← Chapters

အခန်း (၄၈၆)

Vol. 31 Ch. 486

အခန်း (၄၈၆)

Vol. 31 Ch. 486

ဖေး၏ဘေးတွင်ရှိနေသည့် ခေါင်းဆောင်များမှာ ထိတ်လန့်သွားကြသည်။

ဖှေး၏ စွမ်းအားသည် သူတို့စိတ်ကူးထားသည်ထက်ပင်ကျော်လွန်နေ၏။ ကြည့်ရသည့်ပုံအရ ဤနံပါတ်၁စစ်ရေးခေါင်းဆောင်သည် သောင်းနှင့်ချီသည့်စစ်သည်များထက်ပင် ပို၍တန်ဖိုးရှိနေ၏။ ချမ်းဘော့ဒ်ဘုရင်သာရှိနေပါက အလံနှစ်စုံမြို့သည် အန္တရာယ်ရှိလာမည်မဟုတ်ပေ။

“၀ှစ်..၀ှစ်...”

“၀ှစ်...၀ှစ်...”

ဖေးချက်ချင်းပင် မြှားလေးချောင်းကို ပစ်လွှတ်လိုက်ပြီး ထိုမြှားများအားလုံးသည် ပစ်မှတ်ကို ထိမှန်လိုက်သည်။ လေခွင်းသည့်အသံများထွက်ပေါ်လာပြီး အ၀ေးတွင်ရှိနေသည့် ကျောက်တုံးပစ်လောက်လွှဲကြီလေးခုမှာ အပ်နှင့်ထိုးခံလိုက်ရသည့် ဘောလုံးများကဲ့သို့ ပေါက်ကွဲသွား၏။

“လေးအတွက်ကျေးဇူးပါပဲမင်းသားဖာရင်တန်ရေ ငါအတော်သဘောကျတယ်...”

ဖှေး မြှားငါးစင်းပစ်လွတ်ပြီးချိန်တွင် ခနရပ်နားကာ အော်ပြောလိုက်၏။ စစ်မြေပြင်တွင်ရှိနေသည့် လူတိုင်းကြားလိုက်ရသည်။ တစ်ချို့ဇီးနစ်အင်ပါယာမှ စစ်သည်များမှာ ဖေးအနောက်မှလိုက်ပြောကြ၏။ “လေးအတွက်ကျေးဇူးပါပဲ မင်းသားဖာရင်တန်...”

“၀ုန်း...”

ဖာရင်တန်ထရပ်လိုက်ကာ သူထိုင်နေသည့် ထိုင်ခုံကို ကန်ချိုးလိုက်သည်။ သူ၏မျက်နှာသည် အလွန်မှုန်ကုတ်နေလျှက်ရှိ၏။

သူ၏ဘေးတွင်ရှိနေသည့် အစောင့်စစ်သည်များသည် ကြောက်လန့်ကာ တုန်ယဥ်လာကြသည်။ ဤမင်းသားသည် ဒေါသကြီးသည့်နေရာတွင် နာမည်ကြီး၏။ သိပ်မကြာသေးမှီက ဆွေကြီးမျိုးကြီးလူငယ်တစ်ယောက်သည်မင်းသားအား စိတ်ဆိုးအောင်လုပ်ခဲ့မိသောကြောင့် အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားကာ သူ၏မိသားစုလည်း အကုန်သတ်ဖြတ်ခံခဲ့ရသည်။

မင်းသားသည် လက်ရှိအခိုက်တန့်တွင် အလွန်ဒေါသဖြစ်နေသည်မှာ ထင်ရှားလှသည်။ သူ၏ဘေးတွင်ရှိနေသည့် ကိုယ်ရံတော်များသည် မင်းသား၏ဒေါသသူတို့အပေါ်သို့ကျရောက်လာမည်ကို စိုးရိမ်နေကြ၏။

ဤကိုယ်ရံတော်များအတွက် ကံကောင်းသွားသည်။ သူတို့လုံခြုံနေ၏။

မင်းသား ဖာရင်တန်သည် အံ့သြဖွယ်ကောင်းစွာပင် သူ၏ဒေါသများကို ထိန်းချုပ်နိုင်လိုက်သည်ကို တွေ့လိုက်ရ၏။

.....

