောင်များသည် ယခုအချိန်တွင် အတော်လေးစိတ်အေးသွား၏။ ဖှေး၏ အရှိန်၀ါပြောင်းလဲသွားသည်ကို သတိထားလိုက်မိသည့်အချိန်တွင် သူတို့၏မျက်လုံးများလင်းလတ်သွား၏။

“ဟုတ်သားပဲ ငါတို့ရဲ့ခေါင်းဆောင်က အရည်ချင်းရှိတဲ့လေးသည်တော်တစ်ယောက်ဆိုတာကို ငါတို့မေ့နေကြတာပဲ။ သူက အရင်ကလို လေးအစွမ်းကိုပဲအသုံးပြုပြီးတော့ ဒီကျောက်တုံးပစ်လောက်လွှဲကြီးတွေကို ဖျက်ဆီးနိုင်လောက်တယ်။”

သာမန်စစ်သည်များအပါ၀င်လူတိုင်းသည် နံပါတ်၁စစ်ရေးခေါင်းဆောင်၏လေးအစွမ်းကို မြင်တွေ့ရန်အတွက် စောင့်စားနေကြ၏။

“ချွတ် ချွတ် ချွတ်...”

လေထုသည် တင်းမာနေပြီး လူတိုင်းသည် ဆူညံသံများပြုလုပ်နေခြင်းကို ရပ်တန့်လိုက်၏။

ဤအချိန်တွင် ကျောက်တုံးပစ်လောက်လွှဲကြီးများထံမှ ထွက်ပေါ်လာနေသည့်အသံကို လူတိုင်းကြားလိုက်ရ၏။ ဤကျောက်တုံးပစ်လောက်လွှဲကြီးနှစ်ဆယ်သည် အစွယ်ဖြဲပြလိုက်သည့် နတ်ဆိုးသားရဲကောင်ကြီးများကဲ့သို့ပင်။

“အသင့်ပြင်ထား...” ဂျက်အင်ပါယာခေါင်းဆောင်တစ်ယောက်မှ အော်ဟစ်လိုက်သည်။ “အသင့်ပြင် ပစ်တော့...”

“၀ုန်း ၀ုန်း ၀ုန်း...”

ဤကျောက်တုံးပစ် လောက်လွှဲကြီးများတွင် အသုံးပြုသည့်ရာဘာကဲ့သို့သော ပစ္စည်းများသည် နတ်ဆိုးသားရဲကောင်များ၏အရွတ်များပင်။ ထို့နောက်တွင် ကျောက်တုံးပစ် လောက်လွှဲကြီးများသည် အရှိန်ဖြင့် ပေါင်တစ်ထောင်ကျော်ခန့်လေးလံသည့် ကျောက်တုံးကြီးဆယ်လုံးကို ပစ်လွှတ်လိုက်ကြတော့၏။

မြေဆွဲအားဖြင့်အဟုန်တို့အောက်တွင် ဤကျောက်တုံးကြီးများသည် မှော်အစီရင်များဖြင့် မွမ်းမံထားသည့်ခံတပ်နံရံအား ပေါင်တစ်သောင်းခန့်ရှိသည့် ထိခိုက်စေနိုင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ ဤကျောက်တုံးကြီးများသည် ကြယ်သုံးလုံးအဆင့်ရှိသည့်စစ်သည်တစ်ယောက်ကို ထိမှန်ပါက ချက်ချင်းပင် သေဆုံးသွားစေမည်ဖြစ်၏။

ဇီးနစ်ဘက်မှ စစ်သည်များ၊ ခေါင်းဆောင်များသည် လေပေါ်တွင် ပျံသန်းလာနေသည့် ကျောက်တုံးကြီးများကို မြင်သည့်အချိန်တွင် အသက်အောင့်ထားလိုက်မိကြ၏။

သို့သော် သူတော်စဥ်စစ်သည်၃၀မှာမူ ပုံမှန်နေ့တစ်နေ့ကဲ့သိုပင် အစိုးရိမ်မရှိပြုမူနေကြ၏။ သူတို့၏ဘုရင်သည် သူတို့၏ဘေးတွင်ရှိနေသောကြောင့် တည်ငြိမ်ကာ အေးအေးဆေးဆေးဖြစ်နေကြခြင်းပင်။

ကျောက်တုံးကြီးများသည် ခနအတွင်းမှာပင် လေပေါ်၂၀မီတာခန့်ပျံသန်းလာ၏။ ခံတပ်နံရံအား စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိမှန်တော့မည်ဖြစ်သည်။

ဇီးနစ်အင်ပါယာမှစစ်သည်တစ်ချို့သည် အော်ဟစ်တော့မည့်အချိန်တွင် ဖှေးလေးမှ မြှားများကို ပစ်လွှတ်လိုက်သည်။

“၀ှစ်...”

