← Chapters

အခန်း (၄၈၈)

Vol. 31 Ch. 488

အခန်း (၄၈၈)

Vol. 31 Ch. 488

ခန္ဓာကိုယ်နှင့် ဓားပေါ်တွင် သွေးများဖြင့် ဤဖတ်တီးမြို့တော်၀န်မှာ စစ်ပွဲမှပြန်လာသည့် စစ်သည်တစ်ယောက်ကဲ့သို့ပင်။

သူ၏ဘေးတွင်ရှိနေကြသည့် ဆွေကြီးမျိုးကြီးများသည်လည်း သူပြုလုပ်သည်ကို မြင်လိုက်ကြပြီး လိုက်ပါဆောင်ရွက်ကြ၏။

ဤဆွေကြီးမျိုးကြီးများ၏ ကိုယ်ရံတော်စစ်သည်များသည် ခံတပ်နံရံပေါ်မှအလောင်းများကို ခေါင်းလိုက်ဖြတ်နေကြ၏။ ဦးခေါငးပြတ်များသည် စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်အတွက် တိုကင်များကဲ့သိုပင်။ ခံတပ်နံရံပေါ်တွင် ရန်သူအများစုကိုသတ်ဖြတ်ခဲ့သည်မှာ သာမန်ဇီးနစ်စစ်သည်များဖြစ်ကြသော်လည်း ဤဆွေကြီးမျိုးကြီးများ၏ ကိုယ်ရံတော်စစ်သည်များသည် ထိုလူများထံမှ အမှတ်များလုယူနေသကဲ့သို့ပင်။

ကိုယ်ရံတော်စစ်သည်များ ဤကဲ့သို့လုပ်နေသည့်အချိန်တွင် ဇီးနစ်စစ်သည်များမှာ ယခုအချိန်မှသာ အနားယူရသည်ဖြစ်သောကြောင့် မောပန်းလျှက်သူတို့ကိုသာ အေးစက်စွာဖြင့် စိုက်ကြည့်နေကြ၏။

“ရပ်လိုက်။ သူက ငါတို့လူကွ။ ဒါက င့ါအကိုရဲ့အလောင်းပဲ။” သူ၏ပခုံးပေါ်တွင် ကြီးမားသည့်ဒဏ်ရာကြီးတစ်ခုရှိနေသည့် ငယ်ရွယ်သောဇီးနစ်စစ်သည်တစ်ယောက်သည် စိတ်ခံစားချက်ပြင်းထန်လာပြီး အလောင်းတစ်ခုကို ခေါင်းဖြတ်ရန်ပြင်နေသည့် မြို့တော်၀န်၏ ကိုယ်ရံတော်စစ်သည်တစ်ယောက်ကို ဘေးသို့ တွန်းထုတ်လိုက်၏။

“မင်း ညစ်ပတ်တဲ့ ပိုးမွှားကောင်။ မင်းက င့ါကို တွန်းရဲတယ်ပေါ့။” လဲခါနီးဖြစ်သွားသည့် ဤကိုယ်ရံတော်စစ်သည်မှာ ဒေါသဖြစ်သွား၏။

“ဒါက င့ါအကိုရဲ့အလောင်းပဲ သူကင့ါကို ကာကွယ်ပေးရင်းနဲ့သေသွားခဲ့တာ...” ဤငယ်ရွယ်သည့် စစ်သည်သည် သူ၏ခန္ဓာကိုယ်တုန်ခါနေလျှက် ငိုကြွေးနေ၏။ သူသည် ရန်သူ၏ဓားချက်ကြောင့်နှစ်ပိုင်းပြတ်တော့မည့်အချိန်တွင် သူ့ထက်အသက်နှစ်နှစ်ခန့်ပိုကြီးသည့်အကိုသည် သူ့အရှေ့သို့ ခုန်၀င်ကာ သူ့အား အသက်စွန့်ကာကွယ်ပေးခဲ့ခြင်းပင်။