ကျေက်တုံးပစ်လောက်လွှဲကြီးငါးခုပျက်ဆီးသွားသည့်အချိန်တွင် ဂျက်အင်ပါယာမှ ခေါင်းဆောင်များသည် ဤလောက်လွှဲကြီးများကို စွန့်လွှတ်ရန်ဆုံးဖြတ်လိုက်ကြပြီး ကျန်ရှိနေသေးသည့်လောက်လွှဲများကို စခန်းသို့ပြန်လည်သယ်ဆောင်လိုက်ကြ၏။ တစ်စုံတစ်ယောက်မှ ကျောက်တုံးပစ်လောက်လွှဲကြီးအခု၂၀ကို မြှားများကိုသာ အသုံးပြု၍ ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မဖြစ်နိုင်ဟုထင်ရသော်လည်း ဤစစ်မြေပြင်တွင်အမှန်တကယ်ပင် ဖြစ်ပျက်သွားခဲ့၏။ ဂျက်အင်ပါယာမှစစ်သည်များသည် ချမ်းဘော့ဒ်ဘုရင်၏ စွမ်းအားကို ထက်မံ၍မြင်တွေ့လိုက်ရ၏။

သို့သော် စစ်ပွဲမှာမပြီးဆုံးသေးပေ။

ဂျက်အင်ပါယာမှ စစ်သည်များသည် တိုက်ရိုက်တိုက်ခိုက်သိမ်းပိုက်မည့် ဗျူဟာကို ပြောင်းလဲလိုက်ကြ၏။ သူတို့သည် ခံတပ်နံရံများထံသို့ ရေလှိုင်းများကဲ့သို့ပြေး၀င်လာကြတော့ညသ်။ သူတို့သည် မီတာ၁၀၀ခန့်မြင့်မားသည့် လှေကားကြီးများကို အသုံးပြုနေကြ၏။ ထိုလှေကားကြီးများတစ်ရာခန့်ကို နံရံများပေါ်တွင် သံမဏိချိတ်ကောင်များနှင့် ချိတ်တွယ်လိုက်ပြီး လွန်ခဲ့သည့်၂နာရီခန့်ကဖြစ်ခဲ့သည့်မြင်ကွင်းကို ပြန်လည်ကာ မြင်တွေ့လိုက်ရ၏။ ရက်စက်သည့်တိုက်ပွဲကြီးစတင်တော့မည်ဖြစ်သည်။

သို့သော် ဖှေးကွာခြားမှုကို ရှင်းလင်းစွာပင်အာရုံခံလိုက်မိသည်။

စစ်သည်တစ်သောင်းခန့်သည့် မြို့တော်သို့ချီတပ်လာနေသော်လည်း သူတို့သည် ပြန့်ကျဲနေကာ မြို့သိမ်းနဂါးကဲ့သို့သော ယန္တယားကြီးများကို အသုံးပြုခြင်းမရှိကြပေ။ သူတို့သည်သယ်ဆောင်ရလွယ်ကူသည့် လှေကားများ၊ ကြိုးများကိုသာ အသုံးပြုနေကြ၏။ ထို့အပြင် သူတို့သည် အခုအချိန်တွင် မြို့တော်တံခါးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိပေ။ သူတို့သည် ခံတပ်နံရံပေါ်သို့သာ တွယ်တက်ရန်အတွက်ကြိုးစားနေကြ၏။

“ဟမ် ဒီကောင်တွေက မြို့တော်ကို တကယ်သိမ်းချင်နေတဲ့ပုံမပေါက်သေးဘူး။ သူတို့ကရော စစ်ပွဲကိုအချိန်ဆွဲချင်နေကြတာလား...”

