← Chapters

အခန်း (၄၈၇)

Vol. 31 Ch. 487

အခန်း (၄၈၇)

Vol. 31 Ch. 487

“ဘုရားရေ ဒီကောင်တွေက တကယ့်စစ်သည်တွေပဲ...”

နောက်ဆုံးလူရိုင်းစစ်သည်သည် စွမ်းအားမြင့်ရန်သူနှစ်ယောက်ကို အသေခံကာ သတ်ဖြတ်လိုက်သည့်အချိန်တွင် ခံတပ်နံရံပေါ်တွင်ရှိနေကြသည့် ဇီးနစ်အင်ပါယာမှခေါင်းဆောင်များသည် လေးစားစွာဖြင့် သက်ပြင်းချလိုက်မိကြ၏။ မြင်ကွင်းသည် သူတို့အား စိတ်လှုပ်ရှားစေပြီး ရန်သူများ၏အင်အားများမှုကြောင့် သေဆုံးသွားခဲ့သည့်လူရိုင်းစစ်သည်၁၅ယောက်အတွက်လဲစိတ်မကောင်းဖြစ်လိုက်မိကြ၏။ အကယ်၍ ဤလူရိုင်းစစ်သည်၁၅ယောက်ကိုသာ ပို၍ဗျူဟာကျကျအသုံးပြုပါက ရန်သူများအား ပို၍ထိခိုက်စေနိုင်မည်ဖြစ်သည်။

သို့သော် ဤလူရိုင်းစစ်သည်၁၅ယောက်သေဆုံးသွားသည့်တိုင်အောင် ဖှေး၏ ခံစားချက်သည်ပြောင်းလဲသွားခြင်းမရှိပေ။

သူ ကန္တာရသိမ်းငှက်လေးကို ထုတ်ယူလိုက်ပြီး ပြန်လည်ပစ်ခတ်တော့သည်။

ခံတပ်နံရံအောက်တွင် ဂျက်အင်ပါယာမှစစ်သည်များတစ်ယောက်ပြီးတစ်ယောက်သေဆုံးကုန်ကြ၏။

ဤစစ်သည်များသည် ဂျက်အင်ပါယာ၏ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းအဖွဲ့မှ ကျွမ်းကျင်စစ်သည်များပင်။

သူတို့သည် သာမန်စစ်သည်များနှင့်ရောထွေးနေသော်လည်း ဖှေးသည် သူတို့အာ သတိထားမိနေဆဲပင်။ ဖှေး၏မျက်လုံးထဲတွင် ညအမှောင်ထဲမှမီးတုတ်များကဲ့သို့ပင် သူတို့အား ထင်ရှားစွာမြင်တွေ့နေရ၏။ ခနအတွင်းမှာပင် ဂျက်အင်ပါယာမှစစ်သည်၃၀သေဆုံးသွားကြ၏။ မင်းသား ဖာရင်တန်၏ အနှစ်သက်ဆုံးခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့် ကလာ့တ်ကိုလည်း ဖှေးသတ်ဖြတ်ပစ်လိုက်သည်။ ကျန်ရှိနေသည့် ကောင်းကင်ဘုံသတ်ဖြတ်ခြင်းအဖွဲ့၀င်စစ်သည်များမှာ အန္တရာယ်ကိုအာရုံခံမိသည့်အတွက်ကြောင့် နောက်သို့ စတင်၍ ဆုတ်ခွာလာကြတော့၏။

ဖှေးသည် အတွေကြုံမှ များစွာသင်ယူခဲ့ပြီးဖြစ်သော်လည်း သူ၏ဘေးတွင်ရှိနေသည့် စစ်ပွဲများစွာတိုက်ခိုက်ခဲ့ဖူးသော ခေါင်းဆောင်များလောက် စစ်ပွဲတစ်ခု၏အခွင့်ရေးများကို ဖမ်းဆုပ်ရာတွင် မကျွမ်းကျင်သေးပေ။ ထို့ကြောင့် ဖှေးသည် တိုက်ပွဲစတင်ပြီးသည့်အချိန်တွင် စစ်သည်များကို အမိန့်ပေးခြင်းအား ဘေးတွင်ရှိနေသည့် ခေါင်းဆောင်များကိုသာ တာ၀န်ပေးလိုက်ပြီး သူသည် အနောက်ဘက်ဂိတ်တံခါးပေါ်တွင်ရှိနေသည့် မျှော်စင်ပေါ်တွင်သာရှိနေလျှက်ရှိသည်။ သူသည် စွမ်းအားမြင့်ရန်သူများကို ရွေးချယ်သတ်ဖြတ်ကာ အန္တရာယ်ရှိနေသည့် ဇီးနစ်မှစစ်သည်များကို ကယ်တင်နေ၏။