“ထွီ လစ်စမ်းပါကွာ..သူကသေပြီးနေပြီ။ ခေါင်းဖြတ်တော့ရောဘာဖြစ်လဲကွ။ သူ့အလောင်းက မြေအောက်မှာ ပုပ်သိုးတော့မှာပဲ ငါ့အတွက် ရာထူးတိုးဖို့အမှတ်ဖြစ်လာတာကမှ ပိုပြီးတော့အသုံး၀င်သေးတယ်။” ဤကိုယ်ရံတော်သည် သူ၏အပေါင်းဖော်များ၏ လှောင်ပြောင်သည့်အကြည့်ကို အာရုံခံမိသဖြင့် မခံချင်ဖြစ်ကာ ဤဒဏ်ရာရနေသည့်စစ်သည်ကို အ၀ေးသို့ကန်ထုတ်ကာ ပြောလိုက်၏။

“ခင်ဗျားက ရဲရင့်တဲ့စစ်သည်တစ်ယောက်ရဲ့ ရုပ်အလောင်းကို စော်ကားနေတာလား...”

ကျန်ရှိနေသည့်စစ်သည်များ မက်တပ်ထလာကြပြီး ဤကိုယ်ရံတော်အား ဒေါသဖြင့် စိုက်ကြည့်လိုက်ကြသည်။ ငြိမ်းချမ်းသည့်အချိန်တွင် သူတို့သည် ဆွေကြီးမျိုးကြီးများ၏ အနိုင်ကျင့်မှုကို သည်းခံခဲ့ကြသည်။ သို့သော် အချိန်မရွေးသဆုံးသွားနိုင်သည့် စစ်ပွဲတစ်ခုထဲတွင်မူ သူတို့၏သည်းခံနိုင်စွမ်းမှာ နည်းပါးနေ၏။ သာမန်စစ်သည်များနှင့် ဆွေကြီးမျိုးကြီးများကြားမှ ပဍိပတ်ခများသည် ရှောင်လွှဲ၍မရပေ။ စစ်သည်များ၏ ဤဆွေကြီးမျိုးကြီးများအပေါ်တွင်ထားရှိသည့် အမုန်းတရားများမှာ ပို၍ပို၍ကြီးထွားလာနေလျှက်ရှိ၏။

ထို ကိုယ်ရံတော်သည် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်ခွာသွားပြီးမျက်လုံများထဲတွင် အကြောက်တရားများကို ပြသနေလျှက်ရှိသည်။ ပထမဆုံးနေဖြင့် သာမန်စစ်သည်များသည် သူ၏မျက်လုံးများထဲတွက် ကြောက်စရာကောင်းနေခြင်းပင်။

“ဘာတွေဖြစ်နေကြတာလဲ...” ဤအခိုက်တန့်တွင် ဆိုရိုယော့ခ်ရောက်ရှိလာ၏။

“ဆရာ ဒီကောင်တွေက အရှင့်ရဲ့အမိန့်ကို လွန်ဆန်နေကြတယ်...” ကိုယ်ရံတော်သည် ဤဖတ်တီး မြို့တော်၀န်အား အရာအားလုံးကို အမှန်တိုင်းပြောပြလိုက်၏။ ကိုယ်ရံတော်သည် မြို့တော်၀န်ကို အလွန်မင်းထိတ်လန့်သည့်အတွက် မည်သည်ကိုမှ ချဲ့ကား၍မပြောရဲသည်မှာ ထင်ရှားလှသည်။

“မင်းင့ါကို စိတ်ပျက်အောင်လုပ်နေတာပဲ ကားလ်။ မင်းဘယ်လိုစိတ်နဲ့လုပ်နေတာလဲ...” မြို့တော်၀န်သည် သူ၏ကိုယ်ရံတော်အား ဆူလိုက်၏။ “ဒီစစ်သည်တွေက ငါတို့အတွက် အသက်ပေးသွားတာပဲ။ မင်းလုပ်နေတာတွေက တိရိစ္ဆာန်တစ်ကောင်လိုပဲကွ...”