“၀ှစ်...”

“၀ှစ်...”

“၀ှစ်...”

မြှားတစ်စင်းထဲမဟုတ်ပဲ စုစုပေါင်းမြှားဆယ်စင်းကို ပစ်လွတ်လိုက်၏။

အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်သည့်အတွက် ဖှေး၏ဘေးတွင်ရှိသည့်လူများသည် သူ၏ညာလက်မှ ပုံရိပ်ယောင်များကိုသာ မြင်တွေ့လိုက်ရ၏။

ကန္တာရသိမ်းငှက်၏ လေးကြိုးမှာ ပြင်းထန်စွာတုန်ခါသွားပြီး လေခွင်းသံများနှင့်အတူ ပေါက်ကွဲသံဆယ်ခုဆက်တိုက်ထွက်ပေါ်လာတော့၏။ ထို့နောက်တွင် မြေပြင်တစ်ခုလုံးစတင်၍ တုန်ခါလာပြီး အော်ဟစ်သံများသည် ပဲ့တင်လာတော့သည်။

လေပေါ်တွင် ပျံသန်းနေသည့် ကြီးမားသည့် ကျောက်တုံးကြီးများသည် ပေါက်ကွဲကုန်ကြပြီး အစိတ်စိတ်အမွှာမွှာကွဲအက်ကာ ဂျက်အင်ပါယာ၏ လှံဒိုင်းကာတပ်ဖွဲ့အပေါ်သို့ ပြုတ်ကျကုန်ကြသောကြောင့်ပင်။ သွေးများစိးကျကုန်ကာ ဂျက်အင်ပါယာသည် တိုက်ပွဲမစတင်မှီမှာပင် အကျဆုံးများကို ခံစားလိုက်ရ၏။

ကြီးမားသည့် ကျောက်တုံးကြီးများသည် ရန်သူတပ်ဖွဲ့များအပေါ်သို့ ပြုတ်ကျကုန်တော့သည်။

ဂျက်အင်ပါယာမှ မည်သူမှ ဤကဲ့သို့သော ရလဒ်ကို ကြိုတင်ခန့်မှန်းထားခဲ့မိခြင်းမရှိပေ။ တပ်ဖွဲ့ထဲတွင်ရှိနေသည့် ကျောက်တုံးကြီးများကို စတင်ပစ်လွှတ်လိုက်စဥ်က ပျော်ရွှင်စွာအားပေးနေခဲ့ကြသည့် ဂျက်အင်ပါယာမှစစ်သည်များသည် ယခုအချိန်တွင်နာကျင်စွာအော်ဟစ်နေရ၏။ သူတို့သည် ရှေ့သို့ချီတပ်နေသည်မဟုတ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက်နီးကပ်စွာပင် ရပ်နေခဲ့ကြ၏။ ထို့ကြောင့် သူတို့ရှောင်ရှားနိုင်ခြင်းမရှိပေ။ ကံကောင်းသည့်စစ်သည်များမှာ ချက်ချင်းသေဆုံးကုန်ကြသည်။ ကံမကောင်းသည့် စစ်သည်များမှာ ခြေထောက်များလက်များကျိုးပဲ့ကုန်ကြပြီး ပြင်းထန်သည့်နာကျင်မှုဒဏ်ကိုခံစားနေရ၏။ သို့သော် နာကျင်စွာအော်ဟစ်၍ ငိုကြွေးရုံမှတပါး ဘာမှ လုပ်နိုင်ခြင်းမရှိပေ။

“ဘုရင်အလတ်ဇန္ဒား..ဘုရင်အလတ်ဇန္ဒားကွ...”

“ချမ်းဘော့ဒ်ဘုရင်ကွ...”

မည်သူစတင်ခဲ့မှန်းမသိသော်လည်း ဇီးနစ်အင်ပါယာမှ စစ်သည်များခေါင်းဆောင်များသည် ခနတာတိတ်ဆိတ်ပြီးနောက်တွင် စတင်၍ အော်ဟစ်အားပေးနေကြတော့၏။ ဖြစ်ခဲ့သည့်အရာမှာ ဇီးနစ်အင်ပါယာမှ စစ်သည်များ၏စိတ်ဓာတ်ကို အမှန်တကယ်ပင် မြှင့်တင်ပေးလိုက်၏။ ကြီးမားသည့် ကျောက်တုံးကြီးဆယ်တုံးကို လိမ္မာပါးနပ်စွာအသုံးချ၍ ဖှေးသည် ရန်သူ၅၀၀ကို သတ်ဖြတ်နိုင်ခဲ့သည်။