ပုံမှန်အားဖြင့် သိမ်းပိုက်သည့်တိုက်ပွဲတွင် မြို့တော်ထဲသို့သာ ၀င်ရောက်တိုက်ခိုက်နိုင်ရန်အတွက် ကြိုးစားကြ၏။ သူတို့သည် မြို့တော်ထဲသို့၀င်ရောက်လိုက်နိုင်သည်နှင့်တပြိုင်နက် မြို့တော်အား သေချာပေါက်သိမ်းပိုက်နိုင်သွားသည်ဟု ဆိုနိုင်၏။ ထို့ကြောင့် ဂျက်အင်ပါယာ လက်ရှိအချိန်တွင်အသုံးပြုနေသည့် ဗျူဟာသည်အနည်းငယ်ထူးဆန်းနေသည်ဟုဆိုနိုင်၏။ သူတို့သည် အလံနှစ်စုံမြို့တော်အား စနောက်နေသကဲ့သို့ပင်။ ရန်သူများသည် မြို့တော်အားသိမ်းပိုက်နိုင်နေသော်လည်း သေချာမလုပ်သေးသကဲ့သို့ပင်။

ဤကဲ့သို့သောအခြေအနေတွင် ဖှေး၏မြှားများ၏ ထိရောက်မှုမှာ ကျဆင်းသွား၏။

ရန်သူများပြန့်ကျဲနေသည့်အတွက် ဖှေး၏မြှားများသည်တစ်ခါပစ်ခတ်ပါက ရန်သူစစ်သည်၃၀ခန့်ကို မသတ်ဖြတ်နိုင်တော့ပေ။ ဤအခိုက်တန့်တွင် သူသည် တစ်ခါပစ်လွှတ်၍ ရန်သူတစ်ယောက်နှစ်ယောက်ခန့်ကိုသာ သတ်ဖြတ်နိုင်တော့ပြီး သူ၏အသုံး၀င်ထိရောက်မှုမှာ နည်းပါးလာတော့၏။

ခနတာစဥ်းစားပြီးသည့်နောက်တွင် ဖှေးသည် အမေဇုန်ဇာတ်ကောင်၏အစွမ်းများဖြစ်ကြသည့် မြှားများစွာပစ်ခတ်ခြင်း၊ ပေါက်ကွဲစေတတ်သောြမှားများကို အသုံးမပြုတော့ပေ။ ထိုအစားသူသည် ကန္တာရသိမ်းငှက်ကို ထားသိုရာအကန့်အတွင်းသို့ပြန်ထည့်လိုက်ပြီး လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြန်ပြောလိုက်သည်။ ထို့နောက်တွင် သူသည်နတ်ဘုရားပေးသည့်အစွမ်းရှိသည့် ဆင့်ခေါ်ခြင်းအစွမ်းကိုအသုံးပြုလိုက်သည်။

အနီရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး သန်မာထွားကျိုင်းသည့်စစ်သည်၁၅ယောက်သည် ဖှေး၏ဘေးတွင်ပေါ်လာတော့၏။

ဤစစ်သည်များတွင် အ၀တ်စားများများစားစားမပါရှိပေ။ သူတို့၏ခန္ဓကိုယ်အောက်ပိုင်းနှင့် ၀မ်းဗိုက်တို့ကိုသာ သွေးစွန်းနေသည့် လယ်သာချပ်၀တ်များဖြင့် ကာကွယ်ထား၏။ လက်ထဲတွင်ဓားများ၊ သို့မဟုတ်ပုဆိန်များကို ကိုင်ဆောင်ထားကြပြီး တောင့်တင်းသော ခန္ဓာကိုယ်ပေါ်တွင် သားရဲကောင်ပုံတက်တူးများဖြင့် ပြည့်နှက်နေ၏။

အရိုင်းဆန်ကာ ကြမ်းတမ်းသည့်အရှိန်၀ါများဖြင့် သူတို့သည် နတ်ဆိုးသားရဲများကဲ့သို့ပင်။

သူတို့သည် ဖှေး အေးရိတောင်တန်းကယ်ဆယ်ခြင်းအလုပ်ကို အောင်မြင်စွာပြီးမြောက်ပြီးသည့်နောက်တွင်ရရှိခဲ့သည့် လူရိုင်းစစ်သည် ၁၅ယောက်ပင်။