ထိုကိုယ်ရံတော်သည် အံ့သြသွား၏။ သို့သော် သူဘာမှ ပြန်မပြောရဲပေ။ သူသည် လျင်မြန်စွာပင်ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်၏။

“ဒီကောင့်ကို ကြိမ်ဒဏ်အချက်တစ်ရာပေးလိုက်။ ဒါအပြစ်ပေးတာပဲ...” ဆိုရိုယော့ခ်သည် သူ၏လက်ကို ၀ှေ့ရမ်းကာပြောလိုက်၏။

ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ သူ၏ကိုယ်ရံတော်ကို ဆန့်ကျင်ခဲ့သည့်စစ်သည်များကို ကြည့်လိုက်သည်။ “ငါ့ကိုယ်ရံတော်က စစ်သည်တစ်ယောက်ကို စော်ကားခဲ့မိတဲ့အတွက် ထိုက်တန်အောင်ပြစ်ပေးလိုက်ပြီ။ မင်းတို့ကောင်တွေက နိမ့်ကျတဲ့သာမန်စစ်သည်တွေပဲ ဘာလို့ င့ါအမိန့်ကို ဆန့်ကျင်ရဲရတာလဲ။ မင်းတို့ကောင်တွေ ဆွေကြီးမျိုးကြီးတွေရဲ့ဂုဏ်သရေကို စိန်ခေါ်ခဲ့တဲ့အတွက် မင်းတို့ကိုလည်း အပြစ်ပေးရမယ်။ မင်း မင်း မင်း မင်းတို့သုံးယောက်က ဒါတွေကို စတင်ခဲ့တာဆိုတော့ မင်းတို့တာ၀န်ခံရမယ်။ ခြေထောက်တစ်ချောင်းနဲ့ လက်တစ်ချောင်းစီဖြတ်ပစ်လိုက်ကြကွာ...”

ဆိုရိုယော့ခ်သည် ငယ်ရွယ်သည့်စစ်သည်နှင့် ဤစစ်သည်ဘက်မှပါခဲ့သည့်အသက်လတ်ပိုင်းအရွယ်စစ်သည်နှစ်ယောက်ကို ညွှန်ပြကာ ပြောလိုက်၏။

ခံတပ်နံရံပေါ်တွင်ရှိနေသည် စစ်သည်များအားလုံးအံ့သြသွားကြ၏။

ဆိုရိုယော့ခ်သည် မြို့တော်ထဲတွင် အာဏာများစွာရှိသည့်လူတစ်ယောက်ပင်။ သူသည် အုပ်ချုပ်ရေးအာဏာနှင့် ဘဏ္ဏာရေးအာဏာတို့ကို ထိန်းချုပ်ထား၏။ ရစ်ဘရီကိုယ်တိုင်ပင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့စရိတ်ရရှိရန်အတွက် ဆိုရိုယော့ခ်၏အနိုင်ကျင့်မှုကို မကြာခနခံနေရလျှက်ရှိသည်။ ထို့ကြောင့် ဆိုရိုယော့ခ်အတွက်မာမူ သာမန်စစ်သည်များ ခြေလက်များကို ဖြတ်ပစ်သည်မှာ ဘာမှမဟုတ်ရပေ။ သူအလို့ရှိပါက သတ်ဖြတ်ပစ်နိုင်သည့် အာဏာပါရှိနေ၏။

သူ့ထံတွင်လည်း ထိုကဲ့သို့လုပ်ရန်အတွက် လုံလောက်သည့်အကြောင်းပြချက်ရှိနေသည်။ ထိုစစ်သည်များသည် ဆွေကြီးမျိုးကြီးများ၏ အမိန့်အာဏာကိုဆန့်ကျင်ခဲ့သည့်အတွက်ပင်။ ဤသည်မှာ အင်ပါယာ၏ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်သည်ဟုလည်း ယူဆနိုင်၏။ ထို့ကြောင့် အပြစ်ပေးရန်အတွက်လုံလောက်သည်။

ဆိုရိုယော့ခ်သည် ဤအရာကိုအကြောင်းပြချက်တစ်ခုရှိသည့်အတွက် ပြုလုပ်ခဲ့ခြင်းပင်။

သူသည် နံပါတ်၁စစ်ရေးခေါင်းဆောင်ကို ဘာမှမလုပ်နိုင်သည့်အတွက် သူ၏ဒေါသကို ဤသာမန်စစ်သည်များအပေါ်သို့ ပုံချနေခြင်းပင်။ ထို့အပြင် သူသည် ဤစစ်သည်များအား တစ်ဖက်လှည့်ဖြင့် အာဏာပြလိုက်ခြင်းလဲဖြစ်သည်။ သူချမ်းဘော့ဒ်ဘုရင်အား ဘာမှမလုပ်နိုင်သည့်တိုင်အောင် သူတို့ကိုမူထင်သလို လုပ်နိုင်နေဆဲဖြစ်ကြောင်းကိုပင်။

“ချွင်...”