ရန်သူငါးရာအား မြှားဆယ်ချောင်းဖြင့် သတ်ဖြတ်ခဲ့ခြင်းပင်။

ကြောက်မက်ဖွယ် အရည်တွက်ပင်။

ကြောက်မက်ဖွယ် မြှားများပင်။

များပြားလှသည့် ဖိအားများကိုခံစားနေခဲ့ရသည့် အလံနှစ်စုံမြို့မှစစ်သည်များသည် စိတ်အားတက်ကြွစေမည့် မြင်ကွင်းကိုမြင်တွေ့ရန်လိုအပ်နေပြီး ဖှေးမှ ဆောင်ရွတ်ပေးလိုက်ခြင်းပင်။

ဂျက်အင်ပါယာဘက်တွင်မူ သူတို့၏အကောင်ဆုံးလက်နက်ပစ္စည်းများဖြစ်သည့် ကျောက်တုံးပစ်လောက်လွှဲကြီးများကို သူတို့အားတန်ပြန်တိုက်ခိုက်ရန်အသုံးပြုလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက် ဂျက်အင်ပါယာမှ ခေါင်းဆောင်များသည် ထိတ်လန့်အံ့သြနေကြသည့်အတွက် ဘာလုပ်ရမလဲမသိဖြစ်နေ၏။

“ဆက်ပစ်ရမလား။ ဒါမယ့် အဲ့လေးသည်တော်က အဲ့နည်းကိုပဲ ထပ်သုံးနေရင် ဘယ်လိုလုပ်မလဲ...”

“ရပ်လိုက်ရင်ရော ငါတို့တွေမြို့ကို ဘယ်လိုဆက်သိမ်းပိုက်ရမှာလဲ...”

မင်းသားဖာရင်တန်သည် သဲတောင်ကုန်းပေါ်တွင် ခါးသက်စွာဖြင့် ပြုံးလိုက်၏။

အဆင့်မြင့်သိုင်းဆရာတစ်ယောက်စစ်ပွဲတစ်ခုအပေါ်တွင် မည်မျှလွှမ်းမိုးနိုင်သည်ကို ယနေ့တွင် ပြသလိုက်ခြင်းပင်။ အေဇာရုတိုက်သမိုင်းတွင် စစ်ရေးခေါင်းဆောင်တစ်ယောက်၏နာမည်သမိုင်းတွင်တင်ကျန်ခဲ့သည်မှာ ရှားပါးလှသည်။ ထိုအစားလူများသည် စွမ်းအားမြင့်သိုင်းဆရာများနှင့် မှော်ဆရာများကိုသာ မှတ်မိကြ၏။ အကြောင်းပြချက်မှာ သိုင်းဆရာသို့မဟုတ်မှော်ဆရာတစ်ယောက်သည် စွမ်းအားလုံလုံလောက်လောက်ရှိပါက တိုက်ပွဲ၏အခြေအနေကို တစ်ယောက်တည်းဖြင့်ပင် ပြောင်းလဲပစ်နိုင်သောကြောင့်ပင်။ ဤလူများသည် ကုန်းမြေအားအစစ်မှန်ပင် စိုးမိုးသည့်လူများပင်။

အလံနှစ်စုံမြို့တော်သည် လက်ရှိတွင် သိမ်းပိုက်ခံနေရသော်လည်း စစ်ပွဲတွင်စွမ်းအားအမြင့်ဆုံးစစ်သည်ဖြစ်သည့် ချမ်းဘော့ဒ်ဘုရင်ရှိနေရုံဖြင့်ပင် အလွန်လုံခြုံနေ၏။ အကယ်၍ ဂျက်အင်ပါယာသည် သူနှင့် ယှဥ်ပြိုင်နိုင်သည့် သိုင်းဆရာတစ်ယောက်ကိုမစေလွှတ်နိုင်ပါက စစ်သည်လေးသောင်းအား စတေးခံသော်လည်း ချမ်းဘော့ဒ်ဘုရင်အား မောပန်းစေရုံသာ တတ်နိုင်မည်ဖြစ်၏။

သို့သော် ဤကဲ့သို့သောအခြေအနေတွင် မင်းသားဖာရင်တန်သည် နောက်သို့ဆုတ်နိုင်ခြင်းမရှိပေ။

“ငါ့အမိန့်ကို ပြောလိုက် ဓားဒိုင်းကာတပ်ဖွဲ့ကို နှစ်ခြမ်းခွဲပြီးတော့ ကျောက်တုံးပစ်လောက်လွှဲတွေရဲ့ဘေးကို ကပ်ထားဖို့ပြောလိုက်...”

“ငါ့အမိန့်ကို ပြောလိုက် ကျောက်တုံးပစ်လောက်လွှဲတွေကို နောက်ကို မီတာ၃၀၀လောက်ဆုတ်ပြီး ဆက်တိုက်ခိုက်တော့...”