ထိုစစ်သည်၁၅ယောက်ရောက်ရှိလာခြင်းသည် ဖှေး၏ဘေးတွင်ရှိနေသည့်သူတော်စဥ်တပ်ဖွဲ့များကို အံ့သြသွားစေ၏။

“အရှင့်ရဲ့အမိန့်အတိုင်းပါ။” လူရိုင်းစစ်သည်၁၅ယောက်သည် ဖှေးအားအရိုသေပေးလိုက်ပြီး သူတို့၏မျက်လုံးများထဲမှ ရူးသွပ်သည့်လေးစားမှုများကို ပြသလိုက်၏။

ဤမြင်ကွင်းကြောင့် ခေါင်းဆောင်များနှင့် သူတော်စဥ်စစ်သည်များမှာ စိတ်အေးသွားတော့၏။

“သူတို့က နံပါတ်၁စစ်ရေးခေါင်းဆောင်ရဲ့ လူတွေပဲ။ တော်သေးတာပေါ့ ရန်သူတွေမဟုတ်လို့...” သူတို့အားလုံးတွေးလိုက်မိကြသည်။

ဤသည်မှာ ဖှေးပထမဆုံးအနေဖြင့် လူရိုင်းစစ်သည်များကို ဆင့်ခေါ်ခြင်းပင်။ သူတို့၏ ပုံပန်းသွင်ပြင်သည်ဤမျှ ကြမ်တမ်းနေလိမ့်မည်ဟုသူမထင်ခဲ့ပေ။ သူမင်သက်သွားပြီး အမိန့်များအသီးသီးပေးလိုက်၏။

ဤလူရိုင်းစစ်သည်၁၅ယောက်သည် ကြုံး၀ါးလိုက်ကာ ခုန်ကျော်ခြင်းအစွမ်းကို အသုံးပြုလိုက်ပြီး ခံတပ်နံရံပေါ်မှခုန်ဆင်းသွားတော့၏။

“ကျား...”

“ကျား...”

တစ်ချိန်တည်းလိုလိုပင် ဟိန်းဟောက်ခံ၁၅သံထွက်ပေါ်လာ၏။ ဤလူရိုင်စစ်သည်များသည် ဟိန်းဟောက်ခြင်းအစွမ်းကိုအသုံးပြလိုက်ပြီး ရန်သူများအား ထိတ်လန့်သွားစေလိုက်၏။ သာမန်စစ်သည်များသည် လူရိုင်းဇာတ်ကောင်များ၏အစွမ်းများကို ခုခံနိုင်ခြင်းမရှိပေ။ ထို့ကြောင့် များပြားလှသည့် အကြောက်တရားများစွာကိုခံစားလိုက်ရပြီး လက်နက်များကို ချကာ ပြေးကြတော့၏။

“ဖုန်း ဖုန်း ဖုန်း...”

လူရိုင်းဇာတ်ကောင်များသည် အတော်တန်လျင်မြန်ဖြတ်လတ်ကြသည်။ သူတို့၏လက်ထဲတွင် ချွန်ထက်သည့်လက်နက်များကို ကိုင်ဆောင်ထားရင်းဖြင့် လှကား၂၀ကျော်ကို ဖျက်ဆီးကာ လှေကားအနီးနှင့် လှေကားပေါ်တွင်ရှိနေကြသည့် ရန်သူ၂၀၀ခန့်ကို သတ်ဖြတ်ပစ်လိုက်သည်။

မကောင်းဆိုး၀ါးများးနှင့် နှစ်ပေါင်းများစွာတိုက်ခိုက်လာခဲ့သည့်အတွက် ထိုလူရိုင်းများထံတွင် နတ်ဘုရားကဲ့သို့ စစ်ပွဲစွမ်းရည်များနှင့် နည်းပညာများပိုင်ဆိုင်ထားကြသည်။ လူရိုင်းစစ်သည်တစ်ယောက်ခြင်းစီတိုင်းသည် အညှာတာကင်းမဲ့သည့် လူသတ်ယန္တယားကြီးတစ်ခုကဲ့သို့ပင်။ အပေါ်မှကြည့်ပါက လူရိုင်းစစ်သည်၁၅ယောက်မှာ ရန်သူပင်လယ်ပြင်ကြီးထဲတွင်ရှိနေသည့် ကြီးမားသည့် ငါမန်းကကြီး ၁၅ကောင်ကဲ့သို့ပင်။