မြို့တော်၀န်၏ ကိုယ်ရံတော်များသည် သူတို့၏ဓားများကို ဆွဲထုက်ကာ စစ်သည်သုံးယောက်အား ဖမ်းဆီးလိုက်ကြ၏။

ကိုယ်ရံတော်တစ်ယောက်သည် သစ်သားဒိုင်းကာတစ်ခုကိုရှာတွေ့လာပြီး စစ်သည်သုံးယောက်ထဲမှ အရပ်ရှည်ဆုံးစစ်သည်တစ်ယောက်၏လက်အား ဒိုင်းကာနှင့် ပူးတွဲချည်လိုက်သည်။ သူ၏ဘေးတွင်ရှိနေသည့် ကိုယ်ရံတော်တစ်ယောက်သည် သူ၏ပုဆိန်ကို ကိုင်မြှောက်လိုက်၏။ ချွန်ထက်သည့်ပုဆိန်သွားမှ နေအလင်းရောင်ပြန်ဟပ်လာ၏။

ထိုနေရာတစ်၀ိုက်တွင်ရှိနေသည့် စစ်သည်များအောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သူတို့ ဤကဲ့သို့သောမြင်ကွင်းကို မြင်တွေ့လိုခြင်းမရှိပေ။

ဤကမ္ဘာပေါ်တွင် ရာထူးအရှိန်၀ါမှာ အလွန်အရေးကြီးလှသဖြင့် သာမန်စစ်သည်များသည် အလွန်စိတ်ဆိုးနေကြသော်လည်း ဆွေကြီးမျိုးကြီးများကို မလွန်ဆန်ရဲကြပေ။ ကိုယ်ပိုင်စွမ်းအားမပြည့်စုံပါက ဤကဲ့သို့သောအခြေအနေမျိးတွင် သူရဲကောင်း၀င်လုပ်ခြင်းကြောင်းဆိုး၀ါးသောအကျိုးဆက်များသာဖြစ်လာနိုင်၏။

“ဒုတ်...”

ပုဆိန်အား သစ်သားဒိုင်းကာပေါ်သို့ခုတ်ချလိုက်၏။

သွေးများပန်းထွက်လာပြီး ကြမ်းလျှသည့်အော်ဟစ်သံတစ်ခုလည်းထွက်ပေါ်လာသည်။ ထိုစစ်သည်သည် နာကျင်စွာအော်ဟစ်နေပြီး သူ၏ခန္ဓာကိုယ်သည်လည်း နာကျင်မှုကြောင့် ပြင်းထန်စွာပင်တုန်ခါနေလျှက်ရှိသည်။ သူသည် အံ့ကြိတ်ကာ သတိလစ်မသွားရန်အတွက် ကြိုးစားနေလျှက်ရှိသည်။

ဤအခိုက်တန့်တွင် အမုန်းတရားများကို သူ၏မျက်လုံးများထဲတွင် ထင်ရှားစွာမြင်နေရ၏။

“မင်းင့ါကို ကြည့်နေတဲ့ပုံကိုမကြိုက်ဘူး။ မင်းက င့ါကို မုန်းဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့ မင်းရဲ့ ခြေထောက်နောက်တစ်ဖက်ကို ဆက်ဖြတ်ဖို့ကိုလည်း ငါက၀န်လေးနေမှာမဟုတ်ဘူး စစ်သည်။” ဆိုရိုယော့ခ်သည် သူ၏ဦးခေါင်းကိုခါရမ်းကာပြောလိုက်သည်။ ထို့နောက်တွင် ပုဆိန်ကိုင်ထားသည့် သူ၏ကိုယ်ရံတော်ကိုကြည့်လိုက်ပြီး အမိန့်ပေးလိုက်၏။ “ဆက်လုပ်...”

