← Chapters

အခန်း (၄၈၉)

Vol. 31 Ch. 489

အခန်း (၄၈၉)

Vol. 31 Ch. 489

“ဒီကောင်တွေက ချမ်းဘော့ဒ်ဘုရင်ရဲ့လူတွေလား...”

ခံတပ်နံရံပေါ်တွင်ရှိနေသည့် စစ်သည်များသည် မျှော်လင့်ချက်အနည်းငယ်ကိုမြင်လိုက်သည့်အတွက် အနည်းငယ်ပျော်ရွှင်သွားကြ၏။

သို့သော် ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ကိုယ်ရံတော်များ၏မျက်နှာအမူယာများမှာမူ ကြောင်အန်းအန်းဖြစ်ကုန်ကြတော့၏။ သူတို့သည် ခေါင်းများငုံ့ထားကာ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့၏ မျက်လုံးများကိုကြည့်ရဲခြင်းမရှိကြပေ။ သူတို့သည် ယခင်က လူသန်ကြီးနှစ်ယောက်ကို အော်ဟစ်ကြိမခဆဲနေခဲ့ကြသော်လည်း ယခုအချန်တွင်မူဘာမှမလုပ်ရဲကြတော့ပေ။

သူတို့သည် ခံတပ်နံရံပေါ်တွင် မြို့တော်၀န်၏ သတင်းပို့စစ်သည်မည်ကဲ့သို့ဖြစ်သွားသည်ကို သိရှိကြပြီး စစ်ဘက်ဆိုင်ရာစခန်းတွင် ဆူညံဆူညံသွားလုပ်ခဲ့ကြသည့်ဆွေကြီးမျိုးကြီးလူငယ်များ ကွပ်မျက်ခံရသည်ကို သိရှိသည့်အတွက်ပင်။ ထိုအရာများအားလုံးသည် မြို့တော်၀န်သည် ချမ်းဘော့ဒ်ဘုရင်၏ သည်းခံနိုင်စွမ်းကို စမ်းသပ်မိခဲ့သဖြင့် ဖြစ်ပျက်သွားခြင်းပင်။ ထို့ကြောင့် ယခုအချိန်တွင် ဆွေကြီးမျိုးကြီးများသည် သူ့အား မစမ်းသပ်သင့်ကြောင်းကို သိလာပြီဖြစ်သည်။ ယခုအချိန်တွင် ဆွေကြီးမျိုးကြီးများသည် ချမ်းဘော့ဒ်ဘုရင်၏ သတင်းပို့စစ်သည်နှစ်ယောက်ကိုဘာမှမပြောရဲကြပေ။ ဤအခိုက်တန့်တွင် သူတို့သည် နတ်ဆိုးကဲ့သို့သော အဆင့်၁ခေါင်းဆောင်သည် သူတို့အား ပစ်မှတ်မထားရန်ကိုသာ ဆုတောင်းနေကြ၏။

ဆိုရိုယော့ခ်သည်လည်း ထိတ်လန့်အံ့သြနေ၏။

ချမ်းဘော့ဒ်ဘုရင်သည် သူ့အားတွေ့လိုနေသည်ဆိုသည်မှာ သူ့အားအလွန်ထိတ်လန့်စေသည့်အတွက်ပင်။ ဤလူသန်ကြီးနှစ်ယောက်၏မျက်နှာပေါ်မှ ခနဲ့သည့်အမူယာများသည် သူ့အား အလွန်ဒေါသဖြစ်စေသော်လည်းဘာမှမလုပ်နိုင်ချေ။ ပုံမှန်အတိုင်းဆိုလျှင် တစ်စုံတစ်ယောက်သည် သူ၏၀ဖိုင့်သည့်ခန္ဓာကိုယ်ကို လှောင်ပြောင်လာပါက သူ၏ကိုယ်ရံတော်များကို ထိုလူအား နတ်နုတ်စင်းစေရန်အမိန့်ပေးမည်ဖြစ်သည်။