ဟိန်းဟောက်ခြင်း၊ အော်ဟစ်ခြင်းနှင့် ရန်စခြင်းအစွမ်းတို့ကို အဆက်မပြတ်အသုံးပြုနေကြပြီး တစ်ခါတစ်ရံတွင် ဆေးပုလင်းရှာဖွေခြင်းအစွမ်းကိုပါအသုံးပြု၍ လူသေအလောင်းများထံမှ သွေးနှင့် မန်နာကို ပြန်ဖြည့်နိုင်သည့်ဆေးပုလင်းများကို ရှာဖွေနေကြ၏။ လူရိုင်းစစ်သည်၁၅ယောက်သည် ပြည့်စုံစွာပင် ပူးပေါင်းဆောင်ရွက်နေပြီး ဖှေး၏မျက်လုံးထဲတွင် သေချာစွာလေ့ကျင့်ထားသည့် အထူးတပ်ဖွဲ့တစ်ခုကဲ့သို့ပင်။

ဖှေးသူတို့အား အနီးကပ်သေချာလေ့လာနေ၏။

ထိုလူရိုင်းစစ်သည်များသည် လယ်ဗယ်၁၅၊ ၁၆၀န်းကျင်တွင်ရှိနေကြောင်းကို သိရှိလိုက်သည်။ သူတို့သည် အစွမ်းများစွာမသင်ယူရသေးပေ။ ကြည့်ရသည့်ပုံအရ သူတို့သည် အစွမ်းဆယ်ခုခန့်ကိုသာ သင်ယူထားပြီး ဤကမ္ဘာပေါ်တွင် ကြယ်သုံးလုံးအဆင့်စစ်သည်များနှင့် ညီမျှသည်ဟုဆိုနိုင်၏။

သို့သော် ဤလူရိုင်းစစ်သည်များသည် အသိဉာဏ်သိပ်ရှိပုံပဲမရေ။ သူတို့သည် ဒိုင်ယာဘလိုကမ္ဘာမျ ထုံထိုင်းသည့် NPCများကဲ့သို့မဟုတ်သော်လည်း သူတို့ထံတွင် စစ်သည်များ၏ အလိုလျောက်တုန့်ပြန်နိုင်စွမ်းနှင့် သတ်ဖြတ်လိုသည့်ဆန္ဒတို့ကိုသာ ပိုင်ဆိုင်ထားကြ၏။ ထို့အပြင် NPCများနှင့်မတူပဲ ဒဏ်ရာရရှိပါက သွေးများလည်းထွက်လာတတ်၏။

ဖှေးအား အံ့သြစေသည်မှာ ဤလူရိုင်းဇာတ်ကောင်များအသုံးပြုသည့် ဆေးပုလင်းရှာဖွေခြင်းအစွမ်းသည် ဟော့ခ်ဆေးပုလင်းနှင့် သေဟန်ဆောင်ဆေးပုလင်းတို့အစား မန်နာဆေးပုလင်းနှင့် သွေးဆေးပုလင်းတို့ရရှိနေခြင်းပင်။

လူရိုင်းစစ်သည်များသည် လှေကားကြီး၄၀ခန့်ကို ဖျက်ဆီးပြီးသည့်အချိန်တွင် ဂျက်အင်ပါယာခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ရရှိလိုက်သည်။