ထိုကိုယ်ရံတော်စစ်သည်သည် သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ရယ်မောကာ သူ၏ပုဆိန်ကို ထက်မံ၍ ကိုင်မြှောက်လိုက်သည်။

“အဲ့ခွေးမသား ဆိုရိုယော့ခ်ဆိုတဲ့ကောင်ဘယ်မှာလဲ ထွက်ခဲ့စမ်းကွာ။ ဟမ် ဒီမှာ ဘာတွေဖြစ်နေကြတာလဲ ရန်သူစစ်သည်တွေကို ကွပ်မျက်နေတာလား...” ကျယ်လောင်သည့်အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

လူတိုင်း၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

“ခွေးမသားတဲ့။ ဘယ်သူကများ မြို့တော်၀န်ကို အဲ့လိုခေါ်ရဲတာလဲ...” သူတို့တွေးလိုက်မိကြသည်။

ဆိုရိုယော့ခ်၏မျက်နှာသည်လည်းချက်ချင်းပင် ပျက်သွား၏။ သူ၏အပြုံးသည်မျက်နှာပေါ်မှ ပျောက်ကွယ်သွားပြီးတစ်စုံတစ်ယောက်မှ ဖြတ်ရိုက်လိုက်သကဲ့သို့မှုန်ကုပ်ကုန်ဖြစ်သွားတော့၏။

သူ၏ဘေးတွင်ရှိနေသည့် ဆွေကြီးမျိုးကြီးတစ်ယောက်သည် ဒေါသဖြင့် အော်ဟစ်လိုက်သည်။ “ဘယ်ကောင်လဲကွ မြို့တော်၀န်ကို စော်ကားရဲတာ ထွက်ခဲ့စမ်း...”

“ဟားဟား ပီးရာ့စ် သူမင်းကို တွေ့ချင်တယ်တဲ့ မင်းတော့သေပြီ။ မင်းဆွေကြီးမျိုးကြီးတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိပြီထင်တယ်...” ဆိုရိုယော့ခ်အား စော်ကားခဲ့သည့်လူ၏အပေါင်းဖော်သည်လည်း လိုက်ပါနောက်ပြောင်နေသည့်ပုံပင်။

“ငါ့ကို ထွက်ခဲ့စမ်းဟုတ်လား။ မင်းကအတော်သတ္တိကောင်းတာပဲ။ ငါဒီမှာပဲ မင်းဘာလုပ်ချင်လဲ...” ပထမလူသည် အော်ဟစ်လိုက်ပြီး စစ်သည်များကို တိုး၀ှေ့ကာထွက်လာ၏။ ဤလူသည် အရပ်နှစ်မီတာခန့်မြင့်မားကာ အဖြူရောင်ဆံပင်များကို ပိုင်ဆိုင်ထားသည်။ သူသည် ကောက်ရိုးမျှင်တစ်ခုကို ၀ါးနေ၏။

လူတိုင်းအံ့သြနေသည့်အချိန်တွင် တူညီသောခန္ဓာကိုယ်အရွယ်စားရှိသည့်လူတစ်ယောက်သည်လည်း လမ်းလျှောက်ကာထွက်လာ၏။ သူသည်လည်း ကောက်ရိုးမျှင်တစ်ခုကို ၀ါးနေလျှက်ရှိသည်။ ဤလူတွင် အမဲရောင်ဆံပင်ရှည်များရှိနေပြီး ထိုဆံပင်များကိ မြင်းမှီးတစ်ခုကဲ့သို့စုကာ ချည်နှောင်ထား၏။

ဤလူသည် ပတ်၀န်းကျင်သို့လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။ထို့နောက်တွင် သူ၏မျက်လုံးများသည် ဆိုရိုယော့ခ်အပေါ်သို့ ကျရောက်သွားတော့၏။ သူသည် မြို့တော်၀န်၏ ခန္ဓာကိုယ်အရွယ်စားကြောင့် ထိတ်လန့်အံ့သြသွားမိသည့်ပုံပင်။ ထို့နောက်တွင် သူသည်အဖြူရောင်ဆံပင်နှင့်လူ၏ပခုံးကို ပုတ်ကာရယ်မောလိုက်၏။ “ကြည့်စမ်း ဒီ၀က်ကြီးရဲ့ ခန္ဓာကိုယ်အရွယ်စားက ငါတို့အိုလတ်ဂ်ထက်တောင်ပို၀နေသေးတယ်...”