ဤအခိုက်တန့်တွင် ဇီးနစ်အင်ပါယာမှ ခေါင်းဆောင်များနှင့် သူတော်စင်တပ်ဖွဲ့၀င်၃၀တို့မှာ တိုက်ပွဲတွင်ပါ၀င်နေပြီး ၁၀၀၀မီတာခန့်ရှည်လျားသည့် ခံတပ်နံရံပေါ်တွင် ရန်သူများဖြင့် အနီးကပ်တိုက်ခိုက်နေလျှက်ရှိကြသည်။

ဖှေး လူရိုင်းစစ်သည်၁၅ယောက်သေဆုံးသွားခြင်းကိုလည်း သိပ်ပြီးဂရုမစိုက်ချေ။ ထိုစစ်သည်များဤကမ္ဘာတွင်သေဆုံးသွားခြင်းသည် အမှန်တကယ်သေဆုံးသွားခြင်းမဟုတ်ပေ။ ဖှေး အလိုရှိပါက လူရိုင်းစစ်သည်များကို ထက်မံ၍ ဆင့်ခေါ်နိုင်သေးသည်။ သို့သော ဤကဲ့သို့ဆင့်ခေါ်နိုင်ခြင်းတွင်အကန့်သက်ရှိ၏။ လျို့၀ှက်ထူးဆန်းသည့် အေးစက်စက်အသံကြီးပြောသည်အရဖှေးသည် လူရိုင်းစစ်သည်များကို တစ်နေ့လျှင် သုံးကြိမ်သာ ဆင့်ခေါ်နိုင်၏။

ထို့ကြောင့် ဖှေးသည် ယနေ့တွင် လူရိုင်းစစ်သည်များကို နောက်ထပ်နှစ်ကြိမ်ဆင့်ခေါ်နိုင်သေးသည်ဟု ဆိုနိုင်၏။

သို့သော် ဖှေးဤကဲ့သို့မလုပ်သေးပေ။

ဘုရင်သည် ဤလူရိုင်းစစ်သည်၁၅ယောက်အား ပို၍ကောင်းမွန်စွာထိန်းချုပ်နိုင်သည့်နည်းလမ်းကို ရှာတွေ့သွားသလိုခံစားနေရ၏။ သူသည် စိတ်ကိုသာ အသုံးပြုပြီး လူရိုင်းစစ်သည်၁၅ယောက်ကို အမိန့်ပေးနိုင်သည့်အတိုင်းပင်။ သူသည် ထိုအမိန့်များကို ခေါင်းထဲတွင် တွေးလိုက်ရုံမျှဖြင့်ပင် လူရိုင်းစစ်ညသ်များသည် သူအလိုရှိသည့် ရန်သူကိုသာ ပစ်မှတ်ထားကြမည်ဖြစ်သည်။ ဤကဲ့သို့ဖြင် လူရိုင်းစစ်သည်များ၏ ထိရောက်မှုကို ပို၍တိုးပွားလာစေမည်ဖြစ်သည်။

သူသည် ဤလူရိုင်းစစ်သည်များကိုအသေခံတပ်ဖွဲ့အစား မည်ကဲ့သို့ ပို၍ထိရောက်စွာအသုံးချသင့်သည်ကို စဥ်းစားနေခဲ့၏။

......

ခံတပ်နံရံ၏ မြောက်ဘက်ခြမ်းတွင်ဖြစ်သည်။

ဂျက်အင်ပါယာမှစစ်သည်များသည် ဂိတ်တံခါးများရှိသည့် မြို့တော်၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့ကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေကြ၏။ ထို့ကြောင့် မြို့တော်၏ မြောက်ဘက်နှင့် တောင်ဘက်အခြမ်းတွင်ရှိသည့် ဖိအားမှာ အနည်းငယ်ပို၍လျှော့နည်းနေသည်ဟုဆိုနိုင်၏။ ဂျက်အင်ပါယာမှစစ်သည်များနှင့် ဇီးနစ်စစ်သည်တို့သည်တစ်ယောက်နှင့်တစ်ယောက်မြှားများဖြင့်သာ ပစ်ခတ်တိုက်ခိုက်လျှက်ရှိနေကြပြီး ဖှေကားကြီးများလည်းသိပ်မရှိပေ။