“မစ်စတာ အလတ်ဇန္ဒားက င့ါကို တွေ့ချင်နေတယ်ဆိုတော့ ငါအဲ့ကို သွားလိုက်မယ်...” ဆိုရိုယော့ခ်သည် နီရဲနေသည့်မျက်နှာတစ်ခုဖြင့်ပြောလိုက်သည်။ သူသည် အတတ်နိုင်ဆုံးကြီးစားကာ ဒေါသကိုချုပ်တည်းလိုက်သည်။ ထို့နောက်တွင် ကျန်ရှိနေသည့် ဆွေကြီးမျိုးကြီးများဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ဒါကအခွင့်ကောင်းတစ်ခုပဲ ငါတို့ကောင်တွေအကုန်သွားပြီးတော့ စစ်မြေပြင်နံပါတ်၁ခေါင်းဆောင်ကို သွားနှုတ်ဆက်ကြတာပေါ့...”

“မြို့တော်၀န်ကြီး ဒီသုံးယောက်ကိုရော...” လက်ထဲတွင် သွေးစွန်းနေသည့် ပုဆိန်ကို ကိုင်ထားသည့် ကိုယ်ရံတော်သည် တိုးညှင်းသည့်အသံဖြင့် မေးလိုက်၏။

“သူတို့ကို လောလောဆယ်တော့ ဖမ်းချုပ်ထားလိုက်ကွာ။ ငါပြန်လာမှ ဆက်ရှင်းမယ်...” ဆိုရိုသည် ထိုကိုယ်ရံတော်အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်ပြီးပြောလိုက်၏။ ထိုအစောင့်သည် ချက်ချင်းပင် သူ၏လူများကို ခေါ်လိုက်ပြီး ဤသနားစရာကောင်းသည် စစ်သည်သုံးယောက်ကို ဆွဲခေါ်သွားရန်ပြင်လိုက်သ်ည။

“ခနနေဦး...” ဒရော့ဂ်ဘာသည် ဤမြင်ကွင်းကို မြင်လိုက်ကာ မျက်မှောင်ကြုံ့လိုက်သည်။

သူမေးလိုက်၏။ “ဒီလူသုံးယောက်က ဇီးနစ်စစ်သည်ယူနီဖောင်းတွေ၀တ်ဆင်ထားတာပဲ။ နောက်ပြီးတော့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေနဲ့ ဒီကောင်တွေကဂျက်အင်ပါယာက စစ်သည်တွေမို့လို့လား။ ဘာလို့ဒီလောက်ပြင်းပြင်းထန်ထန်အပြစ်ပေးနေရတာလဲ...”

“ဟမ်..ဒီကောင်တွေက သတင်းမှားတွေဖြန့်နေပြီး စစ်သည်တွေကို သစ္စာဖောက်ပုန်ကန်ဖို့တိုက်တွန်းနေလိုပါ။ ရလဒ်အနေနဲ့ မြို့တော်၀န်ကဒီလိုအပြစ်ပေးဖို့အမိန့်ထုတ်ထားတယ်...” မြို့တော်၀န်၏ ကိုယ်ရံတော်မှ ရှင်းပြလိုက်သည်။

“ဟမ်။ စစ်သည်တွေကို ပုန်ကန်ဖို့တိုက်တွန်းတယ်ဟုတ်လား။ ဒါဆိုသတ်ပစ်သင့်တာပေါ့...” ဒရော့ဂ်ဘာသည် ခေါင်းငြိမ့်ကာ ပြောလိုက်၏။

ဆိုရိုယော့ခ်မှာ စိတ်သက်သာသွားပြီးသက်ပြင်းချလိုက်၏။ သူ၏နဖူးတွင်စီးကျနေသည့်ချွေးများကိုပင် မသိမသာသုတ်လိုက်သေးသည်။

“ဘုရားမလို့ပဲ ဒီလူသန်ကြီးနှစ်ယောက်က အတော်လေးတုံးတာပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါသူတို့ကို ဒီလောက်လွယ်လွယ်ကူကူလိမ်နိုင်မှာမဟုတ်ဘူး...” ထိုကိုယ်ရံတော်စစ်သည်မှ တွေးလိုက်မိသည်။