“အတော်ရက်စက်ကြမ်းတမ်းတဲ့ စစ်သည်တွေပဲ။ အလံနှစ်စုံမြို့က ဒီစစ်သည်တွေကို ဘယ်အချိန်ကများရလိုက်တာလဲ။ အဲ့ကောင်တွေ င့ါလက်အောက်မှာ အလုပ်လုပ်မယ်ဆိုရင်အတော်ကောင်းမှာ...” မင်းသားဖာရင်တန်သည် တိုက်ပွဲအားကြည့်ရင်းဖြင့် ပြောလိုက်သည်။ သူ၏ခေါင်းဆောင်များနှင့် ဗျူဟာမှူးများသည် မင်းသား အရည်ချင်းရှိသည့်လူများကို နှစ်သက်သည်ကို သိရှိပြီးဖြစ်သော်လည်း ထက်မံ၍ မည်ကဲ့သို့တုန့်ပြန်ရမလဲမသိချေ။

“အဲ့စစ်သည်တွေ ဘယ်ကလာလဲဆိုတာ မင်းတို့ကောင်တွေသိလား...” မင်းသားသည်တစ်ဖက်သို့လှည့်ကာမေးလိုက်သည်။

“သူတို့က ချမ်းဘော့ဒ်ဘုရင်ရဲ့လူတွေထင်တယ်။ တပ်ကူတွေရောက်မလာခင်တုန်းကထိ အလံနှစ်စုံမြို့မှာ အဲ့လို စစ်သည်တွေမရှိသေးဘူး။” သားနားစွာ၀တ်ဆင်ထားသည့်လူတစ်ယောက်မှပြန်ဖြေလိုက်၏။

ဤလူသည် အသက်၄၀အရွယ်ခန့်ဖြစ်ပုံရပြီး စစ်မြေပြင်တွင်ရောက်ရှိနေခြင်းဖြစ်သော်လည်း ချပ်၀တ်၀တ်ဆင်ထားခြင်းမရှိပဲ လက်နက်လဲကိုင်ဆောင်ထားခြင်းမရှိပေ။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်တိုက်ပွဲကို လေ့လာကြည့်နေ၏။

သူသည် ဇီးနစ်အင်ပါယာမှ ဆွေကြီးမျိုးကြီးများ၀တ်ဆင်လေ့ရှိသော အပြာနုရောင်၀တ်ရုံတစ်ခုကို၀တ်ဆင်ထားပြီး ဂျက်အင်ပါယာမှ လူများကဲ့သို့ ကောက်ကွေးသောဆံပင်များ၊ မုတ်ဆိတ်များမရှိပေ။ ကြည့်ရသည့်ပုံအရ သူသည် ဇီးနစ်အင်ပါယာမှ ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်ပုံရ၏။

သူသည် ဂျက်အင်ပါယာဘက်သို့မည်ကဲ့သို့ရောက်ရှိလာသည်ကို သေချာမသိသော်လည်း သူသည်မင်းသားဖာရင်တန်ထံတွင် အညံ့ခံထားသည့်ပုံပင်။

ဤအချိန်တွင် သူ၏မျက်နှာပေါ်တွင် တည်ငြိမ်ကာလျို့၀ှက်သည့် အပြုံးတစ်ခုရှိနေပြီး ဂျက်အင်ပါယာခေါင်းဆောင်များထံမှ ရွံရှာသည့်အကြည့်များကို လျစ်လျူရှုထား၏။

“ချမ်းဘော့ဒ်ဘုရင်က ငါတို့ လမ်းကြောင်းမှာ တကယ်ကိုအတားဆီးတစ်ခုပဲကွ။ ငါတို့တွေအရှေ့ဘက်ကို ဆက်လက်ပြီးချီတပ်ချင်တယ်ဆိုရင် သူ့ကိုအရင်သတ်မှရမယ်...”

မင်းသားဖာရင်တန်သည် ဖှေးအား သူနှင့်တန်းတူတွေးထားပြီး ဖှေးနှင့်ပတ်သက်၍ ပို၍ပို၍စိုးရိမ်လာနေလျှက်ရှိသည်။

“ငါ့အမိန့်ကိုပြောလိုက် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းအဖွဲ့ စတင်တိုက်ခိုက်တော့။ ကလာ့တ်က ဒီစစ်သည်၁၅ယောက်ကို သတ်ပစ်လိုက်...”

All Chapters