ခံတပ်နံရံမြောက်ဘက်ခြမ်းပေါ်တွင်တည်ရှိသည့် သေးငယ်သောအဆောက်ဦးလေးတစ်ခုပေါ်တွင် သားနားသည့် ချပ်၀တ်များ၊ ၀တ်ရုံများ၀တ်ဆင်ထားကြသည့်ဆွေကြီးမျိးကြီးများသည်တစ်စုံတစ်ခုအား ဆွေးနွေးနေကြ၏။

“စစ်မြေပြင် နံပါတ်၁ခေါင်းဆောင်က အတော်လေးမာတဲ့လူတစ်ယောက်ပဲ။ သူက ငါတို့အပေါ်ကို ရန်လိုနေတယ်ဆိုတာ သိသာတယ်...”

“ဒီကောင်က အဖွဲ့၀င်တိုင်းပြည်လေးတစ်ခုရဲ့ဘုရင်တစ်ပါးပါပဲ။ သူကို လောလောဆယ်အင်ပါယာက အသားပေးနေတာပဲရှိတယ်။ အဲ့တာနဲ့ပဲ ဒီကောင်က ငါတို့ကို လာစိန်ခေါ်နေတာလား။ စစ်ဘက်ဆိုင်ရာဌာနချုပ်နှဲ့ သူရဲကောင်းနန်းတော်က သူ့ကို လုပ်ချင်တာလုပ်ခွင့်ပေးထားတော့မလို့လား...”

“သူရဲကောင်းနန်းတော်ဟုတ်လား။ ဟားဟား သူက ပါးကွပ်သားသူရဲကောင်း၅ယောက်ကိုတောင် အနိုင်ယူထားတာလေ။ နောက်ပြီး တော့ အဆင့်၁ပါးကွပ်သားသူရဲကောင်းကလဲ ချမ်းဘော့ဒ်ဘုရင်ကို သဘောကျပြီးတော့ သူ့ကို ကာကွယ်ပေးချင်နေတဲ့ပုံပဲ။ သူရဲကောင်းနန်းတော်က သူ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး...”

“ဟုတ်တယ်။ နောက်ပြီးတော့ စစ်ဘက်ဆိုင်ရာဌာနချုပ်က သူ့ကို နံပါတ်၁စစ်ရေးခေါင်းဆောင် ရာထူးကိုပေးလိုက်ကတည်းက သူတို့ရဲ့ရည်ရွယ်ချက်ကအတော်လေးပေါ်လွင်နေပြီလို့ ပြောလို့ရတယ်...”

“ခင်ဗျားဆိုလိုချင်တာက အင်ပါယာက ကျွန်တော်တို့ကို ရှင်းပစ်ဖို့လုပ်နေတယ်ဆိုတာလား...”

ဆွေကြီးမျိုးကြီးများသည် မာနထောင်လွှားသည့်အသွင်ပြင်မရှိကြတော့ပေ။ သူတို့၏ စိတ်ထဲတွင် အကြောက်တရာများနှင့် တစ်ယောက်နှင့်တစ်ယောက်စကားပြောလျှက်ရှိနေကြပြီး ကောက်ချက်တစ်စုံတစ်ရာချမှတ်နိုင်ခြင်းမရှိကြသေးပေ။

ယခင်က သူတို့သည် အင်ပါယာ၏ ၀ေးလှံခေါင်ဖျားသည့်နေရာတွင်တည်ရှိသည့်အတွက် မြို့တော်အား လုပ်ချင်သလို လုပ်နေခဲ့ကြ၏၊ အင်ပါယာ၏ ဥပဒေများ၊ အမိန့်များသည် သူတို့အပေါ်သို့ မသက်ရောက်နိုင်ဟုပင်ယူဆထားခဲ့ကြသည်။ သို့သော် ချမ်ဘော့ဒ်ဘုရင်ရောက်လာသည့်အချိန်တွင် သူတို့၏ကံကောင်းချင်းများအဆုံးသတ်သွားသလို ခံစားလိုက်ရ၏။ ချမ်းဘော့ဒ်ဘုရင်သည် သူတို့အား ဖိထားသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်ဖြစ်ပြီး ချမ်းဘော့ဒ်ဘုရင် ယနေ့လုပ်ခဲ့သည့်အရာကို ပြန်တွေးလိုက်မိသည့်အချိန်တိုင်းတွင် သူတို့အားလုံး ကြောက်လန့်တကြားဖြင့် တုန်ခါလာကြ၏။