“မဟုတ်ဘူး။ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲ့လိုမလုပ်ခဲ့ဘူး။ မတရားစွပ်စွဲခံရတာပါ။ ကျေးဇူးပြုပြီး ဆာ...” အကိုဖြစ်သူ၏ အလောင်းကို ကာကွယ်ရာမှစတင်၍ ပြသနာတက်ခဲ့သည့် စစ်သည်လူငယ်မှ အော်ပြောလိုက်၏။

“ပါးစပ်ပိတ်...” ထိုကိုယ်ရံတော်စစ်သည်မှ အော်လိုက်သည်။

“ပါးစပ်ပိတ်...” ဒရော့ဂ်ဘာသည်လည်း လိုက်အော်လိုက်၏။ ခနတာရပ်အပြီးတွင် သူသည် ထိုသနားစရာကောင်းသည့်စစ်သည်အား ရက်စက်စွာစိုက်ကြည့်လိုက်ပြီးပြောလိုက်၏။ “မင်းက အဆင့်နိမ့်စစ်သည်တစ်ယောက်ပဲ။ မင်း၀င်ပြောရမယ့်နေရာမဟုတ်ဘူး...”

စစ်သည်လူငယ်မှာ ကျက်သေသေသွား၏။

သူ့တွင်ရှိနေသည့် မျှော်လင့်ချက်များအားလုံးသည် ကုန်ခမ်းသွားပြီဖြစ်၏။ သူသည် ချမ်းဘော့ဒ်ဘုရင်၏ လူများဖြစ်သည့် ဤလူသန်ကြီးနှစ်ယောက်ကို သူတို့အားကယ်တင်မည့်လူများဟုထင်ခဲ့သည်။ သို့သော် သူတို့သည်လည်း အလံနှစ်စုံမြို့တော်မှ ဆွေကြီးမျိုးကြီးများကဲ့သို့ပင် ပြုမူလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကြည့်ရသည့်ပုံအရ ဤလူသန်ကြီးနှစ်ယောက်သည်လည်း မြို့တော်၀န်နှင့်တိုက်ခိုက်လိုသည့်ပုံမရှိပေ။ ဤစစ်သည်လူငယ်၏မျက်နှာပေါ်တွင် ခါးသက်သည့်အပြုံးတစ်ခုပေါ်လာ၏။

“ဟားဟား ဟားဟားဟား” ဤမြင်ကွင်းကို မြင်သည့်အချိန်တွင် လက်အဖြတ်ခံလိုက်ရသည့်စစ်သည်မှာ ရယ်မောလိုက်၏။ သူရယ်မောနေသော်လည်း သူ၏မျက်လုံးပေါ်တွင် မျက်ရည်များနှင့် ပြည့်နှက်နေ၏။ လူတိုင်းသည်ဤရယ်သံထဲတွင် မျှော်လင့်ချက်မဲ့သည့်အရိပ်ယောင်များကို ကြားနေရ၏။ သူ၏စိတ်ဒဏ်ရာသည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာထက်ပင် ပို၍ပြင်းထန်နေကြောင်းကို သူတို့အားလုံးနားလည်လိုက်ကြ၏။

ဤနေရာတစ်၀ိုက်တွင်ရှိနေသည့် စစ်သည်များအားလုံးသည် မျက်ရည်၀ိုင်းလာကြတော့၏။

မည်သူမှ ဤကဲ့သို့သော ရလဒ်ကို ခန့်မှန်းမထားကြပေ။ သူတို့သည် အကယ်တင်ခံရမည်ဟုသာ ထင်ထားခဲ့ကြသည့်အတွက်ပင်။

သို့သော် ဆိုရိုယော့ခ်၏မျက်နှာမှာမူအရောင်ပြောင်းလဲသွား၏။ သူ၏မျက်လုံးများကို ကျဥ်းမြောင်းကာ တွေးလိုက်သည်။ “ချမ်းဘော့ဒ်ဘုရင်က အဲ့လောက်ပေါင်းသင်းရမခက်လောက်ပါဘူး။ အနည်းဆုံးတော့ သူ့ရဲ့လူနှစ်ယောက်က နိမ့်ကျတဲ့စစ်သည်တွေဘက်ကနေရပ်တည်ပေးတဲ့လူမျိုးမဟုတ်တော့...”