“အိုလတ်ဂ်ထက်လဲ အရပ်ပုတယ်ကွ...” အဖြူရောင်ဆံပင်နှင့်လူလဲ သူ၏မျက်လုံးများကို ကျင်းမြောင်းကာ ပြန်ဖြေလိုက်၏။

“အေး...” အမဲရောင်ဆံပင်နှင့် လူသည် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။ “မင်းပြောတာမှန်တယ်။ သူက ပို၀ပြီးအရပ်ပိုပုနေတာ။ ပြောရမယ်ဆို ၀က်ကြီးတစ်ကောင်လိုပဲ...”

ဤလူထိုကဲ့သို့ပြောလိုက်သည့်အချိန်တွင် လူတိုင်းရယ်မောလုနီးနီးပင်။ အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့်လူတိုင်းမြို့တော်၀န်၀သည်ကို သိရှိသော်လည်း ဤသည်မှာ ပထမဆုံးအနေဖြင့် မြိုတော်၀န်အား တစ်စုံတစ်ယောက်မှ ၀က်ဟုခေါ်လိုက်ခြင်းပင်။

“မြို့တော်၀န်က သူ၀တာကို စနောက်ရင်အတော်စိတ်ဆိုးတာ။ ဒီလူနှစ်ယောက်က ဘယ်ကကောင်တွေလဲ။ သူတို့က မြို့တော်၀န်ကို ဘာလို့ လှောင်ပြောင်ရဲနေကြတာလဲ...” လူများတွေးလိုက်မိကြ၏။

“မင်းကများ...”

“သတ်ပစ်လိုက်စမ်းကွာ...”

“မင်တို့ကောင်တွေမြို့တော်၀န်ကို စော်ကားလိုက်တာပဲ...”

ဆိုရိုယော့ခ်သည် ဒေါသဖြစ်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးပင်တုန်ခါလာ၏။ သူ၏ဘေးတွင်ရှိနေကြသည့် အစောင့်များနှင့် ဆွေကြီးမျိုးကြီးများမှာ အော်ဟစ်လိုက်ကြတော့၏။

“မြို့တော်၀န်ဟုတ်လား။ ဒီ၀က်ကြီးက မြို့တော်၀န်လား။” အဖြူရောင်ဆံပင်နှင့်လူသည် သူ၏ပါးစပ်ထဲမှ ကောက်ရိုးမျှင်ကို ထွေးထုတ်လိုက်၏။ သူ၏ဘေးတွင်ရှိသည့်အဖော်ကိုကြည့်ကာ ပခုံးတွန့်လိုက်ပြီး “ခင်ဗျားကို အရေးကြီးသတင်းတစ်ခုပေးးဖို့ရှိတယ်...”

တစ်၀က်တွင် သူသည်တစ်ဖက်သို့လှည့်ကာ သူ၏အဖော်ကိုကြည့်လိုက်ပြီး “ဟေး အရှင်မင်းကြီးက စောင့်နေတယ်ဆိုတာကို မင်းသူ့ကိုပြောပြလိုက်ကွ...”

အမဲရောင်ဆံပင်နှင့်လူသည် ခေါင်းငြိမ့်ကာ ဆိုရိုယော့ခ်အား ထက်မံ၍စိုက်ကြသည့်လိုက်သည်။ထို့နောက်တွင် ရယ်မောလိုက်ပြီး “ခင်ဗျားက မြို့တော်၀န်လား...”

ဆိုရိုယော့ခ်ဘာမှ မတုန့်ပြန်နိုင်သေးခင်မှာပင် သူဆက်ပြောလိုက်၏။ “ကျွန်တော်က ဒရော့ဂ်ဘာ၊ သူကပီးရာ့စ်ပါ။ ကျွန်တော်တို့က ချမ်းဘော့ဒ်ဘုရင်ရဲ့လူတွေပါ။ အရှင်မင်းကြီးက ခင်ဗျားကို အနောက်ဘက်ဂိတ်တံခါးက မျှော်စဥ်ပေါ်ကို လာခဲ့ပြီးတော့ သတင်းပို့ဖို့မှာလိုက်တယ်။ ဟီးဟီး မြို့တော်၀န် အတူလိုက်ခဲ့ပါ...”

All Chapters