“ပါးစပ်ပိတ်ကြစမ်းကွာ...” သူစိတ်ရှုပ်သွား၍ ဖြစ်ပေလိမ့်မည် အခန်းထဲတွင်တစ်ခုတည်းရှိသည့် စားပွဲခုံတစ်ခု၏ရှေ့တွင် ထိုင်နေသည့် ဖတ်တီးသည် စားပွဲခုံအား ရိုက်ကာအော်လိုက်၏။

ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများအားလုံး ပါးစပ်ပိတ်သွားကြပြီး ဤဖတ်တီးကို တိတ်ဆိတ်စွာကြည့်လိုက်ကြ၏။

ထိုဖတ်တီးသည် အသက်လေးဆယ်အရွယ်ခန့်သာရှိဦးမည်ဖြစ်ပြီး သူ၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် ထိုင်ခုံပေါ်တွင် တောင်ကြီးတစ်ခုကဲ့သို့ထိုင်နေလျှက်ရှိ၏။ သူ၏ ၀လွန်းသည့် ခန္ဓာကိုယ်သည် ၀တ်ဆင်ထားသည့်ချပ်၀တ်ကိုပင် ပေါက်ထွက်စေတော့မည့်အတိုင်းပင။ သူသည် အရုပ်ဆိုးသည့်၀တ်တစ်ကောင်ကဲ့သို့ပင်။ သူ၏ မျက်လုံများနှင့် ပါးစပ်တို့သည် အဆီများထဲတွင် ပျောက်ကွယ်သွားတော့မည်ဟုထင်ရ၏။

ဤဖတ်တီး၏ နာမည်သည် ဆိုရိုယော့ခ်ဖြစ်ပြီး အလံနှစ်စုံမြို့တော်၏ မြို့တော်၀န်ပင်။

ဖှေးမရောက်လာမှီက သူသည် မြို့တော်အား အုပ်ချုပ်သူတစ်ယောက်ဖြစ်၏။

သို့သော် အရာအားလုံးသည် ယခုအချိန်တွင် ပြောင်းလဲသွားပြီဖြစ်၏။

ဆိုရိုယော့ခ်သည် သူ၏ဘေးပတ်ပတ်လည်တွင်ရှိသည့် စကားပြောသံများကြောင့် စိတ်ရှုပ်နေလျှက်ရှိပြီး သုံးဆယ်မိနစ်ခန့်ပင် ကြာနေပြီဖြစ်သည့် ဆွေနွေးမှုကို ရပ်တန့်ပစ်လိုက်သည်။ ဆွေကြီးမျိုးကြီးများသည် သူ့အား မျှော်လင့်သည့်မျက်လုံးများဖြင့် ၀ိုင်းကြည့်နေကြသော်လည်း သူအဖြေတစ်စုံတစ်ရာကို ပေးနိုင်ခြင်းမရှိသေးပေ။

ဤသည်မှာ သူပထမဆုံးအနေဖြင့် ဤကဲ့သို့ ပြသနာဖြင့် ကြုံတွေ့ဖူးခြင်းပင်။

ဤနံပါတ်၁ခေါင်းဆောင်အား နှစ်ကြိမ်တိုက်စမ်းသပ်ကြည့်ပြီးသည့်နောက်တွင် သူသည် ပုန်းကွယ်နေသည့် အန္တရာယ်ကို ထင်ထင်ရှားရှားပင်အာရုံခံမိနေ၏။ သူသည် သတ်ဖြတ်လိုသည့် ဆန္ဒများကို အာရုံခံမိနေသည်။ သူသည် ကြီမားသည့်၀ံပုလွေကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့် သိုးငယ်တစ်ကောင်ကဲ့သို့လည်း ခံစားနေရ၏။ အကယ်၍ သူမှားသွားပါက တစ်စစီစုတ်ဖြဲခံရမည်ဖြစ်သည်။

“ငါဘယ်အချိန်တုန်းက ဒီလိုအန္တရာယ်အရိပ်ယောင်ကိုအာရုံခံခဲ့မိတာပါလိမ့်...”