သူသည် အနည်းငယ်ပျော်ရွှင်သွား၏။

“ဟေး မင်း။ အေးဟုတ်တယ် မင်းလာခဲ့စမ်း။ ဒီစစ်သည်တွေက ဘယ်လိုလုပ်ပြီးသတင်းမှားတွေဖြန့်ပြီးတော့ သစ္စာဖောက်ဖို့စည်းရုံးတာလဲပြောစမ်းကွာ..” ဒရော့ဂ်ဘာသည် ကိုယ်ရံတော်တစ်ယောက်အားလှမ်းခေါ်ကာမေးလိုက်သည်။ သူ၏မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုရှိနေဆဲပင်။

“ဟုတ်ပါတယ် ဆာ။ ဒီလိုပါ ဒီသုံးယောက်က ရန်သူတွေလာတိုက်တုန်းက သေရမှာကြောက်ပြီးတော့ ပုန်းနေကြတယ်။ နောက်ပြီးရန်သူတွေဆုတ်ခွာသွားမှ ထွက်လာကြပြီးတော့ ဒီလိုသတင်းတွေကို ဖြန့်နေပါတယ်။ သူတို့ပြောတာက အလံနှစ်စုံမြို့က အသိမ်းပိုက်ခံရတော့မှာဆိုပြီး စစ်သည်တွေကို မြို့တော်ကို စွန့်ခွာပြီးထွက်ပြေးကြဖို့တိုက်တွန်းနေကြတယ်။” ကိုယ်ရံတောသည် ဒရော့ဂ်ဘာထံသို့ လမ်းလျှောက်လာပြီး အလိမ်ညာများစွာကိုပြောလိုက်၏။

“တကယ်လား..” အေးစက်သည့်အပြုံးတစ်ခုသည် ဒရော့ဂ်ဘာ၏မျက်နှာပေါ်တွင်ပေါ်လာတော့၏။

“ဟုတ်ပါတယ် ကျွန်တော်ကျိမ်ပြောရဲပါတယ်။ ကျွန်တော်ပြောခဲ့တဲ့အရာမှန် သမျှက အမှန်တွေကြည့်ပဲပါ။” ဤကိုယ်ရံတော်သည် ကောင်းကင်အား လက်ညိုးထိုးပြီး ကျိမ်ဆိုလိုက်၏။

ဒရော့ဂ်ဘာသည် ဤကိုယ်ရံတော်အနားသို့ကပ်သွားလိုက်ပြီး မေးလိုက်သည်။ ‘မင်းက င့ါကို တကယ်ပဲစောက်ပိန်းတစ်ကောင်လို့ ထင်နေတာလား...”

“ဟမ် စောက်ပိန်းလား။ မဟုတ်ပါဘူး ဆရာက အတော်လေးကြီးကျယ်ပြီးတော့ စွမ်းအားမြင့်မားတဲ့ပုံပေါက်ပါတယ်။” ဤကိုယ်ရံတော်သည် မြှောက်ပင့်သည့်အပြုံးတစ်ခုနှင့်အတူ ပြန်ဖြေလိုက်၏။

မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် ဤလူသန်ကြီးသည် သူ၏လက်၀ါးဖြင့် ဤကိုယ်ရံတော်စစ်သည်အား ပိတ်ရိုက်လိုက်၏။ ပြင်းထန်စွာရိုက်နှက်ခံလိုက်ရသည့် ဤအစောင့်စစ်သည်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် လည်ပတ်သွားပြီး သူ၏ငွေရောင်ဦးဆောင်းသည် ခံတပ်နံရံပေါ်မှ ပြုတ်ကျသွား၏။

“ထွီ...ငါကစောက်ပိန်းမဟုတ်ဘူးဆိုတာကို သိရင်။ မင်းက ဘာလို့ လာလိမ်နေတာလဲကွ..” ဒရော့ဂ်ဘာသည် ဤကိုယ်ရံတော်အား ထက်မံရိုက်နှက်လိုက်ပြီးအော်ဟစ်လိုက်၏။ ဤတစ်ကြိမ်တွင်မူ ကိုယ်ရံတော်သည် မြေပြင်ပေါ်သို့ပင် ပစ်လဲသွားတော့၏။