“ငါ့အမိန့်ကို ပြောလိုက် မှော်ဆရာတွေအသင့်ပြင်ထား...”

“ငါ့အမိန့်ကို ပြောလိုက် အသေခံတပ်ဖွဲ့ အသင့်ပြင်ထား...”

“ငါ့အမိန့်ကို ပြောလိုက် သိမ်းပိုက်တပ်ဖွဲ့အသင့်ပြင်ထား...”

“ငါ့အမိန့်ကို ပြောလိုက်...”

ဂျက်အင်ပါယာမင်းသားသည် အမိန့်များစွာကိုပေးလိုက်ပြီး သူ၏တပ်ဖွဲ့သည်လည်း စတင်ကာ လှုပ်ရှားကြတော့သည်။ ဤတပ်ဖွဲ့၏သတ်ဖြတ်လိုသည့် ဆန္ဒသည် ဤဖြစ်ရပ်ကြောင့် ထိခိုက်သွားခြင်းမရှိပေ။ စစ်သည်၅၀၀သေဆုံးခြင်းသည် ဤကျွမ်းကျင်စစ်သည်များအတွက် ဘာမှမဟုတ်လှပေ။

မကြာမှီတွင် ကျောက်တုံးပစ် လောက်လွှဲကြီး၂၀ကို အနောက်၃၀၀မီတာခန့်ရွေ့လျားလိုက်ပြီး ဓားဒိုင်းကာ ဖွဲ့စည်းပုံသည်လည်း လောက်လွှဲကြီးများဘေးသို့ နှစ်ခြမ်းခွဲကာ ရပ်လိုက်၏။ ဂျက်အင်ပါယာမှစစ်သည်များသည် ဖှေး၏မြှားများဒဏ်မှကင်းလွတ်သွားပြီဖြစ်သော်လည်း ကျောက်တုံးပစ်လောက်လွှဲကြီးများသည် ယခုအချိန်တွင် ခံတပ်ရံနံအနီးတွင်ရှိသည့်အရာများကိုသာ ထိခိုက်နိုင်တော့၏။

ဖှေးဆက်လက်ပစ်ခတ်နေသည်။

သူသည် ယခင်နည်းလမ်းကိုမသုံးမပြုပဲ ယခုအချိန်တွင် ကျောက်တုံးပစ်လျောက်လွှဲကြီးများကိုသာ ပစ်မှတ်ထားလိုက်သည်။

ကျောက်တုံးပစ် လောက်လွှဲကြီးများသည်ခံတပ်နံရံနှင့် မီတာ၁၃၀၀ခန့်အကွာ၀ေးသည့်ရှိနေသောကြောင့် သာမန်လေးသည်တော်များအတွက် ပစ်နိုင်ရန်မဖြစ်နိုင်သော်လည်း ကန္တာရသိမ်းငှက်လေးနှင့် ဖှေးအတွက်မှာမူသိပ်ပြီးမခက်ခဲလှပေ။ သူသည် လယ်ဗယ်၈၈လူရိုင်းဇာတ်ကောင်၏စွမ်းအားများအားလုံးကို ထုတ်သုံးလိုက်ပြီး ကြည်လင်သောအရောင်ရှိသည့် စွမ်းအင်မြှားများစွာသည် လေးပေါ်တွင် ပေါ်လာတော့၏။

ဖှေးလေးကြိုးကို လွှတ်လိုက်သည်။

“၀ှစ်...”

လေခွင်းသံသည် မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ကြီးမားသည့်ကျောက်တုံးပစ်လောက်လွှဲကြီး၏ အချက်ချာကျသည့်အစိတ်ပိုင်းများကို ထိမှန်သွာပြီးတစ်စစီပြုတ်ထွက်ကာ ပြိုကျလာတော့၏။ လောက်လွှဲအနီးတွင်ရှိသည့် ဂျက်အင်ပါယာမှစစ်သည်များသည်လည်း ဒဏ်ရာအပြင်းထန်ရရှိသွားကြသည်။

အလံနှစ်စုံမြို့ဘက်မှ အော်ဟစ်အားပေးသံများထွက်ပေါ်လာပြန်၏။ စစ်သည်များသည် ဖှေးအား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်ကာ သူ၏နာမည်ကို ရေရွတ်နေကြ၏။ သူ၏ကိုယ်ပိုင်စွမ်းအားကိုအသုံးပြု၍ ရန်သူ၏အန္တရာယ်အရှိဆုံး ယန္တယားများကို ဖျက်စီးကာ အလံနှစ်စုံမြို့အား ပြိုင်ဘက်ကင်းသည့်အနေထားသို့ပင်ရောက်အောင်ဆွဲခေါ်ခဲ့သည့်အတွက်ပင်။

All Chapters