ဆိုရိုယော့ခ်သည် အရာအားလုံးကို ကွဲပြားစွာဆောင်ရွက်တတ်သည့် ချမ်းဘော့ဒ်ဘုရင်ကဲ့သို့သော ရန်သူမျိုးနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် စွမ်းအားကင်းမဲ့နေသလို ခံစားနေရ၏။

စွမ်းအားမြင့်ကာ အရှိန်၀ါကြီးသည့်လူများသည် ကုန်းမြေကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်သောလူများပင်။ ချမ်းဘော့ဒ်ဘုရင်သည်လည်း ဇီးနစ်အင်ပါယာ၏ အဆင့်၂ဆွေကြီမျိုးကြီးတစ်ယောက်ပင်။ ထို့အပြင် ဂျက်အင်ပါယာစစ်မြေပြင်၏ နံပါတ်၁ခေါင်းဆောင်ဆိုသည့် ရာထူးလဲရှိနေပြီး သူသည် သောင်းနှ့င်ချီသော ရန်သူများကို တစ်ယောက်တည်းတည်ငြိမ်စွာ ရင်ဆိုင်နိုင်သည့်ထိစွမ်းအားကြီးမားသည့်လူတစ်ယောက်လဲဖြစ်သည်။ ကြယ်နှစ်လုံးအဆင့်စစ်သည်တစ်ယောက်သာဖြစ်သည့်ဆိုရိုယော့ခ်သည် ဖှေးအား မည်သည့်နေရာတွင်မှ ယှဥ်နိုင်မည်မဟုတ်ပေ။

ဤအခိုက်တန့်တွင် သူသည် အလွန်စွမ်းအားကင်းမဲ့နေသလို ခံစားနေရ၏။

သားသတ်ရုံထဲမှ ၀က်တစ်ကောင်ကဲ့သို့ပင် မည်မျှပင် ရုန်းကန်စေကာမူလွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူသည် ခွင့်လွှတ်ပေးရန်သာ တောင်းဆိုနေပြီး အသတ်ခံရမည့်အချိန်ကို စောင့်နေရန်သာ တတ်နိုင်၏။

သို့သော် သူသည်အရှုံးပေးရန်အတွက် ဆန္မမရှိသေးပေ။

“ငါတို့ ချမ်းဘော့ဒ်ဘုရင်ရဲ့အမိန့်ကို လိုက်နာမှရမယ်။ တကယ်လို့ ငါတို့ အဲ့ခွေးရူးကို ဒေါသဖြစ်အောင်လုပ်လိုက်မိမယ်ဆိုရင် အကျိုးဆက်တွေက ပြင်းထန်လိမ့်မယ်။ ငါတို့တွေသူ့ကိုလှည့်စားမှရမယ်...အခွင့်ရေးကြုံလာပြီဆိုရင်တော့ ဟီးဟီး ဘာမဆိုဖြစ်သွားနိုင်တာာပေါ့ကွာ...” ဆိုရိုယော့ခ် ပြောလိုက်သည်။ “လူတိုင်းပဲ ငါတို့ လောလောဆယ်မှာတော့ တိုက်ရိုက်ရင်ဆိုင်လို့မရသေးဘူး။ ငါတို့စိတ်ရှည်မှရမယ် အခွင့်ရေးကြုံလာမှပါ...”

ဆိုရိုယော့ခ်သည် ဆွေကြီးမျိုးကြီးများထဲတွင် ခေါင်းဆောင်တစ်ယောက်ကဲ့သို့ပင်။ သူသည် ရက်စက်ယုတ်မာတတ်သည့်အတွက် ဤကဲ့သို့သောရာထူးကိုရရှိခဲ့ခြင်းပင်။ ထို့ကြောင့် အဆောက်ဦးထဲတွင် ရှိနေသည့် ဆွေကြီးမျိုးကြီးများအားလုံးသည် ခေါင်းငြိမ့်ကာ သဘောတူညီလိုက်ကြရ၏။

“မြို့တော်၀န်ကြီး ကားလ်၊ အဒမ်၊ မိုင်လာနဲ့ တစ်ခြားဆွေကြီးမျိုးကြီးတွေက ချမ်းဘော့ဒ်ဘုရင်ရဲ့အမိန့်ကို ဆန့်ကျင်ပြီး ခံတပ်နံရံပေါ်ကို ရောက်မလာခဲ့ကြဘူး။ ကျွန်တော်တို့ သူတို့ကို သတိပေးဖို့ လူလွှတ်လိုက်ရမလား...” ဆွေကြီးမျိုးကြီးလူတစ်ယောက်မှ တစ်စုံတစ်ခုကိုတွေးကာမေးလိုက်သည်။