ဤကဲ့သို့ပြုမူပြီးသည့်တိုင်အောင် ဒရော့ဂ်ဘာသည် ရပ်တန့်ခြင်းမရှိသေးပေ။ သူသည်ကိုယ်ရံတော်အား ကန်ထုတ်လိုက်ပြီး စစ်သည်လူငယ်ထံသို့ ပြေးသွားပြီး မြို့တော်၀န်၏ ကိုယ်ရံတော်များလက်မှ ကယ်တင်လိုက်သည်။ ထို့နောက်တွင် ဤလူငယ်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ညွှန်ပြလိုက်ရင်းဖြင့် ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ ကိုယ်ရံတော်စစ်သည်များကို အော်ဟစ်လိုက်သည်။ “မင်းတို့ သောက်မျက်လုံးတွေကို ဖွင့်ပြီးတော့သေချာကြည့်ကြ။ ဒီဒဏ်ရာတွေက ဂျက်အင်ပါယာကစစ်သည်တွေသုံးတဲ့ဓားတွေကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကွ။ သူက အလံနှစ်စုံမြို့ကို ကာကွယ်တိုက်ခိုက်ခဲ့တဲ့ ရဲရင့်တဲ့စစ်သည်တစ်ယောက်ပဲ။ မင်းတို့က င့ါကို စောက်လုံးကန်းနေတယ်ထင်နေကြတာလား။ ငါက ဒီလို ဒဏ်ရာတွေကိုတောင်သတိမထားမလောက်ဘူးထင်နေတာလား။ ဒီလိုရဲရင့်တဲ့စစ်သည်တစ်ယောက်က ပုန်းနေပြီးတော့ ပုန်ကန်ဖို့လိုက်ပြီး လှုံ့ဆော်နေတယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...”

ဤစစ်သည်လူငယ်၏ မျက်လုံများထဲမှ မျှော်လင့်ချက်မဲ့မှုများသည် ရှုပ်ထွေးခြင်းနှင့် အံ့သြခြင်းတို့အဖြစ်သို့ပြောင်းလဲသွား၏။

ခေါင်းငုံထားကြသည့်စစ်သည်များသည် မော့ကြည့်လိုက်ကာ ဤမြင်ကွင်းကို ကြည့်လိုက်ကြသည်။ သူတို့သည်ဖြစ်ပျက်နေသည်များကို နားလည်သွားကြ၏။

ဒရော့ဂ်ဘာသည် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေကြသည့်စစ်သည်များကို ကြည့်ကာမေးလိုက်၏။ “င့ါကိုပြောကြမင်းတို့ကောင်တွေပြောကြစမ်း။ ဒီလူငယ်က မင်းတို့ကို မြို့တော်ကို စွန့်ခွာပြီး ထွက်ပြေးဖို့လှုံ့ဆော်ခဲ့လား...”

ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် စစ်သည်တစ်ယောက်သည် တိုးညှင်းသည့်အသံတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး...”

ထို့နောက်တွင် ကျန်သည့်စစ်သည်များလည်း လိုက်ပါ၍ ဖြေကြတော့၏။

ဒရော့ဂ်ဘာသည် အလွန်ပင်စိတ်ဆိုးလာတော့၏။ သူသည် ဤစစ်သည်လူငယ်၏လက်ကို ဆွဲလိုက်ပြီးမေးလိုက်သည်။ “မင်းတို့ရဲရဲရင့်ရင့်ဖြေကြစမ်း ဒီလူငယ်က မင်းတို့ကိုယုံကြည်ခဲ့တယ်။ မင်းတို့တွေအတွက် ရန်သူရဲ့ဓားသွားတွေများစွာကို ကာကွယ်ပေးခဲ့တယ်။ ဒီလူငယ်က မင်းတို့နဲ့အတူတိုက်ခိုက်ခဲ့တယ်။ သူက မင်းတို့ကို ထွက်ပြေးဖို့ပြောခဲ့သလား...”