“မလိုဘူး။ ချမ်းဘော့ဒ်ဘုရင် သူတို့ကိုရှင်းပစ်လိမ့်မယ်...” သူ၏ဘေးတွင်ရှိနေသည့် ကိုယ်ရံတော်နှစ်ယောက်ကို တွဲထူခိုင်းကာ ဆိုရိုယော့ခ် မက်တပ်ထလိုက်သည်။ ထို့နောက်တွင် ရက်စက်ကြမ်းကြုတ်စွာရယ်မောလိုက်ပြီး “အဲ့ကောင်တွေက င့ါကို ဆန့်ကျင်ချင်နေတာကြာပြီ။ ချမ်းဘော့ဒ်ဘုရင်ကိုအသုံးချပြီးတော့ သူတို့ကိုရှင်းပစ်လိုက်တာပေါ့ကွာ။ ဟီးဟီး အဲ့အဖိုးကြီးတွေက အသက်ကြီးပြီး ကောင်းကောင်းမတွေးနိုင်ကြတော့တဲ့ ကောင်တွေပဲ...”

ဤအခိုက်တန့်တွင် အပြင်မှကျယ်လောင်သည့် ပျော်ရွှင်စွာအော်ဟစ်အားပေးသံများကို ကြားလိုက်ရ၏။

“ဂျက်အင်ပါယာက စစ်သည်တွေဆုတ်ခွာကုန်ပြီဟေ့...”

“ဟားဟား လစ်စမ်းကွာ...မင်းတို့အမေနို့ပဲသွားစို့နေကြ...”

ဇီးနစ်စစ်သည်များ၏ ပျော်ရွှင်စွာအော်ဟစ်သံများထွက်ပေါ်လာပြီး တိုက်ပွဲသံများတိတ်စိတ်လာ၏။ ထို့နောက်တွင် ခရာသံများ၊ ဒရမ်သံများစွာထွက်ပေါ်လာပြီး တိုက်ပွဲအဆုံးသတ်သွာကြောင်းကို အချက်ပေးလိုက်၏။

“ဟမ်..ရန်သူတွေ ဆုတ်ခွာသွားပြီလား။ ငါတို့တွေသေချာသွားကြည့်ရအောင်...”

ဆိုရိုယော့ခ်လမ်းလျှောက်သည့်ပုံမှာ လေထိုးထားသည့်ဘောလုံးကြီးတစ်လုံးခုန်နေသကဲ့သို့ပင်။ သို့သော် သူ၏အနောက်တွင်ရှိနေသည့် မည်သည့်ဆွေကြီးမျိုးကြီးမှ ရယ်မောရဲခြင်းမရှိကြပေ။

အဆောက်ဦးထဲတွင် ပုန်းအောင်းနေကြသည့် ဆွေကြီးမျိုးကြီးများချောင်းကြည့်လိုက်ကြရာ မြေပြင်ပေါ်တွင်ရှိနေသည့်အလောင်းများစွာနှင့်အတူ ဆုတ်ခွာနေကြသည့် ဂျက်အင်ပါယာမှ စစ်သည်များကို တွေ့လိုက်ရ၏။

“နောက်ဆုံးတော့...” ဆွေကြီးမျိုးကြီးများအားလုံးသည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိကြ၏။ သူတို့သည်အစောင့်များတင်းကြပ်စွာချထားသည့် အဆောက်ဦးတစ်ခုထဲတွင် ပုန်းအောင်းနေကြသော်လည်း စစ်မြေပြင်အနီးတွင်ရှိနေကြသဖြင့် ကြောက်လန့်နေဆဲပင်။

“ချွင်...”

ဆိုရိုယော့ခ်သည် သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး ရန်သူအလောင်းတစ်ခုကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက်တွင သူ၏ချပ်၀တ်ကို သွေးများဖြင့် သုတ်လိုက်ပြီး သူ၏အစောင့်စစ်သည်များကိုလည်း ထိုကဲ့သို့ပြုမူရန်မှာကြားလိုက်၏။ ထို့နောက်တွင် ချပ်၀တ်အား ဓားရာနည်းနည်းပေးပြီးသည့်တိုင်အောင် စိတ်မချသေးဖြင့် အံကြိတ်ကာ သူ၏လက်များ၊ ခြေထောက်များကို ဓားဖြင့်အနည်းငယ်လှီးလိုက်၏။

All Chapters