မေးခွန်းများစွာကို စစ်သည်များ၏နားထဲတွင် မိုးချုန်းသံကဲသို့ကြားလိုက်ရ၏။ ဤမေးခွန်းများသည် သူတို့၏သွေးများကို ဆူပွက်သွားစေသည်။

“မပြောခဲ့ပါဘူး ဆာ။ သူမပြောခဲ့ပါဘူး။” စစ်သည်များအားလုံးသည် ဒရော့ဂ်ဘာအားကြည့်ကာ သံပြိုင်ပြန်ဖြေလိုက်ကြ၏။

မီးတောင်ပေါက်ကွဲလိုက်သကဲ့သို့ပင် အော်ဟစ်သံများသည် ကောင်းကင်ရံသို့ပင် ပဲ့တင်သွား၏။ ဤစစ်သည်များထံမှ ထွက်ပေါ်လာနေသည့်အရှိန်၀ါများသည် လေထုကိုပင် ပြောင်းလဲသွားစေ၏။ သူတို၏ ၀ိဉာဥ်များသည် ဆွေကြီးမျိုးကြီးများ၏ အသက်၀ိဉာဥ်ကို ချိုးဖျက်လိုက်သကဲ့သို့ပင်။

ဆိုရိုယော့ခ်၊ ဆွေကြီးမျိုးကြီးများနှင့် သူတို့၏ ကိုယ်ရံတော်များအားလုံးထိတ်လန့်သွားကြ၏။

“မင်းတို့ကောင်တွေဖြေကြစမ်း သူ့ကို အပစ်ပေးသင့်လား....” ဒရော့ဂ်ဘာသည် ကျယ်ေလာင်သည့်အသံတစ်ခုဖြင့် ဆက်လက်၍မေးလိုက်သည်။

“မပေးသင့်ပါဘူး မပေးသင်ပါဘူး မပေးသင်ပါဘူး...” စစ်သည်များသည် ထက်မံ၍ သံပြိုင်အော်ဟစ်လိုက်ကြ၏။

ဒရော့ဂ်ဘာသည် ဤစစ်သည်လူငယ်၏ ပခုံကို ပုတ်ကာမေးလိုက်သည်။ “စစ်သည်မင်းက ဘာလို့အပြစ်ပေးခံနေရတာလဲ။ င့ါကို အကုန်ုလုံးပြောရဲလား...”

“ကျွန်တော်ပြောရဲပါတယ် ဆရာ...” လူငယ်စစ်သည်သည် တွန့်ဆုတ်ခြင်းမရှိစွာပင် ပြန်ဖြေလိုက်၏။

ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့မှ လွဲ၍ ဤနေရာတွင်ရှိနေသည့်လူများအားလုံးဖြစ်ပျက်ခဲ့သည့်အရာများကို တွေ့လိုက်ကြ၏။ သို့သော် ဤစစ်သည်လူငယ်သည် ဖြစ်ခဲ့သမျှကို ပြန်လည်အော်ဟစ်ကာပြောဆိုနေသည့်အချိန်တွင် သူတို့အားလုံး၀မ်းနည်းမိကြ၏။ သူတို့အားလုံးယခင်က တိတ်ဆိတ်နေခဲ့သည့်အတွက် ရှက်မိနေကြ၏။ စစ်သည်တိုင်း၏စိတ်ထဲတွင် မီးတောက်တစ်ခုလောင်ကျွမ်းနေသကဲ့သို့ပင်။ ဤမီးတောက်သည် အရာရာကိုဖျက်ဆီးပစ်နိုင်၏။

“တော်လောက်ပြီ ပါးစပ်ပိတ်လိုက်တော့...” မြို့တော်၀န် ဆိုရိုယော့ခ်သည် အော်ဟစ်ကာ စစ်သည်လူငယ်အား နှောင့်ယှက်လိုက်၏။

ဖတ်တီးမြို့တော်၀န်သည် မကောင်းသည့်ခံစားချက်တစ်ခုရှိနေပြီး ဆက်လက်၍ သည်းခံနိုင်ခြင်းမရှိတော့ပေ။ သူ၏ အဆင့်၂ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်သည့် ဂုဏ်သရေအားစိန်ခေါ်ခြင်းခံနေရသလို ခံစားနေရ၏။ ဤသည်မှာ သည်းမခံနိုင်လောက်အောင်ပင်။

All Chapters